MILKY WAY MEDIA

MILKY WAY MEDIA အချိန်တိုင်းမှာ သင့်မီဒီယာ

24/10/2025

Line တွေ Shade တွေကို သဘောကျရေးဆွဲပြသထားတဲ့ လူငယ်ပန်းချီဆရာလောကကြီးရဲ့ "Geometric Epiphany" ပန်းချီ ပြပွဲကို အောက်တိုဘာ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နာမဝိသေသန ပန်းချီပြခန်း (Attributive Gallery) မှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ တင်ဆက်ပြသလျက်ရှိပါတယ်။

ဒီပြပွဲမှာ လူငယ်ပန်းချီဆရာ လောကကြီးက ခံစားတွေးခေါ်မှုတွေကို အရောင်တွေ၊ မျဉ်းကြောင်းတွေအဖြစ် လွတ်လွတ်လပ်လပ် ခြယ်သထားသိုပြသထားတာပဲဖြစ်ပါတယ်။

ကြည့်ရှုသူတွေကို အမြင်ဆန်းကျယ်စေချင်တဲ့ တင်ဆက်မှုမျိုးနဲ့ပြသတာဖြစ်လို့ အမှတ် ၇ / ၈ ၊ SKCC အဆောက်အဦ၊ ၅ လွှာ၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်မှာရှိတဲ့ Attributive Gallery မှာ သွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။

AT

လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာထိုင်...
24/10/2025

လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာ

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွင်း အထောက်အထားမရှိသူတွေကို ပြုလုပ်ပေးမယ့်ပန်းရောင်ကတ် လုပ်ငန်းစဉ် ယာယီရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

ထိုင်းနိုင်ငံအတွင်းကို နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာတဲ့ လုပ်သားတွေအတွက် အထောက်အထားတစ်ခု ဖြစ်စေနိုင်မယ့် ပန်းရောင်ကဒ်(ဘတ်) ထုတ်ပေးခြင်းကို အောက်တိုဘာ ၁၅ ရက်ကနေ အောက်တိုဘာ ၂၉ ရက်အထိ ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရက တရားဝင် ကြေညာခဲ့ပေမယ့် အောက်တိုဘာ ၁၆ ရက်မှာပဲ အဲဒီ့လုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ အခြေအနေအရပ်ရပ်က မတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ယခင်ကထက် သွားရောက်အလုပ်လုပ်ကိုင်သူလိုသူတွေ အများအပြားရှိလာပြီး တရားမဝင်နည်းလမ်းနဲ့ ရောက်လာကြသူတွေ များတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။

“ဒီလိုအချိန်မှာ ပန်းရောင်ကတ်တရားဝင်လုပ်လို့ရမယ်ဆိုတော့ ကျွန်တော်တို့လူသစ်တွေက ပျော်တာပေါ့။ အဲ့လိုနဲ့ ပျော်ပျော်ကြီးလာဖို့ လုပ်ခဲ့ကြတာ။ ပွဲစားတွေကို မရှိရှိတာတွေ ပေါင်နှံရောင်းချပြီး လာကြရတာလေ။ လူသစ်ဘတ်ရိုက်တာ ယာယီရပ်လိုက်တယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ဖောက်ထားပြီးသားလမ်းက ဖျက်လို့မရတော့ဘူး။ ဆက်လျှောက်ရတော့မှာမို့ ရှေ့ပဲဆက်တိုးရတော့မှာပဲ” လို့ ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။

ပန်းရောင်ကတ် ပြုလုပ်ပေးမယ့်အစီစဉ် ယာယီရပ်ဆိုင်းတဲ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာတင် မဟာချိုင်နယ်မြေ အတွင်းရှိ အလုပ်သမားတန်းလျားတစ်ခုမှာ ပန်းရောင်ကတ်ပြုလုပ်ဖို့ စောင့်နေတဲ့ မြန်မာလုပ်သား ၁၃၁ ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့သလို အဲဒီ့ရက်မှာဘဲ မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၇ ဦး ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။

အောက်တိုဘာ ၁၇ ရက်မှာလည်း တာ့ခရိုင် မဲဆောက်မြို့နယ်မှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၄ ဦးကို ဖမ်းဆီးခဲ့သလို၊ အောက်တိုဘာ ၁၈ ရက်မှာလည်း မဲဆောက်မြို့ နယ်အတွင်း နယ်စပ်ဖြတ်ကျော်လို့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာတော့ ထိုင်းနိုင်ငံကန်ချနဘူရီခရိုင် အတွင်းမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ အပါအဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၆၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်ညပိုင်းကတော့ ကန်ချနာဘူရီခရိုင်၊ ထောင်းဖာဖုမ်မြို့နယ်မှာ အထောက်အထားမဲ့မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ ယာဉ်တစ်စီးဟာ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို မခံယူလိုတာကြောင့် မောင်းပြေးရင်း လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်ရာမှ မြန်မာ ၁၅ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီ့ညမှာပဲ ချွန်ဖွန် - ရနောင်း အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်တစ်စီးပေါ် နိုင်ငံကူးလက်မှတ်အပါအဝင် အထောက်အထားစာရွက်စာတမ်းအတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သား ၁၃ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

အောက်တိုဘာ ၂၂ ရက် ည ၁၁ နာရီခန့်ကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်အတွင်း မဲလမတ်ဒေသမှာ ပဲခူးတိုင်းဒေသကြီးအတွင်းက လာရောက်တဲ့ အထောက်အထားမဲ့မြန်မာ ၃၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ အဆိုပါအဖွဲ့ဟာ ပွဲစားခ တစ်ဦးကို ဘတ် ၂၅၀၀၀ စီပေးချေကာ ထိုင်းနိုင်ငံကို လာရောက်ခဲ့ကြတာလို့ ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုနဲ့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အခုလို ဝင်ရောက်နိုင်ဖို့ ပို့ဆောင်ပေးတဲ့ ပွဲစားဖြစ်သူကို ထိုင်းဘတ်ငွေ ၁၅၀၀၀ ကနေ ၂၄၀၀၀ အထိ ပေးရသလို အချို့ လုပ်သားတွေမှာ ပန်းရောင်ကတ် ပြုလုပ်ခ အပါဝင် မြန်မာငွေ ကျပ်သိန်း ၈၀ အထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက အလုပ်သမားတွေကို မှတ်ပုံတင်ရေးအစီစဉ်တွေမှာ နှစ်စဥ် မြန်မာနိုင်ငံက အများဆုံးဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ် ။

ကေသရီ K
ဓာတ်ပုံ - CJ

#ဘတ် #ပန်းရောင်ကတ် #ထိုင်း #ရွှေ့ပြောင်းလုပ်သား

စင်ကာပူရှိ မြန်မာသံရုံးလိပ်စာဖြင့် အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ငွေကြေးလိမ်လည်မှုများ ရှိနေ စင်ကာပူနိုင်င...
24/10/2025

စင်ကာပူရှိ မြန်မာသံရုံးလိပ်စာဖြင့် အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ငွေကြေးလိမ်လည်မှုများ ရှိနေ

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးလိပ်စာဖြင့် သံရုံးအသွင်ယူကာ အင်တာနက်စာမျက်နှာ ဖွင့်လှစ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို ဝန်ဆောင်မှုပေးကြောင်း ကြေညာကာ ငွေကြေးလိမ်လည်မှုတွေရှိနေကြောင်း စင်္ကာပူရှိ မြန်မာသံရုံးက ဒီကနေ့ အောက်တိုဘာ ၂၃ ရက်မှာ အသိပေးကြေညာပါတယ်။

မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း ၁၄ လအထိ လက်ကျန်ရှိသူတွေဟာ နိုင်ငံကူးလက်မှတ် ပထမစာမျက်နှာ (Biodata page) နှင့် သက်တမ်းရှိ work permit/ stay permit ကတ်ရှေ့/နောက်မိတ္တူ၊ PR ကတ်ကိုင်ဆောင်သူတွေအနေနဲ့ Re- entry form 7 အား သံရုံးရဲ့ whatsapp နံပါတ်တွေကို သက်တမ်းတိုးရန် ပေးပို့ကာ ရက်ချိန်းရယူနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။

ဒီကြေညာချက်ကို မသိရှိသေးတဲ့သူတွေအပေါ် မြန်မာနိုင်ငံသားအချင်းချင်း စာနာထောက်ထားမှုမရှိဘဲ ရက်ချိန်းယူပေးမည်ဟုဆိုကာ လိမ်လည် အခကြေးငွေရယူတာတွေရှိနေတဲ့အကြောင်းလည်း သံရုံးအနေနဲ့အသိပေးထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ မြန်မာနိုင်ငံသားအချို့မှာ အခကြေးငွေပေးပြီးသော်လည်း ရက်ချိန်းမရတဲ့အတွက် သံရုံးသို့လာရောက်တိုင်ကြားမှုများပါ ရှိလာတဲ့အတွက် စိစစ်ရာမှာ မြန်မာသံရုံးလိပ်စာဖြင့် သံရုံးအသွင်ယူပြီး ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်နေတဲ့ အင်တာနက်စာမျက်နှာကို တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံသားများ သတိပြုရှောင်ကြဉ်ဆောင်ရွက်နိုင်ဖို့ အသိပေးထားတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအတွက် သံရုံးသို့လာရောက်ဆောင်ရွက်စဉ် ကုန်ကျမည့် သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ယူမှုရှိပါက သံရုံးဝင်းအတွင်းမှ မထွက်ခွာမီ သံရုံးတာဝန်ခံ အရာရှိကို ချက်ချင်းတိုင်ကြားပေးဖို့နဲ့ သက်သေအချက်လက်ခိုင်လုံပါက ငွေကြေးပိုမိုကောက်ခံသူကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

ကေသရီ K

#စင်ကာပူ #သံရုံး #လိမ်လည်မှု #စာရွက်စာတမ်း #နိုင်ငံကူးလက်မှတ်

ART ဆေးဝယ်ရန် ကျပ်ဘီလီယံ ၆၀ တိုးမြှင့်ထောက်ပံ့ထားဟုဆို အခုဘဏ္ဍာနှစ်မှာ အိပ်ချ်အိုင်ဗွီပိုးရှိ လူနာတွေကို ကုသပေးနေတဲ့ အေအ...
24/10/2025

ART ဆေးဝယ်ရန် ကျပ်ဘီလီယံ ၆၀ တိုးမြှင့်ထောက်ပံ့ထားဟုဆို

အခုဘဏ္ဍာနှစ်မှာ အိပ်ချ်အိုင်ဗွီပိုးရှိ လူနာတွေကို ကုသပေးနေတဲ့ အေအာတီဆေးနဲ့ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ကျပ်ဘီလီယံ ၆၀ တိုးမြှင့်ထောက်ပံ့ပေးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ အောက်တိုဘာ (၂၁) ရက်က သိရပါတယ်။

အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါကို ဦးစားပေး ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် သတ်မှတ် ဆောင် ရွက်နေတာဖြစ်ပြီး အိပ်ချ်အိုင်ဗွီပိုးရှိ လူနာတွေကို ကုသပေးနေတဲ့ အေအာတီဆေးနဲ့ဆေးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ နှစ်စဉ်ဘဏ္ဍာငွေတွေ ကျန်းမာရေးဝန်ကြီးဌာနက တိုးမြှင့်ချထားပေးနေတယ်လို့ဆိုပါတယ်။

အေအာတီဆေးနဲ့ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်မှာ ငွေကျပ်သန်း ၃၃၆၀၀ ချထားပေးခဲ့ပြီး အခုနှစ်မှာတော့ ပိုပြီး တိုးမြှင့်ထောက်ပံ့ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကေသရီ K

သောင်းရင်းမြစ်ကို ဖြတ်ကူးလာသည့် နိုင်ငံခြားသားများတွေ့ရှိပါက ၁၉၁ ကို ဖုန်းဆတ်ရန် ထိုင်းအာဏာပိုင်များ ကြေညာထားသောင်းရင်းမ...
24/10/2025

သောင်းရင်းမြစ်ကို ဖြတ်ကူးလာသည့် နိုင်ငံခြားသားများတွေ့ရှိပါက ၁၉၁ ကို ဖုန်းဆတ်ရန် ထိုင်းအာဏာပိုင်များ ကြေညာထား

သောင်းရင်းမြစ်ကို ဖြတ်ကူးလာတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိပါက ၁၉၁ ကို ဖုန်းဆတ်အကြောင်းကြားပေးဖို့ ထိုင်းအာဏာပိုင်များက မနေ့က အောက်တိုဘာ ၂၃ ရက်မှာ ကြေညာထားပါတယ်။

မြန်မာနဲ့ ထိုင်းနယ်စပ်မြို့ မြဝတီဘက်ခြမ်းမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုတွေပြုလုပ်ရာ ကောလ်စင်တာတွေကို မြန်မာစစ်တပ်က အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ ကျားဖြန့်လုပ်သားတွေအနေနဲ့ လှုပ်လှုပ်ရှားရှားတွေဖြစ်ခဲ့ကြပါတယ်။

အဲဒီနောက် အောက်တိုဘာ ၂၂ ရက်နေ့ကတစ်ကြိမ်၊ အောက်တိုဘာ ၂၃ ရက်နေ့ကတစ်ကြိမ် ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် တရုတ်အပါအဝင် နိုင်ငံခြားသားတွေဟာ မြဝတီမြို့ပေါ်နဲ့ ထိုင်းဘက်ကို ထွက်ပြေးနေကြရာ အများစုမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်ရှိလာနေကြတာပါ။

ဒီအခြေအနေတွေကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးလာတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိပါက အရေးပေါ် တယ်လီဖုန်းနံပတ် 191 ကို ချက်ချင်းခေါ်ဆိုဖို့ မဲဆောက်ရဲစခန်းက ကြေညာချက်ထုတ်ပြန်တာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က အောက်တိုဘာ ၂၃ ရက်နေ့အထိ တရုတ်လိမ်လည်သူ ၆၀၀ နီးပါးဟာ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာကြရာမှာ လက်ပစ်ကူးဖြတ်ကူးလာသူတွေက အများစုဖြစ်တယ်လို့ ဆိုရပါတယ်။

ထိုင်းဘက်ကအာဏာပိုင်တွေကတော့ ထွက်ပြေးလာတဲ့ တရုတ်တွေကို ဖမ်းဆီးပြီး ယာယီစခန်းတွေကို ပို့ပေးထားတာတွေ့ရပြီး၊ မြဝတီမြို့ပေါ်မှာလည်း ထွက်ပြေးလာသူ မြန်မာနဲ့နိုင်ငံခြားသားတွေကို မြို့အဝင်မှာ ရဲနဲ့စစ်တပ်က လိုက်လံဖမ်းဆီးနေပြီး အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ ဒေသခံသတင်းမီဒီယာများမှတဆင့် သိရပါတယ်။

ကေသရီ K
ဓာတ်ပုံ - CJ

#ကျားဖြန့် #မြဝတီ #ထိုင်း

အွန်လိုင်းဘောလုံးလောင်းကစား လုပ်ကိုင်သူ ၂၇ ဦးကို ဖမ်းဆီးအရေးယူရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အွန်လိုင်းဘောလုံးလောင်းကစား ...
23/10/2025

အွန်လိုင်းဘောလုံးလောင်းကစား လုပ်ကိုင်သူ ၂၇ ဦးကို ဖမ်းဆီးအရေးယူ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အွန်လိုင်းဘောလုံးလောင်းကစား လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖော်ထုတ်ဖမ်းဆီး အရေး ယူခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲရပ်ကွက်၊ အမှတ် (၁၈၈) ရှိ Secret Villa Private Resort မှာ Ibet 789 Online ဘောလုံးလောင်းကစား Website လုပ်ငန်းလုပ်ကိုင်နေသူတွေ ရောက်ရှိနေ ကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ Super Senior Agent ဖြစ်သူ ယဉ်မင်းလှိုင် နဲ့ မာရီယာ (ခေါ်) မီးလေး၊ Senior Agent ဖြစ်သူ ဝင်းပပအောင် တို့ အပါအဝင် ၁၄ ယောက် ကို လက်ကိုင်ဖုန်း ၂၃ လုံး၊ မော်တော်ယာဉ် ၃ စီးနဲ့ ဖမ်းမိခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၅ ရက်မှာ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်ကွက်၊ ရတနာလမ်းရှိ The Lord စား သောက်ဆိုင်အနီး Super Senior Agent ဖြစ်သူ ဖြိုးမင်းသူ (ခေါ်) ရောင်နီ အပါအဝင် သုံးယောက်ကို လက်ကိုင်ဖုန်း ၅ လုံး၊ မော်တော်ယာဉ် ၃ စီးနဲ့အတူ ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၆ ရက်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁) ၊ ခေမာလမ်းရှိ နေအိမ်တစ်အိမ်မှာလည်း Ibet 789 Online ဘောလုံးလောင်းကစား လုပ်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တဲ့ Super Senior Agent ဖြစ်သူ ဇင်မင်းအောင် (ခေါ်) ဇင်ကြီး အပါအဝင် ၃ ယောက်ကို လက်ကိုင်ဖုန်း ၇ လုံး၊ လက်ပ်တော့ ၁ လုံး၊ မော်တော်ယာဉ် တစ်စီးတို့နဲ့ အတူ ဖမ်းမိခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ လမ်း ၄၀၊ ၅၃ လမ်း နဲ့ ၅၄ လမ်းကြားရှိ Focus ဟိုတယ်မှာ Super Senior Agent ဖြစ်သူ ပြည့်ဖြိုးအောင် (ခေါ်) မင်းထက်၊ Agent ဖြစ်သူ မေမြတ် နိုး တို့ကို လက်ကိုင်ဖုန်း ၅ လုံး၊ လက်ပ်တော့ တစ်လုံး၊ မော်တော်ယာဉ် တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး အောက်တိုဘာ ၂၀ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၁၂ ရပ်ကွက်၊ Eleven Minimart ရှေ့မှာ ခင်မောင်ဖြိုး (ခေါ်) ဇော်ဝင်း အပါအဝင် ငါးယောက်ကိုလည်း လက်ကိုင်ဖုန်း ၉ လုံး၊ Tablet ၂ လုံးနဲ့အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဖမ်းမိသူတွေကို စိစစ်ဖော်ထုတ်ချက်အရ Ibet 789 Online ဘောလုံးလောင်းကစား Website အပါအဝင် Slot လောင်းကစား၊ Shan 234 ဖဲလောင်းကစား၊ 2D/3D လောင်းကစား Website စတဲ့ လောင်းကစားလုပ်ငန်းတွေမှာ ကော် မရှင်စား Agent တွေ အဖြစ် လုပ်ကိုင်ခွင့် ရဖို့ လျှောက်ထားပြီးတော့ သက်ဆိုင်ရာ လောင်းကစား ကြော်ငြာပုံတွေကို ကြော်ငြာပေးရကြောင်း၊ Agent လုပ်ကိုင်စဉ် User တွေ ပိုမိုရှာဖွေနိုင်ပါက Senior Agent အဖြစ် ပြောင်းလဲ လုပ်ကိုင်နိုင် ကြောင်း၊ Senior Agent လုပ်ကိုင်နေစဉ် ကော်မရှင် Agent တွေနဲ့ User တွေ ပိုမိုရှာဖွေနိုင်မယ်ဆိုရင် Super Senior Agent အဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း စိစစ်သိရတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာတော့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၁၀ ယောက် စုစုပေါင်း ၂၇ ယောက်ကို ဖမ်းမိခဲ့ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်ပ်တော့ ၂ လုံး၊ Tablet ၂ လုံး၊ မော်တော် ယာဉ် ၈ စီးတို့နဲ့အတူ သိမ်းဆည်းရမိခဲ့ကာ ကျူးလွန်သူတွေကို ထိရောက်စွာ အမှုဖွင့်လှစ် အရေးယူနိုင်ရေး ဆောင်ရွက် နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မိဘပြည်သူတွေအနေနဲ့လည်း အွန်လိုင်းလောင်းကစားလုပ်ငန်း ပြုလုပ်နေသူတွေကို သိရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေထံ လျှို့ဝှက်စွာ သတင်းပေးပို့ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Myanmar National Leauge  (U-21) Youth League 2025 ပြိုင်ပွဲ၌ ဒဂုံစတား ယူနိုက်တက် ယူ -၂၁ အသင်း ဗိုလ်စွဲMyanmar National L...
23/10/2025

Myanmar National Leauge (U-21) Youth League 2025 ပြိုင်ပွဲ၌ ဒဂုံစတား ယူနိုက်တက် ယူ -၂၁ အသင်း ဗိုလ်စွဲ

Myanmar National Leauge (U-21) Youth League 2025 ပြိုင်ပွဲ၏ ရာသီပိတ် ပွဲစဥ်များကို ယနေ့ ညနေပိုင်းက ယှဥ်ပြိုင်ကစားခဲ့ကြသည်။

သုဝဏ္ဏအားကစားကွင်း၌ ဇယား ထိပ်ဆုံးမှ ISPE ယူ-၂၁ အသင်းနှင့် ဒဂုံစတား ယူနိုက်တက် ယူ -၂၁ အသင်း တို့ ယှဥ်ပြိုင်ကစားခဲ့ရာ ဒဂုံစတား ယူနိုက်တက် ယူ -၂၁ အသင်းက ISPE ယူ-၂၁အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူပြီး MNL (U-21) Youth League 2025 အမှတ်ပေးပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်လာခဲ့သည်။

ဓာတ်ပုံ- K.NO

အွန်လိုင်းလိမ်လည်မှုများတွင် မပါဝင်ရန် မြဝတီ၌ တားမြစ်ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းမှာ အွန်လိုင်းလိမ်လည်မှု အပါအဝင် တရားမ...
23/10/2025

အွန်လိုင်းလိမ်လည်မှုများတွင် မပါဝင်ရန် မြဝတီ၌ တားမြစ်

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းမှာ အွန်လိုင်းလိမ်လည်မှု အပါအဝင် တရားမဝင် လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ ပါဝင်ခြင်း မရှိကြဖို့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီး တားမြစ်ဆောင်ရွက်နေတယ်လို့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားပါတယ်။

အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြဝတီမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ KK Park ကို တပ်မတော်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်မှာ ဝင်ရောက် ရှင်းလင်းခဲ့ပြီး အဲဒီ KK Park အတွင်းက Star Link စလောင်း အလုံး (၃၀) ကို သိမ်းဆည်းရမိခဲ့သလို ဆောက်လုပ်ပြီး အဆောက်အအုံ ၂၂၇ လုံး၊ ဆောက်လုပ်ဆဲ အဆောက် အအုံ ၄၃ လုံး တို့ကို တွေ့ရှိခဲ့ကြောင်း၊ အဲဒီ အဆောက်အအုံတွေထဲကနေ အလုပ်သမား အမျိုးသား ၁၆၄၅ ယောက်၊ အမျိုးသမီး ၄၅၅ ယောက်၊ လုံခြုံရေး အမျိုးသား ၉၈ ယောက် စုစုပေါင်း ၂၁၉၈ ယောက်တို့ကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ KK Park လုပ်ငန်းဆိုဒ်ဖြစ်တဲ့ (K-1) ထဲကို ဝင်ရောက်တဲ့အခါမှာ လုပ်ငန်းဆိုဒ်တွေထဲက အလုပ်သမားတွေဟာ နီးစပ်ရာ မယ်ထော်သလေးကျေးရွာ၊ မြဝတီမြို အနီးနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေအပြင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ကို အသီးသီး ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်ထိ မြဝတီမြို့အတွင်းမှာ KK Park ဆိုဒ်တွေက အလုပ်သမားလို့ ယူဆရတဲ့ တရားမဝင် နိုင်ငံခြားသား အမျိုးသား ၁၁၄ ယောက်၊ အမျိုးသမီး ၄ ယောက်၊ စုစုပေါင်း ၁၁၈ ယောက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စနစ်တကျ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စိစစ်မှုတွေ ဆောင်ရွက်နေတယ်လို့ ဖြေကြားချက်အရ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာလည်း မြဝတီမြို့ ပတ်ဝန်းကျင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆက်လက် ရှာဖွေပြီး တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေသလို ထိုင်းနိုင်ငံဘက်မှာတော့ အမျိုးသား ၆၁၈ ယောက်၊ အမျိုးသမီး ၅၉ ယောက် စုစုပေါင်း ၆၇၇ ယောက် ရောက်ရှိလာကြောင်း သတင်းတွေအရ သိရတယ်လို့ ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။

မြဝတီမြို့အတွင်းမှာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အွန်လိုင်းလိမ်လည်မှု အပါအဝင် တရားမဝင်လုပ်ကိုင် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ မပါဝင်ကြဖို့ အဲဒီလုပ်ငန်းတွေအတွက် တရားမဝင် အဆောက်အဦတွေ ဆောက်လုပ်တာ သွားရောက်လုပ်ကိုင်တာ အပြင် တနည်းနည်းနဲ့ ပါဝင်ပတ်သက်တာ အားပေးကူညီတာ စတာတွေ မပြုလုပ်ကြဖို့ကိုလည်း ဒေသန္တေအမိန့်တွေ ထုတ်ပြန်ပြီး တားမြစ်ဆောင်ရွက်နေတယ်လို့ ဖြေကြားချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

အဲဒါကြောင့် နိုင်ငံတော်အနေနဲ့လည်း Online Scam Center လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် အရေးယူနိုင်ရေး အိမ်နီးချင်း နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေ နိုင်ငံတကာအဖွဲအစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖြေကြားချက်အရ သိရပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ နိုင်ငံခြားသားတွေနဲ့ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေဆီ အမြန်ဆုံး ပြည်နှင်လွှပြောင်းနိုင်ဖို့ ထိထိရောက်ရောက် ညှိနှိင်းဆောင်ရွက်နေတယ်လို့လည်း ဖြေကြားထားပါတယ်။

23/10/2025

ဒလဘက်ကမ်းကူးတဲ့တံတား ဖွင့်ပြီးနောက်ပိုင်း သမ္ဗာန်စက်လှေသမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်မှာလား..

ရမ်ကုန်တဖက်ကမ်းကလူအားလုံး တံတားပေါ်ကပဲ ဖြတ်ကြမှာလား..

ဘဝထဲက အသံတချို့ကို Milky Way Media မှ မေးမြန်းတင်ဆက်ထားပါတယ်။

သတင်း/တည်းဖြတ်
ကေသရီ K, AT

#ဒလတံတား #ပန်းဆိုးတန်း #သမ္ဗာန်

ရတနာလမ်းပေါ် အောင်ရတနာဆေးရုံမီးပွိုင့်အနီး ပန်းရောင်းတဲ့အမျိုးသမီးတစ်ဦး ေ-သွ းအန်​ေTဆုံးရန်ကုန်တိုင်းဒေသကြီး၊ သင်္ယန်းကျ...
23/10/2025

ရတနာလမ်းပေါ် အောင်ရတနာဆေးရုံမီးပွိုင့်အနီး ပန်းရောင်းတဲ့အမျိုးသမီးတစ်ဦး ေ-သွ းအန်​ေTဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ယန်းကျွန်းမြို့နယ်၊ အောင်ရတနာဆေးရုံ မီးပွိုင့်အနီး၊ ရတနာလမ်းပေါ်မှာ ဒီကနေ့ အောက်တိုဘာလ ၂၃ ရက် မနက် ၈ နာရီခွဲခန့်က အမျိုးသမီးတစ်ယောက် ရုတ်တရက် ေ-သွ းအများအပြားအန်ကာ ေ Tဆုံးသွားတယ်လို့ Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရပါတယ်၊၊

ေ Tဆုံးသူဟာ မမြင့်မြတ်မိုးဇော်ဆိုတဲ့ အသက် ၂၉ နှစ်အရွယ် ပန်းရောင်းတဲ့ အမျိုးသမီးဦးဖြစ်ပြီး သားသမီး (၅)ယောက် ရှိတယ်လို့ သိရပါတယ်၊၊

ေ Tဆုံးရုပ်အလောင်းကိုတော့ Medical လူငယ်များ လူမှုကူညီရေး အသင်းယာဉ်နဲ့ သင်္ယန်းကျွန်းမြို့နယ်၊ စံပြ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊

Hsu
ဓာတ်ပုံ-Medical လူငယ်များ လူမှုကူညီရေးအသင်း

ကမ္ဘာတဝှမ်းရောက် မြန်မာများ လွယ်ကူစွာငွေလွှဲနိုင်ရန် ဧရာဘဏ်နဲ့ MoneyGram စတင်ပူးပေါင်းကမ္ဘာ့တဝှမ်းက ငွေလွှဲသူတွေနဲ့ ငွေလ...
23/10/2025

ကမ္ဘာတဝှမ်းရောက် မြန်မာများ လွယ်ကူစွာငွေလွှဲနိုင်ရန် ဧရာဘဏ်နဲ့ MoneyGram စတင်ပူးပေါင်း

ကမ္ဘာ့တဝှမ်းက ငွေလွှဲသူတွေနဲ့ ငွေလွှဲလက်ခံသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဧရာဘဏ်နဲ့ နိုင်ငံတကာငွေလွှဲအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ MoneyGram တို့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် အောင်မြင်စွာ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်က သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့နိုင်ငံတဝှမ်းက MoneyGram ငွေလွှဲတွေကို ဧရာဘဏ်ငွေစုစာရင်းနဲ့ AYA Pay အကောင့်ဆီ တိုက်ရိုက်ငွေလွှဲနိုင်ပြီး အကောင်းဆုံးငွေလဲနှုန်းထားနဲ့ ငွေလွှဲပမာဏအပြည့်အဝကို ငွေသားနဲ့ ချက်ချင်းထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာမှာရှိနေတဲ့ MoneyGram ကတစ်ဆင့်ငွေလွှဲမယ်ဆို နည်းလမ်း (၃) ခုနဲ့ ငွေလွှဲနိုင်ပြီး နီးစပ်ရာ MoneyGram ကောင်တာတွေမှာ ငွေလွှဲသူရဲ့ Identity Card (ID card) နဲ့ ငွေလွှဲနိုင်တာ၊ MoneyGram App မှာ အချက်အလက်တွေ ဖြည့်စွက်ပြီး Sign Up လုပ်ကာ ငွေလွှဲနိုင်တာ၊ MoneyGram Website ကတစ်ဆင့် အချက်အလက်တွေ ဖြည့်စွက်ပြီး ငွေလွှဲနိုင်တာ စတဲ့ နည်းလမ်းသုံးခုနဲ့ လုပ်ကိုင်နိုင်သလို ငွေထုတ်ယူသူကလည်း မှတ်ပုံတင်နဲ့အတူ နီးစပ်ရာ ဧရာဘဏ်ခွဲပေါင်း (၂၄၀) ကျော်မှာ ငွေသားထုတ်ယူတာနဲ့ AYA Mobile ၊ AYA Pay App တွေနဲ့ ချိတ်ဆက်ပြီး AYA ATM တွေမှာ 24/7 ငွေသားထုတ်ယူတာ၊ AYA Pay Agent တွေမှာ ငွေသားထုတ်ယူနိုင်တာ စသလို ငွေထုတ်ယူနိုင်မှာပါ။

MoneyGram ဟာ လက်ရှိအချိန်မှာ နိုင်ငံနဲ့ ဒေသပေါင်း ၂၀၀ ကျော်မှာ ငွေလွှဲဝန်ဆောင်မှုတွေကို ဖြန့်ကျက်ထားပြီး သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှာ လက်လီကိုယ်စားလှယ် (Agent) နေရာပေါင်း ၄၀၀,၀၀၀ ကျော် ပါဝင်သလို ငွေကိုင်ဆောင်ခြင်း (Cash pickup) အပြင် ဘဏ်အကောင့်၊ မိုဘိုင်းလ်ပိုက်ဆံအိတ် (Mobile wallet) နဲ့ ကတ်တွေဆီ တိုက်ရိုက် လွှဲပြောင်းနိုင်တဲ့ နည်းလမ်းများစွာနဲ့ပါ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။

တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံရတရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာရွှေ့ပြောင်း ၁၅ ဦးကို အေ...
22/10/2025

တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံရ

တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာရွှေ့ပြောင်း ၁၅ ဦးကို အောက်တိုဘာ ၂၁ ရက်ညနေပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချာနာပူရီမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရမှုဖြစ်စဥ်မှာ လုပ်သားတွေကို
တင်ဆောင်လာတဲ့ အနက်ရောင် တိုယိုတာယာဥ်ဟာ ထိုင်းရဲတပ်ဖွဲ့တွေရဲ့ ရပ်တန့်ဖို့ အချက်ပြတာကို မောင်းပြေးခဲ့ပြီး လမ်းကွေ့တနေရာအရောက်မှာ အရှိန်လွန် လမ်းချော်ထွက်ပြီး ဗို့အားမြင့်ဓာတ်တိုင်ကို ဝင်တိုက်မိပြီး ကားရပ်သွားခဲ့ရာကနေ ဖမ်းဆီးခံ ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ၁၅ ဦးမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၇ ဦးနဲ့ လာအို အမျိုးသမီး တစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်မှ ၂၁ ရက်နေ့ အထိ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီ ဖြစ်တယ်လို့ သိရပါတယ်။

AT
ဓာတ်ပုံ - မဲဆောက်သတင်းစုံ

Address

No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township
Yangon
11182

Telephone

+95973033783

Website

http://youtube.com/@milkywaymedia/videos

Alerts

Be the first to know and let us send you an email when MILKY WAY MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MILKY WAY MEDIA:

Share