KT Media

KT Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KT Media, Media, Yangon.

https://youtu.be/oN7F96rNj3k?si=cFRVwi-KsQ8U1EaX
07/03/2025

https://youtu.be/oN7F96rNj3k?si=cFRVwi-KsQ8U1EaX

Assalamualaikum.အစ္စလာမ်ဓမ္မဗိမာန် ၏အပါတ်စဉ် တနင်္ဂနွေ Online Lecture အစီအစဉ်စာရေးဆရာ ဦးခင်ထွန်းမှ ဟောကြားသည့်"ကြိုတင်ရေးသား.....

အစ္စလာမစ်ဂိုဏ်းဂဏများ==============https://youtu.be/SiVcrX0iJt8?si=6M_gwdO_ZYcWTwoDအစ္စလာမ်ယုံကြည်မှုအရ အစ္စလာမ်ဆိုတာ အေ...
25/04/2024

အစ္စလာမစ်ဂိုဏ်းဂဏများ
==============

https://youtu.be/SiVcrX0iJt8?si=6M_gwdO_ZYcWTwoD

အစ္စလာမ်ယုံကြည်မှုအရ အစ္စလာမ်ဆိုတာ အေဒီ(၆၁၀)ခုနှစ်ကစလို့ တမန်တော်မုဟမ္မဒ်ဆီသို့ အလ္လာဟ်ရှင်မြတ်ထံ တော်ကနေ ကျမ်းတော်မြတ်ကုရ်အာန်ကို အာရဗီဘာသာစကားနဲ့ ထုတ်ပြန်ပို့ချခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပို့ချမှုဟာ သူကွယ်လွန်ချိန် အေဒီ (၆၃၂) ခုနှစ်ထိ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ပို့ချမှုတွေကို စာအုပ်ပုံစံစုစည်းထားတာကို ကုရ်အာန် လို့ခေါ်ပါတယ်။ မွတ်စလင်တို့က ကျမ်းတော်မြတ်ကုရ်အာန်ကို ဘာသာရေးရာ အမြင့်ဆုံးတရားတော် အဖြစ် ဆုပ်ကိုင်ထားပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာ ကွဲလွဲမှုတွေရှိနေတယ်ဆိုပေမယ့် မွတ်စ လင် အားလုံးက ဒီဖွင့်ဆိုချက်တွေကို တစ်ညီတစ်ညွတ်တည်း သဘောတူကြတာမျိုး မဟုတ်ပါ။ သို့သော် ကျမ်းတော် မြတ်ကုရ်အာန်ကို အမြင့်ဆုံး အသာလွန်ဆုံးအဖြစ် ဆုပ်ကိုင်ထားကြရာမှာတော့ မွတ်စလင်အားလုံး တူညီကြပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်ကို ထုတ်ပြန်ပြီး (၁၁) နှစ် (၁၂)နှစ် အကြာ၊ ကိုယ်တော်မြတ်ဟာ မိမိမွေးရပ်ဇာတိ မက္ကာကို စွန့် ခွာပြီး ယာတရိဗ် (ဒီနေ့အခေါ် မဒီနာ) သို့ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီလိုပြောင်းရွှေ့အခြေချခြင်းကို ဟစ်ဂျရာ လို့ခေါ်ပါ တယ်။ အစ္စလာမ်သမိုင်းမှာ ဒီအပြောင်းအရွှေ့ကို အရေးကြီးကဏ္ဍလို့ မှတ်တမ်းတင်ထားပါတယ်။ ဒီအပြောင်းအရွှေ့ကိုပဲ အစ္စလာမစ်ပြက္ခဒိန် (လူနာ) ပြက္ခဒိန်အစလို့ သတ်မှတ်ပါတယ်။ ကျမ်းတော်ကုရ်အာန် ပို့ချမှုတွေကလည်း ဒီအပြောင်း အရွှေ့နဲ့အတူ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ ကျမ်းတော်ြမတ်ကုရ်အာန်ကို ဆူရာ လို့ခေါ်တဲ့ အခန်း(၁၁၄)ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ မက္ကာအခန်းတွေက ကိုယ်တော်ြမတ်ကြီးမက္ကာမှာ ရှိစဉ်တုန်းက ထုတ်ပြန်ခဲ့တဲ့ အခန်းတွေ ဖြစ်ကြ ပါတယ်။ မက္ကာအခန်းတွေဟာ သဘောထားအမြင်နဲ့ ကောက်နုတ်ချက်တွေကို စကားလုံးအသုံးအနှုန်း အရိုးရှင်းဆုံးပုံစံနဲ့ အလေးအနက်ထား တင်ပြထားတာ တွေ့နိုင်ပါတယ်။ ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် တောင်ဟိဒ် သို့မဟုတ် တစ်ပါးတည်း ကို ကိုးကွယ်ခြင်းအကြောင်း၊ လူသားတို့ ကိုးကွယ်ရာအရှင်က တစ်ပါးတည်း ဖြစ်ကြောင်း၊ တရားစီရင်မယ့်နေ့တော် အ ကြောင်း (တစ်နေ့ ကမ္ဘာကြီး နိဂုံးချုပ်ရမယ်၊ လူသားအားလုံး ပြန်လည်ရှင်ပြန်ထမြောက်ကြရမယ်၊ လူ့လောကမှာ သူတို့ ရှင်သန်ခဲ့စဉ်က သူတို့ပြုခဲ့ကြသမျှ ကောင်းမှု / မကောင်းမှု အစုစုဟူသမျှတို့ကို စစ်ဆေးမေးမြန်းခြင်းခံယူပြီး တရား အဆုံး အဖြတ်ခံယူကြရမယ်၊ ဆိုတာတွေကို ရှင်းလင်းတင်ပြထားပါတယ်။ ဒါကြောင့် ယုံကြည်မှုကို ဗဟိုပြုထုတ် ပြန်တဲ့ အခန်းတွေလို့ ဆိုနိုင်ပါတယ်။ ကိုယ်တော်မြတ်ကြီး မဒီနာကို ပြောင်းရွှေ့အခြေချပြီးနောက် ကျမ်းတော်ကုရ်အာန်ထုတ် ပြန်ချက်တွေဟာ အများအားဖြင့် ကမ္ဘာ့ရေးရာတွေနဲ့ ပတ်သက်လာပါတယ်။ ကိုယ်တော်မြတ်ကြီးရဲ့ ဘဝအပြောင်းအလဲ နဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ မဒီနာသို့ ပြောင်းရွှေ့လာခဲ့တဲ့ ကိုယ်တော်မြတ်ကြီဟာ မက္ကာမှာလို တမန်တော်ချည်း သက်သက် မဟုတ်တော့ပဲ နိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ တရားရေး၊ စစ်ရေး၊ သံတမန်ရေး အားလုံး သူ့တာဝန် ဖြစ်လာပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကလည်း ဒီအရေးကိစ္စတွေနဲ့ပတ်သက်လို့ ထုတ်ပြန်မှု တွေ ရှိလာပါတယ်။ ဒါကြောင့် မဒီနာ အခန်းတွေကို တရားရေး နဲ့ ဥပဒေရေးရာတွေကို ဗဟိုပြုထုတ်ပြန်တဲ့အခန်းတွေလို့ ဆိုနိုင် ပါတယ်။
====================
Music Oud Dance by Doug Maxwell

==================================================== ယခင်တင်ပြမှုမှာ ကျမ်းတောင်မြတ်ကုရ်အာန် အခန်း(၁၁၄)ခန်းကို (၁၄၄) ခန်းဟုမှားယွင်းတင်ပြထားရ.....

စက်တင်ဘာ(၁၁)မျက်နှာဖုံးကို ခွာကြည့်ခြင်း========================အားလုံးမင်္ဂလာပါ။ကျွန်တော်အနေနဲ့  ကြာခဲ့ပြီဆိုပေမယ့် အမေ...
31/01/2024

စက်တင်ဘာ(၁၁)မျက်နှာဖုံးကို ခွာကြည့်ခြင်း
========================
အားလုံးမင်္ဂလာပါ။
ကျွန်တော်အနေနဲ့ ကြာခဲ့ပြီဆိုပေမယ့် အမေရိကန်ပြည်သူတို့ဒီနေ့တိုင်မေးခွန်းထုတ်နေဆဲ၊ ကမ္ဘာ့ပြည် သူတို့ အဖို့လည်း ဇဝေဇဝါနဲ့ နားလည်ရခက်နေဆဲမို့ အဟောင်းပေမယ့် အသစ်အဖြစ်အဖန်ဖန် ပြန်ပေါ် လာဆဲဖြစ်နေတာကတစ်ကြောင်း၊ ကျွန်တော်ပုရိသတ်အဖို့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေ ကြသမျှ အဖြစ်အပျက်တွေကို အမှတ်တမဲ့မဟုတ်ပဲ ထဲထဲဝင်ဝင် စဉ်းစားဆင်ခြင်နိုင်ကြဖို့၊ ဘယ်လို အ ဖြစ်အပျက်မဆို အဖြစ်အပျက်တိုင်းမှာ ကျွန်တော်တို့မြင်တွေ့နေကြရတဲ့ ရှေ့ဘက်မျက်နှာစာ တစ်ခုရှိသ လို ကျွန်တော်တို့ မမြင်မတွေ့နိုင်ကြသေးတဲ့ နောက်ထပ်မျက်နှာတစ်ကျန်နေသေးတာကို စဉ်းစားဆင် ခြင်နိုင်ကြဖို့ ကျွန်တော်ဒီအစီအစဉ်ကို တင်ပြရခြင်းဖြစ်ပါတယ်။

“ငြိမ်းချမ်းတဲ့ မနက်ဖန်ကို ထုဆစ်ဖို့ စစ်ပွဲတွေဟာ သနားစရာ ‘ဆောက်’ တွေပဲ” (‌‌ဒေါက်တာမာတင်လူသာကင်း)

ကဲ - အခုတင်ပြမှုကနေ ကျွန်တော့်ပုရိသတ် ဘာတွေများရခဲ့ပါသလဲ။ ကျွန်တော်ပုရိသတ်တစ်ဦးချင်းစီမှာ ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုတွေက ခံစားချက်တွေကိုအခြေခံလို့ ဖြစ်နိုင်သလို ဓမ္မဓိဌာန်ကျကျလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ခင်ဗျားတို့အနေနဲ့ “အဓိပ္ပါယ်မရှိပါဘူးကွာ” ဆိုပြီး ငြင်းချင်လည်း ငြင်းနိုင်ကြပါတယ်။ တစ်ခုခုကို ငြင်းပါယ်လိုက်ရတာက ကျိုးကြောင်းဆီလျှော် စဉ်းစားဆင်ခြင်ရတာ ထက်ပိုလွယ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက စက်တင်ဘာ(၁၁)ရက်လို ကမ္ဘာတစ်လွှား ဒီလို ဆိုးရွားတဲ့ အဖြစ်အပျက် တွေအများကြီးပါ။ အမေရိကန်ပြည်သူတွေရော၊ ကမ္ဘာ့ပြည်သူတွေပါ အမှန်တရားကို သိဖို့စောင့်နေကြပါ တယ်။ ကွယ်လွန် သေဆုံးသွားခဲ့ကြသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေ ငယ်သံပါအောင် ဟစ်အော် တောင်း ဆိုနေကြပေမယ့် သူတို့အသံက လေထဲလွင့်မျော ပျောက်ကွယ်သွားနေပါတယ်။

စက်တင်ဘာ(၁၁) ဖြစ်ရပ်ဟာ ကြေကွဲစရာ ဖြစ်ရပ်တစ်ခုတည်း မဟုတ်ပါ၊ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာ အသက်ဆုံး ရှုံးခဲ့ရတဲ့ ကြောက်မက်ဖွယ် လူသတ် မှုကြီးလည်း ဖြစ်ပါတယ်။ ဒါက အမေရိကန်ပြည်ထောင်စုက အာဏာ သိမ်းမှုတစ်ခုပါ။ နိုင်ငံခြားရေးရာ နဲ့ ပြည်တွင်းမူဝါဒအားလုံးကို အကြမ်းဖက်ရန်လိုတဲ့နည်းနဲ့ အသွင် ပြောင်းပြီး အာဏာပါဝါကို အုပ်စီးလိုက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်တို့စကား ရောင်းအား ကောင်းဖို့ အပြစ်မဲ့ အမေရိကန်ပြည်သူ ထောင်ပေါင်း များစွာကို နေ့ခင်းကြောင် တောင် သတ်ဖြတ်ပစ်ခဲ့တာဖြစ်ပါ တယ်။ ဒီသီအိုရီကို ခင်ဗျားတို့ အသစ်အဆန်း လို့မယူဆကြစေလိုပါ။ ဒါက အယူအဆ အသစ်တစ်ခုလည်း မဟုတ်ပါ။

==================
Music: Falling Rain by Myuu
Final Boss by Myuu
==================
Ref: Loose Change
==================

https://youtu.be/EL-EhJC4h3s?si=QN1Xw9eCQOU6DnI_

Address

Yangon
001

Website

Alerts

Be the first to know and let us send you an email when KT Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share