06/08/2025
II. (1). (ii). (b). (ii) Air Side
(D) Ducting Insulation
Insulation ဘာလို့လုပ်ရတာလဲစဉ်းစားကြည့်ရအောင်
- to maintain air temperature ( လေထဲကအပူကိုထိမ်းရန်)
- to prevent condensation ( ရေငွေ့ပျံပြီးရေမကျစေရန် )
- to save energy ( စွမ်းအင်ချွှေတာရန် )
- to reduce noise ( ဆူညံမှုကို လျှော့ချရန် )
- to improve performance ( စနစ်ရဲ့ စွမ်းဆောင်ရည်တိုးရန် )
Insulation အမျိုးအစား ဘယ်နှစ်မျိုးလောက်ရှိလဲဆိုရင် အဓိကအားဖြင့်
1. External insulation
2. Internal insulation ဆိုပြီးရှိမယ်။
Flexible duct တွေမှာလိုသုံးတာကို external insulation ထဲယူသင့်တယ်။
External insulation ဆိုတာက duct ရဲ့အပြင်ဘက် မှာ တပ်ဆင်ရတဲ့အမျိုးအစားဖြစ်တယ်။
- fibre glass, glass wool, rockwool, foam အစရှိသဖြင့် project အမျိုးအစားကိုလိုက်ပြီး ရှိနိုင်တယ်။ အထူ ( thickness ) လည်း အသုံးပြုတဲ့ duct ( SAD, PAD, FAD, EAD ) ၊ နေရာ ကိုလိုက်ပြီး 25 mm ကနေ 50 mm , 100 mm ( eg. PAD under direct sunlight ) ထိရှိနိုင်တယ်။ တချို့နေရာတွေမှာ ( FAD, EAD တွေအတွက်) aerosheet တွေဆို 15 mm သုံးတာမျိုးလည်းရှိနိုင်တယ်။
Internal insulation ကတော့ equipments ( FCU, AHU, FAN ) တွေရဲ့ အဝင်အထွက် duct တွေမှာ အများအားဖြင့်သုံးကြတယ်။ Accaustic အတွက်အဓိကရည်ရွယ်ပြီး insulation အတွက် ရော ရည်ရွယ်ချက် နှစ်ခုစလုံးအတွက်သုံးကြတယ်။ Silencer တွေမှာသုံးတာလည်း internal duct အမျိုးအစားပါပဲ။
Fire rated duct တွေမှာ rockwool သုံးတာလဲ insulation အတွက်ပါ ဖြစ်တယ်။
HVAC & ACMV Notes