Mahar Sarpay

Mahar Sarpay ရသစာပေအတွက် သဲတပွင့်လောက် ပါဝင်ခွင့်ရရင်တောင် ကျေနပ်ပါပြီ

Mahar Sarpay was officially founded in 2015 with a vision rooted in the development and flourishing of literature. The guiding principle, or motto, of Mahar Sarpay is to actively engage in literary advancement from every corner and through collaborative efforts. Since its inception, Mahar Sarpay has published approximately 150 books spanning genres such as translations, autobiographies, and both f

iction and non-fiction that offer entertainment and knowledge. To date, the publishing house has sold nearly 10 million books in the Myanmar market alone, marking a significant impact on the country's literary scene. Mahar Sarpay has partnered with around 40 distinguished authors to bring a wide range of literary works to the public, with a primary focus on producing high-quality fiction. In the field of translation, Mahar Sarpay has published approximately 50 translated works, two of which were granted official translation rights from the original publishers, ensuring legal and high-quality reproductions of international works for the Myanmar audience. Specifically, the books Miss Burma and All The Light We Cannot See were legally translated and republished after Mahar Sarpay obtained the necessary translation rights from the original rights holders. Although Mahar Sarpay has acquired the official translation rights for several other notable works, the company has not yet been able to publish them due to current circumstances, but they remain committed to doing so in the future when conditions permit. This dedication reflects Mahar Sarpay's continuous effort to contribute to the cultural and intellectual landscape of Myanmar by making globally recognized literature accessible to local readers in a legally compliant and ethically responsible manner.

📖 ဆန်းမြထွန်းဝင်း🖊  တစ်ဖက်တည်းက🗒  စာမျက်နှာ - ၁၂၆💸 တန်ဖိုး ၇၀၀၀ ကျပ်🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူ...
13/09/2025

📖 ဆန်းမြထွန်းဝင်း
🖊 တစ်ဖက်တည်းက
🗒 စာမျက်နှာ - ၁၂၆
💸 တန်ဖိုး ၇၀၀၀ ကျပ်
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384
📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌
တစ်ဖက်တည်းက … တဲ့။ စာရေးသူ ဆန်းမြထွန်းဝင်း ရေးသားတဲ့ဒီစာအုပ်ကလေးဟာ ခေါင်းစဉ်လေးမြင်တာနဲ့တင် ဘာအကြောင်းအရာကို ဖတ်ရမလဲ ဆိုပြီး စိတ်ဝင်စားစရာဖြစ်စေတဲ့ ဝတ္ထုနာမည်လေးပါပဲနော်။ ကျောဖုံးက ကောက်စာလေးကလည်း ဖတ်ချင်စိတ်ဖြစ်ဖို့ အရမ်းဆွဲဆောင်နေပြန်ပါတယ်။

“တကယ်မချစ်ဘဲ
နှလုံးသားချင်း ထပ်ကစားမိတဲ့အခါ
တစ်ယောက်ယောက်ကတော့
သေလုနီးပါး ခံစားရတတ်တယ်” တဲ့ …

ဒီစာအုပ်ဟာ အကွေ့အဝိုက်များတဲ့ လူသားတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းလို့ပဲ ဆိုကြပါစို့။ နိဒါန်းကနေ အစချီပြီး စာရေးသူရဲ့ ငယ်ဘဝတွေဆီ စာဖတ်သူကို တောက်လျှောက် ခေါ်ဆောင်သွားပါလိမ့်မယ်။ နာကျင်ဝမ်းနည်းစရာ နေ့ရက်တွေအကြောင်း၊ ဆုံးရှုံးသွားရတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို စာအုပ်လေးရဲ့ စာမျက်နှာတွေကတစ်ဆင့် မြင်တွေ့ရပါလိမ့်မယ်။

ဆန်းမြထွန်းဝင်းရဲ့ တစ်ဖက်တည်းက … ကို ဖတ်တဲ့အခါ ငယ်စဉ်ကလေးဘဝရဲ့ နေ့ရက်တွေ၊ အရွယ်ရောက်လာတဲ့ လူသားတစ်ဦးရဲ့ဘဝအခက်အခဲ ရုန်းကန်ရမှုတွေ၊ ယောက်ျားတစ်ယောက်ရဲ့ မိန်းမတစ်ယောက်အပေါ်ထားရှိတဲ့ အချစ်တွေကို တစိမ့်စိမ့်ဖတ်ရင်း တသိမ့်သိမ့်ခံစားမိပါလိမ့်မယ်။ တကယ်တော့ တစ်ဖက်တည်းက … ဆိုတဲ့ စကားလုံးလေးကို အကြိမ်ကြိမ်ရေရွတ်ကြည့်မိတဲ့အခါ အဓိပ္ပာယ်အများကြီးရှိလာသလို ဝမ်းနည်းစရာစိတ်ခံစားချက်ကိုလည်း ရရှိလာတာပါ။ နှစ်ဦးနှစ်ဖက် ထပ်တူမကျနိုင်တဲ့ မေတ္တာတွေကို တစ်ဖက်တည်းက ပုံအောပြီးပေးမိတဲ့အခါ၊ သက်ရောက်မှုရှိမလာတဲ့ သံယောဇဉ်ကို တစ်ဖက်တည်းကပဲ ရစ်ပတ်နှောင်တွယ်မိတဲ့အခါ ဘယ်လိုအရာတွေ ဆက်ဖြစ်လာမလဲဆိုတာ စာရေးဆရာက ဒီဝတ္ထုမှာ ပုံဖော်ထားပါတယ်။

တစ်ဖက်တည်းကပဲ နာကျင်ခံစားနေရတဲ့အခါ ဘဝနဲ့အချစ်ဟာ အဓိပ္ပာယ်ရှိပါရဲ့လား … ဘဝတစ်ခုမှာ လူဖြစ်လာရင် ချစ်ခြင်းမေတ္တာဟာ အချိုးအစားထပ်တူကျမှ ကြိုးစားရုန်းကန်ရခြင်းတွေ အဓိပ္ပာယ်ရှိလာမှာ ဖြစ်သလို မျှော်လင့်ချက်တိုင်းကလည်း လှပလာနိုင်မှာပါ။

Sarpay
#တစ်ဖက်တည်းက
#ဆန်းမြထွန်းဝင်း
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

စာအုပ်တွေ ပို့တဲ့အခါ လိပ်စာကို တိတိကျကျ မေးရပါတယ်ခင်ဗျာ။ စာအုပ်ဝယ်သူတွေအများစုထဲကမှ တချို့တလေကကျတော့ သူတို့ရဲ့ လိပ်စာ အပ...
30/08/2025

စာအုပ်တွေ ပို့တဲ့အခါ လိပ်စာကို တိတိကျကျ မေးရပါတယ်ခင်ဗျာ။ စာအုပ်ဝယ်သူတွေအများစုထဲကမှ တချို့တလေကကျတော့ သူတို့ရဲ့ လိပ်စာ အပြည့်အစုံပေးဖို့ကို အခက်အခဲ ရှိကြတယ်နဲ့တူပါတယ်။

လက်ရှိခေတ်ကာလအနေအထားအရ စာအုပ်တိုက်နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ Delivery Service တွေမှာလည်း သူတို့ ပေးပို့ရမယ့် ပါဆယ်ရဲ့ လိပ်စာပြည့်စုံမှုမရှိရင် ပါဆယ်ပေးပို့လို့ မရပါဆိုတဲ့ ညွှန်ကြားချက် ရှိတယ်လို့ထင်ပါတယ်။

အဲ့လို အချက်တွေကြောင့် စာအုပ်ဝယ်သူတွေကို လိပ်စာ တိတိကျကျလေး တောင်းဆိုတဲ့အခါ အတတ်နိုင်ဆုံး လိုက်လျောပေးကြဖို့ မေတ္တာရပ်ခံတဲ့အကြောင်း အသိပေးချင်တာပါခင်ဗျာ။

စာအုပ်ဝယ်သူတွေအနေနဲ့လည်း စာပေတိုက်က လိပ်စာ ပြည့်ပြည့်စုံစုံ မေးမြန်းတဲ့အခါ စိတ် ကသိကအောက် မဖြစ်ကြပါနဲ့လို့လည်း တောင်းဆိုပါတယ်ခင်ဗျ။

အခြေအနေ အကြောင်းကြောင်းကြောင့် စာဖတ်သူတို့အနေနဲ့ အားလုံးကို နားလည် လက်ခံပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ရပါတယ်ခင်ဗျ။

မဟာစာပေ

https://www.facebook.com/RoyalExpressMyanmar/posts/pfbid0ZKzj25TGiD7tTViin3DCP86gJ5XrVQDNSwayeTDocGrizoCPFykyt92ewS9ULQD8l

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ၏ ဝန်ဆောင်မှုကို
အသုံးပြုရာတွင် လူကြီးမင်းတို့၏
ပေးပို့ပါဆယ်ပစ္စည်းများ ဆုံးရှုံးနစ်နာမှု
မဖြစ်ပေါ်စေရန် အောက်ဖော်ပြပါ အချက်များအား
ပူးပေါင်းလိုက်နာ ဆောင်ရွက်ပေးရန်
လိုအပ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။🙏

၁။ ပေးပို့သည့် ပါဆယ်ပစ္စည်းများအား
𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 တာဝန်ကျ ဝန်ထမ်းများမှ
လိုအပ်ပါက ဖွင့်ဖောက်စစ်ဆေးရမည့်
တာဝန်ရှိသည်ကို ကြည်ဖြူစွာလက်ခံပေးရန်။☺️

၂။ ပေးပို့ပါဆယ်များအတွက် လက်ခံမည့်သူ၏
အမည်၊ နေရပ်လိပ်စာအတိအကျ
(အိမ်အမှတ်၊ လမ်းအမည်၊ မြို့နယ်၊ မြို့၊ ပြည်နယ်/တိုင်း) နှင့် ဖုန်းနံပါတ် ဘောင်ချာပေါ်တွင် ရေးသားဖော်ပြပေးပါရန်။
ရုံးတွင်လာယူမည် ဆိုပါက “ရုံးလာယူမည်” ဟူသော
မှတ်ချက်အား 𝐖𝐚𝐲𝐛𝐢𝐥𝐥 ပေါ်ရှိ 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
နေရာတွင် ရေးသားဖော်ပြပေးရန်။
𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 တွင် “ရုံးလာယူမည်” ဟု
ရေးသားထားပါကလည်း လက်ခံသူ၏ လိပ်စာအပြည့်အစုံ
မဖြစ်မနေ ပါဝင်ရန် လိုအပ်ကြောင်း သိရှိကြရန်။✍️

၃။ ပေးပို့သည့်ပစ္စည်း၏ အမျိုးအမည်အား
𝐖𝐚𝐲𝐛𝐢𝐥𝐥 ၏ (𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧 အကွက်တွင်)
မဖြစ်မနေတိကျစွာ ရေးသားဖော်ပြပေးပါရန်။
ပေးပို့သည့် ပစ္စည်းအမျိုးအမည်ကို မရေးသားထားသော
ပါဆယ်ပစ္စည်းများကို လက်ခံဝန်ဆောင်မှု
ပေးနိုင်မည် မဟုတ်သည်ကို သိရှိထားပါရန်။🚫

၄။ ပါဆယ်တစ်ခုအတွင်းတွင် အမျိုးအစား
မတူညီသည့် ပစ္စည်းများ ရောနှော၍ ပေးပို့ခြင်းကို
လုံး၀ ရှောင်ကျဥ်ပေးပါရန်။
(ပါဆယ်တစ်ခု + ပစ္စည်းတစ်မျိုး 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧
ပေါ်တွင် ပစ္စည်းအမျိုးအမည်တစ်ခုသာဖြစ်ရမည်။
ပေးပို့သည့်ပါဆယ်ပစ္စည်းများသည် တစ်ကိုယ်ရည်သုံး
အတွက်သာ အသုံးပြုသည့် အရေအတွက် ဖြစ်ရမည်။)🤏

၅။ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐋𝐢𝐦𝐢𝐭𝐞𝐝 ၏
၀န်ဆောင်မှုကို အသုံးပြု၍ ပေးပို့သော
ပါဆယ်ပစ္စည်းများတွင် ပေးပို့ခွင့်မရှိသည့်
ကန့်သတ်ပစ္စည်းများ ပါ၀င်နေပါက ပေးပို့သူသည်
တရားဥပဒေအရ ရင်ဆိုင်ရမည့် ပြဿနာအဝဝအတွက်
တာ၀န်ရှိကြောင်း သတိပြုသိရှိထားရန်။👀

၆။ ပေးပို့သည့်ပါဆယ်ပစ္စည်းပေါ်တွင်
"မဖောက်ရ/မဖွင့်ရ” စသည့် အမှတ်အသား များအား
ရေးသားဖော်ပြထားခြင်း လုံး၀ (လုံး၀) မပြုလုပ်ရန်။❌

၇။ လက်ခံသူ၏ အချက်အလက်များနှင့်
အတွင်းတွင်ပါရှိသည့် ပစ္စည်းအမျိုးအစားများကို
မှားယွင်းသည့် အချက်အလက်များဖြင့် ဖုံးကွယ်၍ (သို့)
ပေးပို့ရန်လက်မခံသည့် ပစ္စည်းများကို ကွယ်ဝှက်၍
ပို့ဆောင်ပါက ပေးပို့သူတွင် တာ၀န်အပြည့်
ရှိကြောင်းသိရှိထားရန်။✅

✨“𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှပေးပို့ရန်လက်မခံသည့်ပစ္စည်းများ”✨

(၁) ရွှေထည်၊ ငွေထည်နှင့် ရှေးဟောင်းပစ္စည်းများ ကျောက်မျက်ရတနာနှင့် တန်ဖိုးကြီးပစ္စည်းများ

(၂) မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ

(၃) 𝐅𝐃𝐀 မှတားမြစ်ထားသော ပစ္စည်းများနှင့်
𝐅𝐃𝐀 မှ ခွင့်ပြုချက် မရရှိထားသော အစားအစာ၊
အလှကုန်နှင့် ဆေးဝါးများ

(၄) အမြင်မတင့်တယ်သော ပစ္စည်းများ
(𝐒𝐞𝐱𝐮𝐚𝐥 နှင့်ပတ်သက်သော ပစ္စည်းများ)

(၅) ငွေစက္ကူကဲ့သို့ တန်ဖိုးရှိသော ပစ္စည်းများ
ထီလက်မှတ်၊ ချက်လက်မှတ်များနှင့်
ပြန်လည်အစားထိုးပြုလုပ်ရန် ခက်ခဲသော စာရွက်စာတမ်းများ

(၆) လက်နက်များ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့်
ဆက်စပ်ပစ္စည်းများ၊ လက်နက်အစစ်နှင့် အနီးစပ်ဆုံး
တူသော ကစားစရာများ

(၇) အချွန်အထက်ပစ္စည်းများ၊ ဆက်သွယ်ရေးစက်နှင့်
ဆက်စပ်ပစ္စည်းများ၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်
ပစ္စည်းများ၊

(၈) 𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤၊ ဘတ်ထရီ နှင့် မီးစက်များ

ဒေသအလိုက် ပေးပို့ရန်ကန့်သတ်ထားသော ပစ္စည်းများနှင့်
ပတ်သတ်၍ အသေးစိတ်ကို သိရှိလိုပါက နီးစပ်ရာ
𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရုံးခွဲများနှင့် 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 သို့
ဆက်သွယ်မေးမြန်းနိုင်ပါသည်။📲

📖 အကြည်တော်🖊  လူပျိုအပျိုဖတ်စာ (တတိယကြိမ်)🗒  စာမျက်နှာ - ၁၂၇💸 တန်ဖိုး ၇၀၀၀ ကျပ်🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့...
23/08/2025

📖 အကြည်တော်
🖊 လူပျိုအပျိုဖတ်စာ (တတိယကြိမ်)
🗒 စာမျက်နှာ - ၁၂၇
💸 တန်ဖိုး ၇၀၀၀ ကျပ်

🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384
📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌
သမီးရည်းစားတွေ ဆိုတာ...

အမြဲတမ်း စစ်ပွဲစတင်တယ် ၊
အမြဲတမ်း လက်နက်ချတယ် ၊
အမြဲတမ်း စစ်ပြေ ငြိမ်းတယ် ၊
အမြဲတမ်း ချစ်ကြည်ရေးကတိတွေ ပေးတယ် ၊
အမြဲတမ်း စစ်ပွဲ ပြန်လည်စတင်တယ် ၊
အမြဲတမ်း လက်နက် ပြန်ချတယ် ၊
ဒီ အမြဲတမ်းတွေက ကမ္ဘာဦး ကတည်းက လူပျို အပျိုတွေ ကြုံရတဲ့ ပြဿနာ မဟုတ်လား။

ရောဂါတစ်ခုရဲ့ ဇာစ်မြစ်ကို သိမှ ဆေးကုသနိုင်သလိုပဲ လူငယ်တွေရဲ့ အချစ်ပြဿနာတွေရဲ့ အကြောင်းရင်းကို ဆန်းစစ်ဝေဖန် လမ်းညွှန်ပြထားတဲ့ ဆရာ အကြည်တော်ရဲ့ စာအုပ်အသစ်။

အပျိုလူပျိုဖတ်စာ လို့ ဆိုထားတဲ့ ဒီစာအုပ်လေးက ဆုံးမစာ လုံးဝ မဟုတ် ၊ ရှေ့ကို အရင် ရောက်နှင့်နေသူ တစ်ယောက်ရဲ့ လမ်းညွှန်စာအုပ် ၊ တစ်နည်း ပြောရရင် လမ်းပြမြေပုံလိုပေါ့။

ငယ်ရွယ်နုနယ် အသိမကြွယ်သေးတဲ့ အပျို လူပျိုလေးတွေအတွက် ချစ်မှုနယ်ပယ်မှာ ဆောင်သင့်တာလေးတွေ ၊ ရှောင်သင့်တာလေးတွေကို ဆရာ အကြည်တော်က စေတနာရှေ့ထား အမှာစကား ပါးလိုက်တဲ့ စာလေးတွေလည်း ဖြစ်ပါတယ် ။

လူကသာ လက်တောက်လောက် အတွေ့အကြုံတွေက ဆရာကြီးလောက် ဖြစ်နေကြတဲ့ အခုခေတ်မှာ အပျို လူပျိုလေးတွေ ဟာ အမြန်ချစ်ကြ ၊ အမြန်ကွဲကြ ဖြစ်နေကြတာ များလှချည့် ။ အဲဒီ ကိစ္စ အပေါ် ဆရာ အကြည်တော်ရဲ့ သုံးသပ်ချက် တစ်ခုကတော့ " သဝန်တိုခြင်း " ကြောင့်လို့ ဆိုပါတယ် ။ စဉ်းစားစရာ မဟုတ်ပါလား...

"ကိုယ့်ကိုယ်ကိုယ် အင်မတန်မှကို အကောင်းမြင်တတ်ပြီး အင်မတန်မှကို စိတ်ရှည်သည်းခံနိုင်တယ် ထင်နေလား "

"ရည်းစားထားကြည့်ပါ " လို့ဆိုပြီး သမီးရည်းစား ဖြစ်ခြင်းကြောင့် စိတ်ရှည်တာ ၊ စိတ်တိုတာ ၊ စိတ်မတိုမရှည် ဖြစ်တာတွေကို ရေးပြထားတာလည်း သဘောကျစရာ။

အချုပ်ပြောရရင် ဒီစာတွေဟာ ချစ်ခြင်းတရားရဲ့ လမ်းဆုံးဘူတာ ရောက်ပြီးသူ အိမ်ထောင်သည်တွေနဲ့ မဆိုင်ရေးချ မဆိုင်ဘဲ ငယ်ရွယ် နုပျိုဆဲ အချစ်ဘူတာ အစကနေ ခရီးနှင်မယ့် အပျိုလူပျို လေးတွေ ဖတ်ဖို့ ဖြစ်ပါကြောင်း။

Sarpay
#လူပျိုအပျိုဖတ်စာ
#အကြည်တော်
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

🪵 ကျားပါးစပ်ထဲ ဝင်သွားပြီးရင် ပြန်ထွက်ရိုးထုံးစံမရှိဘူး..အေး... တကယ်လို့ ထွက်သွားခဲ့ရရင်လဲ အရှင်ထွက်တော့ ထွက်ရမှာ မဟုတ်ဘ...
21/08/2025

🪵 ကျားပါးစပ်ထဲ ဝင်သွားပြီးရင် ပြန်ထွက်ရိုးထုံးစံမရှိဘူး..
အေး... တကယ်လို့ ထွက်သွားခဲ့ရရင်လဲ အရှင်ထွက်တော့ ထွက်ရမှာ မဟုတ်ဘူး...။

#ကျားဖောင် (အာကာခေတ်ပိုင်)


🪵 သူများနိုင်ငံကို ခိုးဝင်တယ်ဆိုတာ မလွယ်ဘူး သိလား... အစ်မက သွားနေကျဆိုတော့ အတွေ့အကြုံရှိတယ်၊
မမိရင်တော့ ဘာမှမဖြစ်ဘူး၊ မိရင်တော့ တခါတည်း.....။

#ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေ (နေဝန်းနီ-နတ်မောက်)

❓ ဒီရက်ပိုင်းမှာ ဒီစာအုပ် ၂ အုပ်ကို တွဲပြီး မှာကြတဲ့ စာဖတ်သူတွေကို မေးချင်တာ..❓

⛵️ ကျားဖောင် စာအုပ်ထဲက ဖောင်ဦးစီး မှတ်ကြီးနဲ့

💫 ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေ စာအုပ်ထဲက ကျားဖြန့်ခေါင်းဆောင်ရဲ့ လက်ကိုင်တုတ်များအဖြစ် လက်သက်မွေးထားသော ပေါင်အမ်း
ဘယ်သူက ပိုပြီး လူမဆန်သလဲလို့..။
ဖတ်ရင်းနဲ့ မောပါတယ်ဗျာ

📖 ကျားဖောင်🖊  အာကာခေတ်ပိုင်🗒  စာမျက်နှာ - ၁၆၆💸 တန်ဖိုး ၉၀၀၀ ကျပ်🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများ...
11/08/2025

📖 ကျားဖောင်
🖊 အာကာခေတ်ပိုင်
🗒 စာမျက်နှာ - ၁၆၆
💸 တန်ဖိုး ၉၀၀၀ ကျပ်

🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384

📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌

ကျားဖောင်ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ပင်လယ်ပြင်က ငရဲခန်းလို့ ပြေးမြင်မိကြမှာပါ။ လူတွေဟာ ပင်လယ်ထဲက သတ္တဝါတွေကို ကုန်းပေါ်ဆယ်ယူပြီး စီးပွားရေးလုပ်ကြတယ်။ တချို့ကတော့ ပိုက်ဆံအတွက် ပင်လယ်ထဲကို ပြန်ဆင်းပြီး အသက်ပေးသွားရပြန်တယ်။ ကျားဖောင်ကို လူနဲ့သတ္တဝါ၊ လူနဲ့ငွေကြေး၊ အလဲအထပ်လုပ်ကြတဲ့နေရာလို့ ဆိုရင်လည်း မမှားပါဘူး။ ပင်လယ်ပြင်ကြီးကပေးတဲ့ ဝေဒနာ၊ လူလူချင်းကပေးတဲ့ ဒုက္ခတွေကြား ကုန်းပေါ်ပြန်တက်မယ့်ရက်ကို လက်ချိုးစောင့်နေရပြီး ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းရတဲ့ လူ့ငရဲတွင်းတစ်ခုပါပဲ။

ဆရာအာကာခေတ်ပိုင်က ဒီဖြစ်ရပ်တွေကို ကျားဖောင်ဆိုတဲ့စာအုပ်အဖြစ် ပုံဖော် ရေးဖွဲ့ထားပါတယ်။ ဒီစာအုပ်ထဲမှာ ပင်လယ်မှာ အသက်မွေးပြီး စီးပွားရှာကြတဲ့ ကျားဖောင်လုပ်ငန်းအကြောင်းကို ဗဟုသုတရစရာအဖြစ် သိခွင့်ရပါလိမ့်မယ်။ ဒါ့အပြင် ဖောင်ဦးစီးချုပ်တွေ၊ ဖောင်ဦးစီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ၊ ဖောင်နောက်လိုက်တွေအပေါ် ကိုယ်ချင်းမစာနာစွာ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း မြင်တွေ့ရပြန်ပါတယ်။

လူပွဲစားတွေရဲ့ ငွေရလိုမှုတစ်ခုတည်းအတွက် လူလူချင်းအမြတ်ထုတ်ပုံတွေကို ဖတ်ရတဲ့အခါမှာလည်း ဒေါသထွက်ပြီး ခံပြင်းစရာပါ။ ကိုယ့်နိုင်ငံထဲမှာတင် ကိုယ့်လူမျိုးအချင်းချင်းက လူကုန်ကူးတဲ့ဖြစ်ရပ်တွေဟာ နေရာတိုင်းမှာ လူမသိသူမသိဘဲ အများကြီးရှိနေနိုင်ပါတယ်။ ဒီလိုအကြောင်းအရာတွေကို စာရေးဆရာက စာရေးခြင်းအတတ်ပညာနဲ့ ဝတ္ထုတစ်အုပ်ထဲမှာ လှလှပပ အကွက်ဆင်ကာ ထည့်သွင်းပုံဖော်ထားပါတယ်။

ကျားဖောင်စာအုပ်ထဲမှာ ဖောင်ဦးစီးမှတ်ကြီး၊ ဦးခင်ဝင်း၊ မိုးစည်နဲ့ရဲထက်တို့ လေးဦးရဲ့ မတူညီတဲ့ ဘဝဖြစ်စဉ်တွေကို တွေ့ရပါလိမ့်မယ်။ ဒီလူလေးဦးဟာ အန္တရာယ်များပြားလှတဲ့ ကျားဖောင်ပေါ်ကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာကြသလဲ၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆရာအာကာခေတ်ပိုင်က စိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ ဒီလူတွေဟာ ကုန်းပေါ်ကိုရော ပြန်ရောက်ခွင့်ရပါ့မလား။ ပင်လယ်ထဲမှာ အချိန်မရွေး အစပျောက်သွားမလား။ ကိုယ့်နိုင်ငံအတွင်းမှာပဲ နေထိုင်ရင်း ကျားဖောင်ပေါ်က လုံခြုံမှု မရှိတဲ့ဘဝတွေအတွက် ရင်လေးစရာပါပဲ။

ကျားဖောင်စာအုပ်ထဲက ဇာတ်ကောင်တစ်ဦးဖြစ်သူ ရဲထက်ပြောတဲ့ စကားလေးတစ်ခွန်းက စာဖတ်သူတို့ကို မှတ်မှတ်ထင်ထင် ရှိစေမှာ ဖြစ်ပါတယ်။

"ပင်လယ်ရေတွေ ခန်းသွားရင်ကောင်းမယ်" တဲ့။

တချို့တွေအတွက် အိမ်ပြန်နိုင်ဖို့ အခွင့်အရေးဟာ ပင်လယ်ကြီး ခန်းခြောက်သွားမှတဲ့လား ... ။

Sarpay
#အာကာခေတ်ပိုင်
#ကျားဖောင်
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

📖 အနာဂတ်ကို မကြောက်နဲ့🖊 အောင်သင်း🗒 စာမျက်နှာ - ၁၀၄💸 တန်ဖိုး ၆၀၀၀ ကျပ်🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသ...
05/08/2025

📖 အနာဂတ်ကို မကြောက်နဲ့
🖊 အောင်သင်း
🗒 စာမျက်နှာ - ၁၀၄
💸 တန်ဖိုး ၆၀၀၀ ကျပ်

🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384

📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌

ဆရာအောင်သင်း ရေးသားထားတဲ့ အနာဂတ်ကိုမကြောက်နဲ့ ဆိုတဲ့ စာအုပ်လေးမှာ ဆောင်းပါးဆယ့်ခြောက်ပုဒ်ပါဝင်ပါတယ်။ ဒီစာအုပ်မှာ စာဖတ်သူတို့ မြင်တွေ့ရမှာက ဆရာအောင်သင်း ရေးဖွဲ့နေကျအတိုင်း လူငယ်တွေကို သိစေလိုတဲ့ အကြောင်းအရာတွေကို စာထဲကနေ စေတနာပါပါနဲ့ ထည့်သွင်းပြောဆိုထားတာမျိုးပါပဲ။ စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်တိုင်းဟာ အကြောင်းအရာ၊ အဖြစ်အပျက်လေးတွေပေါ်မှာ အခြေခံပြီး သိသင့်သိထိုက်တဲ့အရာကို မိတ်ဆွေတစ်ယောက်က ဘေးနားထိုင်ပြီးပြောပြနေသလို ခံစားမိစေပါတယ်။ ဒါကြောင့်မို့ ဆရာ့ရဲ့ ဆောင်းပါးတွေကို ဖတ်ရှုလေ့လာခြင်းဟာ စာဖတ်သူတို့အဖို့ အသိပညာနဲ့ တွေးခေါ်မှုစွမ်းအားတွေ မြင့်မားလာစေခြင်းလည်း ဖြစ်ပါတယ်။

တချို့နေရာတွေမှာတော့ ကိုယ့်မြေအပေါ် တိုးတက်စေလိုတဲ့ စိတ်ဇောက ထင်ဟပ်နေပြန်ပါတယ်။ ဆရာကြီးရဲ့ ကိုယ့်အရပ်ဒေသအပေါ် တိုးတက်ထွန်းကားချင်စိတ် ပြင်းထန်ပုံဟာ တချို့စာစုလေးတွေထဲ အားမလိုအားမရ ဖြစ်ပုံကိုကြည့်ကာ သိမြင်နိုင်ပါတယ်။ ဒါတွေကို ဆရာအောင်သင်းက အသိမိတ်ဆွေအချင်းချင်း ပြောဆိုဆွေးနွေးပုံမျိုးနဲ့လည်း ရေးသားထားခဲ့ပါတယ်။

လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာတွေပြုလုပ်မယ်ဆိုရင် အတိတ်ကဆိုးကံကို ပြင်နိုင်စွမ်းရှိပါတယ်။ အတိတ်မှာ ကောင်းခဲ့ပေမဲ့ လက်ရှိအနေအထားက ဆိုးတာတွေသာပြုလုပ်နေရင် ကောင်းနေတဲ့ အတိတ်ကံတွေပါ ပျက်စီးဆုံးရှုံးနိုင်ကြောင်းကို ဆရာက ဗုဒ္ဓအယူအဆအတိုင်း ရေးသားထားခဲ့ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ လက်ရှိအချိန်လေးကိုသာ ကောင်းတာတွေသတိကပ်ပြီး ပြုလုပ်သွားမယ်ဆိုရင် အနာဂတ်ဟာ ကြောက်စရာမလိုကြောင်း ဒီစာအုပ်ကနေ ပြောပြချင်ပုံပါပဲ။

ဒါကြောင့် အနာဂတ်အတွက် တွေးတောနေသူတွေ၊ အနာဂတ်ကို ပုံဖော်နေသူတွေ၊ အနာဂတ်ကို ရင်လေးနေသူတွေအားလုံး ဒီစာအုပ်လေးကို ဖတ်ကြည့်သင့်ပါတယ်။ လူအားလုံးဟာ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို မျှော်လင့်ရင်း ရှင်သန်နေကြရတာ မဟုတ်ပါလား။

Sarpay
#အောင်သင်း
#အနာဂတ်ကို မကြောက်နဲ့
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

 #အီကြာကွေးကို တစ်ချောင်းလုံးအပြည့် မကျွေးလို့ အမေဖြစ်တဲ့သူကို စိတ်နာပြီး အိမ်ထောင်ပြုသွားတဲ့ "မေလွင်"ဘဝမှာ နွေးထွေးတဲ့မ...
02/08/2025

#အီကြာကွေးကို တစ်ချောင်းလုံးအပြည့် မကျွေးလို့ အမေဖြစ်တဲ့သူကို စိတ်နာပြီး အိမ်ထောင်ပြုသွားတဲ့ "မေလွင်"

ဘဝမှာ နွေးထွေးတဲ့မိသားစုကို တောင့်တခဲ့ပေမယ့်လည်း စာနာနားလည်ပေးနိုင်မယ့်သူ တစ်စုံတစ်ယောက်တောင် မရှိခဲ့ပဲ ပင်ပန်းဆင်းရဲမှုတွေနဲ့ ကျော်ဖြတ်နေရတဲ့ 'မေလွင်'

ဒီလို သနားစရာ အမျိုးသမီးလေး 'မေလွင်' ကို စာအုပ်ထဲသာ မကပဲ အရုပ်အဖြစ်ပါ မြင်တွေ့ခွင့်ရတော့မှာပါ။

ဆရာမသဲဆုမွန်ရဲ့ #'အတိတ်ရဲ့အခြားတစ်ဘက်မှာ' စာအုပ်ဟာ စာအုပ်အဖြစ်သာ အောင်မြင်မှု ရရှိခဲ့ယုံမက ရုပ်ရှင်အဖြစ်လည်း အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါစေလို့ မဟာစာပေမှ ဆုတောင်းပေးလိုက်ပါတယ်။

Congratulation ပါ ဆရာမ သဲဆုမွန်

🎉ပြန်ရိုက်ရင် ဒီဈေးနဲ့ ဘယ်လိုမှ မရနိုင်တော့တဲ့ စာအုပ်လေးပါ🎉🍡 စာမျက်နှာ ၁၇၅🍡 စက္ကူသား အဝါရသ ထိထိမိမိလေးတွေကို စွဲစွဲမြဲမြ...
29/07/2025

🎉ပြန်ရိုက်ရင် ဒီဈေးနဲ့ ဘယ်လိုမှ မရနိုင်တော့တဲ့ စာအုပ်လေးပါ🎉

🍡 စာမျက်နှာ ၁၇၅

🍡 စက္ကူသား အဝါ

ရသ ထိထိမိမိလေးတွေကို စွဲစွဲမြဲမြဲကြိုက်တယ်၊ ဒါပေမဲ့ ရှည်ရှည်ဝေးဝေးတွေလဲ မဖတ်ချင်ဘူးဆိုတဲ့ သူတွေအတွက်ပါ။

Stock (အနည်းငယ်) လက်ကျန်လေး ရပါမယ်

ဆရာခန့်ညီဖေရဲ့ ရွှေမန်းဇာတိ ပဝတ္တိ အောင်ပင်လယ် (ရွှေဝတ္ထုတိုစုစည်းမှု)

အရင်တုန်းကဆိုရင်  စာအုပ်အကြောင်းလေးတွေ ပြောတယ်။ ဈေးကွက်ထဲက စာအုပ်လောက အခြေအနေလေးတွေ ပြောတယ်။ စာဖတ်သူတို့နဲ့ ထိတွေ့ဆက်ဆံပ...
27/07/2025

အရင်တုန်းကဆိုရင် စာအုပ်အကြောင်းလေးတွေ ပြောတယ်။ ဈေးကွက်ထဲက စာအုပ်လောက အခြေအနေလေးတွေ ပြောတယ်။ စာဖတ်သူတို့နဲ့ ထိတွေ့ဆက်ဆံပြီး စာဖတ်သူတို့ရဲ့ အသံတွေ နားထောင်တယ်။

မဟာစာပေနဲ့ ပတ်သက်ပြီး စာဖတ်သူတွေ ဝေဖန်ထောက်ပြတဲ့ အချက်အလက်တွေကို စုဆောင်းပြီး မဟာစာပေအနေနဲ့ ပြင်ဆင်ဖြည့်စွက်သင့်တာတွေ လုပ်ခဲ့တယ်။

ကျနော်တို့ အရင်တုန်းကလိုပဲ မျက်နှာဖုံးပန်းချီအကြောင်းလေးတွေ၊ ဈေးကွက်ထဲက စာအုပ်တွေအကြောင်းတွေကို စာဖတ်သူတို့နဲ့အတူ အမြင်ချင်း ဖလှယ်လို့ရတဲ့ အစီစဉ်လေးတွေလည်း လုပ်ချင်ပါတယ်။

စာဖတ်သူတို့အနေနဲ့ ဘယ်လို အစီစဉ်မျိုးတွေဆိုရင် စိတ်ဝင်စားကြလဲ။ သူ့အမြင် ကိုယ့်အမြင် ဖလှယ်လို့ရတာပေါ့။

ကျေးဇူးတင်ပါတယ်

📖 ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ🖊 ဇင်ယော်နီ🗒 စာမျက်နှာ - ၃၄၈💸 တန်ဖိုး ၂၀၀၀၀ ကျပ်🛒 အိမ်အရောက်ပို့ (Door To Door ) စန...
23/07/2025

📖 ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ
🖊 ဇင်ယော်နီ
🗒 စာမျက်နှာ - ၃၄၈
💸 တန်ဖိုး ၂၀၀၀၀ ကျပ်

🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384

📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌

မသိသူကျော်သွား သိသူဖော်စားပေရော့ဗျာ … တအုပ်တည်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို ထည့်သွင်းပေးထားတယ်။ မနောမယဂျာနယ်၊ မြန်မာ့အသံ ရွှေလမ်းငွေလမ်း ညွှန်လိုက်မယ် အစီအစဉ်၊ ပတ္တမြားအက်ဖ်အမ် တာရိုစကုပ် အစီအစဉ်၊ ရုပ်သံဌာနတခုမှာ ပြသခဲ့တဲ့ ရွှေစကားငွေစကား အစီအစဉ်နဲ့ online ပေါ်မှာ ရေးသားခဲ့တဲ့ ဂမ္ဘီရလက်ဆောင်များကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဆရာဇင်ယော်နီရဲ့ ဗေဒင်ပညာ ဘဝလမ်းခရီးတစ်လျှောက် ပြုစုခဲ့တဲ့ အဆီအနှစ် နည်းလမ်းပေါင်း ၃၀၀ ကျော်ကို တစုတစည်းတည်း ဖတ်ရှု လေ့လာနိုင်မယ့် စာအုပ်ထူးကြီးပဲ ဖြစ်ပါတယ်။
ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို တအုပ်တည်းမှာ စုစည်းထားတာမို့ နည်းလမ်းတွေကို ရှာဖွေရခက်မလား လို့လည်း စိုးရိမ်စရာ မလိုပါဘူး။ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ခွဲပြီး စီစဉ်ထားပါတယ်။ ပါဝင်တဲ့ အခန်းခေါင်းစဉ်တွေက -
(က) ငွေရေးကြေးရေးကိစ္စများ
(ခ) အလုပ်ကိစ္စနှင့် နိုင်ငံရပ်ခြား
(ဂ) ပညာရေး၊ တရားတဘောင်နှင့် အထွေထွေ
(ဃ) ကျန်းမာရေး
(င) လက္ခဏာသုတ
(စ) အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး
(ဆ) အိမ်နှင့်တနင်္ဂနွေနံကိစ္စများ
(ဇ) ကားနှင့် တနင်္လာနံကိစ္စများ
(ဈ) ဆိုင်နှင့် အင်္ဂါနံကိစ္စများ
(ည) ရွှေနှင့် ဗုဒ္ဓဟူးနံ ကိစ္စများ
(ဋ) မြေနှင့် ကြာသပတေးနံကိစ္စများ
(ဌ) ရေထွက်ကုန်နှင့် သောကြာနံကိစ္စများ
(ဍ) အထည်နှင့် စနေနံကိစ္စများ
(ဎ) ဘယ်မြို့ကို ပြောင်းချင်တာလဲ စသည်ဖြင့် ဆိုင်ရာအလိုက် အစီအစဉ်တကျ အခန်းများ ခွဲခြားပြုစုထားတာမို့ ဖတ်ရှုူ လေ့လာသူတို့ အလွယ်တကူ ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။
ဗေဒင် အဆောင် အစီအရင် ယတြာဆိုတာ လောကထဲက အခက်အခဲတွေကို အလိုလို လွယ်ကူ မသွားစေပါဘူး။ အောင်မြင်လိုသူ၊ ဖြစ်ထွန်းလိုသူဟာ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားမှုဖြင့် အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးစား လျှောက်လှမ်းတဲ့ ခရီးလမ်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်တွေဟာ မီးအိမ်တစ်လုံးလို ပန်းတိုင်ဆီ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို ရေးသားပြုစုထားတဲ့ ဆရာဇင်ယော်နီက “ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များဟာ တဦးချင်းစီအတွက်ရော၊ မိသားစုများအတွက်ပါ အရေးကြုံလျှင် ကြုံသလို အသုံးတည့် အကျိုးထူးကြပါစေသတည်း” လို့ ဆုတောင်း မေတ္တာပို့ထားပါတယ်။ ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များကြောင့် အားလုံးပဲ အလုပ်အကိုင် စီးပွားရေး၊ ကျန်းမာရေး၊ အချစ်နှင့် အိမ်ထောင်ရေး၊ နှင့် လောကီကိစ္စ အဝဝ အဆင်ပြေကြပါစေ ... ။
Sarpay
#ဇင်ယော်နီ
#ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

ခဏခဏ ကုန်လို့ မကြာမကြာ ပြန်ပြန်ရိုက်ရတဲ့ #ဆရာအောင်သင်းရဲ့  #အမွေ စာအုပ်အခုလည်း ကုန်သွားလို့ ထပ် ရိုက်ရပါအုံးမယ်ဒီစာအုပ်က...
15/07/2025

ခဏခဏ ကုန်လို့ မကြာမကြာ ပြန်ပြန်ရိုက်ရတဲ့

#ဆရာအောင်သင်းရဲ့ #အမွေ စာအုပ်

အခုလည်း ကုန်သွားလို့ ထပ် ရိုက်ရပါအုံးမယ်

ဒီစာအုပ်ကို ဖတ်ဖူးတဲ့သူတွေအနေနဲ့ စာအုပ်အပေါ် မိမိရဲ့ ထင်မြင်ယူဆချက်လေးတွေ ပြောပြပေးခဲ့ကြပါလားဗျ

အားလုံးကို ကျေးဇူးတင်ပါတယ်

မဟာစာပေ

Address

147 Ground Floor, Zaya Thukha Street, Ka Ward, Thuwana
Yangon
11072

Alerts

Be the first to know and let us send you an email when Mahar Sarpay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar Sarpay:

Share

Category

ရသစာပေအတွက် သဲတပွင့်လောက် ပါဝင်ခွင့်ရရင်တောင် ကျေနပ်ပါပြီ

......................................