12/06/2025
သုံးပန်လှမင်းသမီးသင်္ချိုင်း ရှာဖွေရေးနဲ့ပတ်သက်လို့ တစ်ချို့ကလည်း ဒါကိုပြန်တူးဖော်တာဟာ အဓိပ္ပါယ်မရှိ တဲ့လုပ်ရပ်လိုထင်မြင်ကြပါတယ်၊ ဒီနေရာကိုပြန်လည်တူးဖော်ဖို့တာဝန်ပေးအပ်ခံရတော့ ရှိနေတဲ့အခြေအနေနဲ့ရလဒ်တွေကို အထက်ကိုပြန်လည်တင်ပြခဲ့တယ်၊ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းအဆောက်အုံတစ်ခု၊ ဒေသခံတွေရဲ့အစွဲအလန်းတစ်ခု၊ ရေကန်ကြီးလိုဖြစ်နေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ကိုတော့ ခုလိုပစ်ထားတာထက်စနစ်တကျပြန်လည်တူးဖော်ထိန်းသိမ်းသင့်ပါတယ် ။
ဒီနေရာက နာမည်ကြီးစွာ တည်ရှိနေတဲ့အစွဲအလန်းရှိနေလို့ လုပ်ငန်းအစမှာ အတော်လေးခက်ခဲခဲ့ပါတယ်၊ အလုပ်သမားကအစ တခြားရွာတွေကရှာဖွေရတယ်၊ ရွာခံများက ကြောက်လို့အနားတောင်မလာရဲကြပါဘူး၊ ဒီလိုနဲ့လုပ်ငန်းအရှိန်ရလာတဲ့အခါ ရွာခံတွေရဲ့ကူညီပူးပေါင်းမှုတွေရလာပါတယ်။
တူးဖော်သုတေသနပြုနေကြတဲ့မိမိဝန်ထမ်းများကိုကျန်းမာရေးဂရုစိုက်ဖို့လည်းမှာကြားရပါတယ် တော်ကြာဒါတူးလို့ဖြစ်မယ် ဆိုင်ကယ်စီးရင်တောင်ဖြေးဖြေးစီးကြပါဘာမှမဖြစ်စေနဲ့မှာထားရပါတယ် ၊ တစ်လလောက်ကြာလာတဲ့အခါ ဒေသခံတွေ အလုပ်ခွင်ထဲမှာ လာထိုင်၊ သူတို့အိမ်တွေကစားစရာလေးတွေလာပို့ကြနဲ့ အတော်လေးဟုတ်လာပါတယ်၊ သူတို့ကပြောသေးတယ် အရင်တုန်းက တူးတဲ့လူတွေလိုမဟုတ်ဘူး စနစ်တကျဖြေးဖြေးတူးတယ် အုတ်တွေကိုတစ်ယုတရကိုင်တွယ်တယ် မြေတွေကိုလည်းစနစ်တကျစွန့်ပစ်တယ်တဲ့
ခုမူလအတိုင်း ပြန်လည်ထိန်းသိမ်းပေးတော့သူတို့ပျော်ကြတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရေကန်ကြီးလိုဖြစ်နေတဲ့ဒီလိုနေရာမှာ တစ်နှစ်တစ်ခါ အခမ်းအနားကျင်းပကြသတဲ့ ကျင်းပပုံကတော့ ဘုန်းကြီးတွေပင့်ဖိတ် ရှိတဲ့နေရာရေကန်ဘောင်ကျဉ်းကျဉ်းလေးမှာ သုံးပန်လှမင်းသမီးအတွက်အမျှဝေ ရေစက်ချ လူတွေကိုကျွေးမွေးအလှူအတန်းလုပ်ကြသတဲ့ ခုလို သပ်သပ်ရပ်ရပ်လေးပြန်လုပ်ပေးတော့ ဌာနကိုကျေးဇူးတင်ကြောင်းလည်းဆိုလာပါတယ် ။
တကယ်တော့ဒီနေရာကရာဇဝင်သမိုင်းထဲမှာတော့ အင်မတန်မှနားထောင်လို့ကောင်းတဲ့အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပါ၊ လွမ်းဆွတ်၊ ပူဆွေးကြေကွဲခဲ့ရတဲ့မင်းသမီးတစ်ပါးအကြောင်းပေါ့၊ လှလွန်းလို့ဒီလိုတွေဖြစ်ခဲ့ရ၊ အထင်လွဲသူဘုရင်ကိုဒီလောက်အယုံလွယ်ရလားစောဒကလည်းတက်ကြည့်မိတယ်၊ တကယ်ဆို ဒီသရေခေတ္တရာတံခါးပေါက်တွေက လှည်း၂စီးရှောင်ပြီးဝင်လို့ရပါတယ်၊ လုလင်ကျော်တံခါးပေါက်ကလွဲရင်ပေါ့ ၊ ဂုန်းချောသူတွေက ဒီမင်းသမီးရုပ်ဆိုးပြီးဝလွန်းလို့ အဝင်တံခါးနဲ့တောင်မဆန့်လို့ဝင်မရဘူးတဲ့၊ဒါကိုယုံစရာလား ဒီလောက်တောင်အရသလား ။
သရေခေတ္တရာကိုကြည့်ပါ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သူဘုရင်များနာလဘိန်းတုန်းတွေမဟုတ်ခဲ့ပါလေ၊ မြို့တည်ခဲ့တဲ့အင်ဂျင်နီယာစနစ်ကိုကြည့်မလား၊ အဆောက်အုံတွေရဲ့ဗိသုကာလက်ရာကိုကြည့်မလား၊ မိုးမှာပျံလွှင့်ပြီးနှစ်နှစ်ထောင်တိုင်တိုင်မြေပေါ်မှာတည့်မတ်နေအောင်တည်ထားခဲ့နိုင်တဲ့စေတီကြီးတွေရဲ့အလှူ့ဒါယကာညဏ်ပညာအတိမ်အနက်ကိုကြည့်မလား ၊ ဘာသာဓလေ့နဲ့ပတ်သက်လို့ရုပ်ထုရုပ်ကြွနဲ့ သချိုင်းကအစ စနစ်တကျရှိခဲ့ကြတဲ့မင်းတွေပါ၊ ရေသွင်းရေထုတ်စနစ်တွေအင်မတန်ကျွမ်းကျင်ပြီး ခုခေတ်ရှေးဟောင်းပညာရှင်တွေမပြီးနိုင်တဲ့သုတေသနတွေပြုလုပ်နေရဆဲ ဒီဘုရင်တွေရဲ့ကြိုးစားအားထုတ်မှုကြံရည်ဖန်ရည်တွေအကြောင်းပြုလို့ယနေ့ကမ္ဘာကတောင်အသိအမှတ်ပြုကမ္ဘာ့အမွေအနှစ်ပေးထားရတဲ့မြေပါ ။
ရှေးဟောင်းသုတေသနလုပ်ငန်းတွေဟာ အိုးခြမ်းကွဲကစလို့ရွှေ၊ငွေ၊ကျောက်၊ ကြေး သံ စတဲ့ယဉ်ကျေးမှုပစ္စည်းမှန်သမျှဟာ ဒေသတစ်ခုရဲ့ရှေးဟောင်းသုတေသနတန်ဖိုးတွေကြီးပါပဲ ၊ အဲ့ဒီအထဲမှာရှေးဟောင်းသုတေသီများအဖို့အမက်မောဆုံးကတော့ အိုးခြမ်းကွဲပါ၊ ပြီးမှ ကျောက်စာ၊ အိုခြမ်းကွဲကိုဘာလို့မက်မောရသလဲ ရှင်းပါတယ် လူမှုအဖွဲ့အစည်းတစ်ခုရဲ့အသုံးပြုပြီး အသုံးမကျတော့တဲ့ပစ္စည်းအကျိုးအပဲ့များကို သူတို့ပြောင်းရွှေ့သွားကြတဲ့အခါ ရွှေငွေကျောက်သံပတ္တမြားတွေလို သယ်ဆောင်သွားလေ့မရှိပါဘူးဒါကြောင့် လူမှုအဖွဲ့အစည်းတစ်ခုကိုအလွယ်ချဉ်းကပ်သုံးသပ်နိုင်ဖို့သူတို့ပစ်ထားခဲ့ကြတဲ့အိုးခြမ်းကွဲတွေကပဲသူတို့အကြောင်းကိုပြောပြကြတာပါ၊သိရှိကြရတာပါ ။
ရှေးဟောင်းသုတေသနသမားအဖို့ဘာရဖို့ညာရဖို့ဦးတည်ပြီးမတူးဖော်ပါဘူး ရှေးဟောင်းမြေလွှာတွေဟာရှေးဟောင်းသုတေသနသမားတစ်ယောက်အတွက်တန်ဖိုးရှိနေတာပါပဲ၊ ဒါကိုနားလည်စေချင်တယ် နေရာတစ်ခုကိုဘာကြောင့်ပဲတူးဖော်တူးဖော် သူ့နေရာ သူ့မြေလွှာဖွဲ့စည်းမှု သူ့တွေ့ရှိမှုအထောက်အထားများဟာ နိုင်ငံတစ်ခုအတွက် ဒေသတစ်ခုအတွက် လူမျိုးတစ်မျိုးအတွက် ယဉ်ကျေးမှုဖြစ်စဉ်တွေကို ကွက်လပ်ဖြည့်ပေးနေတာပါပဲ ။
တကယ်တော့သုံးပန်လှမင်းသမီးရှိခြင်းမရှိခြင်းကဒီလောက်အရေးမပါပါဘူး ဒီသုတေသနပြုမှုက ပျူခေတ်ယဉ်ကျေးမှုဖြစ်စဉ်ရဲ့ အစောပိုင်း အလယ်ပိုင်း နောက်ပိုင်းတွေကိုဘယ်လောက်များကွက်လပ်ဖြည့်ပေးနိုင်မလဲသာသုတေသနသဘောတွေးဆဖို့လိုပါတယ် ။
ရှေးဟောင်းသုတေသနရဲ့တူးဖော်သုတေသနပြုမှု ပရိုစီဂျာအဆင့်ဆင့်ကိုလည်း တူးဖော်သုတေသနပြုနေတဲ့အဖွဲ့က အခက်အခဲမရှိတစ်ဆင့်ပြီးတစ်ဆင့် တစ်လွှာပြီးတစ်လွှာ စနစ်တကျမှတ်တမ်းယူဖယ်ရှားခဲ့ပြီး ၅မီတာကျင်းကွက်များဖွဲ့ကာ ၄မီတာပတ်လည်တူးဖော်သုတေသနပြုပါတယ်၊ ကျင်းဘောင်အနေနဲ့တော့တစ်ဖက်၅၀စင်တီမီတာရှိတာကြောင့်၅မီတာ၂ကွက်ပေါင်းရင် မြေသားဘောင်တစ်မီတာကျန်ပါတယ် ဒီဘောင်တွေပေါ်က peg တိုင်များဟာ ရည်ညွှန်းပက်တိုင်တွေပါ တိုင်တစ်ခုခြင်းဆီမှာ ကျင်းကွက်နံပါတ်တွေကပ်ထားပါတယ် သက်ဆိုင်ရာကျင်းကွက်တွေမှာ အဆောက်အုံသို့မဟုတ်ပစ္စည်းတွေ့ရှိခဲ့လျင်ဒီရည်ညွှန်းတိုင်တွေကနေ မြေအနက် တွေ့ရှိရာမြေလွှာ ရည်ညွှန်းတိုင်ကနေဒီဂရီဒေါင့်ချိုးစသဖြင့် မှတ်တမ်းယူရပါတယ်။
ယခုတူးဖော်ရတဲ့ကုန်းကတော့အကြိမ်ကြိမ်တူးဖော်ခြင်းခံထားရလို့ မြေလွှာဖြစ်စဉ်တွေအတော်ဆုံးရှုံးနေရပါပြီ အောက်ဆုံးကမြေ အပေါ်ဆုံးရောက်၊ အပေါ်ဆုံးကမြေအောက်ဆုံးရောက် ရေပြင်ညီlevelingတွေလည်းမမှန်ကန်တော့ ဒါကြောင့်တူးဖော်သုတေသနပြုရတာထင်တာထက်ခက်ခဲပါတယ် ၊ ဒါ့ပြင်အခက်အခဲနောက်တစ်ခုက နွေစပါးအတွက် ရေသွင်းမြောင်းက တူးဖော်သုတေသနကုန်းရဲ့နဘေးက ကပ်ထွက်သွားတာပါပဲ ဒါကြောင့်ကျင်းကွက်တွေထဲရေစိမ့်ဝင်နေလို့မြေလွှာဖြစ်စဉ်တွေကို ကောင်းကောင်းဖတ်မရပါဘူး ရှားရှားပါးပါးကြွင်းကျန်နေတဲ့အဆောက်အအုံပန္နက်ရဲ့တောင်ဘက်ဘေးကပ်လျက်ကျင်းကွက်နှစ်ကွက်မှာ တူးဖော်မှုကုန်းရဲ့ဒေါင်လိုက်စံညွှန်းအမှတ် verticals datum ကနေ ၁၆၀စင်တီမီတာမှာ ယခင်တူးဖော်ကြတုန်းက မတူးမိပဲကျန်နေရစ်တဲ့မြေလွှာလေးကျန်နေပါတယ် ဒီအလွှာလေးကို တူးဖော်ဖို့အားခဲထားပေမယ့် ရေကဝင်လာတဲ့အတွက် ဆည်မြောင်းကိုရေခနပိတ် ကုန်းဘေးရေမြောင်းတစ်လျောက် တုတ်ရိုက်ပြီးမှ ဆက်တူးဖို့အစဉ်ပြေမှာဖြစ်ပါတယ်။
ကြွင်းကျန်ရစ်တဲ့အဆောက်အုံပန္နက်က အပြင်ဘက်ပိုင်းဟာ ရွံ့ဗွက်ထဲကျနေလို့ သူ့ရဲ့ main frame ကို ဖြေးဖြေးချဉ်းကပ်နေရပါတယ် စိတ်ဝင်စားစရာကောင်းတာက ခိုနန်းချိုးတွေစတွေ့လာတာပါပဲ ဘေးနံရံကို အုတ်စီစနစ်က အတည့်တောက်လျောက်မစီပဲအတိုးအ ဆုတ် လေးလက်မ စနစ်နဲ့ စီထားတာပါပဲ သုံးထားတဲ့အုတ်အရွယ်အစားက ပျူခေတ်နှောင်းပိုင်း အုတ်တွေ ဒီလိုအုတ်တွေကိုသရေခေတ္တရာရဲ့ လေးမျက်နှာ ဘဲဘဲ ဘုရားထောင် တူးဖော်မှုကုန်းအမှတ် ရဟန္တာတံခါးက HMA 61 တို့မှာအသုံးပြုထားတဲ့အုတ်အရွယ်အစားတွေပါပဲ၊ ပိုထူးခြားတာက တည်ဆောက်ပုံဗိသုကာစနစ် patten of constructions မှာ အတွင်းပိုင်းထူးခြားမှုအနေနဲ့ အတွင်းပန္နက်စနစ် ဟာ အဝိုင်းပုံဖြစ်နေတာပါပဲ ။
သရေခေတ္တရာက ဘဲဘဲဂူဘုရား အရှေ့စျေးဂူဘုရားတွေဟာ အာရုံခံမရှိပဲအတွင်းလိုဏ်ဂူစနစ်နဲ့ ပလ္လင်ထည့်သွင်းပြီး အလင်းရောင်အတွက် အုတ်ဇာကွက်ပြူတင်းတွေနဲ့တည်ဆောက်ထားကြပါတယ်၊ ယခုတွေ့ရှိရတဲ့အဆောက်အုံပန္နက်ကတော့ အပြင်မှာခိုနန်းချိုး အာရုံခံလို မပါဝင်ပေမယ့် အပြင်ဘက်ကိုအစထွက်နေတဲ့ဝင်ပေါက်လို ပန္နက်ပါရှိပြီးအတွင်းပိုင်းကတော့သိသိသာသာကို အဝိုင်းပုံတည်ဆောက်ထားပါတယ်။
သရေခေတ္တရာရဲ့နောက်ပိုင်းကာလတွေမှာတည်ဆောက်လေ့ရှိတဲ့ဂူဘုရားတွေနဲ့နှိုင်းယှဉ်ရင်အပြင်ဘက်တည်ဆောက်မှု အုတ်အရွယ်အစားအသုံးပြုမှုတူညီနေပေမယ့် အတွင်းလိုဏ်ဂူကတော့အတော်လေးကွဲပြားပါတယ် ၊ ဒါဘာကြောင့်ပါလဲ သရေခေတ္တရာရဲ့ဘုရားထောင်ဘုရားအရိုးအိုးရရှိခဲ့ရာ တူးဖော်မှုကုန်းအမှတ် HMA-31ကိုလေ့လာတဲ့အခါ စေတီပုံစံပန္နက်အတွင်း အဝိုင်းပုံပြုလုပ်ပြီး ဒီအဝိုင်းအခန်းအတွင်းမှာ ပျူစာလုံးတစ်ထောင်ကျော်ပါ အရိုးအိုးကြီးကိုထည့်သွင်းမြုပ်နှံခဲ့တယ်မဟုတ်လား ဒါကြောင့်ယခုတွေ့ရှာပန္နက်ရဲ့အတွင်းပိုင်းတည်ဆောက်မှုကလည်း အဝိုင်းဖြစ်နေတဲ့အတွက် ဒီအခန်းဟာ ကျောက်အရိုးအိုးကြီးများမြုပ်နှံထားရှိခဲ့လေသလား ရာဇဝင်ထဲမှာတော့ ရွှေခေါင်းတလားနဲ့ဆိုပေမယ့် ပျူခေတ်ရဲ့သဂြိုလ်မြုပ်နှံမှုစနစ်ဟာ ကျောက်အရိုးအိုး မြေအရိုးအိုးတို့သာအသုံးပြုခဲ့ကြသည့်အတွက် ရှိခဲ့လျင်တောင်မှ ကျောက်အရိုးအိုးသာလျင်ရှိနိုင်ပါတယ် ။
ဒီနေရာမှာ အဆောက်အုံပန္နက်တွေ့ရှိချက် ဆက်စပ်တွေးခေါ်မှု typology အရဆိုလျင်တော့ ဂူပုထိုးထက် ဂူသချိုင်းဖြစ်ဖို့တော့များတယ်လို့ဆိုရမှာဖြစ်ပါတယ်၊ ယခင်တူးဖော်ခဲ့ကြစဉ်က လူဦးခေါင်းခွံရိုးတွေတွေ့ခဲ့ကြတယ်လို့ဆိုပါတယ်၊ ဒီအထောက်အထားကို တန်ဖိုးရှိမှန်းမသိ အလျှင်အမြန်ဖယ်ရှားခဲ့ကြပြီး အတွင်းက ပစ္စည်းတွေ့လိုမှုနဲ့သာဦးစားပေးခဲ့ကြလို့ ယခုလိုစနစ်တကျပြန်လည်တူးဖော်ရတဲ့အခါ မြေလွှာတွေကပေးတဲ့သဲလွန်စအထောက်အထားများဟာဆုံးရှုံးခဲ့ရပါတယ် ။
ရှေးဟောင်းသုတေသနတူးဖော်မှုလုပ်ငန်းမှာ မြေလွှာကအသက်ပါပဲ မြေလွှာဖြစ်စဉ်တွေဆုံးရှုံးသွားခဲ့ရင် ပြန်လည်ဆက်စပ်တွေးခေါ်ဖို့ခက်ပါတယ် မိမိရဲ့တူးဖော်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့စိတ်ရှည် မှု တွေ့လာတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ပြီး ဒီအမွေအနှစ်ကိုစနစ်တကျ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
လူတွေမေးမြန်းနေကြတဲ့ မင်းသမီးရဲ့ သချိုင်းဟုတ်မဟုတ် စာပေအထောက်အထားတစ်စုံတစ်ရာမတွေ့ရှိရပေမယ့် တည်ဆာက်ထားခဲ့တဲ့ပုံစံဟာ ထူးခြားပါတယ် အဆောက်အုံရဲ့ဝင်ပေါက်တွေဟာအရှေ့အနောက်တန်းနေပြီး အလယ်ဗဟိုမှာ တစ်စုံတစ်ခုကို ထားရှိခဲ့ဟန်ပါပဲ ဒီအလယ်ဗဟိုအဝိုင်းကို ဝင်ပေါက်အကျယ် တွေနဲ့ လူတစ်ယောက် တစ်ပါတ်ပတ်ကြည့်နိုင်တဲ့အနေအထားကို စက်ဝိုင်းရဲ့ဗဟိုကနေ စံအမှတ်ယူတိုင်းတာကြည့်တာ သရေခေတ္တရာပြတိုက်အတွင်းပြသထားတဲ့ ကျောက်အရိုးတွေရဲ့အရွယ်အစားအတိုင်းအတာ ရှိကြောင်းတွေ့ရပါတယ်။
ဒါကြောင့် ဒီနေရာက ကျောက်အရိုးအိုးထားခဲ့ရင် ခေတ်အဆက်ဆက်ဘယ်များရောက်သွားသလဲ တွေးစရာပါ သုံးစွဲထားတဲ့အုတ်အရွယ်အစား အုတ်စီစနစ်ကတော့ ရာဇဝင်ထဲကလို ဒွတ္တဘောင်ခေတ်နဲ့အတော်လေးကွာခြားပါတယ် ၊ ဒါပေမယ့် နောက်တစ်ခေတ်မှ အထိန်းအမှတ်အဖြစ်ဒီနေရာကိုဒီလိုပုံစံလုပ်ခဲ့ကြတာလား ဥပမာ သရေခေတ္တရာက ဖိုးခေါင်ကန်ကျောက်ချပ်ကြီးတွေဟာ မူလနေရာကမဟုတ်ပါဘူး တူးဖော်တွေ့ရှိချိန်က သူနဲ့အတူတွေ့ရှိရတဲ့အုတ်အရွယ်အစားတွေဟာ ခေတ်နောက်ကျနေပါပြီ ဒီကျောက်ချပ်ကြီးတွေကိုပျူခေတ်နောက်ပိုင်းဆက်လက်ထိန်းသိမ်းခဲ့ကြပါတယ် ခုထိပါပဲ ခုဆို အုတ်အင်္ဂတေအဆောက်အုံကြီးနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း၃၀ကျော်ကထဲက နေရာရွှေ့ထိန်းသိမ်းခဲ့ကြပါတယ် ဒီလိုပါပဲ သုံးပန်လှအဆောက်အုံလည်း ရာဇဝင်နဲ့အသုံးပြုထားတဲ့အုတ်တွေနဲ့ခေတ်ကာလမကိုက်ညီတော့ပါ ဘူးအဝိုင်းအတွင်း ကျောက်အရိုးအိုးများနစ်မြုပ်နေမလား မြေအောက်သဘာဝမြေလွှာအထိ ရှာကြည့်ခဲ့ပါသေးတယ် တစ်စုံတစ်ရာမှမတွေ့ရှိတော့ပါ ဘာပဲဖြစ်ဖြစ် ဒေသခံတွေအတွက် နိုင်ငံအတွက် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုကိုစနစ်တကျဖော်ထုတ်ပေးခဲ့နိုင်ပါပြီ။
Credit - (U) Kyaw Myo Win
(ဆရာဦးကျော်မျိုးဝင်း၏ "သုံးပန်လှမင်းသမီးသင်္ချိုင်း ရှာပုံတော်" စာအုပ်ကို comment တွင်ဖော်ပြထားသော လင့်တွင်ဝင်ရောက် ဝယ်ယူနိုင်ပါတယ်)❝ သုံးပန်လှမင်းသမီးသင်္ချိုင်း ရှာပုံတော် ❞
(စာအုပ်ထုတ်ဝေပြီး)

(ဆရာဦးကျော်မျိုးဝင်း၏ "သုံးပန်လှမင်းသမီးသင်္ချိုင်း ရှာပုံတော်" စာအုပ်ကို comment တွင်ဖော်ပြထားသော လင့်တွင်ဝင်ရောက် ဝယ်ယူနိုင်ပါတယ်)