09/10/2025
“ကလေး (၁၇)ဦး tay ဆုံးစေခဲ့သည့်ချောင်းဆိုးပျောက်ဆေးအမည်များအားကြေညာ”
လွန်ခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ ကလေးငယ်များဟာ ချောင်းဆိုးပျောက်ဆေးတစ်မျိုးကိုသောက်ပြီးတဲ့နောက်မှာအာရုံကြောစနစ်နဲ့ကျောက်ကပ်များပျက်စီးပြီး tat ဆုံးသွားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးပြီး ဒီနေ့အောက်တိုဘာလ ၉ရက်နေ့မှာတော့အိန္ဒိယအစိုးရဟာ အောက်ပါချောင်းဆိုးပျောက်ဆေးသုံးမျိုးကို အဆိပ်အတောက်ဖြစ်စေသည်ဟုကြေညာကာ ထုတ်လုပ်သုံးစွဲခွင့်ပိတ်ပင်ခဲ့ပါတယ်။
စမ်းသပ်တဲ့အခါမှာ Coldrif ထဲမှာ Diethylene glycol (DEG) ဆိုတဲ့ အဆိပ်ရှိတဲ့ ဓာတ်ပစ္စည်းက ၄၈.၆ ရာခိုင်နှုန်းလောက်ပါနေတာ တွေ့ရတယ်။
တကယ်တော့ DEG ဆိုတာ သုံးလို့မရတဲ့ ဓာတ်ဖြစ်ပြီး၊ WHO နဲ့ အိန္ဒိယရဲ့ စံသတ်မှတ်ချက်က 0.1 ရာခိုင်နှုန်းထက်မကျော်ရပါဘူး။ ဒါဆို အဲ့ဒီဆေးထဲက DEG ပမာဏက စံထက် ၄၈၀ ဆလောက်ကျော်နေပါတယ်။
ပြီးတော့ Respifresh TR နဲ့ ReLife ဆိုတဲ့ ချောင်းဆေးနာမည်နှစ်မျိုးလည်း စမ်းသပ်ကြည့်တဲ့အခါမှာလည်း
Respifresh TR ထဲမှာ 1.34%,ReLife ထဲမှာတော့ 0.61% လောက်ရှိနေတာတွေ့ရပါတယ်။
ဒါကြောင့် အိန္ဒိယအစိုးရက ဆေးသုံးမျိုးလုံးကို “မသုံးသင့်တော့ဘူး၊ အဆိပ်ပါပြီး သုံးစွဲခြင်းရပ်ဆိုင်းပါ” လို့ ကြေညာလိုက်တာဖြစ်ပါတယ်။
ထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုလည်း စစ်ဆေးပြီး တချို့ကတော့ ထိန်းသိမ်းခံထားရပါတယ်။။ Coldrif ထုတ်တဲ့ကုမ္ပဏီပိုင်ရှင်ကိုတော့ ဖမ်းထားပြီး အမှုဖွင့်ထားပါတယ်။
အခုတော့ ဗဟိုအစိုးရက ကုန်ပစ္စည်းတွေကို ပြန်ခေါ်ယူပြီး တခြားပြည်နယ်တွေဆီ မရောင်းတော့ဖို့ လုပ်ဆောင်နေပါတယ်။
ဒါပေမယ့်လည်းမြန်မာဘက်ကိုတဖက်လှည့်တွေနဲ့ဝင်လာနိုင်တာကြောင့်ဒီနာမည်တွေနဲ့တွေ့ရင်လုံးဝလုံးဝမသုံးစွဲမိကြဖို့သတိပေးလိုက်ပါတယ်။