21/01/2026
Congratulations 🎊🍾 🎉 သုအင်္လကာဟန်
🇲🇲🇪🇸🤝
ဇန်နဝါရီ စပိန် ဗီလာရီရဲ အကယ်ဒမီ training camp ဝင်ခဲ့တဲ့ မြန်မာပလေယာတွေထဲကမှာ performance အကောင်းဆုံး ပလေယာ သုအလင်္ကာဟန် ကို လာမယ့်နှစ် အာရှ၊ ပစိဖိတ် ( ID camp ) အတွက် ရွေးချယ်
လိုက်ပါတယ်။
U14 ပလေယာ အလင်္ကာကို စပိန် ဗီလာရီရဲ နည်းပြ
တွေက ၃ ရက်တာ စောင့်ကြည့် အကဲဖြတ်ပြီးနောက်
ဗီလာရီရဲ အကယ်ဒမီ player pathway နောက်တစ်ဆင့် ဖြစ်တဲ့ ID camp ကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
ဒီ left foot ပလေယာ ကွင်းလယ်လူကို စပိန် နည်းပြ
ကြီး ကားလို့စ် က တော်တော်လေး ချီးကျူးထား
ပါတယ်။
“ ကျွန်တော် နဲ့ ၃ လလောက် ဆက်တိုက် train ပြီးရင်
ဒီပလေယာ ထိုင်းလိဂ် ၃ ဝင်တိုးလို့ရပြီ။ အသက်ငယ်သေးတော့ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့တော့ လိုသေးတယ် “ လို့ နည်းပြကြီး ကားလို့စ် က မှတ်ချက်ပေးပါတယ်။
အာရှ၊ ပစိဖိတ် ID camp ဆိုတော့ ဗီလာရီရဲ အကယ်ဒမီတွေဆီက selection ပလေယာတွေချည်း
ပဲ join ရတာပါ။ ( ခြွင်းချက် အနေနဲ့ quota ရှိနေသေး
ရင်တော့ ဝင် join ဖို့ အခွင့်အရေး ရကောင်းရနိုင်ပါ
တယ်။ )
သုအလင်္ကာဟန် အတွက်တော့ ID camp တစ်နေရာ သေချာသွားတဲ့ သဘောပါပဲ။
ဒီ မြန်မာ talent အတွက် ID camp စရိတ်စက ကို
ပံ့ပိုးပျိုးထောင်ပေးလိုတဲ့ မြန်မာနိုင်ငံသား စီးပွါးရေး
လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ပါတယ် ခင်ဗျာ။
ပလေယာအတွက် စပွန်ဆာ ရှာဖွေဖို့ မိဘအုပ်ထိန်းသူ
တွေဆီကလည်း ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။
ဒီလို မြန်မာ talent တစ်ယောက်ရဲ့ Development journey ကို အတူတူ လျှောက်လှမ်းလိုတဲ့ မြန်မာ နိုင်ငံသား လုပ်ငန်းရှင်များရှိရင် ကျွန်တော့်ထံ အားမနာတမ်း ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။
Just keep pushing beyond your limits 🤜🤛
All the best for your future career 🤝
ဆက်သွယ်ရန်
ရဲနိုင်ဝင်း
စပိန် ဗီလာရီရဲ အကယ်ဒမီ ( ထိုင်း )
မြန်မာပြည် ကိုယ်စားလှယ်
မြန်မာ စပါယ်ရှယ်
အားကစား စီမံခန့်ခွဲမှု ကုမ္ပဏီ
☎️ + 959 51 999 25
Viber , Line & WhatsApp
☎️ + 959 79999 7900 ( ရန်ကုန်ရုံး )
☎️ + 66 0 820502494 ( ဘန်ကောက်ရုံး )
Disclaimer : Spain 🇪🇸 Villarreal academy ( Thai ) has granted exclusive rights to Myanmar Special ( Myanmar) for promotion international programs, its content, photos and videos in Myanmar 🇲🇲.