Kyal Sin Thit Myanmar Natural Shampoo

Kyal Sin Thit Myanmar Natural Shampoo ကြယ်စင်သစ် သဘာဝခေါင်းလျှော်ရည်ကို ?

21/09/2019

!!BE PROUD YANGON!!
*Zay Chin Mart FREE DELIVERY covers 29 townships in yangon now!!
*GET YOUR GROCERIES DELIVERED TO YOUR DOOR RIGHT NOW!
www.zaychin.com

Wooww✌ ✌ ✌ ✌ ကြယ်​စင်​သစ်​သဘာဝ​ခေါင်း​လျှော်​ရည်​ကိုဘာပဲဝယ်​ဝယ်​ ရန်​ကုန်​ မြို့တွင်း၂၃မြို့နယ်​ကိုfree deliveryပို့ေ...
08/06/2019

Wooww✌ ✌ ✌ ✌
ကြယ်​စင်​သစ်​သဘာဝ​ခေါင်း​လျှော်​ရည်​ကို
ဘာပဲဝယ်​ဝယ်​ ရန်​ကုန်​ မြို့တွင်း၂၃မြို့နယ်​ကို
free deliveryပို့​ပေး​နေတဲ့
Zay Chin online supermarket ကြီးမှာ
ရ​နေပြီလို့သတင်း​ကောင်းပါးပါရ​စေရှင်​💖💖💖

❀ Zay Chin Application က​နေတဆင့်​ မှာယူမယ်​ဆိုရင်​​တော့ delivery ပို့ခ လုံးဝသက်​သာလို့
Zay Chin application ကတဆင့်
ခုပဲမှာယူကြပါစို့​နော်📦📦📦
•••••••••••••••••••••••••••••••••

☺ မိုး​အေး​အေးမှာအပြင်​မထွက်​ဘဲ
Order တင်နိုင်ဖို့
Zay Chin App လေးကို အခုပဲ
Download ရယူလို့ရပြီနော်..

Download ရယူရန် Link
➡️onelink.to/zaychin

💸ဘယ်လောက်ဖိုးပဲဝယ်ဝယ်
Zay chin free felivery ရနိုင်မဲ့
မြို့နယ်များကို comment မှာ
ကြည့်နိုင်ပါတယ်ရှင်

Credit marmar Forte plusကိုယ်ဝန်ဆောင်ချိန် ခေါင်းလျှော်တာက သန္ဓေသားပေါ် သက်ရောက်မှုရှိနိုင်လား________________________ကိုယ်...
28/05/2019

Credit marmar Forte plus
ကိုယ်ဝန်ဆောင်ချိန် ခေါင်းလျှော်တာက သန္ဓေသားပေါ် သက်ရောက်မှုရှိနိုင်လား
________________________

ကိုယ်ဝန်လရင့်လာတာနဲ့အမျှ မေမေလောင်းတို့ ခေါင်းလျှော်ရတာ ခက်ခဲလာပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ ခေါင်းလျှော်တာ သန္ဓေသားအပေါ် သက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် မေမေလောင်းတို့ စိတ်ချလက်ချ ခေါင်းလျှော်နိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လျှော်နိုင်ပါတယ်။ ပျော့တဲ့ ခေါင်းလျှော်ရည် ဒါမှမဟုတ် ကလေးငယ်တွေအတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးချယ်ပေးပါ။ နောက်ပြီး အော်ဂဲနစ် အမျိုးအစားခေါင်းလျှော်ရည် အသုံးပြုပေးနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပျော့ဆေး(conditioner) ကို ထပ်မံ အသုံးပြုလို့ရပါတယ်။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ မေမေလောင်းတို့ ခေါင်းလျှော်ရတာ ခက်ခဲလာပါတယ်။ အဲဒီလိုအချိန်မှာ ခင်ပွန်းသည် ဒါမှမဟုတ် မိခင်ကို အကူအညီတောင်းနိုင်ပါတယ်။
ခေါင်းလျှော်တာနဲ့ ပတ်သက်ပြီး သတိထားရမှာက

• ဗိုက်ဗိုက်လေးတွေ ခေါင်းလျှော်တဲ့အခါ ခင်ပွန်းသည်က စိတ်ပူပန်နေပါလိမ့်မယ်။ ဘာမှမဖြစ်ကြောင်းနဲ့ သက်ရောက်မှုမရှိကြောင်းကို ရှင်းပြပါ။ ပြီးတော့ စိတ်ချရမယ့် ခေါင်းလျှော်ရည်အမျိုးအစားအသုံးပြုတာကိုလည်း ပြောပြပါ။

• ကိုယ်ဝန်ဆောင်ချိန် ခေါင်းလျှော်တာနဲ့ ပတ်သက်ပြီး မသိတာလေးတွေနဲ့ နားမလည်တာတွေရှိတယ်ဆိုရင် သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

• ခေါင်းလျှော်တဲ့အခါ ရာသီဥတုအခြေအနေကို ကြည့်ပါ။ နောက်ပြီး သက်တောင့်သက်သာရှိရှိနဲ့ ခေါင်းလျှော်ပါ။ ရေကြာကြာချိုးတာနဲ့ ခေါင်းကြာကြာလျှော်တာက အအေးမိတာကို ကြုံရနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်တော်တော်နဲ့ မခြောက်ဘူးဆိုရင်လည်း အအေးမိနိုင်ပါတယ်။

• ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်အမြန်ခြောက်အောင် hair dryer ကို အသုံးပြုပေးပါ။ ဆံပင်အစိုကြီးနဲ့ ဒီအတိုင်းမနေပါနဲ့။ ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်အမြှပ်တွေ မျက်လုံးထဲ မဝင်အောင် သတိပြုပါ။

• ဓါတုပါတဲ့ ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာရည်က မေမေလောင်းတို့ကို နေမကောင်းဖြစ်စေပါတယ်။ ဒါကြောင့် အော်ဂဲနစ်ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာကို အသုံးပြုပါ။

• ခင်ပွန်းနဲ့ မိသားစုဝင်တွေက ဗိုက်ဗိုက်တို့ကို ခေါင်းလျှော်ပေးတဲ့အခါမှာလည်း လိုက်နာရမယ့် အချက်လေးတွေကိုလည်း ပြောပြပေးထားပါဦးနော်။


#ကိုယ်ဝန်ဆောင်အားဆေး
to original uploader

😍😍😍😍😍😍😍
22/05/2019

😍😍😍😍😍😍😍

ဆံပင်​​တွေကျွတ်​လို့ စိတ်​ညစ်​​နေလား???
ဆံသား​တွေပျက်​စီးပြီး​ဗောက်​​တွေထ​နေလို့ စိတ်​ပျက်​​နေလား???
ဘာမှမပူပါနဲ့ ကြယ်​စင်​သစ်​ ​ခေါင်း​လျှော်​ရည်​ကိုသာ
သုံးစွဲကြည့်​လိုက်​ပါ​နော်
လက်​​တွေ့ထူးတာကို ​တွေ့ရမှာပါရှင်​✔ ✔ ✔

ကြယ်​စင်​သစ်​​ခေါင်း​လျှော်​ရည်​ကို
ဒီ​နေရာ​တွေမှာ ဝယ်​ယူရရှိနိုင်​ပါပြီ​နော်​♡ ♡ ♡
🛒 450 ml = 3000

🏣 OGYs Retail Shop by Precious THET
အမှတ်​ ၃၈၊ ကျိုက်​လတ်​လမ်း၊စမ်း​ချောင်း
ရန်​ကုန်​။
Ph: 09769158049

🏣Everyday Store
အမှတ်​ ၆၅(​မြေညီထပ်​)၊မာလာမြိုင်​ ၆ လမ်း၊
လှိုင်​မြို့နယ်​။

🏣 Lady Wint Beauty Saloon သံလမ်း
လှိုင်​မြို့နယ်​(သံလမ်းမှတ်​တိုင်​၊​​အောင်​စည်းစိမ်​ ဆိုင်​​ဘေးလမ်းက​နေဝင်​သွားတာနဲ့လှမ်းမြင်​ရတယ်​​နော်)

🏣 အမှတ်(၃၇၁) ၊ သုနန္ဒာ(၈)လမ်း၊ (ဆ) ရပ်ကွက်
မြောက်ဥက္ကလာပမြို့နယ်။
Phone: 09-447742579

🏣 အခန်းအမှတ်(၈) - Pro-Jewel Tech ၊ စူပါဝေါလ်ရတနာခန်းမ ( ၂ ) - အပေါ်ထပ်၊ ဗိုလ်ချုပ်ဈေး။

📞 Admin phone : 09-447742599 (viber)

===================

:-) ကျား/မ၊လူကြီး/လူငယ်မရွေး ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

17/05/2019

💖 ကြယ်စင်သစ် သဘာဝ ခေါင်းလျှော်ရည် ရဲ့
မိုးဦးအကြို Mayလ Promotionလေး လာပါပြီရှင်💖

📣Promotion price 450 ml=2500ကျပ်👍
📢 Promotion ကာလ May ၅ ရက်မှ May ၂၆ရက်

၅ဘူး ​ဈေး
၁၀ဘူး ​ဈေး ကစပြီး
မြို့နယ်ကိုယ်စားလှယ်ယူလိုသူများအား
promotion ကာလအတွင်း
အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေပါပြီရှင်

🏣 အခန်းအမှတ်(၈) - Pro-Jewel Tech (စံရွှေပြည်အရောင်တင်ဆိုင်ရှေ့ )၊စူပါဝေါလ်ရတနာခန်းမ ( ၂ ) - အပေါ်ထပ်၊ ဗိုလ်ချုပ်ဈေး။

🏣 အမှတ်(၃၇၁) ၊ သုနန္ဒာ(၈)လမ်း၊ (ဆ) ရပ်ကွက် ၊
မြောက်ဥက္ကလာပမြို့နယ်။
📱Admin phone 09-447742599

16/05/2019

ဆံကေသာ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ ၁၂ မျိုး
============================================

၁) နို့နှင့် နို့ထွက်ပစ္စည်း
အဆီနည်းတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေဟာ ကိုယ်အလေးချိန်ကို မမြင့်တက်စေဘဲ ဆံကေသာ ကျန်းမာရေးကို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်စွမ်း ရှိပါတယ်။
ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ ပရိုတင်းဓာတ် တွေဟာ ဆံကေသာကို သန်စွမ်း ကျန်းမာ စေပါတယ်။
၂) ငါး
ဆယ်လ်မွန်နဲ့ မက်ကရယ်လို အဆီများများ ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ဆံပင်ကျွတ်နှုန်း နှေးစေ ပါတယ်။ ငါးမှာ သံဓာတ်နဲ့ ဗီတာမင် B12တို့ ပါဝင်တဲ့အတွက် ဆံကေသာနဲ့ အသားအရေကို လှပ ကျန်းမာ စေပါတယ်။ ဆံခြည်မျှင် အိတ်ထဲမှာ သံဓာတ်တွေကို သိုလှောင်ထားပြီး ဆံပင် ထိခိုက်မှု ဖြစ်လာရင် ပြန်လည် အသုံးပြုနိုင်တာ ကြောင့်ပါ။
၃) အခွံချွတ် မထားသော ကောက်နှံတို့ဖြင့် လုပ်ထားသည့် အစာ
ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေမှာ ဆံကေသာ အတွက် အရေးပါတဲ့ သွပ်(ဇင့်)ဓာတ်၊ ဗီတာမင် ဘီအုပ်စုနဲ့ သံဓာတ်တို့ ပါဝင် နေပါတယ်။ သွပ်ဓာတ်ဟာ ဆံကေသာ ကြီးထွားသန်စွမ်း ထူထဲမှုတို့ကို တိုက်ရိုက် သက်ရောက်မှု ရှိစေတဲ့ ဟော်မုန်းတွေကို ဟန်ချက် ညီမျှစေပါတယ်။ စားတဲ့ အစားအသောက် ထဲမှာ သွပ်ဓာတ်ကို အလုံအလောက် ထည့်စားပေးတာက ဆံကေသာကို ကျန်းမာ စေပါတယ်။
၎) အခွံမာသီး
သီဟိုဠ်စေ့၊ မြေပဲနဲ့ သစ်ကြားသီးတွေမှာ သွပ်(ဇင့်)ဓာတ်များစွာ ပါဝင်တာကြောင့် ဆံပင်ကျွတ်တာနဲ့ ဆံပင် ကျဲပါးတာကို နှေးစေပါတယ်။ သစ်ကြားသီးထဲမှာ ဆီလီနီယမ် ဓာတ်လည်း ပါဝင်ပြီး အဲဒီဓာတ်ဟာ ဦးရေပြား ကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်ပါ။ ဒါ့အပြင် ဗောက်ထတာကိုလည်း လျော့ပါး စေပါတယ်။ နေ့စဉ် အခွံမာသီးကို လက်တစ်ဆုပ်စာ ပမာဏ စားပေး သင့်ပါတယ်။
၅) ပဲအမျိုးမျိုး
ပဲနီလေး အပါအဝင် ပဲအမျိုးမျိုးဟာ ဆံပင်သားအတွက် အရေးကြီးတဲ့ အာဟာရ ဖြစ်ပါတယ်။ ပဲအမျိုးမျိုးမှာ သံဓာတ်၊ သွပ်(ဇင့်)ဓာတ် အများအပြား ပါဝင် ရုံသာမက ပရိုတင်း ဓာတ်လည်း များစွာ ပါဝင် နေတာကြောင့် ဆံကေသာ ကြီးထွား သန်စွမ်း စေပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးမှာ ဗီတာမင်ဘီဖြစ်တဲ့ ဘိုင်အိုတင်လည်း ပါဝင်တာကြောင့် ဆံပင်ပြတ်ထွက် တာတွေ မဖြစ်စေဘဲ ဆံပင်သားကို သန်စွမ်း ကျန်းမာ စေပါတယ်။
၆) မုန်လာဥနီ
မျက်စိ ကျန်းမာရေးနဲ့ အမြင်အားကောင်း စေရေး အတွက် အရေးပါတဲ့ မုန်လာဥနီဟာ ဆံပင်သား ကိုလည်း ကျန်းမာ သန်စွမ်း စေပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့ မုန်လာဥနီဟာ ဆံပင်သားမှာ သဘာဝ အဆီရှိ စေပြီး ဦးရေပြားကို ကျန်းမာ စေတာကြောင့် ဆံကေသာကို သန်စွမ်း တောက်ပစေပါတယ်။
၇) ဥအမျိုးမျိုး
ဆံပင်သား တည်ဆောက်မှုမှာ ပရိုတင်းက အရေးပါတဲ့ အာဟာရ ဓာတ်ပါ။ ပရိုတင်းဓာတ်ကို အလုံအလောက် မစားဖြစ်ရင် ဆံကေသာကို ထိခိုက် စေနိုင်ပါတယ်။ သင်စားတဲ့ အစာထဲမှာ ဥအမျိုးမျိုးနဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျာ တစ်ခွက်ကိုတော့ ထည့်သင့်ပါတယ်။ ဥအမျိုးမျိုးမှာ ဘိုင်အိုတင်နဲ့ ဗီတာမင် B12 ပါဝင်တာကြောင့် ဆံပင်သားကို ကျန်းမာ စေပါတယ်။
၈) အစိမ်းရောင် ဟင်းသီးဟင်းရွက်
ရောင်စုံ အစားအစာတွေက သင့်ကျန်းမာရေးကို ကောင်းမွန် စေရုံသာမက ဆံကေသာကိုလည်း သန်စွမ်း လှပစေပါတယ်။ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင် ဟင်းရွက်တွေမှာ ဆံပင်အတွက် အရေးပါတဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့ ပါဝင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေမှာ ဆီကြည်လို သဘာဝအဆီ ထုတ်လုပ်မှုကို တိုးစေတဲ့ ဗီတာမင်အေနဲ့စီ အများအပြား ပါဝင်နေတာကြောင့် ဆံပင်သားကို စိုပြည်စေပါတယ်။
၉) ကြက်၊ ဝက်
သင်စားတဲ့ အစားအစာထဲမှာ ပရိုတင်းဓာတ် ပါဝင်မှု လျော့နည်းတာက ဆံပင်သားအတွက် ပြဿနာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် လျော့နည်းမှုကြောင့် ဆံပင်သား ကြွပ်ဆတ်တာကို ဖြစ်စေပြီး ဆံပင်အရောင် ကိုလည်း မှိန်ဖျော့ စေပါတယ်။ ကြက်သားမှာ ဆံပင်သား ကျန်းမာစေမယ့် ပရိုတင်းဓာတ် အလုံအလောက် ပါဝင်နေပါတယ်။ အမဲ၊ ဝက်၊ ဘဲ စတဲ့ အသားတွေမှာ သံဓာတ်များစွာ ပါဝင်တာကြောင့် ဆံခြည်မျှင် အိတ်တွေ အားကောင်းရေးမှာ အရေးပါ နေပါတယ်။
၁ဝ) ကမာ
ပင်လယ်စာ ကမာမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ သွပ်ဓာတ်များစွာ ပါဝင်တာကြောင့် ဆံကေသာ ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ အမဲသားနဲ့ သိုးသားကနေလည်း ဒီလို အာနိသင်မျိုးကို ရရှိနိုင်ပါတယ်။
၁၁) ငှက်ပျောသီး
သင်စားတဲ့ အစာမှ ဗီတာမင B6 မရရှိတာကြောင့် ဆံပင်ကျဲပါးတာနဲ့ ဆံပင်ကျွတ်တာ တွေကို ဖြစ်စေ နိုင်ပါတယ်။ အရေးကြီးတဲ့ ဗီတာမင် B6 ဟာ ခန္ဓာကိုယ်မှ အာဟာရ ဓာတ်တွေ စုပ်ယူရာမှာ ပါဝင်ကူညီ ပေးပါတယ်။ သွေးနီဥ ထုတ်လုပ်မှုမှာလည်း အရေးပါတဲ့ ဗီတာမင် B6 ဟာ ဆံခြည်မျှင်အိတ်တွေကို အားကောင်းစေပြီး ဆံပင်သားကို တောက်ပ သန်စွမ်း စေပါတယ်။
၁၂) ဆန်လုံးညို
ပရိုတင်းဓာတ်ဟာ ကာဗိုဟိုက်ဒရိတ်မှ စွမ်းအင် ထွက်ရှိလာရေး အတွက် ပါဝင်ကူညီ နေပါတယ်။ အဲဒီထွက်လာတဲ့ စွမ်းအင်ဟာ ဆံပင်သားကို သန်စွမ်း ကျန်းမာ စေပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင်ဘီ အုပ်စု အပြည့် ပါဝင်တဲ့ အပြင် စွမ်းအင်ကိုလည်း ထွက်ရှိစေတာကြောင့် ဆံပင်သား သန်စွမ်း ကျန်းမာရေးအတွက် အရေးပါ နေပါတယ်။

ကျန်းမာရေး သတင်းအကြောင်းအရာများ နေ့စဉ်ဖတ်ရန်
Online ဆေးခန်း >>> http://goo.gl/Q9UpvQ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kyal Sin Thit Myanmar Natural Shampoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share