16/09/2026
AIRCON မအေးတော့ဘူးလား? ဒီအချက်တွေကို သိထားပါ! ❄️
Aircon ဖွင့်ထားပေမဲ့ မအေးဘဲ ပူအိုက်အိုက်ကြီး ဖြစ်နေလို့ စိတ်ညစ်နေရပြီလား?
Aircon မအေးရတဲ့ အဓိကအကြောင်းအရင်းတွေနဲ့ အိမ်မှာတင် အလွယ်တကူ ဖြေရှင်းနိုင်မယ့် Solution တွေကို YGN Electronics မှ မျှဝေပေးလိုက်ပါတယ်..
❄️Air Filter ဖုန်ပိတ်နေခြင်း
လေစစ်ဇကာ (Filter) ကို ဖြုတ်ပြီး ဖြန်းဆေး/ရေဖြင့် ဆေးကြောကာ ခြောက်အောင်ထားပြီးမှ ပြန်တပ်ဆင်ပါ။ (၂ ပတ် သို့မဟုတ် ၁ လ ၁ ကြိမ် ပုံမှန်ဆေးပေးသင့်ပါတယ် )
❄️Gas (Refrigerant) ယိုစိမ့်မှု သို့မဟုတ် လျော့နည်းနေခြင်း
ပိုက်လိုင်း ယိုစိမ့်မှုရှိမရှိ စစ်ဆေးပြီး ဂတ်စ် ပြန်လည် ဖြည့်သွင်းပေးရန် ကျွမ်းကျင်စက်ပြင်နှင့် ပြသနိုင်ပါတယ်..
❄️Outdoor Unit အညစ်အကြေးတင်ပြီး အပူမစွန့်ထုတ်နိုင်ခြင်း
အပြင်ဘက်စက်၏ အနောက်ဘက်ရှိ Fin များတွင် ဖုန်နှင့် သစ်ရွက်များ ပိတ်နေပါက ရေအားပြင်းပြင်းဖြင့် ဆေးကြောပေးပါ..
❄️Capacitor သို့မဟုတ် Compressor ချို့ယွင်းခြင်း
စက်မှ ပုံမှန်မဟုတ်သော အသံများထွက်နေပါက ( သို့မဟုတ် )လေပဲထွက်ပြီး အအေးဓာတ် လုံးဝထွက်မလာပါက စက်ပိုင်းဆိုင်ရာ အစိတ်ပိုင်းများကို စစ်ဆေးလဲလှယ်ရန် လိုအပ်ပါတယ်..
💡 YGN Electronics ရဲ့ အထူးဝန်ဆောင်မှုအနေနဲ့ YGN 9 မှဝယ်ယူသူတိုင်းကို လျှပ်စစ်ပစ္စည်း ဆိုင်ရာ အခက်အခဲမှန်သမျှအတွက် "တစ်သက်တာ လက်ခ အခမဲ့" ဝန်ဆောင်မှုလည်း ရှိသေးတာမို့ လျှပ်စစ်ပစ္စည်းတိုင်းအတွက်ဆို YGN 9 ELECTRONICS ကို စိတ်ချလက်ချ ယုံကြည်စွာ ဆက်သွယ်လိုက်တော့နော်😉✨
YGN 9 မှ ပစ္စည်းများကို Online က တစ်ဆင့်မှာ ယူနိုင်သလို အောက်ပါလိပ်စာသို့ လာရောက်ပြီးလဲ ဝယ်ယူအားပေးနိုင်ပါတယ်။
အမှတ် -၁၉၇ ၊ အနော်ရထာလမ်းနှင့် (၁၃)လမ်းထောင့်၊ (၆)ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
ဖုန်းနံပါတ် - 09882233723/ 09-424492894