Jindallae Choir & Orchestra

Jindallae Choir & Orchestra Jindallae Choir Starting in 2008

11/09/2026

နိုင်ငံတကာအဆင့် Modern တေးဂီတရဲ့ ငြိမ့်ညောင်းမှုနဲ့အတူ Special Performance အနေဖြင့် တို့မြန်မာ့ရိုးရာသံစဉ် အလှတရားတွေကို တစ်နေရာတည်းမှာ ပေါင်းစပ်ခံစားနိုင်မယ့် Jindallae Choir Music Concert... ရောက်ရှိလို့ လာပါပြီ...!

- နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အရေးမို့လို့ လုံးဝ လက်မလွှတ်စေနဲ့နော်!

- September 26 ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ မနက်တစ်ပွဲ ၊ နေ့လယ်တစ်ပွဲ လုပ်သွားမှာ ဖြစ်လို့ အတူတူ ဆုံကြမယ်နော်

- လက်မှတ်နှင့် အသေးစိတ်အချက်အလက်တွေအတွက်
09 962 635 731 | 09 422 392 510
သို့ အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။

゚viralシ

01/09/2026

စင်ပေါ်မှာ ခဏတာ မြင်တွေ့ရမယ့် လှပတဲ့ ဖျော်ဖြေမှုတစ်ခုရဲ့ နောက်ကွယ်မှာ အားစိုက်ထုတ်မှုများစွာ၊ အချိန်များစွာနဲ့ ရင်းနှီးထားရပါတယ်။ 💖🎻
Jindallae Choir နဲ့ Azalea Stars တို့ရဲ့ အထူးဖျော်ဖြေတင်ဆက်မှုတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲကျန်နေစေဖို့အတွက် အသေးစိတ်ကစ လေ့ကျင့် ပြင်ဆင်နေကြတဲ့ ဗီဒီယိုလေးပါ။
🤗လေ့ကျင့်ရတော့ အားအင်ဖြည့်တင်းထားရတာပေါ့😅
ဂီတနဲ့ အက အနုပညာရဲ့ ပေါင်းစပ်မှုကို ကိုယ်တိုင်ကိုယ်ကျ ခံစားဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

📅 ရက်စွဲ - 26 September 2026 (Saturday)
⏰ အချိန် -
Morning Show : 10:00 AM – 12:30 PM
Afternoon Show : 2:30 PM – 4:30 PM

📍 နေရာ - မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားဇာတ်ရုံ (Myanmar National Theatre)

📞 လက်မှတ်နှင့် အသေးစိတ်စုံစမ်းရန် -
09 962 635 731 | 09 422 392 510

🚨 ပွဲချိန် (၂) ချိန်စလုံးမှာ အကောင်းဆုံး တင်ဆက်သွားမှာဖြစ်လို့ ကြိုက်နှစ်သက်ရာ ပွဲချိန်ကို ရွေးချယ်ပြီး လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ❤️
နေရာထိုင်ခုံ အကန့်အသတ်ရှိတာမို့ အခုပဲ Calendar မှာ ရက်မှတ်ထားပြီး သူငယ်ချင်းတွေကိုပါ Mention ခေါ်လိုက်တော့နော်! 🎟️✨

30/08/2026

"When Jesus Say Yes, Nobody Can Say No!" ✨
ယုံကြည်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ယူဆောင်ပေးမယ့် ဒီသီချင်းလေးနဲ့အတူ ဂီတကို ချစ်မြတ်နိုးသူများအတွက် သတင်းကောင်းတစ်ခု ပါဝင်ဖော်ပြပေးချင်ပါတယ်။

Classical Music 🎶 ရဲ့ အလှတရားတွေနဲ့ အတူ မမေ့နိုင်တဲ့ ညတစ်ညကို အတူတကွ ခံစားရရှိဖို့အတွက် Jindallae Choir 🌸 အဖွဲ့ရဲ့ Music Concert နဲ့ ၂၀၁၅ ခုနှစ် ဂျာမနီ Marktoberdorf International Chamber Choir Competition တွင် Winner 🏆 ရရှိသွားခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး Gracias Choir 🌼 အဖွဲ့မှ ဂီတကို ပိုမိုရင်းနှီးကျွမ်းကျင်‌သူများအတွက် တိတိကျကျ လေ့လာသင်ယူနိုင်မယ့် Music Workshop သို့ လူကြီးမင်းတို့အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

📅 Workshop Date: 14~16 September 2026

📅 Concert Date: 26 September 2026 (Saturday)

📍 ကျင်းပမည့်နေရာ: မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားဇာတ်ရုံ (Myanmar National Theatre)

ပါဝင်တက်ရောက်လိုသူများအနေဖြင့် 🎟 ဝင်ကြေး နှင့် သင်တန်းကြေးများကို
📞 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် စာရင်းပေးသွင်းရန် အတွက်
📲 09 - 459 330 791
📲 09 - 757 444 505

သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။

゚viralシ

🎶 ရင်ထဲမှာ ထာဝရ စွဲလမ်းကျန်ရစ်‌စေပြီး ဘဝတစ်ခုလုံး မမေ့နိုင်သည့် ဂီတညတစ်ညကို ခံစားဖို့ အဆင်သင့်ပဲလား? ✨အရှေ့တောင်အာရှတွင်...
27/08/2026

🎶 ရင်ထဲမှာ ထာဝရ စွဲလမ်းကျန်ရစ်‌စေပြီး ဘဝတစ်ခုလုံး မမေ့နိုင်သည့် ဂီတညတစ်ညကို ခံစားဖို့ အဆင်သင့်ပဲလား? ✨

အရှေ့တောင်အာရှတွင် အကောင်းဆုံးနှင့် မြန်မာနိုင်ငံတိုင်းရင်းသားမျိုးစုံ ပါဝင်သည့် သံစုံအဖွဲ့ဖြစ်ပြီး လတ်တလောတွင် ရေပန်းစားနေသည့် ကိုရီးယားနိုင်ငံတွင် Grand Prizeဆုရရှိထားသည့် အက၏ "Mingalarpar" တေးသီးချင်းကို သီဆိုထားသည့် Jindallae Choir 🌸 အဖွဲ့မှ ပြောင်မြောက်တဲ့ ဂီတအနှစ်သာရမျိုးစုံကို ကြည့်ရှုသူ ဧည့်ပရိသတ်များထံ ပို့ဆောင်ပေးသွားမှာ ဖြစ်သည့် အပြင် 2026 ခုနှစ်တွင် ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်‌သော World Cultural Dance Competition တွင် Grand Prize ဆွတ်ခူးရရှိထားတဲ့ Azalea Stars ရဲ့ အားမာန်မှုအပြည့်ဖြင့် လှပတဲ့ ကပြဖျော်ဖြေမှုတွေ၊ Jindallae Choir ရဲ့ ငြိမ်းချမ်းစိုပြေတဲ့ သံစဉ်တွေနဲ့အတူ လှပလွန်းတဲ့ ယဉ်ကျေးမှုအကအလှတွေကို တစ်နေရာတည်းမှာ ကြည့်ရှုခံစားနိုင်မယ့် "Music Concert with Azalea Stars" ပွဲကြီး ရောက်ရှိလို့ လာပါပြီ။ 🎻🌸

စိတ်ဖိစီးမှုတွေကို ခဏမေ့ပြီး သံစဉ်လှလှလေးတွေနဲ့အတူ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ချစ်ခင်ရပါသော မိသားစု၊ သူငယ်ချင်းများနှင့်အတူ လာရောက်ခဲ့ဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။

📅 ရက်စွဲ - 26 September 2026 (Saturday)
⏰ အချိန် -
Morning Show : 10:00 AM – 12:30 PM

Afternoon Show : 2:00 PM – 4:00 PM
📍 နေရာ - မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားဇာတ်ရုံ (Myanmar National Theatre)

📞 လက်မှတ်နှင့် အသေးစိတ်စုံစမ်းရန် -
09 962 635 731 | 09 422 392 510

🚨 ပွဲချိန် (၂) ချိန်စလုံးမှာ အကောင်းဆုံး တင်ဆက်သွားမှာဖြစ်လို့ ကြိုက်နှစ်သက်ရာ ပွဲချိန်ကို ရွေးချယ်ပြီး လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ❤️

နေရာထိုင်ခုံ အကန့်အသတ်ရှိတာမို့ အခုပဲ Calendar မှာ ရက်မှတ်ထားပြီး သူငယ်ချင်းတွေကိုပါ Mention ခေါ်လိုက်တော့နော်! 🎟️✨

20/08/2026

Caro Mio Ben - Jindallae Choir Member | World Best Gracias Choir Workshop in Korea 🇰🇷

ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး "Gracias Choir" ရဲ့ Workshop ကြီးမှာ ကျွန်တော်တို့ရဲ့ Members က Recital အနေနဲ့ ပါဝင်သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ 🎶 ပြင်ဆင်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဒီဖျော်ဖြေမှုကို အားလုံးပဲ အတူတူ ခံစားနားဆင်ပေးကြပါဦးနော်။

အီတလီတေးရေးဆရာ Thommaso Giordani ရေးစပ်ခဲ့တဲ့ "Caro Mio Ben" ဂန္တဝင်တေးသီချင်း

Sep 14~18 နေ့တွင် ကမ္ဘ့ာအကောင်း‌ဆုံး Gracias Choir အဖွဲ့မှ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နှလုံးသားဖြင့် ပြုလုပ်တဲ့ လှပတဲ့ Music ကို သင်ယူနိုင်ရန် Music Workshop လာရောက် ပြုလုပ်ပေးမှာ ဖြစ်လို့ ဂီတဝါသနာပါတဲ့ Nightingale လေးတွေအတွက် နှစ်ခါ ပြန်မရတဲ့ အခွင့်အရေး ဖြစ်လို့ လက်မလွှတ်ဘဲ လာရောက် ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
👇👇👇

https://www.facebook.com/100057562543505/posts/1509254447669959/

19/08/2026

"မျက်ရည်တွေကြားက ဂုဏ်ယူဝမ်းမြောက်ခြင်း...
ဒါဟာ Jindallae Choir အတွက်တော့ အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာတာပါပဲ" 😭✨
နိုင်ငံတကာမှာ ဆုပေါင်းများစွာကို သိမ်းပိုက်ထားပြီး ကမ္ဘာ့အကောင်းဆုံး Gracias Choir ထံမှာ Music ပညာရပ်အပါအဝင် Musician Mindset တွေကို သင်ကြားခွင့်ရတဲ့အရာက ကျနော်တို့အတွက်တော့ ကောင်းကင်မှာ ရှိတဲ့ ကြယ်တစ်လုံးကို လိုချင်တဲ့ အိပ်မက်တစ်ခုပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီအိပ်မက်က ကျွန်ုပ်တို့ရဲ့ လက်တွေ့ဘဝထဲကို ဝင်ရောက်လို့ လာခဲ့ပါပြီ။🎉

မိုက်ခရိုဖုန်းကို ကိုင်ထားတဲ့ ကျနော်တို့ရဲ့ လက်တွေ တုန်ရင်နေခဲ့တယ်။ ရင်ဘတ်တစ်ခုလုံးလည်း စိတ်လှုပ်ရှားမှုတွေနဲ့အတူ ဒုန်းဒုန်းခုန်နေခဲ့တာ။ ဒါပေမဲ့ ပထမဆုံး ဂီတသင်္ကေတ သံစဉ်လေး စထွက်သွားချိန်မှာတော့... ကျွန်ုပ်တို့ရဲ့ ရင်ထဲမှာ "ကျေးဇူးတင်ခြင်း" တစ်ခုတည်းနဲ့တင် ပြည့်နှက်သွားခဲ့ရပါတယ်။🥹

ကမ္ဘာ့အဆင့်မီ Gracias Choir ထံမှ သင်ကြားခွင့်ရရှိခဲ့တဲ့ ဒီအခွင့်အရေးဟာ သာမန် သီချင်းဆိုခွင့်တစ်ခု မဟုတ်ခဲ့ပါဘူး။ ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်မှု၊ ကြိုးစားမှု၊ ပင်ပန်းမှု၊ အခက်အခဲပေါင်းများစွာကို ဆရာကြီး၏ လမ်းပြမှုအားဖြင့် သီချင်းသံနဲ့အတူ ကမ္ဘာကို ပဲ့တင်ထပ်ခွင့်ပေးလိုက်တာပါ။

ဒီသီချင်းလေးကို သီဆိုရင်း ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေက ဝမ်းနည်းလို့ မဟုတ်ပါဘူး... ရင်ထဲက မဆံ့အောင် ပြည့်လျှံလာတဲ့ "ကျေးဇူးတင်ခြင်း" ကြောင့်ပါ။ ဒီလို အခွင့်အရေးမျိုး ရရှိအောင် ပံ့ပိုးပေးခဲ့သူများ၊ အစစအရာရာ လမ်းပြပေးခဲ့တဲ့ ဆရာ၊ ဆရာမများ၊ မြန်မာပြည် Korea က ညီအကိုမောင်နှမများနဲ့ Jindallae Choir ရဲ့ အဖွဲ့ဝင်တစ်ဦးစီတိုင်းကို ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 🥰
ဒါဟာ အဆုံးသတ် မဟုတ်ပါဘူး... Jindallae Choir ရဲ့ ပိုမိုကြီးမားတဲ့ Music ခရီးစဉ်အတွက် အစပြုခြင်းပဲ ဖြစ်ပါတယ်။ ❤️🎵

Sep 14~18 နေ့တွင် ကမ္ဘ့ာအကောင်း‌ဆုံး Gracias Choir အဖွဲ့မှ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နှလုံးသားဖြင့် ပြုလုပ်တဲ့ လှပတဲ့ Music ကို သင်ယူနိုင်ရန် Music Workshop လာရောက် ပြုလုပ်ပေးမှာ ဖြစ်လို့ ဂီတဝါသနာပါတဲ့ Nightingale လေးတွေအတွက် နှစ်ခါ ပြန်မရတဲ့ အခွင့်အရေး ဖြစ်လို့ လက်မလွှတ်ဘဲ လာရောက် ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

https://www.facebook.com/100057562543505/posts/1509254447669959/

Jindallae Choir & Orchestra အဖွဲ့လည်း MYF နဲ့ တူတူ International Youth Day မှာ ရှိနေပါမယ်နော်။ အချိန်တွေကိုအကျိုးရှိစွာက...
14/08/2026

Jindallae Choir & Orchestra အဖွဲ့လည်း MYF နဲ့ တူတူ International Youth Day မှာ ရှိနေပါမယ်နော်။

အချိန်တွေကိုအကျိုးရှိစွာကုန်ဆုံးဖို့ MYF နဲ့တူတူ Youth Day ကိုပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Talk show မှာ ပါဝင်မဲ့သူတွေနဲ့တင် Wow ဗဟုသုတတွေ အတွေးအမြင်သစ်တွေရရှိမှာ အသေအချာပဲလေနော်။
ဒါ့အပြင်စိတ်ဝင်စားစရာ Academy တွေလည်းရှိပါသေးတယ်။
အခုပဲလာဖို့စာရင်းလေးပေးလိုက်ကြပါအုန်းနော်။

ဟေ့ဟေ့... နောက်မကျစေနဲ့နော်

🌏INTERNATIONAL YOUTH DAY 2026 ✨

လူငယ်တွေရဲ့ အိပ်မက်တွေ၊ စွမ်းရည်တွေနဲ့ အနာဂတ်ကို အတူတကွဖန်တီးမယ့် International Youth Day 2026 မှာဆိုရင် 🏆 2026 World Cultural Dance Competition – GRAND PRIZE WINNER ဖြစ်တဲ့ Azalea Starsအကအဖွဲ့ရဲ့ စိတ်လှုပ်ရှားဖွယ် Dance Performanceများအပြင်၊ JINDALLAE CHOIR ရဲ့ အထူးဖျော်ဖြေတင်ဆက်မှုတွေကိုပါ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ 💫

ဒါ့အပြင် International Youth Day 2026 မှာ လူငယ်တွေအတွက် အသိပညာ၊ အတွေ့အကြုံနဲ့ Inspiration တွေ ရရှိစေမယ့် Special Talk နဲ့ Talk Show (Panel Discussion) တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ 🎤✨

🎙️ SPECIAL TALK
• U Nay Oke
(ရန်ကုန် ကိုယ်ပိုင်​ကျောင်းများ အသင်းဥက္ကဌ)
• U Aung Chit Khin
(Strategy First International College Founder & MD)

💬 TALK SHOW (PANEL DISCUSSION)
လူငယ်တွေရဲ့ အနာဂတ်၊ အတွေ့အကြုံနဲ့ ဘဝအတွက် အကျိုးရှိစေမယ့် အမြင်သစ်တွေကို မျှဝေဆွေးနွေးပေးမယ့် Panel Discussion မှာ—
• Dr. Seint San Phyu – Medical Doctor, Writer & Social Influencer
• U Win Lwin – Myanmar Tourism Bank CEO
• U Soe Win Thant – Global World Insurance MD
• U Myo Win Aung - Myanmar Tea Leaf Co. Ltd MD
• Saw Kaung Htet Tin Win – Azalea Stars Director
တို့က ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ 🎤🔥

ဒါ့အပြင် အခြားစိတ်ဝင်စားစရာ အစီအစဥ်များဖြစ်တဲ့

🧠 Mind Lecture
🎓 Academy
🎤 Jindallae Choir
🎸 Joy Band
💃 Azalea Stars Dance
🎮 Mind Recreation Games
🤝 New Friends & New Experiences
🍔 Food & Refreshments
စတဲ့ Music, Dance, Learning & Fun Activities တွေကို တစ်နေရာတည်းမှာ ခံစားရင်း လူငယ်တွေအတွက် အမှတ်တရကောင်းတွေ ဖန်တီးနိုင်မယ့်နေ့တစ်နေ့ ဖြစ်လာမှာ အသေအချာပါပဲ။ 💯🎯

✨ Azalea Stars Dance ရဲ့ အားအင်အပြည့်နဲ့ အထူး Performance တွေ၊ စိတ်ဝင်စားစရာ Talk Show & Panel Discussion တွေ၊ အသိပညာနဲ့ အတွေ့အကြုံကောင်းတွေကို တစ်နေ့တည်းမှာ ရရှိနိုင်မယ့် International Youth Day 2026 မှာ အားလုံးအတူတူ ဆုံကြရအောင်! ✨

📝 Register Here 👇🏻
https://forms.gle/uezkQRbTYD6m9oSs6

🔥 COME & BE PART OF SOMETHING BIG! 🔥

📅 DATE – 15.8.2026 (Sat)
⏰ TIME – 9:30 AM – 4:00 PM
📍 ADDRESS – National Indoor Stadium II, Thamine College Street, near MICT Park, Hlaing Township.
📞 CONTACT – 09 962 635 731
09 761 656 485

🌸 Jindallae Choir & Orchestra Concert Project 🌸(Free Professional Training + Grand Stage Experience)🎵 မိမိရဲ့ အသံနဲ့ တူရ...
26/07/2026

🌸 Jindallae Choir & Orchestra Concert Project 🌸

(Free Professional Training + Grand Stage Experience)

🎵 မိမိရဲ့ အသံနဲ့ တူရိယာတီးခတ်မှုစွမ်းရည်ကို Grand Stage ပေါ်မှာ သီဆိုတီးခတ်ရင်း အတွေ့အကြုံသစ်တွေ ရယူချင်တဲ့ ဂီတဝါသနာရှင်များအတွက် အခွင့်အရေးကောင်း! 🎵

ကျွန်တော်တို Jindallae မှ လာမည့် စက်တင်ဘာလ တွင် ပြုလုပ်မည့် Choir Concert သာမက၊ အောက်တိုဘာလ တွင် MCC ခန်းမကြီး ၌ ခမ်းနားထည်ဝါစွာ တင်ဆက်မည့် Grand Choir Performance ကြီးများတွင်ပါ ကျွန်တော်တိုနှင့်အတူ လက်တွဲပြီး Choir (အဆိုအဖွဲ) နှင့် Orchestra (တူရိယာအဖွဲ) အဖြစ် ပူးပေါင်းဖျော်ဖြေတင်ဆက်ဖို ဂီတဝါသနာရှင်များကို ဖိတ်ခေါ်နေပါပြီ။

🎻 ဘယ်လို ဝါသနာရှင်တွေကို ဖိတ်ခေါ်တာလဲ?
Choir (အဆိုပိုင်း): Soprano, Alto, Tenor, Bass (အသံလွှာအလိုက် ဝါသနာပါသူများ)
Orchestra (တူရိယာပိုင်း): String (Violin, Viola, Cello, Double Bass), Woodwind, Brass ကျွမ်းကျင်သူများနှင့် ဝါသနာရှင်များ

✨ ဒီ Project မှာ ပါဝင်ခြင်းဖြင့် သင် ဘာတွေရမလဲ?

Professional Ensemble Training: Concert များမတိုင်ခင် Training ကာလအတွင်းမှာ Choir and Orchestra ရဲ့ အတူတူ ပေါင်းစပ်ညှိနှိင်းရတဲ့ နည်းစနစ်တွေ၊ စည်းချက်ပိုင်းဆိုင်ရာတွေကို စနစ်တကျ အခမဲ့ လေ့ကျင့်ခွင့်ရမှာဖြစ်လို တကယ့်ကို တန်ဖိုးရှိတဲ့ ပညာတွေ ရရှိပါမယ်။

Grand Stage Experience: ခမ်းနားလှတဲ့ Jindallae Choir Concert စင်မြင့်ထက်အပြင်၊ MCC ခန်းမကြီးရဲ့ စင်မြင့်ထက်မှာပါ လူပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အမှတ်တရ အတူတူ ဖျော်ဖြေခွင့် ရရှိပါမယ်။

Official Certificate: သတ်မှတ်ထားတဲ့ ဂီတစံနှုန်းပြည့်မီပြီး ပွဲပြီးဆုံးသည်အထိ အတူတူ ကြိုးစားအားထုတ်ခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ (Certificate) ပေးအပ်ချီးမြှင့်သွားပါမည်။

Networking: ဂီတပညာရှင်တွေ၊ ဝါသနာတူ အနုပညာရှင်အချင်းချင်း ဆုံစည်းပြီး အတွေ့အကြုံ ဖလှယ်နိုင်မှာပါ။

( မှတ်ချက်။ ။ ယခု ပရောဂျက်သည် ဝါသနာရှင်များအတွက် ပညာရပ်ဆိုင်ရာနှင့် စင်မြင့်ထက် အတွေ့အကြုံကောင်းများ အခမဲ့ မျှဝေပေးသည့် Volunteer Project ဖြစ်သဖြင့် လစာ/စရိတ် တစ်စုံတစ်ရာ ပေးအပ်မည် မဟုတ်ပါခင်ဗျာ။)

📋 လျှောက်ထားရန် သတ်မှတ်ချက်များ

မိမိ တီးခတ်မည့် တူရိယာ (သိုမဟုတ်) အဆိုပိုင်းကို အခြေခံ ရှိပြီးသူ ဖြစ်ရပါမယ်။

သတ်မှတ်ထားတဲ့ Training အချိန်ဇယားအတိုင်း ပုံမှန် လာရောက်လေ့ကျင့်နိုင်သူ ဖြစ်ရပါမယ်။

📅 အသေးစိတ် အချက်အလက်များ
🗓 Audition / လူတွေ့ရွေးချယ်မည့်ရက်: [Aug 18 ]

🗓 Training စတင်မည့်ရက်: [Aug 20 to Sep 25 ]

📞 စာရင်းပေးသွင်းရန် ဖုန်းနံပါတ်: ☎️ 09-757 444 505 ☎️ 09-459 330 791
Google form for Regestration
https://docs.google.com/forms/d/e/1FAIpQLSc-dTEJwtbgx-QBwXZE9ROMizo7z1VUjB4UhtKsOf_98jTXMA/viewform?usp=publish-editor

🔥 အဖိုးတန်တဲ့ Professional သင်တန်းကို အခမဲ့တက်ရောက်ခွင့်ရမယ့်အပြင်၊ Orchestra အဖွဲကြီးနဲ့အတူ MCC Stage လို ခမ်းနားတဲ့ စင်မြင့်ထက်မှာ ခြေစွမ်းပြခွင့်ရမယ့် ဒီအခွင့်အရေးထူးကြီးကို အခုပဲ လက်မလွှတ်တမ်း စာရင်းပေးသွင်းလိုက်ပါ။ အတူတူ ဂီတလှိုင်းလေးတွေ ဖန်တီးကြစို။ 🌸

12/07/2026

Mingalar Par | Jindallae Official Lyrics Video

၂၀၂၆ ခုနှစ် နိုင်ငံတကာ ယဉ်ကျေးမှုအကပြိုင်ပွဲ (2026 World Cultural Dance Festival) ကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Azalea Stars အကအဖွဲ့ဟာ ဒီ "Mingalar Par" သီချင်းနဲ့အတူ ဂုဏ်ယူဖွယ် Grand Prize ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ 🇲🇲✨

မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနဲ့ ရိုးရာယဉ်ကျေးမှုအလှအပတွေကို ကမ္ဘာကသိအောင် အကောင်းဆုံး တင်ဆက်ကပြနိုင်ခဲ့တဲ့ Azalea Stars အဖွဲ့ကို အထူးပင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

Mingalar Par ( မင်္ဂလာပါ )
Lyrics: Kaung Kaung ( Azalea Stars )
Music Arrangement: Gege ( Jindallae )
Produced by: Azalea Stars
Myanmar Traditional Instrument Performance: Hlwan Moe Aung
Award: Grand Prize ( 2026 World Cultural Dance Festival )
Performed by: Jindallae Choir

Created with Suno AI assistance and subsequently arranged, adapted, and re-recorded by the credited creators and performers.

Sound Recording © 2026 Azalea Stars. All Rights Reserved.

10/07/2026

ကမ္ဘာ့စင်မြင့်ထက်မှာ မြန်မာ့အလံ လွှင့်ထူနိုင်ခဲ့ပြီ!!! 🇲🇲 ရင်ခုန်စိတ်လှုပ်ရှားစရာ Grand Prize အောင်မြင်မှုကြီးနဲ့ အတူ ပါဝင်ခွင့်ရခဲ့တဲ့ Jindallae Choir...🌸🌸
Azalea Stars အကအဖွဲ့ရဲ့ "Mingalarpar" အကဟာ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့အဆင့် ယဉ်ကျေးမှုအကပြိုင်ပွဲကြီးမှာ Grand Prize ဆုကြီး ဆွတ်ခူးနိုင်ခဲ့တဲ့ သတင်းစကားဟာ မြန်မာလူမျိုးတွေ အားလုံးအတွက် တကယ့်ကို ပီတိဖြစ်စရာပါပဲ။
ပိုပြီး ဂုဏ်ယူဖို့ကောင်းတာကတော့... ဒီဆုရရှိခဲ့တဲ့ ကကွက်တွေရဲ့ နောက်ကွယ်က နှလုံးသားကို လှုပ်ခတ်စေတဲ့ တေးသံသာတွေကို Jindallae Choir အဖွဲ့က ပါဝင်သီဆို ပံ့ပိုးပေးခဲ့တာပဲ ဖြစ်ပါတယ်။ အကအဖွဲ့ရဲ့ ပြောင်မြောက်ပြီး သေသပ်လှပတဲ့ အားကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ Choir အဖွဲ့ရဲ့ နားထဲမှာ စွဲငြိသွားစေမယ့် သီဆိုမှုတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒိုင်လူကြီးတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့ပါတယ်။ ✨🎙️
ဒီလို သမိုင်းဝင်အောင်မြင်မှုကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး၊ ဖျော်ဖြေမှုကို ပိုမိုတင့်တယ်စေခဲ့တဲ့ Jindallae Choir အဖွဲ့ကို အထူးပင် ချီးကျူးဂုဏ်ယူမိပါတယ်။ အနုပညာလမ်းခရီးမှာ နှစ်ဖွဲ့စလုံး ဒီထက်မက အောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
❤️🎵
သီချင်းလေးက Spoiler လေးဖြစ်ပြီး အပြည့်အစုံ‌ကိုတော့ Spotify, Apple music , YouTube, TikTok, Facebook တင်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့ မမေ့နဲ့နော်🫣🫣

Address

6D Nant Thar Ni Street , Insein
Myaungmya
1011

Website

Alerts

Be the first to know and let us send you an email when Jindallae Choir & Orchestra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jindallae Choir & Orchestra:

Shortcuts

Share

Category