Café Chronicles

Café Chronicles Exploring Cafés in Myanmar & Beyond.

21/08/2026

ကျွန်တော့်ဖုန်းထဲက photo gallery ကို ယူကြည့်မယ်ဆို ကော်ဖီဆိုင်တွေမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ အများကြီး တွေ့လိမ့်မယ်ဗျာ့ …။

ဘာလို့လဲဆိုတော့ ကျွန်တော်က ကော်ဖီချစ်သူလေးမို့လေ …။

ဒီကနေ့တော့ 𝙔𝙐𝙕𝙐 𝘼𝙈𝙀𝙍𝙄𝘾𝘼𝙉𝙊 လေး ရွေးသောက်ဖြစ်တယ်။မန္တလေးမှာ အရင်နေ့တွေတုန်းက မိုးရွာခဲ့ပေမယ့် ဒီနေ့တော့ နေပူနေတာမို့ ကော်ဖ...
11/08/2026

ဒီကနေ့တော့ 𝙔𝙐𝙕𝙐 𝘼𝙈𝙀𝙍𝙄𝘾𝘼𝙉𝙊 လေး ရွေးသောက်ဖြစ်တယ်။

မန္တလေးမှာ အရင်နေ့တွေတုန်းက မိုးရွာခဲ့ပေမယ့် ဒီနေ့တော့ နေပူနေတာမို့ ကော်ဖီကိုမှ စိတ်ပေါ့ပါးစေမယ့် အရသာလေး သောက်ချင်လို့ ဒါလေးပဲ မှာလိုက်တော့တာ။

Yuzu ရဲ့ ချဉ်ချဉ်ချိုချို ပါးပါးလျလျလေးကို Americano ရဲ့ခါးခါးချဉ်ချဉ် ပုံစံလေးက အချိုးကျကျလေး ပေါင်းပေးထားလိုက်တော့ လူကို လန်းသွားစေတာတော့ အမှန်ပါပဲ။

နေ့စဉ် သောက်နေကျ သာမန်ရိုးကျ ကော်ဖီအရသာလေးတွေကနေ အကူးအပြောင်းလေး ခံစားကြည့်ချင်ရင် ပြောင်းသောက်ကြည့်ပေါ့။

ပူလှတဲ့ နေ့ရက်တွေမှာတော့ အလိုက်ဖက်ဆုံးလေး ဖြစ်မှာပါ။

🏡 - What’s Up Cafe - 41st Branch .|.

08/08/2026

တစ်ချို့သော မနက်ခင်းတွေက Flat White လေး တစ်ခွက်သောက်ရင်းနှင့် အေးအေးချမ်းချမ်း ရှိနေတာမျိုးလေးပေါ့ဗျာ …။

🏡 - What’s Up Cafe - 41st Branch .|.

ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီအရသာကို ကောင်းကောင်းခံစားနိုင်ဖို့ဆိုတာ ကောင်းမွန်တဲ့ ခံစားမှုလေးရှိနေဖို့ လိုပါတယ်။ ကျွန်တ...
05/08/2026

ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီအရသာကို ကောင်းကောင်းခံစားနိုင်ဖို့ဆိုတာ ကောင်းမွန်တဲ့ ခံစားမှုလေးရှိနေဖို့ လိုပါတယ်။

ကျွန်တော့်အတွက်တော့ ဒီလိုခံစားမှုမျိုးကို ပြည့်ပြည့်ဝဝ ပေးစွန်းနိုင်တဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင် ရန်ကုန်မြို့မှာ ရှိပါတယ်။

🏡 - The Plant House Café Thumingalar
📌 - အမှတ် (135)၊ သုမင်္ဂလာလမ်းမကြီး၊ တောင်ဥက္ကလာမြို့နယ်

Your Café Chronicles .|.

04/08/2026

ကျွန်တော့်အတွက် အေးဆေးနွေးထွေးစေတဲ့ ရပ်ဝန်းလေးပေါ့ဗျာ။

🏡 - The Plant House Café Thumingalar
📌 - အမှတ် (135)၊ သုမင်္ဂလာလမ်းမကြီး၊ တောင်ဥက္ကလာမြို့နယ်

Your Café Chronicles .|.

02/08/2026

မေမြို့ရဲ့ လေနုအေးအေးလေးကိုဖြင့် Cafe Wheeler - MayMyo မှာ ကော်ဖီလေးတစ်ခွက် သောက်ရင်း ခံစားကြည့်ကြရအောင် …။

Your Café Chronicles .|.

မေမြို့ရဲ့ လေနုအေးအေးကို ခံစားလို့ရမယ့် ကော်ဖီဆိုင်လေး ..။ကျွန်တော်တို့ မေမြို့ရောက်တဲ့အခါ ရာသီဥတုနှင့် အလိုက် လေနုအေးအေ...
01/08/2026

မေမြို့ရဲ့ လေနုအေးအေးကို ခံစားလို့ရမယ့် ကော်ဖီဆိုင်လေး ..။

ကျွန်တော်တို့ မေမြို့ရောက်တဲ့အခါ ရာသီဥတုနှင့် အလိုက် လေနုအေးအေးလေးကို ခံစားရင်း ကော်ဖီလေးကောင်းကောင်းလေး တစ်ခွက်နှင့် တွေးဆွေးနိုင်ဖို့ နေရာလေးတစ်ခုကို ပြောပြမယ်ဗျာ့။

ဒီကော်ဖီဆိုင်လေးမှာ အခုဆို ကော်ဖီအပြင် မေမြို့ရဲ့ ရာသီဥတုနှင့် လိုက်ဖက်တဲ့ အစားအစာမီနူးလေးတွေပါ ရတာကို တွေ့ရပါတယ်။

ကျွန်တော်ကတော့ Dirty Coffee နှင့် Toast တွေကို စမ်းစားကြည့်ဖြစ်ခဲ့ပြီး သူတို့ Food Tasting လုပ်နေတဲ့ အချိန်တွေတုန်းကလည်း ခေါက်ဆွဲမီနူးတွေကို ဝင်မြည်းကြည့်ခဲ့သေးတယ်ဗျာ့။

ကျွန်တော်သောက်ခဲ့တဲ့ Dirty Coffee လေးကတော့ ခါးခါးဆိမ့်ဆိမ့်လေးဆိုတော့ မေမြို့ရဲ့ ရာသီဥတုနှင့် အလိုက်ဖက်ဆုံးပဲပေါ့ဗျာ။

ဒါနှင့် အစားအသောက်တွေကိုလည်း မေမြို့နှင့် လိုက်ဖက်တာလေးတွေကို ရွေးပြီး ထည့်ထားတာမို့ ရောက်ဖြစ်တဲ့အခါ မြည်းစမ်းကြည့်ခဲ့ကြဖို့ ကျွန်တော်က ပြောချင်ပါတယ်ဗျာ့။

ဒါဖြင့် မေမြို့ရဲ့ လေနုအေးအေးလေးကို သူ့ဆိုင်လေးမှာထိုင်ရင်း ကော်ဖီတစ်ခွက်နှင့် တစိမ့်စိမ့် ခံစားကြည့်ခဲ့ကြပါအုန်းဗျာ့။

🏡 - Cafe Wheeler - MayMyo
📌 - လှည်းဘီးကြီးခြံ၊ ဒေလီယာမိုတယ်အနီး၊ ပြင်ဦးလွင်မြို့။
🧭 - 8:00 AM - 5:30 PM ( Daily )

Your Café Chronicles .|.

18/07/2026

𝙃𝙚𝙡𝙡𝙤 … 𝙃𝙖𝙫𝙚 𝙮𝙤𝙪 𝙝𝙖𝙙 𝙮𝙤𝙪𝙧 𝙘𝙪𝙥 𝙤𝙛 𝙘𝙤𝙛𝙛𝙚𝙚 𝙩𝙤𝙙𝙖𝙮 ..?

ကျွန်တော် ခရီးသွားရင်းနှင့် ထိုင်ဖြစ်ခဲ့တဲ့ ကော်ဖီဆိုင်တွေအကြောင်း သိရှိနိုင်ဖို့ Café Chronicles မှ ကြိုဆိုလိုက်ပါတယ် ခင်ဗျာ့ …။

𝘽𝙩𝙬 𝙄’𝙢 𝙣𝙤𝙬 𝙤𝙣 𝙏𝙞𝙠𝙏𝙤𝙠 𝙩𝙤𝙤 - 𝙨𝙚𝙚 𝙮𝙤𝙪 𝙩𝙝𝙚𝙧𝙚. ✨

05/05/2026

မန္တလေးမြို့အထွက် တောင်ပြုံးရွာအဝင်လေးမှာရှိတဲ့ ရွှေရေပန်းဥယျာဉ် ဆိုတာလေးထဲမှာ Chun Coffee ဆိုင်လေး ရှိတယ်။

Your Café Chronicles .|.

နွေဦးမှာ လေရူးပွေတော့ ကော်ဖီကောင်းကောင်းလေး လိုပြီလေ။အခုလို နွေဦးကာလနှင့် အလိုက်ဖက်ဆုံးကတော့ ပန်းရနံ့လေးသင်းနေတဲ့ Specia...
29/03/2026

နွေဦးမှာ လေရူးပွေတော့ ကော်ဖီကောင်းကောင်းလေး လိုပြီလေ။

အခုလို နွေဦးကာလနှင့် အလိုက်ဖက်ဆုံးကတော့ ပန်းရနံ့လေးသင်းနေတဲ့ Speciality Coffee Beans ကို ရွေးချယ်သောက်သုံးခြင်းပေါ့။

ဒါကြောင့်ကျွန်တော်ကတော့ What’s Up Cafe - 41st Branch မှာ Ethiopia Beans ထဲက Geisha Washed ရဲ့ ပန်းရနံ့လေးသင်းနေတဲ့ Hand Drip ကောင်းကောင်းလေး သောက်ဖြစ်ရင်း နွေဦးရဲ့ တစ်နေ့တာကို ခံစားကြည့်ဖြစ်ခဲ့ပါတယ်ဗျာ့။

Address

No. 300, Thein Phyu Road (Middle Block), Botahtaung Township,
Yangon

Website

Alerts

Be the first to know and let us send you an email when Café Chronicles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share