Honest Review By T

Honest Review By T Honest Review & Vlog

ကိုယ်တိုင်ကော အနားကဖြတ်သွားတဲ့သူကောမွှေးနေစေမယ့် Mist လေးCute Press ကထွက်ထားတာကြာပြီဖြစ်တဲ့ Bye Bye Smell လေးကလေ ဖြန်းထာ...
14/11/2025

ကိုယ်တိုင်ကော အနားကဖြတ်သွားတဲ့သူကောမွှေးနေစေမယ့် Mist လေး
Cute Press ကထွက်ထားတာကြာပြီဖြစ်တဲ့ Bye Bye Smell လေးကလေ ဖြန်းထားရင်ကိုယ်ကိုယ်တိုင်ဘေးကလူရော မွှေးနေတာ
ထားကဆံပင်အရမ်းအနံ့စွဲတတ်တော့ ဟင်းချက်တာပဲဖြစ်ဖြစ်အပြင်မှာဟော့ပေါ့စားတာပဲဖြစ်ဖြစ် နည်းနည်းလေးနဲ့ကိုအနံ့စွဲတာ
အဲ့လိုချိန်ဆိုဒါလေးဖြန်းလိုက်မွှေးသွားကော
သူကအမွှေးနံ့အပြင်ကိုယ့်ဆီမှာ စွဲနေတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးတဲ့ technology နဲ့လုပ်ထားတာပါ
စျေးလေးကလည်းတော်တော်သက်သာတယ်
သုံးထားဖူးသမျှ mist တွေထဲတော့အနံ့တော်တော်စွဲပြီးမွှေးလို့ review လေးပေးလိုက်ပါတယ်ရှင် 🥰

မနေ့ကအပြင်သွားတော့ ထိုင်းမပါမေးရတဲ့ပါးနီလေး 😂Dazzle Me ကအသစ်ထွက်တဲ့ Air Brush Spray Blush လေး ညိုသူဖြူသူ အကုန်လုံးနဲ့လို...
14/10/2025

မနေ့ကအပြင်သွားတော့ ထိုင်းမပါမေးရတဲ့ပါးနီလေး 😂
Dazzle Me ကအသစ်ထွက်တဲ့ Air Brush Spray Blush လေး ညိုသူဖြူသူ အကုန်လုံးနဲ့လိုက်တဲ့ 03 လေးသုံးသွားတာ
Skincare ဆိုင်ကထိုင်းမက ပစ္စည်းစမ်းပြရင်း ဘာတံဆိပ်လဲကြိုက်လို့တဲ့ဆိုပြီးမေးသွားတယ်
သူက spray ဆိုတော့မျက်နှာပေါ်တိုက်ရိုက်ဖြန်းရင်အခန့်မရင်ရင်မျက်လုံးထဲဝင်တတ်လို့ လက်ပေါ်တင်ဖြန်းပြီးမှပါးပေါ် ပြန်တင်တာပို အဆင်ပြေပါတယ်
အရည်မို့ချက်ချင်းခြောက်မသွားလို့ သေချာလေးအချိန်ယူပြီး blend လို့ရတယ်
အချိန်လည်းကြာကြာခံပါတယ် pigmentation လည်းကောင်းတယ် အရောင်ကျမသွားဘူး ဂျပ်ခဲဖြစ်တာတွေမိတ်ကပ်ပေါ်ကနေသပ်သပ်ကြီးထွက်နေတာမျိုးတွေမရှိဘူး glow finish လေးပါ။
021/038/075 မှာ 075 က glitter လေးပါပါတယ်
သုံးခါနီးတော့ shake လုပ်ပေးဖို့လိုပါတယ်
စျေးလေးကလည်း ဘတ် ၁၀၀ စွန်းလေးဆိုတော့တန်ပါတယ်
Dazzle Me Counter တွေမှာတောင်မတင်သေးတဲ့ပစ္စည်းလေးပါ

“ကလေး (၁၇)ဦး tay ဆုံးစေခဲ့သည့်ချောင်းဆိုးပျောက်ဆေးအမည်များအားကြေညာ”လွန်ခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ ကလေးငယ်များဟာ ချောင်းဆ...
09/10/2025

“ကလေး (၁၇)ဦး tay ဆုံးစေခဲ့သည့်ချောင်းဆိုးပျောက်ဆေးအမည်များအားကြေညာ”

လွန်ခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ ကလေးငယ်များဟာ ချောင်းဆိုးပျောက်ဆေးတစ်မျိုးကိုသောက်ပြီးတဲ့နောက်မှာအာရုံကြောစနစ်နဲ့ကျောက်ကပ်များပျက်စီးပြီး tat ဆုံးသွားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးပြီး ဒီနေ့အောက်တိုဘာလ ၉ရက်နေ့မှာတော့အိန္ဒိယအစိုးရဟာ အောက်ပါချောင်းဆိုးပျောက်ဆေးသုံးမျိုးကို အဆိပ်အတောက်ဖြစ်စေသည်ဟုကြေညာကာ ထုတ်လုပ်သုံးစွဲခွင့်ပိတ်ပင်ခဲ့ပါတယ်။
စမ်းသပ်တဲ့အခါမှာ Coldrif ထဲမှာ Diethylene glycol (DEG) ဆိုတဲ့ အဆိပ်ရှိတဲ့ ဓာတ်ပစ္စည်းက ၄၈.၆ ရာခိုင်နှုန်းလောက်ပါနေတာ တွေ့ရတယ်။
တကယ်တော့ DEG ဆိုတာ သုံးလို့မရတဲ့ ဓာတ်ဖြစ်ပြီး၊ WHO နဲ့ အိန္ဒိယရဲ့ စံသတ်မှတ်ချက်က 0.1 ရာခိုင်နှုန်းထက်မကျော်ရပါဘူး။ ဒါဆို အဲ့ဒီဆေးထဲက DEG ပမာဏက စံထက် ၄၈၀ ဆလောက်ကျော်နေပါတယ်။
ပြီးတော့ Respifresh TR နဲ့ ReLife ဆိုတဲ့ ချောင်းဆေးနာမည်နှစ်မျိုးလည်း စမ်းသပ်ကြည့်တဲ့အခါမှာလည်း
Respifresh TR ထဲမှာ 1.34%,ReLife ထဲမှာတော့ 0.61% လောက်ရှိနေတာတွေ့ရပါတယ်။
ဒါကြောင့် အိန္ဒိယအစိုးရက ဆေးသုံးမျိုးလုံးကို “မသုံးသင့်တော့ဘူး၊ အဆိပ်ပါပြီး သုံးစွဲခြင်းရပ်ဆိုင်းပါ” လို့ ကြေညာလိုက်တာဖြစ်ပါတယ်။
ထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုလည်း စစ်ဆေးပြီး တချို့ကတော့ ထိန်းသိမ်းခံထားရပါတယ်။။ Coldrif ထုတ်တဲ့ကုမ္ပဏီပိုင်ရှင်ကိုတော့ ဖမ်းထားပြီး အမှုဖွင့်ထားပါတယ်။
အခုတော့ ဗဟိုအစိုးရက ကုန်ပစ္စည်းတွေကို ပြန်ခေါ်ယူပြီး တခြားပြည်နယ်တွေဆီ မရောင်းတော့ဖို့ လုပ်ဆောင်နေပါတယ်။
ဒါပေမယ့်လည်းမြန်မာဘက်ကိုတဖက်လှည့်တွေနဲ့ဝင်လာနိုင်တာကြောင့်ဒီနာမည်တွေနဲ့တွေ့ရင်လုံးဝလုံးဝမသုံးစွဲမိကြဖို့သတိပေးလိုက်ပါတယ်။

ဟဲလိုDove ကထွက်ထားတာမကြာသေးတဲ့ Radiant + Care Series ရဲ့ Dry Serum နဲ့ Roll On ရဲ့ First Impression Review လေးပြောပြချင်...
08/10/2025

ဟဲလို
Dove ကထွက်ထားတာမကြာသေးတဲ့ Radiant + Care Series ရဲ့ Dry Serum နဲ့ Roll On ရဲ့ First Impression Review လေးပြောပြချင်ပါတယ်။
သူက tube type နဲ့ roll on type ၂ မျိုးလာပြီး ကိုယ်အားသာရာသုံးလို့ရပါတယ်။ effect ကတူတူပါပဲ။ Tube type ထဲက formula ကတော့ skin ကစုပ်ယူတာမြန်တာကြောင့် ပိုပြီးမြန်မြန်ခြောက်ပါတယ်။

🩷ပန်းရောင် - Niacinamide 3% နဲ့ Vegan Collagen 10ဆ ပါဝင်လို့ချိုင်းအသားအရေကို ညီညာပြီးအတွင်းပိုင်းထိပြုပြင်ပေးတယ်
🧡လိမ္မော်ရောင် - Niacinamide 3% နဲ့ Vitamin C နဲ့ E 10ဆ ပါဝင်လို့ချိုင်းအသားအရေကို ညီညာပြီး မဲနေတာတွေသက်သာစေတယ်
💙အပြာရောင် - Niacinamide 3% နဲ့ Hyaluron 4ဆ ပါဝင်လို့ညဘက်သုံးထားလိုက်ရင် တစ်ညလုံးချိုင်းကြားအသားအရေကိုပြုပြင်ပေးတဲ့ Night Repair ဖြစ်ပါတယ်။

သူ့ dry serum ရဲ့ texture လေးကသူကပျစ်ပျစ်လေးပါ။
Texture ပျစ်တာမို့လိမ်းတဲ့အချိန်အရမ်းစိုရွှဲမနေပဲ လိမ်းပြီးသွားတာနဲ့ လုံးဝမစေးမကပ်ပဲ လိမ်းထားမှန်းမသိရပဲ ခြောက်သွားတာလေးက တော်တော်အဆင်ပြေပါတယ်။
အနံ့လေးကတော့ Dove Product တွေရဲ့ထုံးစံအတိုင်းအကုန်ယဉ်ယဉ်လေးတွေပါပဲ။အနံ့လည်းကြာကြာစွဲပါတယ်။
First Impression မို့ Long Term Result ကတော့ကိုယ်တိုင်လည်းသုံးကြည့်ရဦးမှာပါ။
ဘာပဲဖြစ်ဖြစ် Dove လို Brand ကနေ ထုတ်တာဆိုတော့ result လည်းကောင်းမယ်ဆိုတာ ယုံလ်ု့ဝယ်ချလိုက်ပါပြီ😁
Døve ကတော့ Perfect Combo အနေနဲ့ Day ကို လိမ္မော် ညကိုအပြာလေးသုံးဖို့ recommend ထားပါတယ် 🫶🏼




“ဆိုင်ကအရသာအတိုင်းဖက်ကဖောင်းကြော်စားမယ်”ကဖောင်းကိုအိမ်မှာအမြန်ဆန်ဆုံးနဲ့အလွယ်တကူချက်စားဖို့ ဒီ RosDee အထုပ်လေးက တော်တော်...
07/10/2025

“ဆိုင်ကအရသာအတိုင်းဖက်ကဖောင်းကြော်စားမယ်”
ကဖောင်းကိုအိမ်မှာအမြန်ဆန်ဆုံးနဲ့အလွယ်တကူချက်စားဖို့ ဒီ RosDee အထုပ်လေးက တော်တော်
အဆင်ပြေပါတယ်။
အိုးထဲဆီထည့်၊ဆီပူလာပြီဆို ကြက်သွန်ကြိတ်ထားတာလေးကိုဆီသတ်ပါ။
ကြက်သွန်မွှေးလာပြီဆို ကြိတ်သားကိုထည့်ပြီးအရင်ကြော်ပါ။
ပြီးရင် ကဖောင်းက မျှစ်ပါရင် ပိုစားကောင်းတာကြောင့်မျှစ်လေးပါထည့်လိုက်ပါတယ်။
RosDee ကဖောင်းမှုန့်ကို အညွှန်းထဲကအတိုင်း ထမင်းစားဇွန်းတစ်ဇွန်းစာနဲ့ ရေ 60 ml ထည့်ပါ။
အရသာပိုကောင်းပြီးအရောင်လှချင်ရင်တော့ ပဲငံပြာရည်အနောက်နဲ့ကြက်သားမှုန်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာဆီထည့်ပါ။
စပ်စပ်ကလေးစားချင်တော့ ငရုတ်သီးအနီတောင့်၃/၄ တောင့်လောက် ညှပ်ထည့်လိုက်ပါတယ်။
၅ မိနစ်လောက်လှိမ့်လိုက်ရင်တော့ မွှေးပြီးအရသာရှိတဲ့ ကဖောင်းထမင်းလေးရပါပြီ။
ပိုမွှေးချင်ရင်တော့ပင်စိမ်းရွက်လေးထပ်ထည့်ပေးပါနော်။
ဒါလေးကတစ်ထုပ်ဘတ် ၂၀ လောက်ပဲရှိပြီးတစ်ထုပ်ကို ၄ယောက်စာလောက်ကြော်စားလို့ရပါတယ် 🫶🏼

🫶🏼UAB Pay မှာလည်း ကိုယ့်ပုံလေးတွေဝေမျှရင်း ဝင်ငွေရှာလို့ရပါပြီ🫶🏼Helloo Helloo..UAB Bank က ဖန်တီးပေးထားတဲ့ UAB Social မှာ...
06/10/2025

🫶🏼UAB Pay မှာလည်း ကိုယ့်ပုံလေးတွေဝေမျှရင်း ဝင်ငွေရှာလို့ရပါပြီ🫶🏼

Helloo Helloo..UAB Bank က ဖန်တီးပေးထားတဲ့ UAB Social မှာလည်း facebook လိုဝင်ငွေရှာလို့ရတယ်ဆိုတာသိပြီးပြီလား?
ကိုယ့်ရဲ့တစ်နေ့တာ ပုံလေးတွေ video လေးတွေဝေမျှရင်း သူငယ်ချင်းတွေဆီကရတဲ့ gift လေးတွေကို claim ပြီးလက်ဆောင်တန်ဖိုးအလိုက် claim ပြီးချက်ချင်းဘဏ်ထဲထည့်လို့ရနေပါပြီ 🫶🏼
Facebook လို payout ချိတ်တာတွေ ငွေထုတ်ဖို့စောင့်ရတာတွေမရှိပဲ claim လိုက်တာနဲ့ငွေချက်ချင်းတန်းဝင်လို့ပျော်စရာကြီး 🫶🏼
App က ခုမှစစချင်းဆိုတော့ feature မစုံသေးတာ bug တာတွေတော့ရှိနေပါသေးတယ်

Gift လေးတွေရဖို့စိတ်ဝင်စားစရာ content လေးတွေတော့တင်ဖို့လိုမယ်နော်❤️

https://social.uabpay.com.mm/MjM0MzU=


🫶🏼Refill ထုပ်တွေနဲ့ကုန်ကျစရိတ်ချွေတာမယ်🫶🏼ခုလိုကုန်စျေးနှုန်းတွေစျေးကြီးနေတဲ့အချိန်မှာ တတ်နိုင်သလောက်ချွေတာတက်ဖို့လိုပါတယ...
05/10/2025

🫶🏼Refill ထုပ်တွေနဲ့ကုန်ကျစရိတ်ချွေတာမယ်🫶🏼
ခုလိုကုန်စျေးနှုန်းတွေစျေးကြီးနေတဲ့အချိန်မှာ တတ်နိုင်သလောက်ချွေတာတက်ဖို့လိုပါတယ်။
မြန်မာမှာက refill တွေသုံးလေ့သုံးထမရှိကြပေမယ့် ခုချိန်ကစပြီးသုံးဖို့တိုက်တွန်းပါရစေ။
Refill Item တွေက ဘူးတွေနဲ့ဝယ်တာထက်စာရင် စျေးနှုန်းကထက်ဝက်နီးပါးကိုသက်သာပါတယ်။
Shokubutsu ဆို ၅၀၀mlတစ်ဘူးကို ဘတ် ၁၂၀ နီးပါးရှိပေမယ့် refill ဆို ၅၀၀ml 2 ထုပ်တွဲဆို ၉၉ ဘတ်လောက်ပဲရှိပါတယ်။
Refill အထုပ်တွေဝယ်ပြီးရင် အလေအလွင့်မဖြစ်အောင် စနစ်တကျသုံးတတ်ဖို့လည်းလိုပါတယ်။
ပုံမှာပြထားတဲ့ ဘူးလေးတွေဆိုအဝကျယ်တာမို့ အပေါ်ကဖောက်ပြီးတစ်ထုပ်လုံး ဘူးထဲဒီတိုင်းထည့်လိုက်ရုံပါပဲ။
ကုန်သွားလို့နောက်တမျိုးပြောင်းသုံးချင်လည်း ဘူးကိုတကူးတကကြီးဆေးနေစရာမလိုတော့ဘူးပေါ့။
ဒီဘူးလေးတွေဝယ်ထားလိုက်ရင်ကိုယ်ကြိုက်တဲ့ refill ထုပ်ကိုပြောင်းထည့်သုံရုံပါပဲ 🫶🏼
ဒီပို့စ်လေးကို ဖတ်ကြည့်လို့အကျိုးရှိတယ် အသုံးဝင်တယ်လို့ခံစားရရင် Like & Share လေးလုပ်သွားပေးကြပါဦးနော် 😍

Netflix ကလွှင့်တဲ့ Bae Suzy ရဲ့ Comedy Series လေး Genie, Make A Wish ကိုကြည့်နေကြပြီလား?ကိုယ့်ဒူးကိုယ်ချွန်ပြီး ဘောစိမမဖ...
04/10/2025

Netflix ကလွှင့်တဲ့ Bae Suzy ရဲ့ Comedy Series လေး Genie, Make A Wish ကိုကြည့်နေကြပြီလား?
ကိုယ့်ဒူးကိုယ်ချွန်ပြီး ဘောစိမမဖြစ်နေတဲ့
ဝပ်ရှော့ဆိုင်ပိုင်ရှင် ဂါယောင်းရဲ့ Bag Collection လေးတွေတင်ပေးလိုက်ပါပြီ ❤️❤️
ဘယ်အိတ်လေးအကြိုက်ဆုံးဖြစ်မလဲပြောခဲ့ပေးပါဦးနော်❤️❤️

❤️လိမ်းဖူးသမျှထဲ အနံ့အစွဲဆုံးပြောလို့ရမယ့် serum လေး❤️❤️เซรั่มที่หอมที่สุดตั้งแต่เคยใช้มาเลย❤️Benice က product တွေကအခုနေ...
03/10/2025

❤️လိမ်းဖူးသမျှထဲ အနံ့အစွဲဆုံးပြောလို့ရမယ့် serum လေး❤️
❤️เซรั่มที่หอมที่สุดตั้งแต่เคยใช้มาเลย❤️
Benice က product တွေကအခုနောက်ပိုင်းတော်တော်ကောင်းလာတာ Shower,Serum,Lotion အစုံသုံးဖြစ်နေတယ်
ဒီ niacinamide 3% ဆပါတဲ့ serum လေးကလည်းလေ လိမ်းထားရင်စိုစိုလေးနဲ့မွှေးနေကော
သူက ၂၄ နာရီအနံ့ခံတယ်တော့ကြော်ညာထားတာပဲ
သူအနံ့နှစ်မျိုးမှာ အစိမ်းလေးက အသီးအနံ့လေးပိုပေါ်တယ် မွှေးမွှေးလေးနဲ့ active ဖြစ်တဲ့အနံ့လေး သူက antioxidants အတွက်ထုတ်တာ
အနီလေးကတော့ ပန်းနံ့ဘက်ကိုပိုသွားတယ် သူကကျအနံ့ကယဉ်ယဉ်လေး သူကကျ moisture နဲ့ အရေးအကြောင်းလျှော့ပေးတာ
အနံ့ပိုခံတာကတော့အစိမ်းလေးကပိုခံတယ်
ပိုလည်းမွှေးတယ်
သူနဲ့ benice ကပဲ lotion တစ်ခုနဲ့တွဲလိမ်းရင် တစ်ယောက်ယောက်ကိုယ့်အနားမှာဖာလူဒါလာစားနေသလို ခံစားရမယ့်အနံ့ရတာ မွှေးနေကော😁
တို့တော့ကြိုက်တယ် 😁

❤️เซรั่มที่หอมที่สุดตั้งแต่เคยใช้มาเลย❤️
ช่วงนี้ผลิตภัณฑ์ของ Benice ดีมากเลยค่ะ เป็นทั้งครีมอาบน้ำ เซรั่ม และโลชั่น
เซรั่มตัวนี้มีส่วนผสมของไนอาซินาไมด์ 3% ด้วยค่ะ ใช้แล้วสดชื่น หอมมาก
กลิ่นหอมติดผิวตลอด 24 ชั่วโมง อย่างที่โฆษณาไว้เลย
กลิ่นสีเขียวจะออกแนวผลไม้มากกว่า หอมหวาน สดชื่น มีส่วนผสมของสารต้านอนุมูลอิสระ
กลิ่นสีแดงจะออกแนวดอกไม้มากกว่า กลิ่นหอมอ่อนๆ ให้ความชุ่มชื้นและลดเลือนริ้วรอย
กลิ่นสีเขียวจะหอมกว่า
กลิ่นก็หอมกว่าด้วย
ถ้าทาคู่กับโลชั่นของ Benice จะรู้สึกเหมือนมีคนกำลังกินฟาลูดาอยู่ข้างๆ เลย 😁
ชอบมากค่ะ 😁

ဒီနေ့ဒါလေးသွားဝယ်ပြီးစမ်းပြချင်လို့ ဘာအရောင်လေးသုံးပြရမလဲ?
03/10/2025

ဒီနေ့ဒါလေးသွားဝယ်ပြီးစမ်းပြချင်လို့ ဘာအရောင်လေးသုံးပြရမလဲ?

Benice Niacinamide Serum ထဲကဘယ်အနံ့လေးရွေးရမလဲ?
01/10/2025

Benice Niacinamide Serum ထဲကဘယ်အနံ့လေးရွေးရမလဲ?

🥰ဟင်းဆိုအနံ့လေးမွှေးနေတာကိုမှကြိုက်တဲ့ထားတို့လိုလူမျိုးလေးတွေအတွက်ပစ္စည်းကောင်းလေးညွှန်းပေးမယ်🥰ဒီ curry powder က နနွင်း၊...
01/10/2025

🥰ဟင်းဆိုအနံ့လေးမွှေးနေတာကိုမှကြိုက်တဲ့ထားတို့လိုလူမျိုးလေးတွေအတွက်ပစ္စည်းကောင်းလေးညွှန်းပေးမယ်🥰
ဒီ curry powder က နနွင်း၊နံနံစေ့၊ငရုတ်ကောင်းအမဲ၊ဇီယာ၊ပဲနံ့သာ၊သစ်ကြပိုးခေါက်၊ပဒဲကော တို့ကိုအကုန်ကြိတ်ထားတဲ့အမှုန့်ပါ။
အသား၊ငါးချက်ခါနီးနှပ်ထားလို့လည်းရသလို ဟင်းမွှေးအောက်လည်းအပေါ်ကအုပ်ပေးလို့ရပါတယ်။
တစ်ဘူးထဲနဲ့ဟင်းပွဲတွေကို စားချင်သဖွယ်မွှေးနေအောင်လုပ်ပေးနိုင်တဲ့ ပစ္စည်းလေးပါ။
တစ်ဘူး ၄၅ ဘတ်ကိုအကြာကြီးအသုံးခံပါတယ်။
Halal ဖြစ်တာမို့လူမျိုးဘာသာမရွေးလည်းသုံးနိုင်တဲ့ဟင်းခတ်အမွှေးအကြိုင်ဘူးလေးပါ။
ခုနောက်ပိုင်းထားကတော့ဟင်းချက်ရင်ဒါလေးအမြဲသုံးဖြစ်နေပါတယ်🌸

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Honest Review By T posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share