Total Sports

Total Sports အားကစားကို ချစ်သူမြတ်နိုးသူတွေအတွက် အမြင်သစ်နဲ့တင်ဆက်မှုများ
(203)

23/09/2025

နားမလည်တဲ့ ၂ချက်နဲ့ 𝟐𝟎𝟐𝟓 𝐁𝐚𝐥𝐥𝐨𝐧 𝐃'𝐎𝐫 ဆုပေးပွဲကို သုံးသပ်ခြင်း ( 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧).

- ‌ 𝟏𝐭𝐨𝟏𝟎 ထဲဝင်သင့်တဲ့ ၂ ယောက် ..
- နေမာရဲ့ မကျေနပ်မှုနဲ့ 𝐑𝐚𝐧𝐤𝐢𝐧𝐠 ..
- ဆုတွေနဲ့ ထိုက်တန်မှုရှိရဲ့လား ..

🔴 𝐇𝐨𝐬𝐭 𝑲𝒐 𝑯𝒕𝒆𝒕 𝑺𝒐𝒆

𝐓𝐡𝐢𝐬 𝐕𝐢𝐝𝐞𝐨 𝐢𝐬 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐞𝐝 𝐁𝐲 𝐁*𝐞𝐭 𝐎𝐧 𝐆𝐚𝐦𝐞

𝐏𝐫𝐨𝐦𝐨 ကုဒ်- 𝐓𝐒𝐏𝐎𝐑𝐓 ကိုသုံးပြီး ၁၀၀% ငွေ-သွင်း ဘောနပ်စ်ရယူပါ။

#𝐓𝐨𝐭𝐚𝐥𝐬𝐩𝐨𝐫𝐭𝐬

အနိစ္စနဲ့ သစ္စာ ပက်ဂွါဒီယိုလာရဲ့ အသင်းဟာ ပွဲချိန်ပြည့်ခံစစ်ဆော့သွားမယ်၊ ဒါမှမဟုတ် စောစောစီးစီးရထားတဲ့ ဂိုးတစ်ဂိုးနဲ့ပဲ အ...
22/09/2025

အနိစ္စနဲ့ သစ္စာ

ပက်ဂွါဒီယိုလာရဲ့ အသင်းဟာ ပွဲချိန်ပြည့်ခံစစ်ဆော့သွားမယ်၊ ဒါမှမဟုတ် စောစောစီးစီးရထားတဲ့ ဂိုးတစ်ဂိုးနဲ့ပဲ အနိုင်ယူဖို့လုပ်ပြီး တစ်ပွဲလုံး ပိတ်ဆို့ကစားသွားမယ်လို့ တစ်ယောက်ယောက်ကများ လွန်ခဲ့သော နှစ်နှစ်လောက်က လာပြောရင် ယုံမယ်မထင်ပါဘူး။ ဒါပေမဲ့ ဒါဟာ တကယ်ပါဆိုတာကို မနေ့က အာဆင်နယ်နဲ့ပွဲမှာ အားလုံးမြင်ခဲ့ရပါပြီ။

ပရိသတ်တွေအနေနဲ့ တစ်သင်းက ပွဲချိန်ပြည့် ဘောလုံးကို ကိုင်ရင်း တိုက်စစ်ကစားနေတယ်၊ နောက်တစ်သင်းကလည်း ခံစစ်ကို အဓိကအားပြုပြီး ကြံကြံခံ ပိတ်ဆို့ကစားနေတယ် ဆိုတဲ့ ပွဲပေါင်းများစွာဟာ မြင်ဖူးခဲ့တာ အသေအချာပါပဲ။ အထူးသဖြင့် တစ်ချိန်က မော်ရင်ဟို နဲ့ ဂွါဒီယိုလာတို့ရဲ့ ရင်ဆိုင်မှုတွေမှာပေါ့။ ဒီလိုပွဲတွေမှာ ဂွါဒီယိုလာဟာ ဘယ်ဘက်ကနေ အမြဲရှိခဲ့သူလည်း ဆိုတာကို ပြောနေစရာတောင်မလိုတော့ပါဘူး။ ဒါပေမဲ့ မနေ့ကပွဲမှာတော့ ဂွါဒီယိုလာဟာ သူ့ရဲ့ တစ်ချိန်က ဂန္တဝင်ပြိုင်ဘက်ကြီးရဲ့ ဘက်ခြမ်းကို ကူးပြောင်းကစားသွားခဲ့တာပါပဲ။

လွန်ခဲ့တဲ့နှစ်နှစ်လောက် ကAdmin video တစ်ခုတင်ခဲ့ဖူးပါတယ်။ Admin ရဲ့ ရှားရှားပါးပါးတင်ဖြစ်တဲ့ video တွေထဲကတစ်ခုလည်း ဖြစ်တဲ့ ဒီvideo မှာ ခံစစ်ကစားခြင်းနဲ့ပတ်သတ်တဲ့ အမြင်တွေ၊ အယူအဆတွေကို အတော်လေးပြောဖြစ်ခဲ့ဖူးပါတယ်။ ခံစစ်ကစားတာဟာ မကောင်းတာမဟုတ်ဘူး၊ အနုပညာမမြောက်တာမဟုတ်ဘူး၊ အားနည်းတာမဟုတ်ဘူး၊ ပရိသတ်အကြိုက်မတွေ့တာ၊ ဖြေဖျော်မှုအရကြည့်ရင်သာ လိုအပ်မှုရှိနိုင်တာသာ ဖြစ်တယ်လို့ပြောခဲ့သလို၊ နည်းပြကောင်းဆိုတာလည်း ကိုယ်သုံးတဲ့ ဗျူဟာကို အလုပ်ဖြစ်၊ အောင်မြင်အောင် လုပ်နိုင်တဲ့သူ ကိုခေါ်တာဖြစ်ကြောင်းပြောခဲ့ဖူးပါတယ်။

ဒီပွဲကိုပြောကြည့်ရအောင်ပါ။ အာတီတာဟာ မန်စီးတီးကို ယှဉ်ကန်၊တန်းတူကန်၊ အသာကန်ရာကနေ နောက်ပိုင်းနှစ်တွေမှာ အနိုင်ကန်လာနေပါပြီ။ ဒီနှစ်အနေအထားအရလည်း အာဆင်နယ်နဲ့ မန်စီးတီးအနေအထားဟာ တူမနေပါဘူး။ အာဆင်နယ်ဟာ အကောင်းစုံးပုံစံမှာရောက်နေတဲ့ အခြေအနေကို အားဖြည့်ထားတဲ့အသင်း၊ မန်စီးတီးဟာ ပြန်လည်တည်ဆောက်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့အပြင် မနှစ်ကလည်း ဂိုးပြတ်ရှုံးထားတာပါ။ ဒီအခြေအနေမှာ ဂွါဒီယိုလာဟာ အခုလိုပြောစရာတစ်ခုဖြစ်လာစေမဲ့ ပွဲကြိုပြင်ဆင်မှုကို လုပ်ခဲ့တော့တာပါပဲ။

ဒီနေရာမှာ ခေါင်းစဉ်မှာပါတဲ့ သစ္စာအကြောင်းစပြောပါရစေ။ နည်းပြတွေဟာ ဘယ်အပေါ်မှာ သစ္စာရှိရမလဲဆိုရင် သူ့အလုပ်မှာပါပဲ။ သူ့ရဲ့ ဒဿနအပေါ်၊ အကြိုက်တွေအပေါ်မှာမဟုတ်ပါဘူး။ ပြောရရင် အသင်းရဲ့ ရလဒ်နဲ့ အောင်မြင်မှုကို သစ္စာခံရပါမယ်။ အသင်းရှုံးချင်ရှုံးပါစေ၊ ငါ့အယူအဆတော့ မစွန့်လွှတ်ဘူးဆိုတာက အတ္တပါ။ အသင်းနိုင်ဖို့အတွက် လိုအပ်တာကို လုပ်မယ်၊ တစ်သက်လုံး ကြိုက်လာတာကိုပါပြောင်းသင့်ရင်ပြောင်းမယ်ဆိုတာကသာ မှန်တဲ့ သစ္စာဖြစ်ပါတယ်။ နည်းစနစ်တွေအပေါ်အစွဲအလမ်းကြီးတယ်၊ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်မှုတွေကို ကြိုက်တယ်လို့ နာမည်ကြီးတဲ့ ဂွါဒီယိုလာဟာ နည်းပြတစ်ယောက်ရဲ့ မှန်ကန်သောသစ္စာ ကို မနေ့က ထုတ်ပြခဲ့တာပါပဲ။

တင်ခဲ့ဖူးတဲ့ ဗီဒီယိုမှာ ပြောခဲ့သလိုပဲ ခံစစ်အသားပြုတာဟာ ပရိသတ်အကြိုက်မဖြစ်လို့သာပါ။ တိုက်စစ်အသားပြုတာနည်းတူ ခက်ခဲမှုအတူပါ။ ခံစစ်နည်းပြတိုက်စစ်ပြောင်းဆော့တာမျိုးကျရင်သာ ပရိသတ်က ကြိုက်ပေမဲ့၊ တိုက်စစ်နည်းပြက ခံစစ်ဆော့သွားရင် ပရိသတ်တချိူ့ကတော့ သဘောမတွေ့ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ Admin ရဲ့ တစ်ဦးတည်းအမြင်အရတော့ ဂွါဒီယိုလာကို မနေ့ကအတွက် ဩဘာပေးပါတယ်။ သူ့ရဲ့ ပရိသတ်တစ်ဦးမဟုတ်ခဲ့သည့်တောင် မနေ့ကတော့ အတော်လေး ချီးကျူးမိတာပါပဲ။ ခံစစ်လည်း ဆော့တတ်တယ်၊ မှန်သော သစ္စာလည်း ရှိတတ်ဆိုတဲ့ အချက်တွေကြောင့်ပါပဲ။

ဒီအတွေးတွေကို အားလုံးသဘောတူ ကြိုက်နှစ်သက်မယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့လည်း တွေးစရာအမြင်တစ်ခုဖြစ်လာဖို့ရည်ရွယ်ရင်းတင်ဆက်လိုက်ပါတယ်။



Promo Code : TSPORT ကို သုံးပြီး 100% ငွေသွင်းဘောနပ်ရယူပါ

🎉 𝐖𝐚𝐯𝐞 𝐅𝐏𝐋 𝐋𝐞𝐚𝐠𝐮𝐞 ရဲ့ 𝐆𝐖𝟓 𝐖𝐞𝐞𝐤𝐥𝐲 𝐖𝐢𝐧𝐧𝐞𝐫 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 🎉 𝐅𝐚𝐧𝐭𝐚𝐬𝐲 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 𝐆𝐚𝐦𝐞𝐰𝐞𝐞𝐤 𝟓 က ပြီးဆုံးသွားပါပြီ 😍.. 𝐖𝐞𝐞𝐤𝐥𝐲 ...
22/09/2025

🎉 𝐖𝐚𝐯𝐞 𝐅𝐏𝐋 𝐋𝐞𝐚𝐠𝐮𝐞 ရဲ့ 𝐆𝐖𝟓 𝐖𝐞𝐞𝐤𝐥𝐲 𝐖𝐢𝐧𝐧𝐞𝐫 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 🎉

𝐅𝐚𝐧𝐭𝐚𝐬𝐲 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 𝐆𝐚𝐦𝐞𝐰𝐞𝐞𝐤 𝟓 က ပြီးဆုံးသွားပါပြီ 😍..

𝐖𝐞𝐞𝐤𝐥𝐲 𝐏𝐫𝐢𝐳𝐞 အတွက် အမှတ်အများဆုံး နဲ့ ထိပ်ဆုံးရောက်ရှိနေတဲ့ 𝐅𝐏𝐋𝐞𝐫 (𝟑) ယောက်ကို Wave Money ကနေနဲ့ တိုက်ရိုက် ဂုဏ်ပြုပေးချိန်ရောက်ပါပြီ 💸

ဒီအပတ်တော့ ဒုတိယနဲ့ တတိယ 𝐖𝐞𝐞𝐤𝐥𝐲 𝐖𝐢𝐧𝐧𝐞𝐫 တွေဟာ အမှတ်တူညီနေတဲ့အတွက် 𝐓𝐢𝐞𝐛𝐫𝐞𝐚𝐤𝐞𝐫 - 𝐂𝐚𝐩𝐭. နဲ့ဆုံးဖြတ်ပေးထားပါတယ်။

ဒီတစ်ပတ်အတွက် ဆုငွေရရှိတဲ့သူတွေကတော့

🏆 𝐖𝐞𝐞𝐤𝐥𝐲 𝐖𝐢𝐧𝐧𝐞𝐫𝐬 (𝐆𝐖-𝟓) 🏆

🥇 𝟏𝐬𝐭 𝐏𝐫𝐢𝐳𝐞 – 𝐄-𝐦𝐨𝐧𝐞𝐲 𝟓𝟎,𝟎𝟎𝟎 𝐊𝐬 👉 𝐖𝐡𝐨 𝐥𝐞𝐚𝐝𝐬 𝐚𝐛𝐨𝐯𝐞 𝐚𝐥𝐥?, 𝐙𝐰𝐞 𝐙𝐰𝐞
🥈 𝟐𝐧𝐝 𝐏𝐫𝐢𝐳𝐞 – 𝐄-𝐦𝐨𝐧𝐞𝐲 𝟑𝟎,𝟎𝟎𝟎 𝐊𝐬 👉 𝐊𝐲𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐃𝐫𝐞𝐚𝐦𝐬, 𝐖𝐨𝐧𝐠 𝐅𝐞𝐢 𝐇𝐮𝐧𝐠
🥉 𝟑𝐫𝐝 𝐏𝐫𝐢𝐳𝐞 – 𝐄-𝐦𝐨𝐧𝐞𝐲 𝟐𝟎,𝟎𝟎𝟎 𝐊𝐬 👉 𝐏𝐀𝐑𝐓𝐘𝐍𝐄𝐗𝐓𝐃𝐎𝐎𝐑, 𝐏𝐚𝐫𝐭𝐲 𝐅𝐨𝐰𝐬𝐡𝐨𝐨

👏 𝐖𝐢𝐧𝐧𝐞𝐫 အားလုံးအတွက် 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧 ပါ။ တစ်ပတ်ထက် တစ်ပတ် ပိုပြီးစိန်ခေါ်မှုတွေရှိနေမှာမို့ လာမယ့်အပတ်အတွက် ပြင်ဆင်ထားကြပါနော် ⚽️🔥

📌 အမှတ်များကို တွက်ချက်ရာတွင် 𝐖𝐚𝐯𝐞 𝐅𝐏𝐋 𝐑𝐮𝐥𝐞 အတိုင်း (𝐓𝐂, 𝐁𝐁 𝐂𝐡𝐢𝐩 မပါဝင်) သေချာစွာ စိစစ်ထားပါတယ်။

အထက်ဖော်ပြပါ 𝐖𝐞𝐞𝐤𝐥𝐲 𝐏𝐫𝐢𝐳𝐞 𝐖𝐢𝐧𝐧𝐞𝐫 တွေအနေနဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ

𝐖𝐚𝐯𝐞 𝐕𝐞𝐫𝐟𝐢𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 (မရှိပါက ဖွင့်ရန်
Link >> https://waveapp.go.link/2NZSa ) ပြပြီး ဆုငွေ ထုတ်ယူနိုင်ပါတယ်။

🟡 ဆုကြေးတွေပိုင်ဆိုင်ဖို့ အခုထဲက 𝐖𝐚𝐯𝐞 အကောင့် မရှိသေးရင် အကောင့်ဖွင့်ပြီး 𝐕𝐞𝐫𝐢𝐟𝐢𝐞𝐝 လုပ်ထားဖို့မမေ့နဲ့နော်။ 💰

𝐖𝐚𝐯𝐞 𝐅𝐏𝐋 မှာ 𝐅𝐏𝐋𝐞𝐫 တွေအပတ်တိုင်း 𝐃𝐨𝐮𝐛𝐥𝐞-𝐝𝐢𝐠𝐢𝐭 𝐡𝐚𝐮𝐥 တွေနဲ့ ကြမ်းနိုင်ကြပါစေ 🙌

➡️ 𝐆𝐖-𝟔 မှာ ဆုံတာပေါ့ 😉

(𝐆𝐖 𝟒 ရဲ့ ဒုတိယဆုရှင် ဆုငွေလက်ခံရန် 𝐖𝐚𝐯𝐞 𝐕𝐞𝐫𝐟𝐢𝐞𝐝 အကောင့်လာပေးပါဦးဗျို့...)

#𝐖𝐚𝐯𝐞𝐅𝐏𝐋 #𝐓𝐨𝐭𝐚𝐥𝐒𝐩𝐨𝐫𝐭𝐬 #𝐖𝐚𝐯𝐞 #𝐖𝐚𝐯𝐞𝐒𝐩𝐨𝐧𝐬𝐨𝐫𝐬𝐡𝐢𝐩 #𝐆𝐖𝟓𝐖𝐢𝐧𝐧𝐞𝐫𝐬

21/09/2025

ဘယ်သူပိုနစ်နာလဲ တွေးရခက်တဲ့ပွဲ/ အာဆင်နယ် (၁-၁) မန်စီးတီး (Match Review).

- ‌ ဟာလန်းရဲ့ World Class Aura ..
- ၂ပွဲဆက် တန်ခိုးပြတဲ့ ဘရာဇီးသားလေး ..
- အာဆင်နယ်ရဲ့ Attacking Pattern ပြသနာ..

🔴

Host 𝑲𝒐 𝑯𝒕𝒆𝒕 𝑺𝒐𝒆

𝐓𝐡𝐢𝐬 𝐕𝐢𝐝𝐞𝐨 𝐢𝐬 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐞𝐝 𝐁𝐲 𝐁*𝐞𝐭 𝐎𝐧 𝐆𝐚𝐦𝐞

𝐏𝐫𝐨𝐦𝐨 ကုဒ်- 𝐓𝐒𝐏𝐎𝐑𝐓 ကိုသုံးပြီး ၁၀၀% ငွေ-သွင်း ဘောနပ်စ်ရယူပါ။

“ဒီလိုမှပဲပေါ့ဗျာ… ချစ်ချစ်ခင်ခင် မျှမျှတတပေါ့… တကယ်တော့ တစ်ယောက်ကို တစ်ယောက်အနိုင်ယူတယ်ဆိုတာ မကောင်းဘူးဗျ”အာဆင်နယ်နဲ့ မ...
21/09/2025

“ဒီလိုမှပဲပေါ့ဗျာ… ချစ်ချစ်ခင်ခင် မျှမျှတတပေါ့… တကယ်တော့ တစ်ယောက်ကို တစ်ယောက်အနိုင်ယူတယ်ဆိုတာ မကောင်းဘူးဗျ”

အာဆင်နယ်နဲ့ မန်စီးတီးတို့တွေ့ဆုံမှုမှာတော့ ဟာလန်းရဲ့ ပွဲချိန်အစောပိုင်းဂိုးနဲ့ မန်စီးတီးရဲ့ ဦးဆောင်မှုကို မာတင်နယ်လီက နောက်ကျချေပခဲ့တာကြောင့် သရေကျခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်ဟာ လီဗာပူးနဲ့ (၅)မှတ်၊ မန်စီးတီးက လီဗာပူးနဲ့ (၈)မှတ် ပြတ်နေခဲ့ကြပြီလည်း ဖြစ်ပါတယ်။



Promo Code : TSPORT ကို သုံးပြီး 100% ငွေသွင်းဘောနပ်ရယူပါ

ကြောက်စိတ် ပွဲစလို့မှ သိပ်မကြာခင် ကိုယ့်အသင်းကတစ်ယောက်အနီကတ်ထိပြီဆိုပါစို့။ နည်းပြတွေအနေနဲ့ လုပ်စရာက ဘယ်နေရာကစားသမား အနီ...
21/09/2025

ကြောက်စိတ်

ပွဲစလို့မှ သိပ်မကြာခင် ကိုယ့်အသင်းကတစ်ယောက်အနီကတ်ထိပြီဆိုပါစို့။ နည်းပြတွေအနေနဲ့ လုပ်စရာက ဘယ်နေရာကစားသမား အနီကတ်ထိလဲဆိုတဲ့အပေါ်မူတည်ပြီး ဘာလုပ်မလဲက ကွဲပြားနိုင်ပါတယ်။ အခြေခံအားဖြင့်တော့ အနီကတ်ထိတဲ့သူက ဂိုးသမား/ခံစစ်ဆို တိုက်စစ်က တစ်ယောက်ကို လူစားလဲ၊ အနီကတ်က တိုက်စစ်ကထိတာဆို လူမလဲဘဲ ပုံစံပြောင်းစသဖြင့်ပါ။ ဒါ့အပြင် ပြိုင်ပွဲအနေအထား၊ ရောက်နေတဲ့အဆင့်၊ ပြိုင်ဘက်အခြေအနေ စတာတွေကို ထည့်စဉ်းစားရပါလိမ့်မယ်။

ဒါဆို အန်ဇိုမာရက်စ်ကာ မနေ့က လုပ်ခဲ့တဲ့ ပုံစံကကော ဘယ်လို သုံးသပ်နိုင်မလဲကိုဆက်ပြောကြရအောင်ပါ။ ပွဲအစမှာတည်းက အနီကတ်ထိသွားတဲ့ ဂိုးသမားနေရာမှာ တောင်ပံတစ်ယောက်ကို ထုတ်ပြီး၊ အစားထိုးခဲ့တာဟာ အခြေခံ လုပ်ရပ်ပါ။ မှန်တယ်၊ လုပ်သင့်တယ်ဆိုတဲ့အချက်ပါပဲ။ ဒါပေမဲ့ တစ်ပြိုင်တည်းမှာ နောက်ထပ်တောင်ပံ တစ်ယောက်ကိုပါ ထုတ်ပြီး ခံစစ်သမားတစ်ယောက်ထည့်လိုက်တာကတော့ အတော်လေး အံ့အားသင့်စရာဖြစ်သွားပါပြီ။

မာရက်စ်ကာကို ဘာမှမပြောခင်၊ တကယ်လို့များ ကိုယ်က ချန်ပီယံလိဂ်လို၊ ဖလားပွဲလိုမျိုးရဲ့ ရှုံးထွက်အဆင့်မှာ ဒါမျိုးဖြစ်တယ်၊ အထူးသဖြင့် ကိုယ်က တစ်ဂိုးအသာလောက်နဲ့ အနေအထားမှာ ဖြစ်တယ်ဆိုရင်တော့ ဒါမျိုးလူစားလဲမှုဟာ တမျိုးတမည်မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ မနေ့က ပွဲအနေအထားမှာတော့ ဒီလိုလူစားလဲလိုက်ခြင်းအားဖြင့် တစ်ဖက်အသင်းကို ငါတို့တော့ တိုက်စစ်ကို စိတ်လျော့လိုက်ပြီဟေ့လို့ ကြေညာပြေးလိုက်သလိုပါပဲ။ တစ်ယောက်အသာရသွားတဲ့ ပြိုင်ဘက်ကို လက်ကျန်ဖိအားကိုပါ ကိုယ့်ဘာသာကိုယ်ရပ်ပေးလိုက်တာမျိုးပါ။ ဒီကြားထဲကမှ ခံစစ်တောင်ပံတွေ အလုပ်လုပ်ဖို့ လိုတဲ့ ယူနိုက်တက် ကစားကွက်ကို ကိုယ်ရဲ့တောင်ပံ ကစားသမားနှစ်ယောက်လုံး ဖြုတ်ပေးလိုက်တာဟာ နည်းဗျူဟာ အရ အတော်လေး မေးခွန်းထုတ်ချင်စရာပါပဲ။

ယူနိုက်တက်ရဲ့ ခံစစ်နဲ့ ကွင်းလယ်ဟာ ပြဿနာရှိပါတယ်။ ဒါပေမဲ့ တိုက်စစ်ကစားဖို့ နှစ်ယောက်-သုံးယောက်လောက်ပဲ ရှိနေတော့တဲ့ အသင်းကိုတော့ ထိန်းနိုင်ပါတယ်။ ယူနိုက်တက်ရဲ့ ခံစစ် သုံးယောက်အထိုင်ဟာ နှစ်ယောက်လောက်ပဲ ကြုံသလိုလုပ်တော့မဲ့ တိုက်စစ်ကို ဖိအားနည်းနည်းနဲ့ ထိန်းဖို့ လွယ်သွားသလို၊ ခံစစ်တောင်ပံတွေကိုလည်း အလုပ်တစ်ဝက်သက်သာအောင် လုပ်ပေးလိုက်သလိုပါပဲ။ ဒီကြားထဲကမှ ပြိုင်ဘက်အနေနဲ့ တစ်ခုတည်းသော ကျန်မဲ့ အဓိကဖိအားဖြစ်တဲ့ ပယ်လ်မားကိုပါ လဲလိုက်ရတဲ့ အချိန်မှာတော့ ပွဲက နည်းဗျူဟာအရ ပြီးသွားပါပြီ။

မာရက်စ်ကာ ဘာတွေးခဲ့လဲဆိုရင်တော့ သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။ သူ့တိုက်စစ်ဟာ ဗဟိုချက်ကနေပဲ ထိုးဖောက်ဖို့ လုံလောက်မယ်တွေးခဲ့သလား၊ ခံစစ်တစ်ယောက်ထပ်ဖြည့်ပေးထားတာမလို့ ဂျိမ်းစ်နဲ့ ကူကူရယ်လာ ဟာ အချိန်ပိုင်းတောင်ပံတွေ အနေနဲ့ ပိုပြီး အလုပ်လုပ်နိုင်လိမ့်မယ်လို့ တွေးခဲ့လေသလား စသဖြင့်ပေါ့လေ။ ဒါပေမဲ့လည်း ဒီအချိန်မှာ မာရက်စ်ကာရဲ့ ကြောက်စိတ်ကိုပဲ အဓိကခံစားမိခဲ့တယ်လို့ပဲ ပြောချင်ပါတော့တယ်။

ဒီကြောက်စိတ်ကို အသေးစိတ်ထပ်ခွဲပြီး ဆက်ပြောချင်ပါသေးတယ်။ ပထမဆုံးအနေနဲ့ကတော့ မာရက်စ်ကာ ရုတ်တရက် Panic ( ကြောက်စိန်မွှန်) ဖြစ်သွားခဲ့သလားဆိုတာပါပဲ။ ဘာလို့လဲဆိုရင် တစ်ယောက်လျော့တဲ့အချိန်မှာ သူချတဲ့ ဆုံးဖြတ်ချက်ဟာ အပေါ်မှာပြောသလို နည်းဗျူဟာအရ အတော်လေး အလျော်ကြီးပြီး မေးခွန်းထုတ်ချင်စရာမလို့ပါ။ ဒါဆိုရင်တော့ သူ့ရဲ့ အတွေ့အကြုံကော၊ အရည်အချင်းအရပါ လိုအပ်ချက်လ်ို့ပြောရပါလိမ့်မယ်။ နောက်ထပ်ကတော့ Scenario plan (အခြေအနေအရပ်ရပ်အတွက် ကြိုတင်အစီအမံ) အားနည်းခဲ့သလားဆိုတာပါပဲ။ ဘောလုံးပွဲတွေတင်မကဘဲ နယ်ပယ်တိုင်းမှာ Scenario plan တွေကို ဦးဆောင်စီမံသူတွေ ကြိုတင်လုပ်ထားရပါတယ်။ ဘာဖြစ်ရင် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မာရက်စ်ကာမှာကော ဒီအပိုင်းအတွက် ဘာများ ကြိုတင် စဉ်းစားပြင်ဆင်ခဲ့သလဲမေးချင်စရာပါ။ နောက်ဆုံး ဒီလို scenario plan မရှိရင်တောင်၊ ကြုံလာခဲ့တဲ့ အခြေအနေကို တုံ့ပြန်တဲ့ အရေးပေါ်အစီအမံ (contingency plan) အပိုင်းမှာလည်း အပေါ်ကပြောခဲ့သလို ကြောက်စိတ်မွှန်သွားခဲ့လေသလား ပြောချင်စရာပါပဲ။ ဒါ့အပြင် ဆယ်ယောက်ချင်း ပြန်ဖြစ်တဲ့နောက်ပိုင်းမှာလည်း အားရစရာ ဆုံးဖြတ်ချက်မျိုး ထပ်မလုပ်နိုင်ခဲ့ပြန်ပါဘူး။

ပွဲရလဒ်ဟာ ပြိုင်ဘက်က ယူနိုက်တက်ဖြစ်နေတာ၊ တစ်ယောက်ပြန်လျော့သွားတာတွေဖြစ်ခဲ့တာတွေကြောင့် ရုပ်ပျက်ဆင်းပျက်တော့မဖြစ်ခဲ့ပါဘူး။ ချယ်ဆီးပရိသတ်တွေအနေနဲ့ ပွဲတစ်ဝက်လောက်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ပြီး ဒီလိုရလဒ်နဲ့ ရှုံးတာကို လက်ခံပေးဖို့ သိပ်မခက်ပေမဲ့၊ အရှုံးကိုသွားတဲ့ လမ်းကြောင်း၊ တုံ့ပြန်တဲ့ ပုံစံ၊ ချတဲ့ဆုံးဖြတ်ချက်တွေကိုတော့ သဘောတူပေးဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။

ဒါဟာ မာရက်စ်ကာအတွက်တော့ သင်ခန်းစာကောင်းတစ်ခုဖြစ်ပါစေလို့သာ တွေးပေးရမှာပဲဖြစ်ပြီး၊ ကြောက်စိတ်ကြောင့် အမှောက်သိပ်ခံရတာမျိုးတွေ ထပ်မဖြစ်ဖို့လိုအပ်ပါလိမ့်မယ်။



Promo Code : TSPORT ကို သုံးပြီး 100% ငွေသွင်းဘောနပ်ရယူပါ

ချယ်ဆီးကို အနိုင်ရရှိခဲ့မှုကြောင့် အမော်ရင်ဟာ အိုးထရက်ဖို့ဒ် မှာ ပရီးမီးယားလိဂ်နှစ်ပွဲဆက်အနိုင်ရလဒ်ကို ပထမဆုံးအဖြစ် ရရှိ...
21/09/2025

ချယ်ဆီးကို အနိုင်ရရှိခဲ့မှုကြောင့် အမော်ရင်ဟာ အိုးထရက်ဖို့ဒ် မှာ ပရီးမီးယားလိဂ်နှစ်ပွဲဆက်အနိုင်ရလဒ်ကို ပထမဆုံးအဖြစ် ရရှိခဲ့ပါပြီ။

ဒါ့အပြင် (၃၂) ပွဲအပြီး၊ (၃၄)မှတ်ရရှိခဲ့တာကြောင့် သူ့ရဲ့ ယူနိုက်တက်နည်းပြသက်တမ်းအတွင်း ကိုင်တွယ်ထားတဲ့ ပရီးမီးယားလိဂ်ပွဲထက်၊ အမှတ်ပိုရထားတဲ့အနေအထားကိုလည်း စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။



Promo Code : TSPORT ကို သုံးပြီး 100% ငွေသွင်းဘောနပ်ရယူပါ

20/09/2025

ရာနူန်းပြည့်နိုင်နေတဲ့ ကြိုးကြာ - လီဗာပူး 𝟐-𝟏 အဲဗာတန် (𝐌𝐚𝐭𝐜𝐡 𝐑𝐞𝐯𝐢𝐞𝐰).

- ‌ ဂရာဗင်ဘခ်ျ့ ကြမ်းနေတဲ့ ကွင်းလယ် ..
- အီကီတီကေး ဂိုးပေါက်ပြန်တွေ့ ..
- ဂိုးတွေပြန်ပြန်ပေးနေရတဲ့ အချက်.

🔴 𝐇𝐨𝐬𝐭 𝑲𝒐 𝑯𝒕𝒆𝒕 𝑺𝒐𝒆

𝐓𝐡𝐢𝐬 𝐕𝐢𝐝𝐞𝐨 𝐢𝐬 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐞𝐝 𝐁𝐲 𝐁*𝐞𝐭 𝐎𝐧 𝐆𝐚𝐦𝐞

𝐏𝐫𝐨𝐦𝐨 ကုဒ်- 𝐓𝐒𝐏𝐎𝐑𝐓 ကိုသုံးပြီး ၁၀၀% ငွေ-သွင်း ဘောနပ်စ်ရယူပါ။

#𝐓𝐨𝐭𝐚𝐥𝐬𝐩𝐨𝐫𝐭𝐬

မာဆေးဆိုက်ဒ် ဒါဘီမှာ အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ရှေ့ဆက်ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ မာဆေးဆိုက်ဒ်ဒါဘီမှာတော့ ...
20/09/2025

မာဆေးဆိုက်ဒ် ဒါဘီမှာ အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ရှေ့ဆက်

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ မာဆေးဆိုက်ဒ်ဒါဘီမှာတော့ လီဗာပူးက မြို့ခံပြိုင်ဘက်ကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ဆဲဖြစ်ပါတယ်။

လီဗာပူးရဲ့ အနိုင်ဂိုးတွေကိုတော့ ညာခြမ်းဘက်က တိုက်စစ်ဆင်မှုတွေကနေ ရရှိခဲ့တာဖြစ်ပြီး၊ ပထမဂိုးရသွားတဲ့ ပုံစံကနေ အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ကွင်းလယ်ညာခြမ်းတွဲလုံးကနေ ဆာလာရဲ့ ဖန်တီးမှုကော၊ ဂရာဘန်ဘတ်ဂျ် ရဲ့ အဆုံးသတ်ကန်သွင်းသွားတဲ့ ပုံစံကောကပါ လှပကောင်းမွန်ခဲ့သလို၊ အဲဗာတန်ခံစစ်ကြောင်းကို အာရုံများစေမဲ့ ဘရက်ဒလေရဲ့ ယောင်ပြပြေးထွက်မှုကပါ မေ့ထားလို့မရပြန်ပါဘူး။ ဒုတိယဂိုးကလည်း ညာခြမ်းကနေပဲ ဖြစ်လာတာဖြစ်ပြီး၊ ဒီဂိုးမှာတော့ အဲဗာတန်ခံစစ်ကြောင်းရဲ့ လျော့ရဲမှုကော အီကီတီကီရဲ့ ပါးနပ်သပ်ရပ်မှုတွေကောကို တွေ့နိုင်ပါတယ်။

အဲဗာတန်အနေနဲ့ နှစ်ဂိုးပေးအပြီး နောက်ပိုင်းမှာ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်တုံ့ပြန်ဖို့ လုပ်ခဲ့ပြီး၊ ဒုတိယပိုင်းမှာ ချေပဂိုးတစ်ဂိုးဖြစ်ရခဲ့ပေမဲ့၊ မြို့ခံပြိုင်ဘက်ရဲ့ နိုင်ပွဲဆက်မှုကို တားဆီးဖို့တော့ မလုံလောက်ခဲ့ပါဘူး။

အာနေးဆလော့တ်ရဲ့ လီဗာပူးဟာ နိုင်ပွဲတွေဆက်နေခဲ့သလို၊ ရလဒ်ပိုင်းအရ ပြောစရာမရှိသေးပေမဲ့၊ ပွဲချိန်ပြည့် ပုံစံကောင်းပြနိုင်ဖို့၊ အခုထက်ပိုတဲ့ ထိန်းချုပ်မှုနဲ့ စိုးမိုးမှုတွေကို ရရှိဖို့တော့ ဆက်လက်လုပ်ဆောင်ရဦးမှာဖြစ်ပြီး၊ ကစားသမားတစ်ယောက်ချင်းစီရဲ့ အကောင်းဆုံး ပုံစံနဲ့ အတွဲအဖက်ကို ပိုရအောင် လုပ်ဖို့တော့ လိုဦးမှာ ဖြစ်ပါတယ်။ ဒါတွေကို တိုးတက်အောင်လုပ်နိုင်တာနဲ့အမျှ ပိုကောင်းတဲ့ လီဗာပူးကို မြင်ရဖို့လည်း ရှိနေပါလိမ့်မယ်။



Promo Code : TSPORT ကို သုံးပြီး 100% ငွေသွင်းဘောနပ်ရယူပါ

𝐇𝐞𝐥𝐥𝐨 𝐅𝐏𝐋𝐞𝐫𝐬!!! 𝐆𝐖 𝟓 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 𝐢𝐬 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡𝐢𝐧𝐠!!! ဒီတစ်ပတ် 𝐅𝐚𝐧𝐭𝐚𝐬𝐲 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 𝐆𝐖𝟓 ရဲ့ 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 က ဒီနေ့ (စက်တင်ဘာ ၂၀ရက်...
20/09/2025

𝐇𝐞𝐥𝐥𝐨 𝐅𝐏𝐋𝐞𝐫𝐬!!! 𝐆𝐖 𝟓 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 𝐢𝐬 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡𝐢𝐧𝐠!!!

ဒီတစ်ပတ် 𝐅𝐚𝐧𝐭𝐚𝐬𝐲 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 𝐆𝐖𝟓 ရဲ့ 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 က ဒီနေ့ (စက်တင်ဘာ ၂၀ရက် - စနေနေ့) ညနေ ၄:၃၀ 𝐏𝐌 ပဲ ဖြစ်ပါတယ်။

ဒီတော့ 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 မတိုင်ခင် ကိုယ့်စိတ်ကြိုက် ကစားသမားတွေကို 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 လုပ်ဖို့နဲ့ 𝐒𝐮𝐛𝐬𝐭𝐢𝐭𝐮𝐭𝐞 လုပ်ဖို့ မမေ့ကြပါနဲ့။

လူလဲပြီးတဲ့သူတွေလည်း 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐒𝐪𝐮𝐚𝐝 လေး ကြွားခဲ့ကြပါဦး 😁။

Total Sports က Wave Money နဲ့ပူးပေါင်းပြီး 𝐖𝐞𝐞𝐤𝐥𝐲 𝐏𝐫𝐢𝐳𝐞 တွေအပါအဝင် သိန်း ၅၀ ကျော် တန်ဖိုးရှိတဲ့ 𝐖𝐚𝐯𝐞 𝐅𝐏𝐋 ကိုတည်ထောင်ပေးထားတမို့လို့ ဆုကြီးတွေဆွတ်ခူးနိုင်အောင် ကိုယ့်ရဲ့ 𝐅𝐏𝐋 𝐋𝐢𝐧𝐞-𝐮𝐩 ကို သေချာပြင်ဆင်ကြရအောင်။

အခုထိ 𝐉𝐎𝐈𝐍 လို့ ရနေသေးတာမို့လို့ မ 𝐉𝐨𝐢𝐧 ရသေးတဲ့ သူတွေ 𝐉𝐨𝐢𝐧 လို့ရပါတယ်။

𝐋𝐞𝐚𝐠𝐮𝐞 𝐉𝐨𝐢𝐧 လိုသူများ 👇👇👇

Link https://fantasy.premierleague.com/leagues/auto-join/hvdhb1

𝐂𝐨𝐝𝐞 𝐡𝐯𝐝𝐡𝐛𝟏

𝐖𝐚𝐯𝐞 နဲ့ 𝐓𝐨𝐭𝐚𝐥 𝐒𝐩𝐨𝐫𝐭𝐬 ပေါင်းပြီး ကျင်းပပေးတဲ့ 𝐅𝐏𝐋 ဖြစ်တဲ့အတွက် ပါဝင်ယှဥ်ပြိုင်ထားသူတိုင်း 𝐖𝐚𝐯𝐞 𝐕𝐞𝐫𝐟𝐢𝐞𝐝 အကောင့်ဖွင့်ထားဖို့ လိုအပ်ပါမယ်ခင်ဗျာ။

ပြိုင်ပွဲအသေးစိတ်အကြောင်းကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐋𝐢𝐧𝐤 ချပေးထားပါမယ်. ✅။

#𝐖𝐚𝐯𝐞𝐅𝐏𝐋
#𝐓𝐨𝐭𝐚𝐥𝐒𝐩𝐨𝐫𝐭𝐬
#𝐖𝐚𝐯𝐞𝐒𝐩𝐨𝐧𝐬𝐨𝐫𝐬𝐡𝐢𝐩
#နေရာအချိန်မရွေး𝐖𝐚𝐯𝐞နဲ့ပေး

မော်ရင်ဟိုဘင်ဖီကာ- လှပသော ဒရာမာလား- ပါဝါများအတွက် ရွေ့ကွက်လားမော်ရင်ဟိုဟာ ဖီနာဘာချီနဲ့ လမ်းခွဲအပြီး တစ်လမပြည့်ခင်မှာပဲ ဘ...
20/09/2025

မော်ရင်ဟိုဘင်ဖီကာ- လှပသော ဒရာမာလား- ပါဝါများအတွက် ရွေ့ကွက်လား

မော်ရင်ဟိုဟာ ဖီနာဘာချီနဲ့ လမ်းခွဲအပြီး တစ်လမပြည့်ခင်မှာပဲ ဘင်ဖီကာ အသင်းရဲ့နည်းပြဖြစ်လာခဲ့ပါပြီ။ မော်ရင်ဟိုပရိသတ်တွေ အပါအဝင်၊ ကျန်ပရိသတ်တွေရဲ့ ပရီးမီးယားလိဂ်မှာ ပြန်တွေ့ချင်တဲ့ ဆန္ဒကတော့ မဖြစ်မြောက်ခဲ့ဘဲ၊ မော်ရင်ဟိုဟာ သူ့ရဲ့ မွေးရပ်မြေလည်းဖြစ်၊ အသင်းကြီးနည်းပြအဖြစ်စတင်ရာလည်း ဖြစ်တဲ့ ဘင်ဖီကာရှိရာ ပေါ်တူဂီကိုပဲ ရောက်ရှိခဲ့တာပါ။

မော်ရင်ဟိုရဲ့ ဒီတစ်ခါ ရောက်ရှိမှုဟာ ထုံးစံအတိုင်း ဒရာမာတွေနဲ့တွဲလျက်ပါပဲ။ တနေ့ကပြောခဲ့သလိုပဲ ဖီနာဘာချီနဲ့ လမ်းခွဲရမှုဟာ ဘင်ဖီကာကို ရှုံးပြီး၊ ချန်ပီယံလိဂ်ဝင်ခွင့်မရလိုက်တာကြောင့် အဓိကဖြစ်ပါတယ်။ ဘင်ဖီကာကြောင့်ဖြစ်ခဲ့တဲ့ လမ်းခွဲအပြီး မြန်မြန်ဆန်ဆန်ပဲဘင်ဖီကာနဲ့ပဲ အသစ်တစ်ခု ပြန်စခဲ့တာကတော့ ဒရာမာဆန်ဆန်ပါပဲ။

နောက်ထပ် လှလှပပ ဇာတ်လမ်းလေးတစ်ခုကတော့ ဥရောပမှာ အမြင့်အနိမ့်မျိုးစုံ ကျင်လည်အပြီးမှာတော့ မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြ ဘဝ မှတ်တိုင် နံပါတ်(၁)ကို ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ဘင်ဖီကာမှာ သူ့ရဲ့ နည်းပြဘဝစတင်မှုအဖြစ် ကာလတို ကိုင်တွယ်ခဲ့ပြီး၊ အသင်းဥက္ကဌကြောင့် လမ်းခွဲခဲ့ဖူးတာဖြစ်ပါတယ်။ ဒီကနေမှတဆင့် ပေါ်တူဂီမှာ ဆက်လက်ကျင်လည်ပြီး လေးနှစ်အကြာမှာပဲ စပါယ်ရှယ်ဝမ်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရေးထိုးခဲ့တာပါ။ ဒီတစ်ကြိမ်ရဲ့ ပြန်လည်ဆုံစည်းမှုဟာ မော်ရင်ဟိုအတွက် ချယ်ဆီးပြီးရင် ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်တဲ့ အသင်းလည်း ဖြစ်လာသလို၊ unfinished business ဆိုပြီး တင်စားကြတဲ့ အပြီးမသတ်ခဲ့ရသော တာဝန်တစ်ခုအတွက် ပြန်လည်ရောက်ရှိလာမှုလို့လား ဆိုနိုင်ပါလိမ့်မယ်။

ဒီအထိကတော့ အဆင်ပြေ စိတ်လှုပ်ရှားစရာ ပါပဲ။ မော်ရင်ဟိုဟာ ပေါ်တူဂီမှာ သဘောကျသူများတယ်၊ နိုင်ငံတစ်ဝှမ်းက ပရိသတ်တွေရဲ့ လေးစားမှုကို ရထားတယ်၊ ပေါ်တိုနဲ့ လုပ်ပြခဲ့တာတွေအတွက် ဂုဏ်ယူကြတယ်၊ လတ်တလောမှာတင် ပေါ်တူဂီလိဂ်ပွဲမှာ ပွဲတက်ရောက်ပြီး ပရိသတ်တွေရဲ့ ဩဘာပေးမှုကို ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ စိတ်ဝင်စားစရာ ယူဆချက်၊ရွေ့ကွက်တစ်ခုလို့ ယူဆတဲ့ ပြောဆိုချက်တွေ ရှိလာပါတယ်။ ဒါကတော့ ဥက္ကဌ ဖြစ်သူ ရူအီကော်စတာအနေနဲ့ လာမဲ့အောက်တိုဘာမှာ ပြုလုပ်မဲ့ ဥက္ကဌရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရရေးဖို့ထောက်ခံမှုရရှိအောင် လုပ်တဲ့ အနေနဲ့ မော်ရင်ဟို လို လူကြိုက်များတဲ့ နည်းပြကို ခေါ်လိုက်တာဆိုပြီး ယူဆမှုတွေရှိလာပါတယ်။ ဒါဟာ ရူအီကော်စတာရဲ့ ပြိုင်ဘက်တွေကော၊ အသင်းရဲ့ ပရိသတ်တချို့ကပါ ထုတ်ပြောထားပါတယ်။

ဒါကို ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာထက် စဉ်းစားစရာတော့ဖြစ်စေပါတယ်။ နည်းပြဟောင်း ဘရူနိုလေ့ဂျ်ကို ရလဒ်တွေကောင်းတယ်၊ ဆိုးတယ်မပြောသေးရင်တောင် ပုံရိပ်အရကိုမော်ရင်ဟိုနဲ့ ကွာပါတယ်။ ပေါ်တူဂီရဲ့ icon နည်းပြလို ဖြစ်နေတဲ့ မော်ရင်ဟိုကို ခန့်လိုက်ခြင်းအားဖြင့် ရူအီကော်စတာကို အားသာမှုတစ်စုံတရာရသွားစေတာတော့ အမှန်ပါပဲ။ ဥက္ကဌရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ မော်ရင်ဟို အသင်းလက်မဲ့ဖြစ်သွားတာကို ရူအီကော်စတာတစ်ယောက် ဘောလုံးထက်ပိုတဲ့ ရည်မှန်းချက်တွေအတွက် လှုပ်ရှားသွားသလားဆိုတာကတော့ သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ဒီလိုနောက်ကွယ်က ပါဝါရွေ့ကွက်တွေကနေ မော်ရင်ဟိုအကြောင်းကိုပဲ ပြန်ပြောရအောင်ပါ။ မော်ရင်ဟိုရဲ့ ယူနိုက်တက်အလွန်ကာလတွေမှာ အသင်းရွေးလောလွန်းတဲ့ ကိစ္စဟာ သူ့ကို အတော်ထိခိုက်စေခဲ့ပါတယ်။ စပါး၊ ရိုးမား၊ ဖီနာဘာချီ စသဖြင့်အသင်းတွေထဲမှာ အအောင်မြင်ခဲ့ဆုံးလို့ပြောရမဲ့ ရိုးမားတောင်မှ အရမ်းကြီးကိုက်လှတယ်မဟုတ်ခဲ့ဘဲ၊ ဖီနာဘာချီကိုသွားခဲ့တာဆို အတော်လေး မှားခဲ့တယ်ပြောရပါမယ်။ တစ်ချိန်ကသူ ပြောခဲ့ဖူးသလို နည်းပြအလုပ်ကို မလုပ်ဘဲ ကြာကြာမနေနိုင်တဲ့ အကျင့်ကြောင့်ပဲအသင်းတွေနဲ့ ပတ်ဝန်းကျင် ရဲ့ ပကတိအခြေအနေကို မသုံးသပ်ခဲ့လိုက်ခဲ့တာတွေနဲအတူ အလောကြီး ခဲ့လွန်းခဲ့ပါတယ်။ အခုလည်း ရက်ပိုင်းသာ ကွာပြီး ထပ်ရွေးခဲ့ပြန်ပါတယ်။ ရွေးတဲ့အသင်းပုံစံကတော့ သူ့ရဲ့နည်းပြသက်တမ်းတလျောက် ရဲ့ ပုံစံလို့တောင်ပြောရမဲ့ လိဂ်ရဲ့ စိုးမိုးထားသူ မဟုတ်တဲ့ အသင်းပါပဲ။ ယူနိုက်တက်-အာဆင်နယ် ခေတ်မှာ ချယ်ဆီး၊ ဘာကာစိုးမိုးထားချိန်မှာ ရီးရဲလ်၊ မန်စီးတီး ကာလမှာ ယူနိုက်တက်၊ ဖလားတွေနဲ့ဝေးနေခဲ့တဲ့ စပါး၊ရိုးမား၊ ဂါလာတာစာရေးရဲ့ အပြတ်အသတ်စိုးမိုးထားချိန်မှာ ဖီနာဘာချီကနေ အခုလည်း လိဂ်အောင်မြင်မှုနဲ့ ပြန်ဝေးနေတဲ့ ဘင်ဖီကာကို ရောက်လာပြန်ပါတယ်။ ဒီတစ်ခါလည်း ခပ်မြန်မြန် ဆုံးဖြတ်ရွေးချယ်ထားတဲ့ အသင်းဟာ ရှေ့အသင်းတွေကလို မဖြစ်ဘဲ မှန်ကန်ဖို့ ဆုတောင်းပေးရမှာပါပဲ။

သေချာတာကတော့ နည်းပြတွေကြားက greatest showman ဟာ ပေါ်တူဂီမြေကို ဒရာမာဆန်ဆန် ပြန်ရောက်လာပါပြီ၊ နည်းပြဘဝ အစကို တကျော့ပြန်ရောက်လာခဲ့သလိုပဲ သူလိုနေတဲ့အောင်ပွဲတွေကို ပြန်လည်ရရှိလေမလားကို စောင့်ကြည့်ချင်စရာ ဖြစ်နေဆဲပါ။



Promo Code : TSPORT ကို သုံးပြီး 100% ငွေသွင်းဘောနပ်ရယူပါ

19/09/2025

ရှင်းစရာဘောင်ချာတွေများနေတဲ့ပွဲ - အာဆင်နယ် 𝐕𝐬 မန်စီးတီး .. ( ပွဲကြိုသုံးသပ်ချက်).

- ‌ အာဆင်နယ်ရဲ့ လေမတိုးခံစစ် နဲ့ ဟာလန်း ..
- 𝐏𝐞𝐩 ရဲ့ ကလဲ့စားကိုမြင်ရမလား ..
- ကွင်းလယ် ဘယ်သူအသာရမလဲ..

🔴 𝐇𝐨𝐬𝐭 𝑲𝒐 𝑯𝒕𝒆𝒕 𝑺𝒐𝒆

𝐓𝐡𝐢𝐬 𝐕𝐢𝐝𝐞𝐨 𝐢𝐬 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐞𝐝 𝐁𝐲 𝐁*𝐞𝐭 𝐎𝐧 𝐆𝐚𝐦𝐞

𝐏𝐫𝐨𝐦𝐨 ကုဒ်- 𝐓𝐒𝐏𝐎𝐑𝐓 ကိုသုံးပြီး ၁၀၀% ငွေ-သွင်း ဘောနပ်စ်ရယူပါ။

#𝐓𝐨𝐭𝐚𝐥𝐬𝐩𝐨𝐫𝐭𝐬

Address

U Chit Mg Road
Yangon
11201

Alerts

Be the first to know and let us send you an email when Total Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Total Sports:

Share

Category

About us

The most modern and trendy sports media in Myanmar, established by young football enthusiasts since 2018.

We inform | We educate | We entertain