CBN Myanmar

CBN Myanmar CBN Myanmar is bringing LIFE CHANGING for BETTER LIFE in Community across Myanmar through media & humanitarian activities

Link to donate:
cbn.com/myanmar

ဘုရားသခင်ထာဝရဘုရားရှိသည်ဟုမိန့်တော်မူ၏။    #ဆုတောင်းခြင်း  #ခွန်အားဖြစ်စေသော    #သမ္မာကျမ်းစာ
08/06/2026

ဘုရားသခင်ထာဝရဘုရားရှိသည်ဟုမိန့်တော်မူ၏။

#ဆုတောင်းခြင်း #ခွန်အားဖြစ်စေသော #သမ္မာကျမ်းစာ

07/06/2026

ရှင်လုကာ ၂၄:၃၆-၄၃
#ဆုတောင်းခြင်း၌တန်ခိုးပါ၏ #ကျန်းမာခြင်း #အထူးဆုတောင်းပေးခြင်း

...အချင်းချင်းအပြစ်လွှတ်ချင်းရှိကြလော့။    #ဆုတောင်းခြင်း  #ခွန်အားဖြစ်စေသော    #သမ္မာကျမ်းစာ
07/06/2026

...အချင်းချင်းအပြစ်လွှတ်ချင်းရှိကြလော့။

#ဆုတောင်းခြင်း #ခွန်အားဖြစ်စေသော #သမ္မာကျမ်းစာ

06/06/2026

ရှင်လုကာ ၂၄:၃၃-၃၅
#ဆုတောင်းခြင်း၌တန်ခိုးပါ၏ #ကျန်းမာခြင်း #အထူးဆုတောင်းပေးခြင်း

06/06/2026

ကလေးများရဲ့ နှလုံးသားထဲက အိပ်မက်များ

ကလေးတိုင်းရဲ့ ရင်ထဲမှာ ကြီးပြင်းလာရင် ဘာဖြစ်ချင်လဲဆိုတဲ့ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။
သို့သော်လည်း ကမ္ဘာမြေပေါ်က ကလေးတိုင်းမှာတော့ ထိုအိပ်မက်တွေဆီ လှမ်းတက်နိုင်ဖို့ အခွင့်အရေး မပြည့်စုံကြပါဘူး။

သူတို့လေးတွေရဲ့ အနာဂတ် မျှော်လင့်ချက်တွေ အရောင်မပျက်သွားဖို့... သင့်ရဲ့ နွေးထွေးတဲ့ လက်တစ်စုံက အကြီးမားဆုံး အထောက်အပံ့ ဖြစ်လာနိုင်ပါတယ်။

#မိဘ #ကလေးပျိုးထောင်ခြင်း #ပညာရေ:

ဘုရားသခင်က ဘာလို့ သင့်တစ်ယောက်ထဲ ဝန်တွေကို မထမ်းစေချင်တာလဲတစ်ခါတလေ ဘဝက တကယ်ကို ပင်ပန်းစရာကောင်းပါတယ်။အလုပ်အကိုင်အတွက် စိ...
06/06/2026

ဘုရားသခင်က ဘာလို့ သင့်တစ်ယောက်ထဲ ဝန်တွေကို မထမ်းစေချင်တာလဲ

တစ်ခါတလေ ဘဝက တကယ်ကို ပင်ပန်းစရာကောင်းပါတယ်။
အလုပ်အကိုင်အတွက် စိတ်ပူရတာ၊ ငွေကြေးအတွက် စိုးရိမ်ရတာ၊ မိသားစုအရေးတွေ၊ အနာဂတ်အတွက် မသေချာမှုတွေ၊ ဘယ်သူ့ကိုမှ မပြောပြနိုင်တဲ့ စိတ်ဖိစီးမှုတွေ… ဒီအရာတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရတဲ့သူတွေ အများကြီး ရှိပါတယ်။

တချို့လူတွေက "ငါတော့ သန်မာရမယ်" ဆိုပြီး အားတင်းထားကြတယ်။ တချို့ကလည်း "ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး" ဆိုပြီး ကိုယ့်ရဲ့ နာကျင်မှုတွေကို ရင်ထဲမှာပဲ သိမ်းထားကြတယ်။

ဒါပေမဲ့ ဘုရားသခင်ကတော့ သင့်ကို အဲဒီလို တစ်ယောက်တည်း ရုန်းကန်စေချင်တာ မဟုတ်ပါဘူး။
ယေရှုက ဒီလို ဖိတ်ခေါ်ခဲ့ပါတယ်။
"ပင်ပန်း၍ လေးလံသောဝန်ကို ထမ်းရွက်ရသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်သက်ခြင်းကို ပေးမည်။" (မဿဲ ၁၁:၂၈)
သတိထားကြည့်ပါ။ ယေရှုက "ပြဿနာတွေ အရင်ဖြေရှင်းပြီးမှ ငါ့ဆီလာ" လို့ မပြောခဲ့ပါဘူး။

ပင်ပန်းနေတဲ့အချိန်မှာ လာပါ။
မျှော်လင့်ချက်ပျောက်နေတဲ့အချိန်မှာ လာပါ။
စိတ်ကျနေတဲ့အချိန်မှာ လာပါ။
ဘုရားသခင်က သင့်ရဲ့ အားနည်းချက်တွေကို သိတော်မူပါတယ်။ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း နားလည်တော်မူပါတယ်။

ဒါကြောင့် ၁ ပေတရု ၅:၇ မှာ
"သင်တို့၏ စိုးရိမ်ခြင်းအပေါင်းတို့ကို ကိုယ်တော်အပေါ်သို့ ပုံအပ်ကြလော့။"
လို့ ပြောထားပါတယ်။

တစ်ခါတလေ ကျွန်ုပ်တို့က အရာအားလုံးကို ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အဲဒီလို ကြိုးစားရင်း ပိုပြီး မောပန်းလာတတ်တယ်။
ဘုရားသခင်ကတော့ "ငါ့ကို ပေးလိုက်ပါ။ ငါ ကူညီမယ်" လို့ ပြောနေပါတယ်။
ဘုရားသခင်က ဘာလို့ သင့်တစ်ယောက်ထဲ ဝန်တွေကို မထမ်းစေချင်တာလဲ?
ဆုတောင်းခြင်းဆိုတာ ပြဿနာတွေကို အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ ကိုယ်တော်ကို ယုံကြည်ပြီး အပ်နှံလိုက်တာ ဖြစ်ပါတယ်။

တစ်ခါတလေ ဘုရားသခင်ရဲ့ အကူအညီက ဆုတောင်းချက်ရဲ့ အဖြေတစ်ခုအနေနဲ့ ရောက်လာတယ်။ တစ်ခါတလေတော့ မိတ်ဆွေတစ်ယောက်ရဲ့ အားပေးစကား၊ မိသားစုရဲ့ နွေးထွေးမှု၊ ဒါမှမဟုတ် ယုံကြည်သူ မောင်နှမတွေရဲ့ ဆုတောင်းပေးမှုကနေ ရောက်လာတတ်ပါတယ်။

ဒီနေ့ သင့်ရင်ထဲမှာ ဘယ်လောက်ပဲ လေးလံနေပါစေ၊ အဲဒီဝန်ထုပ်ဝန်ပိုးကို တစ်ယောက်တည်း ဆက်မထမ်းပါနဲ့။
ဘုရားသခင်ကို ပြောပြလိုက်ပါ။
ကိုယ်တော်ထံ အပ်နှံလိုက်ပါ။
သင် တစ်ယောက်တည်း မဟုတ်ပါဘူး။
သင့်ကို ချစ်တော်မူတဲ့ ဘုရားသခင်က သင့်ဘေးမှာ ရှိနေပြီး သင်ထမ်းနေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အတူထမ်းပေးဖို့ အသင့်ရှိနေပါတယ်။

#ဆုတောင်းခြင်း #ခွန်အားဖြစ်စေသော #ဝန်ထုပ်ဝန်ပိုး

သားသမီးတို့သည်ထာတရဘုရားဆုချ၍ ပေးသနားတော်မူသောအမွေဥစ္စာဖြစ်ကြ၏။    #ဆုတောင်းခြင်း  #ခွန်အားဖြစ်စေသော    #သမ္မာကျမ်းစာ
06/06/2026

သားသမီးတို့သည်ထာတရဘုရားဆုချ၍ ပေးသနားတော်မူသောအမွေဥစ္စာဖြစ်ကြ၏။

#ဆုတောင်းခြင်း #ခွန်အားဖြစ်စေသော #သမ္မာကျမ်းစာ

05/06/2026

ရှင်လုကာ ၂၄:၂၈-၃၂
#ဆုတောင်းခြင်း၌တန်ခိုးပါ၏ #ကျန်းမာခြင်း #အထူးဆုတောင်းပေးခြင်း

05/06/2026

ကျွန်ုပ်မဟုတ်လျှင် | Episide 1 | Saya Zaw Ko Ko

ဒီစကားတစ်ခွန်းက သင့်ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့် မေးခွန်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။
တစ်ခါတလေမှာ ဘုရားသခင်က တခြားသူကိုမဟုတ်ဘဲ သင့်ကိုပဲ ကိရိယာတန်ဆာပလာတစ်ခုအဖြစ် အသုံးပြုဖို့ စတင်ခေါ်ဆောင်နေတာမျိုး ဖြစ်တတ်ပါတယ်။

ဒီနေ့မှာတော့ CBN Myanmar ရဲ့ National Director ဆရာဇော်ကိုကို ရဲ့ ဘဝသက်သေခံချက်ကတစ်ဆင့် စိန်ခေါ်မှုတွေကြားထဲကနေ ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းကို ယုံကြည်ခြင်း အပြည့်နဲ့ လျှောက်လှမ်းခဲ့တဲ့ ခရီးစဉ်အကြောင်းကို ဝေမျှပေးသွားမှာပါ။

ဒါ့အပြင် "ကျွန်ုပ်မဟုတ်လျှင်..." ဆိုတဲ့ မေးခွန်းရဲ့ လေးနက်တဲ့ အဓိပ္ပာယ်ကိုပါ အတူတူ နားဆင်ခွန်အားယူကြရအောင်။
ဒီဗီဒီယိုလေးကို ကြည့်ရှုရင်းနဲ့ သင့်ဘဝအပေါ်ထားရှိတဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ခေါ်တော်မူခြင်းကို အသစ်တစ်ဖန် ပြန်လည်ဆင်ခြင်မိစေဖို့ မျှော်လင့်ရပါတယ်။

#ကျွန်ုပ်မဟုတ်လျှင် #ယုံကြည်ခြင်းခရီး #ဘဝသက်သေခံချက်

ဒုက္ခဆင်းရဲခြင်းတွေ၊ စုံစမ်းခြင်းတွေ ကြုံလာတဲ့အခါ “အခြေအနေတွေက ဆိုးလွန်းလို့ ဘာမှလုပ်လို့မရတော့ဘူး” လို့ လူအများစုက ထင်တ...
05/06/2026

ဒုက္ခဆင်းရဲခြင်းတွေ၊ စုံစမ်းခြင်းတွေ ကြုံလာတဲ့အခါ “အခြေအနေတွေက ဆိုးလွန်းလို့ ဘာမှလုပ်လို့မရတော့ဘူး” လို့ လူအများစုက ထင်တတ်ကြပါတယ်။ အဲ့ဒီအခြေအနေကိုကြည့်ပြီး စိတ်ဓာတ်ကျ၊ အားလျှော့သွားတတ်ကြတာကလည်း လူတိုင်းပါဘဲ။ ဒါပေမဲ့ တရုတ်ပြည်က အဲဒီလိုအခြေအနေကို ယုံကြည်ခြင်းနဲ့ ချိုးဖျက်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ရှိပါတယ်။ သူရဲကောင်းဆိုလို့ လက်နက်ကိုင်ထားသူ မဟုတ်ပါဘူး။ သူကတော့ Brother Yun ဆိုတဲ့ “Heavenly Man”လို့ လူသိများတဲ့သူဘဲ ဖြစ်ပါတယ်။

Brother Yun ရဲ့ အသက်တာပြောင်းလဲမှုက အသက် ၁၆ နှစ်အရွယ်မှာ စတင်ခဲ့တာပါ။ သူရဲ့ဖခင် ကင်ဆာရောဂါအသည်းအသန် ခံစားနေရချိန်မှာ မိသားစုလိုက် ဘုရားသခင်ကို အားကိုးတကြီး ဒူးထောက်ဆုတောင်းခဲ့ကြပါတယ်။ အဲ့ဒီဆုတောင်းခြင်းကြောင့် ဖခင်ဖြစ်သူ အံ့ဩဖွယ် ရောဂါအရှင်းပျောက်ကင်းသွားတဲ့ နိမိတ်လက္ခဏာကြောင့် သူက သခင်ယေရှုကို မိမိရဲ့ကယ်တင်ရှင်အဖြစ် တစ်သက်လုံးအတွက် အသက်တာပြောင်းလဲ ဆက်ကပ်ခဲ့ပါတယ်။

အသက်တာပြောင်းလဲပြီးနောက် ဧဝံဂေလိဟောပြောခြင်းကို ပိတ်ပင်တားဆီးထားတဲ့ တရုတ်ပြည်ရဲ့ ကွန်မြူနစ်ဝါဒစနစ်အောက်မှာ ဘုရားသခင်ရဲ့အမှုတော်ကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့တာကြောင့် အဖမ်းခံရပြီး ထောင်သုံးကြိမ်တိုင်တိုင် ကျခံခဲ့ရပါတယ်။ လျှပ်စစ်တုတ်နဲ့ တို့ခံရခြင်း၊ လက်သည်းကြား အပ်နဲ့ထိုးခံရခြင်း၊ ခေါင်းပေါ်ကို ဆီးနဲ့မစင်တွေ အစွန့်ချခံရခြင်း စတဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြားထဲမှာတောင် သူက ဘုရားသခင်ကို ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။ ထောင်ခန်းနံရံပေါ်မှာ နှိပ်စက်မှုကြောင့်ထွက်ကျလာတဲ့ သွေးတွေနဲ့ လက်ဝါးကပ်တိုင်ပုံဆွဲပြီး သခင်ယေရှုကိုပဲ မျှော်ကြည့်ခဲ့ပါတယ်။

သူ့ဘဝထဲမှာ ထူးခြားတာတစ်ခုကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရားသခင်ကိုပဲ တစိုက်မတ်မတ် မျှော်ကြည့်တတ်တဲ့ သူရဲကောင်းဆန်တဲ့ ယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။

ဒီနေ့ သင့်ဘဝထဲမှာလည်း အခက်အခဲတွေက သင့်ကို ဝိုင်းရံနှိပ်စက်နေပါသလား? လောကအရာတွေ ဘာမှမရှိတော့ဘူးလို့ ခံစားနေရပါသလား?
မျက်စိရှေ့က အခြေအနေဆိုးတွေက သင့်ကို တားဆီးထားနိုင်မှာ မဟုတ်ပါဘူး။ အခြေအနေတွေကို မကြည့်ဘဲ ဘုရားသခင်ကိုပဲ မျှော်ကြည့်လိုက်ပါ။ Brother Yun ရဲ့ အသက်တာက ပြောပြနေတာ တစ်ခုပဲ ရှိပါတယ် “သင့်မှာ ဘာမှမရှိရင်တောင်မှ ခရစ်တော်တစ်ပါးတည်းသာ ရှိရင် အရာအားလုံးကို ကျော်လွန်အောင်နိုင်နိုင်တယ်” ဆိုတာပါပဲ။ ဒါကြောင့် အခက်အခဲတွေကို ကြည့်ပြီး အားမလျှော့လိုက်ပါနဲ့။ သင့်မှာရှိတဲ့ ခရစ်တော်နဲ့အတူ ယုံကြည်ခြင်းနဲ့ ပြန်လည်ရုန်းထလိုက်ပါ။

#သမ္မာကျမ်းစာ

Address

Yangon
11061

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when CBN Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CBN Myanmar:

Share