13/03/2026
Teachersများ အမေးများတဲ့မေးခွန်း 10‼️
Non-B visa ကိုင်ဆောင်ထားသူတွေက လစဉ်tax ဆောင်ဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့အလုပ်ရှင် (Finance) ကနေ လစာထဲက tax ဆောင်ဖို့အတွက် လစဉ် amount တစ်ခုကို ဖြတ်ထားပါလိမ့်မယ်။
January လလောက်ဆို Withholding Tax (Tax 50) form ကိုထုတ်ပေးပါလိမ့်မယ်။ အဲ့form နဲ့အတူ နီးစပ်ရာ Revenue Tax Office ကိုသွားပြီး Tax Refund လုပ်လို့ရပါတယ်။
ကိုယ့်မှာ အရင်နှစ်က ဝယ်ထားတဲ့ amount များတဲ့ Easy E-receipt ရှိရင်နောက်တစ်နှစ် Tax အတွက်ပြန်claim လို့ရပါတယ်။
Tax refund ဌာနမှာ ကိုယ်သွင်းထားတဲ့ တစ်နှစ်စာ amount ကပိုနေရင် refund ပြန်ရမှာဖြစ်ပြီး လိုနေရင် ထပ်သွင်းပေးရမှာပါ။ ပြီးမှ officer ကနေ Tax 91 form ကိုထုတ်ပေးပါလိမ့်မယ်ရှင့်။
Tax 91 form ကိုထုတ်ခဲ့ဖို့ မဖြစ်မနေလိုပါတယ်နော်၊ Non-B visa renewal လုပ်တဲ့အခါ အဲ့ form က မပါမဖြစ်ပါ။ ဒါကြောင့် copy တောင်းဖို့လိုပါတယ်ရှင့်။
မှတ်ချက်။ တချို့က Tax refund ကို အွန်လိုင်းကနေ လုပ်ကြတာမျိူးလည်းရှိပါတယ်၊ မလုပ်ဖူးလို့ အသေးစိတ်တော့ မသိပါဘူးရှင့်။
အဆင်ပြေကြပါစေ🍀