Liberty News Agency

Liberty News Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Liberty News Agency, Media/News Company, Yangon.

ကျွန်တော်တို့ Liberty News Agency မှအစီအစဉ်နှစ်ခုခွဲကာ ၀န်ဆောင် မှု ပေးသွားမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုကဏ္ဍအနေဖြင့် အပိုင်း နှစ်ပိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဝန်ဆောင်မှု (၁) အနေဖြင့် ပုံနှိပ်မီဒီယာများအတွက်ဖြစ်ကာ
ဝန်ဆောင်မှု (၂) မှာ အွန်လိုင်းစာဖတ်ပရိသတ်များအတွက် ဖြစ်ပါတယ်။

ဒါ့အပြင် Liberty News Agency အနေဖြင့် Website Page တစ်ခုတည်ထောင်ကာ ကျွန်တော်တို့ သတင်း အေဂျင်စီအနေနဲ့ လွတ်လပ်မှုနှင့် တရားမျှတေ

ရးဆိုသော အချက်အောက်မှာ လုပ်ကိုင် သွားမှာဖြစ်ပါတယ်။
ဒါကြောင့် စာဖတ်ပရိတ်သတ်များအနေဖြင့် မိမိတို့ရဲ့ Web Page တွင် ဂျာနယ်ဖတ်နေရသကဲ့သို့ ၀န်ဆောင်မှုများ ပေးသွားမှာဖြစ်ကြောင်း တစ်လလျှင် လေးကြိမ် အသစ်ဖတ်ရှုရမှာဖြစ်ကြောင်း ကြိုတင်သတင်းစ ကား ပြောကြားလိုပါတယ်။

ကြက်ခြေနီအသင်းအကြံပြုချက်
13/07/2021

ကြက်ခြေနီအသင်းအကြံပြုချက်

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပေးလိုက်တဲ့ မြန်မာဘာသာနဲ့ ကိုဗစ် အန္တာရယ်ကနေကာကွယ်၊ရင်ဆိုင်နိုင်ဖို့ပါ။မဖတ်ရသေးသူတွေအတွက် ...
11/07/2021

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
ထုတ်ပေးလိုက်တဲ့ မြန်မာဘာသာနဲ့
ကိုဗစ် အန္တာရယ်ကနေကာကွယ်၊ရင်ဆိုင်နိုင်ဖို့ပါ။
မဖတ်ရသေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။

ဆောင်ရန်
ရှောင်ရန်များကိုသေချာလေ့လာကြပါ။

#ကပ်ဘေးဆိုးကြီးကိုအားလုံးအတူတကွတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်ကျော်ကြပါစို့။

Alpine သောက်ရေသန့်သုံးစွဲသူ မိဘပြည်သူများသို့ အသိပေး ကြေညာချက်==========================================Alpine သောက်ရေသန...
11/07/2021

Alpine သောက်ရေသန့်သုံးစွဲသူ မိဘပြည်သူများသို့ အသိပေး ကြေညာချက်
==========================================

Alpine သောက်ရေသန့်စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် တည်ရှိပြီး ဝန်ထမ်း ၆၅၀ ဦးခန့်ဖြင့် ထုတ်လုပ်မှု ဆောင်ရွက်နေသော စက်ရုံဖြစ်ပါသည်။

Alpine သောက်ရေသန့်စက်ရုံတွင် ဝန်ထမ်းအချို့ COVID-19 ဖြစ်ပွားသည်မှာ မှန်ကန်ပါသည်။

COVID ဖြစ်ပွားသူ ဝန်ထမ်းများအား အချို့ကို ကုသရေးစင်တာနှင့် အချို့ကို မိမိတို့ နေအိမ်များတွင် သီးခြား စနစ်တကျ ဆေးကုသပေးလျက် ရှိပါသည်။ ယခုအခါ ၄င်းတို့အားလုံး ကျန်းမာရေးကောင်းမွန်လျက် ရှိပါသည်။

COVID ပထမလှိုင်းကတည်းက စက်ရုံအတွင်း COVID ကျန်းမာရေး စည်းကမ်းများနဲ့အညီ အကောင်းဆုံး စီမံထားရှိပြီး ဖြစ်ပါသည်။

ယခုကူးစက်မှုမှာ ရပ်ကွက်များအတွင်း ဖြစ်ပွားမှုများပြား၍ ကူးစက်ကြခြင်း ဖြစ်ပါသည်။

Positive ဝန်ထမ်းများနှင့် ထိတွေ့သူများကိုလည်း အလုပ်မှ ၂ ပတ် အနားပေးထားပါသည်။ ယခုအချိန်အတွင် ထိတွေ့သူများအား ကွာရန်တင်းဝင်ရန် နေရာများ စီစဥ်ထားခြင်း မရှိပါ၍ မိမိတို့ အိမ်များတွင်သာ နားခိုင်းထားရခြင်း ဖြစ်ပါသည်။

အလုပ်ချိန်မှာ ယခင်က နံက် ၆ နာရီမှ နေ့လည် ၂ နာရီ တစ်ဆိုင်းနှင့် နေ့လည် ၂ နာရီမှ ည ၁၀ နာရီ တစ်ဆိုင်း၊ စုစုပေါင်း ၂ ဆိုင်းဖြင့် အလုပ်လုပ်နေရာမှ ကာဖျူးအရ ည ၁၀ နာရီအထိ အလုပ်လုပ် မရပါသဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အလုပ်ချိန်ပြောင်းပြီး တစ်ရက်ဆင်း တစ်ရက်နား တစ်ဆိုင်းစနစ်ဖြင့် တစ်ပါတ်လျှင် ၃၆ နာရီသာ အလုပ်ဆင်းရခြင်း ဖြစ်ပါသည်။

COVID ဖြစ်ပွားမှုသည် သောက်ရေသန့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် အရည်အသွေးအား လုံးဝထိခိုက်မှု မရှိပါသဖြင့် အချိန်မရွေး Alpine သောက်ရေသန့် စက်ရုံသို့လာရောက်ကြည့်ရှုနိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးအပ်ပါသည်။

(Unicode)
------------------------------

Alpine သောက်ရေသန့်သုံးစွဲသူ မိဘပြည်သူများသို့ အသိပေး ကြေညာချက်
=========================================

Alpine သောက်ရေသန့်စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် တည်ရှိပြီး ဝန်ထမ်း ၆၅၀ ဦးခန့်ဖြင့် ထုတ်လုပ်မှု ဆောင်ရွက်နေသော စက်ရုံဖြစ်ပါသည်။

Alpine သောက်ရေသန့်စက်ရုံတွင် ဝန်ထမ်းအချို့ COVID-19 ဖြစ်ပွားသည်မှာ မှန်ကန်ပါသည်။

COVID ဖြစ်ပွားသူ ဝန်ထမ်းများအား အချို့ကို ကုသရေးစင်တာနှင့် အချို့ကို မိမိတို့ နေအိမ်များတွင် သီးခြား စနစ်တကျ ဆေးကုသပေးလျက် ရှိပါသည်။ ယခုအခါ ၄င်းတို့အားလုံး ကျန်းမာရေးကောင်းမွန်လျက် ရှိပါသည်။

COVID ပထမလှိုင်းကတည်းက စက်ရုံအတွင်း COVID ကျန်းမာရေး စည်းကမ်းများနဲ့အညီ အကောင်းဆုံး စီမံထားရှိပြီး ဖြစ်ပါသည်။

ယခုကူးစက်မှုမှာ ရပ်ကွက်များအတွင်း ဖြစ်ပွားမှုများပြား၍ ကူးစက်ကြခြင်း ဖြစ်ပါသည်။

Positive ဝန်ထမ်းများနှင့် ထိတွေ့သူများကိုလည်း အလုပ်မှ ၂ ပတ် အနားပေးထားပါသည်။ ယခုအချိန်အတွင် ထိတွေ့သူများအား ကွာရန်တင်းဝင်ရန် နေရာများ စီစဉ်ထားခြင်း မရှိပါ၍ မိမိတို့ အိမ်များတွင်သာ နားခိုင်းထားရခြင်း ဖြစ်ပါသည်။

အလုပ်ချိန်မှာ ယခင်က နံက် ၆ နာရီမှ နေ့လည် ၂ နာရီ တစ်ဆိုင်းနှင့် နေ့လည် ၂ နာရီမှ ည ၁၀ နာရီ တစ်ဆိုင်း၊ စုစုပေါင်း ၂ ဆိုင်းဖြင့် အလုပ်လုပ်နေရာမှ ကာဖျူးအရ ည ၁၀ နာရီအထိ အလုပ်လုပ် မရပါသဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အလုပ်ချိန်ပြောင်းပြီး တစ်ရက်ဆင်း တစ်ရက်နား တစ်ဆိုင်းစနစ်ဖြင့် တစ်ပါတ်လျှင် ၃၆ နာရီသာ အလုပ်ဆင်းရခြင်း ဖြစ်ပါသည်။

COVID ဖြစ်ပွားမှုသည် သောက်ရေသန့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် အရည်အသွေးအား လုံးဝထိခိုက်မှု မရှိပါသဖြင့် ချိန်မရွေး Alpine သောက်ရေသန့် စက်ရုံသို့လာရောက်ကြည့်ရှုနိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးအပ်ပါသည်။

(Zawgyi)

ကိုဗစ်ဖြစ်ရင်ဆက်သွယ်ရမယ့် ဒေသန္တရဖုန်းနဲ့ ပရဟိတအသင်းဖုန်း။COVID လူနာလမ်းကြောင်း၁) ဒေသန္တရကို အရင်သွားရမည်၂)ဒေသန္တရမှာ စစ...
11/07/2021

ကိုဗစ်ဖြစ်ရင်ဆက်သွယ်ရမယ့် ဒေသန္တရဖုန်းနဲ့ ပရဟိတအသင်းဖုန်း။

COVID လူနာလမ်းကြောင်း

၁) ဒေသန္တရကို အရင်သွားရမည်
၂)ဒေသန္တရမှာ စစ်ပေးနေပြီ
၃)YGH သွားလျှင် ဒေသန္တရလွှဲစာပါမှ လက်ခံတော့မယ်
၄)ဒေသန္တရမှာ positive ဖြစ်လျှင် တိုင်းကျန်းကို ဖုန်းဆက်အကြောင်းကြားပြီး သွားရမယ့်နေရာကို တိုင်းကျန်းမှဆုံးဖြတ်သည်
၅)ပြီးမှ ဖောင်ကြီး၊ ရိုးမ၊ အင်းလျား၊MCC ပို့သည်။





အသိပေးကြေငြာချက်                                                  ၁၁-၇-၂၀၂၁စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအ...
11/07/2021

အသိပေးကြေငြာချက်
၁၁-၇-၂၀၂၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid 19 ေရာဂါကာကွယ် ကုသမှု လုပ်ငန်းစဉ်များအား အထောက်အကူဖြစ်စေရန်အတွက် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းစဉ်များအား ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှအချိန်နှစ်တပြေးညီခွင့်ပြု ဆောင်ရွက်ပေး လျက်ရှိပါသည်။

လက်တလော Covid 19 ကုသရေးတွင်လိုအပ်နေသည် Oxygen Concentrator များတင်သွင်းမှုအတွက် FDA ထောက်ခံချက် နှင့် သွင်းကုန်လိုင်စင်လျောက်ထားရန်မလိုအပ်သည့်အပြင် အကာက်ခွန် ၃% အတွက် လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျော့ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ မသမာသူ အချို့မှ ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းမှုအား ပိတ်ပင်သည့် ရုံးစာအတုပြုလုပ်၍ စျေးကွက်တွင်စျေးနှုန်းများကြီးမြင့်လာစေရန်နှင့် ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် Social Media တွင် ရေးသားဖေါ်ပြလာခြင်းအားစိစစ်တွေ့ရှိရပါသည်။

အဆိုပါ ရုံးစာသည် Fake News(အတု)သာဖြစ်ပြီး သတင်းအချက်အလက်အတုအပ ပြုလုပ် ဖြန့်ဝေသူများအား ဖေါ်ထုတ်ပြီး တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့်ဆေးဝါးနှင့်ဆက်စပ်စက်ပစ္စည်းများတင်သွင်းမှုအား ဖြေ့လျော့၍ အချိန့်နှင့်တပြေးညီခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း လေးစားစွာဖြင့် အသိပေး တင်ပြအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန



--

09/07/2021

ကိုဗစ်ကူးစက်သူ အသစ် ၄၃၂၀ ဦး၊ သေဆုံးသူ ၆၄ ဦး ရှိ

ကိုဗစ်ကူးစက်မှု အသစ် တစ်နေ့တည်းတွေ့ရှိမှု လေးထောင်ကျော်လာတာ နှစ်ရက်ဆက် ရှိပြီဖြစ်ပြီး ဒီကနေ့ ကူးစက်သူ အသစ် ၄၃၂၀ ဦး နဲ့ သေဆုံးသူ ၆၄ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

09/07/2021

၂၄နာရီ အောက်ဆီဂျင် ဖြည့်ပေးနေပါပြီ တဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွှေပြည်ညွန့် (ဖုန်း ၀၉-၈၅၅၀၃၈၃)
အမှတ်(၅/က)၊ (၆)လမ်း၊ (၈)ရပ်ကွက်၊
တောင်ဥက္ကလာ စက်မှုဇုန်။

CREDIT Thura So

ကျောင်းများယာယီပိတ်
09/07/2021

ကျောင်းများယာယီပိတ်

မတ် ၁
01/03/2021

မတ် ၁

ကလပ်ကမ္ဘာဖလားချန်ပီယံဆုရယူပြီးတစ်နှစ်အတွင်းဖလားခြောက်လုံးရယူနိုင်တဲ့ဒုတိယအသင်းဖြစ်လာတဲ့ ဘိုင်ယန်မြူးနစ် =================...
12/02/2021

ကလပ်ကမ္ဘာဖလားချန်ပီယံဆုရယူပြီးတစ်နှစ်အတွင်းဖလားခြောက်လုံးရယူနိုင်တဲ့ဒုတိယအသင်းဖြစ်လာတဲ့ ဘိုင်ယန်မြူးနစ်
===================================================================
ဂျာမနီထိပ်သီးဘိုင်ယန်မြူးနစ်အသင်းဟာမက္ကဆီကိုကလပ်တိုက်ဂါးစ်အသင်းကို၁ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက်ဖီဖာကလပ်ကမ္ဘာဖလားချန်ပီယံဆုရယူနိုင်ခဲ့ရာတစ်နှစ်အတွင်းဖလားခြောက်လုံးရယူနိုင်တဲ့ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ၈လအတွင်းမှာ ဂျာမ နီအမှတ်ပေးချန်ပီယံဆု၊ချန်ပီယံလိဂ်ချန်ပီယံဆု၊ဥရောပစူပါဖလား၊ဂျာမာန်ပိုကယ်ဖလား၊ဂျာမန်စူပါဖလားနဲ့ကလပ်ကမ္ဘာဖလားတွေရယူနိုင်ခဲ့တာပါ။ဘိုင်ယန်မြူနစ်းအသင်းဟာကမ္ဘာဘောလုံးသမိုင်းတစ်လျှောက်မှာဘာစီလိုနာပြီးရင်ဖလားခြောက်လုံးရယူနိုင်တဲ့ဒုတိယအသင်းဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ၂၀၀၉ခုနှစ်တုန်းကနည်းပြဂွါဒီယိုလာတာဝန်ယူချိန်အတွင်းကလပ်ကမ္ဘာဖလားချန်ပီယံ၊လာလီဂါချန်ပီယံဆု၊ချန်ပီယံလိဂ်ချန်ပီယံဆုအပါအဝင်ချန်ပီယံဆုဖလားခြောက်လုံးပထမဆုံးရယူနိုင်ခဲ့ဖူးပါတယ်။မက္ကဆီကိုကလပ်တိုက်ဂါးစ့်အသင်းကိုအနိုင်ရတဲ့ပွဲမှာဘိုင်ယန်မြူးနစ်အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုဘင်ဂျမင်ပါဗက်ဒ်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
#
ရင်းမြစ် Sport Ling

ဖေဖော်ဝါရီ ၁၂/ ၂၀၂၁လွတ်ငြိမ်း
12/02/2021

ဖေဖော်ဝါရီ ၁၂/ ၂၀၂၁
လွတ်ငြိမ်း

Address

Yangon

Alerts

Be the first to know and let us send you an email when Liberty News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Liberty News Agency:

Share