Ninety’s Seventh BoxBox

Ninety’s Seventh BoxBox Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ninety’s Seventh BoxBox, Video Creator, yangon, Yangon.

RGB Light Bluetooth With wireless charger လေးရမယ်နော်။ Made In Thiland ဖစ်တဲ့အတွက် Quality ကတော့ရှယ်ပဲ။ Order တင်ပါက ကြာ...
13/09/2023

RGB Light Bluetooth With wireless charger
လေးရမယ်နော်။ Made In Thiland ဖစ်တဲ့အတွက် Quality ကတော့ရှယ်ပဲ။
Order တင်ပါက ကြာချိန် 3 weeks စောင့်ရပါမယ်
ကြာချိန်စောင့်နိုင်မှ့Order တင်ပေးပါ။
စျေးနူန်း၄၈၀၀၀ကျပ်

11/04/2023

Motivation

10 Ai tools
09/04/2023

10 Ai tools

Motivation ၏ အစတစ်စMotivation ဆိုတာက တစ်စုံတစ်ခုကို ပြုလုပ်ဖို့အတွက် မိမိစိတ်ထဲမှာ တည်ရှိသွားသော တည်ဆောက်မိသွားသော အကြော...
08/04/2023

Motivation ၏ အစတစ်စ

Motivation ဆိုတာက တစ်စုံတစ်ခုကို ပြုလုပ်ဖို့အတွက် မိမိစိတ်ထဲမှာ တည်ရှိသွားသော တည်ဆောက်မိသွားသော အကြောင်းအရာ အဖြစ်အပျက် အတွေ့အကြုံ လေ့လာမှု စသည့် အရာတို့ကို ပေါင်းစပ်ထားမှု ဖြစ်ပါသည်။လူတိုင်းတွင် Motivation ရှိကြသည်။Motivation အတွက် အကောင်းဆုံး အဓိပ္ပါယ်မှာ Something is happing in your herat ဟူသော စကားလေးသည် Motivation အတွက် အကောင်းဆုံး ဖော်ဆောင်နိုင်သော စကားဖြစ်ပါသည်။

အောင်မြင်ချင်သူတိုင်းအတွက် မရှိမဖြစ် လိုတာကလည်း Motivation ပင်ဖြစ်သည်။Motivation သည် Behavior ကို ပြုပြင်ပြောင်းလဲနိုင်သော သဘောရှိသည်။Psychological ကို မူတည်ပြီး Motivation ၏ Specific Behavior သည် ပြောင်းလဲသွားသည်။ဥပမာဆိုရသော် - စာမေးပွဲအောင်လျှင် မိခင်က စက်ဘီးဝယ်ပေးမယ်ဟု သားကို ပြောထားသောအခါ စာကိုပိုမို ကြိုးစားလာခြင်းသည် Incentive Motivation ကြောင့် ဖြစ်ပါသည်။

ဒါကြောင့် Motivation တွင် မတူခြားနားသော အမျိုးအစားများကို တွေ့မြင်ရပါသည်။ထိုအထဲတွင် အခြေခံကျသော Motivation Types နှစ်မျိုးကို တွေ့ရသည်။
1. Intrinsic Motivation
2. Extrinsic Motivation ဟူ၍ နှစ်မျိုးကို အခြေခံသည်။
Intrinsic Motivation သည် Internal မှ ဖြစ်လာသော Motivation အမျိုးအစား ဖြစ်ပါသည်။Desire ဟုခေါ်သော လိုချင်မှု ဆန္ဒကြောင့် Motivation ကို ဖြစ်ထွန်းစေသည်။တရားဘာဝနာ အားထုတ်နေသော ယောဂီသူတော်စင်သည် လောကီလွတ်မြောက်မှုကို လိုချင်သောကြောင့် ကြိုးစားနေသော Motivation ဖြစ်သည်။

ထိုနည်းတူစွာ အလုပ်ကို ကြိုးစားပြီး လုပ်ဆောင်နေသော သူတစ်ယောက်သည် မအောင်မြင်မှာ ကြောက်သော Fear ကြောင့် ဖြစ်ပါသည်။ထို့ကြောင့် Motivation သည် လိုအပ်သော သင်၏ စိတ်အခြေခံကို မူတည်သည်။ထိုစိတ်ကို မူတည်ပြီး ဖြစ်တည်သော Specific Behavior ဖြစ်စေသည်မှာ လွန်စွာပနာရသည်။

Intrinsic Motivation သည် အောက်ပါ အချက် ၃ ချက်တွင် များစွာ မူတည်သည်။၎င်းတို့မှာ-
1. Competence: succeeding in what you do.
2. Relatedness: connecting with others.
3. Autonomy: being in control of your life. တို့ဖြစ်ပါသည်။

ထို့အပြင် external ကြောင့် ဖြစ်ထွန်းသော Extrinsic Motivation မှာ Reward နဲ့ Threat ကြောင့် ဖြစ်စေသည်။Motivation တည်ဆောက်ရာတွင် Intrinsic ရော Extrinsic ရော ရှိမှသာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။Extrinsic ကြောင့် Intrinsic ဖြစ်စေသလို Intrinsic ကြောင့်လည်း Extrinsic ဖြစ်စေပါသည်။

Extrinsic Motivation ကို (4) ပိုင်းခြားနိုင်သည်။အဆိုပါ (4) မျိုးမှာ -
1. External Motivation
2. Introjected Motivation
3. Identified Motivation
4. Integrated Motivation တို့ဖြစ်ပါသည်။Environment မှ တိကျသော ထိမိသော ရိုက်ခတ်မှုတို့ကြောင့် ဖြစ်ပေါ်သော Motivation အမျိုးအစားတို့ ဖြစ်ပါသည်။

ဥပမာတစ်ခု အနေဖြင့် နောင်ရိုးတိုက်ပွဲကို ကြည့်လျှင် ဘုရင့်နောင် မြှင့်တင်ခဲ့သော Motivation အမျိုးအစားများမှာ Intrinsic နှင့် Extrinsic ကို ပေါင်းစပ်ထားသည်။Desire & Fear , Reward & Threat တို့ပါဝင်သည်။Motivation Type များကိုမူ ပေါ်လွင်စွာ တွေ့ရသည်။
1. Incentive Motivation
2. Fear Motivation
3. Self Motivation စသည့် Motivation များကို တွေ့မြင်ရသည်။

Motivation Theories များသည် အများအားဖြင့် အောက်ပါ အချက်တို့ကို မူတည်ပြီး ပေါ်ပေါက်လာသည်။
1. Natural & Rational
လူတို့၏ need,want,demand တို့ကို မူတည်ပြီး ဖြစ်တည်သော သဘောတရားများ
2. Content & Process
How နှင့် What ကို ကွဲပြားစေပြီး လုပ်ဆောင်စေသော သဘောတရား တို့ဖြစ်ပါသည်။

ထင်ရှားသော Theories များမှာ -
1. Push - Pull Theory
2. Drive Theory
3. Socio-Culture Theory(Known as Social Motivation)
4. Maslow's Hierarchy Theory
5. Herzberg's Two Factors Theory
6. Alderfer's ERG Theory
7. Goal Setting Theory စသည့် Theories များပါဝင်ပါသည်။အခြားသော Theories မြောက်မြားစွာလည်း ကျန်ရှိပါသေးသည်။

မိမိတို့သည် Motivation အားကောင်းအောင် ပြုလုပ်ရာတွင် မိမိတို့၏ SWOT Analysis ကို ကောင်းစွာ ဆန်းစစ်ရမည်။သို့မှသာ မိမိတို့ လိုချင်သော မိမိတို့ရောက်ချင်သော GOAL / OBJECTIVE တို့ကို ရောက်ရှိနိုင်မည်။Motivation သည် စိတ်ကို အခြေခံသောကြောင့် စိတ်တည်ငြိမ်အောင် အရင်ဆုံး ပြုလုပ်ရမည်။တည်ငြိမ်မှု ရှိမှသာ မှန်ကန်သော လားရာကို မှန်းဆနိုင်မည်။Motivation ဖြစ်ထွန်းရာတွင်လည်း အပ်စပ်သော Motivation ဖြစ်ပြီး အောင်မြင်မှုကို ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ဝေဖြိုးဟိန်း (HRM Learner)
Credit. To. ကျောက်သင်ပုန်း

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။အသက် ၁၆ နှစ်မှာ သူကျောင်း...
02/04/2023

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။
အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြုတ်ပြန်တယ်။
သူ ဥပဒေကျောင်း၀င်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။
သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်။
အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိုးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့လဲဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကို၀ယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်၀င် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။
ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိူးစားခဲ့ဘူးတယ်ဆိုတဲ့အချက်
သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။
စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။
အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှမရှိဘူး သူငယ်ချင်း
Credit မူရင်း

Address

Yangon
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Ninety’s Seventh BoxBox posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category