Our Yangon, Our Heart

Our Yangon, Our Heart Our Yangon, Our Heart. Next Yangon, the city of Green Garden

ရန်ကုန်မြို့အတွင်း  Food Delivery ပို့ဆောင်ပေးနေသော Riders များအား တိုက်ရိုက် ဆက်သွယ်ပြီး မှာယူအား‌ပေးကြရအောင်။🐼🐼🐼🚲🚲🚲🚲ယခ...
19/03/2022

ရန်ကုန်မြို့အတွင်း Food Delivery ပို့ဆောင်ပေးနေသော Riders များအား တိုက်ရိုက် ဆက်သွယ်ပြီး မှာယူအား‌ပေးကြရအောင်။
🐼🐼🐼🚲🚲🚲🚲

ယခုစာရင်းဓာတ်ပုံအား ပြုလုပ်သူမူရင်းပိုင်ရှင်အားလည်း credit ပေးပါသည်။

Our Yangon Our Heart
Food Riders
Delivery to Home

ကမ္ဘာ့အန္တရာယ်အရှိဆုံးမြို့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ရန်ကုန်ရန်မကုန်သေးတဲ့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့ပါ။ ...
01/01/2022

ကမ္ဘာ့အန္တရာယ်အရှိဆုံးမြို့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ရန်ကုန်

ရန်မကုန်သေးတဲ့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့ပါ။ ဘယ်လောက်ပဲ ဆိုးတယ်ပြောပြော ရန်ကုန်နဲ့ ပတ်သက်ဆက်နွှယ်ဖူးသူတိုင်း ချစ်ရတဲ့ မြို့ကြီးပါပဲ။ ၂၀၂၀ မှာ ကိုဗစ်က မွှေလိုက် ၂၀၂၁ မှာ အာဏာသိမ်းမှုဖြစ်စဥ်ကမွှေလိုက်နဲ့ ရန်ကုန်ဟာ နာလန်ထူနိုင်ပါတော့မလား စဥ်းစားနေမိဆဲမှာပဲ ကမ္ဘာ့အန္တရာယ်အရှိဆုံးမြို့အဖြစ် သတ်မှတ်ခံလိုက်ရပါတော့တယ်။

ကမ္ဘာကျော် The Economist မဂ္ဂဇင်းရဲ့ ပညာရှင်တွေက ၁ နှစ်ကို ၂ ကြိမ် ပြုလုပ်တဲ့ မြို့ပြလုံခြုံမှု စစ်တမ်းအရ ဒီလို သတ်မှတ်ခံလိုက်ရတာပါ။ အဓိကကတော့ အဆောက်အဦများ ခိုင်ခံ့မှု မရှိတာ၊ ဆင်းရဲမွဲတေမှု များတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာတို့ကြောင့် ဖြစ်ပါတယ်။

မြို့ပြလုံခြုံမှု ရှိမရှိကို တိုင်းတာတဲ့ အချက် ၅ ချက် ကတော့ -

၁။ ဒစ်ဂျစ်တယ် လုံခြုံမှု

၂။ ကျန်းမာရေး လုံခြုံမှု

၃။ အဆောက်အဦ လုံခြုံမှု

၄။ ပုဂ္ဂိုလ်ရေး လုံခြုံမှု

၅။ ပတ်ဝန်းကျင် လုံခြုံမှု တို့ ဖြစ်ပါတယ်။

The Economist ရဲ့ တာဝန်ခံ ပညာရှင်တစ်ယောက်က ကိုဗစ်ကပ်ရောဂါဟာ မြို့ပြလုံခြုံမှုအပေါ် အများကြီး သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ဒီစစ်တမ်းမှာ မြို့ပေါင်း ၆၀ ကျော်ကို တိုင်းတာစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုအရ လုံခြုံမှုအရှိဆုံး မြို့တွေထဲမှာ ကိုပင်ဟေဂင်၊ တိုရွန်တို၊ စင်္ကာပူ၊ ဆစ်ဒနီ၊ တိုကျို၊ အမ်စတာဒမ် နဲ့ နယူးဇီလန်မြို့တော်တို့ ဖြစ်ပါတယ်။

Ref :

What goes into an evaluation of whether or not a city is safe? Crime? Personal liberty? Dangerously dirty air? Bad weather brought on by climate change? The Economist Intelligence Unit released its biennial Safe Cities Index, which attempts to answer the question. According to the index, the world.....

10/08/2021
14/07/2021

စလိုက်ရအောင် Campaign လေး 🚫🚫
ကြက်ဥ ၁၅၀ ကျော်ရင် မစားကြပါနဲ့
လုံးဝက်ိုမဝယ်ပါနဲ့
ဘယ်ကြက်မဖင်ကိုမှ စို့ထားလို့မရပါဘူး
ကြာကြာထားရင်ပုတ်တတ်တာမျိုးမို့
အဝယ်ရပ်လိုက်ရင်ဈေးတင်ရောင်းတဲ့ဟာတွေတောင့်မခံနိုင်ပါဘူး
စျေးတင်ရောင်းတဲ့ ဆိုင်တွေလည်းမှတ်ထားပါ
နောက်မဝယ်ပါနဲ့
လူညီရင် ပြန်ကျမှာပါ💪💪💪
အစစအရာရာတော်လှန်နေရပါလား🥴

07/07/2021

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့အား Stay At Home အဖြစ်ကြေညာ
~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်တိုင်းဒေသကြီးရှိ အောက်ဖော်ပြပါ မြို့နယ်များအား Covid19ကူးစက်ရောဂါအခြေအနေကြောင့် Stay At Home မြို့နယ်များအဖြစ်သတ်မှတ်လိုက်ကြောင်း သိရပါသည်။

မင်္ဂလာဒုံ၊
မှော်ဘီ၊
ရွှေပြည်သာ၊
လှိုင်သာယာ၊
အင်းစိန်၊
တောင်ဥက္ကလာ၊
မြောက်ဥက္ကလာ၊
မင်္ဂလာတောင်ညွန့်၊
ဗဟန်း၊
မရမ်းကုန်း မြို့နယ်

06/07/2021

Crd Dr NI

ရန်ကုန်မှာ​ ​အောက်ဆီဂျင်အိုး ရနိုင်မယ့်​ ​နေရာများ
=================================
(ရန်ကုန်မြို့တွင်း အခြား ရနိုင်တဲ့လိပ်စာများရှိရင် comment မှာ ​ရေး​ပေးပါ​နော်၊ listမှာ ထပ်ဖြည့်​ပေးချင်လို့ပါ)

(လိုအပ်ရင် အလွယ်တကူရှာလို့ရ​အောင်ပါ၊
Panic buying ​တော့ မဖြစ်​စေချင်ပါ)

🌻 ဘုရားလမ်း လူမှုကူညီ​ရေးအသင်း
ပန်းပဲတန်းမြို့နယ်
09786012786

🌻 ​ပေးဆပ်ခြင်း ပရဟိတအသင်း
ပုဇွန်​တောင်မြို့နယ်
09421139525
09263876640
09263876644

​🌻 စေတနာ လူမှုကူညီ​ရေးအသင်း
အမှတ်(၃/၄)ရပ်ကွက်၊ ပုဇွန်​တောင်မြို့နယ်
09254839779
09253381448
092500800100
09440470636
09793622114
095184798

🌻 ငြိမ်းချမ်းခြင်းလက်များ ပရဟိတအသင်း
အ​နော်မာရပ်ကွက်၊ သာ​ကေတမြို့နယ်
09421004119
095077446
09420259094

🌻 နွယ်​အေး ဗလီ
​ဒေါပုံမြို့နယ်
09976544981
09250011562
095500787

🌻 ဖို့​မြေရပ်ကွက် လူမှုကူညီ​ရေးအသင်း
အမှတ်(၉၈/၁၀၀)၊ ၁၀၁လမ်း၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်
01290782
095047868
0940044545
09443219152

🌻 သ​ပြေကုန်းရပ်ကွက် လူမှုကူညီ​ရေးအသင်း
အမှတ်(၃၅ ဘီ) ၁၂၅လမ်း၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်
09424777120
09424777150
09424777160
09424777180

🌻 ချမ်း​မြေ့ဆည်းဆာ လူမှုကူညီ​ရေးအသင်း
မရမ်းကုန်းမြို့နယ်
09254191610
09761965504

🌻 ရတနာအောင်လူမှုကူညီကယ်ဆယ်ရေးအသင်း
(၁)ရပ်ကွက်၊ အောင်ချမ်းသာ(၄)လမ်း၊ ကမာရွတ်မြို့နယ်
09448006765
09403077227
09880996991

🌻 လှည်းတန်း လူမှုကူညီ​ရေးအသင်း
ကမာရွတ်မြို့နယ်
09403789779
09788526300

🌻 အ​မေ - ​အောက်ဆီဂျင် ကုသိုလ်ဖြစ်
အမှတ် ၂၁၊ မင်္ဂလာလမ်း၊ ၈ရပ်ကွက်၊ ကမာရွတ်မြို့နယ်
095122487

​🌻 ရောင်စဥ်မဲ့ လူမှုကူညီ​ရေးအသင်း
ကြည့်မြင်တိုင်မြို့နယ်
09259967778
09799639331

​🌻 အေးချမ်း​မေတ္တာ လူမှုကူညီ​ရေးအသင်း
အင်းစိန်မြို့နယ်
09751072309

🌻 မွန်မြတ်သန့်ရှင်း ပရဟိတအသင်း
၄၀ စျေးအနီး၊ ၃၅ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ မြောက်ဒဂုံမြို့နယ်

🌺 မာဃ​အောက်ဆီဂျင်
မာဃလမ်းမကြီး ၁၂လမ်းကွေ့ အနီး
09423490499

🌺 Naing Family - အ​ရောင်း/အငှား
အမှတ်(၂၈၈)၊ ကုန်သည်လမ်း၊ ဗိုလ်တ​ထောင်မြို့နယ်
09952218898

🌺 Naing Family - အ​ရောင်း/အငှား
အမှတ် ၁၉/၂၀၊ ပုဇွန်​တောင်စက်မှုဇုံလမ်း၊ ​တောင်ဥက္ကလာပမြို့နယ်
09443043094
09443196913

🌺 ​အောင်မြန်မာ - အ​ရောင်း
ဟံသာဝတီပျိုးဥယျာဥ်ဝန်း၊ ကျွန်း​တောလမ်းမ၊ ကမာရွတ်မြို့နယ်
0973009532
098612738
09266027185
0973011903

🌺 Unity Oxygen - အ​ရောင်း
အမှတ် ၂၈၆၊ စက်မှုလမ်းသွယ် (၆)လမ်း၊ ဇုံ (၁)၊ ​ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။

ဒါက​တော့ ရန်ကုန်အတွက် Yangon Directory က စု​ပေးထားတဲ့ Link ပါ https://cutt.ly/umkP7YK

ဒါက မန္တ​လေးအတွက် link ပါ
https://facebook.com/107690241086965/posts/298322988690355/

အခြား နယ်မြို့များအတွက်လဲ စုစည်း​ပေးချင်လို့ ဒီ link ကို share ​ပေးပါ​နော်
https://facebook.com/107690241086965/posts/298567828665871/

ကနဦး စုစည်းထားတဲ့သူ​တွေကိုလည်း ​ကျေးဇူးတင်ပါတယ်

ပြည်သူများ ကပ်​ဘေးမှ အမြန်ဆုံး ​ကျော်လွှားနိုင်ကြပါ​စေ

Dr. NI

Listings in Oxygen Donor Services

ယနေ့ (၄-၁-၂၀၂၁) ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယဖြစ်ပါသည် 🇲🇲INDEPENDENT ...
03/01/2021

ယနေ့ (၄-၁-၂၀၂၁) ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယဖြစ်ပါသည် 🇲🇲

INDEPENDENT DAY
Our Yangon Our Heart

Address

No. 18/Tharketa Township
Yangon
095

Telephone

09786254935

Website

Alerts

Be the first to know and let us send you an email when Our Yangon, Our Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Our Yangon, Our Heart:

Share