Jiptoo

Jiptoo ကဗျာတွေ ပွင့်လင်းစွာခံစားရင်း
ဘဝကို ပျော်ရွှင်စွာနေကြမယ်။

ဒုက္ခဆင်းရဲတွေ များလွန်းနေတဲ့အချိန်မှာ ငါတွေးမိတဲ့အတွေးက"""နင်မရှိတာ ပိုကောင်းတယ်။"""
16/09/2024

ဒုက္ခဆင်းရဲတွေ များလွန်းနေတဲ့အချိန်မှာ
ငါတွေးမိတဲ့အတွေးက

"""နင်မရှိတာ ပိုကောင်းတယ်။"""

မောင်ရေဒီနေ့ ကျွန်မလေ အများမြင်သာအောင် အများကြီးရယ်မယ်နော်ရင်ထဲမှာ ဝမ်းနည်းခြင်းတွေ က အနည်ကျကျောက် ဒါမှမဟုတ် အသွင်ပြောင်...
03/08/2024

မောင်ရေ
ဒီနေ့ ကျွန်မလေ အများမြင်သာအောင် အများကြီးရယ်မယ်နော်
ရင်ထဲမှာ ဝမ်းနည်းခြင်းတွေ က အနည်ကျကျောက် ဒါမှမဟုတ် အသွင်ပြောင်းကျောက် ဖြစ်နေရင်တောင်မှပေါ့

ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ (မဖတ်အားသေးရင် Share ထားပါ။)မနက်ရ...
28/04/2024

ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ (မဖတ်အားသေးရင် Share ထားပါ။)

မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting. Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အများအပြားဝင်ရောက်လာသလို ပြည်တွင်းနဲ့ပြည်ပအခြေစိုက်ကုမ္ပဏီအများစုမှာ နိုင်ငံတကာကကျွမ်းကျင်သူတွေကို ငှားရမ်းခန့်အပ်လာတာကိုတွေ့ရပါတယ်။ နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်းအသုံးပြုတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသုံးပြုရပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ရတဲ့အခါမှာ သူ့နဲ့ပြောဆိုနိုင်ဖို့လည်းအရေးကြီးသလို သူပြောသမျှနဲ့ရေးသမျှအကြောင်းအရာတွေကိုလည်း နားလည်နိုင်ဖို့လိုပါတယ်။

နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ ကုမ္ပဏီအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာလည်း အချိန်တိုတိုအတွင်းမှာလျင်လျင်မြန်မြန်ပေးပို့နိုင်တဲ့ အီးမေးလ်နဲ့ စာတိုပေးပို့စနစ်တွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ တကယ်လို့မြန်း ကိုယ့်ရဲ့နိုင်ငံခြားသားအထက်လူကြီးက သူ့ရဲ့မက်ဆေ့ခ်ျတွေနဲ့ အီးမေးတွေထဲမှာ အတိုကောက်စာလုံးတွေကိုထည့်ပြီး သုံးလာခဲ့လျှင် သူပြောချင်တဲ့အကြောင်းအရာတွေကို အပြည့်အဝနားလည်ဖို့ အဲဒီစကားလုံးတွေကိုနားလည်ဖို့လိုပါတယ်။ မဟုတ်လျှင် တချို့အရေးကြီးတဲ့အချက်တွေကို ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး အတိုကောက်စကားလုံးတွေကို အသုံးပြုတဲ့အခါမှာ လျင်မြန်တဲ့ဆက်သွယ်ရေးသားမှုတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။

1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)

2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)

3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)

4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)

5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)

6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)

7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")

8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)

9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)

10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)

11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to ### as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)

12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)

13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)

14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)

15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)

16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)

17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)

18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)

19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)

20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)

21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)

22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)

အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။
Save for me

မနေ့က ြဖစ်သည်။🥰🥰🥰မောင်...ကျွန်မဆီလာတယ်နော်ဝမ်းသာလိုက်တာမောင်ရယ်ကျွန်မ အရမ်းလွမ်းနေမှန်းသိလို့ လာတာလားဟင်မောင်မောင်...မော...
06/04/2024

မနေ့က ြဖစ်သည်။
🥰🥰🥰
မောင်...ကျွန်မဆီလာတယ်နော်
ဝမ်းသာလိုက်တာမောင်ရယ်
ကျွန်မ အရမ်းလွမ်းနေမှန်းသိလို့ လာတာလားဟင်မောင်
မောင်...
မောင်...
မောင်...
ဟင်.....မောင်က စကားလည်းမပြောဘူး
မောင်...
မောင်လို့...
အို...ကျွန်မ ဆက်တိုက်ဆိုသလို မောင့်ကိုခေါ်ရင်း အသိဝင်လာခဲ့သည်။
ကျွန်မ အိပ်မက် မက်နေတာပါလား....
ဘာပဲဖြစ်ဖြစ် မနေ့ကကော ဒီနေ့ပါ ကျွန်မ တအားစိတ်ပျော်နေသည်။
မောင့်ကိုတွေ့လိုက်ရသည်လေ...
JIPTOO(6-4-2024)

April fool ရေတစ်ပါးသူ ရူးမှ ကိုယ်ပျော်ရမယ်ဆိုကိုယ်ရူးပြီးပဲ တစ်ပါးသူ ပျော်ပါစေတော့..                   JIPTOO (1-4-2016)
01/04/2024

April fool ရေ
တစ်ပါးသူ ရူးမှ ကိုယ်ပျော်ရမယ်ဆို
ကိုယ်ရူးပြီးပဲ တစ်ပါးသူ ပျော်ပါစေတော့..
JIPTOO (1-4-2016)

ခုချိန် အချိန်ဆိုတာကို စိတ်တိုင်းကျ ‌ပိုင်းခြားလို့ရရင်ဖေရယ်မေရယ်နင်ရယ် ကိုကျန်နေသေးတဲ့ ငါ့အသက်တမ်း အညီအမျှခွဲဝေလို့ပေးခ...
27/03/2024

ခုချိန် အချိန်ဆိုတာကို စိတ်တိုင်းကျ ‌ပိုင်းခြားလို့ရရင်
ဖေရယ်
မေရယ်
နင်ရယ် ကို
ကျန်နေသေးတဲ့ ငါ့အသက်တမ်း အညီအမျှခွဲဝေလို့ပေးချင်တယ်။
အသက်တမ်းကုန်တဲ့အခါ အတူတူ ဘဝကူးချင်လို့...
JIPTOO(27-3-24)

24/03/2024

တချို့သူတွေက ပြောတယ်
ငါ နင့်ကို မေ့နိုင်ပြီတဲ့...

မငိုဖြစ်ဘဲ ကြိတ်မှိတ်မျိုချထားခဲ့ရတဲ့ ငါ့မျက်ရည်တွေ ကျောက်ဖြစ်နေပြီဆိုတာ မရှင်းပြချင်တော့ဘူး

ပျော်ပါသူငယ်ချင်းစိတ်လွတ်ကိုယ်လွတ်ပျော်ရတာ ကောင်းတယ်မဟုတ်လားကိုယ့်ကုသိုလ်နဲ့ကိုယ် ပျော်ရတာလေနော့ကုသိုလ်နည်းတဲ့သူတို့ သူတ...
23/03/2024

ပျော်ပါသူငယ်ချင်း
စိတ်လွတ်ကိုယ်လွတ်ပျော်ရတာ ကောင်းတယ်မဟုတ်လား
ကိုယ့်ကုသိုလ်နဲ့ကိုယ် ပျော်ရတာလေနော့
ကုသိုလ်နည်းတဲ့သူတို့
သူတို့ထိုက်နဲ့သူတို့ရှိပါစေ။

ပျော်ပါသူငယ်ချင်း
ပျော်ခွင့်မရှိတဲ့သူတွေအတွက်ပါ
အတိုးချပြီးပျော်ပေးလိုက်စမ်းပါ ။
သူတို့လေးတွေ မင်းတို့ပျော်နေတာကြည့်ပြီး ရင်ထဲထိရှကြပါစေ။

ပျော်ပါသူငယ်ချင်း
စားကောင်းသောက်ဖွယ်အစုံအလင်ကို ရွေးချယ်ပြီး စိတ်တိုင်းကျမှစားပါ။
မနက်ညစာ ဘာမှန်းမသိတဲ့သူတို့တွေ မုဒိတာပွားနိုင်ကြပါစေ။

‌ေပျာ်ပါသူငယ်ချင်း
အမိအဘမောင်နှမတွေနဲ့ လုံလုံခြုံခြုံ နွေးနွေးထွေးထွေး
နေစရာမရှိတော့ဘဲ မိသားစု‌ေတွဘယ်ရောက်လို့ ဘယ်နှယောက်ကျန်မှန်း မသိရတဲ့သူတို့အတွက်
စာနာ‌ပေးစရာမလိုဘူး
ကိုယ့်မိသားစုမှမဟုတ်တာလေ

ပျော်ပါသူငယ်ချင်း
မင်းတို့ဒီလိုပျော်ရဖို့ အုတ်တစ်ချပ်သဲတစ်ပွင့်လေးတွေ
အများကြီး အများကြီး စတေးခံပေးထားတယ်။
မင်းတို့ပျော်နေတာကြည့်ပြီး သူတို့လေးတွေ ဝမ်းသာပေးနေကြမှာပါ။
မြေမှာကြွေတဲ့ကြယ်လေးတွေက
မင်းတို့ကမ္ဘာကြီးလှစေဖို့ ဆက်လင်းပေးနေဦးမှာပါ။
ပျော်ပါသူငယ်ချင်း

22/12/2023

. #သူ့အလိုလို_ဖယ်သွားကြမှာပါ

စိတ်ကောင်းနဲ့နေပါ
မတန်သူတွေ ကွင်းသွားလိမ့်မယ် ။

အကျိုးလိုလားတဲ့မေတ္တာနဲ့နေပါ
ဒေါသကြီးသူတွေ ထွက်သွားလိမ့်မယ် ။

၀မ်းသာတတ်မှုနဲ့နေပါ
မနာလိုတဲ့သူတွေ ဖယ်သွားလိမ့်မယ် ။

ရိုးသားစွာနဲ့နေပါ
ညစ်ပတ်တဲ့သူတွေ ကင်းသွားလိမ့်မယ် ။

သစ္စာတရားနဲ့နေပါ
မမှန်ကန်တဲ့သူတွေ ရှင်းသွားလိမ့်မယ် ။

တန်ဖိုးရှိအောင်နေပါ
တန်ဖိုးသိသူတွေ ရောက်လာလိမ့်မယ် ။

တစ်ယောက်နှင့်တစ်ယောက်ဟာ
ဓါတ်မတည့်ရင် ပေါင်းမရသလို
စိတ်မတည့်ရင်လည်း တွဲလို့မရပါဘူး ။

ကိုယ်သာ ကောင်းနေမယ်ဆိုရင်
မကောင်းတဲ့သူတွေဟာ
အလိုလိုမခံနိုင်ပဲဘေးရောက်သွားမှာပါ ။
#သာရဂဝေသီ
Via Nay Win

21/12/2023

လူ့အခွင့်အရေးကြေငြာစာတမ်းပါ အချက်များ
။။။။။။။။။။။။။။။။။။။။။။။။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်းရသင့်ရထိုက်သော ခံစားထိုက်သောအခွင့်အရေးများကိုလူ့အခွင့်အရေးကြေညာ စာတမ်းဖြစ်အတည်ပြုကြေညာခဲ့သည်။
ယင်းကြေညာစာတမ်းပါအချက်များကိုလေးစားလိုက်နာရန်၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား လုံးကိုဖြန့်ဝေ၍ သက်ဆိုင်ရာနိုင်ငံသူနိုင်ငံသားများသိရှိစေရန်စာသင်ကျောင်းများ၊ပညာရေးအဖွဲ့အစည်းများ တွင်ထင်ရှားသိသာမြင်တွေ့စေရန်ထပ်ဆင့်ဖြန့်ဝေခိုင်းသည်။
လူသားတိုင်းခံစားနိုင်သည့် အခြေခံလူ့အခွင့်အရေးများကိုဖော်ထုတ်အတည်ပြုခဲ့သည့်ဒီဇင်ဘာ၁၀ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အဆိုပါလူ့အခွင့်အရေးကြေညာစာတမ်းတွင်အချက်ပေါင်း၃၀ပါရှိသည်။ ယင်းအချက်သုံးဆယ်မှာအောက်ပါအတိုင်းဖြစ်သည်။
1. လူတိုင်းမွေးဖွားလာကတည်းကတူညီသောလူ့ဂုဏ်သိက္ခာနှင့်အခွင့်အရေးရှိသည်။
2. လူတိုင်းအသားအရောင်လိင်ကိုးကွယ်သည့်ဘာသာကျားမမရွေးတန်းတူညီမျှဖြစ်သည်။
3. လူတိုင်းအသက်ရှင်ခွင့်လုံခြုံခွင့်ရှိသည်။
4. မည်သူ့ကိုမှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။
5. မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း မရှိစေရ။
6. လူတိုင်း တရားဥပဒေရှေ့တွင်လူသားကဲ့သို့ဆက်ဆံခံရမည်။
7. လူတိုင်းတရားဥပဒေရှေ့မှောက်တွင်တန်းတူဖြစ်သည်။ ကျောသားရင်သားမခွဲခြားရ။
8. အခွင့်အရေးချိုးဖောက်ခံရပါကဥပဒေအကူအညီယူခွင့်ရှိသည်။
9. မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။
10. လူတိုင်းမျှတသောတရားစီရင်မှုခံခွင့်ရှိသည်။ လူအများကြားနာနိုင်သောတရားရုံးဖြစ်ရမည်။
11. အပြစ်ရှိသည်ဟုခိုင်လုံသောအထောက်အထားမရှိမချင်းထိုသူသည်အပြစ်မရှိ။
12. မကောင်းသောရည်ရွယ်ချက်ဖြင့်အခြားသူ၏စာများဖောက်ခြင်းအိမ်အတွင်းဝင်ခြင်းမပြုရ။
13. လူတိုင်းမိမိတိုင်းပြည်အတွင်း လွပ်လပ်စာ သွားလာခွင့်ရှိသည်။
14. မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနိုင်သည်။
15. လူတိုင်းနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
16. အရွယ်ရောက်ပြီးသော ကျားမတိုင်း မိမိဆန္ဒဖြင့် လက်ထပ်ခွင့် အိမ်ထောင်ထူထောင်ခွင့်ရှိသည်။
17. လူတိုင်းကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။
18. လူတိုင်းလွပ်လပ်စွာကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားဘာသာသို့ ကူးပြောင်းနိုင်သည်။
19. လူတိုင်းလွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်။
20. လူတိုင်းငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသောအဖွဲ့များသို့ လွပ်လပ်စွာ ဝင်ခွင့်ရှိသည်။
21. လူတိုင်းမိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့်ရွေးချယ်ပိုင်ခွင့်ရှိသည်။
22. လူတိုင်း လူမှုဘဝဖူလုံရေး ခံစားခွင့်ရှိသည်။
23. လူတိုင်းသင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်အလုပ်သမားသမဂ္ဂများသို့ ဝင်ရောက်ခွင့်ရှိ သည်။
24. လူတိုင်းအပန်းဖြေအနားယူခွင့်ရှိသည်။
25. လူတိုင်းလုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်။
26. လူတိုင်းပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့သင်ခွင့်ရှိသည်။
27. လူတိုင်းမိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင်ပါဝင်ပိုင်ခွင့်ရှိသည်။
28. လူတိုင်းဤစာတမ်းပါအခွင့်အရေးများကိုလေးစားရမည်။
29. လူတိုင်းအခြားသူများ၏အခွင့်အရေးကိုလေးစားရမည်။
30. ဤစာတမ်းပါအခွင့်အရေးများကိုမည်သူမှမချိုးဖောက်ရ။
crdtooriginal

စိတ်ဓာတ်တွေ ဖရိုဖရဲဖြစ်တိုင်း နင့်ကို တောင့်တမိတတ်တဲ့အကျင့်လေး ငါ ဘယ်လို ဖြေဖျောက်ရမလဲဟင်                JIPTOO (9-12-20...
09/12/2023

စိတ်ဓာတ်တွေ ဖရိုဖရဲဖြစ်တိုင်း
နင့်ကို တောင့်တမိတတ်တဲ့အကျင့်လေး
ငါ ဘယ်လို ဖြေဖျောက်ရမလဲဟင်
JIPTOO (9-12-2023)

နင်ရယ် ငါရယ် ပိုက်ဆံတွေစုပြီး မြန်မာပြည်အနှံ့ ခရီးထွက်လို့ မရောက်ဖူးတဲ့မြို့မရှိအောင် သွားကြဖို့အစီအစဉ်တွေ အတူချခဲ့တာလေခ...
07/12/2023

နင်ရယ် ငါရယ်
ပိုက်ဆံတွေစုပြီး
မြန်မာပြည်အနှံ့ ခရီးထွက်လို့
မရောက်ဖူးတဲ့မြို့မရှိအောင် သွားကြဖို့
အစီအစဉ်တွေ အတူချခဲ့တာလေ
ခုတော့ဟယ်...
နင်... ဘာလို့ ငါ့ကိုထားပြီး ခရီးအရင်ထွက်သွားခဲ့ရတာလဲ
ငါလိုက်ခဲ့ဖို့ အဆင်မပြေတဲ့နေရာကိုမှ နင် ထွက်သွားရက်တယ်...
ငါလာတဲ့အထိ နင် အဲ့နေရာက စောင့်နေပေးဖို့ ကတိ
ငါဘယ်လိုတောင်းရမလဲပြော...
JIPTOO (7-12-2023)

Address

Yangon

Telephone

+959453436655

Website

Alerts

Be the first to know and let us send you an email when Jiptoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jiptoo:

Share

Category