01/11/2022
ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲတော့မယ့် ပေါ့ဘာ
------------------------------------------------
Gamble responsibly (21+)
ငွေအရင်မသွင်းပဲ MMK 5000 တန်ဖိုးရှိ အခမဲ့အားကစားလောင်းခွင့်ဘောက်ချာကို ၁ ကြိမ် ရယူပြီးကစားကြည့်နိုင်ဖို့ လိဒ်စ်ယူနိုက်တက်ဘောလုံးအသင်းကြီး၏ စပွန်ဆာ ဖြစ်တဲ့ SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။
အကောင့်ဖွင့်ရန် - https://t.me/+LZ_7Mg_I7yo0OGM9
SBOTOP Viber - +639617722077
SBOTOP ဖေ့စ်ဘွတ်ပေ့ချ် - https://www.facebook.com/sbotop.mmr
ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ သူ့ရဲ့ ကလပ် ဖြစ်တဲ့ ဂျူဗင်တပ်စ် အတွက် လေ့ကျင့်ခန်း ဆင်းနေချိန်မှာ ကြွက်သား ဒဏ်ရာ ထပ်မံရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပဲ သေချာပေါက် လွဲချော်သွားခဲ့ပြီလို့ သိရပါတယ်။
ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ကလည်း အတည်ပြုပြောဆိုထားပြီး ဖြစ်လို့ ပြင်သစ် ကြယ်ပွင့် ကတော့ ဆိုးရွားတဲ့ ဘောလုံးရာသီ တစ်ခုနဲ့ ရင်ဆိုင်နေရပြီလို့ ပြောမယ် ဆိုရင်လည်း မမှားပါဘူး။
မန်ချက်စတာယူနိုက်တက် ကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ နောက်တစ်ကြိမ် ပြောင်းရွှေ့သွားတဲ့ ပေါ့ဘာ ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လအတန်ကြာ အနားယူခဲ့ရပါသေးတယ်။ အဲဒဏ်ရာက ပြန်ကောင်းလာခဲ့လို့ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေချိန်မှာ နောက်ထပ် ဒဏ်ရာ ထပ်ရခဲ့တာ ဖြစ်လို့ ဂျူဗီ အတွက်လည်း စိတ်ပျက်စရာ သတင်းဆိုး ဖြစ်ခဲ့ရပါတယ်။
ဒီရာသီမှာ ဂျူဗင်တပ်စ် အတွက်လည်း တစ်ပွဲမှ ပါဝင် ကစားပေးထားနိုင်ခြင်း မရှိသေးတဲ့ ပေါ့ဘာ အနေနဲ့ အခုလို ဒဏ်ရာ ထပ်မံ ရရှိသွားတဲ့ အတွက် ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ကလည်း နောက်ထပ် အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အန်ဂိုလို ကန်တေကို လက်လွှတ်ထားရချိန်မှာ ပေါ့ဘာ ကိုပါ ထပ်မံ ဆုံးရှုံးရတော့မှာ ဖြစ်လို့ နည်းပြ ဒက်စ်ရွှမ့် အတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါပြီ။
ပေါ့ဘာရဲ့ အေးဂျင့် ရာဖေးလ်ပီမန်တာ ကတော့ “သူက အမြန်ဆုံး ပြန်လာချင်နေပေမယ့် စိတ်ရှည် သည်းခံရဦးမှာပါ၊ ဒီလိုခက်ခဲတဲ့ အချိန်တွေမှာ သူ ပိုကြိုးစားရပါလိမ့်မယ်၊ သူ့အသင်းနဲ့ ပရိသတ်တွေ အတွက် ကွင်းထဲမှာ အကောင်းဆုံး ကစားပေးနိုင်ဖို့ သူ ကြိုးစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
Gamble responsibly (21+)
ငွေအရင်မသွင်းပဲ MMK 5000 တန်ဖိုးရှိ အခမဲ့အားကစားလောင်းခွင့်ဘောက်ချာကို ၁ ကြိမ် ရယူပြီးကစားကြည့်နိုင်ဖို့ လိဒ်စ်ယူနိုက်တက်ဘောလုံးအသင်းကြီး၏ စပွန်ဆာ ဖြစ်တဲ့ SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။
အကောင့်ဖွင့်ရန် - https://t.me/+987C1LmvlqswZTU1
SBOTOP Viber - +639617722077
SBOTOP ဖေ့စ်ဘွတ်ပေ့ချ် - https://www.facebook.com/sbotop.mmr