Esteem Authentic Wholesale & Retails

Esteem Authentic Wholesale & Retails Authentic Health, Beauty, Fashion Wholesale & Retail

13/04/2025

အေမီစျာန် ရဲ့ fb accလေးပေးလိုရနိုင်မလား
ဆဲရတာ အားမရလို့ပါ

02/12/2024

ပညာတတ်နဲ့ ဘွဲ့ရ မတူပါဘူး မြန်မာနိုင်ငံမှာ ဘွဲ့မလိုချင်လို့ မယူဘူးဆိုတာ အဓိပွါယ်ရှိပါတယ်... (အဆိုတော် L လွန်းဝါ)

မြန်မာနိုင်ငံမှာ ဘွဲ့မလိုချင်လို့ မယူဘူးဆိုတာ အဓိပွါယ်ရှိပါတယ်။ တခြားဘွဲ့တော့ မသိဘူး ဆရာဝန်ဘွဲ့ကိုပဲ ပြောပြမယ်နော်။ အဲ့တာလည်း ကိုယ်ကိုတိုင် အသည်းအသန် တက်ပြီး ရအောင်ယူထားတာမို့ပါ။ မယူပဲနေလည်းရတယ် ပြောလို့ရတယ်။ ဒါပေမယ့် သူများကို ကူညီတဲ့ မွန်မြတ်တဲ့ အလုပ်ကို ချစ်လို့ နောက်ပြီး အလုပ်တခုကို ပြီးအောင်လုပ်တဲ့သဘောပေါ့။ အိုကေ ပြန်ဆက်မယ်နော်။
အရင်တုန်းကပေါ့ ဟောက်ဆာဂျင်တုန်းက လခရတာက ရီစရာကြီးပေါ့။ ကားငှါးသွားပြီး ပြန်လာရင် တက်ဆီကားခနဲ့ကုန်ရော ဆေးရုံမှာ အလုပ်ဝင်ခါစ ဆရာဝန်ပေါက်စ တယောက်က သာမန်ကုပ္မဏီဝန်ထမ်းလစာ ထက်မပိုဘူး။ ရှက်စရာနော် နှိမ်ထားတာ အပြင်ဆေးရုံမှာ အလုပ်လုပ်ရင် နည်းနည်းပိုရတယ်ပေါ့နော်။ ဒါလည်း တော်တော်ခက်ခဲပါတယ်။ အာ့ကြောင့် အဆင်ပြေရာ NGO တွေ ဆေးကုပ္မဏီတွေဝင်လုပ်ရတာပါပဲ။ သနားဖို့တော်တော်ကောင်း ပညာတတ်တွေ ပိုက်ဆံမရတာကတမျိုး အထင်ကြီးမခံရတာတမျိုးပေါ့။
ပြောချင်တာ ကျနော်တို့ မြန်မာနိုင်ငံကလွဲလို့ အပြင်ထွက်သွားတာနဲ့ ဆရာဝန်လခက သူတို့ပေးဆပ်ထားရတဲ့ အချိန်နဲ့ ကြိုးစားအားထုတ်မှုနဲ့ တန်တဲ့ Reward ရကြတာပါပဲ။ မြန်မာနိုင်ငံတခုပဲ ပညာတတ်တွေကို မလေးစားအောင် လုပ်ထားတာ။ မယုံရင် မြန်မာနိုင်ငံ အပြင်ကို ထွက်လည်တဲ့အခါ သဘာဝအလှအပတွေ တိုးတက်မှုတွေပဲ မကြည့်ပါနဲ့။ သူတို့တွေ သဘာဝအလှအပတွေ ဘယ်လိုထိန်းသိမ်းလဲ တိုးတက်အောင် ဘယ်လိုလုပ်နေကြသလဲ လေ့လာသင့်တယ်။
ဘိလပ်မြေဖျော်ပြီး ပြန်ကပ်တာ ထိန်းသိမ်းတာ မဟုတ်ဘူးနော် လူတိုင်းဆောက်တတ်တယ်။ ဘယ်နနှစ်ခံအောင် ဘယ်လိုထိန်းသိမ်းမယ်ဆိုတာက ပညာပါ။ မြေဩဇာထည့်ပြီး ပေါင်းသင်တာက ပညာမဟုတ်ဘူးနော် ဘယ်အပင်စိုက်ပြီး ရာသီဥတုထိန်းဖို့ မြေဆီလွှာ၊ ရှားပါးအပင်တွေထိန်းဖို့က ပညာပါ။ ပိုက်ဆံဝင်အောင် ရှိတာထုတ်ရောင်းတာ ပညာ မဟုတ်ဘူးနော် သူများနိုင်ငံတွေ ရင်းနှီးမြုပ်နှံလာအောင် စီးပွါးရေးဖန်တီးနိုင်တာကမှ ပညာပေါ့။
နောက်ဆုံးပြောချင်တာကတော့ သူများနိုင်ငံက အောင်မြင်ပြီးသား သီချင်းကို မြန်မာလိုစာသားထည့်ဆိုတာ ပညာမဟုတ်ဘူးနော်။ ကိုယ်ပိုင်ဖန်တီးမှုကို အားပေးတာကမှ ပညာရှင်ကို မြေတောင်မြှောက်ပေးတာပါ။ မယုံရင် တိုးတက်နေတဲ့ နိုင်ငံတွေ သွားလည်တဲ့အခါ အဲ့တာတွေကို သေချာ လေ့လာကြည့်ပါ ကိုယ်တိုင်သွားပါ။ မသွားနိုင်ရင် သတင်းတွေ နားထောင်ပါ စာတွေလေ့လာပါ။ ကိုယ့်သားသမီးအနာဂါတ်ကို ပညာတတ်တွေ ဦးဆောင်စေချင်ရင် ကိုယ့်အိမ်ကစလို့ ကိုယ့်ကလေးတွေ ပညာတတ်တွေ ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြပါ။
L လွန်းဝါ (အဆိုတော်)
#ပညာ
#ဘွဲ့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Esteem Authentic Wholesale & Retails posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share