Htet Arkar

Htet Arkar Creator

04/09/2025

ရန်ကုန်ကိုပြီးပြည့်စုံစေခဲ့တဲ့ အရာတွေထဲကတစ်ခု

 #စည်းစိမ်တွေကမြေကြီးထဲမှာပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်က ကျနော်နဲ့သူငယ်ချင်း၂ယောက် ရုပ်သံသတင်းရိုက်ကူးဖို့ အညာဒေသကတော်လှန်...
02/09/2025

#စည်းစိမ်တွေကမြေကြီးထဲမှာ

ပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်က ကျနော်နဲ့သူငယ်ချင်း၂ယောက် ရုပ်သံသတင်းရိုက်ကူးဖို့ အညာဒေသကတော်လှန်ရေးနယ်မြေတစ်ခုကို ရန်ကုန်ကနေ ထွက်လာခဲ့ကြတယ်။
တော်လှန်ရေးရွာတွေ၊ ပျူစောထီးရွာတွေကို အဆင့်ဆင့်ဖြတ်သန်းပြီး သွားချင်တဲ့နေရာကို ရောက်ဖို ကြားကရွာတွေမှာ ညအိပ်နားရသေးတယ်။

ကျနော်တို့ကိုလာခေါ်မယ့်ရဲဘော်တွေနဲ့ ရွာတစ်ရွာမှာချိန်းလိုက်ကြတယ်။ အဲဒီရွာက အာဏာမသိမ်းခင်ကတော့ အတော်စည်ကားတယ်လို့သိရတယ်။ဘုရားစေတီတွေလည်း အတော်များများတွေ့ရတယ်။

ချိန်းထားတဲ့နေရာရောက်တော့ ဆောင်းလေအေးတွေလည်းတိုက်လို့ပေါ့။ ညနေနေဝင်ရီတရောအချိန်လေးပဲ၊ တက္ကသိုလ်ကျောင်းသားအရွယ်လူငယ်၂ဦးက ဆိုင်ကယ်စုတ်လေးနဲ့ လာကြိုကြတယ်။

“အကိုတို့၂ယောက်ဒီညတော့ဒီရွာမှာအိပ်ရမယ် ကျနော်တို့မနက်စောစောမှ စခန်းရှိရာကိုသွားမှရမယ် လမ်းကြောင်းအခြေနေကမကောင်းဘူး ကြားမှာပျူရွာတွေ စစ်တပ်ကဝင်စီးထားတဲ့ရွာတွေရှိတယ်” လို့ သူတို့ကပြောတယ်

ဒါနဲ့ပဲ အဲဒီရွာမှာပဲညအိပ်လိုက်ရပြန်တယ်။ လာခေါ်တဲ့ရဲဘော်၂ယောက်က ညီအစ်ကိုတွေ၊ အဲဒီရွာကလည်းမွေးရပ်ရွာ။ ကျနော်တို့ကို သူတို့အိမ်ခေါ်သွားတယ်။ အိမ်ကတော့ သာမန်ပါပဲ ပြီးတော့ အိမ်ထဲ ဘာမှလည်းရှိမနေတာ တွေ့ရတယ်။

ကျနော့်သူငယ်ချင်းတစ်ယောက်ကတော့ ပါလာတဲ့ ဆင်းကဒ်မျိုးစုံနဲ့ အင်တာနက်လိုင်းတွေစမ်းရင်း နေမထိထိုင်မသာဖြစ်နေတယ်။ ရန်ကုန်မှာဆိုရင်တော့ သူက အင်တာနက်လိုင်းကျရင်တောင် ချက်ချင်းကွန်ပလိန်းထတက်တဲ့ကောင်မျိုး။အခုတော့အင်တာနက်လိုင်းတွေက တစ်ခုမှအဆင်မပြေ။ ဒီကောင်လည်းသုန်မှုန်လို့။ ဒီရွာမှာ အင်တာနက်လိုင်းကောင်းတဲ့နေရာရှိလားလို့ ရဲဘော်၂ ယောက်ကို ဒီကောင်က မေးတယ်။ ရှိတယ်တဲ့။

ညနေ ၆ နာရီခန့် မှောင်စပြုချိန်မှာပဲ အင်တာနက်လိုင်းရတယ်ဆိုတဲ့နေရာကိုကျနော်တို့တတွေချီတက်ကြတယ်။ သချိုင်းဗျ။

အဲဒီရွာရဲ့သချိုင်းမှာ လူငယ်အတော်များများ အုတ်ဂူတွေပေါ်ထိုင်ပြီး အင်တာနက်သုံးနေကြတယ်။ တချို့ကျ မကျည်းပင်ထိပ်မှာတက်သုံးနေကြတယ်။ ကျနော်တို့အတွက်တော့ ပထမဆုံးရှော့ပေါ့လေ။ ကျနော်တို့လည်း အင်တာနက်လိုင်းမိတဲ့သချိုင်းမှာ အင်တာနက်သုံး ဆက်သွယ်စရာရှိတဲ့လူတွေ ဆက်သွယ်၊ ဘယ်နားရောက်နေပြီပြော။ ရဲဘော်တွေနဲ့စကားတပြောပြောနဲ့မှ လျှပ်စစ်မီးကလည်း ပျက်နေတာ ၆ လကျော်ပြီတဲ့။

မှောင်လာတော့ ညစာစားဖို့ ပြန်လာလိုက်တယ်။ ဆိုလာမီးနဲ့ထွန်းထားတဲ့ မှိန်ပြပြအလင်းရောက် အောင်မှာ ထမင်းပူပူ ကြက်ဥကြော် ခေါက်ဆွဲကြော်ပူပူနဲ့ လွေးကြတယ်။ ပန်းကန်က ၄ ချက်ပဲရှိလို့ ကျန်တဲ့လူတွေက ထိုင်စောင့်နေရသေးတယ်။ စိတ်တော့မကောင်းဘူးပေါ့ စားရတာလည်း။

ရဲဘော်လူငယ် ၂ ယောက်ရဲ့ မိဘတွေနဲ့ စကားလက်ဆုံကြလာတော့ မေးကြည့်တယ်။၊ သားတွေက PDF ထဲဝင်သွားတော့ ဘယ်လိုခံစားရလဲလို့။

“ကျမတို့က အသက်ကြီဂလို့ ငယ်သေးရင်ကျမတို့ပါလက်နက်ကိုင်နေပြီ” တဲ့။သူတို့အမေက ပြောတယ်။ အခုလည်း သူတို့သားတွေအတွက်ဂုဏ်ယူနေကြတယ်။

သူတို့နဲ့စကားပြောမှ စစ်တပ်ကသူတို့ရွာဝင်တုန်းက ကျောက်ပြင်ပါမချန်ယူသွားကြောင်းသိရတယ်။သနပ်ခါးလူးတဲ့ကျောက်ပြင်တောင်မချန်ဗျာ။

“ဒီကောင်တွေဘာလုပ်ဖို့ ကျောက်ပြင်ကြီးယူသွားကြလဲနားမလည်ဘူး” လို့ကျနော်တို့တော့ပြောတော့ သူတို့မိန်းမအတွက်ဖြစ်မှာပေါ့ဆိုပြီး ဝိုင်းရီကြတယ််။

အကြောင်းစုံသိရမှ သူတို့အိမ်မှာ ဘာမှမရှိရတာက စစ်တပ်မွှေလွန်းလို့ သိမ်းထား ဖွက်ထားရတာ အရင်က အကုန်ရှိတယ်။ပန်းကန်လောက်ပဲထုတ်ထားတာ

“ကျနော်တို့တစ်ရွာလုံးရဲ့ပိုင်ဆိုင်မှုကမြေကြီးထဲမှာ”ဆိုပြီး နာကျည်းနေတဲ့အသံနဲ့ပြောတယ်။

ကျနော်တို့လည်း အခြေအနေတွေကို သဘောပေါက် နားလည်သွားပါတယ်။ စိတ်ထဲလည်း အဆင်မပြေဘူး။

ရာသီဥတုက အေးတော့ ကျနော်တို့လည်း အနွေးထည်တွေဝတ်၊ ဆေးပူတွေလိမ်း အိပ်လိုက်ကြတယ်။

မိုးလင်းတော့ ကျနော်တို့ တော်လှန်ရေးစခန်းတစ်ခုကိုသွားကြတယ်။ ကြားထဲက စခန်းတစ်ခုကို အရင် ဝင်ရဦးမယ်လို့ဆိုတယ်။ ရဲဘော်၂ဦးရဲ့အမေက သပြေပန်းတွေမနက်စောစောထခူးပြီး ရွာက နတ်စင်နဲ့ ဘုရားမှာကပ်ထားတယ်။ ကျနော်တို့ အန္တရာယ်ကင်းဖို့တဲ့။

ကျနော်တို့ကို သပြေပန်းတစ်ခက်စီပေးတယ်။ အပြန်ဝင်ခဲ့ဦးမယ်ဆိုပြီး ရွာကလူတွေကို နှုတ်ဆက်ပြီး ခရီးဆက်ကြတယ်။ အညာဒေသက မြင်ကွင်းတွေအခုထိ မြင်ကွင်းထဲမြင်ယောင်နေတုန်းပဲ။

(တစ်ချို့သောနေရာတွေမှာ သေသေချာချာ ရုပ်လုံးမပေါ်အောင်မရေးထားခြင်းနှင့် ရွာနာမည် မြို့နာမည်ကိုထည့်မရေးထားတာဟာ တော်လှန်ရေးရဲဘော်တွေရဲ့လုံခြုံရေးကြောင့်ဖြစ်ပါသည်။

စစ်အာဏာသိမ်းမှုနဲ့ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း(ယခုသတင်းဆောင်းပါးဟာ စစ်အာဏာသိမ်းစကရေးသားထားဟာကိုပြန်လည်ဖော်ပြတာဖြစ်ပါ...
30/08/2025

စစ်အာဏာသိမ်းမှုနဲ့ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း

(ယခုသတင်းဆောင်းပါးဟာ စစ်အာဏာသိမ်းစကရေးသားထားဟာကိုပြန်လည်ဖော်ပြတာဖြစ်ပါတယ်)

စစ်အာဏာသိမ်းမှုကြောင့် အမျိုးသမီးတွေမှာ ရာသီလာဓမ္မတာ မမှန်ခြင်းတွေ ဖြစ်ပေါ်နေပါတယ်။

ပထမဦးစွာ ရုတ်တရက်ဆိုရင် ဒါမျိုးမဖြစ်နိုင်ဘူးလို့ ထင်ရနိုင်ပေမယ့် တကယ်ဖြစ်ပွားနေတဲ့ အချက်အလက်တွေကတော့ စစ်တပ်အာဏာသိမ်းမှုနဲ့ တိုက်ရိုက်ဆိုင်ပါတော့တယ်။

ယခု စစ်အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီတောင်းဆိုနေတဲ့ အပြစ်မဲ့ပြည်သူ တစ်ထောင်နီးပါးဟာ အပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ အပစ်သတ်ခံရမှု၊ ရိုက်သတ်ခံရမှုတွေဟာ မကောင်းမှုတွေကို ဖုံးဖိလို့မရတဲ့ ၂၁ ရာစုကာလမှာ တစ်ကမ္ဘာလုံး ပြန့်နှံ့သွားပါတယ်။ အဲ့ဒီ ဝမ်းနည်းစရာဖြစ်ရပ်တွေဟာ မြန်မာပြည်သူတွေအတွက် စိတ်အင်မတန် ထိခိုက်စေသလို စိတ်ဖိစီးမှုဒဏ်တွေကိုလည်း ခံစားစေပါတယ်။

မိန်းကလေးအများစုမှာလည်း စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာတွေ ဖြစ်နေကြပါတယ်။

သာမန်ချိန်ဆို အမျိုးသမီးတွေဟာ သန်မာကြည်ညိုပြီး သနားကြင်နာတတ်သလို စိတ်ခံစားလွယ်တဲ့ သဘာဝရှိတာကြောင့် လူပေါင်းထောင်ချီကို စစ်တပ်က သတ်ပစ်နေတဲ့အကြောင်းအရာတွေ မြင်ကွင်းတွေဟာ စိတ်ဖိစီးမှုကို အလွန်ထိခိုက်စေပါတယ်။

တစ်ပြိုင်နက်တည်း စစ်တပ်ရဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ ရက်ကွက်ထဲ ဆဲဆိုခြင်း၊ တွေ့ရာမြင်ရာ ပစ်ခတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေကို နေ့ညမရွေး လုပ်ဆောင်နေတာဟာလည်း အမျိုးသမီးတွေ အတွက် ပိုမိုစိတ်ဖိစီးမှုများစေခဲ့ပြီး လုံခြုံမှုမရှိတဲ့ခံစားချက်ကို ဖြစ်စေပါတယ်။

ဒီလိုစိတ်ဖိစီးမှုတွေဟာ အမျိုးသမီးတွေ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သိသာတဲ့ထိခိုက်မှုကတော့ တစ်လတစ်ကြိမ်ရှိတဲ့ အမျိုးသမီးဓမ္မတာ သွေးစီးဆင်းချိန် မမှန်ခြင်းတွေ ဖြစ်ပေါ်လာတာပါ။

အမျိုးသမီးတွေ ရာသီလာတာ နောက်ကျရတဲ့ အကြောင်းရင်းတွေကတော့ ကိုယ်ဝန်ရှိခြင်း၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပေါ်တတ်ကြောင်း သိရပါတယ်။

အမျိုးသမီးကျန်းမာရေး သီသန့်ကုဆရာဝန် ဒေါက်တာ XZ က “အရင်က ရာသီမမှန်တာမဖြစ်ဘူး၊ အခုမှဖြစ်တယ်ဆိုရင် ဒါဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်ဖို့များတယ်။ စစ်အာဏာသိမ်းခံရတာဟာ အတော်စိတ်ဖိစီးကြရပါတယ်။ ဒီကာလမှာ ရာသီလာနောက်ကျတာရဲ့ အကြောင်းအများစုက စိတ်ဖိစီးမှုကြောင့်ပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ Gen Z လို့ ခေါ်တဲ့ လူငယ် အမျိုးသမီး၊ အမျိုးသားတွေဟာ ရှေ့တန်းကနေ ဦးဆောင်ပြီး တော်လှန်နေကြတာပါ။

ရှေ့တန်းမှာ တိုက်ပွဲဝင်ခဲ့တဲ့ အမည်မဖော်လိုသူ အမျိုးသမီးငယ်တစ်ဦးကတော့ —
“ဘယ်နေရာဖြစ်ဖြစ် ရဲရဲမသွားရဲတာလည်း ဆိုးတယ်။ အရင်ကဆို ရပ်ကွက်ထဲ စက်ဘီးနဲ့ မုန့်ဝယ်၊ ဈေးဝယ်၊ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက် သွားတာတောင် မကြောက်ဘူး။ အခုဆို မလုံခြုံတော့သလို ခံစားရတယ်။ ရပ်ကွက်ထဲ ညပိုင်း ခွေးတွေ ဟောင်လည်း စိတ်မဖြောင့်လို့ ခဏခဏ ထကြည့်ရတာလည်း အမောဘဲ။ အရင်က လမ်းထဲ ဘယ်သူဖြတ်သွားသွား သေချာမကြည့်မိပေမယ့် အခုဆို သေချာပြူးပြူးကြည့်တယ်။ ဆိုင်ကယ်သမားတွေ ဆို မျက်နှာမသိတဲ့သူဆို သေချာ အသည်းသန်ချောင်းကြည့်နေရတာ။ Depression က ကျတာလည်း ပြန်မတက်နိုင်တော့သလို ခံစားမှုပေါင်းစုံဘဲ” လို့ ဆိုပါတယ်။

လက်ရှိ စစ်တပ်က တော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေကို နေ့ညမရွေး လိုက်လံဖမ်းဆီးနေပါတယ်။

အဲဒီထဲက အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်တဲ့ Ma HES ကတော့ —
“ရာသီလာတာ ရပ်နေတာ တစ်လရှိပြီ။ အစကတော့ ကလေးမွေးတာ သုံးလပဲရှိသေးတယ်။ ကိုယ်ဝန်ရှိနေပြီလားလို့ ထင်နေတာ။ နောက်မှ သိရတာ အခုကာလမှာ စိတ်က အတော်ညစ်နေတာ။ ဖုန်းကြည့်ရင်တောင် သတိထားကြည့်နေရတယ်။ စိတ်ထဲ အတော်အဆင်မပြေဖြစ်နေတယ်” လို့ ပြောပါတယ်။

အသက် ၂၀ ကျော် အရွယ် အမျိုးသမီး ၅၀ ကျော်လောက်ကို လူမှုကွန်ယက်ကနေ စစ်တမ်းကောက်ယူခဲ့ရာမှာ သူတို့အားလုံးက စစ်အာဏာသိမ်းမှုကြောင့် စိတ်ဖိစီးမှုဒဏ်ကို အတော်လေးခံစားနေရကြောင်းနဲ့ အနည်းဆုံး ရာသီမမှန်တာတွေ ဖြစ်နေတယ်လို့ ဖြေဆိုကြပါတယ်။

ဒီလို ရာသီသွေးစီးဆင်းတာ နောက်ကျတဲ့ ပြသနာကြောင့် “အသက်အန္တရာယ် မထိခိုက်နိုင်ပေမဲ့ အမျိုးသမီးတွေမှာ စိတ်အလိုမကျတာ၊ စိတ်နှလုံးမရွှင်လန်းတာတွေ ဖြစ်ပေါ်လာနိုင်သလို အဲဒီလို စိတ်ဖိစီးမှုတွေကြောင့် မျိုးဥမကြွတာတွေပါ ဖြစ်ပေါတတ်ပြီး ကလေးမရတာတောင် ဖြစ်နိုင်တယ်” လို့ ဒေါက်တာ XZ က သတိပေးပါတယ်။

အမျိုးသမီးတွေဟာ အိမ်အပြင်ထွက်ရင်လည်း စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကြောက်ရသလို၊ အိမ်ထဲမှာ နေရင်လည်း စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် စိတ်ဖိစီးမှုနဲ့ညအိပ်မပျော်တာတွေ ဖြစ်ပေါ်ပြီး လူ့ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။

ဒါတွေဟာ စစ်တပ်ရဲ့ မတရား စစ်အာဏာသိမ်းမှုကြောင့်ပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ နေထိုင်ရသူတွေဟာ အိမ်မှာနေရင်း လူနာ၊ စိတ်နာ အချိန်မရွေး ဖြစ်နိုင်တယ်ဆိုတာကို ဒီဆောင်းပါးက မီးမှောင်းထိုးပြနေပါတယ်။

အဟောင်းတန်းက အမှတ်တရ ဖက်ရှင်ဖိနပ်၂၀၂၂ ဖေဖော်ဝါရီလ၁ရက်နေ့က အာဏာသိမ်းခံရတာ တစ်နှစ်ပြည့်တဲ့နေ့မှာ  Silent Strike ရှိတော့ မန...
28/08/2025

အဟောင်းတန်းက အမှတ်တရ ဖက်ရှင်ဖိနပ်

၂၀၂၂ ဖေဖော်ဝါရီလ၁ရက်နေ့က အာဏာသိမ်းခံရတာ တစ်နှစ်ပြည့်တဲ့နေ့မှာ Silent Strike ရှိတော့ မနက်စောစော ၄ နာရီလောက်ထပြီး အဟောင်းဆိုင်ကနေဝယ်ထားတဲ့ all Star secondဖိနပ်နဲ့ ဂျင်းဘောင်းဘီလေးကိုဝတ်ပြီး စတိုင်းကျကျနဲ့ (ကိုယ့်ကိုကိုယ်အထင်) အပြင်ကိုထွက်ပြီး ရုပ်ကဒ်ထွက်ရိုက် ဖို့နဲ့ အဲ့နေ့မှာရှိတဲ့ flash-mob တွေကိုထွက်ရိုက်ဖို့မနက်၅နာရီလောက် သူငယ်ချင်း၂ ယောက် နဲ့ ထွက်လာခဲ့တယ်။

မနက်၆နာရီ အောက်ကြည်းမြင်တိုင်လမ်းမှာ GSC ကflash-mobပြုလုပ်မယ် ဆိုတာကိုလဲ သတင်းကရထားတော့(သတင်းထောက်တစ်ယောက်မို့ ဘယ်ကသတင်းရတယ်ဆိုတာတော့မပြောတော့ပါဘူး) flash-mob မတိုင်မှီ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရန်ကုန်ရဲ့high view ကို ရိုက်ဖို့ အမြင့်တစ်နေရာကလဲလိုက်ရှာဖို့လိုအပ်တော့ မနက်အစောထဲက ရန်ကုန်မြို့တစ်ဝိုက်ကိုပါတ်နေခဲ့တယ်။

မနက် ၅ နာရီ ၄၅ မိနစ်မှာ GSCကပြုလုပ်မဲ့ Flash-mob ကို ရိုက်ဖို့ အောက်ကြည်းမြင်တိုင်လမ်းမှာကြိုရောက်နေပြီး အတူသွားတဲ့သူငယ်ချင်း၂ယောက်ကလဲ နေရာတစ်ခုဆီကနေ စောင့်နေကြတာပေါ့။

သပိတ်မစခင် ၁၅မိနစ်အလိုဆိုတော့ ဘေးပါတ်ဝန်ကျင်မှာ အရပ်ဝတ်တွေရှိလားဘာညာပါတ်check ဖြတ်သွားတဲ့အိမ်စီးကားတွေထဲလဲ လှမ်းလှမ်းကြည့်ရတယ် ဘာလို့လဲဆိုတော့ စစ်ကောင်စီရဲ့ စစ်ကားကိုအဝေးကနေလှမ်းမြင်နိုင်သေးတယ်။အိမ်စီးကားနဲ့ ဒီကောင်တွေရောက်လာရင်တော့ ပြေးမလွတ်တဲ့အခြေနေပဲလေ ဒီကောင်တွေကလဲ အဲ့ဒါကြောင့်အိမ်စီးကားနဲ့ပဲ အမြဲဖမ်းလေးရှိတယ်။

မနက် ၆ နာရီ မှာ “ဖဒရယ်ဒီမိုကရေစီရရှိရေး ဒို့ရေး ဒို့ရေး” ဆိုတဲ့အသံနဲ့အတူ တေးရေး ကိုနေဝင်းရေးသားပြီး အဆိုတော်မွန်းအောင်သီဆိုထားတဲ့ "နီတဲ့သွေးရဲ့ရင့်လို့ ရန်သူမင်းရှေ့ကို ချီတက်ခဲ့ပြီ” ဆိုတဲ့ စာသားပါ ဘနနာနဲ့အတူ color smokeတွေကိုင်ဆောင်ပြီး လူငယ် ၃၀နီပါးဟာ အောက်ကြည်မြင်တိုင် ကားလမ်းမပေါ်သို့ ဟစ်ကြွေးသံတွေနဲ့အတူထွက်လာခဲ့ကြတယ်။

စစ်အာဏာရှင် ကျဆုံးရေး ဒို့အရေး ဒို့အရေး ၊ သပိတ် သပိတ် မှောက် မှောက်၊ မီးတုတ် မီးတုတ် ရှို့ ရှို့ ၊ ငါတို့သွေးတွေနီရဲ့လားဟေ့ နီတယ်ဟေ့ နီတယ်ဟေ့၊ ဖက်စစ် စစ်တပ်အမြစ်ဖျက် ဖက်စစ်စစ်တပ်အမြစ်ဖျက် ၊ အရေးတော်ပုံအောင်ရမည် ဆိုပြီး ဟစ်‌ ကြွေးသံနဲ့အတူ လက်သုံးချောင်းထောင်ပြီး ဆန္ဒပြကြတယ်။

အဲ့ဒီမှာ ကိုယ်ကလဲ flash-mob ဆိုတော့ ရိုက်ကူးရေးလုပ်ပြီးရင် တန်းပြေးရမှာဆိုတော့ ရတဲ့အချိန်မှာ ရုပ်ကဒ်ကိုအလွတ်မခံပဲရိုက်ရတာပေါ။ ဆန္ဒပြလူငယ်တွေ ဖြန့်ကျဲလိုက်တဲ့ စာရွက်အနီတွေဟာလဲ လေပေါ်ပြန့်ကျဲနေရင်း ဘွမ်းခနဲ့ဆိုပြီး ဆန္ဒပြလူငယ်တစ်ဦးကဆေးနီတွေကို လမ်းပေါ်ဖြန်းပက်ချလိုက်တာ ကိုယ်ကလဲဇောနဲ့ဆိုတော့ ရှောင်ဖို့မမှီလိုက်ဖူး။ဖြန်းပက်လိုက်တဲ့ ဆေးနီတွေက ဘောင်းဘီ နဲ့ ဖိနပ်မှာ စွန်းထင်းသွားတယ်။

Flash-mob ပြီးတော့ ထုံးစံအတိုင်းပြေးပေါ့ အဲ့မှာ ပြေးရင်နဲ့ တက္ကစီကငှါးရတော့ ကိုယ်မှာကလဲ ဆေးနီတွေကပေနေ စစ်ကောင်စီကကောင်တွေ တွေ့ရင်လဲ ပေနေတဲ့ဆေးနီတွေနဲ့ အရူးကွက်နင်းလို့မရနဲ့ဆိုတော့ တက္ကစီအမြန်ငှါးရတော့တယ်။ မနက်အစောကြီးဖြစ်နေတော့ ၅မိနစ်လောက်ကားငှါးဖို့ရှာလိုက်ရတယ်။

ကားငှါးလို့ရလိုက်ပြီး အိမ်နားမှာဆင်းတော့ ခွေးကားပါတ်တာနဲ့သွားကြုံတော့ စိတ်မှာ စိုးထိပ်သွားတယ်။ ခွေးကားကိုလဲပါတ်ပုန်းရင်းနဲ့ အိမ်ရောက်မှ ရင်ခုန်တာပျောက်တော့တယ်။

အိမ်ရောက်တော့ ဖိနပ်မှာ စွန်းထင်လာတဲ့ ဆေးနီတွေကိုတစ်ရှုးနဲ့သုတ်ပြီး ဖိနပ်ကိုအခြောက်ခံထားလိုက်တာ ပေနေတဲ့ဆေးတွေက ဖိနပ်ကို ဒီဇိုင်းလုပ်ထားသလိုပါဖြစ်သွားတယ်။ ရေဆေးလဲမပြောင်တော့ဘူး။

ခုဆို ရံဖန်ရန်ခါ အဲ့ဖိနပ်ထုတ်စီးတိုင်း တွေ့တဲ့မိတ်ဆွေတစ်ချို့ကမေးတယ် ဖိနပ်ဒီဇိုင်းဘယ်မှာလုပ်တာလဲဘာညာပေါ့ ကိုယ်ကလဲ ဒီအတိုင်းပဲဆေးတွေပေသွားတာဆိုပြီးတော့ပဲ ပြောလိုက်တယ်။

ဒီဖိနပ်လေး ဝယ်တုန်းက အဟောင်းဆိုတော့ ၂၈၀၀၀ပဲ ပေးရတယ်။ အခုလိုဒီဇိုင်းနဲ့ဆိုတော့ ကိုယ်အတွက် အမှတ်တရပါ ဖြစ်သွားတယ်။ တစ်ခါတစ်လေတော့ ထုတ်စီးဖြစ်တယ်။ အမှတ်တရအဖြစ်နဲ့လဲ သိမ်းထားရမှာပဲ ဆိုတော့။

With Khummai Worldvintage – I just got recognised as one of their top fans! 🎉
10/08/2025

With Khummai Worldvintage – I just got recognised as one of their top fans! 🎉

A Unique Coffee Shop in Chiang MaiIf you're ever in Chiang Mai, you have to visit this shop. You can brew your own coffe...
03/08/2025

A Unique Coffee Shop in Chiang Mai

If you're ever in Chiang Mai, you have to visit this shop. You can brew your own coffee, just the way you like it. The owner's warm and friendly welcome also helps to relieve the day's stress.

The most special thing about this shop is that they don't have a fixed price; you can pay as much as you want.

The freedom to brew your own coffee, along with the cafe's tranquil atmosphere, is truly satisfying. Go and get some peaceful time there!

‼️Just remember, they are only open on Saturdays and Sundays!

09/07/2025

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Pope Francis, the 266th pontiff, has died. The first pope from the Americas & outside Europe in centuries. He visited   ...
22/04/2025

Pope Francis, the 266th pontiff, has died. The first pope from the Americas & outside Europe in centuries. He visited in 2017.

This picture I took when the pope came to Myanmar in 2017.

This picture I took when the pope came to Myanmar in 2017.
13/03/2025

This picture I took when the pope came to Myanmar in 2017.

အဓမ္မစစ်မှုထမ်း နောက်ကွယ်က လူကုန်ကူးမှုများAAMIJ / ဇန်နဝါရီ ၃ရေးသားသူ- နေမျိုး“ဖြစ်စဉ်အကျဉ်းချုပ်”ရန်ကုန်တိုင်း၊ လှိုင်သ...
08/02/2025

အဓမ္မစစ်မှုထမ်း နောက်ကွယ်က လူကုန်ကူးမှုများ

AAMIJ / ဇန်နဝါရီ ၃
ရေးသားသူ- နေမျိုး

“ဖြစ်စဉ်အကျဉ်းချုပ်”

ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲအုပ်အပါအဝင် လူမိုက်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ညမထွက်ရအမိန့်ကို ခုတုံးလုပ်ကာ အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင် လူကုန်ကူးရောင်းစားမှုတွေ ပြုလုပ်နေကြောင်း လှိုင်သာယာမြို့နေ ဒေသခံတွေထံက သိရပါတယ်။

လှိုင်သာယာမြို့နယ်အတွင်း ညပိုင်းအချိန် အပြင်ထွက်တဲ့ လူငယ်၊ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းအချို့ကို ဖမ်းဆီးခေါ်ဆောင်မှုတွေပြုလုပ်ကာ လူငယ်လူရွယ်တွေကို စစ်တပ်ထဲပို့ဆောင်သလို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကိုတော့ အချုပ်ထဲထည့်မယ်လို့ ချိန်းခြောက်ပြောဆိုပြီး အချုပ်ထဲမဝင်လိုပါက ၎င်းတို့ပို့ဆောင်တဲ့ အလုပ်မှာ လုပ်ရမယ်လို့ဆိုကာ ငါးဖမ်းစက်လှေ(ကျားဖောင်)ကို ရောင်းစားနေကြောင်း AAMIJက စုံစမ်းသိရှိထားပါတယ်။

ဒီလိုလုပ်ရပ်ကို အဓိက ဦးဆောင် ပါဝင်ပတ်သက်နေသူတွေကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဝဏ္ဏဝင်း၊အမှတ်(၈)ရပ်ကွက် အတွင်းရှိ အုပ်ချုပ်ရေးမှူး ကိုမျိုးမြင့်ဆွေ(ခေါ် )ငမျိုး နဲ့ အပိုင်နယ်ထိန်း ဒုတိယစုံစမ်းစစ်ရေးမှူး နောင်နောင်လတ်၊ ရဲသတင်းပေး (အင်ဖော်မာ) ဆန်းဝင်းနဲ့အဖွဲ့သားတွေအပြင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုက ရဲအရာခံဗိုလ် နေဦးတို့ပဲဖြစ်ပါတယ်။

သူတို့ ပူးပေါင်းဖမ်းဆီးထားတဲ့ အမျိုးသားတွေကို ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် အတွင်းရှိ ခါးဖျတ်ကျေးရွာ၊ ဒေါ်ငြိမ်းကျေးရွာနဲ့ နောက်မြီးကျေးရွာတွေက ငါးဖမ်းစက်လှေ(ကျားဖောင်)ထံကို လူတစ်ဦးလျှင် ငွေကျပ်၁၀သိန်း ကနေ ၁၂သိန်းခန့်နဲ့ ရောင်းစားလာသည်မှာ လူအယောက်၈၀ထပ်မနည်းရှိနေပြီဖြစ်ကြောင်းလည်း စုံစမ်းသိရှိထားပါတယ်။

“ဖြစ်စဉ်အစ”

လွန်ခဲ့တဲ့ ၁၁လခန့်က ဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်မှာ မိဘ၂ပါး နဲ့ မသန်စွမ်းအကို တစ်ဦးကို လုပ်ကိုင်ကျွေးမွေးနေတဲ့ ပန်းရံအလုပ်လုပ်ကိုင်သူ ကိုထင်လင်း(အမည်လွှဲ)ဆိုသူ တစ်ဦးရှိပါတယ်။ကိုထင်လင်းတစ်ယောက် ညနေအလုပ်ဆင်းချိန် ပန်းရံလုပ်ငန်းသုံး သံလျှက်နဲ့ အခြားသော ပစ္စည်းများကို လွယ်အိတ်ထဲထည့်ကာ ဘတ်စ်ကားစီးပြီး လှိုင်သာယာက သူ့နေအိမ်ကို ပြန်လာခဲ့ပါတယ်။လှိုင်သာယာကို အရောက် အိမ်သို့ လမ်းလျှောက်ပြန်နေချိန် ထီးလှိုင်ရှင်အိမ်ယာဝင်းရှိ ခိုင်ဆေးရုံ အနားက “စသုံးလုံးရုံး”အနီးအရောက်မှာ ရဲသတင်းပေး ပျူစောထီး ဆန်းဝင်းနဲ့ အဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးခြင်းကိုခံခဲ့ရပါတယ်။

စစ်ဆေးစရာရှိတယ်လို့ဆိုကာ စသုံးလုံးရုံးကို ခေါ်ဆောင်သွားကာ လွယ်အိတ်ထဲက ပန်းရံလုပ်ငန်းသုံး သံလျှက်ကိုတွေ့ပြီးနောက် လက်နက်ကိုင်ဆောင်မှုဥပဒေနဲ့ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုတာကိုခံခဲ့ရပါတယ်။

“မင်းကိုစစ်ခုံရုံးဥပဒေနဲ့ အစစ်အဆေးအမေးအမြန်းမရှိ ထောင် ၃နှစ်ချလို့ရတယ်။ မင်းထောင်ထဲမဝင်ချင်ရင် စစ်ထဲလိုက်ရမယ်”လို့ ဗိုလ်ကြီး ဝဏ္ဏဝင်း ဆိုသူက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ကိုထင်လင်းရဲ့ အကိုဖြစ်သူ ကိုရဲလင်း(အမည်လွှဲ)ကပြောပြပါတယ်။
ဒါကတော့ ၄င်း၏ညီနဲ့ နောက်ဆုံးအဆက်သွယ်ရပြီးနောက် ပြန်ပြောသမျှကို AAMIJက မှတ်တမ်းတင်ထားခဲ့တာပါ။

အဲဒီနောက် ကိုထင်လင်းကို ရွှေပြည်သာစစ်ကြောရေးထဲကို ခေါ်ဆောင်သွားပြီးနောက်ပိုင်းကစလို့ မိသားစုနဲ့ အဆက်သွယ်ပြတ်တောက်သွားတာဟာ ယနေ့အထိဆို ၁၁လကျော်ပြီဖြစ်ကြောင်း အကိုဖြစ်သူ ကိုရဲလင်းကဆိုပါတယ်။

“ကျွန်တော့်ညီက အဲ့ကောင်တွေတပ်ထဲမှာ လုပ်မှာမဟုတ်ဘူး။ ကျွန်တော်ညီရဲ့စိတ်ဓာတ်ကို ကျွန်တော် ကောင်းကောင်းသိတယ်။မသက်သာလို့ လည်စင်း ပေးခဲ့ရတာပါ။ ကျွန်တော့်ညီက မိဘကိုလုပ်ကျွေးနေသူပါ။ ကျွန်တော်ကလည်း ကားတိုက်ခံရလို့ မသန်စွမ်းပါဘူးဗျာ။လက်မှုပညာလေးတစ်ခုတတ်လို့ အလုပ်လေးတစ်ခုလုပ်နေနိုင်တာပါ။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်မကျေနပ်ဘူး ကျွန်တော်လိုက်စုံစမ်းကြည့်ခဲ့တယ်” လို့ ကိုရဲလင်းက ပြောပြပါတယ်။

မသန်ပေမယ့် စွမ်းသည့် ကိုရဲလင်းက စစ်တပ်က ၄င်းညီကို ဖမ်းဆီးသွားခြင်းကို မကျေနပ်တာကြောင့် သူ့ သူငယ်ချင်းဖြစ်သူ CDM ဒုရဲအုပ် ကိုညီ(အမည်လွှဲ)နဲ့ တိုင်ပင်ပြောဆိုခဲ့ကြပါတယ်။CDMဒုရဲအုပ် ကိုညီက နောက်ထပ် သူငယ်ချင်းတစ်ယောက်ဖြစ်သူ ကိုကျော်(အမည်လွှဲ)နဲ့အတူ ကိုရဲလင်းရဲ့ ညီဖြစ်သူအဖမ်းခံရတဲ့ ကိစ္စကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပူးပေါင်းစုံစမ်းရှာဖွေဖို့ စတင်ခဲ့ကြပါတယ်။

“မသန်ပေမယ့်စွမ်းသည့်ကိုရဲလင်းတို့စတင်စုံစမ်းပြီ”

နိုဝင်ဘာလနှောင်းပိုင်း ညနေခင်း ၆နာရီကျော်ခန့် က ကိုရဲလင်းတို့သုံးယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ ကိုကျော်က ကိုရဲလင်းရဲ့ညီ အဖမ်းခံရတဲ့ ထီးလှိုင်ရှင်အိမ်ယာဝင်းရှိ ခိုင်ဆေးရုံ အနားက စသုံးလုံးရုံးအနီး လမ်းပတ်လျှောက်နေခဲ့ပါတယ်။အဖမ်းခံရမှာသိပေမယ့် ဒီလိုလုပ်မှလည်း ကိုရဲလင်းရဲ့ညီ အဖမ်းခံရပြီး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိရမှာဖြစ်တာကြောင့် သူ့ကိုယ်သူစတေးလိုက်တာဖြစ်ပါတယ်။

ကိုရဲလင်းရဲ့ ညီ လိုပဲ ကိုကျော့်ကိုလည်း စစ်တပ်ကဖမ်းဆီးခဲ့ပြီးနောက် စသုံးလုံးရုံးထဲ ခေါ်ဆောင်ကာ မင်းကဖောက်ခွဲရေးသမားလား စစ်တပ်ထဲပို့မယ်လို့ ရဲအုပ် ဝဏ္ဏဝင်း၊ ရဲအင်ဖော်မာ ဆန်းဝင်း ၊ စသုံးလုံးက ဒုစုံမူး နောင်နောင်လတ်၊ ရန်ကုန်တိုင်း မူခင်းအကူ ဌာနစုက ရဲအရာခံဗိုလ် နေဦးတို့က ရိုက်နှက်ပြောဆိုနေစဉ်မှာ ကိုကျော်က “ကျွန်တော်က အိမ်ယာမဲ့လူတစ်ယောက်ပါအလုပ်လာရှာတာပါ” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ ကိုကျော့်ကို ရိုက်နှက်ခြိမ်းခြောက်နေကြတဲ့ သူတွေက စစ်တပ်ထဲမလိုက်ချင်ရင် မင်းငါတို့ခိုင်းတဲ့အလုပ်ကို လုပ်ရမယ်လို့ ပြောဆိုလာပါတယ်။

အဲဒီ အလုပ်ဆိုတာကတော့ ကျားဖောင်လို့ လူသိများတဲ့ ငါးဖမ်းစက်လှေလုပ်ငန်းပဲ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းထဲကို ကိုကျော်တစ်ယောက် ရောင်းစားခံခဲ့ရပါတော့တယ်။

အဆိုပါဖြစ်စဉ်ကိုတော့ ရောင်းစားခံခဲ့ရသူ ကာယံကံရှင် ကိုကျော်က AAMIJကိုပြောပြထားတာပါ။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ထဲရှိ ခါးဖျတ်ကျေးရွာ၊ ဒေါ်ငြိမ်းကျေးရွာနဲ့ နောက်မြီးကျေးရွာတွေရှိ ငါးဖမ်းစက်လှေ (ကျားဖောင်)ထံကို လူတစ်ဦးလျှင် မြန်မာကျပ်ငွေ ၁၀သိန်းကနေ ၁၂သိန်းခန့်နဲ့ ရောင်းစားလာသည်မှာ လူအယောက် ၈၀ထပ်မနည်း ရှိနေပြီဖြစ်ကြောင်း ကိုရဲလင်းရဲ့ သူငယ်ချင်းဖြစ်သူ CDM ဒုရဲအုပ် ကိုညီက ၄င်းရဲ့ကျန်ရှိခဲ့တဲ့ ရဲမိတ်ဆွေတွေထံက စုံစမ်းသိရှိရကြောင်း AAMIJကို ပြောပြပါတယ်။

အဲဒီနောက် CDMဒုရဲအုပ် ကိုညီရဲ့ ကူညီပေးမှုကြောင့် ကိုရဲလင်းက စစ်တပ်ရဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး(လူကုန်တား ရဲတပ်ဖွဲ့)ကို တိုင်ကြားခဲ့ပြီး ကိုကျော်အပါဝင် နှစ်ယောက်ကို ဖျာပုံမြို့က ကျားဖောင်လုပ်ငန်းကို မရောက်မီ ကျိုက်လတ်အဝင်မှ လူကုန်ကူးရောင်းချသူတွေကို ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

“စစ်တပ်ရဲ့အရေးယူမှုနှင့် ခေါင်းခံပြီးဖမ်းဆီးခံသူ”

လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးမြင့်ဆွေ (ခ) ငမျိုးဆိုသူကိုတော့ ဖျာပုံမြို့အနီး ကျိုက်လတ်မြို့မှာ လူနှစ်ဦးကို ကျားဖောင်သို့ ရောင်းစားဖို့ ပို့ဆောင်နေစဉ် စစ်ကောင်စီရဲ့ လူကုန်တားအဖွဲ့က ဖမ်းဆီးခဲ့ပြီး လူကုန်ကူးမှုတားဆီးရေးဆိုင်ရာဥပဒေပုဒ်မ ၂၆ နဲ့ အမူဖွင့်အရေးယူထားကြောင်းသိရပါတယ်။

အုပ်ချုပ်ရေးမှူး မျိူးမြင့်ဆွေ (ခ) ငမျိုးဆိုသူကိုသာ ဖမ်းဆီးနိုင်ခဲ့ပေမယ့် ကျန်ရှိတဲ့ ရဲအုပ် ဝဏ္ဏဝင်း၊ ရဲအင်ဖော်မာ ဆန်းဝင်း၊ စသုံးလုံးက ဒုစုမှူး နောင်နောင်လတ်နဲ့ ရန်ကုန်တိုင်း၊ မှုခင်းအကူဌာနစုက ရဲအရာခံဗိုလ် နေဦးတို့ကိုတော့ ယနေ့အထိ ဖမ်းဆီးခြင်း မရှိပေ။

“ကျားဖောင်သို့ ရောင်းစားပြီးနောက် အကျိုးအမြတ်ခွဲဝေမှုများ “

ပြည်သူတွေကို ရောင်းစားပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို လှိုင်သာယာ အရှေ့ပိုင်မြို့နယ် ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဝဏ္ဏဝင်း၊ အမှတ်(၈)ရပ်ကွက် အပိုင်နယ်ထိန်း ရန်ကုန်-ပုသိမ် လမ်းမပေါ်ရှိ စသုံးလုံးရုံးမှ ဒုတိယစုံစမ်းစစ်ရေးမှူး နောင်နောင်လတ်၊ ရဲသတင်းပေး(အင်ဖော်မာ)ဆန်းဝင်းနဲ့ အဖွဲ့များ ရန်ကုန်တိုင်း၊ ရဲတပ်ဖွဲ့မှုခင်းအကူဌာနစုမှ ရဲအရာခံဗိုလ် နေဦး တို့မှ ခွဲဝေယူနေကြကြောင်း CDM ဒုရဲအုပ် ကိုညီရဲ့စုံစမ်းပေးမှုအရ AAMIJမှသိရပါတယ်။

အမှတ်(၈)ရပ်ကွက်အပိုင် တံတားဖြူကားမှတ်တိုင်အနီးရှိ ထီးလှိုင်ရှင်အိမ်ယာဝင်း၊ ကျန်စစ်မင်းအိမ်ယာဝင်း၊ မီးခွက်စျေးကားမှတ်တိုင်တို့ကို ဖြတ်သွားဖြတ်လာလုပ်တဲ့ လူငယ်၊ လူလတ်၊ အသက်ကြီးပိုင်းများပါ မကျန် ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပို့ဆောင်တာအပြင်အခုလို ငါးဖမ်းစက်လှေတွေထံကို ရောင်းစားနေတာဟာ တစ်နှစ်နီးပါးခန့် ကြာမြင့်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

“ကိုရဲလင်းတို့ သူငယ်ချင်း သုံးယောက်ရဲ့ မျှော်လင့်ချက်နှင့် တောင်းဆိုချက်”

ကိုရဲလင်းတို့ သူငယ်ချင်းသုံးယောက်ကတော့ ကျန်ရှိတဲ့ လူကုန်ကူးသူတွေကို ထပ်မံဖမ်းဆီးဖို့နဲ့ ၄င်းရဲ့ ညီဖြစ်သူနဲ့ အဆက်သွယ်ရဖို့အတွက် မျှော်လင့်နေကြပါတယ်။
မသန်ပေမယ့်စွမ်းသည့် ကိုရဲလင်းနဲ့ သူတို့သူငယ်ချင်း သုံးယောက်အနေနဲ့လည်း မြို့ပြ UGတွေနဲ့ လူငယ်တော်လှန်ရေးသမားတွေကို စိတ်ပူပန်နေပြီး စစ်ကောင်စီရဲ့ သတင်းစုံစမ်း ကွန်ယက်ဖြန့်ပုံကိုလည်း AAMIJမှ တစ်ဆင့် ဖော်ပြပေးဖို့တောင်းဆိုလာပါတယ်။

“ကျွန်တော်တို့ ရန်ကုန်မှာ မြေအောက်လူပ်ရှားနေသူတွေအတွက် အရမ်းအန္တရာယ်များတယ်။ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းမှာ ချဲနှစ်လုံး လုပ်ငန်းလုပ်ကိုင်နေသူတွေများတယ်။ အဲ့လူတွေကို အပြစ်ပြောတာမဟုတ်ပါဘူးဆရာရယ်။ သူတို့ကလုပ်စားတတ်တဲ့ စီးပွားရေးပဲ လုပ်စားကြတာ။ဒါပေမယ့် အဲ့ရဲတွေ ရဲနောက်လိုက် အင်ဖော်မာတွေက လစဥ်အပတ်စဥ် လိုင်းကြေးတွေကောက်စား၊ ဝင်ငွေက အရမ်းများတော့ အခုအာဏာရှင် စနစ်မကောင်းမှန်း ဒီကောင်တွေသိတယ် ဒါပေမယ့် ဝင်ငွေကောင်းနေတော့ လက်ရှိရထားတဲ့နေရာလေး မပျောက်ရေးပေါ့၊ သူတို့က ဒီနယ်မြေထဲမှာ စုံစမ်းတာတော်တယ် မပြောင်းမရွေ့ရေးအတွက် အထက်ဖား ပံ့ပိုးပေးနေတာလေ။တော်လှန်ရေးလူငယ်တွေ ပြည်သူတစ်ရပ်လုံးအတွက်မလုံခြုံဘူး” လို့ ကိုရဲလင်းတို့ သူငယ်ချင်းသုံးယောက်က AAMIJကနေ တစ်ဆင့်စကားပါးလိုက်ပါတယ်။

゚viralシ

07/02/2025

ကမ္ဘာမကြေဘူး

#ကမ္ဘာမကြေဘူး ゚viralシ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Htet Arkar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htet Arkar:

Share