Mahar Sarpay

Mahar Sarpay ရသစာပေအတွက် သဲတပွင့်လောက် ပါဝင်ခွင့်ရရင်တောင် ကျေနပ်ပါပြီ

Mahar Sarpay was officially founded in 2015 with a vision rooted in the development and flourishing of literature. The guiding principle, or motto, of Mahar Sarpay is to actively engage in literary advancement from every corner and through collaborative efforts. Since its inception, Mahar Sarpay has published approximately 150 books spanning genres such as translations, autobiographies, and both fiction and non-fiction that offer entertainment and knowledge. To date, the publishing house has sold nearly 10 million books in the Myanmar market alone, marking a significant impact on the country's literary scene. Mahar Sarpay has partnered with around 40 distinguished authors to bring a wide range of literary works to the public, with a primary focus on producing high-quality fiction. In the field of translation, Mahar Sarpay has published approximately 50 translated works, two of which were granted official translation rights from the original publishers, ensuring legal and high-quality reproductions of international works for the Myanmar audience. Specifically, the books Miss Burma and All The Light We Cannot See were legally translated and republished after Mahar Sarpay obtained the necessary translation rights from the original rights holders. Although Mahar Sarpay has acquired the official translation rights for several other notable works, the company has not yet been able to publish them due to current circumstances, but they remain committed to doing so in the future when conditions permit. This dedication reflects Mahar Sarpay's continuous effort to contribute to the cultural and intellectual landscape of Myanmar by making globally recognized literature accessible to local readers in a legally compliant and ethically responsible manner.

Congratulations ပါ ဆရာချစ်ခိုင်စံဆရာချစ်ခိုင်စံရဲ့ ဗလိန်စာအုပ်ကိုမကြာခင် ပိတ်ကားပေါ်မြင်တွေ့ရတော့မှာပါ   #ဗီလိန်
26/08/2026

Congratulations ပါ ဆရာချစ်ခိုင်စံ

ဆရာချစ်ခိုင်စံရဲ့ ဗလိန်စာအုပ်ကို
မကြာခင် ပိတ်ကားပေါ်မြင်တွေ့ရတော့မှာပါ



#ဗီလိန်

📖 ဒေါ်လာတစ်ထောင် ဓါးတစ်ချောင်းနှင့် သင်္ဘောပေါ်က လူသတ်မှု🖊  အေထူးအောင် (အဏ္ဏဝါ)🗒  စာမျက်နှာ - ၁၄၄💸 တန်ဖိုး ၉၀၀၀ကျပ်🛒  အိ...
23/08/2026

📖 ဒေါ်လာတစ်ထောင် ဓါးတစ်ချောင်းနှင့် သင်္ဘောပေါ်က လူသတ်မှု
🖊 အေထူးအောင် (အဏ္ဏဝါ)
🗒 စာမျက်နှာ - ၁၄၄
💸 တန်ဖိုး ၉၀၀၀ကျပ်
🛒 အိမ်အရောက် (Door to Door) စနစ်ဖြင့် မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384
📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌

"ဒေါ်လာတစ်ထောင်၊ ဓါးတစ်ချောင်းနဲ့ သင်္ဘောပေါ်ကလူသ၊တ်မှု" ဆိုတဲ့ စာအုပ်က ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး ရင်ဖိုတထိတ်ထိတ်နဲ့ ဖတ်သွားရမဲ့ သည်းထိပ်ရင်ဖို ဝတ္ထုတစ်အုပ်ပါ။ စာရေးသူ ဆရာအေထူးအောင် (အဏ္ဏဝါ) ကိုယ်တိုင်က သင်္ဘောသားတို့ရဲ့ ဘဝကို ကျွမ်းကျင်နှံ့စပ်သူ ဖြစ်တာမလို့ သင်္ဘောပေါ်က အသုံးအနှုန်းတွေ၊ သင်္ဘောသားတွေရဲ့ နေထိုင်ပြုမူပုံနဲ့ အကျင့်စရိုက်တွေကို သေချာပုံဖော် ရေးသားထားတာဟာ အင်မတန် သဘာဝကျပြီး စာဖတ်သူကို ဇာတ်လမ်းထဲ အစကနေ အဆုံးထိ ဆွဲခေါ်သွားမှာပါ။

ပင်လယ်ပြင်ထက်က သင်္ဘောတစ်စင်းပေါ်မှာ ဒေါ်လာတစ်ထောင် ပျောက်ဆုံးသွားတာကနေ ဒီဇာတ်လမ်းကို စတင်ဖတ်ရှုရပါမယ်။ ငွေကြေးပျောက်ဆုံးသွားမှု တစ်ခုကနေစပြီး သင်္ဘောပေါ်က လူအနည်းစုကြားမှာ တစ်ယောက်နဲ့တစ်ယောက် သံသယမီးပွားတွေ တောက်လောင်လာကြပါတယ်။ ကိုယ်စီ ဖုံးကွယ်ချင်တဲ့ အရာတွေနဲ့ ထိန်းသိမ်းချင်တဲ့ နေရာတွေအတွက် ရိုးရိုးရှင်းရှင်း ပျောက်ဆုံးမှုကနေ အပြန်အလှန် ချောက်တွန်းတာတွေ၊ အမှန်တရားကို ဖုံးကွယ်တာတွေ ဖြစ်လာရာကနေ နောက်ဆုံးမှာ မဖြစ်သင့်တဲ့ လူသ၊တ်မှု ဖြစ်တဲ့အထိ အရှိန်မြင့်တက်သွားခဲ့တာပါ။

တစ်လှေတည်းစီး၊ တစ်အိုးတည်းစားပြီး တစ်ခရီးတည်း အတူသွားနေကြတဲ့ အသိုင်းအဝိုင်းထဲမှာ လောဘနဲ့ အတ္တတွေ ရှေ့တန်းရောက်လာတဲ့အခါ လူတွေရဲ့ စရိုက်အမှန်နဲ့ ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျလာတတ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကို ကာကွယ်လိုတဲ့ အတ္တစိတ်နဲ့ လွန်ကဲတဲ့ ကြောက်ရွံ့မှုတွေက သာမန်အသိဉာဏ်နဲ့ စာနာစိတ်ကို ဘယ်လို ဝါးမြိုသွားလဲ၊ အပြစ်မဲ့သူတွေကို ဘယ်လို စွပ်စွဲမိပြီး ပိုမိုဆိုးရွားတဲ့ အမှားတွေကို ထပ်ဆင့် ကျူးလွန်မိတတ်ကြလဲဆိုတာကိုလည်း သေချာ တွေးတောမိအောင် စာရေးဆရာက ထိထိမိမိ ရေးဖွဲ့ပြထားပါတယ်။

ဒီဝတ္ထုဟာ သာမန် ပဟေဠိဖော်ထုတ်တဲ့ ဝတ္ထုတစ်အုပ်ထက် ပိုလွန်နေပြီး ငွေကြေးနဲ့ လောဘကြောင့် လူတွေရဲ့ စိတ်ဓာတ် ယိုယွင်းပျက်စီးသွားပုံ၊ ဥပဒေမဲ့ စုံစမ်းမှုတွေကြောင့် ပေါ်လာတဲ့ ပုဂ္ဂိုလ်ရေး အငြိုးအတေးတွေနဲ့ စိတ္တဇ ပဟေဠိတွေ၊ စိတ်အတွင်းပိုင်းမှာရှိတဲ့ ကြောက်ရွံ့မှု၊ လောဘတဏှာ၊ ‌အတ္တကြီးတဲ့ထိန်းသိန်းလိုမှုတွေကို ထိထိရောက်ရောက် မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် "ဒေါ်လာတစ်ထောင်၊ ဓားတစ်ချောင်းနဲ့ သင်္ဘောပေါ်ကလူသ၊တ်မှု" ဟာ ပင်လယ်ပြင်ပတ်ဝန်းကျင်က သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်နှစ်သက်သူတွေအတွက် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ဆိုလိုက်ပါရစေ ...

Sarpay
#ဒေါ်လာတစ်ထောင် ဓါးတစ်ချောင်းနှင့် သင်္ဘောပေါ်က လူသတ်မှု
#အေထူးအောင် (အဏ္ဏဝါ)
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library)
(၄) ဓမ္မဇောတိ စာကြည့်တိုက်၊ ဖောင်းကတာ၊ မုံရွာ
တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ် ခင်ဗျ

ဒီစာအုပ် မျက်နှာဖုံးမှာ စာရေးဆရာကို ခန့်မှန်းပေးကြပြီးပြီလားဗျစာအုပ်က ထွက်လာတော့မှာ 😍စာအုပ်လက်ဆောင်က (၁၀) အုပ်ပဲ ပေးတာမိ...
18/08/2026

ဒီစာအုပ် မျက်နှာဖုံးမှာ စာရေးဆရာကို ခန့်မှန်းပေးကြပြီးပြီလားဗျ
စာအုပ်က ထွက်လာတော့မှာ 😍

စာအုပ်လက်ဆောင်က (၁၀) အုပ်ပဲ ပေးတာမို့လို့ (၁၀)ဉီးထက်ပိုတဲ့ အဖြေမှန်သူတွေကို စာရေးဆရာက သူ့ကိုပဲ ယူပါတဲ့ 🤪



တစိမ့်စိမ့်နဲ့ ဇာတ်လမ်းထဲ မျောနေရအောင်စာရေးကောင်းလွန်းတဲ့ ဆရာမခတ္တာခင်ရဲ့စတိုင်အသစ်နဲ့ရေးထားတဲ့ဝတ္ထုလေး မကြာမီလာမည်ပေါ့ထ...
16/08/2026

တစိမ့်စိမ့်နဲ့ ဇာတ်လမ်းထဲ မျောနေရအောင်
စာရေးကောင်းလွန်းတဲ့ ဆရာမခတ္တာခင်ရဲ့

စတိုင်အသစ်နဲ့ရေးထားတဲ့ဝတ္ထုလေး မကြာမီလာမည်ပေါ့

ထုတ်ဝေသူကတော့ စာမူကို ဖတ်နေရင်းနဲ့ မျောနေပီ

ရုပ်ရှင်အဖြစ် မြင်တွေ့ရတော့မယ် ဆရာမ မဧကံရဲ့ ဂေဟာ🥰Congratulaions ပါ ဆရာမ 😍😍
12/08/2026

ရုပ်ရှင်အဖြစ် မြင်တွေ့ရတော့မယ် ဆရာမ မဧကံရဲ့ ဂေဟာ
🥰
Congratulaions ပါ ဆရာမ 😍😍

သင်္ဘောသားတွေနဲ့ပါတ်သက်တဲ့ နောက်ထပ် ဝတ္ထုတစ်ပုဒ် မကြာမီ လာမည် မျှော် ပေါ့ ဗျာ .....စာရေးသူ ဘယ်သူဖြစ်မလဲ ခန့်မှန်းပေးကြပါ...
06/08/2026

သင်္ဘောသားတွေနဲ့ပါတ်သက်တဲ့ နောက်ထပ် ဝတ္ထုတစ်ပုဒ်

မကြာမီ လာမည် မျှော် ပေါ့ ဗျာ .....

စာရေးသူ ဘယ်သူဖြစ်မလဲ ခန့်မှန်းပေးကြပါလားဗျ ...

အဖြေမှန်သူအများကြီးထဲကနေ (၁၅) ဦးကို ကံထူးရှင်အဖြစ် မဲနှိုက်ရွေးချယ်ပြီး အဲ့ဒီ စာရေးဆရာရဲ့ အရင်တုန်းက ထွက်ထားခဲ့တဲ့ စာအုပ်တွေထဲကမှ တစ်မျိုးကို လက်ဆောင် ပြန်ပေးမယ်လေ ...

အဲ့ဒီစာရေးဆရာက စာအုပ်ရဲ့နောက်ဆုံး စာရေးသူ ကိုယ်ရေးအကျဉ်းမှာ သူ့ကိုယ်သူ လူပျိုဖြစ်ကြောင်းတောင် ထည့် ကြော်ငြာထားတော့

အပိုဆု အနေနဲ့ စာရေးဆရာကိုပါ လက်ဆောင် အဖြစ် ရရှိမှာပါ။

03/08/2026
မျက်နှာဖုံးပန်းချီပုံတွေကို ကိုယ့်ဘာသာ ကြည့်ရင်းနဲ့ ကြွေပြင်ရတာ လွယ်ပေမယ့် သူ့ရဲ့ ဖြတ်သန်းခဲ့တဲ့ သက်တမ်းအမှတ်တရလေးတွေ ပျ...
03/08/2026

မျက်နှာဖုံးပန်းချီပုံတွေကို ကိုယ့်ဘာသာ ကြည့်ရင်းနဲ့ ကြွေ

ပြင်ရတာ လွယ်ပေမယ့် သူ့ရဲ့ ဖြတ်သန်းခဲ့တဲ့ သက်တမ်းအမှတ်တရလေးတွေ ပျောက်သွားမှာစိုးလို့ ဘာမှ မပြင်ပဲ ဒီအတိုင်းပဲ သုံးတော့မယ်

#မြသန်းတင့်
#ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ
#မဟာစာပေ
#မျက်နှာဖုံးပန်းချီ

📖 သစ္စာတော်ခံ လေးကျိပ်ခုနှစ်ယောက်📖 47 RONIN🖊  ထင်ဇော်မှူးသင်🖊  John Allyn🗒  စာမျက်နှာ - ၂၈၀💸 တန်ဖိုး ၁၆၀၀၀ ကျပ်🛒  အိမ်အရ...
01/08/2026

📖 သစ္စာတော်ခံ လေးကျိပ်ခုနှစ်ယောက်
📖 47 RONIN
🖊 ထင်ဇော်မှူးသင်
🖊 John Allyn
🗒 စာမျက်နှာ - ၂၈၀
💸 တန်ဖိုး ၁၆၀၀၀ ကျပ်
🛒 အိမ်အရောက် (Door to Door) စနစ်ဖြင့် မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384
📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌
ဂျပန်သမိုင်းကိုပြောရင် ဆာမူရိုင်းတွေရဲ့ သစ္စာစောင့်သိမှုနဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်တွေကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒီဇာတ်လမ်းဟာ ဘူရှီဒိုရဲ့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ် ၄၇ ဦးက သူတို့ရဲ့ တရားမျှတပြီးဖြောင့်မတ်တဲ့ စံပြပုဂ္ဂိုလ်အာဆာနိုရဲ့ ေ-သဆုံးမှုမှာ အကျင့်ပျက်ခြစားတဲ့ အရှင်ကီရာကို သ-တ်ပစ်လိုက်တဲ့ ဇာတ်လမ်းပါ။ ဂျပန်သမိုင်းမှာ အကျော်ကြားဆုံးဖြစ်တဲ့ ရိုနင် ၄၇ ဦးရဲ့ လက်စားချေမှုဖြစ်စဉ်မို့ လူကြိုက်များတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်အဖြစ် ခုချိန်ထိတည်ရှိနေခဲ့ပြီး အဖြစ်မှန်အတွက်လဲ ရှုပ်ထွေးနေဆဲပါပဲ။

ကိုယ့်သခင်ကို ေ-သဒဏ်ပေးလိုက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဆာမူရိုင်းတွေဟာ အရှင်သခင်မရှိတော့တဲ့ ရိုနင်တွေ ဖြစ်သွားကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ အရှုံးပေးမသွားဘဲ သခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ဖို့နဲ့ လက်စားချေဖို့အတွက် နှစ်နဲ့ချီပြီး စနစ်တကျ လျှို့ဝှက်ကြံစည်ကြပုံတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာပါ။

၁၈ ရာစုလောက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဆာမူရိုင်းတွေရဲ့ လက်စားချေမှုကို ပြန်လည်ပြောပြထားသလို ဖြစ်တဲ့အတွက် အနည်းငယ်ရှုပ်ထွေးပြီး စိတ်ဝင်စားဖို့လဲကောင်းတဲ့ စာအုပ်တအုပ်ပါ။ တကယ့်လုပ်ကြံမှုနဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ မမှန်ကန်မှုတွေကို ထောက်ပြတဲ့ ပညာရှင် Stephen Turnbull ရဲ့အမှာစာ၊ စာရေးသူ John Allyn ရဲ့အမှာစာတွေကို ထိပ်ဆုံးမှာ ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်းရင်းကတော့ အာဆာနိုဟာ ရိုင်းစိုင်းတဲ့သူ၊ ကာမဂုဏ်ကိုလိုက်စားသူဖြစ်ပြီး ရိုနင်အဖြစ် မခန့်အပ်ခင်ကတည်းက အရက်သမားတစ်ယောက် ဖြစ်ခဲ့သူ။ ကီရာကတော့ အီဒိုခေတ်က သာမန်အရာရှိတစ်ယောက်ပါပဲ။ အာဆာနိုဆီကနေ လာဘ်ငွေအမြောက်အမြား တောင်းခံခဲ့ပြီး အာဆာနိုကမပေးတဲ့အတွက် ရန်ငြိုးဖွဲ့တယ်လို့သာ ဖော်ပြထားတယ်။

တွေ့ရှိလာရတဲ့ သမိုင်းအချက်အလက်တွေအရဆိုရင် ကီရာဟာ ဗီလိန်စစ်စစ် မဟုတ်ဘဲ စနစ်ဟောင်းရဲ့ သားကောင်တဦး ဖြစ်ခဲ့ရသူပါ။ ရိုနင် ၄၇ ဦးရဲ့ သစ္စာရှိမှုကို ပိုမိုပေါ်လွင်အောင်သာ ပြဇာတ်တွေထဲမှာ ကီရာ့ကို ပိုပြီးဆိုးသွမ်းတဲ့သူအဖြစ် ပုံကြီးချဲ့ ဖန်တီးခဲ့ကြပါတယ်။ ဒီ စာအုပ်ဟာ ဂျပန်ယဉ်ကျေးမှုမှာ ဒဏ္ဍာရီဆန်ဆန်ဖြစ်နေတဲ့ပုံပြင်တစ်ခုကို သမိုင်းကြောင်းအရ ဘယ်လောက်အထိ မှန်ကန်သလဲဆိုတာကို ဝေဖန်ပိုင်းခြားပြထားပါတယ်။ အချက်အလက်အမှားတွေကိုလဲ သမိုင်းအထောက်အထားတွေနဲ့ ပြန်လည်ပြင်ဆင်ပြသထားပါတယ်။

ဒီလို ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင်ဇာတ်လမ်းကို စာရေးဆရာ John Allyn က 47 Ronin အမည်နဲ့ ရေးသားခဲ့ပြီး ဆရာထင်ဇော်မှူးသင်က သစ္စာတော်ခံ လေးကျိပ် ခုနှစ်ယောက် ဆိုတဲ့ အမည်နဲ့ မြန်မာဘာသာပြန်ဆိုထားပါတယ်။ ဒီ စာအုပ်ဟာ သာမန်သမိုင်းနောက်ခံ ဇာတ်လမ်းတပုဒ်သက်သက် မဟုတ်ဘဲ လူ့သဘာဝ၊ တာဝန်သိစိတ်နဲ့ သစ္စာတရားဆိုတာ ဘာလဲဆိုတာကို နက်နက်ရှိုင်းရှိုင်း တွေးတောစရာပေးစွမ်းနိုင်တဲ့ စာအုပ်ကောင်းတအုပ် ဖြစ်ပါတယ်။ ဂျပန်ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ တွေးခေါ်ပုံတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်ရော၊ ရသမြောက်တဲ့ ဘာသာပြန်စာပေကို ခုံမင်သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုလိုက်ပါရစေ ...
Sarpay
#သစ္စာတော်ခံ လေးကျိပ်ခုနှစ်ယောက်
#ထင်ဇော်မှူးသင်
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library)
(၄) ဓမ္မဇောတိ စာကြည့်တိုက်၊ ဖောင်းကတာ၊ မုံရွာ
တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ် ခင်ဗျ

ဘောလုံး တစ်လုံးထဲကို တစ်ကမ္ဘာလုံး ဝိုင်း လုကြတဲ့ ကိစ္စလည်း ပြီးပြီး။ အရင်းပျောက်သွားတဲ့ အစ်ကိူရီးတေလည်း ရေနဲ့ ထမင်း ဖြစ်...
20/07/2026

ဘောလုံး တစ်လုံးထဲကို တစ်ကမ္ဘာလုံး ဝိုင်း လုကြတဲ့ ကိစ္စလည်း ပြီးပြီး။

အရင်းပျောက်သွားတဲ့ အစ်ကိူရီးတေလည်း ရေနဲ့ ထမင်း ဖြစ်ကုန်ကြပြီ။

အတိုးပေါင်း အရင်းကို အဆလေးနဲ့ ပွ သွားတဲ့ ညီကိုတို့လည်း စာအုပ်လေးတွေ အားပေးလို့ရပါပြီ
😝

Address

147 Ground Floor, Zaya Thukha Street, Ka Ward, Thuwana
Yangon
11072

Alerts

Be the first to know and let us send you an email when Mahar Sarpay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar Sarpay:

Shortcuts

Share

Category