Hlegu Luumhu Platform

Hlegu Luumhu Platform Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hlegu Luumhu Platform, Media/News Company, Yangon.

Fact Check ငမိုးရိပ်ဆည် ယခုညဖောက်ချမည်ဟူသော သတင်းပျံ့နှံ့နေမှုကို လှည်းကူး ငမိုးရိပ်ဆည်ဘက်မှ တာဝန်ရှိသူတစ်ဦးက “သတင်းမမှန...
13/09/2024

Fact Check

ငမိုးရိပ်ဆည် ယခုညဖောက်ချမည်ဟူသော သတင်းပျံ့နှံ့နေမှုကို လှည်းကူး ငမိုးရိပ်ဆည်ဘက်မှ တာဝန်ရှိသူတစ်ဦးက “သတင်းမမှန်ကန်ပါ၊ မဟုတ်ပါ” ဟု ငြင်းဆိုသည်။

လှည်းကူးမြို့ မြို့ပေါ်နေရာအချို့၏ သီတင်းကျွတ်ည မြင်ကွင်းများအောက်တိုဘာ ၃၀လှည်းကူးမြို့ပေါ်နေရာအချို့၏ သီတင်းကျွတ်လပြည့်...
30/10/2023

လှည်းကူးမြို့ မြို့ပေါ်နေရာအချို့၏ သီတင်းကျွတ်ည မြင်ကွင်းများ

အောက်တိုဘာ ၃၀

လှည်းကူးမြို့ပေါ်နေရာအချို့၏ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ည မြင်ကွင်းများဖြစ်သည်။

ဓာတ်ပုံ - HS / လူမှုကွန်ယက်စာမျက်နှာများ

Fact Check ငမိုးရိပ်တမံမှ ရေထိန်းတံခါး ၃၂ ခု အနက် ၁၆ခုဖွင့်ချရသည်ဟူသော အကြောင်းအရာမေးမြန်းချက်ကို လှည်းကူးဆည်မြောင်း တာဝ...
12/10/2023

Fact Check

ငမိုးရိပ်တမံမှ ရေထိန်းတံခါး ၃၂ ခု အနက် ၁၆ခုဖွင့်ချရသည်ဟူသော အကြောင်းအရာမေးမြန်းချက်ကို လှည်းကူးဆည်မြောင်း တာဝန်ရှိသူတစ်ဦးမှ “မဟုတ်ပါ”ဟု ငြင်းဆိုသည်။

နှစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်တဲ့ နိုဝင်ဘာ ၈ ......................လွန်ခဲ့တဲ့ နှစ်နှစ် နိုဝင်ဘာ ၈ ကကျင်းပခဲ့တဲ့အထွေထွေရွေးကောက...
08/11/2022

နှစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်တဲ့ နိုဝင်ဘာ ၈ ......................

လွန်ခဲ့တဲ့ နှစ်နှစ် နိုဝင်ဘာ ၈ ကကျင်းပခဲ့တဲ့
အထွေထွေရွေးကောက်ပွဲဟာ ဒီနေ့မှာ နှစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်က ပြည်သူများဟာလည်း အခြားပြည်သူများနည်းတူ ကိုဗစ်ကပ်ရောဂါကြားမှ မဲထွက်ပေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲမဲရလဒ်များ ထွက်ပေါ်လာတဲ့အခါ နေရာအများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမဲရလဒ်နဲ့ မဲစာရင်းတွေမှားယွင်းမှုတွေကြောင့် အကြောင်းပြပြီး စစ်တပ်က ၂၀၂၁၊ ဖေဖော်ဝါရီ တစ်ရက်မှာ အာဏာသိမ်းယူခဲ့ပါတယ်။

အဲဒိ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊လှည်းကူးမြို့မှာ မဲရုံပေါင်း ၁၃ဝ ရှိခဲ့ပြီး မြို့ပေါ်၅ရပ်ကွက်မှာ ဆန္ဒမဲပေးခွင့်ရှိတဲ့သူ စုစုပေါင်း ၄သောင်းဝန်းကျင်ရှိခဲ့ပါတယ်။

အခုဖော်ပြထားတဲ့ ဓာတ်ပုံများဟာ ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့က လှည်းကူးက ပြည်သူတွေ မဲပေးခဲ့ကြတဲ့ နှစ်ပတ်လည်မြင်ကွင်းများ ဖြစ်ပါတယ်။

ဓာတ်ပုံများ - HLP

#ရွေးကောက်ပွဲ #မဲရလဒ်

တန်ဆောင်မုန်းလပြည့်ည လှည်းကူးမြို့…………….တန်ဆောင်မုန်းလပြည့်ညမှာ တွေ့မြင်ရတဲ့ လှည်းကူးမြို့ပေါ်ရဲ့ မြင်ကွင်းများ ဖြစ်ပါတယ...
07/11/2022

တန်ဆောင်မုန်းလပြည့်ည လှည်းကူးမြို့
…………….

တန်ဆောင်မုန်းလပြည့်ညမှာ တွေ့မြင်ရတဲ့ လှည်းကူးမြို့ပေါ်ရဲ့ မြင်ကွင်းများ ဖြစ်ပါတယ်။

မြို့ကျက်သရေဆောင်၊ ငါးထပ်ကြီးဘုရား ကနေစတင်ပြီး နှစ်စဉ်ရှိတဲ့စျေးတန်းပွဲကိုလည်း ဓာတ်ပုံမှာ တွေ့မြင်ရမှာပါ။

တစ်မြို့လုံးကျင်းပပူဇော်ကြတဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ပွဲကိုတော့ ဒီနှစ်မှာလည်း အကျဉ်းချုံးသာ ပြုလုပ်သွားဖို့ရှိတယ်လို့လည်း ဘုရားဂေါပကအဖွဲ့ထံက သိရပါတယ်။

ဓာတ်ပုံများ - A Chan

လှည်းကူးမှာ ကြံ့ခိုင်ရေးပါတီ ကထိန်လှည့် ...............................ရန်ကုန်၊ လှည်းကူးတွင် ယနေ့မနက်ပိုင်းက ကြံ့ခိုင်ရေ...
07/11/2022

လှည်းကူးမှာ ကြံ့ခိုင်ရေးပါတီ ကထိန်လှည့် ...............................

ရန်ကုန်၊ လှည်းကူးတွင် ယနေ့မနက်ပိုင်းက ကြံ့ခိုင်ရေးပါတီက ပါတီ အလံများ၊ အင်္ကျီများ ဖြင့် မြို့တွင်းသို့ ကထိန်လှည့်ခဲ့ကြသည်ဟု မြို့ခံများက ပေးပို့သည်။

ယနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ထိုကထိန်လှည့်လည်ပွဲသည် ဒရယ်ဘိုကျေးရွာဘက်မှစတင်ကာ မြို့တွင်းသို့ တေးသီချင်းများမြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ကာ လှည်လည်ခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

"ကားအစီး သုံးဆယ်လောက်ရှိတယ်၊ လူတွေလည်းများကြီးပဲ၊ သီချင်းရော Djရော၊သိုင်းရော၊ဆင်အကတွေရော၊ လုပ်နိုင်ကြပါစေပေါ့ဗျာ" ဟု တွေ့မြင်ခဲ့ရသည့် မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

လှည်းကူးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့နယ်လုံးကျွတ် ကထိန်လှည့်ပွဲ၊ တန်ဆောင်တိုင်ဘုရားပင့်ပွဲများကို အကျဉ်းချုံးသာ ကျင်းပပြုလုပ်ကြောင်းလည်း မြို့ခံတချို့က ပြောကြသည်။

ဓာတ်ပုံ - CJ

လှည်းကူး၊ အဝိုင်းကျေးရွာတွင် ပြည်သူ ၄ဦး ဖမ်းဆီးခံရပြီး မိသားစုနှင့် အဆက်သွယ်မရသေး………………………………..ရန်ကုန်၊ လှည်းကူး၊ အဝိုင်...
03/11/2022

လှည်းကူး၊ အဝိုင်းကျေးရွာတွင် ပြည်သူ ၄ဦး ဖမ်းဆီးခံရပြီး မိသားစုနှင့် အဆက်သွယ်မရသေး
………………………………..

ရန်ကုန်၊ လှည်းကူး၊ အဝိုင်းကျေးရွာတွင် အောက်တိုဘာ ၃၁ ညက စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသည့် ဒေသခံ လေးဦးသည် မိသားစုနှင့်အဆက်သွယ်မရသေးကြောင်း ရွာခံအချို့က ပြောသည်။

၄င်းတို့မှာဦးဇော်လွင်၊ ဦးနိုင်ဦး ဦးခိုင်မျိုးမင်းနှင့် ဒေါ်စိုးစိုးရီတို့ဖြစ်ပြီး စစ်ဆေးစရာအကြောင်းရင်းရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၄င်းတို့နှင့်နီးစပ်သူ တစ်ဦးက ဆိုသည်။

"ညဆယ်နာရီလောက် အိမ်ကို ဝိုင်းပြီး ဖမ်းသွားတာ၊ စစ်ကြောရေးမှာလည်းပြောတယ်၊ ဒါးပိန်ရဲစခန်းပြန်ရောက်နေပြီလည်းကြားတယ်၊လိုက်မေးနေရတုန်းပဲ" ဟု မိသားစုဝင်တစ်ဦးကဆိုသည်။

ယခုရက်သတ္တပတ်အတွင်း လှည်းကူးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင််များ၏ ဖမ်းဆီးမေးမြန်းခြင်းခံရသူများရှိနေသည်ဟုလည်း မြို့ခံများကလည်း ပြောပြကြသည်။

သို့သော် ဖမ်းဆီးခံရသူများနှင့် ပက်သက်သည့်အကြောင်းအရာများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ - လှည်းကူးမြို့အတွင်းတွင် တွေ့ရသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (HLP)

#လှည်းကူး #စစ်ကောင်စီ #ဖမ်းဆီးမှု

လှည်းကူးမြို့၊ မေဃဝတီကျောင်းတိုက် ဆရာ​တော်ကြီး၏ အန္တိမဈာပန အခမ်းအနား ...................................လှည်းကူးမြို့၊ မ...
23/10/2022

လှည်းကူးမြို့၊ မေဃဝတီကျောင်းတိုက် ဆရာ​တော်ကြီး၏ အန္တိမဈာပန အခမ်းအနား ...................................

လှည်းကူးမြို့၊ မေဃဝတီကျောင်းတိုက်ကြီး၏ဦးစီးပဓာန နာယက သက်တော်ရှည်ဆရာတော်ဘုရားကြီးဖြစ်တော်မူသော ဘဒ္ဒန္တ ဓမ္မပါလ ၏ အန္တိမဈာပန အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၂ နေ့လည်က ကျင်း​ပပြုလုပ်သည့် မြင်ကွင်းများဖြစ်သည်။

သက်တော်(၁၀၂)နှစ်၊ ဝါတော်(၈၀) ရှိသော ဆရာတော်ကြီးသည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်ခြင်းဖြစ်ကာ အန္တိမဈာပန အခမ်းအနားကို ယနေ့တွင်အေးရိပ်ငြိမ်ဥယျာဥ် သုဿန်၌ ဂူသွင်းပူဇော်ထားရှိမည်ဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံများ - ခင်ဇော်၊ သစ်ဆန်း

#လှည်းကူး #မေဃဝတီဆရာတော်ဘုရားကြီး #ပျံလွန် #အန္တိမဈာပန

လှည်းကူးမှာ ကျောင်းသွားတက်တဲ့ ကလေးတစ်ဦးပျောက်ဆုံးနေ …………………Edit - ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မိသားစုကပြောသည်။ ရန်ကုန်၊...
19/10/2022

လှည်းကူးမှာ ကျောင်းသွားတက်တဲ့ ကလေးတစ်ဦးပျောက်ဆုံးနေ
…………………

Edit - ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မိသားစုကပြောသည်။

ရန်ကုန်၊ လှည်းကူးမြို့သို့ ယနေ့တွင် ကျောင်းသွားတက်သော ကိုးတန်းကျောင်းသားတစ်ဦး လက်ရှိအချိန်အထိအဆက်သွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်နေ ကြသည်။

ပျောက်ဆုံးနေသူမှာ ကြာကန်ကျေးရွာမှ အသက် ၁၆နှစ်အရွယ် မောင်ဟန်လင်းထက်ဆိုသူ ဖြစ်ပြီး အထကလှည်းကူး နဝမတန်း(က) တွင် တက်ရောက်သင်ကြားနေသူဖြစ်သည်ဟု ၄င်း၏ မိခင်က ပြောသည်။

“ဒီနေ့မနက် ၆နာရီထိုးကတည်းက ကျောင်းဝတ်စုံနဲ ့ထွက်သွားတာ၊ ၁နာရီထိုးထိပြန်မလာလို့ ဆရာမဆီဆက်တော့ မနက်တည်းက ကျောင်းမရောက်ဘူး” ဟု ဖြစ်စဉ်ကို မိခင်ကပင် ဆက်ရှင်းပြသည်။

အထက်ပါ အဆက်သွယ်မရသေးဘဲ ပျောက်ဆုံးနေသူအား တွေ့ရှိမိပါက မိခင်ဖြစ်သူ ဒေါ်ဝေဝေထွန်း၊ ဖုန်း 09650700387 သို့ ဆက်သွယ်နိုင်ကြောင်း ပျောက်ဆုံးနေသူ၏ မိခင်က အကူညီတောင်းထားသည်။

ဓာတ်ပုံ - အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူ မောင်ဟန်လင်းထက်

#လှည်းကူး #ပျောက်ဆုံး #အဆက်သွယ်မရသေး

လှည်းကူးက Doodle Artist လေးဦးပါဝင်တဲ့ Doodle Earth ပြပွဲ .............................လူငယ် Doodle Artists စုစုပေါင်း ၂၇...
16/10/2022

လှည်းကူးက Doodle Artist လေးဦးပါဝင်တဲ့ Doodle Earth ပြပွဲ .............................

လူငယ် Doodle Artists စုစုပေါင်း ၂၇ ဦးရဲ့လက်ရာတွေကို ပထမဆုံး စုစည်းပြီး ပြသတဲ့ Doodle Earthပြပွဲမှာ လှည်းကူးက Doodle Artists လေးဦးလည်း ပါဝင်ပါတယ်။

အဲဒိပြပွဲကို Doodle Earth page ကနေ ဦးစီးကျင်းပတာဖြစ်ပြီး ရန်ကုန်မြို့၊ဗိုလ်အောင်ကျော်လမ်း၊ဝန်ကြီးများရုံးရှေ့က The Collector Art Gallery မှာ အောက်တိုဘာ ၁၅ရက်ကနေ ၁၇ ရက်အထိ ၃ရက်ကြာပြသနေတာပါ။

ပြပွဲမှာ Artists ၂၇ဦးရဲ့ Doodle Artနဲ့ပက်သက်တဲ့ အတွေးအမြင်တွေကို ကြည့်ရှူနိုင်မှာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - HLP

လှည်းကူး၊ တပင်ရွှေထီးလမ်းထိပ်မှာ ယာဥ်တိုက်မှုဖြစ်၊ ကိုးဦးဒဏ်ရာရ.........................လှည်းကူးမြို့၊ ရန်ကုန်-မန္တလေးလ...
15/10/2022

လှည်းကူး၊ တပင်ရွှေထီးလမ်းထိပ်မှာ ယာဥ်တိုက်မှုဖြစ်၊ ကိုးဦးဒဏ်ရာရ.........................

လှည်းကူးမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ တပင်ရွှေထီးလမ်းထိပ်မှာ ဒီကနေ့နေ့လည်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကိုးဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဥ်မှာပါဝင်ကူညီပေးခဲ့သူတွေက ပြောပါတယ်။

"ယောက်ကျာ်းလေး သုံးယောက်၊ မိန်းကလေး ခြောက်ယောက် ဒဏ်ရာရတယ်၊သေဆုံးတာမရှိပါဘူး" လို့ ကူညီပေးခဲ့သူတစ်ဦးက HLP ကိုပြောပါတယ်။

အဲဒိ မတော်တဆဖြစ်ပွားမှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေကို လှည်းကူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်းလည်း ပါဝင်ကူညီသူတွေက ဆိုပါတယ်။

ဓာတ်ပုံများ - ဦးစိုးမြင့်

#လှည်းကူး #ယာဉ်တိုက်မှု

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hlegu Luumhu Platform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hlegu Luumhu Platform:

Share