Shwe Nwe Lay

Shwe Nwe Lay Online Shopping Mall

06/09/2025

ကကွက်အစုံ🤣

လျောက်သွားလျောက်စားလျောက်စီးလျောက်ဆော့‌😜ဇင် နွယ် ဖြိုး
06/09/2025

လျောက်သွားလျောက်စားလျောက်စီးလျောက်ဆော့‌😜
ဇင် နွယ် ဖြိုး

05/09/2025

🤣🤣🤣
သားနှစ်ယောက်ရဲ့ကကွက်မှာအူတတ်🤣

😎😎😎
23/07/2025

😎😎😎

20/07/2025

#သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ

ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကို စစ်ပါ

#အခု ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးက
အရင်ဖြစ်နေတာနဲ့ မတူဘူးနော် ...

#အဖျားတောက်လျောက်တက်ပီး ၃ ရက်မြောက်မှာ
ကိုယ်ပူကျသလို ဖြစ်ပီး လန်းလာတယ် ...

ပီး တကိုယ်လုံးအေးစက်လာပီး ...
Pressure , Oxygen , Platelet Count တွေ ကျ
၅ ရက်မြောက်နဲ့ ၇ ရက်မြောက်အထိ အသက်လုရတယ်

အရည်တွေ ဝင်အောင် တိုက်ရတယ် ...

( ကြက်ကြမ်း စွပ်ပြုတ် ( အချိုမှုန့်မပါရ ရေဓာတ်ခမ်းတာဖြစ်လို့ အချိုမှုန့်က ရေဓာတ်ကို စုပ်ယူလို့ပါ ) / အုန်းစိမ်းရည် / အိုဗာဖြူ / ငုံးဥ / ကြက်ဥ / အမဲစွပ်ပြုတ် )

အစာမဝင်ရင် လက္ခဏာတွေ သတိမထားမိရင်
Expired ဖြစ်သွားကြပါတယ် ....

၈ ရက်နဲ့ ၉ ရက်တွေက Platelet count ပြန်တက်စေတဲ့ရက်တွေပါ ဒီအထိ တောင့်ခံထားနိုင်ရင် ဒီပိုးကို တိုက်ထုတ်နိုင်ပါပီ ...

အခု ကလေးတွေ အများကြီး ဖြစ်နေကြတယ် ....
မိနစ် ၂၀ တခါ Pressure ကျပါတယ် အမြဲတိုင်း နေရပါမယ် နော် ...

သွေးလွန်တုပ်ကွေးခြင် က ရောဂါရှိသူကို ကိုက်ပီး
ကူးစက်ခံရသူကို ကိုက်လိုက်တာနဲ့ ...၁၀ ရက်အတွင်း
Virus ပေါက်ဖွားတာ အဖျားတက်စေပါတယ် ...

103-104 မကျ ပါ ...ကယောင်ကတမ်းပြောပါတယ် ...
Hess test မှာ တချို့ မပေါ်ပါ သွေးစစ်မှ ပေါ်ပါတယ် ...

ကိုယ့်ရဲ့ မြို့ ပတ်ဝန်းကျင်မှာ ရောဂါကူးစက်ခံရသူ ရှိရင်
သင့်တို့လဲ ကူးစက်နိုင်ပါတယ် ...

မပေ့ါ့ဆကြပါနဲ့
🙏ဆေးခန်း အချိန်မှီ မရောက်နိုင်တဲ့ ကလေးတွေ Expired ဖြစ်တာ များနေပါတယ်။🙏

များများ share ပေးကြပါ🙏
#သွေးလွန်တုပ်ကွေး
#သူငယ်ချင်း
#ကျန်းမာရေးဗဟုသုတရကြပါစေ

လှလို့😍
20/07/2025

လှလို့😍

20/07/2025

ဌက်စာကျွေး😍

🦟 ကလေးများနဲ့ မိုးရာသီ သွေးလွန်တုပ်ကွေး အန္တရာယ် 🦟🦟 မိုးရာသီရောက်ပြီဆိုရင် မိဘတွေက ကလေးတွေအတွက် သွေးလွန်တုပ်ကွေးအန္တရာယ်...
20/07/2025

🦟 ကလေးများနဲ့ မိုးရာသီ သွေးလွန်တုပ်ကွေး အန္တရာယ် 🦟

🦟 မိုးရာသီရောက်ပြီဆိုရင် မိဘတွေက ကလေးတွေအတွက် သွေးလွန်တုပ်ကွေးအန္တရာယ်ကို သတိထားလာရပါပြီ။ သွေးလွန်တုပ်ကွေးက ဘယ်ရာသီမှာမဆို ဖြစ်နိုင်ပေမယ့် ရေဝပ်လွယ်တဲ့ မိုးတွင်းမှာတော့ အဖြစ်အများဆုံးပါ။

🦟 သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ တရားခံက သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ အေးဒီးစ်ခြင်ကျားပဲ ဖြစ်ပါတယ်။ ဒီခြင်ကျားက နေ့ဘက်တွေမှာ ကိုက်လေ့ရှိပါတယ်။ အထူးသဖြင့် နေထွက်ပြီးမှ ၂နာရီနဲ နေဝင်ခါနီး၂နာရီက သူတို့ အသောင်းကျန်းဆုံး အချိန်ပါ။

🦟 ဒီခြင်တွေက ရေကြည်ရေသန့်တွေမှာ ပေါက်ပြီး သူတို့ ပေါက်ဖို့ ရေတွေအများကြီး ရှိစရာမလိုပါဘူး။ လမ်းပေါ်မှာ တာယာစုတ်၊ ရေသန့်ဗူးခွံတွေမှာ ရေနည်းနည်းလောက်ရှိရင်ကိုပဲ ဥဥပြီး အကောင်ပေါက်နိုင်ပါတယ်။

🦟 မိုးရာသီမှာ ဒီလက္ခဏာတွေရှိနေရင် ကလေးမှာ သွေးလွန်တုပ်ကွေးရှိနေလားဆိုပြီး သံသယဖြစ်ဖို့ လိုပါတယ်။ ဒါတွေကတော့
🔹ရုတ်တရက် အဖျားကြီးတာ
🔹ခေါင်းကိုက်တာ
🔹မျက်လုံးအောင့်တာ
🔹ကိုယ်လက်တွေနာတာ
🔹ပျို့အန်တာ
🔹အရေပြားမှာ အနီစက်တွေ ထွက်တာ စတာတွေပဲ ဖြစ်ပါတယ်။

❗ ဒီလို လက္ခဏာတွေရှိနေရင် ကလေးဆရာဝန်နဲ့ ပြသပြီးကုသမှု ခံယူသင့်ပါတယ်။ ❗

🦟 သွေးလွန်တုပ်ကွေးမှာ အဆင့်တွေရှိပြီး အပေါ်ကလောက်ပဲဆိုရင် အိမ်မှာစောင့်ကြည့်လို့ ရပါတယ်။ သွေးလွန်တုပ်ကွေးက ၂ ရက်ကနေ ၇ ရက်အတွင်းမှာ ပျောက်သွားတတ်ပြီး ဒီကြားထဲမှာတော့
ကလေးကို
🔹အနားယူခိုင်းတာ
🔹ရေများများတိုက်တာ
🔹အာဟာရရှိတာတွေ ကျွေးတာ
🔹ရေပတ်ဝတ်တိုက်တာတွေ လုပ်ပေးနိုင်ပါတယ်။
ဆေးတွေကိုတော့ ဆရာဝန်ညွှန်မှပဲ တိုက်သင့်ပါတယ်။

🦟 ဒီလိုနဲ့ စောင့်ကြည့်နေပြီး ကလေးက
🔸ရုတ်တရက် ဗိုက်အောင့်တာ
🔸ဆက်တိုက်အန်တာ
🔸အသက်ရှူမြန်လာတာ
🔸မှိန်းနေတာ
🔸နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာ
🔸ကော်ဖီရောင်အန်တာ၊ ဝမ်းမည်းမည်းတွေသွားတာ
🔸ဖြူဖျော့အေးစက်လာတာ စတဲ့လက္ခဏာတွေ ပေါ်လာတာနဲ့ ရှော့ဝင်တာဖြစ်နိုင်လို့ နီးစပ်ရာဆေးရုံကို အမြန်သွားသင့်ပါတယ်။

🦟 သွေးလွန်တုပ်ကွေးက အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်တာကြောင့် တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားတာ အကောင်းဆုံးပါ။ သွေးလွန်တုပ်ကွေးအတွက် အကောင်းဆုံး ကာကွယ်နည်းက ခြင်ကိုက်မခံရအောင် နေတာပါ။

ဒါကြောင့်
✅ကလေးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးပါ။
✅ခြင်ထောင်နဲ့ သိပ်ပါ။
✅ကလေးနဲ့ ခပ်လှမ်းလှမ်းမှာ ခြင်ဆေးဖျန်းတာ၊ ✅ခြင်ဆေးထွန်းတာတွေ လုပ်နိုင်ပါတယ်။
✅ခြင်မကိုက်ဆေးလည်း လိမ်း‌ပေးနိုင်ပါတယ်။
✅ခြင်မဝင်အောင် အခန်းပြတင်းပေါက်တွေ ပိတ်ထားပါ။ ဒါမှမဟုတ် ခြင်လုံဇကာတပ်ပါ။
✅နေထွက်စအချိန်နဲ့ နေဝင်ခါနီးအချိန်တွေမှာ ကလေးကို အိမ်ထဲမှာပဲ ထားပါ။
✅ခြင်ပေါက်ဖွားမှု နည်းစေဖို့ အိမ်နီးပတ်ဝန်းကျင်မှာ ရေမဝပ်အောင် ဂရုစိုက်ပါ။

🦟 သွေးလွန်တုပ်ကွေးက ကလေးတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါဖြစ်တာကြောင့် ကြိုတင်ကာကွယ်ထားဖို့ လိုသလို ဖြစ်လာရင်လည်း စနစ်တကျ ကုသဖို့ လိုပါတယ်။

Dr Htet Htet Zaw Win

ပစ္စည်းပြတ်သွားခဲ့တဲ့ Mini UPS လေးတွေ ပြန်ရောက်ပါပြီ ရှင့်မီးပြတ်သွားတာနဲ့ အင်တာနက်လိုင်းပါသုံးမရတော့လို့ mobile data ဖ...
20/07/2025

ပစ္စည်းပြတ်သွားခဲ့တဲ့ Mini UPS လေးတွေ ပြန်ရောက်ပါပြီ ရှင့်


မီးပြတ်သွားတာနဲ့ အင်တာနက်လိုင်းပါသုံးမရတော့လို့ mobile data ဖွင့်သုံးစရာမလိုအောင်သူလေးက ကူညီပေးမှာပါ


Fiber internet သုံးနေတဲ့သူတွေ
Wifi Router, CCTV တွေကိုပါ မီးပြတ်တဲ့အချိန်မှာ WGP MINI UPS လေးနဲ့ power on ထားလို့ရပါတယ်ရှင့်

USB ပေါက်ကနေ ဖုန်းအားသွင်းလို့ရသလို USB ခေါင်းသုံးတဲ့ cctv လိုမျိုး device တွေလည်း ချိတ်သုံးလို့ရပါတယ်ရှင့်
9V device တစ်ခု နဲ့ 12V device တစ်ခု ကိုပါ တစ်ပြိုင်ထဲ ချိတ်သုံးလို့ရတာမို့ အရမ်းကိုအဆင်ပြေနေပါပြီနော်


Battery 10400mAh ပါလို့ မီးပြတ်တဲ့အချိန် Backup time အနေနဲ့ ၄နာရီ ကနေ ၈နာရီ အကြား အသုံးခံပါတယ်ရှင့်
အင်တာနက်တပ်ထားတဲ့အိမ်တိုင်း တပ်ထားသင့်တဲ့ စက်လေးပဲဖြစ်ပါတယ်။


09785144848

အများဈး CB ပါနော်


 ာအုပ်Freeအဌား ာကြည့်တိုက် ာအုပ်အဟောင်းအရောင်း #အောက်ကပြထားတဲ့စာအုပ်လေးတွေဖတ်ချင်ရင်လာဌားလို့ရပါတယ်ရှင့် ပိုက်ဆံပေးစရာမလ...
19/07/2025

ာအုပ်Freeအဌား
ာကြည့်တိုက်
ာအုပ်အဟောင်းအရောင်း
#အောက်ကပြထားတဲ့စာအုပ်လေးတွေဖတ်ချင်ရင်လာဌားလို့ရပါတယ်ရှင့် ပိုက်ဆံပေးစရာမလိုပါဘူးနော်
#ကလေးလေးအတွက်စာအုပ်လေးတွေလည်းပါလို့ မေမေတို့လည်းဝင်လေ့လာကြည့်ပါရှင့် baby တို့တွက်စာအုပ်သေးသေးလေးတွေတော့ ရိုက်ထားတာထဲမပါတာတွေအများကြီးရှိလို့ CB ကနေလာမေးလို့ရပါတယ်ရှင့်
လမ်းပျောက်ပြီးဦးတည်ချက်မရှိသလိုဖြစ်နေလို့ တွေးမိတွေးရာတွေးရင်း ငယ်ငယ်ကဝါသနာလေးကိုသွားသတိရမိရင်း🧚‍♀️🧚‍♀️🧚‍♀️
ငါကြီးလာရင် စာအုပ်အဌားဆိုင်လေးဖွင့်မယ် 📖📖📖ကိုယ်တိုင်လည်းဖတ်မယ် ဝါသနာတူလေးတွေကိုလည်း သက်သက်သာသာဝန်ဆောင်မှုကောင်းကောင်းနဲ့ပေးဖတ်မယ်ပေါ့ (ခုတော့ ဝမ်းစာရှာ သားနှစ်ယောက်နဲ့လုံးပန်းနေရ)
စာအုပ်အဌားဆိုင်လးကတော့ ဝါသနာနဲ့စေတနာအရင်းခံမို့ ပိုက်ဆံမပေးနိုင်ရင်တစ်ခါတည်းဆိုင်မှာထိုင်ဖတ်သွား ပိုက်ဆံပေးစရာမလိုဘူး
စီးပွားရေးအနေနဲ့ကတော့ အအေးဆိုင်သေးသေးလေး READY MADE COFFEE MIX လေးဖျော်ရောင်းပြီး အေးဆေးသက်သာတဲ့ အေးချမ်းတဲ့ လူသားလေးတစ်ယောက်ဖြစ်ချင်ခဲ့တာ😍
ခေတ်ကာလတိုးတတ်လာတော့ လူတိုင်းဖုန်းကိုင်နိုင် ဖုန်းပဲကြည့် (ကိုယ်အပါအဝင်) စာအုပ်ဖတ်ချင်လည်း ဖုန်းထဲကနေဖတ်လို့ရတဲ့ SOFTWARE တွေလည်းပေါလာတာနဲ့ ကိုယ့်ရဲ့စိတ်ကူးအိမ်မက်လေးလည်း ခုထိအကောင်အထည်မဖော်ဖြစ် (သားတွေကြီးလာတဲ့တနေ့ လုပ်ဖြစ်အောင် လုပ်မယ် ခုထိလက်မလျော့သေး😁)
ပြောချင်တာကခုမှလာမှာ Online ကနေပဲ စာအုပ်အဟောင်းလေးတွေ စျေးသက်သက်သာသာနဲ့တင်ရောင်းတော့မယ်လို့ပဲ စဥ်းစားလို့ ရလို့ တခြားရော ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံဉာဏ်လာတောင်းရင် ကိုယ့်မှာရှိနေတဲ့စာအုပ်လေးတွေဖတ်ချင်တဲ့သူတွေကို Free ဌားပေးချင်လို့ပါ😍😍😍
#ပြောဖို့မေ့နေလို့ ကိုယ်ကဝန်ထမ်းလုပ်နေတာမို့ ညနေ၅နာရီနောက်ပိုင်းပဲအားတာပါ အာ့ကြောင့် အပိုစီးပွားရေးအနေနဲ့ စာအုပ်အဟောင်းတန်းကနေ စာအုပ်လေးတွေ ရှာပြီးစျေးသက်သက်သာသာနဲ့ ဝါသနာကိုအရင်းခံပြီးလုပ်ချင်တာမို့ပါ😍
အကြံလေးတွေပေးရင်လည်း ကျေးဇူးတင်မိမှာပါ😘


#စာဖတ်မယ်

 #ခံစားချက်နဲ့တိုက်ဆိုင်လို့ကူးလာတာနေရာတစ်ခု ၊ လူတစ်ယောက်အတွက် ကိုယ်မရှိလို့ မဖြစ်ဘူးဆိုတာမျိုး မရှိဘူး တဲ့အစပိုင်းမှာ က...
19/07/2025

#ခံစားချက်နဲ့တိုက်ဆိုင်လို့ကူးလာတာ
နေရာတစ်ခု ၊ လူတစ်ယောက်အတွက် ကိုယ်မရှိလို့ မဖြစ်ဘူးဆိုတာမျိုး မရှိဘူး တဲ့

အစပိုင်းမှာ ကိုယ့်နေရာ လစ်ဟာသွားမှုအတွက် ဝမ်းနည်း ပူဆွေးနေမယ် ဒါပေမယ့် အဲ့ဒါဟာ ခဏပဲ တဲ့ အချိန်တန်ရင် ကိုယ့်နေရာမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ အစားထိုးကြမှာ တဲ့

ဒါပေမယ့် ကိုယ်လုပ်ပေးနိုင်တာတစ်ခုရှိတယ် တဲ့ ကိုယ်က အဲ့နေရာမှာ ရှိခဲ့စဉ်မှာ ၊ အဲ့လူအတွက် ရှိပေးခဲ့စဉ်မှာ ကောင်းမွန်တဲ့ စေတနာတွေနဲ့ အမှတ်တရ တွေ ချန်ထားပေးခဲ့လို့ရတယ် တဲ့

ဒီနေရာမှာ၊ဒီလူအနားမှာ"ကိုယ်ရှိခဲ့တုန်းကလောက်" ဆိုတဲ့ သူတို့ရဲ့ တုံ့ပြန်စကားမျိုးနဲ့ သူတို့ ကိုယ့်ကို သတိတရလောက်တော့ ရှိနေနိုင်မယ် တဲ့

လက်တို-6000လက်ပြတ်-550010စုံကျန် 2နှစ်ကနေ4နှစ်ထိရ
11/01/2025

လက်တို-6000
လက်ပြတ်-5500
10စုံကျန် 2နှစ်ကနေ4နှစ်ထိရ

Address

39street
Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Nwe Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share