24/08/2022
^^^ဘဝဆိုတာ နေတက်ဖို့ဘဲလိုတာပါ^^^
***************************************
ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့လောကကြီးမှာ
စိတ်ဓာတ်ကျပြီးအားငယ်နေတော့ရော
ဘာထူးလာမှာလဲ
ကိုယ့်ကြိုးစားသလောက်တော့ ကိုယ်အကျိုးခံစား
ခွင့်ရမှာဘဲလေ။
ငါ့ဘဝက ကံဆိုလှချည်းလားဆိုပြီး
သိမ်ငယ်နေမယ့်အစား
ကိုယ့်ထက်ဘဝအခြေအနေဆိုးလှတဲ့
လူတစ်ချို့ရဲ့ ဘဝကို
ငဲ့ကြည့်ပါလား
ပျော်စရာမကောင်းဘူးလို့ထင်တဲ့နေ့ရက်တွေမှာ
ရှေ့ရက်တွေမှာ ပြုံးပျော်စွာ ကိုယ်ဖြတ်သန်းခဲ့တာ
ပဲလေ။
ကိုယ်တစ်ယောက်တည်း ကံဆိုးနေတာလဲ
မဟုတ်သလို
ကိုယ်တစ်ယောက်တည်း ကံကောင်းနေတာလည်း
မဟုတ်ဘူး
ငိုချင်တဲ့အခါစိတ်ရှိလက်ရှိငိုလိုက်
ပြုံးချင်တဲ့အခါ လွတ်လပ်စွာပြုံးလိုက်ပါ။
ကိုယ့်ဘဝကိုစိတ်ညစ်မူတွေနဲ့လှောင်ပိတ်မထားပါနဲ့
ကိုယ့်အတွက်အရေးမပါတဲ့အရာတွေကိုလည်း
ခေါင်းထဲထည့်မထားနဲ့
ဘဝကိုအရှိတိုင်းဖြတ်သန်းပြီး
ကိုယ်ဖြစ်တည်မူကို ကိုယ်မြတ်နိုးပါ
ကိုယ်ကလူကောင်းတစ်ယောက်မဟုတ်ရင်တောင်မှ
ဘယ်သူ့အတွက်မှ
အနှောက်အယှက်မဖြစ်စေရဘူး။
ကိုယ်လျောက်မယ့် ခရီးလမ်း ဘယ်လောက်ပဲ
ကြမ်းတမ်းနေပါစေ
ကိုယ့်အတွက် ကိုယ်က ခွန်းအားဖြစ်စေရမယ်
တစ်လောကလုံး ကိုယ့်ဘက်မရှိရင်တောင်မှ
ကိုယ့်အတွက်ကိုယ်ရှိနေပေးရမယ်
ဟိုစကားလေးတစ်ခွန်းလိုပေါ့
ပျော်ပျော်နေသေခဲတဲ့။
ကိုယ်ပိုင်ဆိုင်တာဘာမှမရှိပါစေ
သဘာဝတရားကြီးရဲ့ အလှတရားကို
လွတ်လပ်စွာခံစားပြီ
လွတ်လပ်စွာနေထိုင်ရမယ်
ဘယ်လိုအခြေအနေဖြစ်ဖြစ်
ဘဝဆိုတာနေတက်ရင် ပျော်စရာကြီးပါဆိုပြီ
ကံကြမ္မာကို ပြုံးပြုံးလေးပြောပြရဦးမယ်။
ားစည်ရည်ကျော်_
writer