BurmaBuzz

BurmaBuzz Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BurmaBuzz, Digital creator, Yangon.

🤣🤣
20/08/2023

🤣🤣

အိုကေပါ

ဂဏန်းပေးနေတာ မသိလိုက်ဘူး 😬😁
19/08/2023

ဂဏန်းပေးနေတာ မသိလိုက်ဘူး 😬😁

19/08/2023
19/08/2023

လှနုထွန်းနဲ့ မိုးယံဇွန်ကို မင်္ဂလာဆောင်ခိုင်းလိုက်

မင်္ဂလာအခါတော်ပေး ရက်ကောင်းရက်မြတ်ကို အေမီစျာန်ကိုရွေးခိုင်း

ပွဲအစအဆုံး မင်္ဂလာဦးညအထိ iSure က မှတ်တမ်းရိုက်ကူးရေးအပိုင်း တာဝန်ယူ

ဧည့်ခံမယ့် Main Dish က မေမေ့လက်ရာ ငပိထောင်း ဖြစ်ပြီး

Entertainment ပိုင်းကိုတော့
အောင်သွယ်တော်လမင်းကြီးကို ဆိုခိုင်းလိုက်

မင်္ဂလာကားက သဲသဲတုန်ကို မောင်းခိုင်း
နားအေးရော

သတင်းယူဖို့ Cele Gabar ကိုခေါ်

စီစဉ်သူ သခင်ကြီး

ခိခိ 😅😅

Crd

Fighting ပါနော် 🙏🏼
19/08/2023

Fighting ပါနော် 🙏🏼

19/08/2023

ဖုန်းပျောက်ရင် ဒီလို ရှာရမလားပဲ 😄😄

ပုံတွင်ပါရှိသူ ၂ ယောက်အား ဖမ်းဆီးမိရန် တွေ့ရှိသတင်းပေးကူညီသူအား ဆုကြေးငွေ သိန်း ၅၀ ကျပ် ချီးမြှင့်မည်၊ ကျေးဇူးပြုပြီး sh...
19/08/2023

ပုံတွင်ပါရှိသူ ၂ ယောက်အား ဖမ်းဆီးမိရန် တွေ့ရှိသတင်းပေးကူညီသူအား ဆုကြေးငွေ သိန်း ၅၀ ကျပ် ချီးမြှင့်မည်၊ ကျေးဇူးပြုပြီး share ပေးကြပါရန်။

ကျွန်တော့်၏ ညီဖြစ်သူဦးစီးလုပ်ကိုင်နေသော Electronic Company မှ Marketing Manager အဖြစ်လုပ်ကိုင်နေသူ မင်္ဂလာဒုံမြို့နယ်နေ
Theingi Myint Aung ဆိုသူနှင့် သူမ၏ အမျိုးသားဖြစ်သူ Myat Zin Oo တို့သည် ပြီးခဲ့သည့် 14/8/2023 အင်္ဂါနေ့တွင် သိန်းပေါင်း ( ၅၈၀ ) ကျော် လိမ်လည်၍ ထွက်ပြေးသွားပါသည်။

Total Amount - 58,368,000/-

ဖြစ်စဥ်အကျဥ်းအနေဖြင့် မြောက်ဥက္ကလာပ မြို့နယ်ရှိ Electronic ဆိုင် နှစ်ဆိုင်ကို Company မှ ရောင်းထားသော AirCon ဖိုးများ ရရန်အကြွေးကို ကောက်မည်ဟု ဆိုကာ ဆိုင်ရှိ တာဝန်ခံ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ မပါဝင်ပဲ ကိုယ်တိုင် အကြွေးများကောက်ယူသိမ်းဆည်းပြီး ယခုအခါ ပိုက်ဆံများနှင့်အတူ လိမ်၍ ထွက်ပြေးနေလျက်ရှိပါသည်။

ယခု Post ကို Share လုပ်ခြင်းဖြင့် မိတ်ဆွေတို့ ပတ်ဝန်းကျင်တွင် ယခု ဖော်ပြပါ လိမ်လည်နေသူများအား တွေ့ရှိပါ ကူညီသတင်းပေးသူအား ထိုက်ထိုက်တန်တန် ဆုချီးမြင့်မည်ဖြစ်ပါ၍ တွေ့ရှိပါက ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ပေးရန်ဖုန်း နှင့် viber နံပတ်
ကိုကျော်မြင့် 0943884884

Crd Zin Mar TheinJust For Sharing my experience ပါ။ မြန်မာနိုင်ငံမှာလူဖြစ်ရတာ အရမ်းကံကောင်းပါတယ်နော် လူစိတ်မရှိတဲ့ဆရာဝန်...
18/08/2023

Crd Zin Mar Thein

Just For Sharing my experience ပါ။
မြန်မာနိုင်ငံမှာလူဖြစ်ရတာ အရမ်းကံကောင်းပါတယ်နော် လူစိတ်မရှိတဲ့ဆရာဝန်တွေနဲ့လဲကြုံရ ဆုံရ ဝေဒနါ ခံစားရ ပါတယ် ပိူက်ဆံတွေကုန်ပြီး လူက သေလောက်အောင်ခံစားရပြီး ရစရာမရှိအောင် စုတ်ပြတ်သတ်သွားတာတောင် အခုထိ ဘာဖြစ်လဲမသိဘူးဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ နေနေရတာ အတော်လေးအဆင်မပြေပါဘူးနော်။
ဆေးရုံက ဆေးဓာတ်မတည့်ဘူး။ ဒီဘက် ပါရဂူက သူ့ဆေးကြောင့်မဟုတ်ဘူး။ ဟုတ်ကဲ့ အရမ်းပျော်နေပါပြီ အဖြေတိတိကျကျလေးသိရလို့။

ဖြစ်စဥ်က
-July 12 ရက်နေ့မှာ ခါးနာလို့ဆေးခန်းပြတယ် (ပါရဂူ) နဲ့ဆေးစစ်တာတွေအကုန်လုပ်ပါတယ် ဆီးသွေး ကျောက်ကပ် သားအိမ်
-July 14 ရက်နေ့မှာဆေးစစ်ချက်တွေထွက်လာတော့ အကုန်ကောင်းပါတယ် ရိုးရိုးခါးနာတာဆိုပြီး သောက်ဆေး၂ပတ်စာ လိမ်းဆေးပေးပါတယ်
-၄ရက်လောက်သောက်ပြီး ခါးသက်သာသွားပါတယ်
-သက်သာပေမယ့် ဆေးပတ်လည်အောင် ဆက်သောက်ပါတယ်။
-July 26 ရက်နေ့မှာ စပြီး မနက်စာ စားပြီးတာနဲ့ အဖုလေးစတွေထွက်ပါတယ်။ နေ့လည်စာ စားတော့လဲ အာခေါင်မှာအဖုလေးတွေထွက်လာပါတယ်။ ညနေစာစားတော့လဲအဖုတွေဆက်ထွက်လာတဲ့အပြင် အပေါ့သွားတဲ့အခါ မိန်းမကိုယ်က စပ်လာတယ် မျက်နှာသစ်တော့ မျက်လုံးက ရေထိတော့စပ်လာတယ် အာခေါင်တွေအဖုတွေထွက်ပြီး စပ်လာလို့။ နီးစပ်ရာဆေးခန်းသွားပြပါတယ်။
-အစာဓာတ်မတည့်တာဆိုပြီး ထိုးဆေးထိုးပေးပြီး သောက်ဆေးပေးပါတယ်။
-မသက်သာသောကြောင့် ပထမခါးဆေးခန်းပြထားတဲ့ ပါရဂူဆီ (July 28) ရက်နေ့မှာနောက်တစ်ကြိမ် သွားပြပါတယ်။ ရေကျောက်ပေါက်တာဆိုပြီး သောက်ဆေးပေးလိုက်ပါတယ်။
-နောက်ရက်တွေဆက်တိုက် မသက်သာပဲ တံတွေးတောင်မျိုချမရတော့သောကြောင့် အာရှတော်ဝင်ဆေးရုံကို (July 30) ညမှာ ဆေးရုံတတ်ခဲ့ပါတယ်။
-ဆေးရုံရောက်တော့ လိုအပ်တာတွေမေးမြန်းပြီး သုံးသပ်ချက်အဖြေက ခါးနာတုန်းက သောက်ထားတဲ့ဆေးတွေ ဓာတ်မတည့်လို့ ဖြစ်တာပါဆိုပြီး ယူဆချက်ထွက်လာပါတယ်။ (ပါရဂူရဲ့ဆေးစာအုပ်က စာကိုမဖတ်တတ်ကြလို့ ဘာဆေးနဲ့မတည့်လဲဆိုတာ ဆရာဝန်တွေသေချာမသိပဲ စမ်းတဝါးဝါး ကုခဲ့ရပါတယ်။
- ဆေးရုံ မှာ မျက်စိမပွင့်တော့ပါဘူး မိန်းမကိုယ်က အပေါ့သွားတိုင်းသေမလိုနာကျင်ပြီး ပါးစပ်အတွင်းက အာခေါင် လျှာ နှုတ်ခမ်း ခန္တာကိုယ်အပြင်ဘက်က အဖုကြီးတွေ ရဲ့နာကျင်မှုတွေကို အလူးအလဲခံပြီး နလန်ပြန်ထအောင်မနည်းရုန်းကန်ခဲ့ရပါတယ်။
-ဆေးရုံ ၁၃ရက်တိတိ တတ်ခဲ့ရပါတယ်။
-တစ်ချို့တွေက ဆေးဓာတ်မတည့်ဘူးဆို ဘာဆေးတွေသောက်မိလဲ ကော်လဂျင်သောက်လို့လား မြန်မာဆေးသောက်လို့လားမေးနေကြလို့ပါ။ မဟုတ်ပါဘူး ဆရာဝန်ညွှန်ကြားတဲ့ဆေးကိုပဲသောက်ပြီး အခုလိုတွေဖြစ်ခဲ့ရတာပါ။

-ပြောချင်တာက အခုမှပါ ဆေးရုံဆင်းလက်မှတ်မှာ ဆေးဓာတ်မတည့်ဘူး ဘာဆေးမတည့်လဲထည့်ဖို့ ပါရဂူဆိုသောဆရာဝန်ကြီး လက်ရေးမဖတ်တတ်၍ ဘာရေးရမှန်းမသိဘူးဆိုလာသောကြောင့် ထိုပါရဂူဆိုသောဆရာဝန်ကြီး ဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြပြီး ဘာဆေးတွေလဲသိရဖို့ လှမ်းတောင်းခဲ့ပါတယ်။ သူတိူ့ပို့ပေးပါတယ်။ ဆေးရုံဆင်းလက်မှတ်မှာ ဆေးဓာတ်မတည့် ဒီဆေးဒီဆေးဆိုပြီး ရေးပေးလိုက်ပါတယ်။

-ယနေ့ ထိုပါရဂူဆိုသူအား ဒီဆေးတွေကြောင့်ဒီလိုဖြစ်သွားပါတယ်ဆိုတာလေး အတည်ပြုချင်လို့ဆေးခန်းသွားခဲ့ပါတယ်။ ဘိုကင်ယူရမယ်တဲ့ (ဆေးခန်းပြဖို့မဟုတ်ဘူးနော်) လို့ပြောခဲ့တာတောင် ဘိုကင်ယူရမယ်ဆိုတော့ ယူပေါ့ဆိုပြီး သွားပါတယ်။ ဟိုရောက်တော့ ပေါင်ချိန်မယ်ဘာညာပြောလို့ ညီမလေး အမဆေးခန်းပြဖို့လာတာမဟုတ်ဘူးနော်လို့ ပြောတော့ ဟုတ်အမ ချိန်ပေးပါဘာညာပြောတော့ ကိုယ်လဲ သူတို့ ပြောသလိုလိုက်လုပ်ပေးပါတယ်။ အလှည့်ကျ ဝင်တော့ ဘာဖြစ်လဲဘာညာ မေးပြီး ( သူ့ဆေးကြောင့်ဖြစ်တာမဟုတ်ပါဘူးတဲ့) အော် အဲ့ဒါဆိုဘာဖြစ်တာလဲဆိုတော့ ရေရေရာရာကြီးမပြောဘူး တစ်ချို့ဆို အဲ့ထပ်ပိုဆိုးတယ်ဘာညာတွေပြောပါတယ်။ အဲ့တော့ သမီးက ဒီဆေးတွေရှောင်စရာမလိုဘူးလားဆိုတေယ့ မလိုဘူးတဲ့ သူပေးတဲ့ဆေးတွေနဲ့ ဆေးရုံက လက်ရှိတိုက်နေတဲ့ဆေးတွေက အတူတူဘာညာပြောပါတယ်။ အတော်လေး စိတ်ကုန်ရပါတယ် တစ်ယောက်တစ်ပေါက်ပေးသော သုံးသပ်ချက်များ။ ပြီးတော့ လျှာအတွက် ပါးလုတ်ကျင်းဖို့ဆေးထည့်ပေးမယ်ပြောပြီး ဆေးကောင်တာရှင်းဖို့ခေါ်တော့ 45000 ကျော်ရှင်းရပါတယ်။

- ဆေးခန်းနာမည် ဆရာဝန်ဘယ်သူဆိုတာ မတတ်တော့ပါဘူး သို့သော် အတော်အကြင်နာတရားခေါင်းပါးသောဆရာဝန် ငွေမျက်နှာပဲကြည့်သောဆရာဝန်လိူ့မြင်မိပါတယ်။ ကိုယ့်ဆေးကြောင့်ဖြစ်ပါတယ်ဆိုပြီး အလူးအလဲခံခဲ့ရတဲ့လူနာက မတည့်တဲ့ဆေးလေးတွေ အတည်ပြုဖို့ လာတာကို (ဆေးခန်းမပြပါဘူး အတန်တန်ပြောတာကို) အတင်းပေါင်တွေချိန် သွေးပေါင်ချိန်တိုင်း ဆေးတွေပေးပြီး ယူပလိုက်တာ (သူ့ဆေးခန်း ခါးနာပြတုန်းက ဆေးစစ်တာ ၃သိန်းကျော် ၂ပတ်စာသောက်ဆေးနဲ့ လိမ်းဆေးအတွက် ၉သောင်းကျော် ရေကျောက်ဆိုပြီး အတည်ပြုတုန်းက ၄သောင်းကျော် ၅သောင်းနီးပါး အခုလာအတည်ပြုတာကို ၄သောင်းခွဲကျော်)

- အော် အတော်ငတ်နေတာပဲ စားပါစေဆိုပြီး စိတ်ကိုလျော့လိုက်ပေမယ့် လုံးဝကျေနပ်မနေပါဘူး။ ဖြစ်ခဲ့တာအတွက် တာဝန်ယူခိုင်းနေတာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် အရမ်းငတ်ပြတ်ပြီး ပိုက်ဆံထပ်ယူတာကိုအံသြမဆုံးပါဘူး။ အဲ့ဒါကြောင့် ဆေးဓာတ်မတည့်တာအရမ်းကြောက်ဖို့ကောင်းပါတယ်။ ဆေးတွေကို မလိုအပ်ရင်မသောက်ပါနဲ့။ ပါရဂူဆိုတိုင်းလဲ မယုံကြည်ပါနဲ့လို့။ ညီမအဖြစ်ပြီး သင်ခန်းစာယူကြပါလို့ပြောချင်ပါတယ်။

#ဆေးရုံဘက်ကတော့ ဂရုတစိုက် အများကြီး လုပ်ပေးခဲ့ပါတယ်။ အခုလဲ အများကြီး သက်သာလာပါပြီ

https://www.facebook.com/100068365560403/posts/617414353880745/?mibextid=K8Wfd2

မိုးယံဇွန် ကိစ္စ မ‌ကျိရသေးတဲ့သူတွေတွက် link မပျက်ခင်ဒါက မိုးယံဇွန်ရဲ့ Fb Link သိပ်တော့မသေချာသေးဘူး သူ့acc အစစ်လို့တော့ထင...
17/08/2023

မိုးယံဇွန် ကိစ္စ မ‌ကျိရသေးတဲ့သူတွေတွက် link မပျက်ခင်

ဒါက မိုးယံဇွန်ရဲ့ Fb Link သိပ်တော့မသေချာသေးဘူး သူ့acc အစစ်လို့တော့ထင်

https://www.facebook.com/NARZBAMBAM?mibextid=ZbWKwL

သူထိုးလိုက်တဲ့ကောင်မလေးရဲ့ FB Link

https://www.facebook.com/shine.shweyii?mibextid=ZbWKwL

(1)မိုးယံဇွန် ကျမကို ပါးရိုက်တယ် ထိုးတယ်(Live)

https://m.facebook.com/story.php?story_fbid=1233240687374212&id=100007523794868&mibextid=Nif5oz

(2)မိုးယံဇွန် ကျမကို ပါးရိုက်တယ် ထိုးတယ် (Post)

https://m.facebook.com/story.php?story_fbid=3468864603374299&id=100007523794868&mibextid=Nif5oz

(3)ကျမ သည်းခံခဲ့တာ နှစ်နဲ့ချီနေပီ သည်းမခံနိုင်တော့ဘူး
Live ကို ပြန်ဖျက်ဖို့ပြောနေတယ် ကျမခံရတာ ကျမပဲ သိလို့ ပြန်မဖျက်နိုင်ဘူး(Live)

https://m.facebook.com/story.php?story_fbid=287762147271056&id=100007523794868&mibextid

Crd

Genetics နဲ့ပက်သက်ပြီး စိတ်ဝင်စားစရာ case လေးတစ်ခုကို တွေ့လိုက်လို့ပါ။တစ်ချိန်တုန်းက လင်မယား စုံတွဲတစ်ခုမှာ ကလေးရဲ့ DNA ...
17/08/2023

Genetics နဲ့ပက်သက်ပြီး စိတ်ဝင်စားစရာ case လေးတစ်ခုကို တွေ့လိုက်လို့ပါ။
တစ်ချိန်တုန်းက လင်မယား စုံတွဲတစ်ခုမှာ ကလေးရဲ့ DNA နဲ့ အဖေရဲ့ DNA ကို matching ဖြစ်၊ မဖြစ် တိုက်ခဲ့ကြပါတယ်။ DNA test result အရ အဖေသည် ထိုကလေးရဲ့ biological father မဟုတ်ကြောင်း ထွက်ခဲ့တယ်။ သူတို့ စိတ်ထဲမှာ DNA test result မှားနေမှာပဲဆိုပြီး DNA test result ကို ခဏ ခဏ repeatedly ပြန်စစ်ပါတယ်။ ဘယ်လောက်ပဲ DNA test တွေ စစ်လိုက်ပါစေ အဖေသည် ထိုကလေးရဲ့ အဖေအစစ် မဟုတ်ကြောင်း ထွက်နေတယ်။ နောက်ဆုံး လင်မယားကြား အထင်လွဲမှုတွေ ဖြစ်ပြီး ကွဲကွာတယ့်အထိ ဖြစ်လာတာပေါ့။ နောက်မှ သေချာ ပြန်စစ်ကြည့်လို့ သိလိုက်ရတာ ကလေးရဲ့ DNA သည် ဦးလေးရဲ့ DNA နဲ့ matching ဖြစ်တာကို သွားတွေ့ပါတယ်။ ဒါပေမယ့် အံ့သြစရာ အရမ်းကောင်းတာကတော့ ထိုအဖေသည် တစ်ဦးတည်းသော သားဖြစ်တယ့်အတွက် ကလေးမှာ အဖေဘက်က ဦးလေးမရှိဘူးလေ။ နောက်ပိုင်း စေ့စေ့စပ်စပ် သေချာကြည့်လိုက်တော့မှ အဖေသည် သူ embryo ဘဝတုန်းက သူရဲ့ twin brother ကို သူ body ထဲသို့ရောက်အောင် absorb လုပ်လိုက်ပြီး chimera ဖြစ်လာတာပါ။ တစ်နည်းအားဖြင့် ပြောရရင် embryo ဘဝမှာ သူရဲ့ twin brother ကို စားလိုက်သလို ဖြစ်သွားပြီး ထို twin brother ရဲ့ DNA နဲ့ ကလေးအဖေရဲ့ DNA ၂မျိုး ပေါင်းသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးရဲ့ DNA ကို စစ်တိုင်း အဖေအရင်းရဲ့ DNA မထွက်ဘဲ သူအဖေ absorb လုပ်ခဲ့တယ့် ကလေး ဦးလေးရဲ့ DNA ထွက်နေတာ ဖြစ်ပါတယ်။

Crd
https://m.facebook.com/story.php?story_fbid=4700772460030689&id=100002939434419

17/08/2023

ချမ်းသာလာတဲ့ နည်းလမ်း၂သွယ်ရှိတယ်

business နဲ့ချမ်းသာလာတဲ့နည်းလမ်း

inflation နဲ့ချမ်းသာလာတဲ့နည်းလမ်း

business နဲ့ချမ်းသာလာတယ်ဆိုတာ
အရောင်းဆိုင်တွေ ကုန်ထုတ်လုပ်မှု့
လုပ်ငန်းတွေ ဝန်ဆောင်မှုလုပ်ငန်းတွေ
ကနေ အကျိုးအမြတ်များစွာရှိလာပြီး
လုပ်ငန်းရှင်သူဌေးကြီးတွေဖြစ်လာတာ
ကိုဆိုလိုတာပါ...။

inflation နဲ့ချမ်းသာလာတယ်ဆိုတာ
မြေ ရွှေ ကား စတာတွေပေါ်မှာ
invest များစွာလုပ်ခဲ့ပြီး အချိန်အခါ
ပေါ်မူတည်ပြီး အကွက်လေးတွေ
ရွှေ့နိုင်လို့ သူဌေးကြီးတွေဖြစ်လာတာ
ကိုဆိုလိုတာပါ...။

business နဲ့ချမ်းသာလာတဲ့ ဦးရေ
များလာလေ တိုင်းပြည်တိုးတက်
ကြီးပွားလေပါ...

Inflation နဲ့ ချမ်းသာလာတဲ့သူ ဦးရေ
များလာလေ တိုင်းပြည်ဆင်းရဲမွဲတေ
လေပါ...

ကျနော်တခါကရေးဖူးသလိုပဲ
မိုးသည်းထဲမှာ မိုးကာဘယ်လောက်
ကောင်းကောင်းနဲ့ ရပ်နေနိုင်ပါစေ..
ရေရှည်ကြရင် မလွယ်ပါဘူး...

အားလုံး Good Luck ဖြစ်ပါစေ...
မောင်သူရ(TRT)
Crd

အသက် 92 နှစ်ပြည့်တဲ့ဒေါ်ခင်လေးဆွေ     August လ 17 ရက်နေ့က သရုပ်ဆောင် ဒေါ်ခင်လေးဆွေမွေးနေ့ဘဲဖြစ်ပါတယ်။အဖွားဖြစ်သူ ဒေါ်ခင်...
17/08/2023

အသက် 92 နှစ်ပြည့်တဲ့ဒေါ်ခင်လေးဆွေ

August လ 17 ရက်နေ့က သရုပ်ဆောင် ဒေါ်ခင်လေးဆွေမွေးနေ့ဘဲဖြစ်ပါတယ်။အဖွားဖြစ်သူ ဒေါ်ခင်လေးဆွေ ကို မြေးဖြစ်သူ စမိုင်းလ်က ယခုလို မွေးနေ့ဆုတောင်းထားပါတယ်။
" Happy 92nd birthday ပါဖွားဖွားကြီးရေ။

မြေးလေးတို့အပေါ် အဖေနဲ့အမေမရှိတော့ပေမဲ့အမြဲစောင့်ရှောက်ပြီးမပျင်းရအောင် အမြဲချစ်ပေးတဲ့အတွက်လည်းကျေးဇူးပါ။ သက်ရှည်ကျန်းမာအမြဲနုပျိုပြီး အမြဲပြုံးပျော် နိုင်ပါစေ😘😘😘

ပုံလေးတွေစိတ်ရှည်ရှည်နဲ့ရိုက်ပေးတဲ့ချစ်ရတဲ့ကိုအောင်ဇော် နဲ့ Glam team တစ်ခုလုံးကိုကျေးဇူးတင်ပါတယ်🙏😍😘

#မင်းအဖွားထက်ငါ့အဖွားကပိုမိုက်တယ်ဟျောင့်" ဆိုပြီး သူမရဲ့ ဆိုရှယ်မီဒီယာမှ မွေးနေ့ဆုတောင်းထားတာဖြစ်ပါတယ်။

photo Credit - Ko Aung Zaw & Glam Team

 #အမျိုးသမီးငယ်တယောက်မှဖုန်းပြင်ရန်ဆိုင်အပ်ပီးဆိုးရွားတဲ့ဖြစ်စဉ်ကြုံတွေ့ရပုံကိုတင်ပေးလိုက်ပါတယ် Isure သို့ သတိပေးစာ ကျမ ...
16/08/2023

#အမျိုးသမီးငယ်တယောက်မှဖုန်းပြင်ရန်ဆိုင်အပ်ပီးဆိုးရွားတဲ့ဖြစ်စဉ်ကြုံတွေ့ရပုံကိုတင်ပေးလိုက်ပါတယ်

Isure သို့ သတိပေးစာ

ကျမ ၆ လပိုင်း ၅ ရက်နေ့က ဖုန်းက ကြောင်ပြီး screen ဖွင့်မရလို့ ရန်ကုန်ရောက်နေတာတဲ့ Time city က I sure မှာ ဖုန်း display service သွားအပ်ခဲ့ပါတယိ ကျမက technology ပိုငိး သိပ် မကျွမ်းပါဘူး သိပ်လဲ နားမလည်ပါဘူး

အဲ့တာနဲ့ ဖုန်း ပြင်ဖို့ ဖုန်း PW ပေးပြီး အပ်ခဲ့ပါတယ် အချိန် က ၁ နာရီ ခွဲ ၂ နာရီ ကြာမယ် ပြောလ်ု့ ကျမ ဖုန်း ထားပြီး စမ်းချောင်း ခန သွားလိုက်ပါတယ်

ညနေ ၃ နာရီ လောက်နေတော့ ဖုန်းရတော့ ကျမ ဖူန်းပြန် သွားယူခဲ့ပါတယ် ဖုန်းပြင်ခ ၁ သိန်းကျော် ကြပါတဲ့

ကျမ service ကို တာ၀န် ယူ လက်ခံပေးတာက
I sure က Seevice advicer Friday ( dark horse ) Facebook အကောင့်ပါ သူကိုယ်တိုင်လဲ ကျမ ရဲ့ Facebook ကို လာအပ်ထားပါတယ်

အဲ့တာ နဲ့ မကြာပါဘူး ဒီလ မှာပဲ ကျမ ရဲ့ အလုပ် page ဖြစ်တဲ့ Chone Beauty Bar Page ကို အကောင့်တု တစ်ခုကလာပြီး ကျမကို ပြောစရာရှိိပါတယ် Personal account က ဆက်သွယ်ပေးပါဆိုပြီး ပြောပါတယ်

အဲ့တာ နဲ့ ကျမ Personal Facebook အကောင့် ကိုလာပြီး ကျမ နဲ့ ကျမ ရဲ့ ex bf ရဲ့ video ကို telegram မှာ ရောင်းမယ် မရောင်းစေချင်ရင် ငွေ ပေးပါဆိုပြီး ပြောပါတယိ ကျမ ကလဲ video ကို ရိုက်တာ ကျမ ဖုန်းထဲပဲရှိလို့ ဘာမှ ကို မကြောက်ပါဘူး
ဒီခေတ်မှာ ဒီဟာက လဲ ဆန်းကြယ် မနေပါဘူး
ကျမ ကို single mom ကျမ ပိုတောင် မကြောက်ပါ အဲ့တာနဲ့ ကျမလဲ ပြောပြီး block ပလိုက်ပါတယိ

အဲ့တာ ပြီးတော့ အကောင့်တု ပေါင်းစုံနဲ့ ထပ်လာပြောပါတယ် မကြောက်လို့ ခုထိ ကျ မအေးဆေး နေနေတာပါ

အခု အသိ တစ်ယောက်က လာပြတော့ ကျမ video တွေကို telegram မှာ ဖြန့်ထားပါပြီ

ပြောချင်တာက ဘာလို့ I sure လို့ ပြောနိုင်လဲဆိုတာ ကျမ ဖုန်းကို ဘယ် service မှပဲ မအပ်ဘူးသလို ဘယ်သူမှလဲ ကျမ ဖုန်း မကိုင်ဘူး ကျမ ex bf လို့ ပြောရအောင်လဲ တိတိကျကျဖုန်းထဲပဲရှိတဲ့ဟာကို အဲ့တိတိကျကျဟာအားလုံးဖြန့်နေတဲ့အတွက်ကြောင့်မို့

ပြီးတော့ ကျမ ဖုန်းထဲမှာ video တွေ Hide လုပ်ထားပြီး ကျမ ဖုန်းထဲက အစီစဥိတကျ အတိုင်းပဲ ကျမကို လာပို့တာပါ ဒါကြောင့် ကျမက isure လို့ တပ်အပ်ပြောနိုင်တာပါ

အစကစိုးရိမ်သေးတယ် ငါhideထားတဲ့ videos တွေမဖျက်မိရတာဘူး အဲ့ဟာကလဲ EX Bfနဲ့ပြတ်ပြီးကတည်းက အဲ့video တွေဖျက်ပစ်ပြီးသားပါ ဒါမဲ့ hide ထားတဲ့နေရာတွေသတိမထားမိဘူးဖျက်ပစ်ဖို့ကို
ဖုန်းသွားအပ်တုန်းပြောသေးတယ်သူငယ်ချင်းတွေကို ငါတော့သေပီလို့ အဲ့ဟာတွေ ဆိုင်ကလူတွေယူရင်ဘယ်လိုလုပ်မှာလဲဆိုပြီးပြောသေးတယ် isure ကအဲ့လိုမလုပ်လောက်ပါဘူးဆိုပြီး ထားခဲ့လိုက်တာ

16/08/2023

ချစ်စရာကောင်းတာ သမီးလေးရယ် 😍
ချမ်းသာ မြန်မာ့တိုင်းရင်းဆေး ရိုက်ကွင်းမှ စစ်လွန်း! #အိစိကွေး #စစ်လွန်းဝတီထက်

😂😂😂
16/08/2023

😂😂😂

❝အမွှာကလေးနှစ်ယောက်သတ်မှု❞ (Disclaimer: 🇸🇬 စင်ကာပူနိုင်ငံမှာဖြစ်ခဲ့တဲ့ ကြေကွဲဖွယ်ရာ မိသားစုအိမ်ထောင်ရေးဇာတ်လမ်းတစ်ခုပါ။အ...
16/08/2023

❝အမွှာကလေးနှစ်ယောက်သတ်မှု❞

(Disclaimer: 🇸🇬 စင်ကာပူနိုင်ငံမှာဖြစ်ခဲ့တဲ့ ကြေကွဲဖွယ်ရာ မိသားစုအိမ်ထောင်ရေးဇာတ်လမ်းတစ်ခုပါ။

အော်တစ်ဇင်သားအမွှာနဲ့ သူတို့ကိုပြန်သတ်လိုက်တဲ့ အဖေအကြောင်းကို crime knowledge and autism awareness အနေနဲ့ အသိပညာပေးရေးသားပေးတာဖြစ်ပါတယ်။

ဒီကိစ္စဘာဖြစ်သွားလဲ လာလာမေးကြလို့ ရှင်းပြတာပါ။ စိတ်ညစ်ညူးဖွယ်ရာအဖြစ်အပျက်လို့ထင်ရင် ကျော်သွားလို့ရပါတယ်။)

စီရင်ချက် -

အသက် (၁၁) နှစ်အရွယ် သားအမွှာနှစ်ယောက်ကိုသတ်မှုနဲ့ အသက် (၅၀) အရွယ် ဇေဗီယာ (Xavier Yap) ကို မနေ့က ထောင်ဒဏ် (၁၄) နှစ်ချမှတ်လိုက်ပါတယ်။

ဒီအမွှာယောကျ်ားလေး (၂) ယောက်ဟာ အော်တစ်ဇင်ရှိတဲ့ စပယ်ရှယ်လိုအပ်ချက်ရှိတဲ့ ကလေးတွေဖြစ်ပါတယ်။

မနှစ်က ၂၀၂၂ ဇန်နဝါရီလမှာ စင်ကာပူ ဘူးကစ်တီးမားရှိ ရပ်ကွက်ကလေးကစားကွင်းနားက ရေမြောင်းထဲမှာ ဒီကလေးတွေသေဆုံးခဲ့တာပါ။

နောက်ခံဇာတ်ကြောင်း -
ဒီကိစ္စကို မေးထားဖူးတဲ့သူတွေရှိလို့ ရှင်းပြပါမယ်။

ဇေဗီယာဟာ သူ့မိန်းမရယ်၊ အသက် (၁၁) အရွယ်အမွှာကလေးနှစ်ယောက်ရယ်၊ အိမ်အကူတစ်ယောက်ရယ်နဲ့ အတူနေပါတယ်။

ဇေဗီယာတို့ လင်မယားဟာ သူတို့ရဲ့အမွှာသားယောက်ျားလေး (၂) ယောက်မှာ အော်တစ်ဇင် (autism) ရှိတယ်လို့ ကလေးတွေ (၂) နှစ်သားကတည်းက သံသယစဝင်ခဲ့ပါတယ်။

ကလေးတွေဟာ ဖွံဖြိုးမှုနှေးကွေးတဲ့အတွက် စစ်ဆေးကြည့်ခဲ့ရာမှာ global development delay နဲ့ အော်တစ်ဇင်ရှိနေတာကို ၂၀၁၇ မှာတွေ့ရှိခဲ့ပါတယ်။

ပြဿနာက အဖေလုပ်သူဇေဗီယာက သူ့သားတွေအော်တစ်ဇင်ရှိတာကို လက်ခံပေမယ့် အမေလုပ်သူက လက်ခံဖို့အခက်အခဲဖြစ်နေတာပါ။

၂၀၁၉ ကလေးတွေ ၉ နှစ်သားမှာ Primary 1 မူလတန်းအတန်းမှာ ကျောင်းစအပ်ပါတယ်။ အဲ့ဒီအချိန်အထိကလေးတွေက စကားမပြောသေးပါ။

ကလေးတွေမှာ စပယ်ရှယ်လိုအပ်ချက်ရှိတဲ့အတွက် ကျောင်းကအတန်းထဲမှာ အမေ "နဲ့" အိမ်အကူကဖော်လုပ်ပြီးနေပေးရပါတယ်။ တစ်ယောက်စီထိန်းပေးနေရတဲ့သဘောပါ။

ကလေးတွေအတွက် စာသင်ရာမှာအထောက်အကူဖြစ်စေဖို့ အဲ့ဒီလိုလိုက်နေပေးရတာ ရေရှည်မှာမလွယ်ပါ။

အကယ်လို့ အမေကမအားတဲ့ရက်မို့လို့ အိမ်အကူပဲသွားနိုင်ရင် သားတစ်ယောက်က ကျောင်းမတက်ရတော့ပါ။

အမေလုပ်သူက အဖေလုပ်သူရဲ့ကျောင်းကိစ္စဆုံးဖြတ်ချက်မှာ ဝင်မပါပဲနေတယ်လို့ ဆိုပါတယ်။

ဥပမာ - ကလေးတွေကို ဘယ်ကျောင်းမှာထားမလဲ? meet-the-parents sessions လို ကလေးမိဘနဲ့ ဆရာနဲ့တွေ့တဲ့ ဆက်ရှင်မျိုးတွေမှာ အဖေပဲတက်ရပါတယ်

အဖေလုပ်သူ ဇေဗီယာဟာ ကလေးတွေနဲ့အတော်ချစ်ခင်ပါတယ်။ သူ့သားတွေကို ဆုံးမရာမှာဘယ်တော့မှ လက်မပါဖူးပါတဲ့။

သူ့သားတွေအတွက် နေ့စဉ်လိုအပ်ချက်တွေကိုဖြည့်ပေးပြီး သူတို့လိုချင်တာတွေကို ဝယ်ပေးတယ်လို့ ဆိုပါတယ်။

ကလေးတွေကျောင်းတက်ချိန်ကစပြီး အဖေလုပ်သူဟာ ကလေးတွေကိုအချိန်ပိုပေးပြီး ကလေးတွေနဲ့အတူ စာအတူလုပ်ပေးတယ်လို့ဆိုပါတယ်။

စာသင်ရခက်ခဲတဲ့ကလေးအမွှာကို စာသင်ကြားရေးမှာကူညီခဲ့တဲ့အတွက် ဒီကလေးတွေရဲ့ နေ့စဉ်အခက်အခဲနဲ့ ဘဝဖြတ်သန်းမှုကို သူအသိဆုံးပါ။

၂၀၁၉ နဲ့ ၂၀၂၀ ကစပြီး ဇေဗီယာဟာ သူ့သားနှစ်ယောက်အတွက် အတော်စိုးရိမ်လာတယ် ပါသတဲ့။

၂၀၂၁ မှာ အမေလုပ်သူက သူ့သားတွေနဲ့ပတ်သက်ပြီး အမြဲလိုလို စိတ်တိုနေတဲ့အခါမှာ သူ့သားတွေအတွက် ပိုပြီးစိုးရိမ်လာတယ်လို့ ဆိုပါတယ်။

ဇေဗီယာဟာ ဆူဆိုက်လုပ်ဖို့အထိတွေးမိသွားပြီး သံဆူးချွန်ကြီးတစ်ခုကို ဝယ်ယူခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး သူ့ရဲ့ဒုက္ခသည်သားနှစ်မယ်ကို သတ်လိုက်ဖို့ အလေးအနက်တွေးတဲ့အထိဖြစ်လာပါတော့တယ်။

သူ့မိန်းမဟာ စိတ်ဓာတ်တွေကျပြီး စိတ်တွေတိုနေတာကို သတိထားမိလာပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကို ကျောင်းမှာဆက်ထားဖို့ မထားဖို့ကို ကျောင်းက assess လုပ်တော့မှာမို့ ဖြစ်ပါတယ်။

အဲ့ဒီမှာ ဇေဗီယာဟာ သူ့မိန်းမဟာ ကလေးတွေအပေါ်မှာ လက်မြောက်လိုက်ပြီလို့ ခံစားလာရပါတယ်။

အကယ်လို့ သူနဲ့သူ့မိန်းမသာမရှိရင် ဒီကလေး နှစ်ယောက်ဘယ်လိုဘဝရပ်တည်မလဲ❓

သူတို့မရှိချိန်မှာ ဒီကလေးနှစ်ယောက်ကို လူတွေဘယ်လိုအနိုင်ကျင့်ကြမလဲဆိုတာ တွေးတွေးပြီး စိတ်ပူလာပါတယ်။

အစကတည်းက ကလေးတွေကို သာမန်ကျောင်းမှာမထားဖို့ သူပြောခဲ့တယ်။ ဒါပေမဲ့သူ့မိန်းမကလက်မခံဘူး။

ပိုဆိုးတာက သူ့မိန်းမဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကာလမှာ ဖောက်ပြန်နေတယ်လို့ သံသယရှိစရာအချက်တွေတွေ့လာရတယ်။

သူ့မိန်းမရဲ့ မိသားစုပေါ်မှာထားရှိတဲ့ အမူအရာလည်း ပြောင်းလာတယ်။ အက်စတန် Aston ရဲ့မျက်နှာပေါ်မှာ ဒဏ်ရာတွေတွေ့လို့ မေးကြည့်တော့ သူ့မိန်းမလက်ချက်လို့ အသိတွေကပြောတယ်။

သူ့မိန်းမဟာ ကလေးတွေအပေါ်အတော့်ကိုကြမ်းတမ်းလာပြီး ကလေးတွေရဲ့ကိုယ်ပေါ်မှာ ကြိမ်လုံးရာတွေကို ၂၀၂၂ ဇန်နဝါရီလမှာတွေ့ရတယ်။

ဒါ့ကြောင့်တစ်ခုခုလုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။

သူဟာ သူဌေးရပ်ကွက် ဘူးကစ်တီးမားက Greenridge Crescent ကလေးကစားကွင်းလေးဟာ လူခြေတိတ်တယ်၊ နေရာကျယ်တယ်၊ တောအုပ်နဲ့နီးတာကို သတိထားမိခဲ့ပါတယ်။

အဲ့ဒီနေ့ -

၂၀၂၂ ဇန်နဝါရီလ ၂၁ ရက်နေ့မှာပဲ သူ့ပလန်အတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ညနေ ၄ နာရီ ၄၅ မှာ ကလေး (၂) ယောက်ရယ်၊ သံဆူးချွန်ရယ်ကို ကားပေါ်တင်ပြီး အထက်ပါကစားကွင်းကိုထွက်ခဲ့ပါတယ်။

ကလေးတွေကတော့ ဘာမှမသိပဲ လိုက်လာကြတာပါ။

ကလေးနှစ်ယောက်ကို ကစားကွင်းမှာ ၁၀ မိနစ်ကြာပေးဆော့လိုက်ပါတယ်။

ပြီးတဲ့အခါမှာ သံဆူးချွန်ကိုသယ်ပြီး ၁၁ နှစ်သားကလေးနှစ်ယောက်ကို အနီးကရေမြောင်းထဲ တစ်ယောက်စီ သယ်ချသွားပါတယ်။

ကလေးတွေကို ဘာလုပ်ပြီး ဘာလုပ်တယ်ဆိုတာ ရေးမပြတော့ပါဘူး။

ပထမကလေး အီသန် Ethan ကို အဆုံးစီရင်နေချိန်မှာ ဒုတိယကလေး အက်စတန် Aston က ငြိမ်သက်စွာငေးကြည့်နေသတဲ့။

ကလေးနှစ်ယောက်သေဆုံးသွားချိန်မှာ သူ့ကိုယ်သူအဆုံးစီရင်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါတဲ့။

အဲ့ဒီမှာ သူတို့အတိုက်ခိုက်ခံရတယ်လို့ လိမ်ပြောဖို့စိတ်ကူးရလာပါတယ်။

သူ့မိန်းမကို ဖုန်းခေါ်တဲ့အချိန်မှာ သူ့မိန်းမကဖုန်းမကိုင်ပါ။ ဒါနဲ့ ရဲဆီ (၂) ခါဖုန်းဆက်ပြီး သူ့ကိုသူစိမ်းကရန်လုပ်တာခံရကြောင်းနဲ့ သူ့သားတွေကိုရှာပေးဖို့ ကူညီဖို့ပြောပါတယ်။

ရဲကချက်ချင်းရောက်မလာတဲ့အခါမှာ အနီးအနားမှာ ပတ်ပြေးပြီးအကူအညီပေးဖို့ လိုက်အော်ပါတယ်။

နောက်တော့ရဲတွေရောက်လာပါပြီး သူ့ကိုဆေးရုံခေါ်သွားပါတယ်။

အဖြစ်အပျက်ကတော့ ဒါပါပဲ။

ရဲကစစ်ဆေးမှုတွေလုပ်တဲ့အခါမှာ သူ့မှာစိတ်ကျရောဂါဆိုးဆိုးဝါးဝါးခံစားနေရတာကို တွေ့ရတယ်။

သူ့အတွက်က သေဒဏ်ပေးခံရမှာကို မစိုးရိမ်ဘူး။ သူ့သားတွေကို သူပြန်သတ်မိတာ မှန်မမှန်မဆုံးဖြတ်နိုင်ဘူး။

သူ့ပလန်က သူမရှိတော့တဲ့အချိန်မှာ သူ့မိန်းမရယ်၊ သူ့မိန်းမရဲ့ပထမအိမ်ထောင်ကရခဲ့တဲ့ သမီးမိန်းကလေးရယ်က အေးချမ်းစွာဆက်နေရလိမ့်မယ်လို့ သူထင်ထားတယ်။

သူ့ကိုအစကလူသတ်မှုနဲ့စွဲချက်တင်ခဲ့ပေမဲ့ သူ့စိတ်ဝေဒနာအခြေအနေရယ်၊ နောက်ခံအကြောင်းရင်းရယ်အားလုံးကို ခြုံငုံပြီး ထောင်ဒဏ် (၁၄) နှစ်အပြစ်ချမှတ်လိုက်ပါတယ်။

စင်ကာပူလိုနိုင်ငံမှာ လခကောင်းတဲ့ အစိုးရအေဂျင်စီအလုပ်တစ်ခုမှာ အလုပ်ရှိသူဖြစ်တယ်။

ရုပ်ရည်၊ နေအိမ်၊ ကားကအစ ပြည့်စုံသူဖြစ်တယ်။

မထင်မှတ်ပဲ အော်တစ်ဇင်အမွှာကလေးနှစ်ယောက်ရတယ်။

Stress တွေအရမ်းတက်လာတယ်။ မိသားစုအကြားမှာ ဖေးမရိုင်းပင်းမှုကင်းလာတယ်။

stress ဒဏ်ကိုမခံနိုင်သူတွေဖြစ်လာတယ်။

အဲ့ဒီမှာ မဖြစ်သင့်တာတွေဖြစ်ကုန်တော့တာပဲ။

ဒီစာကို အော်တစ်ဇင် autism awareness ရဖို့၊ stress ပိလာရင် မိမိတစ်ယောက်တည်းမဟုတ်ကြောင်းနဲ့
မိမိလိုအော်တစ်ဇင်မိဘတွေအချင်းအချင်းဆီက အကြံဉာဏ်တောင်းခံဖို့ စတဲ့ awareness ရစေဖို့ ရေးသားလိုက်တာဖြစ်ပါတယ်။

Richard Myo Thant
Crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when BurmaBuzz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share