Full Moon Media

Call Directions Contact the business

Full Moon Media To get healthy and happy life

28/08/2026
အက်တမ်(ATOM) မှ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အား လူငယ်များ အတွက် ဂုဏ်ယူစွာမိတ်ဆက်            မြန်မာနိုင်ငံ၏ အကောင်းဆု...
22/08/2026

အက်တမ်(ATOM) မှ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အား လူငယ်များ အတွက် ဂုဏ်ယူစွာမိတ်ဆက်
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင်အောက်မှ ပညာရေးဆိုင်ရာ အစီအစဉ်သစ်တစ်ခုဖြစ်သည့် အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်သည်။
အဆိုပါ အစီအစဉ်သည် ငွေကြေးဆိုင်ရာ အခက်အခဲများရှိနေသည့် ထူးချွန်ထက်မြက်သော ၂၀၂၅-၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူ နိုင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ပံ့ပိုးပေးသွားမည် ဖြစ်သည်။
အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ လက်ခံသွားမည်ဖြစ်သည်။သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများသည် အက်တမ်(ATOM) ၏ Facebook, Website နှင့် LinkedIn တို့မှတစ်ဆင့် အလွယ်တကူ ရယူနိုင်သည့် ATOM’s "Bright Futures" Scholarship Program တရားဝင် လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်သည်။
လျှောက်ထားသူများထဲမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ (၁၀) ဦးအား ရွေးချယ်၍ စာသင်ကုန်ကျစရိတ်များအတွက် လစဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၃) သိန်း အပြင် ကျောင်းလခ၊ စာအုပ်စာတမ်းစရိတ်များအတွက် နှစ်စဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၅) သိန်း ပါဝင်သည့် ပညာသင်ဆုများကို ပေးအပ်သွားမည်ဖြစ်သည်။
“လူငယ်တိုင်းဟာ ဘယ်လိုပဲငွေကြေးအခက်အခဲတွေရှိနေပါစေ မိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်နဲ့ ထိုက်တန်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ "အက်တမ်(ATOM) ၏ 'Bright Futures' ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဟာ ပညာရေး အဟန့်အတားဖြစ်စေမှုကို ဖယ်ရှားပေးပြီး ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို ပွင့်လင်းစေကာ လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ဆိုတဲ့ အက်တမ်(ATOM) ရဲ့ ကတိကဝတ်ကို ပိုမိုခိုင်မာစေပါတယ်။ ဒီနေ့မှာ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်ဖို့ ကူညီပေးရုံတင်မကဘဲ ပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
ပညာသင်ဆု ရရှိသူများကို ငွေကြေးဆိုင်ရာ လိုအပ်ချက် အထောက်အထား၊ ထူးချွန်သည့် ပညာအရည်အချင်းနှင့် အရည်အချင်းစစ်ဆေးမှုဆိုင်ရာ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများအပေါ် မူတည်၍ ပွင့်လင်း မြင်သာသော စိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။
အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆု ရရှိသူများအနေဖြင့် စာသင်နှစ်တစ်လျှောက် ကောင်းမွန်သော လုပ်ဆောင်ချက်ရလဒ်များကို ထိန်းသိမ်းထားရန်၊ စာသင်နှစ်တစ်ခုစီကို အောင်မြင်စွာ ပြီးမြောက်ရန်နှင့် ပညာသင်ဆု၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို လိုက်နာရန် လိုအပ်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ပညာသင်ဆု ရရှိသူများကို နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပမည့် ပညာသင်ဆု ပေးအပ်ပွဲ အခမ်းအနားတွင် တရားဝင် ကြေညာပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ရန်အတွက် ခရီးစရိတ်များကိုလည်း အက်တမ်(ATOM) မှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် ကလည်း “ကျွန်တော်တို့ရဲ့ ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင် ကနေတစ်ဆင့် အက်တမ်(ATOM) ဟာ လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းကောင်းတွေကို အစဉ်အမြဲ ဖန်တီးပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ အက်တမ်(ATOM) ၏ 'Bright Futures' ပညာသင်ဆုအစီအစဉ်ဟာ လာမယ့်မနက်ဖြန်တွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် မြန်မာလူငယ်တွေနဲ့အတူ အမြဲတမ်း အတူတကွ ရပ်တည်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ကတိက ဝတ်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှရှိမှုကို မြှင့်တင်ရေး၊ အခွင့်အလမ်းရရှိမှု တိုးချဲ့ရေးနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် ရေရှည်တည်တံ့တဲ့ လမ်းကြောင်းတွေကို တည်ဆောက်နိုင်အောင် စွမ်းဆောင်ပေးရေး စတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ကိုလည်း မီးမောင်းထိုးပြနေပါတယ်” ဟု ပြောကြားခဲ့သည်။
အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်မှတစ်ဆင့် ပညာရေးကဏ္ဍ မြှင့်တင်ရန်နှင့် မြန်မာလူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ငွေကြေးဆိုင်ရာ အခက်အခဲနှင့် ရင်ဆိုင်နေရသည့် စွမ်းရည်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အက်တမ် (ATOM) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်း များအတွက် ပိုမိုတောက်ပပြီး အားလုံးပါဝင်နိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး အခွင့်အလမ်းများကို ဆက်လက် ဖန်တီးပေးလျက်ရှိသည်။

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများအနေဖြင့် TrueMoney Wallet ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှမိသားစုဝင်များထံ ပိုမိုလုံခြုံ...
19/08/2026

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများအနေဖြင့် TrueMoney Wallet ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှမိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာ ငွေလွှဲနိုင်ပြီ

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့ လုပ်အားခဝင်ငွေများကို မြန်မာနိုင်ငံမှ မိသားစုဝင်များနှင့် ချစ်ခင်ရသူများထံ သို့ လွယ်ကူမြန်ဆန်လုံခြုံပြီး ကုန်ကျစရိတ် သက်သာစွာ ငွေလွှဲနိုင်မည့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို TrueMoney နှင့် KBZPay တို့ပူးပေါင်း၍ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။
ဤဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူများသည် ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ မြန်မာနိုင်ငံရှိ KBZPay အကောင့်များ သို့မဟုတ် KBZ Bank အကောင့်များသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လက်ခံသူများထံသို့ ငွေကြေးများကို လုံခြုံစွာ၊ အဆင်ပြေစွာနှင့် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရန် ရည်ရွယ်ထားပါသည်။ အဆိုပါ ငွေလွှဲဝန်ဆောင်မှုကို အရှေ့တောင်အာရှ၏ ထိပ်တန်း Fin-Tech ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် TrueMoney နှင့် မြန်မာနိုင်ငံမှ အသုံးအများဆုံး mobile wallet ဖြစ်သည့် KBZPay နှင့် ပူးပေါင်းကာ ဆောင်ရွက်ထားခြင်းဖြစ်ပြီး ထိုင်းမှမြန်မာသို့ ငွှေလွှဲပြောင်းမှုများကို ပိုမိုလုံခြုံစိတ်ချရပြီး၊ လွယ်ကူမြန်ဆန်ကာ အဆင်ပြေစေရန် ရည်ရွယ်ထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလွတ်သဘောငွေလွှဲလမ်းကြောင်းများကို အသုံးပြုရာတွင် ငွေလွှဲခမြင့်မားခြင်း၊ ငွေကြေးဆိုင်ရာ အန္တရာယ်များနှင့် ငွေလွှဲရာတွင် ကြန့်ကြာမှုများကို ရင်ဆိုင်ကြရလေ့ရှိပါသည်။ ၎င်းတို့၏ ငွေလွှဲပို့မှုတိုင်းသည် မိသားစုများ၏ နေ့စဉ်စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးစရိတ်များအတွက် တိုက်ရိုက်အထောက်အကူပြုနေသည့်အတွက် လုံခြုံစိတ်ချရသော တရားဝင်ငွေလွှဲလမ်းကြောင်းရှိခြင်းက အလွန်အရေးပါလာခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံအသီးသီးရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှ လွှဲပြောင်းခဲ့သော ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၏ ၃.၅ ဘီလီယံဒေါ်လာထက် သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှကာ ရွှေ့ပြောင်းလုပ်သားများ၏ ငွေလွှဲပို့မှုသည် မိသားစုများ၏ စားဝတ်နေရေးကို အထောက်အပံ့ပေးရုံသာမက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော မောင်းနှင်အား တစ်ရပ်ဖြစ်ကြောင်း ဖော်ပြနေသည်။
ထို့ကြောင့် ယုံကြည်စိတ်ချရသော တရားဝင်ငွေလွှဲဝန်ဆောင်မှုများ ပိုမိုအသုံးပြုလာနိုင်ခြင်းသည် ငွေလွှဲပို့သူနှင့် လက်ခံသူ နှစ်ဖက်စလုံးအတွက် ငွေကြေးဆုံးရှုံးမှုအန္တရာယ်များကို လျှော့ချကာကွယ်ပေးကာ ယုံကြည်စိတ်ချရသော ငွေလွှဲပြောင်းမှုကို ရရှိနိုင်သကဲ့သို့ လူမှုအသိုက်အဝန်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိသည်။

TrueMoney President ဖြစ်သူ Mr. Tanyapong Thamavaranukupt မှ “TrueMoney ရဲ့ ရည်မှန်းချက်ကတော့ လူတိုင်းအတွက် လုံခြုံစိတ်ချရပြီး လက်လှမ်းမီနိုင်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ KBZPay ရဲ့ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာဟာ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားသန်းပေါင်းများစွာအတွက် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွေကို အလွယ်ကူအဆင်ပြေဆုံး ဖြစ်အောင် ဖန်တီးပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်ကို ပြလိုက်တာလည်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

TrueMoney Myanmar ၏ Country Managing Director ဖြစ်သူ ဦးထွန်းထွန်းလင်း မှ “နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေအတွက် ငွေလွှဲပို့မှုဆိုတာ မိသားစုတွေနဲ့ ချိတ်ဆက်ပေးတဲ့ အရေးကြီးတဲ့ ပေါင်းကူးတံတားတစ်ခု ဖြစ်ပါတယ်။ TrueMoney က လက်ရှိမှာ ထိုင်းနိုင်ငံတစ်ဝန်း အသုံးပြုသူ သန်း ၃၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းမှာလည်း အေးဂျင့် ၃၀,၀၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အလားတူ KBZPay ကလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူအများဆုံး မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုတွေထဲက တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတာကြောင့် အခုလိုပူးပေါင်းဆောင်ရွက်မှုကနေ ထိုင်းမှာရှိတဲ့မြန်မာလုပ်သားတွေအနေနဲ့ TrueMoney Wallet ကိုသုံးပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေက KBZPay ကနေပဲဖြစ်ဖြစ်၊ KBZ ဘဏ်မှာပဲဖြစ်ဖြစ် ရယူလိုက်ရုံပဲဖြစ်တဲ့အတွက် တကယ်ကို လွယ်လွယ်ကူကူနဲ့ လျင်မြန်စိတ်ချစွာ ငွှေလွှဲလို့ရသွားပြီ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံတစ်ဝန်းရှိ 7-Eleven ဆိုင်ပေါင်း (၁၄,၀၀၀) ကျော်တွင်လည်း ငွေလွှဲပို့လိုသူများအနေဖြင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အချိန်မရွေး ငွေဖြည့်ဝန်ဆောင်မှုကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးဇော်လင်းအောင် မှ “KBZ ဘဏ်အနေနဲ့ ထိုင်းနိုင်ငံက TrueMoney နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ချိတ်ဆက်မှုကို ပိုမိုခိုင်မာစေမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများနဲ့ သူတို့ရဲ့မိသားစုများရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံခြုံစိတ်ချရပြီး လွယ်ကူအဆင်ပြေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ ထိထိရောက်ရောက် ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် မိသားစုများအကြား လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ် (100% financial inclusion) ကို မြှင့်တင်ဖို့နဲ့ ဒေသတွင်း ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုတိုးတက်စေဖို့ အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

TrueMoney သည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူသော ဒစ်ဂျစ်တယ်ငွေလွှဲနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်စေရန် ၎င်း၏ နိုင်ငံတကာဝန်ဆောင်မှု တိုးချဲ့ရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားများ အများအပြား နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသော မလေးရှား၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအပါအဝင် အခြားနိုင်ငံများတွင်လည်း ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

12/08/2026

🎙️ MicUp! English Speaking Competition 2026
# RVI Group
# English language
# Youth
# Myanmar

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေအမျာ...
05/08/2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်
ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင် စားသောက်ဖို့ထက် လွယ်လင့်တကူရွေးချယ်လိုက်မိတဲ့ နေထိုင်စားသောက်မှုပုံစံတွေက နေ့စဉ်ဘဝမှာ အမြဲကပ်ပါလာပါတယ်။ တစ်ချိန်တည်းမှာပဲ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေ၊ မြန်မာ့လက်ဖက်ရည်လိုမျိုး အချိုများတဲ့ အစားအသောက်တွေ၊ ဆီကြော်၊ ဆီပြန်ဟင်းစတဲ့ အစားအစာတွေက နေ့စဉ် စားသောက်မှုပုံစံထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒီလိုမျိုး နေ့စဉ်ပြုမူနေထိုင်စားသောက်တဲ့ပုံစံတွေက ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို လျော့ကျစေတဲ့ အင်ဆူလင်ခုခံအားကို တဖြည်းဖြည်း အားကောင်းလာစေပြီး နောက်ဆုံးမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားးနိုင်ခြေက ပိုပြီး မြင့်တက်လာတာဖြစ်ပါတယ်။

အာရှနိုင်ငံအများစုမှာ မြို့ပြလူနေမှု ဖွံ့ဖြိုးလာတာနဲ့အမျှ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံတွေ၊ ပြောင်းလဲလာတဲ့ စားသောက်မှုအလေ့အကျင့်တွေက ကျန်းမာရေးပိုင်းမှာ စိန်ခါ်မှုတွေ ဖြစ်လာစေပြီး မြန်မာနိုင်ငံမှာလည်း တူညီတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်လာရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ STEPS Survey for Myanmar အစီရင်ခံစာအရ ဆီးချိုရောဂါဟာ စတင်ဖြစ်ပွားချိန်မှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြ်တတ်တာကြောင့် ဆီးချိုရောဂါ ခံစားနေရသူတော်တော်များများဟာ ကိုယ့်ကိုယ်ကိုယ်ရောဂါရှိနေမှန်း မသိကြပါဘူး။ အများစုက နောက်ဆက်တွဲ ရောဂါတွေကတစ်ဆင့် ကိုယ့်ရဲ့ ကျန်းမာရေး၊ လူမှုဘဝအခြေအနေတွေ ထိခိုက်လာပြီဆိုမှ ဆီးချိုရောဂါရှိနေမှန်း သတိပြုမိတတ်ကြပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါဟာ ရုတ်တရက် ဖြစ်ပွားတတ်တဲ့ ရောဂါတွေလိုမျိုးမဟုတ်ဘဲ မျိုးရိုးဗီဇနဲ့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပေါင်းစပ်ပြီး အချိန်တစ်ခုကြာမှ ဖြစ်ပွားတတ်တာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို အချိန်မီ သိရှိနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေကတစ်ဆင့် လူတစ်ယောက်ဟာ ကိုယ့်ရဲ့ သွေးတွင်းသကြားဓာတ်အခြေအနေကို သိရှိနားလည်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို အချိန်မီ သိရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ဆီးချိုရောဂါရဲ့ ပြင်းထန် နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေ မဖြစ်လာအောင် ကြိုတင်ကာကွယ်ပြီး ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်။

အာဟာရညီညွတ်မျှတတဲ့ အစားအစာတွေ ရွေးချယ်စားသုံးတာ၊ အချိုရည်တွေ လျှော့သောက်တာ၊ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာနဲ့ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူတာတွေက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သလို ဖြစ်ပွားမှုကိုလည်း ကြိုတင်တားဆီးပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူငယ်တွေအတွက် အစောပိုင်းကတည်းက ကျန်းမာရေးနှင့်ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ခြင်းက ရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပြီး ကြိုတင်ကာကွယ်တတ်တဲ့ ကျန်းမာရေးအသိ ပိုပြီး အားကောင်းလာစေပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားမှုအများစုက လူနေမှုဘဝပုံစံတွေနဲ့ ဆက်စပ်နေပေမဲ့ ဆီးချိုရောဂါဆိုတာ လူတစ်ဦးချင်းစီအပေါ် သက်ရောက်ပုံမတူညီတဲ့ ရှုပ်ထွေးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ်ခံအားစနစ်ကြောင့်ဖြစ်တဲ့ အမျိုးအစား (၁) ဆီးချိုရောဂါ ခံစားနေရသူတွေကိုလည်း နားလည်သဘောပေါက်ပြီး ပံ့ပိုးကူညီပေးတတ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုရှိဖို့က အလွန်အရေးကြီးပါတယ်။

ဆီးချိုရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ရတဲ့ တစ်ယောက်ချင်းစီတိုင်းမှာ လိုအပ်ချက်တွေ မတူညီနိုင်တာကို သိရှိနားလည်ထားတဲ့ Zuellig Pharma အနေနဲ့ ဆီးချိုရောဂါအကြောင်း ပိုမိုသိရှိနားလည်စေနိုင်ဖို့၊ လိုအပ်တဲ့ ဆေးဝါး၊ ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုမိုလက်လှမ်းမီနိုင်စေဖို့အတွက်နဲ့ ရည်ရွယ်ပြီး ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ Action4Diabetes (A4D) အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းပြီး ဖော်ဆောင်နေတဲ့ Aspire Scholarship Program ကနေလည်း မြန်မာနိုင်ငံအတွင်း အမျိုးအစား (၁) ဆီးချိုရောဂါ ခံစားနေရတဲ့ လူငယ်တွေအတွက် ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းရင်း အနာဂတ်အိပ်မက် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကူညီပေးလျက်ရှိပါတယ်။ ဒါ့အပြင် Novo Nordisk နဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ဆီးချိုရောဂါဆိုင်ရာ အသိပညာဗဟုသုတတွေ ကျယ်ပြန့်လာစေဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ ဆီးချိုရောဂါ စောင့်ရှောက်မှုတွေကို ပိုမိုလက်လှမ်းမီ ရရှိနိုင်စေရေး အတွက် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

ပိုမိုကျန်းမာတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ နေ့စဉ် လူနေမှုဘဝ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်တတ်ဖို့ လိုအပ်သလို၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေအနေနဲ့လည်း ရောဂါကြိုတင် ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုလက်လှမ်းမီရရှိအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒီနေ့ကစတင်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမှသာ မြန်မာနိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးအန္တရာယ်တွေကို ပိုမိုနားလည်လာပြီး ပိုမိုကျန်းမာတဲ့ မနက်ဖြန်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်လာနိုင်တဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ပိုပြီး နားလည်သဘောပေါက်လိုသူတွေအတွက် International Diabetes Federation (IDF) ကနေ လွယ်ကူရိုးရှင်းတဲ့ အွန်လိုင်း ရောဂါရှာဖွေစစ်ဆေးမှု ပုံစံတစ်ခု ပြုလုပ်ပေးထားပါတယ်။ ဒီစစ်ဆေးမှုဟာ ဆရာဝန်တွေရဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက်နဲ့ ကောက်ချက်ချမှုတွေကို အပြည့်အဝ အစားမထိုးနိုင်ပေမဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စတင်ခန့်မှန်းနိုင်ဖို့၊ လိုအပ်လာရင် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ဖို့၊ ကျန်းမာရေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အသုံးဝင်တဲ့ ပထမခြေလှမ်းတစ်ခုဖြစ်လာစေမှာပါ။

ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို စစ်ဆေးရန် - https://worlddiabetesday.org/t2d-risk-test/?utm

ပြီး
ကိုးကားချက်
International Diabetes Federation (IDF) Diabetes Atlas (10th Edition) - https://diabetesatlas.org
World Health Organization – Diabetes Fact Sheet - https://www.who.int/news-room/fact-sheets/detail/diabetes
WHO STEPS Myanmar (risk factor analysis) - https://pmc.ncbi.nlm.nih.gov/articles/PMC6407671/
IDF Diabetes Atlas - https://diabetesatlas.org

ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ် တို့ Insurance Asia Awards 2026 အခမ်းအနားတွင် "Strategic Partnership of the Year" ဆု ဂုဏ်ပ...
28/07/2026

ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ် တို့ Insurance Asia Awards 2026 အခမ်းအနားတွင် "Strategic Partnership of the Year" ဆု ဂုဏ်ပြုချီးမြှင့်ခံရ

ရန်ကုန်၊ မြန်မာ၊ ဇူလိုင်လ (၂၈) ရက်၊ ၂၀၂၆ ခုနှစ် - ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့သည် ဇူလိုင်လ အစောပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Insurance Asia Awards 2026 အခမ်းအနားတွင် Strategic Partnership of the Year ဆု အား ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။ ဘဏ်မှတစ်ဆင့် အာမခံဝန်ဆောင်မှုများ ပေးအပ်သည့် (Bancassurance) လုပ်ငန်းစဉ်မှ အသက်အာမခံနှင့် ကျန်းမာရေးအာမခံ ဗဟုသုတများကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊ မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ငွေကြေးအကာအကွယ်များ ဖန်တီးပေးနိုင်ခဲ့ခြင်းနှင့် မြန်မာ့အာမခံ နှင့် ဘဏ္ဍာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အထောက်အကူပြုနိုင်ခဲ့သည့် ရေရှည်အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ အသိအမှတ်ပြု ချီးမြှင့်ခံရခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ မဟာဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုများအား ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့သည် အသက်အာမခံနှင့်ကျန်းမာရေးအာမခံ ဝန်ဆောင်မှုများအား ပိုမိုကျယ်ပြန့်စွာ ပေးအပ်နိုင်ရန်နှင့် မြန်မာနိုင်ငံတဝန်း အာမခံဝန်ဆောင်မှုများအား ပိုမိုလက်လှမ်းမှီနိုင်စေပြီး အာမခံအကာအကွယ်များရရှိနိုင်စေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပရူဒန်ရှယ်အာမခံ၏ အာမခံနယ်ပယ်နှင့် ပတ်သက်သော ကျွမ်းကျင်မှုများနှင့် ရိုးမဘဏ်၏ ငွေကြေးဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသည့် မိဘပြည်သူများနှင့် ချိတ်ဆက်နိုင်စွမ်း၊ ပြည်တွင်းဈေးကွက်အပေါ် နားလည်ကျွမ်းကျင်မှုများအား ပေါင်းစပ်မှုမှတစ်ဆင့် ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီနှင့် စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်နှင့်အမျှ ပြောင်းလဲလာသည့် လိုအပ်ချက်များအပေါ် မူတည်ပြီး လူမှုအသိုက်အဝန်းအတွက် လိုအပ်သည့် အသက်အာမခံနှင့် ကျန်းမာရေးအာမခံဝန်ဆောင်မှုများကို ဖန်တီးပေးအပ်နိုင်ခဲ့သည်။

ပရူဒန်ရှယ်အာမခံ၏ Chief Distribution Officer ဖြစ်သူ ဒေါ်ဆုသက်ထွဏ်း က “ပရူဒန်ရှယ်အာမခံနဲ့ ရိုးမဘဏ်တို့ဟာ မိတ်ဖက်အဖြစ် စတင်လက်တွဲခဲ့တဲ့ အချိန်မှစပြီး ဝယ်ယူသူများ၏ ရေရှည်ငွေကြေးလုံခြုံမှုနဲ့ အာမခံအကာအကွယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး အမျိုးအစားစုံလင်လှတဲ့ အာမခံ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖောက်သည်များအတွက် ပိုမိုကျယ်ပြန့်တဲ့ ငွေကြေးဆိုင်ရာ ကာကွယ်မှုတွေနဲ့ အရည်အသွေးမြင့် အာမခံဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ ဝန်ထမ်းတွေ၊ အာမခံကိုယ်စားလှယ်များနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ကာ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ ဒီပူးပေါင်းဆောင်ရွက်မှုခရီးစဉ်ဟာ ပြည်သူတွေရဲ့ အနာဂတ်ဘဝလုံခြုံမှုကို အထောက်အကူပြုစေနိုင်မယ့် အာမခံအကာအကွယ်တွေကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ယနေ့အထိ ရရှိခဲ့တဲ့ အောင်မြင်မှုများအတွက် ပရူဒန်ရှယ်နှင့် ရိုးမဘဏ် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ယုံကြည်အားပေးခဲ့ကြသော ကာစတန်မာများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။”

"'Strategic Partnership of the Year' ဆုကို ဆွတ်ခူးရရှိခဲ့တာဟာ ပရူဒန်ရှယ်အာမခံ နဲ့ ရိုးမဘဏ် တို့ အတူတကွလက်တွဲတည်ဆောက်ခဲ့ကြတဲ့ အောင်မြင်မှုတွေအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ သက်သေတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ဝယ်ယူသူတွေကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်မတို့ တွေရဲ့ အဓိက အားသာချက်တွေကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ ခိုင်မာတဲ့ မိတ်ဖက် ဆက်ဆံရေးကို မီးမောင်းထိုးပြနေတာပါ။ ရှေ့ဆက်ပြီးတော့လည်း အရေးပါတဲ့ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံ ဝန်ဆောင်မှုတွေကို ပိုမိုလွယ်ကူစွာရယူနိုင်စေဖို့နဲ့ ဝယ်ယူသူ တွေရဲ့ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ရိုးမဘဏ်၏ Chief Customer Officer ဖြစ်သူ ဒေါ်ခင်မူမူမြင့် က ဖြည့်စွက်ပြောကြားခဲ့သည်။

Charlton Media Group ၏ အဖွဲ့ဝင်ဖြစ်သော Insurance Asia Magazine မှ ကြီးမှူးကျင်းပသည့် Insurance Asia Awards သည် ယခုအခါ (၁၁) ကြိမ်မြောက် သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး အာရှ-ပစိဖိတ် ဒေသတွင်း အာမခံကဏ္ဍနယ်ပယ် အတွင်း ဂုဏ်သိက္ခာကြီးမှားလှသော ထိပ်တန်း ဂုဏ်ပြုဆုပေးပွဲကြီး ဖြစ်ပါသည်။ "Strategic Partnership of the Year" ဆုသည် စီးပွားရေးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ဝယ်ယူသူများအတွက် တန်ဖိုးဖန်တီးပေးမှုများကို ဖော်ဆောင်နိုင်သည့် ထူးချွန်အောင်မြင်သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုပေးခြင်းဖြစ်သည်။ အဆိုပါဆုများကို ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ကွန်ရက် (Professional Services Network) များမှ ဒေသတွင်း အကြီးတန်း အာမခံနယ်ပယ်ခေါင်းဆောင်များနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှု အကြံပေးပညာရှင်များ ပါဝင်သော လွတ်လပ်သည့် အကဲဖြတ်အဖွဲ့က စနစ်တကျ စိစစ်သုံးသပ် အကဲဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်းသည် ပရူဒန်ရှယ်အာမခံ နှင့် ရိုးမဘဏ် တို့၏ မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ် (၁၀) နှစ်အထိ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ပြီး မကြာမီတွင် ရရှိခဲ့ခြင်း ဖြစ်ပြီးမြန်မာနိုင်ငံရှိ ပြည်သူများ၊ မိသားစုများနှင့် လူမှုအဖွဲ့အစည်းများအတွက် ပိုမိုခိုင်မာကောင်းမွန်သော ငွေကြေးဆိုင်ရာအကာအကွယ်နှင့် အာမခံ ဝန်ဆောင်မှုများ ရရှိနိုင်ရေး ပံ့ပိုးပေးရန်ဟူသည့် ဘုံရည်မှန်းချက်ကို ပိုမိုခိုင်မာသွားစေနိုင်မည် ဖြစ်သည်။ ထို့အပြင် ယခု အသိအမှတ်ပြုခံရမှုသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေးနှင့် တိုးတက်မှု အခွင့်အလမ်းသစ်များကို အတူတကွ လက်တွဲဖော်ဆောင်ပေးရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းမှု ကတိကဝတ်ကိုလည်း ထင်ဟပ်လျက်ရှိပါသည်။

ပရူဒန်ရှယ်အာမခံ အကြောင်း ပိုမိုသိရှိလိုပါက (https://www.prudential.com.mm/mm/) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အသေးစိတ် မေးမြန်းစုံစမ်းလိုသည်များရှိပါက သို့မဟုတ် အာမခံဝန်ဆောင်မှု ရယူလိုပါက ပရူဒန်ရှယ် အာမခံ ၏ Hotline ဖုန်းနံပါတ် (+၉၅ ၉၇၇ ၀၁၁ ၀၀၁၀) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်သစ် (၃) ဦးအား ထပ်မံရွေးချယ်ချီးမြှင့်ပြီး ...
19/07/2026

အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်သစ် (၃) ဦးအား ထပ်မံရွေးချယ်ချီးမြှင့်ပြီး သုံးစွဲသူများ၏ ဘဝကို ကူညီပံ့ပိုး
• တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်သစ် (၃) ဦးအား တရားဝင် ထုတ်ပြန်ကြေညာခဲ့။
• စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်းပေါင်း (၁၂,၀၀၀) ပေးအပ်မည့် တစ်နှစ်တာ ‘ကံထူးရင်းကံမြူး’ အစီအစဉ်သည် အက်တမ်(ATOM) သုံးစွဲသူအားလုံးအတွက် ဘဝအပြောင်းအလဲ ဖြစ်စေမည့် အတွေ့အကြုံ ကောင်းများနှင့် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထား။
• အက်တမ်(ATOM) သည် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရုံသာမက သုံးစွဲသူဗဟိုပြု၍ ဆန်းသစ်တီထွင်သော အတွေ့အကြုံကောင်းများကိုပါ ပေးအပ်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ။
ရန်ကုန်၊ မြန်မာ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့။ ။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိသည့် ‘ကံထူးရင်းကံမြူး’ အစီအစဉ်၏ ဒုတိယသုံးလပတ် ကံထူးရှင် (၃) ဦးကို တရားဝင် ရွေးချယ် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် Sule Square ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပခဲ့ပြီး ကံထူးရှင်များမှ ယခုရရှိသော ဆုကြီးသည် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုလူနေမှု ဘဝအပေါ် မည်ကဲ့သို့ အပြုသဘောဆောင်သည့် ပြောင်းလဲမှုကောင်းများ သယ်ဆောင်လာကြောင်း ကျေးဇူးတင်စကားနဲ့အတူ မျှဝေပြောကြားခဲ့ကြသည်။ ယခုအကြိမ် မဲနှိုက်ရွေးချယ်မှုနှင့်အတူ အက်တမ်(ATOM) အနေဖြင့် ပထမနှစ်ဝက်ကာလအတွင်း၌ ကျပ်သိန်း (၁,၀၀၀) ကံထူးရှင် စုစုပေါင်း (၆) ဦးအထိ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသော ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်သည် သုံးစွဲသူများ၏ ယုံကြည်အားပေးမှုကို အသိအမှတ်ပြုရန်၊ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ဖန်တီးပေးရန်နှင့် နေ့စဉ် အက်တမ်(ATOM) ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှတစ်ဆင့် ထပ်ဆောင်း ဆုလာဘ်များကို ပိုင်ဆိုင်ကာ ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပြုလုပ်သွားမည့် ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်တွင် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်းပေါင်း (၁၂,၀၀၀) အထိ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ဧပြီလမှ ဇွန်လအထိ ကမ်ပိန်းကာလအတွင်း ပါဝင်ခဲ့သော ကံစမ်းမဲလက်မှတ်များအနက် မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်မှ ကိုးတန်းကျောင်းသား ကိုခိုင်ခန့်ကျော်၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှ ကွမ်းသီးအရောင်းအဝယ် ပြုလုပ်သူ ဦးမောင်ဌေး နှင့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ အရောင်းဝန်ထမ်း မဝင်းစန္ဒာ တို့သည် ကျပ်သိန်း (၁,၀၀၀) စီ အသီးသီးရရှိကာ အထူးဆုရှင် (၃) ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ အဆိုပါ အထူးဆုကြီးများအပြင် အခြားသော သုံးစွဲသူ ရာပေါင်းများစွာကိုလည်း ဖုန်းငွေဖြည့်ကတ်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပါဝင်ကံစမ်းသူများအတွက် ပိုမိုစိတ်လှုပ်ရှားစရာ အစီအစဉ်တစ်ခုအဖြစ် ဖန်တီးပေးနိုင်ခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝကို တကယ်တမ်း ပြောင်းလဲတိုးတက်စေမယ့် အခွင့်အလမ်း ကောင်းတွေကို ဖန်တီးပေးပြီး မြန်မာပြည်သူတွေရဲ့ ဘဝကို ပိုမိုအနှစ်သာရရှိအောင် မြှင့်တင်ပေးဖို့ ကတိပြု ထားပါတယ်" ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ "'ကံထူးရင်းကံမြူး' အစီအစဉ်ဟာ ဆုလက်ဆောင်ပေးအပ်တဲ့ အစီအစဉ်တစ်ခုသာမကဘဲ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးဖို့၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖန်တီးပေးဖို့နဲ့ အခွင့်အလမ်းသစ်တွေကို ဖော်ဆောင်ပေးဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပါဝင်တဲ့ ကံစမ်းမဲတစ်စောင်ချင်းစီတိုင်းဟာ သုံးစွဲသူတွေက အက်တမ်(ATOM) အပေါ် ထားရှိတဲ့ ယုံကြည်မှုကို ဖော်ပြနေတာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ‘ပိုမိုကောင်းမွန်သော လူနေမှုဘဝ’ ကို ပေးအပ်ရန်ဆိုတဲ့ ကတိကဝတ်ကို တည်တံ့စေဖို့နဲ့ နေ့စဉ်အသုံးပြုတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ကတစ်ဆင့် ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုတွေကို ဆက်လက် ဖန်တီးပေးနိုင်ဖို့ ကျွန်တော်တို့ကို တွန်းအားဖြစ်စေပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဇူလိုင်လလယ် မှစတင်၍ အက်တမ်(ATOM) သည် သုံးစွဲသူများအတွက် ပိုမိုမြန်ဆန်၊ ချောမွေ့ပြီး ပွင့်လင်း မြင်သာမှုရှိသော အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ နေ့စဉ်သုံးဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသည်နှင့်တစ်ပြိုင်နက် ကံစမ်းမဲလက်မှတ်များကို ချက်ချင်းရရှိနိုင်မည့်စနစ်ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် အက်တမ်(ATOM) ၏ first-to-market ဖြစ်သည့် ‘Angel Hour’ အစီအစဉ်မှတစ်ဆင့် နေ့တစ်နေ့၏ သတ်မှတ်ထားသော အချိန်အပိုင်းအခြားများတွင် ဝန်ဆောင်မှုရယူပါက ကံစမ်းခွင့်လက်မှတ် နှစ်ဆအထိ ပေးအပ်ပြီး ပိုမိုကံထူးနိုင်မည့် အခွင့်အရေးများကို ဆက်လက်ဖန်တီးပေးထားသည်။
အက်တမ်(ATOM) ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာအရာရှိချုပ် Mr. Ahsan Syed မှ လည်း "တစ်နိုင်ငံလုံးက သုံးစွဲသူတွေရဲ့ အားပေးမှုက တကယ့်ကို အားရကျေနပ်စရာ ကောင်းပါတယ်။ ဒီ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်နဲ့ သုံးစွဲသူတွေအကြား ပိုမိုခိုင်မာတဲ့ ဆက်နွှယ်မှုတွေ တည်ဆောက်ဖို့အတွက် ဖော်ဆောင်ထားခြင်း ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာ ဆန်းသစ်တီထွင်မှုတွေ ကတစ်ဆင့် သုံးစွဲသူတွေ အနေနဲ့ channel မျိုးစုံကနေ ရိုးရှင်းလွယ်ကူစွာ ပါဝင်ကံစမ်းနိုင်အောင် စနစ်တကျ ပြုလုပ်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တိုင်းကို သုံးစွဲသူတွေရဲ့ လိုအပ်ချက်ပေါ်အခြေခံပြီး ပုံဖော်ထားတာဖြစ်လို့ နောင်မှာ လည်း ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတွေ၊ အဆင်ပြေချောမွေ့မှုတွေနဲ့ ဘဝကို ပြောင်းလဲစေမယ့် အခိုက်အတန့် တွေကို ပေးစွမ်းနိုင်ဖို့ ဆန်းသစ်တဲ့ အတွေ့အကြုံတွေကို ဆက်လက် မိတ်ဆက်ပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။
အက်တမ်(ATOM) အနေဖြင့် စနစ်တကျ စိစစ်မှုများနှင့် အများပြည်သူရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိသော ကံထူးရှင်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို အသေအချာ ပြုလုပ်ပေးလျက် ရှိသည်။ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ကြီးကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အထိ ဆက်လက်ပြုလုပ် သွားမည် ဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် ကံထူးနိုင်မည့် အခွင့်အလမ်းများကို အရယူနိုင်ရန် ဆက်လက်ပါဝင်ကံစမ်းကြဖို့ တိုက်တွန်းအပ်ပါသည်။ ‘ကံထူးရင်းကံမြူး’ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အက်တမ်(ATOM) ၏ တရားဝင်ဝက်ဘ်ဆိုက် တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ပရိသတ်တွေရဲ့နှလုံးသားကို ဘယ်သူတွေ သိမ်းပိုက်ခဲ့လဲ။ မြန်မာနိုင်ငံမှ Viber အသုံးပြုသူများ Follow လုပ်မှု  အများဆုံး ထိပ်တန...
17/07/2026

ပရိသတ်တွေရဲ့နှလုံးသားကို ဘယ်သူတွေ သိမ်းပိုက်ခဲ့လဲ။ မြန်မာနိုင်ငံမှ Viber အသုံးပြုသူများ Follow လုပ်မှု အများဆုံး ထိပ်တန်း နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း ၁၀ သင်း

ရန်ကုန်၊ မြန်မာ၊ ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် – မြန်မာနိုင်ငံရှိ ဘောလုံးဝါသနာရှင်များသည် ယခုနွေရာသီ၏ အဓိက ဘောလုံးပွဲစဉ်ကြီးကို Rakuten Viber ပေါ်တွင် အနီးကပ် စောင့်ကြည့်အားပေးခဲ့ကြသည်။ Viber အက်ပလီကေးရှင်းအတွင်းရှိ သီးသန့် ဘောလုံးကဏ္ဍ (football experience) ကြောင့် အသုံးပြုသူများသည် မိမိတို့ ကြိုက်နှစ်သက်သည့် နိုင်ငံလက်ရွေးစင်အသင်းများကို စိတ်ကြိုက်ရွေးချယ်နိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံးတွင် ၎င်းတို့ရွေးချယ်ထားသော အသင်းများ၏ နောက်ဆုံးရ ပွဲစဉ်သတင်းများ၊ တိုက်ရိုက်ရလဒ်များနှင့် အဓိက ပွဲစဉ်အချက်အလက်များကို အချိန်နှင့် တပြေးညီ ရရှိနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများအကြား Follow လုပ်မှု အများဆုံး ထိပ်တန်း နိုင်ငံလက်ရွေးစင် ၁၀ သင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁. 🇵🇹 ပေါ်တူဂီ - ၁၅.၈၆ %
၂. 🇦🇷 အာဂျင်တီးနား - ၁၄.၀၂ %
၃. 🇧🇷 ဘရာဇီး - ၁၃.၂၈ %
၄. 🏴󠁧󠁢󠁥󠁮󠁧󠁿 အင်္ဂလန် - ၁၀.၅၈ %
၅. 🇫🇷 ပြင်သစ် - ၁၀.၀၆ %
၆. 🇪🇸 စပိန် - ၈.၃၀ %
၇. 🇩🇪 ဂျာမနီ - ၈.၀၀ %
၈. 🇯🇵 ဂျပန် - ၆.၉၇ %
၉. 🇺🇸 ယူအက်စ်အေ (အမေရိကန်) - ၆.၅၀ %
၁၀. 🇰🇷 တောင်ကိုရီးယား - ၆.၄၂ %

အဆိုပါ သီးသန့် ဘောလုံးကဏ္ဍကို ဇွန်လနှင့် ဇူလိုင်လတစ်လျှောက်လုံးတွင် Viber ၏ မိုဘိုင်းဗားရှင်း၌ ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ မိမိတို့ ကြိုက်နှစ်သက်သည့် အသင်းများကို ရွေးချယ်ထားသော အသုံးပြုသူများသည် လာမည့် ပွဲစဉ်ဇယားများ၊ ပွဲကစားနေစဉ် တိုက်ရိုက်အခြေအနေများနှင့် နောက်ဆုံးရလဒ်များဆိုင်ရာ အသိပေးချက် (Notifications) များကို လက်ခံရရှိခဲ့ကြသည်။ ထို့အပြင် ပွဲစဉ်တိုင်းအတွက် Viber ထဲ၌ သီးသန့်စာမျက်နှာတစ်ခု ပါဝင်ပြီး ပွဲစဉ်နှင့်ပတ်သက်သည့် အဓိက အချက်အလက်များ ကိုလည်း ကြည့်ရှုနိုင်ခဲ့သည့်အတွက် ပရိသတ်များအနေဖြင့် ပွဲစဉ်အခြေအနေများကို စက္ကန့်မလပ် စောင့်ကြည့်အားပေးနိုင်ခဲ့ကြသည်။

ဤလုပ်ဆောင်ချက်ကို App ၏ နောက်ဆုံးထွက် Android နှင့် iPhone ဗားရှင်းများတွင် ရရှိနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ အသုံးပြုသူများအတွက် အရေးအပါဆုံးသော အခိုက်အတန့်များနှင့် အမြဲထိတွေ့ ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်သည့် Rakuten Viber ၏ အဓိပ္ပာယ်ရှိသော ဖန်တီးမှုများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

Rakuten Viber သည် အနာဂတ်ကြယ်ပွင့်လူငယ်များကို မြေတောင်မြှောက်ပေးရန် Myanmar Esports Federation မှ ကျင်းပသည့် Varsity Esp...
07/07/2026

Rakuten Viber သည် အနာဂတ်ကြယ်ပွင့်လူငယ်များကို မြေတောင်မြှောက်ပေးရန် Myanmar Esports Federation မှ ကျင်းပသည့် Varsity Esports Championship ၏ Official Communication Partner အဖြစ် တရားဝင်ပူးပေါင်းလက်တွဲ

ရန်ကုန်၊ မြန်မာ၊ ဇူလိုင်လ (၆) ရက်၊ ၂၀၂၆ ခုနှစ် – ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုဖြစ်သော Rakuten Viber နှင့် Myanmar Esports League (MESL) တို့သည် Mobile Legends: Bang Bang နှင့် PUBG Mobile မိုဘိုင်းလ်ဂိမ်း ပြိုင်ပွဲများ ပါဝင်မည့် တက္ကသိုလ်အဆင့် Esports ချန်ပီယံရှစ်ပြိုင်ပွဲ (Varsity Esports Championship - VEC) 2026 အတွက် မဟာဗျူဟာမြောက် လက်တွဲပူးပေါင်းမှုကို တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ VEC 2026 ၏ တရားဝင်ဆက်သွယ်ရေးမိတ်ဖက် (Official Communication Partner) အဖြစ် ဆောင်ရွက်သွားမည့် Rakuten Viber သည် တစ်နိုင်ငံလုံးရှိ Esports ပရိသတ်များ အတူတကွချိတ်ဆက်နိုင်ရန်၊ မိမိတို့ဒေသခံအသင်းများကို ပံ့ပိုးအားပေးရန်နှင့် လူငယ် Esports ဝါသနာရှင်များ နိုင်ငံတော်အဆင့်သို့ တက်လှမ်းမည့်ခရီးစဉ်ကို ဝန်းရံနိုင်ရန် သီးသန့် Viber Channels များကို ဖန်တီးပံ့ပိုးပေးသွားမည်ဖြစ်သည်။

VEC 2026 သည် အကြိတ်အနယ်ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခု ဖြစ်ရုံမကဘဲ စနစ်ကျသည့် တက္ကသိုလ်အဆင့် အားကစားယှဉ်ပြိုင်မှုများမှတစ်ဆင့် အနာဂတ်လူငယ်လူရည်ချွန်များကို မြေတောင်မြှောက်ပေးပြီး မြန်မာ့လူငယ် Esports ဂေဟစနစ်၏ အခြေခံအုတ်မြစ်အဖြစ် ဖော်ဆောင်ပေးနေခြင်းဖြစ်သည်။ ဤမျှော်မှန်းချက်နှင့်အညီ ယခုပူးပေါင်းဆောင်ရွက်မှုသည် ကျောင်းသားကစားသမားများနှင့် လူထုအသိုင်းအဝိုင်းကို ပေါင်းကူးချိတ်ဆက်ပေးရန်၊ အဓိပ္ပာယ်ပြည့်ဝသော ချိတ်ဆက်မှုများကို ဖော်ဆောင်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့ဒေသနှင့်ကျောင်းဂုဏ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး 'The Star of the Future' အနာဂတ်ကြယ်ပွင့်လူငယ်များကို ပံ့ပိုးမြှင့်တင်ပေးသွားမည် ဖြစ်သည်။

VEC သည် တက္ကသိုလ်ကျောင်းသားလူငယ်များအတွက်သာ သီးသန့်ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသော ထိပ်တန်းအဆင့် Esports ပြိုင်ပွဲကြီးဖြစ်ပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တက္ကသိုလ်များကို စည်းလုံးညီညွတ်စွာ ချိတ်ဆက်ပေးလျက်ရှိပါသည်။ ၎င်းသည် ကျောင်းအချင်းချင်း အပြုသဘောဆောင်သော ယှဉ်ပြိုင်မှုများမှတစ်ဆင့် ကျောင်းဂုဏ်ဆောင်စိတ်နှင့် နိုင်ငံ့ဂုဏ်ဆောင်မှုတို့ကို မြှင့်တင်ပေးရင်း စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနေသော ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဤပြိုင်ပွဲ၏ ၂၀၂၆ ခုနှစ် ပြိုင်ပွဲရာသီတွင် Season 1 နှင့် Season 2 တို့အတွက် စုစုပေါင်းဆုကြေးငွေ ကျပ်သိန်း ၄၀၀ (၄၀,၀၀၀,၀၀၀) အထိ ပေးအပ်ချီးမြင့်သွားမည်ဖြစ်ပြီး၊ ပွဲစဉ်တိုင်းသည် မြန်မာ့ Esports အသိုင်းအဝိုင်း၏ အနာဂတ်အမွေအနှစ်ကို ခိုင်မာစွာ ဖော်ဆောင်ပေးမည်ဖြစ်သည်။

“အခုလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ VEC 2026 ပြိုင်ပွဲတစ်လျှောက်လုံးမှာ ပိုမိုမြန်ဆန်ချောမွေ့တဲ့ ဆက်သွယ်မှုတွေကို ရရှိစေဖို့အတွက် မြန်မာနိုင်ငံရဲ့ အသုံးပြုမှုအများဆုံးနဲ့ ယုံကြည်စိတ်ချရမှုအရှိဆုံး ဆက်သွယ်ရေးပလက်ဖောင်းဖြစ်တဲ့ Rakuten Viber ကို ကျွန်တော်တို့ရဲ့ တရားဝင် ဆက်သွယ်ရေးမိတ်ဖက်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ပရိသတ်တွေအနေနဲ့ VEC 2026 ရဲ့ စိတ်လှုပ်ရှားစရာ သတင်းအချက်အလက်နဲ့ နောက်ဆုံးရအခြေအနေတွေကို တစ်နေရာတည်းမှာ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်သလို၊ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားလူငယ်တွေအတွက်လည်း ပိုမိုကောင်းမွန်ပြီး ပိုမိုချိတ်ဆက်မိတဲ့ လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။” ဟု မြန်မာ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်ထက်လင်း က ပြောကြားခဲ့သည်။

တရားဝင် ဆက်သွယ်ရေးမိတ်ဖက် ဖြစ်သည့် Rakuten Viber သည် တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပိုမိုနီးကပ်စည်းလုံးစေရန် ရည်ရွယ်ပြီး အပြန်အလှန်ချိတ်ဆက်ပြောဆိုနိုင်သော၊ ပရိသတ်အခြေပြု ဒစ်ဂျစ်တယ်အစီအစဉ်သစ်များကို အောက်ပါအတိုင်း ဖန်တီးယူဆောင်လာပေးသွားမည်ဖြစ်သည်။
MESL နှင့် VEC တို့၏ တရားဝင် Viber Channels များ - ပြိုင်ပွဲအချိန်ဇယားများ၊ မဲခွဲထွက်ပေါ်လာသည့် အသင်းပွဲစဉ်ဇယားများ (Match Brackets)၊ ပြိုင်ပွဲသတင်းများနှင့် တရားဝင်ရလဒ်များကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့် ဆက်သွယ်ရေးဗဟိုချက်အဖြစ် ဆောင်ရွက်သွားမည်။
ရလဒ်ခန့်မှန်းခြင်းနှင့် MVP မဲပေးခြင်းများ - ပရိသတ်များသည် Channel အတွင်း Comment ပေးခြင်းမှတစ်ဆင့် ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား (MVP) များကို တိုက်ရိုက်မဲပေးရွေးချယ်နိုင်မည်ဖြစ်ပြီး၊ သီးသန့်ဆုမဲကံစမ်းခွင့်များ ရရှိနိုင်မည့် ပွဲစဉ်ရလဒ်ခန့်မှန်းခြင်း စိန်ခေါ်မှုများတွင်လည်း ပါဝင်နိုင်သည်။
သီးသန့် ပြိုင်ပွဲအထိမ်းအမှတ် Sticker Packs များ - ပရိသတ်များသည် Chat များအတွင်း ပြိုင်ပွဲအထိမ်းအမှတ် အထူးထုတ် သီးသန့်စတစ်ကာ (Sticker Packs) များ ကို အခမဲ့ရယူ ဒေါင်းလုဒ်ဆွဲနိုင်သည်။

“ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲတစ်ခုအတွက်တင် လက်တွဲပူးပေါင်းတာမဟုတ်ဘဲ မြန်မာနိုင်ငံ Esports ကဏ္ဍရဲ့ အနာဂတ်အတွက် လုံခြုံစိတ်ချရပြီး တက်ကြွလှုပ်ရှားသက်ဝင်နေမယ့် လူမှုဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးမယ့် ဂေဟစနစ် ကနေတစ်ဆင့် ပြည်တွင်းက အရည်အချင်းရှိသူတွေကို ပံ့ပိုးမြှင့်တင်ပေးနေတာ ဖြစ်ပါတယ်။ မြန်မာ့ဂိမ်းလောကရဲ့ အသက်သွေးကြောဟာ မိုဘိုင်းလ်ဆက်သွယ်ရေးအပေါ်မှာ အခြေခံပြီး တိုးတက်နေတာဖြစ်တဲ့အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်တွေအနေနဲ့ သူတို့ရဲ့ ပရိသတ်တွေ၊ အားပေးပံ့ပိုးသူတွေနဲ့ ချိတ်ဆက်ပြီး ထူးချွန်ထက်မြက်တဲ့ စွမ်းရည်တွေကို အပြည့်အဝ ဖော်ထုတ်ပြသနိုင်မယ့် အကောင်းဆုံး ဒစ်ဂျစ်တယ်အားကစားကွင်းပြင်တစ်ခုကို ပံ့ပိုးပေးခွင့်ရတဲ့အတွက် Rakuten Viber အနေနဲ့ အလွန်ပဲ ဂုဏ်ယူမိပါတယ်” ဟု Rakuten Viber ၏ Senior Director APAC ဖြစ်သူ Mr. David Tse က ပြောကြားခဲ့သည်။

တရားဝင် ပြိုင်ပွဲနောက်ဆုံးရသတင်းများ၊ အချိန်နဲ့တပြေးညီ ရလဒ်များနှင့် တက္ကသိုလ်အလိုက် ရမှတ်အဆင့်ဆင့် များကို အောက်ပါ MESL နှင့် VEC တို့၏ တရားဝင် Viber Community Channels များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MESL ၏ Viber Community Channel - https://vb.me/meslchannel
VEC ၏ Viber Community Channel - https://vb.me/vec_channel

ရှေ့ဆက်လက်၍လည်း Rakuten Viber သည် လုံခြုံ၍ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်နိုင်ပြီး ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်လူမှုပတ်ဝန်းကျင်များကို ဖန်တီးပေးခြင်းဖြင့် မြန်မာ့လူငယ်များကို ပံ့ပိုးမြှင့်တင်ပေးသွားမည် ဟူသည့် ရည်မှန်းချက်နှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ ပြည်တွင်းမှ စိတ်အားထက်သန်မှုများနှင့် နိုင်ငံတကာစံနှုန်းများအကြား စဉ်ဆက်မပြတ် ပေါင်းကူးချိတ်ဆက်ပေးခြင်းအားဖြင့် လူမှုပတ်ဝန်းကျင်တိုးတက်စေရန်၊ အပြုသဘောဆောင်သော ပူးပေါင်းပါဝင်မှုများမှတဆင့် ထူးချွန် Esports ကစားသမားများနှင့် ၎င်းတို့၏ ပရိသတ်များကြား အဓိပ္ပာယ်ပြည့်ဝသော ချိတ်ဆက်မှုများကို ဖော်ဆောင်ပေးရင်း Esports ကဲ့သို့သော ရေရှည်တည်တံ့မည့် ဂေဟစနစ်များကို ပံ့ပိုးကူညီပေးရန်၊ အနာဂတ်ကြယ်ပွင့်လူငယ်များပေါ်ထွက်လာစေရန် အစဉ်တစိုက် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Address

Yangon

Telephone

+959782908013

Website

Alerts

Be the first to know and let us send you an email when Full Moon Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Full Moon Media:

Shortcuts

Share