21/04/2026
ဒီနှစ်တွေထဲမှာ ကိုယ်ဟာ လွတ်မြောက်ချင်နေခဲ့တာပဲ ...
အရင်ကဆို အဖော်အပေါင်းအသင်းမက်သူမို့
တယောက်တည်းဖြစ်နေတဲ့ ခရီးတွေ-လမ်းတွေ-ဆိုင်တွေဆိုရင်
အဖော်မပါရင် မသွားတတ်...မသွားချင် ဖြစ်ခဲ့ရတယ်
ခုနောက်ပိုင်းတော့ တယောက်တည်းဖြစ်လည်း ကော်ဖီဆိုင်ထိုင်သလို
တယောက်တည်းဖြစ်လည်း Bar မှာ ထိုင် chill တာပဲ..
အန္တရာယ်များတဲ့ နေရာမဟုတ်ရင် တယောက်တည်းသွားဖို့ကို ဝန်မလေးသလို
မာန ထိခိုက်ရင်လည်း နေရာကနေ လှည့်ပြန်တဲ့သူမျိုး..
အိမ်မှာတယောက်တည်းဖြစ်လည်း ပျော်အောင်နေသလို
ကော်ဖီခွက်ကိုင်ပြီး ဝရံတာကနေ chill ရတာလည်း ကိုယ့်ရပိုင်ခွင့်တစ်ခုလိုပဲ..
pet လေးတွေတော့ ပိုချစ်ဖြစ်လာတယ်
လူတွေကိုတော့ အရင်လိုပဲ ဝေးဝေးရှောင်ဖြစ်တယ်
မလိုအပ်တာတွေကို မချည်နှောင်ချင်သူမို့
ကိုယ်ဆွဲထားမှ မြဲမယ့်လက်တွေဆိုလည်း လွှတ်ချခဲ့သူပါပဲ...