Green Age Film Production

Green Age Film Production Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Green Age Film Production, Media/News Company, No. 196/200, Dhamathukha Kyaung Street, Hlaing Township, Yangon.

Back to the field 🎥🎬 A Man for All Seasons Documentary Coming  🔜
31/10/2023

Back to the field 🎥🎬
A Man for All Seasons
Documentary
Coming 🔜

မင်္ဂလာပါရှင်Mingalaba!Casting အကြောင်းအရာ~~~~~~~~~~~~~~~~~~Greenage Film Production မှစီစဉ်ရိုက်ကူးမည့်Beverage ကြော်ငြ...
31/10/2023

မင်္ဂလာပါရှင်
Mingalaba!

Casting အကြောင်းအရာ
~~~~~~~~~~~~~~~~~~
Greenage Film Production မှစီစဉ်ရိုက်ကူးမည့်
Beverage ကြော်ငြာအတွက် မျက်နှာသစ် မော်ဒယ်/သရုပ်ဆောင်များခေါ်ယူခြင်း

Casting ခေါ်ယူလိုသော Talent များ
၁။ယောက်ျားလေး သရုပ်ဆောင် ၁ ဦး
၂။မိန်းကလေး သရုပ်ဆောင် ၂ ဦး

Castingလျှောက်ထားသူများလိုက်နာရန်စည်းကမ်းချက်များ
၁။အသက် ၂၀ မှ ၃၀ အတွင်းဖြစ်ရပါမယ်။
၂။ရိုက်ကူးရေး အတွေ့အကြုံမရှိသောသူများလည်းလာရောက်လျောက်ထားနိုင်ပါတယ်။
၃။ပထမအဆင့်ရွေးချယ်ခံရပါက Audition လူတွေ့စမ်းသပ်ခြင်းကို လာရောက်နိုင်သူဖြစ်ရပါမယ်။
၄။ လတ်တလောတွင် မည်သည့်အဖွဲ့အစည်း၊Agency များနှင့် စာချုပ်ချုပ်ဆိုထားသူမဖြစ်ရပါ။ လွတ်လပ်စွာ ရိုက်ကူးနိုင်သူဖြစ်ရပါမယ်။
၅။Pre-Production & Rehearsal များကိုမပျက်မကွက်လာရောက်လေ့ကျင့်နိုင်သူဖြစ်ရပါမယ်။
၆။စည်းကမ်းလိုက်နာပြီး အသင်းအဖွဲ့နှင့် ပျော်ရွှင်စွာ ရိုက်ကူးရေးဆောင်ရွက်နိုင်သူဖြစ်ရပါမယ်။

စိတ်ပါဝင်စားသော လူငယ်သရုပ်ဆောင်နှင့်ဝါသနာရှင်များသည်
၁။အမည်
၂။အသက်
၃။အရပ်အတိုင်းအတာ
၄။ကိုယ်အလေးချိန်
၅။ဖုန်းနံပါတ်
၆။ ရိုက်ကူးရေးအတွေ့အကြုံရှိ/မရှိ
( ရှိလျှင်ပူးတွဲဖော်ပြရန်)
၇။ကြည်လင်ပြတ်သားစွာရိုက်ကူးထားသော
အလှဓာတ်ပုံ၄ပုံ(မျက်နှာပြည့်ပုံ၊အရှေ့ ၊ ဘေး ၊ အနောက်)
၈။ ကိုယ်လုံးပေါ်ပုံ ၁ ပုံ
၉။ Social Media Account Link

လျှောက်ထားလိုသူများသည် အထက်ပါအချက်အလက်အပြည့်အစုံကို

Audition Manager (Green Age Film Production )
Email: [email protected]
Phone: 09444080881 , 09455501313
Viber: 09444080881
သို့ 8.11.2023 နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါတယ်။

​ပထမအဆင့်ရွေးချယ်ခံရသူများကို တစ်ဦးချင်းဆီ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ကြောင်း
နွေးထွေးစွာ အသိပေးအပ်ပါတယ်ရှင်။

မှတ်ချက် − လျှောက်ထားသူများပေးပို့သော
ကိုယ်ရေးအချက်လက်များ၊ Photos & Videos များကို Social Media နှင့် Public တွင်ဖြန့်ဝေခြင်း အသုံးပြုခြင်းများလုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ကြောင်း အာမခံပါသည်။
Audition အတွက် ရွေးချယ်ခံရသူများကိုလည်း ဇာတ်ညွှန်းပေးအပ်ကာ အနီးကပ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သတ်မှတ်အနုပညာကြေးပေးအပ်သွားမည်ဖြစ်ပါသည်။

နောက်ထပ် ကြော်ငြာ၊ဇာတ်လမ်းတွဲ၊ရုပ်ရှင်များအတွက် Casting ခေါ်ယူမှု သတင်းအချက်အလက်များကို သိရှိနိုင်ဖို့ ကျွန်မတို့ Greenage Production Page ကို Like & Follow လုပ်ထားပေးပါအုံးရှင်။

Myanmar Stories ………မြန်မာဇာတ်လမ်းများ…….ရုပ်ရှင်ဇာတ်ကားတိုများဖန်တီးခြင်းဆိုင်ရာ သင်တန်း         Short Filmmaking Traini...
16/11/2022

Myanmar Stories ………မြန်မာဇာတ်လမ်းများ…….
ရုပ်ရှင်ဇာတ်ကားတိုများဖန်တီးခြင်းဆိုင်ရာ သင်တန်း Short Filmmaking Training
~~~~~~~~~~~~~~~~~~~~~~~~ ✍️ 🎥
✳️Myanmar Stories ..မြန်မာဇာတ်လမ်းများ……..
ရုပ်ရှင်ဇာတ်ကားတိုများ ဖန်တီးခြင်းဆိုင်ရာသင်တန်း Short Filmmaking Training သည် မြန်မာ့ရုပ်ရှင်
ဇာတ်ကားတိုများ စနစ်တကျဖန်တီးရိုက်ကူးနိုင်ပြီး နိုင်ငံတကာရုပ်ရှင်နယ်ပယ်သို့ပိုမိုထိုးဖောက်အောင်မြင်နိုင်စေရန်ရည်ရွယ်ပါသည်။

✳️သင်တန်းသည် ပညာဒါနအခမဲ့ သင်တန်းဖြစ်ပါသည်။

✳️Organizers: Myanmar Filmmaker Association (MFA), Vision Creative Academy, Green Age Film Production

✳️သင်ကြားမည့်ဆရာများ Mentors
~~~~~~~~~~~~~~~~~~~~~~~~~~
ဦးဝီရအောင်( Awards Winning Script Writer, Producer&Director)

https://www.facebook.com/111215950245871/posts/763597471674379/

ဦးတင်ဝင်းနိုင်(Awards Winning Director &DOP)

https://www.facebook.com/111215950245871/posts/763724638328329/

Date : Nov.23~Dec.16
Time: 9:30Am ~ 5:00 Pm
Venue: Vision Creative Academy
အမှတ်(၉)၊ နှင်းချယ်ရီ(၃)လမ်း၊
Gate(1)၊Snow Garden Housing၊ဇဝန၊
သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။

သင်တန်းသို့တက်ရောက်လိုသူများသည် အောက် ဖော်ပြပါ စည်းကမ်းချက်များကိုလိုက်နာရန်အထူးလိုအပ်ပါသည်။

✳️သင်တန်းသည် Nov.23မှ Dec.16 အတွင်း 9:30Am ~ 5:00 Pm အချိန်အတွင်း တစ်ပတ် 3 ရက်ဖြင့် အပတ်စဉ် Wed,Thu,Fri ဖွင့်လှစ်မည်ဖြစ်ပါသည်။
✳️ကျန်ရက်များတွင် Onlineမှ Group Work Discussion များလည်းပြုလုပ်ရမည်ဖြစ်ပါသည်။
✳️သင်တန်းတက်ရောက်လိုသူသည် ရုပ်ရှင်ဇာတ်ကားတိုဖန်တီးခြင်း၊မှတ်တမ်းရုပ်ရှင်ဖန်တီးခြင်းအတွေ့အကြုံရှိသူ သို့မဟုတ် ရုပ်ရှင်အနုပညာအခြေခံရှိသူဖြစ်ရပါမည်။
✳️လူဦးရေကန့်သတ်ထားပါသောကြောင့် သင်တန်းတက်ရောက်လိုသူသည် သင်တန်းချိန်အပြည့်အဝ
တက်ရောက်ရန်လိုအပ်ပါသည်။
✳️သင်တန်းတက်ရောက်လိုသူသည် သင်တန်းသို့ စပေါ်ငွေ တစ်သိန်းကျပ်ပေးသွင်းထားရန်လိုအပ်ပါသည်။
✳️သင်တန်းတက်ရောက်မှု ပျက်ကွက်ခြင်းဖြစ် ပေါ်လာပါက စပေါ်ငွေကို ဒဏ်ကြေးအဖြစ်သတ်မှတ်မည်ဖြစ်ပါသည်။
✳️ သင်တန်းတက်ရောက်သူသည် သင်တန်းချိန် အတိအကျနောက်မကျပဲတက်ရောက်ရန်လိုအပ်ပါသည်။ မိနစ်၃၀ ထက်နောက်ကျသူအားဒဏ်ကြေးငွေ ၁၀၀၀၀ ကျပ်ကောက်ခံသွားမည်ဖြစ်ပါသည်။
✳️သင်တန်းချိန်ကို မပျက်မကွက်တက်ရောက်ပါက သင်တန်းပြီးဆုံးသည့်နေ့တွင် စပေါ်ငွေကိုအပြည့်အဝပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။
✳️သင်တန်းတက်ရောက်သူသည် အဖွဲ့လိုက်
လုပ်ဆောင်ရသော Project များကို အတိအကျ
လိုက်နာ၍ ပါဝင်လုပ်ဆောင်ရန်လိုအပ်ပါသည်။
✳️သင်တန်းတက်ရောက်သူသည် သင်တန်း
မှတ်တမ်းအတွက် ကိုယ်ရေးအချက်အလက်စာရင်းသွင်းခြင်းပြုလုပ်ရမည်ဖြစ်ပါသည်။
✳️အမူအကျင့်ဆိုင်ရာ သင်တန်းစည်းကမ်းများကိုလည်းအပြည့်အဝလိုက်နာရန်လိုအပ်ပါသည်။
✳️သင်တန်းတက်ရောက်နေချိန်အတွင်း Coffee & Snack များကို သင်တန်းမှဧည့်ခံကျွေးမွေးသွားမည် ဖြစ်ပြီး မိမိအစီအစဉ်ဖြင့်နေ့လည်စာစားသုံးရန်လိုအပ်ပါသည်။

လူဦးရေကန့်သတ်ထားပါသဖြင့် သင်တန်းနှင့်ပတ်သက်၍ စုံစမ်းလိုသူ၊စာရင်းပေးသွင်းလိုသူသည် VCA ၏ messenger CB နဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့ 09444080889, 09978691727 သို့ ဆက်သွယ်မေးမြန်းလို့ရပါတယ်။ E.Mail : [email protected] သို့လည်း ဆက်သွယ်နိုင်ပါတယ်။

Registration Dead Line : 19.11.2022 (6:00 PM MMT)

💚အားလုံးပဲ မိမိအတွက်ဝမ်းစာဖြည့်ဖို့လိုအပ်နေတဲ့ ပညာတွေကိုစုဆောင်းနိုင်ကြပါစေ၊ ကိုယ်ကျန်းမာစိတ် ချမ်းသာကြပါစေလို့ Myanmar Stories မှဆုမွန် ကောင်းတောင်းလိုက်ပါတယ်🙏

✳️ရုပ်ရှင်ဇာတ်ကားတိုဖန်တီးရိုက်ကူးရေးအတွက် အရေးအပါဆုံးအခြေခံပညာရပ်များ ၊Filmmakerများ သိသင့်သိထိုက်သည်များကိုသိရှိနိုင် စေဖို့ Myanmar Stories Short Filmmaking Training ကို စာရင်းအမြန် ပေးသွင်းလိုက်ရအောင်💪

💚မိမိနှင့် ဝါသနာတူသူငယ်ချင်း မိတ်ဆွေများသိရှိစေရန် Like & Share လုပ်ပေးပါဦးနော် 😊

Dream Your Creativity with Myanmar Stories !!!

A Sketch of Untold Story(working title)New Documentary   🔜
18/08/2022

A Sketch of Untold Story(working title)
New Documentary 🔜

New Documentary  # Coming 🔜
17/08/2022

New Documentary # Coming 🔜

New Documentary Project Coming 🔜
14/08/2022

New Documentary Project
Coming 🔜

Green Age Film Production ရဲ့ Founder ကိုဝီရအောင် စီစဉ်ထုတ်လုပ်သူ Producer အနေနဲ့ ပါဝင်ထားပြီး နီပေါနိုင်ငံမှဒါရိုက်တာ R...
18/05/2022

Green Age Film Production ရဲ့ Founder ကိုဝီရအောင် စီစဉ်ထုတ်လုပ်သူ Producer အနေနဲ့ ပါဝင်ထားပြီး နီပေါနိုင်ငံမှဒါရိုက်တာ Rajesh Prasad KHATRI ရိုက်ကူးထားတဲ့ A Scarecrow Short Film ဟာ UNICEF ရဲ အကောင်းဆုံးIris Award ဇာတ်ကားအဖြစ်ရွေးချယ်ခြင်းခံရပါတယ်။ဒီဇာတ်ကားဟာ Nepal / France / Myanmar,Hong Kong, China ပူးပေါင်းထုတ်လုပ်တဲ့ဇာတ်ကားဖြစ်ပြီး Project အဆင့်မှာAFA-MFA Film Pitching Competition မှာ The President’s Special Recognition Award ရရှိခဲ့သလို European Union ရဲ့ The Creative Europe Fund လည်းရရှိခဲ့ပါတယ်။ UNICEF ရဲ့ Award ကိုရရှိတဲ့အတွက်ဂုဏ် ယူမိပါတယ်။

UNICEF 75 Iris Award
The jury selected A Scarecrow because of its rich visual symbolism and its crucial message to uphold the Convention on the Rights of the Child. Set in a Himalayan mountain community, the film tells the story of a young girl taken out of school to help her mother earn a living making scarecrows.




အပြုံးများ 😊 😃 😀 ဘဝအမောတွေကြားများများပြုံးပါ… OOREDOO CSR Mobile Clinic Shoot 🎥
18/05/2022

အပြုံးများ 😊 😃 😀
ဘဝအမောတွေကြားများများပြုံးပါ…
OOREDOO CSR Mobile Clinic Shoot 🎥



Happy New Year 🎥 2021 ခုနှစ် နှစ်သစ်ကူးအခါသမယမှသည် Green Age Film Production နှင့်အတူတကွ ကူညီအလုပ်လုပ်ကိုင်ပေးခဲ့ကြသော အ...
31/12/2020

Happy New Year 🎥
2021 ခုနှစ် နှစ်သစ်ကူးအခါသမယမှသည် Green Age Film Production နှင့်အတူတကွ ကူညီအလုပ်လုပ်ကိုင်ပေးခဲ့ကြသော အနုပညာရှင်များ၊မိတ်ဆွေများ၊လုပ်ဖော်ကိုင်ဖက်များ၊ယုံကြည်စိတ်ချစွာလုပ်ငန်းများအပ်နှံခဲ့ကြသော လုပ်ငန်းရှင်များနှင့် Marketing Agencies များ၊မိတ်ဟောင်း၊မိတ်သစ်များ၊မြန်မာနိုင်ငံသားများ၊ကမ္ဘာသူကမ္ဘာသားများအားလုံး ချစ်သောမိသားစုနှင့်အတူတကွ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး၊ ကောင်းကျိုးလိုအင်ဆန္ဒများနှင့် ပြည့်ဝပါစေကြောင်း Green Age Film Production မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Green Age Film Production အနေဖြင့်လည်း ပိုမိုကောင်းမွန်သော အနုပညာများဖန်တီးနိုင်ပြီး မိတ်ဆွေတို့ရဲ့စိတ်ကူးများအတိုင်း ကျေနပ်အောင်မြင်စွာဖန်တီးနိုင်သူတွေဖြစ်လာနိုင်စေဖို့ 2021 နှစ်သစ်ထဲမှာ ပိုမိုကြိုးစားဆောင်ရွက်ပါမယ်လို့ကတိပေးပါတယ်။



#ချစ်ခြင်းမေတ္တာ_ပျော်ရွှင်မှု_အနုပညာ

ကျွန်တော်တို့အတူလက်တွဲရအောင် 👌ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Taiji လင်းပိုင်သတ်ပွဲ၊ Faroe island မှ လင်းပိုင်သတ်...
24/11/2020

ကျွန်တော်တို့အတူလက်တွဲရအောင် 👌
ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Taiji လင်းပိုင်သတ်ပွဲ၊ Faroe island မှ လင်းပိုင်သတ်ပွဲ၊ Antartica မှ ဂျပန်နိုင်ငံရဲ့ ဝေလငါးဖမ်းအစီအစဉ်၊ Mexico မှ မူးယစ်ဆေး ဘိန်းဘုရင်များ ကျောထောက်နောက်ခံထားတဲ့ တရားမဝင်ငါးခိုးဖမ်းမှုများ၊ စတဲ့ အဆင်ခြင်မဲ့၊လူမဆန်တဲ့ မတရားမှုများကို ဆန့်ကျင် တိုက်ဖျက်ဖို့ နှစ်ရှည်လများ ကြိုးစားနေတဲ့ နိုင်ငံတကာမှ campaigner အဖွဲ့များ နည်းတူ မြန်မာနိုင်ငံမှ ဧရာဝတီလင်းပိုင်များအတွက် သေကုန်မှပေါ်ပင်အော်ပြတာမျိုးမဟုတ်ဘဲ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ့် မဟာမိတ်အင်အားစု တစ်ခု ပေါ်ထွက်လာပါပြီ။ လက်ရှိ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားနေချိန်မှာတော့ online ကနေ လင်းပိုင်ကယ်ဆယ်ရေး အသိပညာပေးလုပ်ငန်းများလုပ်ဆောင်သွားမှာဖြစ်ပြီး အခွင့်အရေးရတဲ့အခါမှာတော့ မြေပြင်ပေါ်မှာ အမှန်ထိရောက်မှုရှိတဲ့ လုပ်ငန်းများကို အဖွဲ့တစ်ခုချင်းစီအနေနဲ့ ၎င်းတို့ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ အခန်းကဏ္ဍကနေ တတ်နိုင်တဲ့နေရာက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အခြား ပူးပေါင်းချင်တဲ့ အဖွဲ့များရှိရင်လည်း [email protected] ကို email ပို့ပြီး ပါဝင်ဆောင်ရွက်ပေးနိုင်တဲ့ အခန်းကဏ္ဍကို ဖော်ပြပြီး လာ join နိုင်ပါတယ်။

Save Irrawaddy Dolphin Week 2020 အထိမ်းအမှတ် ဝတ္တုတို၊ဆောင်းပါး၊ဇာတ်ကားတိုဇာတ်ညွှန်း နှင့်ပုံပြင်ပြိုင်ပွဲအား Green Age ...
19/11/2020

Save Irrawaddy Dolphin Week 2020 အထိမ်းအမှတ် ဝတ္တုတို၊ဆောင်းပါး၊ဇာတ်ကားတိုဇာတ်ညွှန်း နှင့်ပုံပြင်ပြိုင်ပွဲအား Green Age Film Production နှင့် Nature Advocacy မှ ကြီးမှုးကျင်းပသွားမည်ဖြစ်ကြောင်းသတင်းပါးအပ်ပါသည်။

ဧရာဝတီလင်းပိုင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံတစ်ဝန်းမှစာပေဝါသနာရှင်နှင့်အနုပညာရှင်များ တဖက်တလမ်းမှကူညီနိုင်သည့် အခွင့်အရေးတစ်ခုကို Nature Advocacy နှင့် Green Age Film Production တို့မှ ပူးပေါင်းတင်ဆက်လိုက်ပါသည်။
ဧရာဝတီလင်းပိုင်များမျိုးသုန်းမှုမှကာကွယ်ထိန်းသိမ်းရေး (သို့မဟုတ်) ဧရာဝတီလင်းပိုင်မျိုးစိတ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဧရာဝတီလင်းပိုင်များမှီခိုကျက်စားနေထိုင်ရာ တောတောင်ရေမြေဒေသ၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းရေးမှာ အလွန်ပင်အရေးကြီးလှပါသည်။

ထိုဧရာဝတီလင်းပိုင်များမှီခို ကျက်စားနေထိုင်ရာ ဧရာဝတီမြစ်ကြောင်းတလျှောက် တောတောင်ရေမြေများ၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းရေးနှိုးဆော်သည့် လှုပ်ရှားမှုအနေဖြင့် ဝတ္တုတို၊ရုပ်ရှင်ဇာတ်လမ်းတိုဇာတ်ညွှန်း၊အိပ်ရာဝင်ပုံပြင်၊ ပါးစပ်ပြောရာဇဝင်၊ ရိုးရာ/ဒေသပုံပြင် စသည်တို့ကိုရေးသားဖန်တီးပေးပို့၍ဆုများရယူပြီး Save Dolphin Campaign တွင်ပါဝင်ဆင်နွှဲနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

ပြိုင်ပွဲဝင်အနုပညာလက်ရာများကို အနာဂတ်ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် လိုအပ်သလိုထည့်သွင်း အသုံးပြုသွားမည်ဖြစ်သည့်အတွက် ဧရာဝတီလင်းပိုင်ကာကွယ်လိုသူ (Dolphin Protector ) ဝါသနာရှင်များ၊ ရှားပါးဇီဝမျိုးစိတ်များကိုထိန်းသိမ်းလိုသူများ နှင့် အနုပညာရှင်များ အနေဖြင့်နောင်တစ်ချိန်သင်ရဲ့ ဇာတ်လမ်း၊ပုံပြင်လေးတွေကမျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေသောဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက်အမြဲတသသပြောနေရသည့်ဇာတ်လမ်း၊ပုံပြင်၊ရုပ်ရှင်ဇာတ်ကားတိုများအဖြစ်ကျန်ရစ်နိုင်မယ့်အခွင့်အရေးကောင်းတစ်ရပ်မို့ လက်လွတ်မခံဘဲ ပါဝင်ရအောင်ဖိတ်ခေါ်အပ်ပါသည်။

***ပါဝင်ယှဉ်ပြိုင်နိုင်သည့်အနုပညာပုံစံ***
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး (သို့မဟုတ်) ဧရာဝတီလင်းပိုင်မျိုးစိတ်ရပ်တည်နိုင်ရေးအတွက် အရေးကြီးသည့် လင်းပိုင်များမှီခိုကျက်စားရာ တောတောင်ရေမြေဒေသ၊ သဘာဝဂေဟစနစ်များအားကာကွယ်ထိန်းသိမ်းရန် နှိုးဆော်သည့် ဝတ္တုတို၊ ရုပ်ရှင်ဇာတ်ကားတို ဇာတ်ညွှန်း၊အိပ်ရာဝင်ပုံပြင်၊ ပါးစပ်ပြောရာဇဝင်ပုံပြင်၊ ရိုးရာ/ဒေသပုံပြင် စသည်တို့ကို ရေးသားပေးပို့နိုင်ပါသည်။
စာမျက်နှာကန့်သတ်ထားခြင်းမရှိဘဲ လွတ်လပ်စွာရေးသားပေးပို့နိုင်ပါသည်။

****ပေးအပ်သွားမည့်ဆုများ****
(1) Green Age Award
(2) Nature Advocacy Award
(3) Dolphin Protector Award

ဆု ၃ ခုကိုရွေးချယ်၍ ဆုလက်ဆောင်များပေးအပ်သွားပါမည်။ အနုပညာလက်ရာတစ်ခုအား အများဆုံး ဆုတစ်ခုတည်းသာ ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။

ယှဉ်ပြိုင်သူတစ်ဦးအတွက် အနုပညာလက်ရာအရေအတွက် တစ်ခုသာ ပါဝင်ယှဉ်ပြိုင်ရန် ကန့်သတ်ထားပါသည်။

ရွေးချယ်ခံရသူများကို ဒီဇင်ဘာလ ၆ရက်နေ့တွင် Save Irrawaddy Dolphin Campaign Page၊ Green Age Film Production page နှင့် Nature Advocacy page တို့တွင် ကြေငြာပေးသွားပါမည်။


️ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် စည်းကမ်းချက်များ️

၁။ Save Irrawaddy Dolphin Campaign Page, Green Age Film Production Page နှင့်Nature Advocacy official page များကို Follow လုပ်ထားပေးပါ။
၂။ ဖန်တီးထားသော အနုပညာလက်ရာကို မိမိကိုယ်ပိုင်အကောင့်တွင် public နှင့် တင်ပြီး ဟုရေးပါ။ link ကို ဒီပို့စ်အောက်တွင် comment ရေးပေးပါ။
၃။ ဖန်တီးထားသော အနုပညာလက်ရာများကို [email protected] နှင့် [email protected] တို့အား နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၆နာရီ နောက်ဆုံး ထားပေးပို့ပါ။
၄။ File အမည်ကို ရေးသားသူ၏အမည်၊လက်မှတ်တို့နှင့် (Author’sName(with/withoutSignature).ext) အတူတကွရေးထိုး၍ pdf file အနေဖြင့်ပေးပို့ပါ။
၅။ သင့်ဖန်တီးမှု အနုပညာလက်ရာတွင်ပါဝင်သည့် လင်းပိုင်မျိုးစိတ်သည် မြန်မာနိုင်ငံမှ ဧရာဝတီလင်းပိုင်မျိုးစိတ်ဖြစ်ရပါမည်။ (မှတ်ချက်>>>အခြားလင်းပိုင်မျိုးစိတ်များအကြောင်းဖြစ်ပါက ဆုများအတွက် ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။)
၆။ပြိုင်ပွဲဝင်အနုပညာလက်ရာများကို အနာဂတ်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့်နေရာများတွင် ဖန်တီးသူအနုပညာရှင်အမည်ဖော်ပြပြီး လိုအပ်သလိုထည့်သွင်းအသုံးပြုသွားမည်ဖြစ်ပါသည်။ ထိုသို့ဖော်ပြရာတွင်အဆင်ပြေချောမွေစွာ ဆောင်ရွက်နိုင်စေရန် မူလဖန်တီးသူ အနုပညာရှင်သည် ထိုအနုပညာလက်ရာပေါ်မှ ရယူနိုင်သည့် အသုံးပြုခွင့်အခွင့်အရေးအားလုံးကို Green Age Film Production နှင့် Nature Advocacy သို့ပေးအပ်ရမည်ဖြစ်ပါသည်။
၇။ထိုပါဝင်ယှဉ်ပြိုင်သည့် အနုပညာလက်ရာများသည် email မှ လက်ခံပြီးချိန်မှစ၍ Save Irrawaddy Dolphin Campaign အတွက်Nature Advocacy နှင့်Green Age Film Production တို့၏ ဆုံးဖြတ်ခွင့်အပိုင်အဖြစ် ခွင့်ပြုပြီးဖြစ်ကြောင်းမှတ်ယူပါမည်။ ထို့ကြောင့် email မှ ပေးပို့လာသည့် အနုပညာလက်ရာများကိုသာ ဆုများအတွက် ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါသည်။
(ပါဝင်ယှဉ်ပြိုင်သည့် အနုပညာလက်ရာအား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်မှလွဲ၍ အခြားမည်သည့်နေရာတွင်မှ ငွေကြေးဖြင့် ရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်မျိုးမျိုးနှင့် တွဲဖက်၍ကြော်ငြာခြင်း၊ အခကြေးငွေယူ၍ ရိုက်နှိပ်ထုတ်ဝေခြင်း စသည်တို့ မပြုလုပ်ကြောင်းကိုလည်း Green Age Film Production နှင့် Nature Advocacy တို့မှကတိကဝတ်ပြုပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ်အများပြည်သူမှ မကောင်းမြင်စေနိုင်သည့်အတွက် ယှည်ပြိုင်သူအနေဖြင့်လည်း ထိုသို့မပြုလုပ်ရန်တားမြစ်ပါသည်)

၈။ ပြိုင်ပွဲနှင့်ပတ်သက်၍အငြင်းပွားဖွယ်တစ်စုံတစ်ရာရှိပါက Nature Advocacy ၏ Campaign Director ၏ ဆုံးဖြတ်ချက်သည်အတည်ဖြစ်သည်။

အသေးစိတ်သိရှိလိုသည်များရှိပါက Save Irrawaddy Dolphin Campaign page, Green Age Film Production page နှင့်Nature Advocacy official page များ၏ Messenger သို့လည်းဆက်သွယ်မေးမြန်းစုံးစမ်းနိုင်ပါသည်။

Save Irrawaddy Dolphins Week အတွင်း ဧရာဝတီလင်းပိုင်များကို ကာကွယ်ထိန်းသိမ်းရေးအကြောင်း ပြိုင်တူ နှိုးဆော်ရန် မြန်မာနိုင်...
17/11/2020

Save Irrawaddy Dolphins Week အတွင်း ဧရာဝတီလင်းပိုင်များကို ကာကွယ်ထိန်းသိမ်းရေးအကြောင်း ပြိုင်တူ နှိုးဆော်ရန် မြန်မာနိုင်ငံရှိ Environmental Club များနှင့် အခြား interest club, group များ၊ အဖွဲ့အစည်း များ Coalition ဖွဲ့စည်းခြင်း

ဧရာဝတီလင်းပိုင်များကို ကာကွယ်ထိန်းသိမ်းရေးတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုတည်း၏ စွမ်းအားဖြင့် ဆောင်ရွက်နိုင်သည့် ကိစ္စမျိုးမဟုတ်သလို ဧရာဝတီလင်းပိုင်များ မျိုးမတုန်းခင် အကြောင်းတိုင်ဆိုင်သည့် အခွင့်အရေးကိုရှာဖွေကာ အခြေအနေ အချိန်အခါလျောက် ဆောင်ရွက်ရသည့် ကိစ္စမျိုးလည်းဖြစ်သည်။
လက်ရှိအချိန်တွင် လူအများစိတ်ဝင်စားသည့် ရွေးကောက်ပွဲလည်း ပြီးဆုံးသွားပြီဖြစ်သလို အနိုင်ရ NLD ပါတီအနေဖြင့်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ အင်တိုက်အားတိုက်လုပ်ဆောင်ရန် စိုင်းပြင်နေချိန်လည်းဖြစ်သည်။ ထိုသို့ အခွင့်သာနေချိန်တွင် ဧရာဝတီလင်းပိုင်များကို ကာကွယ်ထိန်းသိမ်းရေး အလျင်အမြန်တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်အစိုးရထိပ်ပိုင်းမှ တာဝန်ရှိသူများ မြင်တွေ့သိရှိနိုင်စေရန် ရည်ရွယ်၍ Nature Advocacy အဖွဲ့မှ ဦးဆောင်ပြီး နိုင်ငံတကာ iNGO များ ပြည်တွင်း မှ NGO များ၊ CSO များ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ Save Irrawaddy Dolphin Week social media campaign ကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖော်ဆောင်ရန် စီစဉ်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ပြည်တွင်းမှ environmental club များ၊ လင်းပိုင်ကြည့်ခရီးစဉ်များနှင့် ပတ်သက်၍ Travel and Tourism club အဖွဲ့အစည်းများ နှင့် ဘဘာဝပတ်ဝန်းကျင်အရေးနှင့် ပတ်သက်၍ လှုပ်ရှားနေသော အဖွဲ့အစည်းများအနေဖြင့် အထက်ပါကိစ္စကိုဆောင်ရွက်ရန် အားလုံးပူးပေါင်း၍ Coalition တစ်ခုဖွဲ့စည်းရန် ဖိတ်ခေါ်လိုပါသည်။ ပူးပေါင်းပါဝင်မည့် အဖွဲ့အစည်းများအား Save Irrawaddy Dolphins Week အစတွင် Nature Advocacy page မှ ဖော်ပြပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ပူးပေါင်းပါဝင်လိုသည့် အဖွဲ့အစည်းများအနေဖြင့် အောက်ပါ အတိုင်းဆောင်ရွက်ပါ။

၁။ Coalition backdrop တစ်ခုပြုလုပ်ရန် [email protected] သို့ email ပို့ပြီး အဖွဲ့အစည်း၏ အမည်၊ အဖွဲ့အစည်း logo နှင့် အဖွဲ့ဝင်အရေအတွက် ကို အကြောင်းကြားပါ။
၂။ အဖွဲ့အစည်း တစ်ခုချင်းအနေဖြင့် မိမိဆောင်ရွက်နိုင်သည့် activity တစ်ခုခု ကို Save Irrawaddy Dolphin week အတွင်းဆောင်ရွက်ပါ။ (ဉပမာ - စာစီစာကုံး၊ ကဗျာရေးပွဲ၊ ပိုစတာဖြင့် ဓာတ်ပုံရိုက်ခံခြင်း...)
၃။ အဖွဲ့ဝင်အားလုံးအား ဧရာဝတီလင်းပိုင်များကို ကာကွယ်ထိန်းသိမ်းရေးတိုးမြှင့်ပေးရန် အသနားခံသည့် petition တွင် လက်မှတ်မထိုးရသေးသူများ လက်မှတ်ထိုးပေးရန် အကြောင်းကြားပါ။
၄။ Save Irrawaddy Dolphin Week အတွင်း အဖွဲ့ဝင်များအား ကိုယ်ပိုင် facebook အကောင့်တွင် သတ်မှတ်ထားသော profile picture, profile picture frame တစ်ပတ်ပြောင်းပေးရန် စည်းရုံးပါ။
၅။ Save Irrawaddy Dolphin Week အတွင်း Save Irrawaddy Dolphin Online Campaign page မှ တင်သည့် post များကို မိမိတို့ အဖွဲ့အစည်း page တွင် ထပ်ဆင့် ပြန် share ပေးပါ။


Address

No. 196/200, Dhamathukha Kyaung Street, Hlaing Township
Yangon
11051

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 13:00

Telephone

+959455501313

Website

Alerts

Be the first to know and let us send you an email when Green Age Film Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Age Film Production:

Share