Easy Cool Aircon

Easy Cool Aircon Aircon Service, Repair and Installation service

တောင်ဥက္ကလာ ပါရမီ Gasဆိုင်မှာ Service လုပ်ဖြစ်တာလေးတွေပါ  Thanks🙏  ကိုအောင်ကြီး 🥰
01/04/2022

တောင်ဥက္ကလာ ပါရမီ Gasဆိုင်မှာ Service လုပ်ဖြစ်တာလေးတွေပါ Thanks🙏 ကိုအောင်ကြီး 🥰

01/04/2022
 #အပူချိန်မြင့်ချိန်အဲကွန်းတွေမအေးရင်ပုံမှန်အခြေအနေမှာအေးနေတဲ့အဲကွန်းတွေနေ့လည်ရောက်ရင်မအေးတာကပြင်အပူချိန်ကအဲကွန်းစက်အမျာ...
10/03/2022

#အပူချိန်မြင့်ချိန်အဲကွန်းတွေမအေးရင်
ပုံမှန်အခြေအနေမှာအေးနေတဲ့အဲကွန်းတွေ
နေ့လည်ရောက်ရင်မအေးတာက
ပြင်အပူချိန်ကအဲကွန်းစက်အများစုရဲ့
ဒီဇိုင်းအပူချိန်ကျော်ကိုကျော်နေလို့
အဲကွန်းအောက်ဒိုးက အရိပ်ထဲရှိမနေတဲ့စက်အများစုက
စက်ဖွင့်ထားပေမယ့် နေ့လည်၁၂နာရီကနေ ညနေ၄နာရီလောက်ကြား မအေးတတ်ပါ။
ညပိုင်းကြရင် ပြန်အေးပါလိမ့်မယ်။
(ညပိုင်းထိပြန်မအေးရင်တော့ ကျွမ်းကျင်သူသာခေါ်ပါတော့)
မီးအားနိမ့်တဲ့နေရာတွေဆိုရင် အပူချိန်အရမ်းမြင့်ချိန်မှာဖွင့်ရင် စက်ပျက်တာတွေပါဖြစ်နိုင်ပါတယ်။
တချို့ကလဲ စက်က အပူချိန်များလွန်းလို့
စက်မအေးရင် ပိုအေးအောင်ဆိုပြီး.ရီမုတ်ကို
16'C ထိ လွဲမှာစွာထားတတ်ကြပါတယ်။
ရီမုတ်ကို အပူချိန်နိမ့်ထားလို့လည်း စက်ကပိုအေးတာမဟုတ်ပါ။
ရီမုတ်ကအပူချိန်က အခန်းရဲ့အပူချိန်ကို ကိုယ်လိုချင်တဲ့အနေအထား အပူချိန်ကိုချိန်ပေးတာပါ။
စက်ကိုပိုအေးအောင် မလုပ်ပေးနိုင်ပါ။
ရီမုတ်က အပူချိန်ကို နှိမ့်ထားလေလေ မလိုအပ်ပဲ မီတာခပိုကုန်တာပဲအဖတ်တင်မှာပါ။
အကောင်းဆုံးထားသင့်တဲ့အပူချိန်က 22'C နဲ့
25'C ကြားပါ။စက်မှကောင်းနေရင်အေးပါတယ်။
တကယ်လို့ ဒီရာသီမှာစက်ကကောင်းကောင်းမွန်မွန်အလုပ်လုပ်လို့
အခန်းအပူချိန်နိမ့်ထားမိရင်..မတော်တဆ အပြင်ကပြန်လာချိန် အဲဒီအခန်းထဲဝင်မိရင်
အပူချိန်ကွာဟချက်က...
40'C ..ကနေ 20'C အောက်အခန်းထဲရောက်သွားလို့
ခန္ဓာကိုယ်အတွက် အပူချိန်အပြောင်းအလဲများလွန်းလို့
မလိုလားအပ်တဲ့ပြသနာဖြစ်ပြီး ဖျားတာနာတာဖြစ်နိုင်ပါတယ်။
အခုအချိန်မှာ စက်ကပူလွန်းလို့အလုပ်မလုပ်နိုင်ရင်
#ခဏတနာရီလောက်အနားပေးပြီးမှပြန်ဖွင့်ပါ။
#ဒါမှမဟုတ် Fan Mode ပဲ High ထားပြီးဖွင့်ထားပါ။
ညပိုင်းထိပြန်မအေးတော့ရင်တောဖြစ်စေ၊အဲကွန်းအောက်ဒိုးကကျနေဘက်မှာမရှိပဲအရိပ်ထဲမှာရှိနေလျှက်နဲ့
မအေးတော့ရင်ဖြစ်စေ
#အဲကွန်းကိုဆားဗစ်လုပ်ပါ။
#တတ်ကျွမ်းသူနဲ့စစ်ဆေးပါ။
ဆားဗစ်မလုပ်လို့ ညစ်ပတ်နေပြီး အပူထုတ်အားကျလို့
အခန်းထဲမှာအပူချိန်မကျပဲ စက်ကမအေးတာလဲဖြစ်နိုင်သလို
ဂက်စ်နည်းလို့ စက်ချွတ်ယွင်းနေလို့လည်းဖြစ်နိုင်လို့ပါ။
အားလုံးသိအောင် Share ပေးနိုင်တယ်ခင်ဗျာ။
Credit #ကိုနန္ဒမိုး

🚩🚩 #အဲကွန်းနဲ့လျှပ်စစ်ပစ္စည်းတွေ၀ယ်မယ်ဆိုရင်COP နဲ့ EERကိုကြည့်ပါ။‌လျှပ်စစ်ပစ္စည်းတွေ၀ယ်တဲ့အခါ အဲဒီလျှပ်စစ်ပစ္စည်းဟာ အရည...
28/12/2021

🚩🚩 #အဲကွန်းနဲ့လျှပ်စစ်ပစ္စည်းတွေ၀ယ်မယ်ဆိုရင်
COP နဲ့ EERကိုကြည့်ပါ။

လျှပ်စစ်ပစ္စည်းတွေ၀ယ်တဲ့အခါ အဲဒီလျှပ်စစ်ပစ္စည်းဟာ အရည်အသွေးထိန်းချုပ်ထားတဲ့ နိုင်ငံကလာတာဆိုရင်
သူ့အပေါ်မှာ ကြယ်ပုံလေးကိုကပ်ထားတာ
တွေ့ရပါလိမ့်မယ်။
🚩 #အဲဒါလေးကို Star rating လို့ခေါ်ပါတယ်။
အဲဒါမပါရင် ဘာတံဆိပ်ဖြစ်ဖြစ် စွမ်းအင်သုံးစွဲမှုက
ကိုယ်တိုင်တိုင်းကြည့်မှကောင်းမကောင်းသိရမှာပါ။
ပုံမှန်ကတော့1-Star ကနေ 5-Star အမျိုးမျိုးထိရှိပါတယ်။
နိုင်ငံအလိုက် Rating သတ်မှတ်ချက်တော့ကွဲပြားနိုင်ပါတယ်။
ဒေသတွင်းကဆို ယိုးဒယားနဲ့ စင်္ကာပူ နိုင်ငံတွေရဲ့ Rating
အစစ်အမှန် 4-Starအထက်ရထားတာဆိုရင် တကယ်ကောင်းတဲ့ပစ္စည်းဖြစ်ပါတယ်။
(အင်တွေ ကပ်ပြီးဂျင်းထည့်တာလည်းရှိနေလို့ပါ)
🛑5-star အဆင့်လျှပ်စစ်ပစ္စည်းတွေက စွမ်းအင်သုံးစွဲ
မှုအရမ်းသက်သာပါတယ်။အိမ်သုံးအဲကွန်းမှာတော့Star rating မြင့်ရင်မြင့်သလိုဝယ်ရင်းစျေးတော့ Rating နိမ့်တဲ့စက်တွေစာရင် ၂၅% လောက်ပိုကောင်းပိုနိုင်ပါတယ်။ဒါပေမယ့် တနှစ်မကြာခင်မှာပဲ မီတာခသက်သာသွားလို့ နောက်နှစ်တွေမှာ တနှစ်ကိုမီတာခ သိန်းကျော်သက်သာနိုင်ပါတယ်။
စျေးကွက်ထဲမှာတော့ Star rating မပါပဲ
မီတာခသက်သာတဲ့ အဲကွန်းတွေလည်းရှိပါတယ်..
ဒါပေမယ့်နားလည်မှသိနိုင်မှာပါ။
⛔လျှပ်စစ်ပစ္စည်းတွေဝယ်တိုင်းCOP , EER ဘယ်လောက်ရှိလဲမေးကြည့်ပါ
COP-3.5 အောက် ၊EER-11အောက်စက်တွေဝယ်မယ်ဆိုရင်
ဒါလေးဖတ်ကြည့်ပေးပါ။COP ဘယ်လောက်လဲမေးလို့
မဖြေနိုင်ရင်..မဝယ်ပါနဲ့။ဝယ်မိရင်အိမ်ပေါ်မှာ
အိမ်တွင်းသူခိုးတကောင်ရောက်နေသလိုပါပဲ။
♦️ဥပမာ
အဲကွန်း ဒါမှမဟုတ် လျှပ်စစ်ပစ္စည်းတွေဆိုပါတော့..
သူတို့ကိုသုံးရာမှာ
စက်အမျိုးအစားတစ်ခုချင်းစီလိုက်လို့..
အမျိုးအစားနဲ့ကွဲပြားတဲ့ထုတ်လုပ်သူလိုက်လို့မီတာခကုန်တာမတူပါပါဘူး
သူ့ရဲ့ COP သို့မဟုတ် EER ပေါ်မူတည်ပါတယ်။
🛑 ဆိုတာ (coefficient of performance)
ကိုဆိုတာပါ။
🛑 ဆိုတာ (Energy Efficiency Ratio)
ကိုပြောတာပါ။
နှစ်ခုရဲဆိုလိုချက်ကအတူတူပါ။အခေါ်အဝေါ်ပဲကွဲတာပါ။
ဥပမာ အဲကွန်းအတွက်ဆိုပါတော့
အရိုးရှင်းဆိုးပြောရရင်
စက်တလုံးရဲ့တစ်နာရီအတွင်း
အခန်းထဲကအပူကိုထုတ်ပြီး
အခန်းကိုအေးအောင်လုပ်နိုင်တဲ့ပမာနဲ့
အေးအောင်လုပ်ဖို့ ကုန်သွားတဲ့ စက်ရဲ့စားသုံးတဲ့
လျှပ်စစ်စွမ်းအားအချိုးကိုဖော်ပြထားတဲ့ကိန်းဂဏန်းပါ။
COP=Cooling Watt/Electrical Watt
(အဲကွန်း တကောင်ခွဲဆိုရင် Cooling Wattက
3500Wattလို့အကြမ်းဖျဉ်းမှတ်နိုင်ပါတယ်
လျှပ်စစ်၀ပ်ကတော့ ကုန်တာက
တခုနဲ့တခု မတူပါဘူး အဲဒါကပဲ COP ကိုကွဲပြားစေတာပါ အခန်းတခန်းကို တနာရီအတွင်း အေးတာချင်းအတူတူ မီတာခကုန်တာ ကွာဟသွားစေတာပါ)
တခြားလျှပ်စစ်ပစ္စည်းတွေဆိုရင်လည်း
ဥပမာပြောရရင်
လေးလုံးဝင်ပေါင်းအိုးဆိုပါတော့
ထမင်းကျက်တာခြင်းအတူတူ
လျှပ်စစ်ကုန်တာချင်းမတူပါဘူး။
လေးလုံးစာထမင်းကျက်ဖို့
တခုက 500 Watt ကုန်နေချိန်
တခြားတံဆိပ်တခုက Watt 600ကုန်နေတာမျိုးဆိုတာပါ။
⛔အဲကွန်းမှာဆို
ရာသီတစ်ခု ဒါမှမဟုတ် တစ်နှစ်စာအတွင်း
စက်တွေဟာ တစ်ရက်နဲ့တစ်ရက် တစ်နာရီနဲ့တစ်နာရီ
အခန်းတွင်းက အပူချိန်နဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ လျှပ်စစ်စားသုံးမှူကလည်း မတူပြန်ပါဘူး။
အဲဒီတော့ တစ်နာရီစာမဟုတ်ပဲ
တစ်နှစ်တစ်ရာသီစာ အတွက် ယူတဲ့ EER ကိုတော့
SEER (seasonal energy efficiency ratio)
လို့ခေါ်ပါတယ်။သူကတော့ စက်တစ်လုံးစီရဲ့
စက်တစ်မျိုးချင်းစီရဲ့ စွမ်းအင်သုံးစွဲမှုကို
ရာသီတစ်ခုလုံးနဲ့ ယှဉ်ပြီး ပြောတာဖြစ်လို့ ပိုပြီးတိကျပါတယ်။
ဒီမှာတော့ EER နဲ့ COP ကိုပဲဖော်ပြပေးပါမယ်။
⛔အိမ်သုံးအဲကွန်းတွေထဲကမှ
အင်ဗာတာမဟုတ်တဲ့စက်တွေကတော့ပုံမှန်လည်နေတာဖြစ်လို့...စက်လည်ပြီဆိုတာနဲ့ပုံသေသတ်မှတ်ထားတဲ့အတိုင်း မောင်းချိန်နာရီလိုက်လို့လျှပ်စစ်စားပါတယ်။
အင်ဗာတာစက်အမျိုးအစားတွေကတော့..
အခန်းတွင်း အပူပမာဏလိုက်လို့..လည်ပတ်မှုကအချိန်တိုင်းပြောင်းနေလို့..တစ်နာရီချင်းစီ.ပုံသေနှုန်းနဲ့တွက်မရတတ်ပါဘူး။
အဲဒါကြောင့် ကာလတစ်ခုနဲ့ချိန်ထိုးတွက်ရပါတယ်။
⛔အကြမ်းဖျင်းပြောရရင်..
စက်တွေရဲ့Name Plate မှာ..
Power input ဆိုတာရေးထားပါတယ်။
နောက်ပြီးCooling Input ဆိုပြီးတော့လည်းရေးထားတတ်ပါတယ်။
🛑Power input ခေါ် လျှပ်စစ်စားသုံးမှုကတော့
တစ်နာရီမောင်းရင်အဲဒီအဲကွန်းကလျှပ်စစ်စားသုံးမှု
Wattဘယ်လောက်ကုန်တယ်ဆိုတာပြောတာပါ။
🛑အများစုကတော့..အရပ်အခေါ်တစ်ကောင်စက်
1Hp အတွက်ဆိုရင်
ပြည်တွင်းလက်ရှိသုံးနေတဲ့ အဲကွန်းအများစုက
800Watt ကနေ 1000Watt ကြားရှိပါတယ်...
800 Watt အောက်နည်းတဲ့အဲကွန်းအမျိုးအစား
အနည်းအကျဉ်းရှိပါတယ်..သိချင်ရင် CB ကမေးပါခင်ဗျာ။
🛑တွက်ချက်မှုအနေနဲ့
လျှပ်စစ်ဓာတ်အား
1000Watt ကို တစ်နာရီသုံးရင်
မီတာတစ်ယူနစ် (1kW Hr) ၁ ကီလိုဝပ်နာရီတက်ပါတယ်။
🛑အဲဒါကြောင့်...
ပျမ်းမျှယူရရင်
1Hp အဲကွန်းကို တစ်နာရီမောင်းရင်..
0.85 ယူနစ် (၁ ယူနစ်နီးပါးတက်ပါတယ်)။
🛑တရုတ်စက်တွေကတော့..
လူအထင်ကြီးအောင်..
Power input ကို
800Watt ဘာညာရေးထားပေမယ့်..
သူပြောထားတာထက်
ပိုကုန်တဲ့စက်တွေကများပါတယ်။
🛑Energy Efficiency Ratio(EER) ဆိုတာ
ဆိုတာ Btu per hour ကို Input Watt(W) နဲ့ စားထားတပါ။
EER=BTU/Input electric watt
🛑COPဆိုတာက
အပူထုတ်နိုင်စွမ်း(Colling capacity)
KiloWattကို လျှပ်စစ်ကီလိုဝပ်နဲ့စားတာပါ။
COP=KW(cooling capacity)/kW(electric)
နိုင်ငံလိုက်လို့ အခေါ်အဝေါ်ကွဲတတ်ပါတယ်။
တချို့နိုင်ငံတွေမှာက COP နဲ့ EER ကို အတူတူပဲခေါ်ကြပါသေးတယ်။
ဒီမှာ COP နဲ့ EER ကို ယျေဘူယျ အနေနဲ့ နှစ်မျိုးခွဲတွက်ပြပါမယ်
🛑ပထမတစ်မျိုးက
🛑ဥပမာ အပူထုတ်နိုင်စွမ်း 2.65KW (2650Watt)
ရှိတဲ့ အဲကွန်းကိုတစ်နာရီ မောင်းဖို့ လျှပ်စစ်ဓာတ်အား
845Watts ကုန်တယ်ဆိုပါစို့။
🛑အစားထိုးရင်
COP=2650/845
=3.136~3.14 COP ရပါတယ်။
အဲကွန်းတွေဟာ။
COP တန်ဖိုးမြင့်လေ စွမ်းဆောင်ရည်
ကောင်းလေပါ။
🛑အဲဒီအမှတ်တွေကိုRatingတခုလုပ်ပြီး
Energy start rating ဆိုတာနိုင်ငံတကာမှာသတ်မှတ်ပါတယ်။
🛑ဂဏန်းကြီးရင်star rating မြင့်ပါတယ်။
COP မြင့်ပါတယ်။
🛑COP နိမ့်တဲ့စက်တွေလျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေဆိုရင်
သွင်းကုန်ခွန် မြှင့်တာတို့ တင်သွင့်ခွင့်ပိတ်ပင်တာတို့
နဲ့တားဆီးထားလေ့ရှိပါတယ်။
🛑COP မြင့်တဲ့စက်တွေဆိုရင် အခွန်လျှော့ပေးတာ
အထူးအခွင့်အရေးပေးတာတွေနဲ့နိုင်ငံရေးအရ မက်လုံးပေးပါတယ်။
🛑နောက်ပြီး
COP အလိုက် Star Ratingတွေကို
လျှပ်စစ်အသုံးအဆောင်တွေရဲ့
အပေါ်မှာ ကပ်ထားတာတွေ့နိုင်ပါတယ်။
တရားဝင်ကပ်ထားပေးပါတယ်။
ဝယ်သူတွေရွေးချယ်နိုင်ဖို့ပါ။
🛑အခုလက်ရှိ
မြန်မာပြည်က တရုတ်အဲကွန်းတွေကတော့..
တွေမှာ COP 2~3 အတွင်းသာအများစုရှိပါတယ်။Star rating လည်း
မကပ်ထားပါ။
နောက်တခုကEER
ဥပမာ
အဲကွန်းစက်အမျိုးအစားတခုက
တစ်တန်(1.5 hp)အပူထုတ်နိုင်စွမ်းရှိတယ်ဆိုပါစို့။
🛑သူ့ရဲ့ အပူထုတ်နိုင်စွမ်းက
12000Btu ဖြစ်ပြီး
Power Inputခေါ် 12000Btu အပူထုတ်နိုင်ဖို့
ပေးသွင်းကုန်ဆုံးရတဲ့ လျှပ်စစ်ဝပ်အားပမာဏ
1120 Watt ဆိုပါတော့။
🛑အဲဒါဆိုရင်
12000Btu/1120Watts=10.71 ရပါမယ်
အဲဒါကြောင့်အဲဒီစက်ဟာ..EER အနေနဲ့10.71ရှိတယ်လို့ဆိုပါတယ်။
🛑နောက်စက်တလုံးက 12000Btu/hr အပူထုတ်ဖို့
လျှပ်စစ်စားသုံးမှု Power Input
1200Watts ရှိတယ်ဆိုရင်
သူ့ရဲ့ COP or EER =12000/1200=10
ရပါမယ်။ဒါဆို ဒီစက်က စောစောကစက်ထက်
စွမ်းဆောင်ရည်နိမ့်ပြီး လျှပ်စစ်ပိုကုန်ပါတယ်။
🛑ဝယ်မယ်ဆိုအပေါ်ကစက်အမျိုးအစားကိုဝယ်ရမှာပါ။ တလုံးနှစ်လုံးစာ မသိသာပေမယ့်
တနိုင်ငံလုံးအတွက်ဆိုရင်
EER 10 လောက်ရှိတဲ့ စက်ကိုဝယ်မိရင်
စက်တ လုံးတနာရီမောင်းရင် 80Watts ဆိုတော့
စက်အလုံးရေ တသန်းဆိုရင်
1000000 x 80Watt/hr=80000000 Watts
(80မဂ္ဂါဝပ်နာရီ) ကုန်ပါမယ်။
တနေ့ (10)နာရီ နဲ့ ရက်ပေါင်း (300) သုံးနေကြရင်
10x300x 80=240000 မဂ္ဂါဝပ်နာရီ အလကားကုန်ပါတယ်။
🛑အဲဒီလျှပ်စစ်ပမာဏဟာ
နိုင်ငံတကာအဆင့်
အလုပ်သမား ဦးရေ 100000 လောက်ရှိတဲ့
စက်မှုဇုန် သုံခုလောက်ကို တနှစ်စာ လျှပ်စစ်ပေးထားလို့ရပါတယ်။
အဲဒီအတွက် လူငယ်တွေအလုပ်အကိုင်အခွင့်အလမ်းတွေ
တိုင်းပြည်ဝင်ငွေတွေ လျှပ်စစ်ချွေတာခြင်းကနေ ပိုတိုးလာမှာပါ။ဒါကတကယ်နိုင်ငံရေးပါ။
၀င်ငွေတိုးလို့ လူတွေဗိုက်ပြည့်ရင် တိုင်းပြည်ငြိမ်းချမ်းပါတယ်။ရန်ဖြစ်နေတာက ဗိုက်မ၀တဲ့ပြသနာကစတာပါ။
🛑ချွေတာလိုက်တဲ့လျှပ်စစ်ကို
ကုန်ထုတ်လုပ်မှုမှာမသုံးပဲ
ကျေးရွာတွေကိုမျှပေးနိုင်ရင်
ကျေးလက်ရဲ့ ကျန်းမာရေး၊ပညာရေးနဲ့
လူမှုစီးပွားရေးတွေ အများကြီးတိုးတက်လာမှာပါ။
ဒါကြောင့်လျှပ်စစ်ချွေတာတာ ၊ COP ကောင်းတဲ့စက်တွေကိုပဲသုံးခွင့်ပြုတာကလည်း
တကယ့်နိုင်ငံရေးတခုပါ။
🚩တိုင်းပြည်တပြည်မွဲ‌ေစချင်ရင်
စစ်မတိုက်ပဲဆော်လို့ရတာက
အရည်အသွေးနိမ့်တဲ့ လျှပ်စစ်ပစ္စည်းတွေ‌
ဈေးပေါပေါနဲ့ရောင်းလိုက်ယုံပါပဲ။
🛑တိုင်းပြည်မွဲလို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်မတည်ခင်
သုံးနေတဲ့လျှပ်စစ်ပစ္စည်းတွေရဲ့တင်သွင်းခွင့်
အရည်အသွေးကို နည်းနည်းလေး
ကြပ်မတ်ယုံနဲ့ အပိုလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ
တည်စရာမလိုပဲအထောက်အကူရပါတယ်။
🛑မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ဖားကောက်ဖြစ်နေပါလိမ့်မယ်။
🛑ဘယ်လိုပဲဖြစ်ဖြစ်
EER နဲ့ COP ဟာသဘောတရားတူတူပါ။
အပူထုတ်နိုင်စွမ်းနဲ့လျှပ်စစ်စားသုံးရဲ့အချိုးပါ
တခုကတော့cooling capacity-KW နဲ့ လျှပ်စစ်စားသုံးမှု kWတွေရောတတ်ပါတယ်။
🛑Cooling Capacity. ဆိုတာအပူထုတ်နိုင်စွမ်း
Power input ဆိုတာ..လျှပ်စစ်စားသုံးမှုပါ။
🛑EER နဲ့ COPတန်ဖိုးဟာ..အဲကွန်းရဲ့
အပူထုတ်နိုင်စွမ်းနဲ့ကုန်ဆုံးတဲ့လျှပ်စစ်ဓာတ်အားတို့ရဲ့အချိုးဆိုတာထပ်ပြောပါမယ်။
အပူထုတ်တာချင်းအတူ လျှပ်စစ်ဝပ်အားပိုကုန်ရင်
EER နဲ့ COP တန်ဖိုးနည်းသွားမှာပါ။
🛑EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con စျေးလဲ လိုက်များလာပါတယ်။
🛑ဒီမှာတင်သွင်းနေတဲ့
Air Con အများစုကတော့ EER 8.9 ကနေ 10.7
ကြားမှာပဲ ရှိကြပါတယ်။
အရည်အသွေးညံ့ကြတယ်ပေါ့။
🛑စွမ်းအင်သုံးစွဲမှုအရမ်းတင်းကြပ်တဲ့
နိုင်ငံတွေမှာတော့..EER 11 အောက်စက်တွေကို တင်သွင်းခွင့်မပြုခြင်းဖြင့် စွမ်အင်မူဝါဒနဲ့ တင်းကြပ်ထားပါတယ်။
တင်သွင်းချင်ရင်လည်းEER မြင့်တဲ့စက်ထက်
အခွန်အများကြီးပိုကောက်ပါတယ်။
🛑Inverter type တွေမှာဆို EER 12 ကနေ15 ဝန်းကျင် ကြားရှိကြပါတယ်။
🛑24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆိုEER မြင့်တဲ့ Air Con ကို ရွေးချယ်၀ယ်ယူသင့်ပါတယ်။ဒါဟာကိုယ့်အတွက်လည်း
ငွေကြေးချွေတာပြီးသားဖြစ်သလို
နိုင်ငံတော်ကိုလည်းကူညီရာရောက်ပါတယ်။
🛑အဲကွန်းတွေကိုတင်သွင်းခွင့်ပြုရာမှာ
EER မြင့်တဲ့ အဲကွန်းတွေတင်သွင်းခွင့်ပြုလေ
တိုင်းပြည်ရဲ့ လျှပ်စစ်ပြုန်းတီးမှုသက်သာလေပါ။
(တိုင်းပြည်ကိုချလည်းချစ် တတ်လည်တတ်နိုင်သူဆိုရင်
စွမ်းအင်သုံးစွဲမှုများတဲ့ လျှပ်စစ်ပစ္စည်းတွေတင်သွင်းမှု
လျှော့ချရေးကို များများလုပ်ကြပါ)
ဘယ်လိုအဲကွန်းမျိုးကို ဝယ်ရမယ်မသိရင်
ကျနော်ကူညီပေးနိုင်ပါတယ်။
မည်သူမဆို လွပ်လပ်စွာမျှဝေနိုင်ပါသည်။
#ကိုနန္ဒမိုး

အဲကွန်းဆိုင်ရာ အမေးအဖြေများ...................................................၁။ အဲကွန်းက အလုပ်တော့လုပ်တယ် အေးတော့မအေးဘူ...
26/12/2021

အဲကွန်းဆိုင်ရာ အမေးအဖြေများ...................................................
၁။ အဲကွန်းက အလုပ်တော့လုပ်တယ် အေးတော့မအေးဘူး (လေအေးမထွက်ဘူး)?
အဲကွန်းစနစ်တခုမှာ အခြေခံအားဖြင့် အစိတ်အပိုင်း ၂ခု ပါဝင်ပါတယ်။ အခန်းအတွင်းရှိ Fancoil နဲ့ အခန်းအပြင်ဘက်ရှိ Condenser တို့ဖြစ်ပါတယ်။
Fancoil ဟာ Condenser ကြောင့်ဖြစ်ပေါ်လာတဲ့ အေးမြမှုကို အခန်းတွင်းသို့ထုတ်လွှတ်ပေးတဲ့အလုပ်လုပ်ပါတယ်။
Fancoil မှလေအေးတွေမထွက်လာဘူးဆိုရင် Condenser အလုပ်မလုပ်တာကြောင့်ဖြစ်ပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးကြည့်ဖို့အကြံပြုပါတယ်။
၂။ အဲကွန်းက ရေတွေဘာကြောင့်ကျလာသလဲ?
ပုံမှန်အားဖြင့်တော့ fancoil မှာ အခန်းတွင်းရှိရေငွေ့များ ငွေ့ရည်ဖွဲ့ပြီး ရေခံဗန်းကတဆင့် ရေစွန့်ပိုက်ထဲသို့ရေတွေသွားပါတယ်။
အဲ့လိုမဟုတ်ဘဲ ရေတွေ fancoil မှထွက်ကျလာတယ်ဆိုတာ ရေစီးဆင်းမှုမှာ အတားအဆီးတခုခုဖြစ်နေလို့ပါ။
Servicing လုပ်ခြင်းမှာ ထိုရေစီးဆင်းမှုကောင်းမွန်အောင် လုပ်ဆောင်ခြင်းတာဝန်လည်းပါပါတယ်။
၃။ အဲကွန်းကို မောင်းထားတာ အချိန်အတိုင်းအတာတခုရှိပြီ အခန်းက အေးမလာဘူး?
ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေတချို့ပြောပြပေးပါမယ်။
ဖြစ်နိုင်ချေ ၁။ Fancoil မှာ (ဂျီး) များပိတ်နေပြီး လေအေးထုတ်လွှတ်နိုင်မှု နည်းနေခြင်း။
ဖြစ်နိုင်ချေ ၂။ Condenser မှာ (ဂျီး) များပိတ်နေပြီး အေးမြမှုပေးမယ့် Gas ကို ထုတ်လုပ်ပေးနိုင်မှု အားနည်းနေခြင်း။
ဖြစ်နိုင်ချေ ၃။ အဲကွန်းစနစ်အတွင်းရှိ Gas လုံလောက်မှုမရှိခြင်း။
ဖြစ်နိုင်ချေ ၄။ အဲကွန်းစနစ်ပုံမှန်အလုပ်မလုပ်ဘဲ လည်လိုက်ရပ်လိုက်ဖြစ်နေခြင်း။
ဖြစ်နိုင်ချေ ၅။ Setting Temperature ချိန်ညှိ့ထားမှု များနေခြင်း။
ဖြစ်နိုင်ချေ ၆။ တပ်ဆင်ထားသော မြင်းကောင်ရေ လုံလောက်မှုမရှိခြင်း။
၄။ အဲကွန်း ဘာကြောင့် အလုပ်မလုပ်သလဲ?
အရင်ဆုံးဖြစ်နိုင်ချေတခုကတော့ Electrical power supply မရောက်လို့ပါ။
Safeguard ကိုမီးရောက်မရောက်စစ်ပါ။
Safeguard ရဲ့ Output ကိုမီးတကယ်ထွက်မထွက်စစ်ပါ။
Safeguard မလိုလို့မသုံးထားတဲ့အိမ်ဆိုရင် Power Socket အဝင်အထွက် မီးရှိမရှိစစ်ပါ။
မီးရောက်တယ်လို့ သေချာရင်တော့ အဲကွန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူကို ဆက်သွယ်ပါလို့ အကြံပြုလိုပါတယ်။
၅။ အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကဘာပါလဲ?
အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
အကျိုးကျေးဇူး ၁။ အဲကွန်း ပိုမိုကောင်းမွန်စွာ အေးမြစေပါလိမ့်မယ်။
အကျိုးကျေးဇူး ၂။ မီတာစားကို သက်သာစေပါလိမ့်မယ်။
အကျိုးကျေးဇူး ၃။ အဲကွန်းရေကျခြင်းပြသနာကို လျော့ချပေးပါလိမ့်မယ်။
အကျိုးကျေးဇူး ၄။ အဲကွန်းအကြီးစားပြုပြင်မှုလိုအပ်ခြင်းကို လျော့ချပေးပါလိမ့်မယ်။
အကျိုးကျေးဇူး ၅။ အဲကွန်း စက်ပစ္စည်းသက်တမ်းကို ပိုကြာရှည်စွာအသုံးပြုနိုင်ပါမယ်။
၆။ အဲကွန်း servicing ဘယ်လောက်တခါလုပ်သင့်သလဲ?
ယေဘုယျအားဖြင့်တော့ အိမ်သုံးတွေအတွက်ဆိုရင် ၃လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
ရုံးသုံးတွေအတွက်ဆိုရင် ၁လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
လုပ်ကိုလုပ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ဘဲ အသုံးပြုမှုနှုန်း ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မူပါတယ်။
ကျွမ်းကျင်တဲ့ aircon technician နဲ့တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။
ရ။ အဲကွန်းကို အသုံးပြုသူ ကိုယ်တိုင်ရော maintenance လုပ်လို့ရသလား?
အခြေခံ maintenance အနေနဲ့ Air filter နှင့် body အဖုံးကို ၂ပတ်တကြိမ် ဆေးကြောပေးလို့ရပါတယ်။
အဲ့လိုလုပ်ခြင်းအားဖြင့် အခန်းတွင်းအေးမြမှုကို ပိုမိုကောင်းမွန်စေပါတယ်။
၈။ အဲကွန်း ဘာကြောင့် အနံ့ထွက်နေရတာလဲ?
အနံ့တွေဟာ fancoil အတွင်းမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ဖြစ်ပေါ်လာမှုကြောင့် ထွက်လာတာဖြစ်ပါတယ်။
အနံ့တွေ တအားဆိုးနေရင်တော့ Chemical Cleaning လုပ်ဖို့လိုအပ်နေပါပြီ။

၉။ အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက ဘာလုပ်သင့်သလဲ?
အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက Gas ဖြည့်ခြင်းဟာ အဖြေတခုမဟုတ်ပါဘူး။
Gas တွေဘယ်ကထွက်နေသလဲဆိုတာ High Pressure Testing လုပ်ပြီး အပေါက်ရှာရပါမယ်။
ထိုအပေါက်ကို ပြုပြင်ပြီးမှ သင့်တော်သော Gas ပမာဏပြန်လည်ဖြည့်သွင်းရပါမယ်။
၁၀။ Condenser ကိုရော Servicing လုပ်ဖို့လိုအပ်သလား?
ရန်ကုန်ဟာ ဖုန်ထူထပ်တာကြောင့် Condenser ကိုပါ Servicing ပြုလုပ်ပေးပါတယ်။
Condenser မှာ (ဂျီး) များပိတ်နေခြင်းကလည်း အအေးနှုန်းကိုထိခိုက်စေသလို Compressor သက်တမ်းကိုလည်းတိုစေပါတယ်။
မီးအားလည်းပိုစားစေပါတယ်။
၁၃။ Condenser ရဲ့ အဝင်အထွက်ကြေးပိုက်တွေ ဘာလို့ ရေခဲနေရတာလဲ?
ဖြစ်နိုင်ချေ ၂ခုရှိပါတယ်။
ပိုက်အသေးမှာ ရေခဲနေခြင်းဟာ System အတွင်း Gas လုံလောက်မှုမရှိဘူးဆိုတာပြပါတယ်။
ပိုက်အကြီးမှာ ရေခဲနေခြင်းဟာ Fancoil or Filter မှာ (ဂျီး) ပိတ်နေခြင်း သို့မဟုတ် Blower မလည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
၁၄။ အဲကွန်းက သူ့အလိုလိုပိတ်ပြီး မီးလုံးလေးတွေမှာ မှိတ်တုတ်မှိတ်တုတ် ဘာလို့ဖြစ်နေတာလဲ?
Fancoil ရဲ့ မီးလုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာဟာ System ထဲမှာ တခုခုပြသနာရှိနေတာကိုပြပါတယ်။
ဒါကြောင့်အဲကွန်းက ဆက်အလုပ်မလုပ်ဘဲ သူ့အလိုလိုပိတ်သွားပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုပိတ်သွားတာဟာ ကာကွယ်ခြင်းသဘောတရားဖြစ်ပြီး။
electrical power supply ကို reset လုပ်ပြီးထပ်မသုံးသင့်ပါဘူး။
နောက်ဆက်တွဲ ပြုပြင်ရမယ့်စရိတ်တွေရှိလာနိုင်လို့ပါ။
၁၅။ အဲကွန်းက သူ့အလိုလို ပိတ်လိုက်ဖွင့်လိုက် ဘာလိုဖြစ်နေတာလဲ?
Remote Controller မှာ Timer Setting ချိန်ထားမိလို့ဖြစ်နိုင်သလို။
Fancoil ရဲ့ Printed Circuit Board ပြသနာလည်းဖြစ်နိုင်ပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။
၁၆။ အဲကွန်း Remote Controller ကနေ ဖွင့်လိုမရတော့ဘူး?
ပြသနာက Remote controller or Fancoil Printed Curcuit Board မှာရှိနေနိုင်ပါတယ်။
Remote Controller ကို တခြား Fancoil မှာစမ်းသပ်ကြည့်ပါ။
အလုပ်လုပ်တယ်ဆိုရင် ပြသနာက PCB မှာရှိနေပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။
၁၇။ အဲကွန်း Pressure စစ်ဆေးတယ်ဆိုတာဘာလုပ်တာလဲ။ ဘာကြောင့်လိုအပ်တာလဲ?
အဲကွန်းတလုံးဟာ Gas တွေယိုစိမ့်မှုဖြစ်ပေါ်ပြီး ခဏခဏပြန်ပြန်ဖြည့်နေရပြီဆိုရင်
တနေရာရာမှာ ထွက်ပေါက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။
အဲ့ဒီ ထွက်ပေါက်ကို ရှိဖို့ရင်အတွက် High Pressure Testing လုပ်ရပါတယ်။
Condener, Fancoil and Pipe Line တွေကို High Pressure ထိုးပြီး လိုက်ရှာရပါတယ်။
အပေါက်ပေါ်မူတည်ပြီး လိုအပ်သလိုပြုပြင်ရပါမယ်။ ပြီးမှ သင့်တော်တဲ့ Gas ပမဏပြန်ထည့်ရပါမယ်။
Credit - ကိုနန္ဒမိုး
Easy Cool Aircon Service 09 250 266 958, 09 777 69 11 96

Address

Yangon

Telephone

+959777691196

Website

Alerts

Be the first to know and let us send you an email when Easy Cool Aircon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category