Half Potato Food Television

Half Potato Food Television A business unit under Better Day Media Services Co Ltd and sister page of Taste Window Food Magazine Myanmar.

Create quality content and great experience short videos focus on food, cooking, lifestyle, and health

08/09/2026

Strawberry Cream Cheese Sponge Cake

ဒီကိတ်ရဲ့ ထူးခြားချက်က ကိတ်သား ဖြစ်ပါတယ်။ Sponge cake ဆိုပေမယ့် Chiffon cake လို ပေါ့ပါးတာမဟုတ်ဘဲ ထောပတ်ကြောင့် နူးညံ့ပြီး အရသာပိုပြည့်ဝပါတယ်။ စတော်ဘယ်ရီယိုရဲ့ သစ်သီးအချိုနဲ့ ပေါ့ပါးတဲ့ခရင်မ်အရသာတို့က အချိုးကျညီညွတ်စေပြီး အရသာကို ပိုပြီး ပြည့်စုံစေပါတယ်။ လက်ဖက်ရည်တစ်ခွက်နဲ့တွဲဖက်သုံးဆောင်တဲ့အခါ အရမ်းကိုလိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ
ထောပတ် - ၁၂၀ ဂရမ်
သကြား - ၃၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်ဥ - ၃ လုံး
ဗနီလာအနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကိတ်ဂျုံ - ၁၂၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ - ၂ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
စတော်ဘယ်ရီဂျမ်
ခရင်မ်ချိစ်အတွက်ပါဝင်ပစ္စည်းများ
ခရင်မ်ချိစ် - ၁၂၀ ဂရမ်
ထောပတ် - ၆၀ ဂရမ်
ပေါင်ဒါသကြား - ၁၂၀ ဂရမ်
ဗနီလာအနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း




05/09/2026

Red Velvet Cake
ပြုလုပ်ချိန် ၇၀ မိနစ်၊ အရေအတွက် ၈ လက်မကိတ်တစ်လုံး

Red Velvet Cake ဟာ ကတ္တီပါအနီရောင်ကိတ်အလွှာလေးတွေကြားထဲကို Cream Cheese Frosting ထည့်ပြီး ကိတ်ရဲ့ ဘေးနဲ့ အပေါ်မျက်နှာပြင်တွေကို Cream Cheese Frosting နဲ့ပတ်၍ ဖယ်ထားတဲ့ကိတ်သားတွေကို ခြေပြီး ကိတ်တစ်ခုလုံးကို ဖုံးအုပ်အလှဆင်ထားပါတယ်။ ကတ္တီပါလိုနီတဲ့ ကိတ်အရောင်လေးကို မြင်တဲ့သူတိုင်း ကြိုက်နှစ်သက်ပြီး စားတဲ့အခါလည်း Cream Cheese အရသာနဲ့ Red Velvet Cake သား အရသာဟာ အရမ်းလိုက်ဖက်ပြီး ထူးခြားတဲ့ အရသာကို ဖြစ်စေပါတယ်။

Red Velvet Cake ကို အမေရိကားနိုင်ငံမှာ စတင်ထုတ်လုပ်ပြီး Christmas, Valentine’s Day နဲ့ June Teenth လိုနေ့မျိုးတွေမှာ ဆင်နွှဲတဲ့အခါ သုံးပါတယ်။ မွေးနေ့ပွဲ၊ မင်္ဂလာပွဲတွေမှာလည်း သုံးကြပါတယ်။

Red Velvet Cake ဟာ Butter Cake ၊ Pound Cake ကို အခြေခံပြီး ပြုလုပ်ထားပါတယ်။ အခြားကိတ်သားတွေကို သုံးပြီး Red Velvet အရောင်ကိုထည့်ပြီး လုပ်လို့လည်းရပါတယ်။ Red velvet အရောင်မရှိရင် အနီရောင်နဲ့ ကိုကိုးပေါင်ဒါအနည်းငယ်ကို ရောပြီး သုံးနိုင်ပါတယ်။ အခြေခံကတော့ Butter Cake ၊ Pound Cake နဲ့ လုပ်ပြီး အဓိကပါဝင်ပစ္စည်းတွေကတော့ ထောပတ်၊ ဒိန်ချဉ် (သို့) Butter milk၊ ကိုကိုးပေါင်ဒါ၊ ကြက်ဥ၊ သကြား၊ ဆား၊ ရှလကာရည်၊ ဗနီလာအနံ့၊ ဘေကင်ပေါင်ဒါနဲ့ အနီရောင် food color တွေကို သုံးရပါတယ်။

Red Velvet Cake အတွက် ပါဝင်ပစ္စည်းများ
ထောပတ် - ၁၂၀ ဂရမ်
သကြား - ၃၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်ဥ - ၃ လုံး
ကိတ်ဂျုံ - ၃၀၀ ဂရမ်
မုန့်ဖုတ်ဆော်ဒါ - ၄ ဂရမ်
ကိုကိုးပေါင်ဒါ - ၂ ဂရမ်
ဒိန်ချဉ် - ၂၄၀ ဂရမ်
ရှလကာရည် - ၁၀ ဂရမ်
အနီရောင်အဆီ (food color) - စားပွဲဇွန်း ၂ ဇွန်း

Cream Cheese Frosting
ပါဝင်ပစ္စည်းများ
Cream Cheese - ၆၀၀ ဂရမ်
ထောပတ် - ၃၀၀ ဂရမ်
သကြားအမှုန့် - ၂၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဗနီလာအနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
လိမ္မော်သီး - ၁ လုံး (အခွံခြစ်ယူပါ)




30/08/2026

Chocolate Swiss Roll Cake
ပြုလုပ်ချိန် - ၃၀ မိနစ်
အရေအတွက် - ၁၀ လက်အရှည်တစ်လိပ်

Chocolate Swiss Roll Cake ဟာ ချောကလက်ကိတ်သားအမျိုးမျိုးနဲ့ လုပ်လို့ရပါတယ်။ ဥပမာ Genoise, Chiffon, Pound Cake, Victoria Sponge တွေအားလုံးနဲ့ လုပ်လို့ရပါတယ်။
Swiss Roll Sponge ကို လုပ်ရင် ကိတ်သားက လက်တစ်လုံးအထူအပါးနဲ့ အပူချိန်ကို အနည်းဆုံး ၂၂၀ ဒီဂရီစင်တီဂရိတ်လောက်နဲ့ ၅ မိနစ်ခန့်ဖုတ်ရင် ရပါပြီ။ ဒီ Swiss Roll ကို ကိုယ်သုံးချင်တဲ့ ခရင်မ်အမျိုးမျိုးနဲ့ ဂျမ်တွေ၊ ice cream တွေထည့်လိပ်ပြီး အတွင်းပိုင်းမှာလည်း ကိုယ်နှစ်သက်ရာ အသီးတွေကို နုပ်နုပ်စဉ်းထည့်ပြီး လိပ်လို့ရပါတယ်။ အပြင်ပိုင်းကို သကြားအမှုန့်ဖြူးခြင်း၊ ခရင်မ်နဲ့ဖုံးခြင်း၊ chocolate coating လောင်းခြင်းနဲ့ ကိုယ်နှစ်သက်သလို အဆုံးသတ်အလှဆင်လို့ ရပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ဥ - ၂ လုံး
သကြား - ၆၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ကိတ်ဂျုံ - ၅၀ ဂရမ်
ကိုကိုးပေါင်ဒါ - ၁၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ - ၂ ဂရမ်
နွားနို့ - ၂၀ ဂရမ်
ဆီ - ၂၀ ဂရမ်
ဗနီလာအနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း




29/08/2026

သကြားညို ပေါင်ကိတ်(Brown Sugar Pound Cake)
သကြားညိုကို အသုံးပြုထားတာကြောင့် အနံ့ပိုမိုနက်ရှိုင်းပါတယ်။ လက်ဖက်ရည်အချိန်အတွက် အဆင်ပြေမယ် ထင်ပါတယ်။
ပါဝင်ပစ္စည်းများ
ကိတ်ဂျုံ - ၁၈၀ ဂရမ်
ဘိတ်ကင်ဆိုဒါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား - အနည်းငယ်
ထောပတ် - ၁၅၀ ဂရမ်
သကြားညို - ၁၅၀ ဂရမ်
ကြက်ဥ - ၂ လုံး
ဗနီလာအနံ့ - အနည်းငယ်



#နေခြည်
#သကြားညိုပေါင်ကိတ်

23/08/2026

မွှေးပဲကြာဆံ ခိုတောင်သုပ်
ပါဝင်ပစ္စည်းများ
မွှေးဘယာကြော်မှုန့် - ၁ ထုပ် (၁၅၀ ဂရမ်)
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - ၂၀၀ မီလီလီတာ
ချင်း - ၁၀ ဂရမ် (အရည်ညှစ်ယူပါ)
ငရုတ်သီးစိမ်း - ၂ တောင့် (ပါးပါးလှီးပါ)
ပျဉ်းတော်သိမ်ရွက် - ၅ ရွက် (ပါးပါးလှီးပါ)
မွှေးပဲကြာဆံ - ၂ ထုပ် (၃၀၀ ဂရမ်)
နနွင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ဆီဝါအတွက်)
အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ဆီနီအတွက်)
ဆီပူ - စားပွဲဇွန်း ၄ ဇွန်း (ဆီနီ/ ဆီဝါအတွက်)
ပုစွန်ကျား - ၈ ကောင်
အသုပ်သုပ်ရန်
ပဲတောင့်ရှည် - စားပွဲဇွန်း ၁ ဇွန်း (ပါးပါးလှီးပါ)
ကြက်သွန်နီ - စားပွဲဇွန်း ၁ ဇွန်း (ပါးပါးလှီးပါ)
ဂေါ်ဖီ - စားပွဲဇွန်း ၁ ဇွန်း (ပါးပါးလှီးပါ)
မွှေးပဲကျက်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
ဘယာကြော် - ၃ ခု (ညှပ်ထည့်ပါ)
ဆီဝါ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီနီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငံပြာရည် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း



#မွှေးစားသောက်ကုန်လုပ်ငန်းHMWE
#နေခြည်
#မွှေးပဲကြာဆံခိုတောင်သုပ်

18/08/2026

Carrot Cake
မုန်လာဥနီကိတ်
မုန်လာဥနီရဲ့ သဘာဝအချိုနဲ့ ပြုလုပ်ထားတဲ့ မုန်လာဥနီကိတ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လုပ်နည်းလေးကြည့်ပြီး အိမ်မှာ လွယ်လွယ်ကူကူနဲ့ လိုက်လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
ကိတ်ဂျုံ - ၁၅၀ ဂရမ်
ဘိတ်ကင်ဆိုဒါ - ၅ ဂရမ်
ဘိတ်ကင်ပေါင်ဒါ - ၅ ဂရမ်
သကြားညို - ၁၅၀ ဂရမ်
ကြက်ဥ - ၂ လုံး
သစ်ကြံပိုးခေါက်အမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နွားနို့ - ၅၀ ဂရမ်
ဆီ - ၁၂၀ ဂရမ်
မုန်လာဥနီ - ၁၅၀ ဂရမ် (ခြစ်ထားပါ)
သစ်ကြားသီး - ၅၀ ဂရမ် (ခြေထားပါ)
Cream Cheese Icing အတွက်ပါဝင်ပစ္စည်းများ
ခရင်မ်ချိစ် - ၁၂၀ ဂရမ်
ထောပတ် - ၆၀ ဂရမ်
ပေါင်ဒါသကြား - ၁၂၀ ဂရမ်
ဗနီလာအနံ့ - အနည်းငယ်



#နေခြည်
#မုန်လာဥနီကိတ်

16/08/2026

Creamy Prawn Pasta Salad
ပုစွန်ခရင်မ်ပါစတာ
ပါဝင်ပစ္စည်းများ
ပါစတာ - ၂၅၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ပါစတာပြုတ်ထဲထည့်ရန်)
ထောပတ် - ၂၀ ဂရမ်
ပုစွန်ကျား - ၆ ကောင်
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ထောပတ် - ၄၀ ဂရမ်
ကြက်သွန်ဖြူအကြီး - ၂ မြွှာ
မွှေးဂျုံမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ခရင်မ်(Heavy Cream) - ၆၀ ဂရမ်
မိုဇွဲလားချိစ် - ၄၀ ဂရမ်
Parmasan Cheese - စားပွဲဇွန်း ၁ ဇွန်း
ပါစလေ - အနည်းငယ် (နုပ်နုပ်စဉ်းထားပါ)



#မွှေးစားသောက်ကုန်လုပ်ငန်းHMWE
#နေခြည်
#ပုစွန်ခရင်မ်ပါစတာ

09/08/2026

Basque Burnt Cheesecake

ပြုလုပ်ချိန် ၃၅ မိနစ် ၊ အရေအတွက် ၈ လက်မတစ်လုံး

Basque Burnt Cheese Cake ဟာ စပိန်နိုင်ငံမှာ စတင်ထုတ်လုပ်ခဲ့တဲ့ လူကြိုက်များတဲ့ Cheese Cake အမျိုးအစား ဖြစ်ပါတယ်။ Cheese Cake တွေကို ပုံမှန်အားဖြင့် မီးအေးအေးနဲ့ မတူးအောင်၊ မကွဲအောင်၊ မချိုင့်အောင် ချောမွေ့အောင် ဖုတ်ကြပါတယ်။ Basque Burnt Cheese Cake ကတော့ အဲ့ဒါတွေ အားလုံးကို ကျော်ပြီး တူးအောင်၊ ကွဲအောင်၊ ချိုင့်အောင် အတွင်းမှာလည်း ဆော့စ်လို အရည်ပျစ်ပျစ်လေးဖြစ်အောင် မီးပြင်းပြင်းနဲ့ အချိန်တိုတို ဖုတ်ရပါတယ်။
Basque Burnt Cheese Cake ရဲ့အပေါ်မှာ Caramel အရောင်လို တူးပြီး အလယ်မှာ အရည်က တုန်တုန် တုန်တုန်နဲ့ ဖြစ်နေပါတယ်။ Cheese Cake ရဲ့ အပေါ်က ဘာမှအလှမဆင်ဘဲ အရှိအတိုင်း ထားပါတယ်။ Caramel အရသာနဲ့ နူးညံ့ပြီး ဆော့စ်အရည်နဲ့ စားရသလို အရသာရှိတဲ့ Basque Burnt Cheese Cake ဟာ ဒီနေ့အထိ ကမ္ဘာကျော်လူကြိုက်အများဆုံး ကိတ်များထဲက တစ်ခုဖြစ်လာပါတယ်။
လုပ်စားရတာလွယ်ကူမြန်ဆန်လို့ အခုပဲ ကျွန်တော်နဲ့အတူ လုပ်စားကြည့်လိုက်ပါ။

Basque Burnt Cheese Cake ပါဝင်ပစ္စည်းများ
Cream Cheese - ၆၀၀ ဂရမ်
သကြား - ၁၅၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
Corn flour - ၂၅ ဂရမ်
ဗနီလာအနံ့ - စားပွဲဇွန်း ၂ ဇွန်း
ကြက်ဥ - ၅ လုံး
ခရင်မ် - ၃၀၀ ဂရမ်




02/08/2026

Plain Cake
ပလိန်းကိတ်
အိမ်မှာပဲ ပါဝင်ပစ္စည်းနည်းနည်းနဲ့ လုပ်ရလွယ်ကူတဲ့ ပလိန်းကိတ် လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မနက်စာပဲဖြစ်ဖြစ်၊ အဆာပြေစာပဲဖြစ်ဖြစ် ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ကိတ်ဂျုံ - ၁၈၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ - ၇ ဂရမ်
ဆား - အနည်းငယ်
ထောပတ် - ၁၈၀ ဂရမ်
သကြား - ၁၈၀ ဂရမ်
ကြက်ဥ - ၃ လုံး
နွားနို့ - ၇၀ ဂရမ်



#နေခြည်
#ပလိန်းကိတ်

01/08/2026

Crispy Fried Tohu with Nam Jim Jaew
တို့ဟူးကြော် နမ်ဂျစ်ဂျောင်
ဒီတစ်ပတ်မှာတော့ မွှေးကထုတ်တဲ့ တို့ဟူးမှုန့်နဲ့ တို့ဟူးကြော်ထားပြီး တွဲဖက်စားရမယ့် အချဉ်ကို လုပ်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပုံမှန်စားနေကြမဟုတ်ဘဲ တစ်မျိုးလေးနဲ့ စားလို့ကောင်းပါတယ်။ လုပ်နည်းလေး ကြည့်လိုက်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
မွှေးတို့ဟူးမှုန့် - ၁ ထုပ် (၁၅၀ ဂရမ်)
ဆား၊ နနွင်း - အနည်းငယ်
ရေသန့် - ၃၅၀ မီလီလီတာ
ဆီ - ကြော်ရန် (လိုအပ်သလို)
နမ်ဂျစ်ဂျောင်အတွက်ပါဝင်ပစ္စည်းများ
မန်ကျည်းသီး - ၃၀ ဂရမ် (အနှစ်တိုက်ထားပါ)
ခရမ်းချဉ်သီး - ၄၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
ကြက်သွန်နီ - ၄၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
သကြား - စားပွဲဇွန်း ၁ ဇွန်း
ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၁ ဇွန်း
သံပရာသီး - ၂ လုံး
မွှေးဆန်ကျက်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
နံနံပင် - အနည်းငယ်



#မွှေးစားသောက်ကုန်လုပ်ငန်းHMWE
#နေခြည်

#တို့ဟူးကြော် #နမ်ဂျစ်ဂျောင်

Address

No 23 Yaekyaw Street, 1st Floor
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595033941

Alerts

Be the first to know and let us send you an email when Half Potato Food Television posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Half Potato Food Television:

Shortcuts

Share

Category