Dream - Book House

Dream - Book House Let your dreams be your wings

Give Away Winner (3)ယောက်ပါ။ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ အပြည့်အစုံရေးပြီး အစ်မရဲ့ Viber Ph No ကို ပို့ထားပေးပါနော်။ပေခ့်...
26/02/2024

Give Away Winner (3)ယောက်ပါ။ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ အပြည့်အစုံရေးပြီး အစ်မရဲ့ Viber Ph No ကို ပို့ထားပေးပါနော်။

ပေခ့်မှာ Admin လုပ်ခဲ့တဲ့ကလေးနှစ်ယောက်လည်း ပို့ထားပေးပါဦး။

ကောင်းသောညပါရှင် 🌸

🌸 GA Time 🌸My Excellent Husband (Second Edition/ One Hour Limited Gift အပါ) စာအုပ် (၃)အုပ် Dream ကနေ Give Away ပေးပါမယ်န...
23/02/2024

🌸 GA Time 🌸

My Excellent Husband (Second Edition/ One Hour Limited Gift အပါ) စာအုပ် (၃)အုပ် Dream ကနေ Give Away ပေးပါမယ်နော်။

(1)Page ကို Like & Follow လုပ်ထားတဲ့သူဖြစ်ရပါမယ်။

(2)Post ကို Public နဲ့ Share ပြီး Comment မှာ Screenshot မန့်ပေးပါ။

(3)တနင်္လာနေ့ည Winner ရွေးပေးပါမယ်။

📍Delivery Fee ( Box ဖိုးအပါ )ကို Give Away ပေါက်တဲ့သူရှင်းရမယ်နော်📍

Page မှာ Admin လုပ်တဲ့ ကလေးနှစ်ယောက် အစ်မကို လိပ်စာလာပို့ထားပေးပါဦးနော်🫶

Thanks ❤️

Crd Pic

Knock Knock နောက်နာရီဝက်လောက်ကျ GA ပိုစ့်တင်ပေးပါ့မယ်နော် 🫶
23/02/2024

Knock Knock

နောက်နာရီဝက်လောက်ကျ GA ပိုစ့်တင်ပေးပါ့မယ်နော် 🫶

မင်္ဂလာပါရှင်။လန့်သွားကြပြီလား? နိုးနော် မလန့်ပါနဲ့နော်။ ဇူဇူက Emailပို့ပြီး ဆုံးမနေလို့ ဇူဇူ့ကိုအကြောင်းပြုပြီး စာလေးနဲ...
23/01/2024

မင်္ဂလာပါရှင်။

လန့်သွားကြပြီလား?

နိုးနော် မလန့်ပါနဲ့နော်။ ဇူဇူက Emailပို့ပြီး ဆုံးမနေလို့ ဇူဇူ့ကိုအကြောင်းပြုပြီး စာလေးနဲ့ နှုတ်ဆက်လိုက်တာပါ။

အားလုံး‌ပဲ နေကောင်းကြပါရဲ့လား။

Active မဖြစ်တာ တစ်နှစ်ကျော်လောက်ဖြစ်သွားပြီဆိုတော့ အကောင့်နာမည်ပြောင်းတာတွေနဲ့ဆို ဘယ်သူက ဘယ်သူလဲဆိုတာ မျက်မှန်းတန်းမိပါတော့မလား မသိပေမယ့် အားလုံးကို အများကြီး လွမ်းပါတယ်။

အခုက ပြန်လာတယ်ဆိုပေမယ့်လည်း စာအုပ်ထုတ်ဖြစ်မှာ မဟုတ်သေးပါဘူး။ နောက်ထပ် အချိန်ကာလတစ်ခုလောက်ထိတော့ အချိန်ယူပါဦးမယ်နော်။

ပြီးတော့ pageမှာ စာပို့ထားတဲ့သူတွေကို Reply မပြန်တာနဲ့ပတ်သက်ပြီး နားလည်ပေးပါနော်။ အစ်မတို့ Personal Life မှာ အလုပ်လေးတွေ နဲနဲများနေလို့ပါ။

နောက်ထပ်ပြောချင်တာကတော့ စာအုပ်လာဝယ်ကြတဲ့သူတွေကိုပါ။ Dream မှာ လောလောဆယ်တော့ ဘာစာအုပ်မှ ရောင်းဖို့မရှိသေးပါဘူးလို့။ တခြားစာအုပ်တိုက်က စာအုပ်လေးတွေလည်း အစ်မတို့ဆီမှာ မရှိပါဘူးနော်။

အာ မရဘူး ဝယ်မှာပဲ လိုချင်တယ်ဆိုရင်တော့ တို့တစ်ယောက်တည်းကိုပဲ ဝယ်လို့ရဦးမှာပါနော်(^_−)

ပြီးတော့ မပါမဖြစ် ပြောရမယ့်ကိစ္စလေးက‌တော့ Dreamကနေ စာအုပ် Give Awayပေးဖို့ ရှိပါတယ်။ ဘယ်ချိန်ဖြစ်မလဲဆိုတာကတော့ အစ်မ ပိုစ့်တင်ပြီး တစ်ချက်ပြန်သတိပေးပေးပါ့မယ်နော်။

(Pageမှာ admin လုပ်ခဲ့တဲ့ မောင်လေးနဲ့ ညီမလေးကတော့ လက်ဆောင်အနေနဲ့ စာအုပ်အပြင် ဖောင်ဒါကိုပါ ရပါမယ်)

အခုချိန်ထိ အစ်မတို့ Dream Page လေးကို Like & Follow လုပ်ပေးထားတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်❤️

နိဂုံးချုပ်အနေနဲ့ အရာအားလုံးနီးပါးခက်ခဲနေတဲ့ကာလမှာ လိုအင်မှန်သမျှပြည့်မြောက်စေပြီး အိမ်မက်ပန်းတိုင်တွေနဲ့လည်း အမြန်ဆုံးနဲ့ ဘေးအန္တရာယ်ကင်းစွာ ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်။

Dream - Book House

မှတ်ချက် - အကြောင်းကိစ္စတစ်စုံတစ်ရာရှိရင် viber no +959960166612 ကို စာပို့လို့ရပါတယ်ရှင့်။ အောက်ကဖုန်းနံပါတ်ကလေးကတော့ ခေါ်ဆိုလို့မရတော့ဘူးနော်။

ANNOUNCEMENT !Dream - Book House ပါ။ အစ်မတို့ ကြေညာစရာလေး ရှိလို့ပါရှင့်။လက်ရှိမှာ စာရေးသူလေးယောက်နဲ့ တိုက်နဲ့ စာချုပ်ချ...
06/09/2022

ANNOUNCEMENT !

Dream - Book House ပါ။ အစ်မတို့ ကြေညာစရာလေး ရှိလို့ပါရှင့်။

လက်ရှိမှာ စာရေးသူလေးယောက်နဲ့ တိုက်နဲ့ စာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။ နောက်ထပ် ထပ်ပြီးတော့ စာမူအသစ်တွေကို ကမ်းလှမ်းထားတာမျိုးလည်း မရှိတော့ပါဘူး။

လတ်တလောအခြေအနေတွေအရ အစ်မတို့တိုက်ဖက်မှ ကမ်းလှမ်းထားခဲ့တဲ့ စာမူလေးခုကို ထုတ်ဝေပြီးစီးသွားပြီးတဲ့အခါ အနားယူရပ်နားထားဖို့ ဆုံးဖြတ်လိုက်ပါတယ်ရှင်။

စာအုပ်ထုတ်ပြီးစီးဖို့က ဒီနှစ်အတွင်းလည်း ဖြစ်နိုင်သလို နောက်နှစ်အစပိုင်းလည်း ဖြစ်နိုင်ပါတယ်ရှင်။

ချုပ်ဆိုထားတဲ့ စာမူလေးခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

1.To Love - Jenny

https://www.wattpad.com/story/241627555?

2.My Excellent Husband - Poe Nyo

https://www.wattpad.com/story/233908176?

3.တိတ်တခိုးတိုးရစ်လို့နှောင်ငင် - Shino

https://www.wattpad.com/story/247185974?

4.Play Date - _asteriaHWA

https://www.wattpad.com/story/240835562?

စာအုပ် အော်ဒါကောက်ခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုတွေဆက်လုပ်သွားမလဲဆိုတာကိုတော့ ပိုစ့်ပြန်တင်ပေးသွားပါ့မယ်ရှင်။

စာအုပ်စျေးတွေကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေအောင် ထိန်းပြီးလုပ်ပေးသွားပါ့မယ်။

အခုလက်ရှိ ပုံနှိပ်တိုက်ဖက်နဲ့ ဆွေးနွေးတိုင်ပင်နေဆဲမို့ပါ။

နံပါတ်စဉ်အတိုင်း To Love ကနေစပြီး Play Date ထုတ်ရင်း နှုတ်ဆက်ပါ့မယ်။

ဒီကိစ္စကို အရင်ကတော့ စီစဉ်ထားတဲ့အတိုင်း ကြိုပြောမလို့ပါ။ ကြားထဲ နှစ်အစပိုင်းက တခြား Personal ကိစ္စတွေနဲ့၊ လက်ရှိတော့ ဒေါ်လာစျေးနဲ့ညှိသွားတယ်ပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနှစ်စကတည်းက စာအုပ်မြန်မြန်ထုတ်ပေးပြီး အနားယူတော့မလို့ပါဘဲ။

ဘယ်အချိန်ပြန်လာဖြစ်မလဲဆိုတာကတော့ ဆွေးနွေးထားခြင်းမရှိသေးပါဘူး။ Founder တစ်ယောက်ကလည်း ထွက်မှာဖြစ်ပြီး တခြားတစ်ယောက်ကလည်း လုပ်ငန်းကိစ္စတွေ ရှိလာလို့ပါ။ အစ်မပဲ လေလွှင့်ကျန်နေမှာမလို့ပါ။

Dream - Book House

ပုံအောက်မှာ “ယူ”လို့ မန့်ရင် ရပါပြီ။ First Cmt ကို ရောင်းပေးပါ့မယ်နော်။ စာလေးရော သေချာဖတ်ပေးကြပါ။တချို့စာအုပ်တွေမှာ Erro...
03/09/2022

ပုံအောက်မှာ “ယူ”လို့ မန့်ရင် ရပါပြီ။ First Cmt ကို ရောင်းပေးပါ့မယ်နော်။ စာလေးရော သေချာဖတ်ပေးကြပါ။

တချို့စာအုပ်တွေမှာ Error ပါပါတယ်။ ထည့်လည်း ရေးပေးထားပါတယ်။ ဒါကြောင့်မလို့ အဆင်ပြေတယ်ဆိုမှ ယူပေးပါရှင်။

Gift တွေကို ရှိသမျှ ထည့်ထားပေးပါတယ်။ MEH, KOE တွေမှာ ပါပါတယ်။ MDDD ကတော့ မစုံပါဘူး။

Payment ကတော့ Prepaid ပါ။ မနက်ဖြန် ဒလီအပ်ပေးမှာပါ။

စာအုပ်တွေက ဒါပါပဲရယ်။ စုစုပေါင်း (10) Set ပါ။15000 တစ် Set ပဲပါပြီး ကျန်တာက 12000 ဝန်းကျင်တွေပါပဲ။ ဒီည (8) နာရီ ပိုစ့်တင...
03/09/2022

စာအုပ်တွေက ဒါပါပဲရယ်။ စုစုပေါင်း (10) Set ပါ။

15000 တစ် Set ပဲပါပြီး ကျန်တာက 12000 ဝန်းကျင်တွေပါပဲ။

ဒီည (8) နာရီ ပိုစ့်တင်ပေးပါ့မယ်နော်။ Set (10) set မို့ ပုံ(10)ပုံပါ။ 1st Cmt ကို ရောင်းပေးမယ်နော်။

Payment ကတော့ Prepaid ပါ။ ဒလီကတော့ မနက်ဖြန် အပ်ပေးလို့ အဆင်ပြေပါတယ် 💛

စာအုပ်တွေက ဒါအကုန်ပါပဲနော်။ မရှိတော့ပါဘူး 🫶

အရင်ပိုစ့်နှစ်ခုကို ဖျက်လိုက်ပါ့မယ်နော်။

Hello 💙To Love စာအုပ်ကလေးနဲ့ပတ်သက်ပြီးပြောချင်လို့ပါရှင်။အခု အစ်မတို့ပုံနှိပ်တိုက်ဘက်က အချိန်တစ်ခုထိ ရပ်နားထားလိုက်ပြီမိ...
02/09/2022

Hello 💙

To Love စာအုပ်ကလေးနဲ့ပတ်သက်ပြီးပြောချင်လို့ပါရှင်။

အခု အစ်မတို့ပုံနှိပ်တိုက်ဘက်က အချိန်တစ်ခုထိ ရပ်နားထားလိုက်ပြီမို့ စာအုပ်ပုံနှိပ်တာကလည်း ရပ်သွားပါတယ်။

အဲ့ဒါကြောင့် To Love ကလေး ထွက်လာဖို့ကလည်း အချိန်တစ်ခုထိ ကြန့်ကြာသွားနိုင်ပါတယ်။

ဒါကြောင့်မလို့ အစ်မတို့တစ်ခု မေးချင်လို့ပါရှင်။

စာအုပ်အတွက် ငွေလွှဲထားတဲ့သူတွေက Refund ပြန်ယူထားချင်လားဆိုတာပါ။ တကယ်လို့ယူထားမယ်ဆို အစ်မတို့ Refund ပြန်ပေးဖို့ စီစဉ်ပေးမလို့ပါ။ Refund ယူမယ်ဆိုရင်တော့ အစ်မတို့ ဒီအပတ်ထဲ ပြန်ပေးသွားမှာပါ။

မယူထားဘူး စောင့်မယ်ဆိုလည်း ရပါတယ်။ အချိန်ကတော့ လတ်တလောကြောင့် အတိအကျတော့ မပြောပေးနိုင်သေးဘူးရယ်။

တကယ်လို့ Refund ပြန်ယူမယ်ဆိုရင် စာအုပ်ထွက်လာဖို့ကလည်း အချိန်အတိုင်းအတာတစ်ခုထိ နောက်ဆုတ်သွားနိုင်ပါတယ်။

ဒီကြားထဲ အစ်မတို့တိုက်ကိုလည်း ရပ်နားထားလိုက်မှာမလို့ပါ။

ကျေးဇူးတင်ပါတယ်။

Note - စာအုပ်ကို ဆက်မထုတ်ခြင်းမဟုတ်ပါ။ အချိန်အနည်းငယ်ထိ ကြာသွားနိုင်တာမို့ မေးကြည့်ခြင်းဖြစ်ပါတယ်။ တခြားအသုံးလိုတာမျိုးရှိရင် သုံးရအောင်လို့ပါ 💙

🤎
01/09/2022

🤎

Hello 🤎အစ်မတို့ ပြောစရာလေး ရှိလို့ပါရှင်။ဒီနေ့ရဲ့ဒေါ်လာစျေးတွေကို သိပြီးကြပြီ ထင်ပါတယ်နော်။ ဒေါ်လာစျေးကြောင့် စာအုပ်နဲ့ပ...
01/09/2022

Hello 🤎

အစ်မတို့ ပြောစရာလေး ရှိလို့ပါရှင်။

ဒီနေ့ရဲ့ဒေါ်လာစျေးတွေကို သိပြီးကြပြီ ထင်ပါတယ်နော်။ ဒေါ်လာစျေးကြောင့် စာအုပ်နဲ့ပတ်သက်သမျှ ကုန်ကြမ်းစျေးတွေလည်း သုံးဆလောက် ခုန်တက်သွားပါတယ်။ ပုံနှိပ်တိုက်ဖက်ကလည်း အစ်မတို့ကို အကျိုးအကြောင်းလှမ်းမေးနေလို့ပါ။ သူတို့ဖက်က အချိန်တစ်ခုလောက် ရပ်နားတော့မလို့ဆိုလာလို့ပါ။

ဒါတွေကြောင့် အော်ဒါကောက်ဖို့လည်း ခက်ခဲသွားပါတယ်။

အစ်မတို့ ဒီနေ့ရဲ့ စက္ကူပေါက်စျေးနဲ့ တွက်ကြည့်တဲ့အခါမှာ Creamy နဲ့ဆို 8500 ဝန်းကျင်လောက် သွားကျပြီး တခြားစက္ကူနဲ့ဆို 7500 နဲ့ 8000 ဝန်းကျင်လောက် သွားကျပါမယ်။ ဒါတောင် အုပ်ရေ ထောင်စျေးနဲ့ တွက်ထားတာပါ။ ( စက္ကူအသားကို သွားကြည့်ဖို့လိုလို့ ထည့်မပြောပြတော့ဘူးနော် )

အဲ့ဒါကြောင့် အစ်မတစ်ချက်မေးကြည့်ချင်လို့ပါ။

စာအုပ်ကို ဆက်ထုတ်ပေးရမလား။ ရပ်လိုက်ရမလားဆိုတာကိုပါ။

တကယ်လို့ ဆက်ထုတ်ပေးရမယ်ဆိုရင်တော့ ခေတ်ကာလရဲ့အခြေအနေကြောင့် Prepaid / Halfpaid ဖြစ်ပါလိမ့်မယ်နော်။

အဲ့လိုမဟုတ်ဘဲ ရပ်နားထားပေးရမယ်ဆိုရင်တော့ စာအုပ်ထွက်လာမယ့်အခြေအနေကို အာမမခံနိုင်တော့ပါဘူးရယ်။ တကယ်လို့ ထွက်လာမယ်ဆိုရင်တောင် ဒီကပ်ကာလနဲ့ ဒီငွေကြေးတွေ အဆင်ပြေသွားမှာပဲ ဖြစ်လာတော့မှာပါ။ ဒါတောင် ဒေါ်လာစျေးက ထပ်တက်မယ်ကြားထားလို့ မသေချာပါဘူး။

အခုလောလောဆယ်ကတော့ ဘာမှကို သေသေချာချာပြောပြလို့ကို အဆင်မပြေပါဘူးရယ်။

ဒါကလည်း အစ်မတို့အပွင့်လင်းဆုံး ပြောပြပေးတာပါ။ စာအုပ် ထွက်လာမယ်၊ ရပ်လိုက်မယ်ဆိုတာက အားလုံးရဲ့သဘောပါ။ အစ်မတို့ဘက်က စီစဉ်ထားပြီးသားဆိုပေမယ့် အများရဲ့သဘောဆန္ဒအတိုင်း လုပ်ပေးသွားမှာပါ။

ဤကားစကားချပ် - စာအုပ်တွေကတော့ ဒီပုံစံအတိုင်းဆို မျှော်လင့်လို့မရတော့ပါဘူး။ ကြားထားတာတွေကလည်း အဆင်မပြေပါဘူး။ ဂရုစိုက်ကြပါနော်။

Hello 💛Page က စာအုပ်မှာထားပြီး မရသေးရင် ပေ့ခ်မှာလာပြောပြပြီး မေးကြည့်ပေးပါနော်။ ဘာစာအုပ်ဖြစ်ဖြစ်ပါ။ စာအုပ်မရသေးရင် လာမေး...
01/09/2022

Hello 💛

Page က စာအုပ်မှာထားပြီး မရသေးရင် ပေ့ခ်မှာလာပြောပြပြီး မေးကြည့်ပေးပါနော်။ ဘာစာအုပ်ဖြစ်ဖြစ်ပါ။ စာအုပ်မရသေးရင် လာမေးဖို့ကိုလည်း ခဏခဏသတိပေးပြီး မေးပေးပါတယ်။ ပေ့ခ်ကို လာမမေးကြည့်ဘဲနေရင်တော့ စာအုပ်က ကြားထဲမှာ ကြာနေမှာပါ။

To Love စာအုပ် Delivery တွေကိုတော့ ဒီလ 10 ရက်နေ့ 15ရက်နေ့မတိုင်ခင်လောက်မှာ Delivery တွေ အပ်ပေးဖြစ်ပါမယ်။ Confirm Call ကိုလည်း ပို့ခါနီးရင် ဆက်ပေးမှာပါ။

Delivery Fee အပြောင်းအလဲတွေ ရှိပါတယ်။ အဲ့ဒါကြောင့် နောက်စာအုပ်နဲ့ပေါင်းယူမယ်ဆိုလည်း ရပါတယ်။ အရင်ယူမယ်ဆိုလည်း အဆင်ပြေပါတယ်နော်။

Delivery စျေးတွေက ဟိုဘက်နဲ့ ပြန်ညှိနေဆဲမို့ အစ်မ မတင်ပေးသေးတာပါ။

Address

Yangon

Telephone

+959963273434

Website

Alerts

Be the first to know and let us send you an email when Dream - Book House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dream - Book House:

Share

Category