Full Moon Media

Full Moon Media To get healthy and happy life

“အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်အရ အက်တမ်နှင့် UN- Habitat တို့ ပူးပေါင်းကာမန္တလေးမြို့ရှိ ရတနာစံသာသနာပိုင် ဘုန်းတော်ကြ...
29/11/2025

“အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်အရ အက်တမ်နှင့် UN- Habitat တို့ ပူးပေါင်းကာမန္တလေးမြို့ရှိ ရတနာစံသာသနာပိုင် ဘုန်းတော်ကြီးသင်စာသင်ကျောင်း၌ ဆိုလာစွမ်းအင်အသုံးပြူ ရေသန့်စနစ်ကိုတပ်ဆင်ပေးခဲ့

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်၍ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အက်တမ်(ATOM) ၏ သုံးစွဲသူများ နှင့် ဝန်ထမ်းများမှ စာတို SMS များပေးပို့၍ လှူဒါန်းနိုင်သည့် “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် အက်တမ်(ATOM) ၏ သုံးစွဲသူများ နှင့် ဝန်ထမ်းများမှ စုစုပေါင်း မြန်မာငွေကျပ် (၂၅.၉) သန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီးအက်တမ် (ATOM) မှ ထိုလှူဒါန်းငွေအား နှစ်ဆရရှိအောင် ထပ်မံထည့်ဝင်လှူဒါန်းခဲ့ပြီး စုစုပေါင်း မြန်မာငွေကျပ် (၅၁.၈) သန်းကျော် ရရှိခဲ့ပါသည်။
အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. AhmadAbdallah မှ “ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုင်းအဝိုင်းအတွက် စုပေါင်းအားတွေကတစ်ဆင့် ရေရှည်တည်တံ့တဲ့ သက်ရောက်မှုတွေအဖြစ် ပြောင်းလဲဖို့ အက်တမ်(ATOM) ရဲ့ သုံးစွဲသူများနဲ့ ဝန်ထမ်းများရဲ့ ပါဝင်ကူညီမှုအခန်းကဏ္ဍ က အရမ်းကို အရေးပါပါတယ်။ “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ကတစ်ဆင့် သုံးစွဲသူတွေနဲ့ ဝန်ထမ်းတွေဆီက သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်လိုပါတယ်။ ဒီလှူဒါန်းမှုက လူသားချင်းစာနာထောက်ထားမှု တစ်ခုလည်းဖြစ်သလို အားလုံးရဲ့ ကြင်နာနွေးထွေးမှု စေတနာတွေကြောင့် ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်း ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ကိုပါ ဂရုစိုက်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အသစ်တပ်ဆင်ထားသော ဆိုလာစွမ်းအင်အသုံးပြုရေသန့်စနစ်သည် တစ်နာရီလျှင် အနည်းဆုံး ရေသန့် လီတာ (၁,၀၀၀) ကို ထုတ်လုပ်ပေးနိုင်ပြီး ဆိုလာပြားများ၊ ရေစစ်ထုတ်သန့်စင်မှုယူနစ်၊ ရေလှောင်ကန်များနှင့် ရေပိုက်ခေါင်းများ ပါဝင်သည့်အတွက် နှစ်ပေါင်း (၁၀) နှစ်ကျော်ကြာ အသုံးပြုနိုင်စေရန် ရည်ရွယ်ဖန်တီးထားသည့် စနစ်လည်း ဖြစ်ပါသည်။ လျှပ်စစ်မီးမလိုဘဲ သီးခြားလည်ပတ်နိုင်သည့် ဆိုလာစွမ်းအင်အသုံးပြု ရေသန့်စင်စနစ်သည် မီးပြတ်တောက်ချိန်များတွင်ပင် ရေကို စဉ်ဆက်မပြတ်ရရှိစေနိုင်ပြီး လျှပ်စစ် (သို့မဟုတ်) လောင်စာဆီကို အားထားရသည့် စနစ်များထက် ကုန်ကျစရိတ်သက်သာစေပါသည်။
အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် မှ လည်း “ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြု မဏ္ဏိုင် (၃) ရပ်နဲ့အညီ အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုရှာဖွေပြီး အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော်တို့ရဲ့ “လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း” မဏ္ဏိုင်အောက်ကနေ ရေလိုအပ်လျက်ရှိတဲ့ လူပေါင်း (၂,၀၀၀) နီးပါးကို စိတ်ချရတဲ့ သောက်သုံးရေကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီလို လူမှုအကျိုးပြုလုပ်ငန်း အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ တက်တက်ကြွကြွ ပါဝင်အားဖြည့်ပေးခဲ့တဲ့ ရတနာစံသာသနာပိုင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးနဲ့အတူ ဝန်ထမ်းတွေ နဲ့ သုံးစွဲသူတွေအားလုံးရဲ့ စုပေါင်းအားကြောင့် အဓိပ္ပာယ်ပြည့်ဝပြီး အဓွန့်ရှည်တဲ့ ပြောင်းလဲမှုတစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
UN-Habitat မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် စိစစ်ရေး၊ တပ်ဆင်ရေး နှင့် စနစ်အား စောင့်ကြည့်စစ်ဆေးရေး အစရှိသည့် စီမံခန့်ခွဲမှုများအပြင် ရေရှည်ထိရောက်သော လည်ပတ်မှုရှိစေရန် စာသင်ကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအား လေ့ကျင့်သင်တန်းများ ပို့ချပေးခဲ့ပါသည်။
ထို့အပြင် ပရောဂျက်၏ အစီအစဉ်တစ်ခုအဖြစ် WASH (သန့်ရှင်းသော ရေအသုံးပြုမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ) အလေ့အကျင့်ကောင်းများကိုလည်း ကျောင်းသားကျောင်းသူများနှင့် ရပ်ရွာလူထုကြား အသိပညာပေး မျှဝေပေးခဲ့ပါသည်။
“အခုလို ဆိုလာစွမ်းအင်သုံး ရေသန့်စနစ်ကို အောင်အောင်မြင်မြင် တပ်ဆင်နိုင်ခဲ့တာက အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။ အက်တမ်(ATOM) မြန်မာရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ သက်ဆိုင်ရာ ရပ်ရွာပြည်သူ အဖွဲ့ဝင်များနဲ့ ကျွန်မတို့ အတူတကွလက်တွဲကာ ယုံကြည်စိတ်ချရတဲ့ ဆိုလာစွမ်းအင်သုံးရေသန့်စနစ်ကို တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပရောဂျက်က ဘုန်းတော်ကြီးသင်စာသင်ကျောင်း မှာ ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူ (၇၀၀) ကျော်အတွက် သန့်ရှင်းတဲ့သောက်သုံးရေ ရရှိစေရုံသာမကပဲ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေကြရတဲ့ ငလျင်ဘေးသင့် မိသားစုတွေကို မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာစေမှာ ဖြစ်ပါတယ်” ဟု UN-habitat Myanmar Office ၏ ပရောဂျက်ရေးရာအရာရှိ ဒေါ် ကြူသင်းချို မှ ပြောကြားခဲ့ပါသည်။
ခေတ်မီဆန်းသစ်သော နည်းပညာ၊ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူထိန်းသိမ်းမှုနှင့် ရပ်ရွာလူထုအကျိုးပြု လုပ်ငန်းကို ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် အက်တမ်(ATOM) မှ အရေးပေါ် သောက်သုံးရေလိုအပ်နေမှုကို ကူညီဖြေရှင်းပေးနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများကိုပါ တည်ဆောက်ပေးလျက်ရှိပါသည်။ ဤလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံ၌ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည့် အက်တမ်(ATOM) ၏ ခိုင်မာသော ကတိကဝတ်ကို မီးမောင်းထိုးပြလျက်ရှိပါသည်။

အက်တမ်(ATOM) နှင့် KBZMS တို့မှ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင်  မိတ်ဆက်မြန်မာနိုင်ငံ၏...
06/11/2025

အက်တမ်(ATOM) နှင့် KBZMS တို့မှ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင် မိတ်ဆက်

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးနေသည့် အက်တမ်(ATOM)နှင့် KBZMS General Insurance Company Limited တို့သည် မဟာဗျူဟာကျ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ATOM Store App မှတစ်ဆင့် လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများအား ဂုဏ်ယူစွာဖြင့် အောက်တိုဘာလ (၃၁) ရက်တွင် တရားဝင် မိတ်ဆက်လိုက်ကြောင်း သိရသည်။
ယခုမိတ်ဆက်မှုတွင် ခရီးသွားအာမခံ (KBZMS Travel Protect) နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (KBZMS Personal Accident Insurance) ဝန်ဆောင် မှုနှစ်မျိုးပါဝင်ပြီး သုံးစွဲသူများအနေဖြင့် ATOM Store App မှတစ်ဆင့် ရယူသုံးစွဲနိုင်ပြီဖြစ်ပါသည်။
"အက်တမ်(ATOM) အနေနဲ့ နိုင်ငံရဲ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အသွင်ကူးပြောင်းရေးတို့အတွက် အမြဲမပြတ် ကြိုးပမ်းလျက်ရှိရာမှာ KBZMS နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် ကျွန်တော်တို့ရဲ့ ပုံမှန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်းထက်ကျော်လွန်ပြီး အမှန်တကယ် အားပေးမြှင့်တင်မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ ဆိုတဲ့ မျှော်မှန်းချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကခြေလှမ်းတစ်ခုလို့ ဆိုရမှာပါ။ မရှိမဖြစ်လိုအပ်တဲ့ အာမခံထုတ်ကုန်တွေကို လူမှုအသိုင်းအဝိုင်းထံသို့ အလွယ်တကူ ရောက်ရှိနိုင်အောင် ၄င်းတို့ကြုံတွေ့နေရတဲ့ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲ အတားအဆီးတွေကို ကျော်လွန်နိုင်ပြီး လုံခြုံမှုတွေရှိလာစေဖို့ တိုးမြှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ATOM Store App သုံးစွဲသူတွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဆန်းသစ်တီထွင်မှု၊ အားလုံးပါဝင်နိုင်မှု နဲ့ သုံးစွဲသူများရဲ့ အနာဂတ် ကောင်းကျိုးအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရိုးရှင်းလုံခြုံစွာနဲ့ ချက်ချင်းရယူနိုင်စေရေးတို့မှာ ကျွန်တော်တို့ထားရှိတဲ့ ကတိကဝတ်ကို တွေ့မြင်နိုင်ပါတယ်" ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr.
Ahmad Abdallah က ပြောကြားခဲ့သည်။
ထို့အပြင် ATOM Store App မှ တစ်ဆင့် အဆိုပါ အာမခံအကာအကွယ်များ ဝယ်ယူသည့် အက်တမ် (ATOM) သုံးစွဲသူများအနေဖြင့် ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ် အထိ ကျင်းပသွားမည့် အထူးကံစမ်းမဲအစီ အစဉ်တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။
ရွေးချယ်ခံရသည့် ကံထူးရှင်များအနေဖြင့် KBZMS ၏ မေတ္တာလက်ဆောင်မွန်အဖြစ် (၆) လ အကာ အကွယ်ရှိသော အာမခံထားငွေ ငွေကျပ် သိန်း(၅၀) တန်ဖိုးရှိ ကိုယ်အင်္ဂါထိခိုက်မှုအာမခံပေါ်လစီ (Personal Accident Insurance Policy) အား ရရှိကြမည်လည်းဖြစ်ပါသည်။
KBZMS General Insurance ၏ အမှုဆောင်အရာရှိချုပ် ဦးလူမွန်အောင် ကလည်း "အခုမိတ်ဆက်ပွဲက မြန်မာနိုင်ငံရဲ့အကောင်းဆုံး ဆက်သွယ်ရေးကုမ္ပဏီနဲ့ အာမခံဝန်ဆောင်မှုကုမ္ပဏီတို့ကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကြံ့ခိုင်မှုစွမ်းရည်နဲ့ အားလုံးပါဝင် အသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ KBZMS ရဲ့ ယုံကြည်စိတ်ချရတဲ့ အာမခံလုပ်ငန်းကျွမ်းကျင်မှုတွေကို အက်တမ်(ATOM)ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံထားတဲ့ ခိုင်မာတဲ့ ဆက်သွယ်ရေးကွန်ရက်ပေါ်မှာ လာရောက်ပေါင်း စပ်လိုက်ပြီးတော့ ကျွန်တော်တို့ သုံးစွဲသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကာအကွယ်ရရှိနိုင်မှုတွေကို ဖော်ဆောင်နိုင်ခဲ့ပါပြီ။ အက်တမ်(ATOM) နဲ့ အခုလို ပူးပေါင်းအကောင်အထည်ဖော်နိုင်ခဲ့ခြင်းနဲ့ ကျွန်တော်တို့တွေ ဝန်ဆောင်မှု ပေးနေတဲ့ သက် ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု တွေ ပူးတွဲဖန်တီးဖို့ ရေရှည်လမ်းစဉ် ချမှတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်" ဟု ထပ်လောင်း ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံအနှံ့ မြို့နယ် (၃၀၀) ကျော်အထိ ကွန်ရက် လွှမ်းခြုံထားသော အက်တမ်(ATOM) သည် ATOM Store App တွင် အဆိုပါဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအသစ်များ မိတ်ဆက်ခြင်းအားဖြင့် အာမခံကာကွယ်မှုများ အား သုံးစွဲသူတိုင်းအတွက် ပိုမိုရင်းနှီးကျွမ်းဝင်စေမည် ဖြစ်ကြောင်း၊ ဤလုပ်ဆောင်ချက်သည် အားလုံးနှင့် သက်ဆိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ဖော်ဆောင်မှုအား ချဲ့ထွင်ပေးရုံသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ငွေကြေးဆိုင်ရာ အကာအကွယ်ရရှိရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေစွာ ရယူနိုင်စေမည်ဖြစ်ကြောင်း သိရပါသည်။

အက်တမ်(ATOM) သည် နိုင်ငံတကာ အသိအမှတ် ပြု ISO 14001:2015 လက်မှတ်ရရှိမြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေး...
06/11/2025

အက်တမ်(ATOM) သည် နိုင်ငံတကာ အသိအမှတ် ပြု ISO 14001:2015 လက်မှတ်ရရှိ

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးနေသည့် အက်တမ်(ATOM) သည် နိုင်ငံတကာအသိအမှတ်ပြု ISO 14001:2015 လက်မှတ်အား အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် ရယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ISO 14001:2015 သည် ထိရောက်သော သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ်အတွက်
မူဘောင်များ ချမှတ်ပေးသော နိုင်ငံတကာအသိ အမှတ်ပြု စံညွှန်းတစ်ခု ဖြစ်ပါသည်။

ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် အဖွဲ့အစည်းအတွင်း လပေါင်းများစွာ တစိုက်မတ်မတ် ပြင်ဆင်ခဲ့ခြင်း များ နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းများ၏ ရလဒ်တစ်ခုလည်း ဖြစ်ပါသည်။

“သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းဆိုတာက မှန်ကန်တဲ့ အလုပ်တစ်ခုဖြစ်ရုံတင်မကဘဲ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အနှစ်သာရကိုပါ ဖော်ဆောင်နိုင်တယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Ahmad Abdallah မှ ပြောကြားခဲ့ပါသည်။

“စွမ်းအင်နှင့် စွန့်ပစ် ပစ္စည်းများ လျှော့ချသုံးစွဲခြင်းကစလို့ စွမ်းအင်အသစ်များ ပြန်လည်စုဆောင်းခြင်း၊ စွမ်းအင်ချွေတာသော အဆောက်အဦးများတည်ဆောက်ခြင်းနဲ့ လူမှုဝန်းကျင်အတွက် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများအထိ လုပ်ဆောင်ချက်တစ်ခုချင်းစီတိုင်းက အရေးပါပါတယ်။ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးစနစ် (EMS) အသိအမှတ်ပြုလက်မှတ် ရရှိခြင်းက လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းနယ်ပယ်နဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းအတွင်းမှာပါ အပြုသဘောဆောင် ကောင်းမွန်ပြီး ရေရှည်အကျိုးသက်ရောက်မှုရှိစေဖို့ ခရီးလမ်းတစ်လျှောက် ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင် တစ်ခုလို့ ဆိုနိုင်ပါတယ်။”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးစနစ်အား အကောင်အထည်ဖော်သည့်အနေဖြင့် အက်တမ် (ATOM) မှ ဆိုလာစွမ်းအင်အသုံးပြုခြင်း၊ စွမ်းအင်သစ်ပြန်လည်ရရှိအောင်ဆောင်ရွက်ခြင်း၊ ရေရှည်တည်မြဲသော ဆက်သွယ်ရေး အခြေခံ အဆောက် အဦးများတည်ဆောက်ခြင်း နှင့် အရင်းအမြစ်များအား စီမံခန့်ခွဲအသုံးပြုခြင်း များကို ရင်းနှီးမြုပ်နှံဆောင်ရွက်ခဲ့ပါသည်။ ဆိုလာပြားများ တပ်ဆင်ပြီး တစ်နှစ်လျှင် မှန်လုံအိမ်ဓာတ်ငွေ့ တန် ၁,၀၀၀ ထိ လျှော့ချခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုကို လျော့ကျစေရန် ဆိုလာ farm များကိုလည်း စီစဉ် ဆောက် လုပ်ခဲ့ပါသည်။

ထို့အပြင် နေပြည်တော်၊ တပ်ကုန်းမြို့ ‘အောက်ဆင်သေ သစ်တောကြိုးဝိုင်း’ အတွင်း မြေ (၅) ဧကပေါ်တွင် သစ်ပင်များ ထပ်တိုးစိုက်ပျိုးနိုင်ရန် ငွေကျပ် (၁၅၇) သိန်းကျော် မတည်ကာ လှူဒါန်းခဲ့ပါသည်။

အရင်းအမြစ်များ အလေအလွင့် မရှိစေရန် အက်တမ် (ATOM) မှ စွမ်းအင်နှင့်ရေအသုံးပြုမှုလျှော့ချခြင်း၊ စက္ကူသုံးစွဲမှုလျှော့ချခြင်း နှင့် သဘာဝပတ်ဝန်းကျင်အတွက်ကောင်းမွန်သော သန့်ရှင်းရေးသုံးပစ္စည်းများ အစားထိုး အသုံးပြုခြင်း စသည့် တိုင်းတာနိုင်သော ရည်မှန်းချက်များကို အကောင် အထည်ဖော်လျက် ရှိပါသည်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ်၏ စည်းမျဉ်းစည်းကမ်း များကို အပြည့်အဝလိုက်နာရန် အက်တမ်(ATOM) မှ ဝန်ထမ်းများ အတွက် awareness session များကိုလည်း ပုံမှန် ပြုလုပ်ပေးလျက်ရှိပါသည်။ လုပ်ငန်းအား ဟန်ချက် ညီညီလည်ပတ်နိုင်ခြင်း၊ ဝန်ထမ်းများ ချိတ်ဆက် လုပ်ဆောင်ကြခြင်း နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုများ အတွက် လုပ်ဆောင်နေခြင်းများသည် အက်တမ်(ATOM) ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်များ ဆောင်ရွက်ရေး ရည်မှန်းချက်ကို ထင်ဟပ်နေပါသည်။

“ရုံးမှာရှိတဲ့ဝန်ထမ်းတိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်မှာ အလွန်အရေးပါပါတယ်။ ဝန်ထမ်း တစ်ဦးချင်းစီက ရိုးရှင်းတဲ့ သဘာဝပတ်ဝန်း ကျင်စောင့်ရှောက်ရေး အမူအကျင့်တွေ လုပ်ဆောင်ပြီး၊ ဒီ လုပ်ဆောင်ချက်တွေရဲ့ သက် ရောက်မှုတွေကို အမှန်တကယ်နားလည်မယ်ဆိုရင် စုပေါင်းလုပ်ဆောင်ခြင်းရဲ့ အင်အားကြီးမားပုံကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အမှုဆောင် အရာရှိချုပ် ကိုဇာနည်ထွန်း မှ ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်ရေးဆွဲရာတွင် လုပ်ဆောင်ချက်များအား စောင့်ကြည့်ခြင်း၊ စာရင်းစစ် ကိစ္စများဆောင်ရွက်ခြင်း နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ နှင့် စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများ အတွက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။

( ATOM ) မှ ဒစ်ဂျစ်တယ် ပညာရေး အရှိန်မြှင့်တင်ရန် မော်လမြိုင်မြို့ ငန်းတေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ သတင်းအချက်...
05/09/2025

( ATOM ) မှ ဒစ်ဂျစ်တယ် ပညာရေး အရှိန်မြှင့်တင်ရန် မော်လမြိုင်မြို့ ငန်းတေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများအား လှူဒါန်း
အက်တမ် ( ATOM) မှ မော်လမြိုင်မြို့ရှိ ငန်းတေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူဦးရေ ၈၄၀ ကျော်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ ကျပ်သိန်း ( ၄၅၀ ) တန်ဖိုးရှိသည်ဟု သိရသည်။
ထိုကဲ့သို့ လှူဒါန်းရာတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာပစ္စည်းများဖြစ်သော Laptop ( ၁၀ ) ခုနှင့် ဆက်စပ်ပစ္စည်းများ ၊ လျှပ်စစ်ဗို့အား ထိန်းစက်တစ်လုံး ၊ ဒစ်ဂျစ်တယ် Printer ( ၁) စုံ၊ အင်ဗာတာ အမျိုးအစား ၁. ၅ မြင်းကောင်ရေအား လေအေးပေးစက်တစ်လုံး ၊ တစ်နှစ်စာ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်သော Broadband ( ၂) ခုနှင့် ပရိုဂျက်တာ (၁) ခုတို့အားတပ်ဆင်ပေးခဲ့သည်။
အက်တမ်မှ ဝန်ထမ်း (၂၀) ခန့်သည် ကျောင်းတွင် ပစ္စည်းကိရိယာတပ်ဆင်မှုများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများအပြင် ကျောင်းသား၊ ကျောင်း သူဦးရေ ( ၂၀၀) စာအတွက် တစ်ဦးလျှင် စာအုပ် (၆) အုပ် ၊ ဘောလ်ပင် ( ၂) ချောင်းနှင့် မုန့်များကိုလည်း လှူဒါန်းခဲ့ပါသည်။
အက်တမ် (ATOM) မှ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် ၊ ရှမ်းပြည်နယ် နှင့် မော်လမြိုင် မြို့များတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများအတွက် စုစုပေါင်း မြန်မာငွေကျပ် (၁၉၄၀ ) ကျော် လှူဒါန်းထားရှိပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ( ၈၀၀၀ ) ကျော်အတွက် အထောက်အကူ ဖြစ်စေခဲ့ပါသည်။

Mic Up ! English Speaking Competition 2025 ကျင်းပ                Mic Up ! English Speaking Compe- tition 2025 ကို Belt a...
11/08/2025

Mic Up ! English Speaking Competition 2025 ကျင်းပ
Mic Up ! English Speaking Compe- tition 2025 ကို Belt and Road Youth English - Speaking Competition နှင့် ပူးပေါင်း၍ ဩဂုတ်လ ၈ ရက်နှင့် ၉ ရက် နှစ်ရက်တိုင်အောင် Junction Square တွင်ကျင်းပခဲ့သည်။
Mic Up ! English Speaking Competition ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် သုံးနှစ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။ RVi Group မှ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် သုံးနှစ်က စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် အသက် ၁၀ နှစ်မှ ၁၆ နှစ် အထိ Junior ၊အသက် ၁၅ နှစ်မှ ၂၇ နှစ်အထိ Youth ဟူ၍ Category (၂) ခု ခွဲခြားသတ်မှတ်ထား သည်။ Gold Plus Winner များ အသီးသီးရွေးချယ်ခဲ့ရာ Junior Category မှ (၆) ဦး ၊ Youth Category မှ (၃) ဦး ရွေးချယ်ခဲ့သည်။
Gold Plus Winner တစ်ဦးဆီအား ဆုကြေးငွေ (၃) သိန်းကျပ် ၊ ဆုတံဆိပ်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် Regional Final ပြိုင်ပွဲသို့ စရိတ် ငြိမ်းသွားရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ် ကြောင်း ၊ ဆုရသူများအနေဖြင့် Belt and Road initiative ၏ initiative တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ ၌ ကျင်းပမည့် Global Final ပြိုင်ပွဲသို့ စေလွှတ်မည်ဖြစ်ကြောင်းသိရသည်။
# Mic Up
# English Speaking Competition
# RVI Institute
# Myanmar Students
# Foreign Education

ကျေးလက်ဒေသများအထိပါ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများချဲ့ထွင်သွားနိုင်ရန်       အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့ နားလည်...
06/08/2025

ကျေးလက်ဒေသများအထိပါ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများချဲ့ထွင်သွားနိုင်ရန် အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
မြန်မာနိုင်ငံ၏အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ် (ATOM) နှင့် မြန်မာနိုင်ငံ၏အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ် တို့သည် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ် ငွေကြေဝန်ဆောင်မှု များအား မြန်မာနိုင်ငံအနှံ့ရှိ ကျေးလက်နှင့် ဝန်ဆောင် မှု နည်းပါးသောဒေသများအထိ တိုးချဲ့ပေးအပ်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU)အား ၂၀၂၅ ခုနှစ် ဩဂုတ်လ (၆) ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အက်တမ် (ATOM) ၏ ခေတ်မီဆန်းသစ်သော တယ်လီကွန်းဝန်ဆောင်မှုများ နှင့် ကမ္ဘောဇဘဏ်၏ ငွေကြေးဆိုင်ရာ တတ်ကျွမ်းနားလည်မှုများပေါင်းစပ်ကာ မိုဘိုင်းလ်ပိုက်ဆံအိတ် (mobile wallets) များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုများနှင့် အသေးစားချေးငွေများအပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများအား ပူးတွဲဖန်တီးဝန်ဆောင် မှုပေးသွားမည်ဖြစ်ကာ တယ်လီကွန်းဝန်ဆောင်မှုများ နိုင်ငံအနှံ့ ပိုမိုလက်လှမ်းမီရရှိလာအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ “နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက်နဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွေကို အသုံးပြုပြီး မြန်မာပြည်သူတွေအတွက်၊ အထူးသဖြင့် ဘဏ်ဝန်ဆောင်မှုရယူဖို့ခက်ခဲတဲ့ ဒေသတွေအထိ အက်တမ် (ATOM) ရဲ့ လက်ရှိပေးနေသော ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပိုအားကောင်းလာစေမှာဖြစ်သလို ငွေကြေးဝန်ဆောင်များ ပိုမိုလက်လှမ်းမီရရှိလာအောင် ကူညီပေးသွားမှာပါ။ ကမ္ဘောဇဘဏ်နဲ့ အခုလို လက်တွဲပူးပေါင်းခြင်းက လူတိုင်းလက်လှမ်းမီအသုံးပြုနိုင်တဲငွေကြေး ဝန်ဆောင်မှုနဲ့ မိုဘိုင်းလ်ကတစ်ဆင့် ငွေကြေး ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ရယူနိုင်ကြပြီး လူတစ်ဦးချင်းစီနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုပါ တိုးတက်စေလိုတဲ့ တူညီသောရည်ရွယ်ချက်ကို ဖော်ညွှန်းနေပါတယ်” ဟု ပြောကြားခဲ့သည်။
အက်တမ် application များတွင် သုံးစွဲသူ customer များအနေဖြင့် KBZPay နှင့် payment များ ပြုလုပ်နိုင်ပြီး အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့၏ သုံးစွဲသူအမျိုးအစားအလိုက် လိုအပ်သော အကြွေးဝယ်ကဒ် (Credit Card) ဝန်ဆောင်မှုများ၊ အသေးစားချေးငွေ (Micro Loans) များ၊ E-commerce လုပ်ဆောင်ချက်များ စသည်ဖြင့် စုံလင်သော ခေတ်မီငွေကြေးဝန်ဆောင်မှုများစွာ အပြင် အစဉ်အမြဲ သုံးစွဲသူများအတွက် အထူးအကျိုးခံစားခွင့်များ ပါဝင်သွားမည်ဖြစ်သည်။
ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင် မှ လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် “မြန်မာနိုင်ငံရဲ့ လူတိုင်း ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖော်ဆောင်ရေးလမ်းစဉ်မှာ အက်တမ် (ATOM) နဲ့အတူတူ ပူးတွဲလုပ်ဆောင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံအတွင်း လူတိုင်းရာနှုန်းပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် ဖော်ဆောင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ အထူးကိုက်ညီနေတာတွေ့ရပါတယ်။ ကျွန်တော်တို့က ဘဏ်လုပ်ငန်းမှတစ်ဆင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အမျိုးမျိုးသော ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုများကို ဘက်ပေါင်းစုံမှ ပိုရရှိလာစေခြင်းဖြင့် လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမို ကောင်းမွန် သောဘဝအရည်အသွေးတွေနဲ့ အခွင့်အလမ်းကောင်းတွေကို ဖန်တီးဖော်ဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူလူထုအတွက်အကျိုးရှိစေမယ့် အကောင်းဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုတွေကို ဖော်ထုတ်ပေးစွမ်းသွားပါမယ်။ အသုံးပြုရလွယ်ပြီး ခေတ်မီဆန်းသစ်တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ပိုမိုလုံခြုံစိတ်ချရပြီး အားလုံးပါဝင်အသုံးပြုလာနိုင်အောင် ဆက်လက်ချဲ့ထွင်ရင်း လူနေမှုဘ၀တွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကူညီပံ့ပိုးပေးသွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။
အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့အကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူတိုင်း အတွက် လူနေမှုဘ၀များ တိုး တက်အောင်မြင်ပြီး အားလုံးပါဝင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည့် ပိုမိုကောင်း မွန် သော မြန်မာ့အနာဂတ် ဖော်ဆောင်ရန် တူညီသောမျှော်မှန်းချက်ကို ထင်ဟပ်နေပါသည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့သည် သုံးစွဲသူများနှင့် လူမှုအသိုင်း အဝိုင်းအတွက် အဓိပ္ပါယ်ရှိပြီး၊ အကျိုးသက်ရောက်မှုကောင်းများရှိသော လက်တွဲဆောင်ရွက်ချက်များ ဆက်လက်ဖန်တီး အကောင် အထည် ဖော်သွားမည်ဖြစ်ပါသည်။

Maybelline မှ နာရီ ၃၀ ကြာခံသည့်   "Stay Lumi_ Matte  Foundation " ကို မိတ်ဆက်                        Maybelline မှ နာရီ ...
06/08/2025

Maybelline မှ နာရီ ၃၀ ကြာခံသည့် "Stay Lumi_ Matte Foundation " ကို မိတ်ဆက်
Maybelline မှ နာရီ (၃၀) ကြာခံသည့် နောက် ဆုံးပေါ်နည်းပညာဖြင့် တီထွင်ထုတ်လုပ်ထားသည့် Super Stay Lumi_ Matte Foundation ကို Junction City တွင် ဩဂုတ်လ ၂ ရက်က မိတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Foundation မှာ Air - Flex နည်းပညာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး Amino Acids နှင့် Hydrolysed Proteins ၊ Micro - Lumi Pearl System တို့ပေါင်းစပ်ပါဝင် ထားသည့်အတွက် မျက်နှာ အသားအရေအပေါ်တွင် ပေါပေါ့ပါးပါးရှိစေသည်။ ရေစိုချွေးစို ခံခြင်း ၊ ပျံ့ရွေ့ခြင်းမရှိပေ။ ထို့ပြင် oil- absorbing perlite ပါဝင်သောကြောင့် မြန်မာ့ရာသီဥတုနှင့်လည်း အထူးသင့်လျော်ပါသည်။
မိတ်ဆက်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ထိပ်တန်းမင်းသားတစ်ဦးဖြစ်သူ အောင်ရဲလင်း၊ နာမည်ကျော်မင်းသမီး ယွန်းဝတီလွင်မိုး တို့တက်ရောက် ခဲ့ကြသည်။ Makeup Artist Kwan Kwan ၊ Stylist Yoko San တို့လည်း တက်ရောက်ခဲ့ကြသည်။
" Super Stay Lumi- Matte Foundation က မိတ်ကပ်ထူထူကြီး ဖြစ်နေတာမျိုးမရှိဘဲ Glow Matte Look လေးကို ရစေလို့ ကိုယ့်ကိုယ်ကိုယ်တိုင်လည်း ယုံကြည်မှုပိုတိုးလာစေပါတယ် " ဟု Glam Up Conovo အစီအစဉ်တွင် နာမည်ကျော်မင်းသမီး ယွန်းဝတီလွင်မိုးက ပြောကြားခဲ့သည်။
Maybelline New York ကို ၁၉၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ကမ္ဘာ့ပထမဆုံး Mascara ကို New York တွင် စတင်ထုတ်လုပ်ခဲ့သည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ Maybelline New York သည် နှစ်ပေါင်း ၁၁၀ ကျော်သက်တမ်းရှိပြီး ကမ္ဘာ့နံပါတ် (၁) အရောင်းရဆုံး အလှကုန်လည်းဖြစ်ပါသည် ။မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၅ နှစ်ကြာလုပ်ကိုင်လျက်ရှိပြီး Maybelline Super Stay Lumi - Matte Foundation ၊ Fit Me Foundation ၊ Superstay Matte Lipstick နှင့် Hypercurl တို့သည် မြန်မာနိုင်ငံတွင် ရေပန်းစားလူကြိုက်များသော အလှကုန်များဖြစ်သည်။
အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားတွင် ကံထူးရှင်များအား ခေါင်းအစခြေအဆုံး Makeover လုပ်သည့် အစီအစဉ်များ ၊ RVC Dance Crew ၏ ကပြတင်ဆက်မှုများ ၊ အလှအပရေးရာ အစီအစဉ်များ၊ ပျော်ရွှင်စိတ်လှုပ်ရှားစရာ ဖျော်ဖြေရေး အစီအစဉ်များ ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အက်တမ်( ATOM ) မှ  မေတ္တာဥယျာဉ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာပြန်လည် တည်ဆောက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၁၂၀၀ ကျော်ကို လှူ...
05/08/2025

အက်တမ်( ATOM ) မှ မေတ္တာဥယျာဉ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာပြန်လည် တည်ဆောက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၁၂၀၀ ကျော်ကို လှူဒါန်းခဲ့
အက်တမ် ( ATOM ) သည် ပဲခူးတိုင်းဒေသကြီး မြို့လှမြို့နယ်ရှိ မေတ္တာဥယျာဉ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ပြန်လည်တည်ဆောက်ရန် ငွေကျပ် သိန်းပေါင်း ၁၂၀၀ ကျော်ကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်က ရေဘေးကြောင့် ပျက်စီးသွားသော စာသင်ကျောင်းဆောင်အား ပြန်လည်တည် ဆောက်ရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါဂေဟာတွင် မွေးကင်းစကလေးများနှင့် ကျောင်းနေအရွယ် ကလေးများ စုစုပေါင်း ၃၄၀ ရှိပြီး အဆိုပါ လှူဒါန်းခြင်းနှင့်ပတ်သက်ပြီး အက်တမ် (ATOM ) ၏ အမှုဆောင်အရာရှိချုပ် Ahmad Abdallah က ယခုကဲ့သို့ ပြောကြားခဲ့သည်။
" ကျွန်တော်တို့ ATOM ရဲ့ အခန်းကဏ္ဍက ကုမ္ပဏီတစ်ခုဆိုတာထက် မြန်မာနိုင်ငံအတွက် အားလုံးပါဝင်ချိတ်ဆက်နိုင်ပြီး မြင့်မားတဲ့အနာဂတ်တစ်ခုကို ပုံဖော်တည်ဆောက်ပေးလိုတာ ဖြစ်ပါတယ်။ ပညာရေးဆိုတာကလည်း အခွင့်အလမ်းတွေ ပွင့်လန်းလာစေဖို့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်တဲ့အလျောက် အခုလို စာသင်ကျောင်းသစ်ကြီး ပြန်လည်ဆောက် လုပ်ပေးခြင်းအားဖြင့် ကလေးငယ်တွေအတွက် လိုအပ်နေတဲ့ ပညာရေး ၊ အနာဂတ်နဲ့ မျှော်လင့်ချက်တွေရဲ့ ပြယုဂ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ် " ဟု ဆိုသည်။
ATOM သည် မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5 G VOLTE ဝန်ဆောင်မှုကို ပေးလျက်ရှိပြီး စာသင် ကျောင်းများအတွက် လိုအပ်သော ထောက်ပံ့ပစ္စည်း ၊ အခြေခံအဆောက် အဦများကို လိုအပ်သော နေရာဒေသများအတွက် ဆက်လက် ပံ့ပိုးကူညီပေးမည် ဟုလည်းသိရသည်။အက်တမ် ( ATOM) သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူဦးရေ ၁ သန်းနီးပါးအား ကူညီပေးနိုင်ခဲ့ပြီး ပညာရေးအပါအဝင် လူမှုအကျိုးပြုလုပ်ငန်းအမျိုးမျိုးအတွက် ၇ . ၃ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်သည်။

"အသဲရယ်!!ကိုကိုရယ်!Manulife ရဲ့ # # # # # # # # # # # # # # # # # # # # # # # # # #  ပညာရေးအသက်အာမခံရယ်!!! # # # # # # #...
06/07/2025

"အသဲရယ်!!ကိုကိုရယ်!Manulife ရဲ့
# # # # # # # # # # # # # # # # # # # # # # # # # #
ပညာရေးအသက်အာမခံရယ်!!!
# # # # # # # # # # # # # # # #

(1)
ကု တင်ခြေရင်းမှ စားပွဲခုံပေါ်တွင် တင်ထားသော ပုလင်းနှင့် ခွက်အလွတ် တလုံး ဆိုဒါ ဘူးခွံ စားလက်စ တန်းလန်း လ္ဘက်သုတ် ပန်းကန်တချပ် ပလတ်စတစ်အိတ် ကို တဝက်တပျက် ဖွင့်ဖောက်ထားသော ရယ်ဒီမိတ် ငါးရံ့ ခြောက် ထုပ် အရည်ပျော်နေသောရေခဲတုံးတွေ က ရေအခဲခံသည့် ခွက်ထဲ မှာ မြင်ရသော မြင်ကွင်းမှာ စိတ်မသက်သာစရာပါလား။လူကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာ ပက်လက် ကြီး။ လက်ထဲက ph ကို မချနိုင်ဘဲအိပ်ပျော်နေတဲ့ပုံ။ ph က တတောင်တောင် တတီတီ နဲ့ မက်ဆင်ဂျာကို စာဝင်နေတဲ့အသံ။တကယ်တမ်းပြောရရင် ဒီမြင်ကွင်းတွေက အသဲ အတွက် ရင်းနှီးပြီးသား ။အသဲ ညတိုင်းသိမ်းနေကျ။ဒီနေ့တော့ ခါတိုင်းနှင့်မတူ အသဲဒေါသတွေထွက် နေသည်။ညနေက ဆယ်တန်း တက်နေသောသမီး အတွက် guide လစာ ကျူရှင် ဆရာမတွေအတွက်လစာ ငါးတန်းတက်နေသည့် သားငယ်ရဲ့ အင်္ဂလိပ် ကျောင်းအတွက် သင်တန်းကြေး စုစုပေါင်း အသဲ ရဲ့ အစိုးရဝန်ထမ်း အရာရှိ လစာ ရဲ့နှစ်ဆတိတိကို ပေးလိုက်ရပြီ။ ငါ့မြေးအတွက် ငါစိုက်ပေးမယ်ဆိုပြီး မေမေ ပေးတဲ့သုံးသိန်းကို ယူထားလိုက်လို့သာ အသဲဒီလ အတွက်အသုံးစရိတ် ပြတ်မသွားတာ။ အခုကြည့်လေ ပုလင်းက နှစ်သောင်းခွဲ (လေးရက်စာ)တရက်ကို အမြည်းဖိုး ကတင် အောက်ထစ် ငါး ထောင်ဘဲ။လ္ဘက်၊အအေး၊နဲ့ မုန့်အခြောက်အခြမ်း အသီးအနှံ မပြတ်တမ်းဝယ်ထားရသေးသည်။သမီးရဲ့guide ချိန် ကျူရှင်ချိန်တွေ မှာ ဧည့်ခံ ဖို့အဆင်သင့်ရှိအောင် ဧည့်သည် လာရင် ကျွေးရအောင်ဒါတွေကုန်သွားလို့အသစ် ထပ်ဝယ်သည်တိုင်အောင်အသဲ မစားဖြစ်တာက ခပ်များများ။ကိုယ့်မှာတော့ ဟိုအတွက် ဒီအတွက် ဖယ်ရ ခွဲရနဲ့ ။တွေးလေ စိတ်တိုလေ။ကုတင် ပေါ်မှ ကိုကို့ ကို မျက်စောင်းခဲရင်းအိမ်စရိတ်ကို လစဉ် မှန် မှန်ပြန်မပေးတာ ကြာနေပြီသတိရောရရဲ့လားဟု နာနာကျင်ကျင် တွေးမိသည်။ကိုကို့အလုပ်တွေ ဒီနှစ်ထဲ သိပ်မကောင်းတာတော့ အသဲသိပါသည်။ site တခု အရှုံးပေါ်တာရယ် နောက်အသစ်ရတဲ့site နှစ်ခုကမပြီးသေးလို့ အမြတ်မခွဲရသေးတာရယ် အလုပ်သမားကြေးတွေ စိုက်ရှင်းနေရတာရယ် မသိလို့တော့မဟုတ် ။ဒါပေမဲ့ သမီးဆယ်တန်းနှစ် အကုန်အကျ များတဲ့နှစ်မှာတော့လတိုင်း ပိုက်ဆံမြင်ချင်မိသည်။ကိုကိုရေ ဒီလို ဒီကြောင်းပါနော် ပြောဖြစ်တဲ့အခါ
တိုင်း ကိုယ့်ကားရောင်းလိုက်မယ်လေ taxi သုံးတာပေါ့ ကိုယ်တော့ siteထဲ သွားရင် YBS စီးမယ် ဆိုပြီးပြောတတ်သေးတာ။ကလေးကျောင်း အသဲရုံးအတက်အဆင်း သူသွားစရာရှိတာနဲ့ဆို ဘယ်လိုမှရောင်းလို့မဖြစ်သေး။အထူးသဖြင့်ဒီနှစ်မှာ သမီးကိုစိတ် မရှုပ်စေလိုပါ။ သူမပေးဖြစ်တဲ့လတွေမှာ အသဲ ဘယ်လို ဖြေရှင်းနေသလဲ တခွန်းမမေးသူ။ရ ရင်သုံး မရရ င် မသုံးနဲ့ ဆိုတဲ့သဘော လား ။တာဝန်မဲ့တာလား ။ ငါအရင် ကရှာပေးခဲ့တယ် ။အ ခု တော့ ရှိတာရောင်းသုံး ဆိုတဲ့သဘောလား။ အသဲသည်တွေးရင်းနာကျင်ဝမ်းနည်းခံရခက်လျက်အသဲကပူပန်နေရပြီး သူက လူ့မင်းသား လုပ်နေတာကို သည်းမခံချင်တော့ပါ။
"ကိုကို ကို ကို "
လက်မောင်းကို ခပ်ဆတ်ဆတ် ပုတ်ပြီးနှိုးလိုက်
တော့ မျက်လုံးဖွင့်ကြည့်တယ်
အင်း အသဲ ပြောလေ တဲ့
"ပြောမှာ မနက်ဖြန်က စပြီး အသဲဈေးဖိုးထဲက ကို့ကို့အတွက် သောက်စရာ ဝယ်မထားနိုင်တော့ဘူး
ကိုကို ကြိုက်တဲ့နေ ရာက ကြိုက်တဲ့ပိုက်ဆံ နဲ့သောက်ခဲ့ အသဲ ဝယ်မပေးတော့ဘူး"
ok လေ ရတယ် !!တဲ့
ကေလေကေပေါ့။ အရင် က သောက်ပြီးမောင်းရင်
စိတ်မချလို့ အပြင်မှာသောက်တာမကြိုက်လို့
ညနေတိုင်းအိမ်မှာ ဝယ်ထားတာ အသဲ လုပ်ခဲ့တဲ့အကျင့်ပါလေ။ခုများတော့မတတ်နိုင်ပြီ ။ငါ့ကလေးအတွက် ငါလုပ်တာမှန်တယ် ဟု ခပ် မာမာ အတွေးနဲ့
လှည့်ထွက်ခဲ့လိုက်သည်။
(2)
ပြီးခဲ့တဲ့အပတ် ပြောပြီးထဲက သူလည်းအသဲ ကိုခပ်တန်းတန်း နဲ့ ။ အသဲကရော ခေါင်းကြောမာသူပီပီ
ခပ်တည်တည်ပါဘဲ။ ဒီနေ့ အသဲမွေးနေ့ သူအိမ်ကထွက်တာနဲ့ အသဲ သားငယ်လေးလက်ဆွဲပြီး YBS စီးပြီး ရွှေတိဂုံ ဘုရားသွားသည်။ တနေကုန် ပုတီးစိတ် ပဌာန်းရွတ် ပြီးညနေ မှပြန်လာသည်။ ဘုရားပေါ်က ပုံတွေ FB ပေါ်တင်လိုက်သေးသည်။ သူတွေ့မှာဘဲ။ Birthday wish တောင်မလုပ်ဘဲ
ထွက်သွားတဲ့သူ သူ့ကားမစီးဘဲ လိုင်းကားစီးပြီးဘုရားသွားမှန်းသိတာတောင်ဖုန်းတချက်ဆက်ဖော် မရတဲ့သူ။ အသဲသည် တွေးရင်း ဝမ်းလည်းနည်း
ဒေါသတွေလည်းထွက်လျက် က သူ အပြင်မှာ
သောက်ပြီးကားမောင်းပြန်လာမှာ ဟု သတိဝင်လာသောအခါ ပူပန်စိတ်ဖြင့် ph ခေါ်လိုက်မိတော့သည်။
"ဟယ်လို ကိုကို ကိုကိုရေ ဘယ်ရောက်နေပြီလည်း"
"ကိုယ်အိမ်နားရောက်ပြီ"
အသဲ ph ချအပြီး အိမ်ရှေ့မှာ ကားအရပ်ပါဘဲ။
စာအိတ် အကြီး ခပ်ထူထူတလုံးကို အသဲလက်ထဲထည့်ပေးရင်း
❤️ "Happy Birthday အသဲ"❤️
❤️အသဲ သည် ဝေ့လည်လာသောမျက်ရည်တွေနဲ့အတူ
မော့ကြည့်မိတော့ " အသဲအတွက် မွေးနေ့လက်ဆောင်လေ။" အသက်အာမခံ စာချုပ်တွေပါအသဲ
သေသေချာချာသိမ်းထာနော်။ အသက်အာမခံအတွက် ဆေးစစ်နေရလို့ အသဲ မွေးနေ့က လိုက်မပို့နိုင်တာပါ။❤️
⛱️Manulife မှာသိန်း300တန်ပညာရေး အသက်အာမခံ ပေါ်လစီတခု ထားခဲ့တယ်။ အသက်အာမခံဆိုတာ ဘဝအာမခံတဲ့အသဲရဲ့။ 🏖️
❎နားမလည်ဘူးကိုကို ဘယ်လို လည်းဆိုတာ ရှင်းပြပါဦး။❎
☔သိန်းငါးဆယ်ကနေ သိန်းလေးထောင့်ငါးရာအတွင်း ကိုယ်နိုင်တာရွေးလို့ရတယ်။
အခု ကိုကိုက သိန်းသုံးရာတန်ပေါ်လစီတစောင်ဝယ်လာတယ်။ ပရီမီယံကြေးက ခြောက် လစာ တခါထဲပေးရတယ် အသဲရဲ့။ တနှစ်ကို နှစ်ကြိမ် သွင်းရတာပေါ့ကွာ။ ပထမဆုံး ပရီမီယံကြေးသွင်းပြီးတာနဲ့ ဒီပေါ်လစီက အသက်ဝင်ပြီ ။☔
👌"အဲ့ဒါက ဘာကိုဆိုလိုတာလည်းကိုကို"👌
🗣 "ပြောမယ်လေ အသဲရဲ့ အရေးကြီးတာတခုကျန်ခဲ့သေးတယ်။ ပေါ်လစီ
သုံးခုရှိတယ်။အခု ကိုကိုဝယ်လာတာက သက်တမ်းအတိုုဆုံး 9 နှစ်။ကိုကိုက ပရီမီယံကြေးကို ငါးနှစ်ဘဲသွင်းရမှာ။"🗣
🌻"သိန်းသုံးရာကို ငါးနှစ်အတွင်းအပြီးသွင်းရမှာပေါ့နော်"🌻
✅"အမှန်ပေါ့"
"ငါးနှစ် သွင်းပြီးလို့ ကိုကိုက အသက်ရှင် နေသေးတယ်ဆိုရင် ကျန်တဲ့လေးနှစ်မှာတနှစ်ကိုတကြိမ် သိန်း60 နှုန်းနဲ့ ငါးကြီမ် ခွဲပြီး သိန်း300 ပြန်ရမယ်။✅"
တကယ်လို့ ကိုကို က ဒီနှစ်တွေမှာ မတော်တဆ မှု တခုခုကြောင့် သေသွားခဲ့ရင် ကျန်ခဲ့တဲ့ မိသားစုက သိန်း300 ကို ချက်ချင်းရမယ်။ပရီမီယံကြေးပေးတဲ့သက်တမ်းငါးနှစ် ပြည့်ပြီးပြီ ဆိုတာနဲ့ နောက်ထပ် သိန်း300ကို ငါးကြိမ်ခွဲပြီးရမယ်။ထာဝစဥ်မသန်စွမ်းမှု တခုခု ဖြစ်ခဲ့ရင်လည်းပေးတယ်ကွာ။ရက် 90 စောင့်ကြည့်ပြီး တကယ် မသန်စွမ်းဖြစ်တယ်လို့ သတ်မှတ်လို့ရရင် ပေးတယ်။✅
ဆိုလိုတာက ကွာ အခု ကိုကို သိန်း300 တန် ပေါ်လစီတခုဝယ်လာတယ်။ မတော်တဆမှု ဖြစ်ခဲ့ရင် သိန်း600 ရမယ်။300က ချက်ချင်းရမယ်။နောက်300ကပရီမီယံကြေးသွင်းရတဲ့သက်တမ်းပြည့်ပြီးမှ ငါးကြိမ်ခွဲပြီးရမယ်။အဲ့ဒါကြောင့် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့် လို့ပြောတာ အသဲရဲ့ ။ကိုကို မရှိတော့တဲ့အခါ ကလေး
နှစ်ယောက်ရဲ့ ပညာရေးအတွက် အသဲ တို့သားအမိတွေရဲ့နောင်ရေးအတွက် အသဲ ပင်ပန်းပြီးကျန်ခဲ့မှာ ကိုကိုမလိုလားဘူးလေ။ကိုယ်စိတ်ဖြောင့်ဖြောင့် နဲ့ထားသွားချင်တယ်။ကိုယ်မရှိတော့တဲ့အချိန်မှာကိုယ့်မိသားစုရဲ့ဘဝဟာယိုင်လဲသွားမှာစိုးတယ်။☂️
☘️"ဟုတ်ပါပြီကိုကို ရာ"
အခုဝယ်လာပါပြီ ။မပြောကောင်းမဆိုကောင်း
ကိုကို တခုခုဖြစ်ပါပြီတဲ့ ။ အသက်အာမခံကုမ္ပဏီက စိတ်ချရပါ့မလား။ အသဲ မှာ စိတ် သောကရောက်ရတဲ့ကြားထဲ ကုမ္ပဏီကိုရှာမတွေ့ အေးဂျင့်ကိုရှာမတွေ့ မှ ပရီမီယံကြေးပါ ဆုံးနေပါဦးမယ်ကိုကိုရာ
ဒီအတိုင်းဘဏ်မှာစုလဲ ရသားနဲ့။☘️
❎နိုး နိုး အသဲ မှားသွားပြီနော်။❎
💯ကိုကို က မိသားစု အတွက် သိန်း300 ရအောင် စုပါပြီတဲ့။ တလ 3 သိန်း စု နိုင်ရင် တောင် လပေါင်းတရာ စုရမှာ။လပေါင်းတရာ ရှစ်နှစ်လောက် ကိုကို စုနိုင်တယ်ထား အသဲ သိန်း300ဘဲ ရမှာနော်။ခြောက်လဘဲစုပြီး ကိုကိုသေရင် အသဲ 18 သိန်းဘဲရမှာ။အခု အသက်အာမခံဝယ်ပြီးစုတဲ့နည်းက ကိုကိုအခု ပထမဦးဆုံး ပရီမီယံကြေး ခြောက်လစာသွင်းပြီးတာနဲ့ ကိုယ့်မှာ သိန်း300 ပိုင်သွားပြီ။ကိုကိုအခု သေသွားရင်သို့မဟုတ်ထာဝစဉ် မသန်စွမ်းမှု တခုခု ဖြစ်သွားရင် အသဲ သိန်း300 ချက်ချင်းရမှာ ။ ပရီမီယံကြေး ထပ်သွင်းစရာမလိုဘူး။သတ်မှတ်တဲ့ကာလ ပြီးရင်လည်း နောက်ထပ်သိန်း300 ငါးကြိမ်ခွဲပြီးရဦးမှာ။နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်လေ။
ပရီမီယံကြေးမပြည့်ခင်ဖြစ်သွားရင် လည်းပရီမီယံကြေး ထပ်သွင်းဖို့မလိုဘူး။အခု အသက်အာမခံ ကုမ္ပဏီကCanadaရဲ့အကြီးမားဆုံးသော သက်တမ်းရာကျော်ရှိတဲ့ကုမ္ပဏီ။ကိုယ်စားလှယ်ကကိုကို့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး ။ပြည်ပ ကလာပြီးရင်းနှီးမြှုပ်နှံတဲ့အသက်အာမခံ ကုမ္ပဏီတွေက Deposit တင်ထားရတာ။အသဲလုပ်ရမှာက စာချုပ်လေးကို သေချာသိမ်းဖို့ပါဘဲနော်။💯
💚ကုမ္ပဏီတွေအများကြီးဘာဖြစ်လို့ Manulife မှာထားတာလဲကိုကို ။ 💚❤️
‌အာမခံ ကုမ္ပဏီတိုင်းက စိတ်ချရပါတယ်။product တွေကလဲသူ့နည်းသူ့ဟန် ကောင်းကြပါတယ်။ ဒါပေမဲ့
Product က တကယ့့်ကို အရှိဆုံး ဖြစ်လို့ပါ။✅
ကဲ အသဲရေ Happy Birthday ပါ။
Thanks ကိုကို။ Love u so much .
အသဲ က လေ ကိုကို့ရဲ့ မိသားစု အပေါ် တာဝန်ယူတတ်တဲ့စိတ် ကို မွေးနေ့ လက်ဆောင်ရတယ်လို့ဘဲမှတ်ထားပါတယ် ကိုကို။
*****မိသားစုနောင်ရေး စိတ်အေးဖို့အတွက် Manulife ရဲ့ ပညာရေးအသက်အာမခံ ကို လေ့လာကြည့် ဖို့ တိုက်တွန်းချင်ပါတယ်ရှင်။****
💚မိမိကိုယ်ကိုချစ်ပါ💚
💯မိသားစုကိုကာကွယ်ပါ💯
☂️အာမခံထားပါ☂️
☘️- မသပြေ
📞09452048693
https://www.facebook.com/share/r/1B2WtnH8q8/
Full Moon Media အနေဖြင့် အများပြည်သူအတွက်
အာမခံနှင့် ပတ်သက်သော အကူအညီ အထောက်အပံ့များဖြစ်စေရန် မသပြေရဲ့ အကောင့်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ခွင့်ပြုပေးတဲ့အတွက်
မသပြေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ စာဖတ်ပရိတ်သတ်များအနေဖြင့် မသပြေအကောင့်မှာလည်း အာမခံနဲ့ ပတ်သက်လို့ လေ့လာနိုင်ပါတယ်။
https://www.facebook.com/share/p/1Aqzfb8tmJ/?mibextid=oFDknk

Address

Yangon

Telephone

+959782908013

Website

Alerts

Be the first to know and let us send you an email when Full Moon Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Full Moon Media:

Share