YWD Online Media

Call Directions Website Contact the business

YWD Online Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YWD Online Media, Media/News Company, Yangon.

YWD ONLINE MEDIA has received the
official permit of the Ministry of Information-00191

ကြေငြာထည့်သွင်းလိုပါက
[email protected]
09_784607494/09_400741954သို့ဆက်သွယ်နိုင်ပါသည်။

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက...
10/10/2026

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်
===========
နေပြည်တော် အောက်တိုဘာ ၁၀။

ပဲခူးမြို့၊  ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သတ္တမအကြိမ် လုံးတော်ပြည့် ရွှေစင်၊ ရွှေသားနှင့် ရွှေသင...
10/10/2026

ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သတ္တမအကြိမ် လုံးတော်ပြည့် ရွှေစင်၊ ရွှေသားနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲ အထိမ်းအမှတ်အခမ်း အနားတွင် ဧည့်ပရိသတ် (၁၀၀၀၀) အားစတုဒီသာဧည့်ခံကျွေး မွေးခြင်းလုပ်ငန်းစဥ်နှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သတ္တမအကြိမ် လုံးတော်ပြည့် ရွှေစင်၊ ရွှေသားနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲ အထိမ်းအမှတ်အခမ်း အနားတွင် ဧည့်ပရိသတ် (၁၀၀၀၀) အားစတုဒီသာဧည့်ခံကျွေး မွေးခြင်းလုပ်ငန်းစဥ်နှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးပွဲကို ၁၃၈၈ခုနစ် တော်သလင်းလဆုတ် (၁၄)ရက််၊ အောက်တိုဘာ လ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျောက်ပန်းတောင်းဓမ္မာရုံ ၌ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပဲခူးမြို့ ပရဟိတအသင်းများ၏ ဦးဆောင်ဆရာတော် ဦးကိတ္တိ ၊ ရတနာသိမ်ကုန်းကျောင်းဆရာတော် ၊ တိုင်းခရိုင်မြို့နယ်မှ တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲဝင်များ နှင့် ပရဟိတအသင်း (၂၀) ကျော်မှတာဝန်ရှိ သူများမှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

#ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး
၁၀-၁၀-၂၀၂၆

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အဘိဓမ္မာ(၇)ကျမ်း အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်-အောက်တိုဘာ(၉)        ...
10/10/2026

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အဘိဓမ္မာ(၇)ကျမ်း အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်-အောက်တိုဘာ(၉) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော အဘိဓမ္မာ(၇)ကျမ်းအသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ထီးတော်ရုံတန်ဆောင်း၌ ကျင်းပရာရွှေတိဂုံ‌စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်သံဃာ့တော်များ ကြွရောက်တော်မူကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တကေလာသ က ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ကာ ဆရာတော်ဘဒ္ဒန္တသောဘန က နတ်ဗြဟ္မာများကို ဖိတ်ကြားသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဆရာတော်ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဩဝါဒါစရိယအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အ.ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မရာဇာ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ) ဆရာတော်ထံမှ အဘိဓမ္မာ (၇)ကျမ်း ရွတ်ပွားစိတ်ထားနည်းနှင့် အကျိုးတရားများ နာကြားကြသည်။

ဆက်လက်၍ ဆရာတော် ဘဒ္ဒန္တဥတ္တမ က အဘိဓမ္မာတိုက်တွန်းလွှာ ရွတ်ဖတ်ပူဇော်ပြီး ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော အလှည့်ကျ ဘာဏက သံဃာတော်အရှင်သူမြတ်မှ အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကို အသံမစဲဆက်လက်ရွတ်ဖတ်ပူဇော်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အဘိဓမ္မာ(၇)ကျမ်း အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့မှအောက်တိုဘာ ၁၉ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင်ကျင်းပသွားမည် ဖြစ်ပါသည်။

# ​ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

10/10/2026

ပွင့်သစ်စမ်းဓမ္မကထိက ဗုဒ္ဓတက္ကသိုလ်နှင့်ရာသက်ပန်တရားခန်းရိပ်သာတည်ထောင်မှာနဲ့ပတ်သတ်ပြီးမြန်မာနိုင်ငံဗုဒ္ဓဂယာ ကျောင်းတိုက်ကြီး၏ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသုန္ဒရနှင့်တွေ့ဆုံမေးမြန်းလျှောက်ထားခဲ့။

YWD Online Media .me/ywdonlinemediahttps://www.youtube.com/

10/10/2026

မြန်မာနိုင်ငံ ဗုဒ္ဓဂယာ ကျောင်းများ၏ အဓိပတိ ပဓာနနာယက၊နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၏လွန်တော်မူခြင်း၅နှစ်ပြည့်အထိမ်းအမှတ်ကျေးဇူးရည်စူးကုသိုလ်ပြုပွဲအလှုတော်မဂ်လာနှင့်(၁၄)ကြိမ် မြောက်မိုးကုတ်ဝိပဿနာနေ့မီးငြိမ်း(၇)ရက်အထူးတရားစခန်းပွဲကို
မြန်မာနိုင်ငံဗုဒ္ဓဂယာကျောင်းတိုက်မှာအောက်တိုဘာလ(၇)နေ့ကကျင်းပပါတယ်။
အဆိုပါအခမ်းအနားမှာဇနိတာရာမတောရရာသက်ပန်ရိပ်သာကြီး
ဦးစီးပဓာနနာယကဆရာတော်ဒေါက်တာနန္ဒဝံသ
သာသနာပြုနယ်လှည့်ဓမ္မကထိက ၊ကမ္မဌာနာစရိယ၊သာသနဓဇဓမ္မာစရိယဆရာတော်
သာသနာ့ဇောတိပါလ၊ ဓမ္မာစရိယ၊ပရိယတ္တိသဒ္ဓမ္မဟိတဓမ္မာစရိယ၊ဝိနယဝိဒူPh.D-Indiaနှင့်တွေ့ဆုံ
မေးမြန်းလျှောက်ထားခဲ့ပါတယ်။

YWD Online Media .me/ywdonlinemediahttps://www.youtube.com/

08/10/2026

ဗုဒ္ဓဂယာ ဆရာတော်ကြီးလွန်တော်မူ (၅)နှစ်ပြည့်ရည်စူးကုသိုလ်ပြုပွဲ အလှုတော်နှင့်မိုးကုတ်ဝိပဿနာနေ့မီးငြိမ်း (၇)ရက်အထူးတရားစခန်းပွဲကျင်းပ။

YWD Online Media .me/ywdonlinemediahttps://www.youtube.com/ိ

08/10/2026

ဝါဆိုသက်န်းဆပ်ကပ်ပွဲနှင့ဓမ္မကြ
ာရွတ်ဖတ်ပူဇော်ပွဲကျင်းပ။
YWD Online Media .me/ywdonlinemediahttps://www.youtube.com/ိ

အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်အောက်တိုဘာ ၅ ရက်မှစပြီး အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်နှ...
04/10/2026

အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်

အောက်တိုဘာ ၅ ရက်မှစပြီး အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်သည်။

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပရန်ကုန်၊ အောက်တိုဘာ (၄)           ရွှေတိဂုံစေတီတော် ဘဏ...
04/10/2026

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ အောက်တိုဘာ (၄)
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ၁၃၈၈ခု တော်သလင်း လဆုတ်(၄-၁၀-၂၀၂၆)ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်အပါင်းတို့မှ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊
ဘဒ္ဒန္တနာရဒါဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊သ.စ.အ. ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသီရိမဟာဓမ္မဂုရု၊ တိပိဋကသြဝါဒစရိယထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြပါသည်။

ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာ အရှင်သူမြတ်များထံသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထို့နောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာ‌ကြားပြီး‌နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဥပုသ်သီတင်းသီလဆောက်တည်သူ ယောဂီသူတော်စင် အပေါင်းတို့ကိုလည်း နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းမှုပြုခဲ့သည်။

# ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် ၁၃၈၈ တော်သလင်းလပြည့်ကျော် ၈ ရက် ၌ သီလခံယူပွဲ နှင့် ...
04/10/2026

ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် ၁၃၈၈ တော်သလင်းလပြည့်ကျော် ၈ ရက် ၌ သီလခံယူပွဲ နှင့် နိဗ္ဗာန်ရောက်ကြောင်းတရားပွဲ များကျင်းပ။

ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် ၁၃၈၈ တော်သလင်းလပြည့်ကျော် ၈ ရက် အောက်တိုဘာ (၄) ရက် နံနက် ၉ နာရီတွင်သီလပေးတရားတော်များကို ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ မဟာဗောဓိတိုက်သစ်ကျောင်းဆရာတော် ၊ မြင်းကျားဓမ္မာရုံတွင် ရွှေအောင်ရွေးကျောင်းဆရာတော် မှ လည်းကောင်း
နေ့လည် ၁ နာရီတွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကိုးသိန်းကျောင်းဆရာတော် မြင်းကျားဓမ္မာရုံ၌ ဆုတောင်းပြည့်စာသင်တိုက်ကျောင်းဆရာတော်မှလည်းကောင်း ချီးမြှောက်ဟောကြားပေးခဲ့ပါသည်။

#ဆံတော်ရှင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
၄-၁၀-၂၀၂၆

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959784607494

Alerts

Be the first to know and let us send you an email when YWD Online Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YWD Online Media:

Shortcuts

Share