Taste Window Food Magazine

Taste Window Food Magazine Food, Cooking, Lifestyle and Health
Monthly Magazine, Issued on every 27th of a month
(329)

ဆီတိုဟူးကြက်သားကြော် (Iam Yee Fried Chicken) တရုတ်ကြက်သားကြော် နောက်တစ်မျိုးပါ။  အပြင်မှာ ကြွပ်ရွပြီး အတွင်းဘက်ပိုင်းအသာ...
07/09/2026

ဆီတိုဟူးကြက်သားကြော် (Iam Yee Fried Chicken)
တရုတ်ကြက်သားကြော် နောက်တစ်မျိုးပါ။ အပြင်မှာ ကြွပ်ရွပြီး အတွင်းဘက်ပိုင်းအသားက မခြောက်တဲ့ ကြက်သားမျိုးပါ။ Iam Yee (ဆီတိုဟူးအနီ) ရဲ့ အနံ့အရသာကို စိမ်းတဲ့ နိုင်ငံခြားသားတွေအတွက်ဆိုရင် Iam Yee နည်းနည်းလျှော့ထည့်ရပါမယ်။ ဆီတိုဟူးရဲ့အရသာကို ကြိုက်နှစ်သက်သူတွေကတော့ အခုပြောပြမယ့် Recipe လေးအတိုင်း ကြော်ပါ။
ပါဝင်ပစ္စည်းများ
ကြက်သား - ၄၅၀ ဂရမ် (အနေတော်အရွယ် တုံးထားပါ)
ကြက်ဥ - ၁ လုံး
ပြောင်းဖူးမှုန့် - ၁ ခွက်
ဆီတိုဟူးအနီ (Iam Yee) - ၁ တုံး
တရုတ်နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
တရုတ်ဆန်အရက် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်အဖြူ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ကြက်သားကို ဆီတိုဟူးအနီ၊ တရုတ်ဆန်အရက်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီမွှေး၊ ဆား၊ ကြက်သားမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်ဥဖောက်ထည့်ပြီး နယ်ပါ။ အနည်းဆုံး ၃-၄ နာရီခန့် နှပ်ထားပေးပါ။ ပြီးရင် ဆီအိုးတည်ပြီး ကြော်ပါ။

Myint Oo Tha


#ဆီတိုဟူးကြက်သားကြော်

05/09/2026

Red Velvet Cake
ပြုလုပ်ချိန် ၇၀ မိနစ်၊ အရေအတွက် ၈ လက်မကိတ်တစ်လုံး

Red Velvet Cake ဟာ ကတ္တီပါအနီရောင်ကိတ်အလွှာလေးတွေကြားထဲကို Cream Cheese Frosting ထည့်ပြီး ကိတ်ရဲ့ ဘေးနဲ့ အပေါ်မျက်နှာပြင်တွေကို Cream Cheese Frosting နဲ့ပတ်၍ ဖယ်ထားတဲ့ကိတ်သားတွေကို ခြေပြီး ကိတ်တစ်ခုလုံးကို ဖုံးအုပ်အလှဆင်ထားပါတယ်။ ကတ္တီပါလိုနီတဲ့ ကိတ်အရောင်လေးကို မြင်တဲ့သူတိုင်း ကြိုက်နှစ်သက်ပြီး စားတဲ့အခါလည်း Cream Cheese အရသာနဲ့ Red Velvet Cake သား အရသာဟာ အရမ်းလိုက်ဖက်ပြီး ထူးခြားတဲ့ အရသာကို ဖြစ်စေပါတယ်။

Red Velvet Cake ကို အမေရိကားနိုင်ငံမှာ စတင်ထုတ်လုပ်ပြီး Christmas, Valentine’s Day နဲ့ June Teenth လိုနေ့မျိုးတွေမှာ ဆင်နွှဲတဲ့အခါ သုံးပါတယ်။ မွေးနေ့ပွဲ၊ မင်္ဂလာပွဲတွေမှာလည်း သုံးကြပါတယ်။

Red Velvet Cake ဟာ Butter Cake ၊ Pound Cake ကို အခြေခံပြီး ပြုလုပ်ထားပါတယ်။ အခြားကိတ်သားတွေကို သုံးပြီး Red Velvet အရောင်ကိုထည့်ပြီး လုပ်လို့လည်းရပါတယ်။ Red velvet အရောင်မရှိရင် အနီရောင်နဲ့ ကိုကိုးပေါင်ဒါအနည်းငယ်ကို ရောပြီး သုံးနိုင်ပါတယ်။ အခြေခံကတော့ Butter Cake ၊ Pound Cake နဲ့ လုပ်ပြီး အဓိကပါဝင်ပစ္စည်းတွေကတော့ ထောပတ်၊ ဒိန်ချဉ် (သို့) Butter milk၊ ကိုကိုးပေါင်ဒါ၊ ကြက်ဥ၊ သကြား၊ ဆား၊ ရှလကာရည်၊ ဗနီလာအနံ့၊ ဘေကင်ပေါင်ဒါနဲ့ အနီရောင် food color တွေကို သုံးရပါတယ်။

Red Velvet Cake အတွက် ပါဝင်ပစ္စည်းများ
ထောပတ် - ၁၂၀ ဂရမ်
သကြား - ၃၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်ဥ - ၃ လုံး
ကိတ်ဂျုံ - ၃၀၀ ဂရမ်
မုန့်ဖုတ်ဆော်ဒါ - ၄ ဂရမ်
ကိုကိုးပေါင်ဒါ - ၂ ဂရမ်
ဒိန်ချဉ် - ၂၄၀ ဂရမ်
ရှလကာရည် - ၁၀ ဂရမ်
အနီရောင်အဆီ (food color) - စားပွဲဇွန်း ၂ ဇွန်း

Cream Cheese Frosting
ပါဝင်ပစ္စည်းများ
Cream Cheese - ၆၀၀ ဂရမ်
ထောပတ် - ၃၀၀ ဂရမ်
သကြားအမှုန့် - ၂၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဗနီလာအနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
လိမ္မော်သီး - ၁ လုံး (အခွံခြစ်ယူပါ)




ပင်လယ်စာထမင်းကြော် ပါဝင်ပစ္စည်းများ ဆီ       - စားပွဲဇွန်း ၄ ဇွန်း ကြက်သွန်ဖြူ       - စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း...
03/09/2026

ပင်လယ်စာထမင်းကြော်

ပါဝင်ပစ္စည်းများ
ဆီ - စားပွဲဇွန်း ၄ ဇွန်း
ကြက်သွန်ဖြူ - စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)
ကင်းမွန် - ၅၀ ဂရမ် (အခွံနွှာပြီးသား)
ဘဲဥ - ၂ လုံး
ထမင်း - ၂၀၀ ဂရမ်
ကဏန်းသား - ၁၅ ဂရမ်
ကြက်သွန်နီ - ၅၀ ဂရမ်
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ၁/၂ ဇွန်း
ဆီမွှေး - စားပွဲဇွန်း ၁/၂ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီး - ၅၀ ဂရမ်
ပုစွန် - ၃ ကောင်

ပြုလုပ်နည်း
၁။ ထမင်းကြော် ကြော်မည်ဆိုလျှင် ထမင်းကို ဦးစွာ ပဲငံပြာရည်အကြည်၊ သကြားတို့နှင့် နယ်ထားပါ။ ဘဲဥ ၂ လုံးကိုလည်း ကြော်ပြီး ဆယ်ယူထားပါ။
၂။ ကင်းမွန်နှင့် ပုစွန်ကို ကြက်သွန်ဖြူနှင့်အတူ ဆီသတ်ပါ။ ပင်လယ်စာ အညှီနံ့မရအောင် ဆီမွှေးအနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်ကို ထည့်ပြီး ဆီသတ်ပါ။
၃။ ပြီးလျှင် ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ထည့်ပါ။ အသားရော၊ အသီးအရွက်ပါ ကျက်ပြီဆိုလျှင် အရသာနယ်ထားတဲ့ ထမင်းကို ထည့်ပြီး ကြော်ပါ။ ဆယ်ယူထားတဲ့ ဘဲဥကြော်ကို ထည့်ကြော်ပါ။ ထမင်းကြော်ကောင်းကောင်းလေး စားချင်လျှင်တော့ ထမင်းကို အချိန်ကြာကြာလေး ကြော်ပေးပါ။ မွှေးလာတဲ့အထိပေါ့။
၄။ နောက်ဆုံးအနံ့မွှေးလာပြီဆိုလျှင် ပိုပြီး ပြည့်စုံသွားအောင် ဆီမွှေးနှင့် ငရုတ်ကောင်းမှုန့်လေးကို အနည်းငယ်စီ ထပ်ထည့်ပါ။ ပြီးလျှင် ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး ကဏန်းသားကို ထမင်းကြော် အပေါ်မှ တင်ပါ။
၅။ ကဲ… ဘယ်လောက်ကောင်းလည်းသိရအောင် အိမ်မှာ ကိုယ်တိုင်ကြော်စားကြရအောင်နော်။




#ပင်လယ်စာထမင်းကြော်

ကန်စွန်းဥနှင့် ချင်းထန်းလျက်ရည်        ဒီအချိုပွဲလေးကို စပြီးစားဖူးခဲ့တဲ့အချိန်ကဆို ငယ်ငယ်က ရွာမှာနေတုန်းကဆို ကိုယ်အရမ်း...
02/09/2026

ကန်စွန်းဥနှင့် ချင်းထန်းလျက်ရည်
ဒီအချိုပွဲလေးကို စပြီးစားဖူးခဲ့တဲ့အချိန်ကဆို ငယ်ငယ်က ရွာမှာနေတုန်းကဆို ကိုယ်အရမ်းပူလို့ ဖျားပြီဆို အဘွားက ထန်းလျက်ကို ချင်းနှင့်ရောပြီး တိုက်လေ့ရှိပါတယ်။ ဒီအချိုပွဲလေးကလည်း အဲ့ဒီအရသာအတိုင်းပါပဲ။ ကျွန်တော်နဲ့အတူနေ သူငယ်ချင်းတရုတ်မိသားစုတွေက အပတ်စဉ် ဒီလိုအာဟာရဖြစ်ပြီး ဆေးဖက်ဝင်တဲ့ သရေစာ၊ ဖျော်ရည်နဲ့ ဟင်းချိုတွေကို လုပ်စားလေ့ရှိတယ်။ နှစ်ပေါင်းများစွာ အတူနေခဲ့ရာကနေ ဒီအစားအသောက်တွေနဲ့ ရင်းနှီးပြီး ကြိုက်နှစ်သက်ခဲ့ရတယ်။
ပါဝင်ပစ္စည်းများ
ကန်စွန်းဥအဝါရောင် - ၅၅၀ ဂရမ်
ချင်း - ၃၀ ဂရမ်
သကြားအညို - ၅၅ ဂရမ်
ထန်းလျက် - ၅၀ ဂရမ်
ရေ - ၁ လီတာ
ပြုလုပ်နည်း
၁။ ကန်စွန်းဥကို အခွံခွာပြီး အတုံးကြီးကြီး တုံးပါ။
၂။ အိုးတစ်အိုးထဲ သကြား၊ ထန်းလျက်နှင့် ရေထည့်ပြီး ချင်းထန်းလျက်ရည် ကျိုပါ။
၃။ ပြီးလျှင် ကန်စွန်းဥထည့်ပြီး နူးအောင် ပြုတ်ပါ။ အတုံးမပျက်စေပါနဲ့။
၄။ ကန်စွန်းဥနူးရင် အဆင်သင့်ဖြစ်ပါပြီ။

MyintOoTha


#ကန်စွန်းဥနှင့်ချင်းထန်းလျက်ရည်

Raisin Benoitons အရေအတွက်  -  ၄ ခုအလေးချိန်  -  ၁၆၀ ဂရမ် ပြုလုပ်ချိန် ဂျုံသားနယ်ချိန်  -  ၁၂ မိနစ် ဂျုံသားအနားပေးချိန်  ...
01/09/2026

Raisin Benoitons
အရေအတွက် - ၄ ခု
အလေးချိန် - ၁၆၀ ဂရမ်

ပြုလုပ်ချိန်
ဂျုံသားနယ်ချိန် - ၁၂ မိနစ်
ဂျုံသားအနားပေးချိန် - ၁ နာရီ
ဂျုံသားအပွခံချိန် - ၁ နာရီ ၃၀ မိနစ်
မုန့်ဖုတ်ချိန် - ၁၅ မိနစ်

အချဉ်ဖောက်မုန့်သားအတွက်
ပါဝင်ပစ္စည်းများ
Rye flour - စားပွဲဇွန်း ၁ ဇွန်း
ပေါင်မုန့်ဂျုံ - ၂၅ ဂရမ်
ရေ - ၃၀ ဂရမ်
ပွဆေး - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး လေလုံအောင် အဖုံးအုပ်ထားပါ။ အနည်းဆုံး တစ်ရက်ကြိုလုပ်၍ ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။

Raisin Benoitons အတွက် ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ - ၁၅၀ ဂရမ်
Rye flour - ၁၀၀ ဂရမ်
ပွဆေး - ၅ ဂရမ်
ထောပတ် - ၁၅ ဂရမ်
ရေ - ၁၉၀ ဂရမ်
စပျစ်သီးခြောက် - ၁၅၀ ဂရမ်
အချဉ်ဖောက်မုန့်သား

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဆား၊ ထောပတ်၊ စပျစ်သီးခြောက်ကလွှဲ၍ ကျန် ပါဝင်ပစ္စည်းအားလုံးကို စက်ထဲထည့်ပြီး ဂျုံမွှေတံဖြင့် ၁ မိနစ်ခန့် slow speed ဖြင့် မွှေပါ။ ၁ မိနစ်ကြာလျှင် ဆားထည့်၍ medium speed ဖြင့် ၆ မိနစ်ခန့် မွှေပါ။ ထောပတ်ထည့်၍ ၃ မိနစ်ခန့် ဆက်မွှေပါ။ slow speed ဖြင့် စပျစ်သီးခြောက်ထည့်ပြီး ၂ မိနစ်ခန့် မွှေပါ။
၂။ ဂျုံသားကို စက်ထဲမှထုတ်၍ အလုံးလုံးထားပြီး ၃၀ မိနစ်ခန့် အနားပေး အပွခံထားပါ။ ဂျုံသား မျက်နှာပြင် ခြောက်အောင် ရေစိုအဝတ် (သို့) ပလတ်စတစ်ဖြင့် ဖုံးထားပါ။ ၃၀ မိနစ် ကြာလျှင် ပွလာသော ဂျုံသားပေါ်သို့ လက်ဖနောင့်ဖြင့် ရိုက်ပြား လေထုတ် ပြန်လုံးပြီး နောက်ထပ် ၃၀ မိနစ် အနားပေး အပွခံပါ။
၃။ စားပွဲမျက်နှာပြင်ကို ဂျုံဖြူး၍ အနားပေးပြီးသော ဂျုံသားကို တလိမ့်တုံးဖြင့် အလျား ၂၀ စင်တီမီတာ၊ အနံ ၆ စင်တီမီတာ၊ အထူအပါး ၂ စင်တီမီတာ ဝန်းကျင်ခန့် လိမ့်ပြားပါ။ အနည်းဘက်ကနေ ၄ စင်တီမီတာ အကျယ်ခန့် ဓား (သို့) pastry wheel ဖြင့် ဖြတ်ပါ။ ဖြတ်ပြီးသား ဂျုံ slice များကို မုန့်ဖုတ်ဗန်းထဲသို့ baking paper ဆီစိမ်စက္ကူခံ၍ ရှေ့နောက် လက် ၂ လုံးခြားစီ ထည့်ပါ။ ၁ နာရီ ၃၀ မိနစ်ခန့် အပွခံပါ။
၄။ မီးအပူချိန် အပေါ်အောက် ၂၂၀ ဒီဂရီစင်တီဂရိတ် တင်ထားပါ။ ပွလာသော benoitons အပေါ်ကို ကြက်ဥ ခလောက်၍ ဘရပ်ရှ်ဖြင့် သုတ်ပေးပါ။ မီးဖိုအတွင်း အပူချိန် ၂၂၀ ဒီဂရီစင်တီဂရိတ်ရောက်ရင် စဖုတ်လို့ ရပါပြီ။ ၁၂ - ၁၅ မိနစ်ဝန်းကျင် ရွှေဝါရောင်သန်းလာသည်အထိ ဖုတ်ပါ။ မီးဖိုထဲထုတ်၍ အအေးခံပြီး မိမိ ကြိုက်နှစ်သက်ရာ လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့်
စားသုံးနိုင်ပါပြီ။

Saw Sar Mu Lar


ဝိုင်တစ်ခွက်၊ ရုပ်ရှင်တစ်ကားနဲ့ သားတော်မောင်အမေရိကန်သံရုံးက ဖိတ်တဲ့ "Innovation Uncorked”-“ဖောက် ခနဲပွင့်လာတဲ့ ဆန်းသစ်မှ...
31/08/2026

ဝိုင်တစ်ခွက်၊ ရုပ်ရှင်တစ်ကားနဲ့ သားတော်မောင်

အမေရိကန်သံရုံးက ဖိတ်တဲ့ "Innovation Uncorked”-“ဖောက် ခနဲပွင့်လာတဲ့ ဆန်းသစ်မှု” (California w**e tasting + film screening) ပွဲကို မနေ့ညက သွားဖြစ်ခဲ့တယ်။ ပွဲမှာ California ဝိုင်တွေ မြည်းစမ်းဖို့အပြင် Bottle Shock(“ခဏရပ်တန့်သွားတဲ့ဝိုင်တစ်ပုလင်း” လို့ဘာသာပြန်ချင်) ၁၉၇၆ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတဲ့ ရုပ်ရှင်လည်း ကြည့်ခဲ့ရတယ်။

ရုပ်ရှင်တစ်ကားကို စိတ်အေးလက်အေးစိတ်ပါလက်ပါ ထိုင်မကြည့်ဖြစ်တာ တော်တော်ကြာပါပြီ။(အယ် ဟိုတလောကတော့ သားနဲ့သမီးက စပိုက်ဒါမန်း အတူတူလိုက်ကြည့်ပါဆိုလို့ ရုံမှာ မိသားစုလိုက်သွားကြည့်ဖြစ်တယ်) အလုပ်၊ မဂ္ဂဇင်း၊ စာရေးတာ၊ အကြောင်းအရာရှာတာ၊ ဖုန်းနဲ့ကွန်ပြူတာကြားမှာ တစ်နေ့တာကုန်သွားတာ များပါတယ်။

ပြီးခဲ့တဲ့ညကတော့ Bottel Shock ရုပ်ရှင်ကို အစကနေအဆုံးထိ စိတ်အေးလက်အေး စိတ်ဝင်တစားကြည့်ဖြစ်ခဲ့တယ်။ ဇာတ်လမ်းက ဒရမ်မာဆန်ပေမယ့် ရယ်စရာလေးတွေနဲ့ တွဲပြတယ်။

ပြီးတော့ ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်ယောက်ကြောင့် အိမ်က သားတော်မောင်ကို သတိရမိခဲ့တယ်။

Bottle Shock ထဲမှာ Château Montelena ဝိုင်ခြံပိုင်ရှင် Jim Barrett နဲ့ သူ့သား Bo Barrett တို့ကြားက သားအဖဆက်ဆံရေးဟာ ဇာတ်လမ်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

Bo က အသက်ငယ်သေးပေမယ့် ဘာလုပ်ချင်မှန်း မသိသေးတဲ့၊ အလုပ်ကိုလည်း အလေးအနက်မထားသေးတဲ့ လူငယ်တစ်ယောက်။ သူ့အဖေ Jim ကတော့ အဲဒီအခြေအနေကို စိတ်ပူနေသူပါ။

“Do you have any ambition at all?” “မင်းမှာ ရည်မှန်းချက်ကောရှိသေးရဲ့လား”
တစ်ခန်းမှာ Jim က Bo ကိုမေးတယ်—

သူ့သား ဖြေပုံကလည်း ကြည့်.. “Uh, I don’t know. See the Dead live at the Cow Palace?” အင်း မသိဘူး..The Dead(တီးဝိုင်းအမည်) ကို Cow Palace မှာ လိုက်ဖ်ရှိုးသွားကြည့်ချင်တာတော့ ရှိတယ်”

နောက်ဆုံး Jim က နှစ်ကုန်အထိ အချိန်ပေးမယ် ကျောင်းပြန်တက်၊ ဘွဲ့ရအောင်လုပ်၊ မဟုတ်ရင်တော့ အိမ်ကနေ ထွက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ပြောတယ်။

အိမ်က သားတော်မောင်လည်း စင်ကာပူက ပြန်လာပြီး အခုထိ ဘာအလုပ်လုပ်မယ်၊ ဘာကိုရည်မှန်းထားတယ်ဆိုတာ မရှင်းသေးဘူး။ သူ့လည်း အဲ့လိုမေးရင် ဘယ်လိုပြန်ဖြေမလဲမသိ။
ဒါပေမဲ့ ရုပ်ရှင်ထဲမှာ နှစ်သက်မိတာက Bo ကို “အလုပ်မလုပ်တဲ့ လူငယ်တစ်ယောက်” ဆိုပြီးပဲ မထားခဲ့တာပါ။ သူ့မှာ မမြင်ရသေးတဲ့ စွမ်းရည်နဲ့ စိတ်ကူးရှိနေတယ်။

အချိန်တန်တဲ့အခါ သူကိုယ်တိုင် မယုံကြည်သေးတဲ့ အရာတစ်ခုကိုတောင် တခြားသူတွေယုံကြည်အောင် လုပ်ပြနိုင်ခဲ့တယ်။ အိမ်ကသားလည်း ရုပ်ရှင် နာမည်(ခဏရပ်တန့်သွားတဲ့ ဝိုင်တစ်ပုလင်း)အတိုင်း သူ့ အရည်အသွေးတွေခဏ ရပ်တန့်နေတာ ဖြစ်နိုင်ပါတယ်။

Jim နဲ့ Bo တို့ရဲ့ဆက်ဆံရေးက ရယ်စရာနဲ့ နူးညံ့မှု နှစ်မျိုးလုံးပါတာကို သဘောကျမိတယ်။ သားအဖနှစ်ယောက် စိတ်အေးလက်အေး စကားပြောနေရင်းကနေ ရုတ်တရက် လက်ဝှေ့ကြိုးဝိုင်းထဲ ရောက်သွားပြီး တစ်ယောက်ကိုတစ်ယောက် ထိုးကြ၊ နောက် ပြန်စကားပြောကြတာမျိုးပါ။

Bo က တစ်ခါ Sam(သူ့ကောင်မလေးဆိုပါတော့) နဲ့ အတူ လက်ဝှေ့ကြိုးဝိုင်းထဲ ပတ်လက်လှန်အိပ်နေရင်း သူ့ကိုယ်သူ “Do you think I’m a loser?”ငါကအရှုံးသမားလား” လို့တောင် မေးပါတယ်။ Sam ကတော့ လူတိုင်းလိုလိုက အဲဒီလိုထင်ကြပေမယ့် သူကိုယ်တိုင်တော့ မဆုံးဖြတ်ရသေးဘူးလို့ ပြန်ဖြေပါတယ်။

အဲဒီစကားက ရုပ်ရှင်ပြီးသွားတဲ့အထိ စိတ်ထဲမှာ ကျန်ခဲ့သလို။

ဘာအောင်မြင်မှုမှ လုပ်မပြနိုင်သေးတာနဲ့ “အရှုံးသမား” ဖြစ်သွားပြီလား။
မဟုတ်ဘူးထင်တယ်။

တစ်ခါတလေ လူတစ်ယောက်ရဲ့ အကောင်းဆုံးအချိန်က သူ့ဘဝအစမှာ မရောက်သေးတာ ဖြစ်နိုင်ပါတယ်။

ရုပ်ရှင်ထဲမှာလည်း Bo ကို အဲဒီလိုပဲ တွေ့ရတယ်။

ရုပ်ရှင်က ဝိုင် ပြိုင်ပွဲအကြောင်းသက်သက်တစ်ခု မဟုတ်ပါဘူး။ အိပ်မက်ရှိသူ၊ မရှိသေးသူ၊ မိဘရဲ့မျှော်လင့်ချက်၊ ကိုယ့်လမ်းကိုယ်ရှာနေသူတွေအကြောင်း တစ်ပြိုင်တည်း ပြောထားပါတယ်။

ဝိုင်နဲ့ပတ်သက်ပြီး နှစ်သက်မိတဲ့ ဇာတ်ဝင်ခန်း ပြောပါဆို ပထမတစ်ခုက ဝိုင် ရဲ့ အရသာ၊ အရည်အသွေးတွေ ခဏ ရပ်တန့် သွားတယ်ဆိုတဲ့ ဇာတ်ဝင်ခန်းပါ။ စိတ်ဝင်စားစရာကောင်းတယ်။

နောက်တစ်ခုက ဘားတစ်ခုမှာ ဇာတ်ကောင် Gustavo Brambila ကို (ဝိုင်နဲ့ပတ်သက်ရင် တကယ်ကို အံ့သြစရာကောင်းတဲ့သူ အပြင်မှာ တကယ်ရှိတယ်ဆိုတယ်) ဝိုင်တစ်ခွက်ပေးလိုက်ရင် အရသာ၊ အနံ့၊ စပျစ်အမျိုးအစား၊ ခုနှစ်(vintage)အပြင် ဘယ် စပျစ်ခြံ(vineyard)က ထွက်လဲဆိုတာအထိ ဝိုင်ပုလင်းမကြည့်ဘဲ ခန့်မှန်းနိုင်တယ်။

အထူးသဖြင့် Gustavo ရဲ့ ဝိုင်ဒသာနက ဝိုင်ကောင်းတစ်ခုလုပ်ဖို့ စာအုပ်ထဲက အသိပညာတစ်ခုတည်းနဲ့ မလုံလောက်ဘူး၊ မြေကြီးနဲ့ ဆက်နွယ်မှု၊ စပျစ်သီးကို ကိုင်တွယ်လာတဲ့အတွေ့အကြုံနဲ့ စိတ်အားထက်သန်မှုလိုတယ်လို့ ယုံကြည်သူပါ။

ရုပ်ရှင်ပြီးတော့ ကယ်လီဖိုးနီးယားဝိုင်များကို(California w**e tasting) မြည်းစမ်းကြတယ်။ အမေရိကန်ထုတ် ဝိုင်အမျိုးမျိုးကို မြည်းစမ်းခွင့်ရခဲ့တယ်။ စီစဉ်သူကောင်းတယ်ဆိုရမလားဘဲ ရုပ်ရှင်ထဲက ဝိုင် အကြောင်းနဲ့ အပြင်က ဝိုင်ကြားမှာ ကိုယ်တိုင်အရသာခံပြီး ချိတ်ဆက်စဉ်းစားနေမိတယ်။

ရုပ်ရှင်ထဲက 1976 Judgment of Paris မှာ အနိုင်ရခဲ့တဲ့သမိုင်းဝင်ဝိုင် 1973 Château Montelena Chardonnay ကိုတော့ ဒီပွဲမှာ မတွေ့ရပေမယ့် မြည်းစမ်းဖြစ်တဲ့ California w**e တွေထဲမှာ Beringer Merlot ဝိုင်နီကို နှစ်သက်မိတယ်။

ကိုယ့်အတွက်တော့ ဒီဝိုင်က အရမ်းရှုပ်ရှုပ်ထွေးထွေး မဟုတ်ဘူး။ Medium-bodied(မပျစ်မကျဲ) ဖြစ်ပြီး သောက်ရတာချောမွေ့တယ်။ ချယ်ရီသီးအမှည့်သစ်သီးပုံစံနဲ့ ကိုကာ (cocoa)လို ချောကလက်ပုံစံ ခံစားရပြီး တန်နင်(tannin)မကြမ်းဘူး။ ခရမ်းချဉ်သီးပါစတာ၊ ကြက်ကင်၊ ချီစ် တို့နဲ့ လိုက်ဖက်ပါတယ်။

နောက်တစ်ခုက ဈေးနှုန်းအဆင်ပြေတယ် ပြောရမလားဘဲ။ ရုပ်ရှင်ထဲက သမိုင်းဝင် 1973 Chardonnay တစ်ပုလင်းကို ရှာဖွေဖို့ထက် Beringer Merlot တစ်ပုလင်းက လက်တွေ့ဘဝမှာ ကိုယ့်အတွက်တော့ ပိုလွယ်တဲ့ရွေးချယ်မှုလို့ ဆိုရမယ်။

သို့ပေမဲ့ ဘယ်သူသိနိုင်မလဲ တစ်ချိန်မှာ ရုပ်ရှင်ထဲက 1973 Château Montelena Chardonnay ကို ဝိုင်နရီထဲထိသွားပြီး မြည်းစမ်းချင်သေးရဲ့ Bottle Shock အစပိုင်းမှာ Bo ကိုကြည့်ရင်အဖေက သူ့အတွက် စိတ်ပူတယ်။ လူတွေက သူ့ကို အလေးအနက်မထားဘူး။ သူကိုယ်တိုင်တောင် “ငါက အရှုံးသမားလား” လို့ မေးမိတယ်။

သို့ပေမဲ့ အဆုံးမှာ Bo က မိသားစုရဲ့ဝိုင်လုပ်ငန်းကို ကယ်တင်ပြီး ပြင်သစ်ကိုသွားကာ California w**e အတွက် သမိုင်းဝင်အောင်ပွဲတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်လာတယ်။ သူ့အဖေရဲ့ ဝိုင် လုပ်ငန်းကို ဆက်လက်ဦးဆောင်သူ ဖြစ်လာခဲ့တယ်။

ဒါကြောင့် အိမ်က သားတော်မောင်လည်း အခုချိန်မှာ Bo လိုပဲ ရည်မှန်းချက်မရှိသေးဘူးလို့ ထင်ရပါတယ်။

သူက စိတ်ထားကောင်းတယ်။ ကိုယ်လုပ်ချင်တာကို တစ်နေ့နေ့မှာ ရှာတွေ့သွားရင်တော့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ မသိနိုင်သေးပါဘူး။

တစ်ခါတလေ ရည်မှန်းချက်မရှိသေးတာနဲ့ ရည်မှန်းချက်မရှိတော့တာက မတူပါဘူး။

ဝိုင်တစ်ပုလင်းက တခါတလေ သူ့အရသာအရည်အသွေးတွေ ခဏ “ရပ်တန့်” သွားတတ်တယ်။ သို့ပေမဲ့ အချိန်ပေးလိုက်ရင် အဲဒီအရသာတွေ ပြန်ပွင့်လာတတ်ပါတယ်။

လူတွေလည်း ဒီလိုပဲ ရှိမယ်ထင်ပါရဲ့။ Bo လိုပဲ သားတော်မောင်လည်းတစ်နေ့မှာ သူ့ရဲ့ Paris ကို သူရှာတွေ့နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။

အစစအရာရာအဆင်ပြေကြပါစေဗျ။

သုတ
TasteWindowMagazine
ဒီမနက် Long Run ပြေးရင်း(စိတ်ထဲမှာ)ရေးသည်။


30/08/2026

Chocolate Swiss Roll Cake
ပြုလုပ်ချိန် - ၃၀ မိနစ်
အရေအတွက် - ၁၀ လက်အရှည်တစ်လိပ်

Chocolate Swiss Roll Cake ဟာ ချောကလက်ကိတ်သားအမျိုးမျိုးနဲ့ လုပ်လို့ရပါတယ်။ ဥပမာ Genoise, Chiffon, Pound Cake, Victoria Sponge တွေအားလုံးနဲ့ လုပ်လို့ရပါတယ်။
Swiss Roll Sponge ကို လုပ်ရင် ကိတ်သားက လက်တစ်လုံးအထူအပါးနဲ့ အပူချိန်ကို အနည်းဆုံး ၂၂၀ ဒီဂရီစင်တီဂရိတ်လောက်နဲ့ ၅ မိနစ်ခန့်ဖုတ်ရင် ရပါပြီ။ ဒီ Swiss Roll ကို ကိုယ်သုံးချင်တဲ့ ခရင်မ်အမျိုးမျိုးနဲ့ ဂျမ်တွေ၊ ice cream တွေထည့်လိပ်ပြီး အတွင်းပိုင်းမှာလည်း ကိုယ်နှစ်သက်ရာ အသီးတွေကို နုပ်နုပ်စဉ်းထည့်ပြီး လိပ်လို့ရပါတယ်။ အပြင်ပိုင်းကို သကြားအမှုန့်ဖြူးခြင်း၊ ခရင်မ်နဲ့ဖုံးခြင်း၊ chocolate coating လောင်းခြင်းနဲ့ ကိုယ်နှစ်သက်သလို အဆုံးသတ်အလှဆင်လို့ ရပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ဥ - ၂ လုံး
သကြား - ၆၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ကိတ်ဂျုံ - ၅၀ ဂရမ်
ကိုကိုးပေါင်ဒါ - ၁၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ - ၂ ဂရမ်
နွားနို့ - ၂၀ ဂရမ်
ဆီ - ၂၀ ဂရမ်
ဗနီလာအနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း




29/08/2026

သကြားညို ပေါင်ကိတ်(Brown Sugar Pound Cake)
သကြားညိုကို အသုံးပြုထားတာကြောင့် အနံ့ပိုမိုနက်ရှိုင်းပါတယ်။ လက်ဖက်ရည်အချိန်အတွက် အဆင်ပြေမယ် ထင်ပါတယ်။
ပါဝင်ပစ္စည်းများ
ကိတ်ဂျုံ - ၁၈၀ ဂရမ်
ဘိတ်ကင်ဆိုဒါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား - အနည်းငယ်
ထောပတ် - ၁၅၀ ဂရမ်
သကြားညို - ၁၅၀ ဂရမ်
ကြက်ဥ - ၂ လုံး
ဗနီလာအနံ့ - အနည်းငယ်



#နေခြည်
#သကြားညိုပေါင်ကိတ်

ပင်စိမ်းငါးခေါင်းချဉ်ရည် ပါဝင်ပစ္စည်းများငါးခေါင်း  -  ၈၅၀ ဂရမ်ခရမ်းသီး(ကြွပ်သီး)  -  ၄၀ ဂရမ်ရုံးပတီသီး  -  ၃၅ ဂရမ်ခရမ်း...
28/08/2026

ပင်စိမ်းငါးခေါင်းချဉ်ရည်

ပါဝင်ပစ္စည်းများ
ငါးခေါင်း - ၈၅၀ ဂရမ်
ခရမ်းသီး(ကြွပ်သီး) - ၄၀ ဂရမ်
ရုံးပတီသီး - ၃၅ ဂရမ်
ခရမ်းချဉ်သီး - ၃၀ ဂရမ်
ဆီ - စားပွဲဇွန်း ၃ ဇွန်း
စပါးလင် - ၃ ဂရမ်
ပတဲကော - ၃ ဂရမ်
ချင်း - ၃ ဂရမ်
ကြက်သွန်ဖြူ - ၅ ဂရမ်
ကြက်သွန်နီ - ၃၅ ဂရမ်
ငရုတ်သီးအစိမ်းမှုန့် - စားပွဲဇွန်း ၂ ဇွန်း
ရေ - ၄၀၀ မီလီလီတာ
ငါးငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီးစိမ်း - ၅ တောင့်
ပင်စိမ်း - အနည်းငယ်
သံပရာရည် - စားပွဲဇွန်း ၃ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နနွင်း - အနည်းငယ်
နံနံပင် - အနည်းငယ်
ပြည်ကြီးငါး - ၄၅ ဂရမ်
ပုစွန် - ၄၅ ဂရမ်

ပြုလုပ်နည်း
ငါးခေါင်းကို ရေစင်အောင်ဆေးပြီး ဆား၊ နနွင်းတို့ နဲ့ နယ်ပြီး နှပ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင်နှင့် ပတဲကောတို့ကို ရောပြီးထောင်းပါ။ ဒယ်အိုး တစ်ခုထဲ ဆီထည့်ပါ။ ဆီပူလာရင် ထောင်းထားသော အနှစ်၊ ငရုတ်သီးအစိမ်းမှုန့်၊ ခရမ်းချဉ်သီး၊ ငါးငံပြာရည်၊ သံပရာရည်နှင့် ရေ ထည့်ပြီး ဆူအောင် တည်ထားပါ။ ရေဆူလာရင် ငါးခေါင်း၊ ပြည်ကြီးငါး၊ ပုစွန်၊ ရုံးပတီသီး၊ ခရမ်းသီး (ကြွပ်သီး)၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းတို့ထည့်ပြီး ဆူအောင်တည်ထားပါ။ အရသာမှုန့်ထည့်ပြီး အရသာ မြည်းလို့ အနေတော်ဆိုရင်တော့ နံနံပင်လေး အနည်းငယ်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။




#ပင်စိမ်းငါးခေါင်းချဉ်ရည်

Pizza အရေအတွက်  -  ၂ ခုအလေးချိန်  -  ၂၅၀ ဂရမ်ပြုလုပ်ချိန်ဂျုံသားနယ်ချိန်  -  ၁၀ မိနစ်ဂျုံသားအနားပေးချိန်  -  ၁ နာရီဂျုံသ...
27/08/2026

Pizza
အရေအတွက် - ၂ ခု
အလေးချိန် - ၂၅၀ ဂရမ်

ပြုလုပ်ချိန်
ဂျုံသားနယ်ချိန် - ၁၀ မိနစ်
ဂျုံသားအနားပေးချိန် - ၁ နာရီ
ဂျုံသားအပွခံချိန် - ၄၀ မိနစ်
မုန့်ဖုတ်ချိန် - ၁၄ မိနစ်

အချဉ်ဖောက်မုန့်သားအတွက်
ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ - ၂၅ ဂရမ်
ရေ - ၂၅ ဂရမ်
ပွဆေး - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
ပါဝင်ပစ္စည်းအားလုံးကို ရောမွှေ၍ လေလုံအောင် အဖုံးဖုံးထားပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။ အနည်းဆုံး တစ်ရက်ကြိုလုပ်ပါ။

Pizza အတွက် ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ - ၂၅၀ ဂရမ်
ပွဆေး - ၄ ဂရမ်
ရေ - ၁၃၀ ဂရမ်
ဆား - ၅ ဂရမ်
သကြား - ၁၂ ဂရမ်
သံလွင်ဆီ - ၂၀ ဂရမ်
အချဉ်ဖောက်မုန့်သား

Topping
ခရမ်းချဉ်သီးဆော့စ်
မိုဇွဲလားချိစ်
အော်ရီဂါးနိုး

ပြုလုပ်နည်း
၁။ ဆားနှင့် သံလွင်ဆီကလွဲ၍ ကျန်ပါဝင်ပစ္စည်း အားလုံးကို စက်ထဲထည့်ပြီး ဂျုံမွှေတံဖြင့် ၁ မိနစ်ခန့် Slow speed ဖြင့် မွှေပါ။ ဆားထည့်၍ medium speed သို့ပြောင်းပြီး ၆ မိနစ်ခန့် မွှေပါ။ ပြီးလျှင် သံလွင်ဆီကို ဖြည်းဖြည်းချင်းထည့်၍ ၃ မိနစ်ခန့် ထပ်မွှေပါ။ ဂျုံသား နယ်၍ တော် မတော်ကို စစ်ဆေးကြည့်ပါ။ ဂျုံသား အနည်းငယ်ယူ၍ လက်ချောင်းလေးများဖြင့် ဖြည်းဖြည်းဖိဆွဲပါ။ ပလတ်စတစ်လို ပါးပြီး မပြဲထွက်၊ မပြတ် ထွက်ရင် ဂျုံနယ်လို့ တော်ပါပြီ။

၂။ ဂျုံသားကို လုံး၍ ၃၀ မိနစ်ခန့် အနားပေး အပွခံပါ။ ဂျုံသားမျက်နှာပြင် မခြောက်သွားစေရန် ဆီသုတ် ထားပါ။ ၃၀ မိနစ်ကြာလျှင် ဂျုံလုံးမှာ နဂိုမူလထက် တစ်ဆနီးပါးပွလာလျှင် ဂျုံလုံးကို လက်ဖနောင့်ဖြင့် ရိုက်ပြားလေထုတ်၍ ပြန်လုံးပြီးနောက် ၃၀ မိနစ် ထပ်မံ အနားပေး အပွခံပါ။

၃။ ဂျုံသားကို နှစ်ပိုင်းညီတူမျှတူ ဖြတ်ပြီး ဂျုံကို လက်ဖြင့် လုံး၍ ၁၅ မိနစ်ထားပါ။ Pizza မိုခွက်ကို ဆီသုတ်ထားပါ။ မိုခွက်အဝိုင်း (သို့) လေးထောင့် ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်ပါတယ်။ ပါးပါးကြွပ်ကြွပ် စားချင်ရင်တော့ ၁၄ လက်မ မိုခွက်အဝိုင်းကို သုံးပါ။ အောက်ခံမုန့်သား ထူထူလေးစားချင်ရင်တော့ ၈ လက်မ မိုခွက်ကို အသုံးပြုနိုင်ပါတယ်။ လုံးထားတဲ့ ဂျုံသားကို ၁၅ မိနစ် အနားပေးပြီးနောက် တလိမ့်တုံးဖြင့် ဂျုံသားကို လိမ့်ပြားပါ။ Rolling pin မသုံးရင် လက်ဖြင့် ဂျုံသား ကျယ်လာအောင် ဖိပြားလို့လည်း ရပါတယ်။ ဂျုံသားကို မိုခွက်ထဲ ထည့်၍ မဖောင်းကြွလာအောင် ဇွန်းခက်ရင်း ဖြင့် ဂျုံပြားကို အပေါက်ဖောက်ပေးပါ။

၄။ ဂျုံပြားအပေါ်ကို ခရမ်းချဉ်သီးဆော့စ်ဖြင့် သုတ်ပါ။ ဂျုံနှုတ်ခမ်း ပတ်လည် ၁ လက်မခန့် ခရမ်းချဉ်သီးဆော့စ် မသုတ်ဘဲ ချန်ထားပါ။ မိမိကြိုက်နှစ်သက်ရာ အသား၊ ငါး၊ ပင်လယ်စာ၊ အသီးအရွက်ကို အပေါ်မှတင်ပါ။ မိုဇွဲလားချိစ်ကို ခြစ်၍ ဖြူးပေးပါ။ အခြား မိမိနှစ်သက်ရာချိစ်များ တင်လို့လည်း ရပါတယ်။ Pizza အနံ့လေးမွှေးအောင် အော်ရီဂါးနိုးကို ဖြူးပေးပါ။ မိနစ် ၄၀ ခန့် အပွခံပါ။

၅။ မီးဖိုအပူချိန် အပေါ်အောက် ၂၃၅ ဒီဂရီစင်တီ ဂရိတ် တင်ထားပါ။ ပွလာသော Pizza ကို အဆင်သင့် မီးအပူချိန် တင်ထားသော မီးဖိုထဲသို့ ၄ မိနစ်ခန့် ဖုတ်ပါ။ ပြီးလျှင် မီးအပူချိန် ၂၂၀ ဖြင့် လျှော့ချပြီး ၁၀ မိနစ် ဝန်းကျင်ခန့် အ၊ရောင်တက်လာသည်အထိ ဖုတ်ပါ။ Pizza ကို အပြင်ထုတ်၍ သံလွင်ဆီဖြင့် ဘေးနှုတ်ခမ်းများကို သုတ်ပါ။ အရသာရှိစွာ ပူပူလေးစားသုံးနိုင်ပါတယ်။ မိမိနှစ်သက်သလို ၁၀ စိတ်၊ ၁၂ စိတ်၊ ၈ စိတ် ဖြတ်ယူနိုင်ပါတယ်။

Saw Sar Mu Lar


Address

No3, Gantgaw Myaing 1st Street, 1st Floor, Near Thuwunna Market, Thingangyun
Yangon
11072

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09254006049

Alerts

Be the first to know and let us send you an email when Taste Window Food Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taste Window Food Magazine:

Shortcuts

Share