06/09/2025
Foodies Founder စားသောက်ကုန်လုပ်ငန်းတစ်ခု အိမ်ကနေ ဘယ်လိုစမလဲ "ကင်ချီ"
ဒီအပတ်မှာတော့ အများစု နှစ်သက်ကြတဲ့ ကင်ချီကို ဘေးကင်းအောင် ဘယ်လိုလုပ်စားကြမလဲ။ ကင်ချီထုတ်လုပ်ပြီးတော့ အိမ်ကနေပဲ စီးပွားရေးလေး ဘယ်လိုစတင်နိုင်မလဲဆိုတာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အခု လုပ်ပြပေးမယ့် ကင်ချီကိုတော့ မုန်ညင်းဖြူကို အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အားလုံးပဲ ဒီအခြေခံလုပ်နည်းလေးကို လိုက်ကြည့်ပြီး ကိုယ်လိုချင်တဲ့ ပုံစံ အရသာသစ်တွေကိုလည်း တီထွင်နိုင်ပါတယ်။
အခြေခံ ပါဝင်ပစ္စည်းများ
မုန်ညင်းဖြူ - ၅၀ ကျပ်သား
မုန်လာဥနီ - ၁၀ ကျပ်သား
မုန်လာဥဖြူ - ၁၀ ကျပ်သား
ကြက်သွန်ဖြူ - အမြွှာကြီးကြီး ၅ မြွှာ
ချင်း - လက်တစ်ဆစ်ခန့်
ငံပြာရည် - စားပွဲဇွန်း ၃ ဇွန်း
ငရုတ်သီးမှုန့် (မိုးမျှော်) - စားပွဲဇွန်း ၄ ဇွန်း
ဆန်းစိမ်းကော်မှုန့် - စားပွဲဇွန်း ၃ ဇွန်း
အပိုဆောင်း ထည့်နိုင်သည့်ပစ္စည်းများ
သစ်တော်သီး - တစ်ခြမ်း
လတ်ဆတ်သော စဉ်းထားသည့် ပုစွန်အစိမ်း - စားပွဲဇွန်း ၁ ဇွန်း
ကိုရီးယား ငရုတ်သီးအနှစ်
ကော်ဘူးပိုးသတ်ရန်
Sodium Metabisulfite 10 gram in 1 Liter of water
#မစိမ့်ရည်ထက်(Founder of Global Food Safety Institute)
ားသောက်ကုန်လုပ်ငန်းတစ်ခုအိမ်ကနေဘယ်လိုစမလဲ
#ကင်ချီ