Myanmar Info Digest Media House

Myanmar Info Digest Media House Info Digest Journal ကို digital version ဖြင့် ပြောင်းလဲတင်ဆက်သွားပါမည်။

စာဖတ်ပရိသတ်များသို့ အသိပေးအကြောင်းကြားခြင်း
* Info Digest ဂျာနယ်သည် မြန်မာနိုင်ငံ၌ ပြောင်းလဲနေသော အခြေအနေများနှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိသဖြင့် နိုင်ငံသားတိုင်း သိသင့်သိထိုက်သော သတင်းအချက်အလက် အနှစ်ချုပ်ဂျာနယ်အဖြစ် စီစဉ်တည်းဖြတ်ထုတ်ဝေထားသော ဂျာနယ်ဖြစ်ပါသည်။
* ကမ္ဘာနှင့်အဝှမ်း ပုံနှိပ်မီဒီယာများ၏ ရေရှည်ရပ်တည်ရေးမှာ အကြပ်အတည်း ဖြစ်နေရချိန်တွင် ကိုဗစ်-၁၉ ပြဿနာပေါ်ထွက်လာသည့်အခါ အသွား

အလာ ပိတ်ပင်ကန့်သတ်မှုများ ရှိလာသည့်အတွက် ပုံနှိပ်ဂျာနယ်အား ဖြန့်ချိရေးတွင် လွန်စွာခက်ခဲခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ် ဧပြီလထုတ် Info Digestဂျာနယ် အမှတ် ၆၁ ထုတ်ဝေဖြန့်ချိအပြီးတွင် ပုံနှိပ်မှုကို ရပ်နားခဲ့ပါသည်။
* ယခုအခါ လုပ်ငန်းအချို့ ပြန်လည်လည်ပတ်လာနိုင်ပြီဖြစ်သော်လည်း အခြားသောအတားအဆီးများ ရှိနေသေးသည့်အတွက် Info Digestဂျာနယ် အမှတ် ၆၂ ကို ဇွန်လ ၁၅ ရက်တွင် ဒစ်ဂျစ်တယ်မူအဖြစ် ထုတ်ဝေလိုက်ပါသည်။ ယခုကဲ့သို့ပင် ဒစ်ဂျစ်တယ်မူ အမှတ် ၆၃ ကို သြဂုတ်လ ၁ ရက်နေ့တွင် ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ပြီး ပြောင်းလဲလာသော အခြေအနေအရ ပုံနှိပ်မူကို ဆက်လက်ထုတ်ဝေ ခြင်းပြုတော့မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
* ပုံနှိပ်မူကို ဝယ်ယူအားပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။ ဒစ်ဂျစ်တယ်မူကို မှာယူထားသူများထံ ဆက်လက်ပေးပို့သွားမည်ဖြစ်ပါသည်။

ပြန်လည်လွတ်မြောက်လာသူများ၏ ယနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့
19/10/2021

ပြန်လည်လွတ်မြောက်လာသူများ၏ ယနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့

Myanmar Info Digest Journal ၏စီးပွါးရေးကဏ္ဍ  ပင်တိုင်ဆောင်းပါးရှင် ဆရာကိုကိုထွေး(တော်ဝင်)သည် ၂၀၂၁ ဩဂုတ် ၂၃ ရက် ည ၉:၂၅ နာ...
24/08/2021

Myanmar Info Digest Journal ၏စီးပွါးရေးကဏ္ဍ ပင်တိုင်ဆောင်းပါးရှင် ဆရာကိုကိုထွေး(တော်ဝင်)သည် ၂၀၂၁ ဩဂုတ် ၂၃ ရက် ည ၉:၂၅ နာရီတွင် ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားသည့်အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။
ဆရာကိုကိုထွေး(တော်ဝင်)ကောင်းရာသုဂတိသို့လားပါစေကြောင်း Myanmar Info Digest Media House မိသားစုများက ဆုတောင်းမေတ္တာပို့သပါသည်။

တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အောက်ဆီဂျင်----------------------------------လှူဒါန်း------    အောက်ဆီဂျင်လိုအပ်သူ ပြည...
12/08/2021

တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အောက်ဆီဂျင်
----------------------------------
လှူဒါန်း
------
အောက်ဆီဂျင်လိုအပ်သူ ပြည်သူအများနှင့် ပရဟိတအဖွဲ့များအတွက် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အောက်ဆီဂျင်စက်ရုံက ၁၂.၈.၂၀၂၁ ရက်နေ့မှစတင်၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီ အချိန်အထိ (တနင်္ဂနွေနေ့မှအပ) အောက်ဆီဂျင်ရည်များ အခမဲ့လှူဒါန်းပေးကြောင်း တော်ဝင်ဖွံဖြိုးရေးဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာထားသည်။
အောက်ဆီဂျင်လိုအပ်သူများအနေဖြင့် တစ်ဦးလျင်အများဆုံး အောက်ဆီဂျင်အိုးနှစ်လုံး ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ၂၀ လီတာ၊ ၁၅ လီတာ၊ ၁၀ လီတာအိုးများဖြင့် လာရောက်ဖြည့်တင်း ယူဆောင်နိုင်ကြောင်း၊ စနစ်တကျ တန်းစီတုံကင်ယူပြီး ဖြည့်တင်းကြရန်၊ ကျန်းမာရေးနှင့်အညီ Mask တပ်ဆင်လာကြရန်၊ ပရဟိတအသင်းများအနေဖြင့် အောက်ဆီဂျင်ဖြည့်တင်းနိုင်ရန်အတွက် ဖုန်းနံပါတ် ၀၉ ၇၇၁၀ ၉၇၇၉၇ နှင့် ၀၉ ၇၇၇၁ ၉၉၉၁၇ တို့ကို စုံစမ်းမေးမြန်းနိုင်ကြောင်း၊ အမှတ် ၆/၈ စကားဝါလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ (Taw Win Center အနီး) တွင် ဖြည့်သွင်းရယူနိုင်ကြောင်း ကြေညာထားပါသည်။

Myanmar Info Digest Journal ပေါ်ပေါက်လာရန် စတင်သန္ဓေယူအစပျိုးခဲ့သည့် ပဲ့တင်သံဂျာနယ်(၂၀၁၃ ခုနှစ်-၂၀၁၅ ခုနှစ်)ကာလအတွင်း မြ...
07/08/2021

Myanmar Info Digest Journal ပေါ်ပေါက်လာရန် စတင်သန္ဓေယူအစပျိုးခဲ့သည့် ပဲ့တင်သံဂျာနယ်(၂၀၁၃ ခုနှစ်-၂၀၁၅ ခုနှစ်)ကာလအတွင်း မြန်မာ့နိုင်ငံရေး၊
ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို နက္ခတ္တဗေဒပညာရပ်များဖြင့် သုံးသပ်တင်ပြပေးခဲ့သောပင်တိုင်ဆောင်းပါးရှင်ဆရာဝဏ္ဏ(ဝေဒ) ၊လူပုဂ္ဂိုလ်အမည် ဆရာဦးဝင်းဦး(မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)သည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၇ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ရှိသွားပါသဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်းနှင့် ဆရာကောင်းမွန်ရာဘုံဘဝသို့
ရောက်ရှိပါစေကြောင်း Myanmar Info Digest Media House မိသားစုများက ဆုတောင်းပေးလိုက်ပါသည်။

Myanmar Info Digest Journalတွင် မြန်မာ့အရေး၊ ကမ္ဘာ့အရေးစသည့် အကြောင်းအရာများကို လစဥ်ပင်တိုင်စာရေးဆရာအဖြစ် တာဝန်ယူဆောင်ရွ...
27/07/2021

Myanmar Info Digest Journalတွင် မြန်မာ့အရေး၊
ကမ္ဘာ့အရေးစသည့် အကြောင်းအရာများကို လစဥ်ပင်တိုင်စာရေးဆရာအဖြစ် တာဝန်ယူဆောင်ရွက်နေသောဆရာဦးစိုးမြင့်(ဆောင်းပါးရှင် ဆရာလူသာလင်း)သည် ယနေ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၇ရက်နေ့တွင် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပြီး ကောင်းမြတ်ရာအရပ်သို့ ရောက်ရှိပါစေကြောင်း Myanmar Info Digest Media House မိသားစုများက ဆုတောင်းပေးပါသည်။

25/07/2021

Myanmar Info Digest Journal အယ်ဒီတာ
ခန့်ညားမောင်မောင်၏ဖခင် ကွယ်လွန်သွားခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြရပြီး ကောင်းရာသုဂတိလားပါစေကြောင်း Myanmar Info Digest Media House မိသားစုများက ဆုတောင်းမေတ္တာပို့သပါသည်။

၂၀၂၁ ခုနှစ်၊ မတ်လ၊ ၉ ရက်နေ့၊ နံနက်ပိုင်းက တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို လက်မခံသည့်...
09/03/2021

၂၀၂၁ ခုနှစ်၊ မတ်လ၊ ၉ ရက်နေ့၊ နံနက်ပိုင်းက တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို လက်မခံသည့်လူငယ်များက အာဏာသိမ်းမှုကို ဆန့်ကျင်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၇ ရက်၊ မတ်လ၊ ၂၀၂၁ ခုနှစ်တွင် တာမွေ ကျောက်မြောင်း မှလူငယ်များက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်​ကြောင်း ဆန္ဒဖော်ထု...
07/03/2021

၇ ရက်၊ မတ်လ၊ ၂၀၂၁ ခုနှစ်တွင် တာမွေ ကျောက်မြောင်း မှလူငယ်များက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၂ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့စာရေးဆရာများ၊ စာပေထုတ်ဝေသူများ၊ စ...
22/02/2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၂ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့စာရေးဆရာများ၊ စာပေထုတ်ဝေသူများ၊ စာပေချစ်သူများ၊ ပန်းချီ ပန်းပုအနုပညာရှင်များ၊ ကာတွန်းဆရာများ နှင့် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောပြည်သူအများက ရဲတပ်သားများပိတ်ဆို့​ထား​...
22/02/2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောပြည်သူအများက ရဲတပ်သားများပိတ်ဆို့​ထား​ေသာ UNDP ရုံးအနီးတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့်အနေဖြင့် ထိုင်သပိတ်ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ ရက်နေ့တွွင်  စစ်အစိုးရ၏ အာဏာသိမ်းမှုကို လက်မခံသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊  ဌာနဆိုင...
20/02/2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ ရက်နေ့တွွင် စစ်အစိုးရ၏ အာဏာသိမ်းမှုကို လက်မခံသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူအများက UNDP ရုံးရှေ့တွင် စစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံတွင် စစ်အာဏာသိမ်းမှုကို မလိုလားသောလ...
17/02/2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံတွင် စစ်အာဏာသိမ်းမှုကို မလိုလားသောလူထုက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Address

Third Floor, Taw Win Center, Pyay Road
Yangon
11191

Opening Hours

Monday 10:00 - 16:30
Tuesday 10:00 - 16:30
Wednesday 10:00 - 17:00
Thursday 10:00 - 16:30
Friday 10:00 - 16:30

Telephone

+ 95 9 975556048

Alerts

Be the first to know and let us send you an email when Myanmar Info Digest Media House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Info Digest Media House:

Share