KPA-Funny

KPA-Funny ပျော်ရွှင်ချမ်းမြှေ့ကြပါစေ

၂၀၂၄ ဟာ၂+၀+၂+၄ = ၈ပေါင်းခြင်း ..၈ ရပါတယ်အဲဒီတော့၂၀၂၄ ကို မိမိရောက်ဆဲ အသက် ထည့်ပေါင်းပြီး၉ နဲ့ မြှောက်ပါ။အဲဒီရလဒ်ကို အထက်...
26/10/2024

၂၀၂၄ ဟာ
၂+၀+၂+၄ = ၈

ပေါင်းခြင်း ..၈ ရပါတယ်

အဲဒီတော့
၂၀၂၄ ကို မိမိရောက်ဆဲ အသက် ထည့်ပေါင်းပြီး
၉ နဲ့ မြှောက်ပါ။
အဲဒီရလဒ်ကို အထက်က ပေါင်းသလိုပဲ
တလုံးခြင်းစီ ပေါင်းလိုက်ရင် လူတစ်ယောက်ချင်းစီရဲ့
ကံကြမ္မာကို ရပါလိမ့်မယ်

အဖြေတွေကို အောက် မှာဖတ်ပါ။

( ၁ )ကြွင်း သမား
မီးပျက်တာနဲ့ သေချာပေါက် ကြုံရမှာပါ။

( ၂ )ကြွင်းသမား
မီးခဏခဏ လာတာနဲ့ ကြုံရတတ်ပါတယ်

( ၃ )ကြွင်းသမား
အချိန်ဇယားနဲ့ မီးပေးတာမျိုး
ကြုံတတ်ပါတယ်။

( ၄ )ကြွင်းသမား
အထက်ကလူတွေလို အဆိုးကြုံရဖို့မရှိပါဘူး
ကံအလွန်ကောင်းပါတယ်
လင်မယားအိပ်ချိန်မှာ
မီးတစ်ညလုံး လင်းတာနဲ့ ကြုံရပါမယ်။

( ၅ )ကြွင်းသမား
ဒီနှစ်က ၅ဂဏန်းသမားတွေ နှစ်ပါ
ဖယောင်းတိုင် ဂဒီးဂဒီးသွားဝယ်ရလို့
ဖယောင်းတိုင်ရောင်းတဲ့ စတိုးဆိုင်ပိုင်ရှင်နဲ့ အကြောင်းပါတတ် ပါတယ်။

( ၆ )ကြွင်းသမား
အထူးသတိထားရမယ့်နှစ်ပါ
မီးပျက်နေတုန်း ဖုန်းအားမသွင်းပါနဲ့
ဖုန်းအားဝင်မှာ မဟုတ်ပါဘူး

( ၀ ) ကြွင်းတဲ့သူတွေအတွက်ကတော့ မီးလာတဲ့ အခါ
ဟေး လို့ကို အော်ပြီး ပျော်ရမယ့် နှစ်ပါ။

မှန်တာဟော၍
ဟောတာ မှန်ရမည်။
ရမ်းဖျီးဗေဒပြင်ညာရှင်ကြီး

😜 Credit to original writer.

တရုတ်အခေါ်က  "ဗမာနံနံ" ဗမာက လည်း "တရုတ်နံနံ"လိုပဲပြန်ခေါ်ပအိုဝ်းအခေါ်က  "ကုလားနံနံ"ကုလား အခေါ်က  "ရှမ်းနံနံ" နောက်ဆုံး ရ...
14/08/2024

တရုတ်အခေါ်က "ဗမာနံနံ"
ဗမာက လည်း "တရုတ်နံနံ"လိုပဲပြန်ခေါ်
ပအိုဝ်းအခေါ်က "ကုလားနံနံ"
ကုလား အခေါ်က "ရှမ်းနံနံ"

နောက်ဆုံး ရှမ်းက ဝန်မခံတော့ …
"ဖတ်ကီးမိန်းကောက်" အဓိပ္ပာယ်က
"ဘန်ကောက်နံနံ" ပေါ့။

ဘန်ကောက်ရောက်သွားတော့ ဟိုကလူတွေ
မေးကြည့်လိုက်တယ် "ဖတ်ကီးဖရန်င်"
အဓိပ္ပာယ် က "အင်္ဂလိပ်နံနံ" တဲ့။

ဟွန်းးးဘယ်သူမှလည်း ပိုင်ရှင်မဖြစ်ချင်ကြဘူး

သင်တို့ဘက်ကရော ဘယ်လိုခေါ်ကြတာလဲ 🥴😃😁😂

02/12/2023

🎅🏻 သားလေးတို့ သမီးလေးတို့ရေ …

✨ ဟိုးရှေးရှေးတုန်းက ကောင်းကင်လောကကြီးတခွင်မှာ အလွန်ကိုသိပ်ချစ်ကြတဲ ချစ်သူငယ်ချင်း နတ်မင်းကြီးနှစ်ပါးရှိသတဲ့ကွယ် …

✨ သူတို့နှစ်ပါးဟာ လာခြင်း မတူညီတဲ့ အရပ်ဒေသကနေ ကောင်းကင်နတ်မင်း အရှင်သခင် ရဲ့ အပါးမှာ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နေကြရတဲ့ နတ်မင်းကြီးတွေပေါ့ကွယ် …

✨ သူတို့နှစ်ပါးကို လောကကြီးရဲ့ မတူညီတဲ့ တာဝန်ကြီး နှစ်ခုကို အဓိကထား ပေးအပ်ထားတယ်လေ …

✨ ကောင်းသောအရပ်ကလာတဲ့ နတ်မင်းကြီးကိုတော့ လောကတခွင် ကောင်းသောအရာတွေကိုသာ ဖန်ဆင်း ဖန်တီးစေပြီး မကောင်းသောအရပ်ကလာခဲ့တဲ့ နတ်မင်းကြီးကိုတော့ လောကတခွင် မကောင်းသောအရာများကို ဖန်ဆင်း ဖန်တီးစေတယ်ကွဲ့ …

✨ မတူညီတဲ့တာဝန်ကြီးနှစ်ခုကို ထမ်းဆောင်နေကြရပေမဲ့ သူတိုနှစ်ဦးကတော့ အလွန်ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်နေကြတယ် …

✨ အလုပ်တာဝန်တွေကို ကောင်းကင်သခင်ကြီးဆီမှာတူတူထမ်းဆောင်ရင်း အိမ်ထောင်ဖက်တွေရလာကြတယ် …

✨ ကောင်းတဲ့နတ်မင်း​ကြီးက သားလေးတယောက် မွေးဖွားလာပြီး မကောင်းတဲ့နတ်မင်းကြီးက သမီးလေးတယောက် မွေးဖွားခဲ့တယ် …

✨ အဲ့ဒီမှာ သူငယ်ချင်းနှစ်ဦးက …
အကယ်၍ သားသမီးတွေရလာလို့ အရွယ်ရောက်လာကြရင် ပေးစားကြဖို့ သဘောတူထားကြတယ် …

✨ နတ်မင်းကြီးနှစ်ပါးက မတူညီတဲ့တာဝန်ကြီးနှစ်ခုကိုထမ်းဆောင်နေကြရပေမဲ့ သူတို့နှစ်ပါးကတော့ သိပ်ချစ် သိပ်ခင်ကြတာကိုး …

✨ ဒီလိုနဲ့ သားနဲ့သမီး အရွယ်ရောက်လာကြတော့ လက်ထပ်ထိမ်းမြားပေးလိုက်ကြရောဆိုပါတော့ကွယ် …

✨ အဲ့ဒီ လက်ထပ်ပွဲလေးမှာ ထူးထူးခြားခြား မကောင်းတဲ့နတ်မင်းကြီးက Black box သေတ္တာအနက်ရောင်လေးတခု လက်ဖွဲ့ခဲ့တယ်တဲ့ …

✨ အဲ့ဒီ သေတ္တာလေးကို ကောင်းတဲ့နတ်မင်းကြီးရဲ့သားက သူ့မိန်းမဖြစ်တဲ့ မကောင်းတဲ့နတ်မင်းကြီးရဲ့သမီးကို
" မိန်းမ - မင်း အဲ့ဒီ သေတ္တာလေးကို ဘယ်သောအခါမှ မဖွင့်ကြည့်ရဘူးနော် "လို့ မှာထားခဲ့တယ်တဲ့ …

✨ နတ်သဘင်အစည်းအဝေးတွေသွားလို့ သူ့မိန်းမဖြစ်တဲ့သူ သေတ္တာလေး ဖွင့်ကြည့်မိမှာကို အတော်လေး စိုးရိမ်နေမိတယ်
သေတ္တာအနက်ရောင်လေးထဲမှာ ဘာတွေရှိမယ်ဆိုတာ ကောင်းတဲ့နတ်မင်းကြီးရဲ့သားက ကြိုသိရိပ်စားနေမိတာကိုး …

✨ ဒါပေမဲ့ မိန်းမတို့သဘာဝအတိုင်း ငါ့အဖေက ဘာတွေများ သေတ္တာလေးထဲမှာ လက်ဖွဲ့ခဲ့ပါလိမ့်လို့ အရမ်းပဲ သိချင်နေမိတယ် …

✨ တနေ့ ယောကျာ်းဖြစ်သူ အပြင် သွားတဲ့အချိန်မှာ သေတ္တာလေးကို သိချင်ဇောနဲ့ ဖွင့်ကြည့်လိုက်မိတယ် …

✨ ဖွင့်လိုက်တာနဲ့ တပြိုင်နက်ထဲ သေတ္တာအနက်ရောင်လေးထဲက လောကဟင်းလင်းပြင်ကြီးထဲကို မကောင်းမှူ့တွေ နာကြည်းချက်တွေ မုန်းတီးခြင်းတွေ ရက်စက်ကြမ်းကြုတ်ခြင်းတွေ မနာလိုခြင်း သဝန်တိုခြင်း မကောင်းတဲ့အရာတွေ ခုန်ပေါက်ထွက်ကျလာကြတယ်လေ …

✨ နတ်သဘင်အစည်းအဝေးက ယောကျာ်းဖြစ်သူ ပြန်ရောက်လာတော့ သေတ္တာလေး ဖွင့်ကြည့်တာတွေ့ပြီး သူ့မိန်းမကို …
💥 သေတ္တာလေးကို အမြန်ပြန်ပိတ် 💥 ဆိုပြီး
သူကိုယ်တိုင်လည်း သေတ္တာလေးကို ပြေးပိတ်လိုက်တယ်တဲ့ …

✨ တော်ပါသေးရဲ့ အဲ့ဒီသေတ္တာလေးထဲက လောကကြီးအတွက် မရှိမဖြစ် အလိုအပ်ဆုံးအရာလေးတခုပဲ ထွက်ကျပျောက်ဆုံးမသွားလို့တဲ့လေ … ???

✨ ကဲ --- အဲ့ဒါလေးက ဘာလေးဖြစ်မယ် ထင်ကြသလဲ ? ✨

???



































✨ အဲ့ဒီအရာလေးကတော့ … "မျှော်လင့်ချက်" တဲ့ ✨

ဟုတ်တယ် သားတို့ သမီးတို့ 🕯
လောကမှာရှိတဲ့ သူတွေဟာ မျော်လင့်ချက်လေးရှိနေကြလို့ ရုန်းကန်နေကြတယ် လှုပ်ရှားနေကြတယ် အသက်ဆက်ရှင်နေကြတယ် လူမပြောနဲ့ အဟိတ်တိရိစ္ဆာန်တောင်မှ မျှော်လင့်ချက် ရှိကြတယ် အစားစားရဖို့ နေရဖို့ …

🌟 ရောဂါရှိတဲ့သူတွေက ရောဂါပျောက်ချင်တဲ့ မျှော်လင့်ချက်
🌟 ဥစ္စာဓနမရှိတဲ့သူက ငွေကြေးဥစ္စာရှိချင်တဲ့ မျှော်လင့်ချက်
🌟 ပညာသင်သူက ပညာတတ်ကြီးဖြစ်ချင်တဲ့ မျှော်လင့်ချက်
🌟 မေတ္တာငတ်နေသူက မေတ္တာလိုချင်တဲ့ မ​ျှော်လင့်ချက် စသဖြင့်ပေါ့ကွယ် …

✨ လိုလားမှု့တွေ မရောင့်ရဲနိုင်တဲ့ သဘောတရားတွေပေါ့ …

✨ ဒီပုံပြင်လေးက ခရစ်ဝင်တို့ရဲ့ ပုံပြင်လေးပါလေ

✨ ဒါကြောင့်မို့ တချို့အနောက်နိုင်ငံတွေမှာ ချစ်သူ ရည်းစား လင်မယားစုံတွဲတွေဟာ Valentine day တွေမှာ ချော့ကလက်တွေ နှင်းဆီပန်းတွေ အစား လေးလေးနက်နက် ချစ်မြတ်နိုးတာကိုပြသဖို့ သေတ္တာအနက်ကလေးကို ပေးတတ်ကြတယ် …
💖 ငါ့ရဲ့မျှော်လင့်ချက်တွေ မင်းဆီမှာ မင်းကိုပဲပေးထားမယ် မင်းငါနဲ့မျှော်လင့်ချက်ကို ပိုင်ဆိုင်တဲ့ သူပါ ဆိုပြီးတော့ 💖
🎅🏻 ပုံပြောတဲ့ ဘဘ ကျော်စိုးနိုင် 🕊
(မှတ်ချက်။ ။ကူးယူဖော်ပြခြင်းမပြုပါ)

02/09/2023
.              " ဖောက်ပြန်လေသောအခါ "     #################################ဟဲ့ကောင်မလာစမ်း နင်ဘယ်သူနဲ့ဘာဖြစ်ထားလဲ ပြောစမ်...
21/02/2023

. " ဖောက်ပြန်လေသောအခါ "
#################################

ဟဲ့ကောင်မလာစမ်း နင်ဘယ်သူနဲ့ဘာဖြစ်ထားလဲ
ပြောစမ်း ငါ့ကိုလိမ်မယ်တော့မကြံနဲ့

ဘာဖြစ်ရပြန်တာလဲအမေရယ် စိတ်လဲညစ်ပါတယ်

ညစ်စရာလုပ်ထားရင်ညစ်ရမှာပဲ
ငါ့နားနဲ့ဆတ်ဆတ်ကြားထားတာ နင့်အပေါက်ကထွက်တာလေ
မိဘမျက်နှာအိုးမဲသုတ်ဖို့လုပ်နေပြီလား မရွှေမိ
ယောင်းမမြင်းစီးထွက်တယ်ပေါ့လေ
တော်လှတော်လှနဲ့

ဘာတုန်းအမေရယ် လူကြားလို့မကောင်းဘူး
အလုပ်ကပြန်လာတာမောရတဲ့ကြားထဲ
အမေတို့ကတမှောင့်

အခုကကြားမကောင်းတာပဲရှိမယ်
နောက်ဆိုမြင်မကောင်းဖြစ်လာတော့မှာ
နင့်ဗိုက်က သည်တိုင်းနေမှာမဟုတ်ဘူး

ရော် ခက်ပြီ အမေ
ကျွန်မဘာလုပ်လို့လဲ အမေနဲ့တော့ခက်ပြီ
တိုးတိုးလုပ်ပါအမေရဲ့

နင်က မုန်လာဥချင်နေတော့လည်း ငါကပဲ
ဘညွန့်လုပ်ရုံပေါ့ ညည်းမနေ့ညက ဖုန်းပြောနေတာ
ငါ့နားနဲ့ကြားတယ်
" ရာသီတွေကမမှန်တော့ဘူး သူငယ်ချင်းရယ် " ဆိုပြီး ကြည်ကြည်အေးနဲ့ရင်ဖွင့်နေတာလေ
ပြောစမ်း ပါဦး ဘယ်အကောင်နဲ့တုန်းလို့

ဟာ!!! အမေ့ကြောင့်ခက်ပြီ
မနေ့က မိုးတွေ ရွာလို့
နွေဦးကြီး ရွာလို့ ရာသီတွေကမမှန်ဘူးလို့ပြောတာ အမေရဲ့
ဘာသာတွေစွတ်ပြန်နေပြန်တော့တာပဲ အမေတို့များ

သိနိုင်ဘုလေ
နင့်ပုံစံကလည်း ယုံချင်စရာ
ကိုးချင်းကိုးချင်း တလွှားလွှား နဲ့ဆိုမှတော့ ငါပြောတာလွန်သလားအေ့

ဪ !!!ခက်ပါပေ့
ဘယ်တစ်ချက်ကမှ မလွတ်ပါ့လားအမေရယ်
နောက်ဆို ဖုန်းပြောရင်ခိုးနားမထောင်နဲ့ မိဘလည်း
နားမလည်ဘူး တရားစွဲပစ်မှာ

လာလာချည်သေး

#######################################xx
𝑪𝒓𝒆𝒅𝒊𝒕 𝒕𝒐 𝒐𝒓𝒊𝒈𝒊𝒏𝒂𝒍 𝒘𝒓𝒊𝒕𝒆𝒓
𝑪𝒐𝒑𝒚 𝒇𝒓𝒐𝒎 Ko Pyay Gyi

02/06/2022

🍎 🍎 🍎 🙏🙏🙏🙏🙏 🍎 🍎 🍎
🙏🙏🙏 မြတ်စွာဘုရားကိုယ်တိုင်🙏🙏🙏
🙏🙏🙏 ဖွဲ့သီကုံးသော ဘုရားရှိခိုး🙏🙏🙏



၁။ အနုစ္စာ ဝစသီလဿ၊ နိပကဿ စ ဈာယိ​နော၊

စိတ္တံ ယဿ ဝသီဘူတံ၊ ဧကဂ္ဂံ သုသမာဟိတံ။

၂။ တံ ​ဝေ တ​မောနုဒံဓီရံ၊ ​တေဝိဇ္ဇံ မစ္စုဟာယိနံ၊

ဟိတံ​ဒေဝမနုဿာနံ၊ အာဟု သဗ္ဗ ပဟာယိနံ။

၃။ တီဟိ ဝိဇ္ဇာဟိ သမ္ပန္နံ၊ အသံ မဠှ ဝိဟာရိနံ၊

ဗုဒ္ဓံ အန္တိမ​ဒေဟိနံ၊ တံ နမဿာမိ ​ဂေါတမံ။

အနက် –

၁။ အနုစ္စာဝစသီလဿ – အထူသဖြင့် အလွန်စင်ကြယ်​သော သီလရှိ​တော်မူထ​သော၊ နိပကဿ – ထက်မြတ်ကြီးမြင့် ရင့်​သောဉာဏ်ပညာ ရှိ​တော်မူထ​သော၊ ဈာယိ​နော – ဈာန်မြတ်နှစ်ပါး ဝင်စား​မွေ့​လျော် ​နေထိုင်​တော်မူ​လေ့ရှိထ​သော၊ ယဿ – အကြင် မြတ်စွာဘုရားသခင်၏၊ စိတ္တံ – စိတ်​တော်သည်၊ ဝသီဘူတံ – ဈာန်အရာ၌ လွန်စွာ ​လေ့​လာ​တော်မူသည် ဖြစ်၍၊ ဧကဂ္ဂံ – တစ်ခုတည်း​သော ​ကောင်းမြတ်​သောအာရုံ၌ တည်​နေ​တော်မူ၏၊ သုသမာဟိတံ – အလွန်လျှင် တည်ကြည်ငြိမ်သက်​တော်မူ​ပေ၏။

၂။ တံ – ထိုရှင်​တော်မြတ်ဘုရားကို၊ ​ဝေ – စင်စစ်၊ တ​မောနုဒံ – အဝိဇ္ဇာတိုက် အမိုက်​မှောင်ကြီးကို ဖျက်ဆီး နုတ်ပယ်​တော်မူပြီး ဟူ၍၎င်း၊ ဓီရံ – မနှိုင်းယှဥ်အပ် ကြီးမြတ်​သော ပညာရှိ​တော်မူ၏ ဟူ၍၎င်း၊ ​တေဝိဇ္ဇံ – ဝိဇ္ဇာသုံးငါးနှင့် ပြည့်စုံ​သောပုဂ္ဂိုလ်ဟူ၍၎င်း၊ မစ္စုဟာယိနံ – ​သေခြင်းတရားဟူ​သော မစ္စုမာရ်ကို ပယ်လှန်ခုတ်ထွင် သုတ်သင်ပယ်ရှား​တော် မူပြီးဟူ၍၎င်း၊ ​ဒေဝမနုဿာနံ – နတ်လူတို့၏ ၊ ဟိတံ – အစီးအပွားကို ​ဆောင်​တော်မူ​သော ပုဂ္ဂိုလ်ဟူ၍၎င်း၊ သဗ္ဗပဟာယိနံ – အလုံးစုံ​သော ဝဋ်ဒုက္ခကို ပယ်ရှား​တော် မူပြီးဟူ၍၎င်း၊ ပဏ္ဍိတာ – ပညာရှိတို့သည်၊ အာဟု – မိန့်ဆို​တော် မူကြ​လေပြီ။

၃။ တီဟိ ဝဇ္ဇာဟိ – ဝိဇ္ဇာသုံးပါးနှင့်၊ သမ္ပန္နံ – ပြည့်စုံ​တော်မူထ​သော၊ အသံမုဠှဝိဟာရိနံ – မ​တွေမ​ဝေ ​နေထိုင်​တော်မူ​လေ့ရှိ​သော၊ အန္တိမ​ဒေဟိနံ – အဆုံးစွန်​သော ကိုယ်​တော်ကို ​ဆောင်​တော်မူထ​သော၊ ​ဂေါတမံ – ​ဂေါတမ အမည်​တော်ရှိ​သော၊ တံ.ဗုဒ္ဓံ – ထိုမြတ်စွာဘုရားကို၊ အဟံ – အကျွန်ုပ်သည်၊ နမဿာမိ – ရို​သေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။

အညွှန်း –

တိကနိပါတ် အင်္ဂုတ္ထိုရ် ပါဠိ​တော် (အံ.၁၊ ၁၆၅)
🙏🙏🙏.......သာဓု သာဓု သာဓု.......🙏🙏🙏
🙏🙏🙏 လိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏
💥 💥 💥 🙏🙏🙏🙏🙏 💥 💥 💥
💖💖💖💖💖💖💖💖💖💖💖💖💖💖💖
✨ ကျော်စိုးနိုင် ✨
" ငါသည် မြတ်သောအကျင့်ကိုကျင့်၍
အမှန်တရားဖက်၌အမြဲနေ၏။ "
🌻🌿🍁🌻🌿🍁🌻🌿🍁🌻🌿🍁🌻🌿🍁

01/06/2022

🎗 🎗 🎗 🙏🙏🙏🙏🙏 🎗 🎗 🎗
🙏🙏🙏 န အက္ခရာ ဘုရားရှိခိုး 🙏🙏🙏



နော နာနိ​နော နနု နာနိ။

န ​နေ နာနိ နနာနိ​နော။

န နုန္နာ​နေ နာနိ နုန။

နာနနံ နာန ​နေန ​နော။

အနက် –

​နော – ငါတို့၏၊ အနာနိ​နော – မြတ်စွာဘုရားအား – နုနာနိ – ပြည့်​သော အကုသိုလ်တို့သည်၊ န – မရှိကြကုန်။

နနာနိ​နော – နတ်မင်းအား၊ ​နောနိ – အကုသိုလ်တို့သည်၊ န – မရှိကုန်သည်ကား၊ န – မဟုတ်ကုန် (ဝါ) နန – ရှိကုန်သည်တည်း။

အနာနိ​နော – (လိုက်ပါ) မြတ်စွာဘုရားအား၊ နုန – စင်စစ်၊ နန္နာနိ – ပြည့်ကုန်​သော၊ ဧနာနိ – အကုသိုလ်တို့သည်၊ န – မရှိကုန်။

​နော – ငါတို့၏၊ အာနဧနန – ဘုရား​ရွှေမျက်နှာ​တော်နှင့်၊ နာနနံ – တူ​သောမျက်နှာမည်သည်၊ န – မရှိ။

အညွှန်း –

ဆီးပန်းနီဆရာ​တော်၏ ကဝိမဏ္ဍ​မေဒနီကျမ်း ပဌမတွဲ၊ နှာ (၅၀)လာ ဂါထာဖြစ်သည်။ ကဝိ – ပညာရှင်၊ မဏ္ဍန – အဆင်တန်ဆာ၊ ​မေဒနီ – အဆီအနှစ်၊ အ​ကောင်းဆုံး။
🙏🙏🙏.......သာဓု သာဓု သာဓု.......🙏🙏🙏
🙏🙏🙏 လိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏
💥 💥 💥 🙏🙏🙏🙏🙏 💥 💥 💥
💖💖💖💖💖💖💖💖💖💖💖💖💖💖💖
✨ ကျော်စိုးနိုင် ✨
" ငါသည် မြတ်သောအကျင့်ကိုကျင့်၍
အမှန်တရားဖက်၌အမြဲနေ၏။ "
🌻🌿🍁🌻🌿🍁🌻🌿🍁🌻🌿🍁🌻🌿🍁

31/05/2022

💛 💛 💛 🙏🙏🙏🙏🙏 💛 💛 💛
🙏🙏🙏နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုး🙏🙏🙏



တဏှင်္ကရာဒ​ယော ဗု​ဒ္ဓေါ၊

အဋ္ဌဝီသတိ နာယကာ။

သ​ဗ္ဗေ ပတိဋ္ဌိတာ မယှံ၊

မတ္ထ​ကေ ​တေ မုနိဿရာ။

အနက် –

မုနိဿရာ – ရ​သေ့ ရဟန်းအ​ပေါင်းတို့ကို အစိုးရ​တော်မူကုန်ထ​သော၊ နယကာ – လူ နတ် ဗြဟ္မာ သတ္တဝါအ​ပေါင်းတို့၏ ခရီးလမ်းညွှန်သဖွယ်လည်း ဖြစ်​တော်မူကုန်ထ​သော၊ အဋ္ဌဝီသတိ – နှစ်ကျိပ်ရှစ်ဆူကုန်​သော၊ တဏှင်္ကရာဒ​ယော – တဏှင်္ကရာဘုရား အစရှိကုန်​သော၊ ​ယေဗုဒ္ဓါ – အကြင်မြတ်စွာဘုရားတို့သည်၊ သန္တိ – ရှိ​တော်မူကုန်၏။ သ​ဗ္ဗေ – ခပ်သိမ်း​သော၊ ​တေ ဗုဒ္ဓါ – ထိုမြတ်စွာဘုရားတို့သည်၊ မယှံ – အကျွန်ုပ်၏၊ မတ္ထ​ကေ – ဦး​ခေါင်းထက်၌၊ ပတိဋ္ဌိတာ – တည်​တော်မူကုန်သည်၊ အ​ဟေတုံ – ဖြစ်ကုန်ပြီ။

အညွှန်း –

ရတနာ​ရွှေချိုင့် ​ကောက်နုတ်ချက် ဂါထာဖြစ်သည်။

​ဘေးအန္တရာယ် အသွယ်သွယ်တို့မှ ကင်းလွတ်နိုင်သည်။
🙏🙏🙏.......သာဓု သာဓု သာဓု.......🙏🙏🙏
🙏🙏🙏 လိုရာဆန္ဒပြည့်ဝကြပါစေ 🙏🙏🙏
💥 💥 💥 🙏🙏🙏🙏🙏 💥 💥 💥
💖💖💖💖💖💖💖💖💖💖💖💖💖💖💖
✨ ကျော်စိုးနိုင် ✨
" ငါသည် မြတ်သောအကျင့်ကိုကျင့်၍
အမှန်တရားဖက်၌အမြဲနေ၏။ "
🌻🌿🍁🌻🌿🍁🌻🌿🍁🌻🌿🍁🌻🌿🍁

Address

No; 2, Padaukpin Street, Kyimyindine Township
Yangon
10001

Telephone

+959452124002

Website

Alerts

Be the first to know and let us send you an email when KPA-Funny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KPA-Funny:

Share