Democracy today

Democracy today Democracy today Daily Newspaper
(236)

နေပြည်တော်က ကျန်းမားရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မည်--------------------------------နေပြည်တော်က က...
26/01/2021

နေပြည်တော်က ကျန်းမားရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မည်
--------------------------------
နေပြည်တော်က ကျန်းမားရေးဝန်ထမ်းတွေကို မနက်ဖြန်(ဇန်နဝါရီ ၂၇ ရက်)မှာ ကိုဗစ်ကာကွယ်ဆေး စတင် ထိုးပေးသွားမယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး ကပြောပါတယ်။ နေပြည်တော်မှာ ကျန်းမားရေးဝန်ထမ်း အယောက်(၃၀၀၀)ကျော်ရှိပြီး သက်ဆိုင်ရာ မြို့နယ်ဆေးရုံတွေမှာ ထိုးပေးသွားမယ်လို့ ဆိုပါတယ်။
“နေပြည်တော်ကိုတော့ ဒီနေ့ ဇန်နဝါရီလ(၂၆)ရက်နေ့မှာ ကာကွယ်ဆေးတွေရောက်ပါပြီ။ မနက်ဖြန်က စပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေကို စပြီးတော့ ထိုးမယ်။ ပြီးရင် အစီအစဉ်အတိုင်း ဆက်ပြီးတော့ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ အင်အားအားဖြင့်တော့ (၃၀၀၀)ကျော်ရှိပါတယ်။ ကျွန်တော်တို့ မြို့နယ်ဆေးရုံတွေ အထူးကုဆေးရုံတွေ အထွေထွေရောဂါကုဆေးရုံကြီးတွေ အဲဆေးရုံတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကို ကျွန်တော်တို့ ဆေးထိုးပေးသွားမှာဖြစ်ပါတယ်”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုး ကပြောပါတယ်။
ကာကွယ်ဆေးထိုးပြီးလို့ ဖျားတာတို့ ခန္ဓာကိုယ်မှာ ယားယံတာတို့ ကိုက်ခဲတာတို့ ဖြစ်ရင်သတိပြုနေဖို့ လိုအပ် တယ်လို့လည်း ဆိုပါတယ်။ ကာကွယ်ဆေးထိုးပြီး ပထမဆုံး တစ်ရက်မှာတော့ အိပ်ရေးဝဝအိပ်ဖို့ ၊ ရေများများ သောက်ဖို့ ၊ အစားအစာ ပုံမှန်စားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးရဲ့ သဘောတရားအရ ဆေးထိုး ပြီးရင် အရက်တို့ ဆေးလိပ်တို့ ရှောင်ရင်တော့ အကောင်းဆုံးဖြစ်တယ်လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုး ကပြောပါတယ်။
“ဒီကာကွယ်ဆေးကတော့ ကိုရိုနားဗိုင်းရပ်စ်အတွက် ကိုယ်ခံအားကိုတက်စေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ကာကွယ်ဆေးက (၂)ကြိမ်ထိုးရပါတယ်။ (၂)ကြိမ်ထိုးပြီးတဲ့ အခါကျတော့ ကိုယ်ခံအားကရှိလာပြီပေါ့။ ရှိလာပြီဆိုရင် တော်ရုံတန်ရုံ ဗိုင်းရပ်စ်ဝင်ရင် ကူးစက်မှုကို ဟန့်တားနိုင်တဲ့အနေအထားဖြစ်ပြီလို့ ပြောလို့ ရတယ်။ ဒီကာကွယ်ဆေးက အကျိုးရှိလားဆိုတော့ အတိုင်းအတာတစ်ခုအထိ အကျိုးရှိပါတယ်။ဒါကြောင့်မို့လို့လည်း တစ်ကမ္ဘာလုံးမှာ သုံးနေကြတာဖြစ်ပါတယ်”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုး ကဆိုပါတယ်။
ကာကွယ်ဆေးထိုးထားပေမယ့် ရောဂါပိုးကူးစက်နိုင်သေးတာကြောင့် သတိနဲ့ နေထိုင်ဖို့တော့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးထိုးပြီးရင်တော့ ရောဂါပြင်းထန်မှု အနေအထား အသက်ဆုံးရှုံးနိုင်မှု အနေအထား တွေကနေ ထိန်းချုပ်နိုင်မယ်လို့တော့ ယူဆလို့ရကြောင်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

မြန်မာနိုင်ငံကို Covid-19 ကာကွယ်ဆေး ရောက်တော့မည်-------------------------------မြန်မာနိုင်ငံကို Covid-19 ရောဂါကာကွယ်ဆေး ...
22/01/2021

မြန်မာနိုင်ငံကို Covid-19 ကာကွယ်ဆေး ရောက်တော့မည်
-------------------------------
မြန်မာနိုင်ငံကို Covid-19 ရောဂါကာကွယ်ဆေး တစ်သန်းခွဲ ဇန်နဝါရီ (၂၂) ရက်မှာရောက်ရှိမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ (၂၁) ရက်ကပြောပါတယ်။
အခုရောက်ရှိလာမယ့် ကာကွယ်ဆေးတစ်သန်းခွဲဟာ ပထမအသုတ်ဖြစ်ပြီး ပြည်သူ (၇) သိန်းခွဲကိုထိုးနှံပေးနိုင်မှာဖြစ်တယ်လို့ အတိုင်ပင်ခံကပြောပါတယ်။
မြန်မာနိုင်ငံကိုရောက်ရှိလာမယ့်ကာကွယ်ဆေးတွေကို Covid နဲ့ပတ်သက်ပြီး ရှေ့တန်းကနေ ကျန်း မာရေးဝန်ဆောင်မှုပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေးထိုး နှံပေးမှာပါ။
ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေကိုထိုးနှံပြီးပါက ဒုတိယဦးစားပေးအ နေနဲ့ အစိုးရအဖွဲ့ထဲက အတိုင်ပင်ခံအပါအဝင် အဓိကကျတဲ့လူတွေကို ထိုးနှံပေးမှာဖြစ် ပေမယ့် အများကြီးမရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
ကာကွယ်ဆေးထိုးနှံပေးမှုတွေကိုတော့ လာမယ့်အပတ်မှာစတင်ထိုးပေးဖို့စီစဉ်ထားပါတယ်။ ကာကွယ်ဆေး ထပ်မံရရှိမှုအပေါ်မူတည်ပြီးတစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင် ဆန်းစုကြည်ကပြောပါတယ်။
Covid-19 ကာကွယ်ဆေးရရှိပြီဆိုပြီး ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထား တဲ့စည်းမျဉ်းစည်းကမ်းတွေအလေးမထားဘဲ ပေါ့ဆလို့တော့မရဘူးလို့ အတိုင်ပင်ခံက သတိပေး လိုက်ပါတယ်။

အမေရိကန်လွှတ်တော်ဥက္ကဋ္ဌရုံးခန်းထဲဝင်ပြီး ဓာတ်ပုံရိုက်ခဲ့သူကိုဖမ်းမိ-------------------------------------အမေရိကန်လွှတ်တေ...
09/01/2021

အမေရိကန်လွှတ်တော်ဥက္ကဋ္ဌရုံးခန်းထဲဝင်ပြီး ဓာတ်ပုံရိုက်ခဲ့သူကိုဖမ်းမိ
-------------------------------------
အမေရိကန်လွှတ်တော်ကို ဝင်စီးတဲ့ ဆန္ဒပြအုပ်စုထဲက လွှတ်တော်ဥက္ကဌ Nancy Pelosi ရဲ့ ရုံးခန်းထဲဝင်ပြီး ဓာတ်ပုံရိုက်သူကို ဖမ်းမိထားပြီဖြစ်တယ်လို့ ရဲ တပ်ဖွဲ့က ဒီနေ့ (သောကြာနေ့) မှာပြောပါတယ်။
သူအမည်က Richard Barnett ဖြစ်ပြီး Arkansas ပြည်နယ်ကဖြစ်ပါတယ်။ သူ့ကို အမှု ၃ ခုနဲ့စွဲချက်တင်ထားဆိုပါတယ်။
အမှုတွေကတော့ ကန့်သတ်နေရာမှန်း သိရဲ့နဲ့ ခွင်ပြုချက်မရပဲ ကျုးကျော်ဝင်ရောက်ခြင်း၊ လွှတ်တော်ဝင်းအတွင်း အကြမ်းဖက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းခိုးယူခြင်းတွေဖြစ်ပါတယ်။
Alabama ပြည်နယ်က လူတဦးကိုလည်း လွှတ်တော်ဝင်းအတွင်း ဗုံးတွေ့မှုနဲ့ ဆက်စပ် ဖမ်းဆီးထားတယ်လို့ ရဲကပြောပါတယ်။
တရားရေဌာနရဲ့ သောကြာနေ့ ထုတ်ပြန်ချက်အရ ကျုးကျော်သူတွေထဲက ၁၃ ဦးကို စွဲချက်တင်ထားပါတယ်။ အသေးစိပ်တော့ မသိရသေးပါဘူး။
လွှတ်တော်ကို ဝင်ရောက်စီးနင်းသူတွေထဲက ပြစ်မှုကျုးလွန်သူတွေကို ရဲ က ရှာဖွေ ဖမ်းဆီးနေဆဲဖြစ်ပါတယ်။
Source: CNN

အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ကိုဗစ်ဗဟိုကော်မတီကသာ ဆုံးဖြတ်မည်ဟုဆို------------------------------အခြေခံပညာကျောင်းတွေ ...
09/01/2021

အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ကိုဗစ်ဗဟိုကော်မတီကသာ ဆုံးဖြတ်မည်ဟုဆို
------------------------------
အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့ ကိစ္စက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကသာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။
ဇန်နဝါရီ(၈)ရက်ကပြုလုပ်ခဲ့တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရှိရန်ညွှန်ကြားချက်ကိစ္စနဲ့ ပတ်သက်ပြီး One News ရဲ့ မေးမြန်းမှုအပေါ် အခုလို ပြန်လည် ဖြေကြားခဲ့တာပါ။ အခြေခံပညာကျောင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနကရေးဆွဲ ထုတ်ပြန်ထားတဲ့ စံသတ်မှတ် ချက်တွေ၊ Guideline တွေနဲ့ အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခိုင်းထားခြင်းသာဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။“ပြင်ဆင်ခိုင်းထားတယ်။ ဘယ်တော့ပြန်ဖွင့်ဆိုတာ ဒါကတော့ မပြောသေးဘူး။ မပြောသေးဘူး ဆိုတာ ဒါကို ဘယ်သူကဆုံးဖြတ်မှာလဲဆိုတော့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီက ဆုံးဖြတ်မှာ။ ကျန်းမာရေးရဲ့တင်ပြချက်၊ ပညာရေးရဲ့တင်ပြချက်၊ ဒါတွေပြန်ပြီးတော့ သင့်တော်တဲ့ အချိန်ပေါ့နော်။ ဒါကတော့ ကျောင်းတွေပြန်ဖွင့်ဖို့ သင့်တော်တယ်ဆိုရင် သူတို့ဆုံးဖြတ်မှာ။ ဒါကတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်တဲ့ ကော်မတီရှိတယ်။ အဲဒီကနေ ဘာမှဆုံးဖြတ်ချက်မထွက်သေးဘူး။ အဲတော့ ဘယ်လ ဘယ်လ ဖွင့်မယ်ဆိုတာမဟုတ်ပါဘူး။ အခုလောလောဆယ် ပြန်စစ်ခိုင်းထားတယ်။ ပြန်ပြင်ခိုင်း ထားတယ်။ ဒီလောက်ပါပဲ” လို့ ဦးဇော်ဌေးကပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စီစဉ်ဆောင်ရွက်ထားမှု (A)အဆင့်ရရှိတဲ့ အခြေခံပညာကျောင်းတွေ ဖွင့် လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရန် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးတွေက သက် ဆိုင်ရာ အခြေခံပညာကျောင်းအုပ်ကြီးတွေထံ အကြောင်းကြားစာတွေကို ဇန်နဝါရီ(၅)ရက်ကပေးပို့ခဲ့တာပါ။ အခြေခံကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးရာမှာ အရင်စစ်ဆေးပြီး (A)အဆင့်ရရှိထားတဲ့ ကျောင်းတွေကိုလည်း ပြန်လည်စစ်ဆေးသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
“ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်အောင် အိမ်ကနေ ကျောင်း၊ စာသင်ခန်းတွေ ၊ ကျောင်းကနေ အိမ်ပြန်တဲ့အချိန် အပိုင်းတွေခွဲပြီးတော့ ကျွန်တော်တို့ SoP ရေးဆွဲထားတယ်။ ကျန်းမာရေး guideline တွေရေးထားတယ်။ ရေး ထားတဲ့အပေါ်မှာ ကျန်းမာရေးရယ် အထွေထွေအုပ်ချုပ်ရေးတာဝန်ရှိတဲ့သူတွေရယ် စိစစ်တယ်။ ကျောင်းတွေကို လိုက်စစ်ပြီးတော့ A,B,C ခွဲတယ်။ ခွဲပြီးတော့ A အဆင့်ရတဲ့ကျောင်းတွေဆိုရင် ဖွင့်ခွင့်ပေးတယ်။ အဲပုံစံနဲ့ လုပ်ခဲ့တယ်။ လုပ်ခဲ့တော့ ကျွန်တော်တို့ ဖွင့်လှစ်ခွင့်ရတဲ့ ကျောင်းတွေပေါ့။ အဲကျောင်းတွေကိုလည်း ကျွန်တော် တို့ပြန်စစ်ဖို့လုပ်နေတယ်။ ပြန်စစ်ခိုင်းထားတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက A အဆင့် ရပေမယ့် အခုကျ တော့ အခြေအနေကပြောင်း ရင်ပြောင်းသွားနိုင်တယ်။ အဲတော့ re-check ပြန်လုပ်ရမယ်”လို့ ဦးဇော်ဌေးက ဆိုပါတယ်။ ကျောင်းတွေဖွင့်လှစ်ဖို့ အရင်ထုတ်ပြန်ထားတဲ့ အချက်(၈၀)က လက်ရှိအနေအထားနဲ့ ကိုက်ညီမှု ရှိ/မရှိကိုလည်း ပညာရှင်အဖွဲ့တွေနဲ့ ခေါ်ယူဆွေးနွေးသွားမှာဖြစ်ပြီး ဆွေးနွေးပြီးပါက A အဆင့်, B အဆင့် , C အဆင့် သတ်မှတ်တာတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်ပြီး စာရိတ္တမဏ္ဍိုင် ခိုင်မာအောင်တည်ဆောက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး မှ...
28/12/2020

ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်ပြီး စာရိတ္တမဏ္ဍိုင် ခိုင်မာအောင်တည်ဆောက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး မှာကြား
------------------------------------
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ထမ်းအားလုံး ကိုယ်ကျိုးစီးပွားနဲ့ အဂတိတရားကင်းစင်ပြီး စာရိတ္တ မဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ဖို့၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ နဲ့ ညီညွတ်ပြီး လူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင် ဂရုတစိုက်ဆောင်ရွက်ဖို့၊ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းတစ်ရပ်ဖြစ်အောင် ကြိုးစားကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ကတိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ(၂၈)ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ Video Conferencing (Zoom Meeting)နဲ့ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ (၂)နှစ်ပြည့်ကနေ နောင်ကာလတွေမှာ ပြည်သူ့အကျိုးကို စိတ်ရင်း စေတနာမှန်နဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့၊ ပြည်သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နိုင်တဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ရပ် ဖြစ်လာဖို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲကြဖို့လည်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ ဌာနဖြစ်တဲ့အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တခြားဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးနိုင်တဲ့ စံနမူနာပြဌာနဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီလို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်မှသာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို အဖြေရှာနိုင်မှာဖြစ်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်း ရှာဖွေဖော်ထုတ်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးအပိုင်းမှာလည်း ပြည်သူ့ဆက်ဆံရေး၊ မီဒီယာဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အွန်လိုင်းကတစ်ဆင့် ဖွင့်လှစ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို အဆင့်မြှင့်တင်နိုင်ရေးနဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေနဲ့ ပို့ချပေးနိုင်ဖို့ ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို နေပြည်တော် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ဖို့ “မူ”အားဖြင့် သဘောတူ ခွင့်ပြုချက်ရရှိထားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ စတင် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ကပြောပါတယ်။ အခမ်းအနားကိုတော့ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ အညီကျင်းပခဲ့တာဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားရေးမှူးချုပ် တွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည့်တော်တွေ တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံ-Ministry of Union Government Office

ကမ္ဘာ့အဆင့်မီ သက်မွေးပညာသင်ကျောင်းများ အကောင်အထည်ဖော်ရန် အထူးလိုအပ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော---------------------...
28/12/2020

ကမ္ဘာ့အဆင့်မီ သက်မွေးပညာသင်ကျောင်းများ အကောင်အထည်ဖော်ရန် အထူးလိုအပ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
-------------------------------------------------------
အရှေ့တောင်အာရှတင်မဟုတ်ဘဲ ကမ္ဘာ့အဆင့်မီ သက်မွေးပညာသင်ကျောင်းတွေ ပေါ်ပေါက်လာစေရန် ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ အထူးလိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ (၂၇)ရက်ကကျင်းပတဲ့ GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုဝမ်းမြောက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရာမှာ အထူးလိုအပ်နေတဲ့ အရည် အသွေးမြင့်မားတဲ့ နည်းပညာရှင်တွေ ၊ ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးနိုင်ဖို့ GTI ကျောင်းတွေနဲ့ ကျွမ်းကျင်လုပ်သားတွေရဲ့ အရည်အချင်းမြင့်မားဖို့ အထူးလိုအပ်တယ်လို့လည်းဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာ အမှန်တကယ် တိုးတက်မှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာနိုင်မှာဖြစ်တာကြောင့် သက်မွေးပညာရပ်တွေကို သင်ကြားလေ့ကျင့်ပေးနေတဲ့ အင်းစိန်ဂျီတီအိုင် သိပ္ပံကျောင်းတွေရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုက တစ်နေ့တစ်ခြား အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအဖြစ် ရှိနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။
နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ အင်းစိန် ဂျီတီအိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ နည်းပညာကောလိပ်၊ သိပ္ပံနဲ့ကျောင်း တွေမှာ နည်းပညာနဲ့ သက်မွေးပညာသင်ယူနေကြတဲ့ ကျောင်းသား ၊ ကျောင်းသူတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်မှု၊ အသိပညာကြွယ်ဝမှုနဲ့ ခံယူချက်ကောင်းမွန်မှု စတဲ့ အချက်တွေနဲ့ ပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်လာစေဖို့ အင်မတန်အရေးကြီးတယ်လို့လည်းဆိုပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်မှသာ နိုင်ငံကို အကျိုးပြုနိုင်တဲ့ နိုင်ငံသားကောင်းတွေ ဖြစ်လာပြီး နိုင်ငံသားကောင်းတွေကသာ ကမ္ဘာကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မလွှဲမသွေ ဆောင်ရွက်နိုင်ကြမှာ ဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။
GTI ပညာရေး (၁၂၅) နှစ်မြောက် ကစတင်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ အသက်မွေးဝမ်း ကြောင်းပညာရပ်တွေ လေ့ကျင့်ပေးနေတဲ့ GTI တွေရဲ့ အဆင့်မြှင့်တင်ရေးကို အထူးအလေးထားဆောင်ရွက်ရမှာဖြစ်သလို ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်တန်းတွေ ပေးအပ်နိုင်ဖို့အတွက်ကိုလည်း စနစ်တကျ တိုးချဲ့ ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ဖို့ မဟာစီမံကိန်းတွေ စနစ်တကျချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ GTI ပညာရေး စတင်မွေးဖွားခဲ့တဲ့ အချိန်ကနေ နှစ်ပေါင်း (၁၂၅)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်တဲ့ အင်းစိန်ဂျီတီအိုင်က လောကဓံကို ကြံ့ကြံ့ခံ အခက်အခဲပေါင်းများစွာကို ကျော်လွှားခဲ့ပြီး အစဉ်အလာကောင်းတွေကို မပျောက်ပျက် ရအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အင်းစိန်ဂျီတီအိုင်ရဲ့ အစဉ်အလာကောင်းတွေ ဆက်လက် ထိန်းသိမ်းထားပြီး နိုင်ငံတကာသက်မွေးပညာ သိပ္ပံအဖြစ် နိုင်ငံတော် အစိုးရနဲ့ အတူ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ် မျိုးကွဲ နော်ဝေမှာ တွေ့ရှိဟုဆို-----------------------------ဗြိတိန်မှာ တွေ့ထားတယ်ဆိုတဲ့ ကိုရိုနာဗိုင်း...
28/12/2020

ကိုရိုနာဗိုင်းရပ် မျိုးကွဲ နော်ဝေမှာ တွေ့ရှိဟုဆို
-----------------------------
ဗြိတိန်မှာ တွေ့ထားတယ်ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကို နော်ဝေရှိ လူ နှစ်ဦးမှာတွေ့ထားရတယ်လို့ နော်ေ၀ ပြည်သူ့ကျန်းမာရေးအဖွဲ့ (NIPH) က ဒီနေ့ (တနင်္ဂနွေ) မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလအတွင်း ဗြိတိန်နိုင်ငံဆီ ခရီးသွားခဲ့သူ နှစ်ဦးမှာ အခုလို စစ်ဆေးတွေ့ရှိရတာဖြစ်တယ်လို့ဆိုပါတယ်။
NIPH ရဲ့ ညွှန်ကြားရေးမှုး Line Vold က ကူးစက်မှု ထပ်မပြန့်စေရေးအတွက် နောက်ထပ် ဆေးစစ်မှုတွေလုပ်နေပါတယ်။ သူတို့နဲ့ ဆက်စပ်သူတွေကိုလည်း ဆေးစစ်မှုဆက်လုပ်နေတယ်လို့ပြောပါတယ်။
-ဒီအခြေအနေပေါ် စိုးရိမ်စရာရှိပါတယ်။ ဒါပေမယ့် ဒီ မျိုးကွဲဗိုင်းရပ်စ်က ကူးစက်ပြန်နှံ့မှုမှာ ဘယ်လောက်အထိအရေးပါသလဲဆိုတာက မသေချာသေးပါဘူး- လို့ သူမက ဆိုပါတယ်။
-အခြေခံ စည်းကမ်းအနေနဲ့ကတော့ နေမကောင်းဖြစ်ရင် အိမ်မှာ သီးခြားနေရမယ်၊ ဆေးစစ်ရမယ်၊ လူချင်း ခပ်ခွာခွာနေရမယ်၊ ကွာရန်တင်းဝင်ရမယ်-လို့ သူမကပြောပါတယ်။
မနေ့ (စနေနေ့) တုန်းကလည်း အိမ်နီးချင်း ဆွီဒင် နိင်ငံ၊ ပြည်သူကျန်းမာရေးအဖွဲ့က မြို့တော်စတော့ဟုမ်းအပြင်ဖက်နားရှိ Sörmland ဒေသမှာ အခုပြောနေတဲ့ ဗိုင်းရပ်စ်မျိုးကွဲ တွေ့ထားတယ်လို့ ကြေညာ ခဲ့ပါတယ်။
အစောပိုင်းသတင်းတွေအရတော့ နော်ဝေဟာ ဒီနေ့မှာပဲ ကိုဗစ်ကာကွယ်ဆေး BioNTech/ Pfizer ကို စတင် ထိုးပေးပြီး အသက် ၆၇ နှစ်အရွယ် Svein Andersen က ပထမဆုံး ကာကွယ်ဆေး အထိုးခံသူဖြစ်လာပါတယ်။
အော်စလိုရှိ Ellingsrud (အယ်လင်စရုဒ်) သက်ကြီးဂေဟာမှာ အခုလို ဆေးထိုးခဲ့တာဖြစ်ပြီး နော်ေ၀ ဝန်ကြီးချုပ်က အွန်လိုင်းကနေ ကြည့်ရှု အားပေးခဲ့ပါတယ်။
Worldometers စာရင်းအရ လူဦးရေ ၅ သန်းခွဲနီးပါးရှိတဲ့ နော်ဝေမှာ မနေ့က တရက်တည်း ဗိုင်းရပ်စ်ကူးသူ (+430) ရှိပါတယ်။ အားလုံးပေါင်းဆိုရင် ဗိုင်းရပ်စ်ကူးသူ လေးသောင်းကျော် (46,678) ရှိပြီး သေဆုံးသူက (421) ရှိပါတယ်။
ရှေ့ရက်ပိုင်းအတွင်းမှာ အော်စလိုမြို့တော်ရှိ သက်ကြီးဂေဟာတွေက လူဦးရေ ၅,၀၀၀ ကို ကာကွယ်ဆေး ဆက်လက် ထိုးနှံသွားမှာပါ။
အော်စလိုအပြင် Hvaler, Fredrikstad, Sarpsborg, Strange, Hamar နဲ့ Ringsaker စတဲ့မြို့တွေမှာလဲ မနက်ဖြန် ဒီဇင်ဘာ ၂၈ တနင်္လာနေ့ကစပြီး ကာကွယ်ဆေး စတင်ထိုးနှံသွားမှာပါ။
နော်ဝေမှာ ဒီနေ့တရက်တည်း ကာကွယ်ဆေး ထိုးခွင့်ရသူပေါင်း ၉,၇၅၀ ဦး ရှိပါတယ်။. ။
Source: CNN/ TV2

ကလေးဆေးရုံများကို မန်ယူအသင်း ခရစ္စမတ်လက်ဆောင်များပေးပို့--------------------------ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တစ်ခုဖြစ်တဲ့...
27/12/2020

ကလေးဆေးရုံများကို မန်ယူအသင်း ခရစ္စမတ်လက်ဆောင်များပေးပို့
--------------------------
ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တစ်ခုဖြစ်တဲ့ မန်ယူအသင်းဟာ ဒေသတွင်းက ကလေးဆေးရုံတွေဆီ ခရစ္စမတ်လက်ဆောင်တွေ ပေးပို့ခဲ့ပါတယ်။ မန်ယူအသင်းကြီး နဲ့ အမျိုးသမီးအသင်းဟာ အထိမ်းအမှတ်လက်ဆောင်တွေကို ဂရိတ်မန်ချက်စတာမှာရှိတဲ့ ကလေးဆေးရုံ(၃)ခုက လူနာတွေနဲ့ဝန်ထမ်းတွေဆီ ပေးပို့ခဲ့ကြတာပါ။
ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် နှစ်(၂၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် လက်ဆောင်တွေကို ကစားသမားတွေကိုယ်တိုင် သွားရောက်ပေးနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ကစားသမားတွေအနေနဲ့ ဗီဒီယိုမက်ဆေ့ကနေတဆင့် လူနာတွေနဲ့ဝန်ထမ်းတွေကို အားပေးစကားတွေ ဝေမျှပေးခဲ့ကြတာ ဖြစ်ပါတယ်။
ခရစ္စမတ်လက်ဆောင်တွေအဖြစ် မန်ယူအသင်းအင်္ကျီ၊ ဦးထုပ်၊ လည်စည်း နဲ့ ခေါင်းစည်းပဝါ စတာတွေကို ပေးပို့ခဲ့ကြတာပါ။ မန်ယူဖောင်ဒေးရှင်းအနေနဲ့ နှစ်စဉ်တိုင်းမှာ ကလပ်အသင်းကိုယ်စား ဆေးရုံတွေဆီ ခရစ္စမတ်လက်ဆောင်တွေ ပေးပို့လေ့ရှိပြီး ဒီနှစ်မှာတော့ လက်ဆောင်အရေအတွက်(၅၀၀)ကျော် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ပီယာလို၏ဝေဖန်မှုကို နာပိုလီအသင်းဥက္ကဋ္ဌ တုံ့ပြန်-------------------------ဂျူဗင်တပ်နည်းပြပီယာလိုအနေနဲ့ အကြောင်းအရာကို သေခ...
27/12/2020

ပီယာလို၏ဝေဖန်မှုကို နာပိုလီအသင်းဥက္ကဋ္ဌ တုံ့ပြန်
-------------------------
ဂျူဗင်တပ်နည်းပြပီယာလိုအနေနဲ့ အကြောင်းအရာကို သေချာမသိပဲ ဝင်မပြောဖို့ နာပိုလီအသင်းဥက္ကဋ္ဌ လော်ရန်တစ်က သတိပေးပြောဆိုလိုက်ပါတယ်။ နာပိုလီအသင်းဟာ ဂျူဗင်တပ်နဲ့ကစားရမယ့်ပွဲကို ရောက်မလာတဲ့အတွက် အီတလီဘောလုံးအဖွဲ့ချုပ်က ၁ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့တာကို အယူခံ ဝင်ခဲ့ရာမှာ အယူခံ အောင်မြင်ခဲ့ပြီး အဲဒီပွဲစဉ်ကို လာမယ့် ၂၀၂၁ ခုနှစ်အတွင်း ပြန်ကစားရမှာပါ။
နာပိုလီ အသင်း အဖွဲ့ဝင်နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ ဒေသအာဏာပိုင်တွေက ခရီးသွားခွင့် မပြုခဲ့ တာဖြစ်ပါတယ်။ အီတလီ ဘောလုံးအဖွဲ့ချုပ်က ဂိုးသမားအပါအဝင် ကစားသမား ၁၃ ဦးရှိ ပါက ပွဲကစား ရမယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။
နာပိုလီအသင်း အယူခံအောင်မြင်ခဲ့ပြီးနောက် ဂျူဗင်တပ် နည်းပြပီယာလိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကစားသမားတွေရှိလျက်နဲ့ ပွဲကစားခဲ့ရပြီး အမှတ် ဆုံးရှုံးခဲ့ရတဲ့ အသင်းတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဝေဖန်ခဲ့တာပါ။ ပီယာလိုရဲ့ ဝေဖန်မှု အပေါ် နာပိုလီအသင်းဥက္ကဋ္ဌ လော်ရန်တစ်က ပီယာလိုဟာ ဥပဒေအကြောင်း ဘာမှ မသိသူဖြစ်လို့ ဝင်မပြောတာ အကောင်းဆုံးလို့ တုံ့ပြန်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

တိုင်းနှင့်ပြည်နယ်၆ခုမှမြို့နယ်အချို့အားStay at Homeအဖြစ်မှပယ်ဖျက်------------------------ရန်ကုန်၊ပဲခူး၊မန္တလေး၊ဧရာဝတီတိ...
27/12/2020

တိုင်းနှင့်ပြည်နယ်၆ခုမှမြို့နယ်အချို့အားStay at Homeအဖြစ်မှပယ်ဖျက်
------------------------
ရန်ကုန်၊ပဲခူး၊မန္တလေး၊ဧရာဝတီတိုင်းဒေသကြီးတွေနဲ့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်တွေက မြို့နယ်အချို့ကို Stay at Homeအဖြစ် သတ်မှတ်ထားတာကို ဒီဇင်ဘာ(၂၇)ရက်၊ မနက်(၈)နာရီကစပြီး ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆိပ်ကြီး/ခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းက ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းက အမရပူရမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဖျာပုံနဲ့ မအူပင်မြို့နယ်၊ ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့နယ်၊ မွန်ပြည်နယ်အတွင်းက မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်တွေကို Stay at Homeအဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်လိုက်တာပါ။
အဲ့ဒီလိုပယ်ဖျက်ရာမှာ ဆိပ်ကြီး/ခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ အမရပူရမြို့နယ်နဲ့ ဖားကန့်မြို့နယ်တွေထဲက ရပ်ကွက်အချို့နဲ့ ကျေးရွာအချို့ကိုတော့ Stay at Home ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Stay at Homeကနေ ပယ်ဖျက်လိုက်တဲ့ နေရာဒေသတွေကတော့ ပြည်သူတွေရဲ့ COVID-19စည်းကမ်းလိုက်နာတာ၊ ပြီးခဲ့တဲ့၁၄ရက်အတွင်း ကူးစက်လူနာလျော့နည်းလာတာ၊ Stay at Homeကာလမှာလည်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာနဆိုင်ရာ၊ အဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် အခုလို Stay at Homeကနေ ပယ်ဖျက်ပေးလိုက်တာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-MOHS

အာရှ-ပစိဖိတ်ဒေသ၌ ၂၀၂၁ တွင် ကိုဗစ်ကာကွယ်ဆေး ရရန် မသေချာသေး----------------------------------------အာရှ-ပစိဖိတ်ဒေသတွင်း နိ...
18/12/2020

အာရှ-ပစိဖိတ်ဒေသ၌ ၂၀၂၁ တွင် ကိုဗစ်ကာကွယ်ဆေး ရရန် မသေချာသေး
----------------------------------------
အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရဖို့မသေချာသေးတဲ့အတွက် ကပ်ရောဂါကို ရေရှည်ရင်ဆိုင်ဖို့ ပြင်ဆင်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO (World Health Organization) က သတိပေးလိုက်ပါတယ်။
“လုံခြုံစိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်ဆေး ထုတ်လုပ်ရေးက သပ်သပ်၊ လုံလောက်တဲ့ ပမာဏ ထုတ်လုပ်ရေးနဲ့ လူတိုင်းဆီရောက်ရေးက တခြားပဲ” လို့ WHO ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ‌ဒေါက်တာ Takeshi Kasai က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ပြောလိုက်တာပါ။
တချို့နိုင်ငံတွေမှာ လာမဲ့လပိုင်းအတွင်း ကာကွယ်ဆေးရနိုင်ပေမဲ့ နိုင်ငံအများမှာတော့ ၂၀၂၁ နှစ်လယ် ဒါမှမဟုတ် နှစ်နှောင်းပိုင်းကျမှ ရနိုင်မယ်လို့ WHO မရှိမဖြစ်ဆေးဝါးနှင့်ကျန်းမာရေးနည်းပညာ ညှိနှိုင်းရေးမှူး ဒေါက်တာ Socorro Escalante က ပြောပါတယ်။
ကမ္ဘာတလွှား ကာကွယ်ဆေး တန်းတူရရှိရေးအတွက် WHO ရဲ့ Covax Facility အဖွဲ့မှာ GAVI (Global Alliance for Vaccines and Immunization) နဲ့ ကပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့အစည်း CEPI (Coalition for Epidemic Preparedness Innovations) နဲ့ပါ ပူးပေါင်းဆောင်ရွက်နေတာပါ။
ကာကွယ်ဆေးကို အရေအတွက် အကန့်အသတ်နဲ့ပဲရမှာမို့ ကူးစက်မဲ့ဘေးအရှိဆုံးသူတွေကို ဦးစားပေးဖို့လဲ WHO ကိုယ်စားလှယ်တွေက တိုက်တွန်းပါတယ်။
ကာကွယ်ဆေးအမြောက်အမြားနဲ့လဲ ဗိုင်းရပ်စ်ကို တားဆီးနိုင်မှာမဟုတ်လို့ စမ်းသပ်တာ၊ ကူးစက်မှုခြေရာခံတာ၊ ကွာရန်တင်း သီးခြားခွဲနေတာ စတဲ့ အစီအမံတွေကို တသမတ်တည်း ရေရှည်ဆောင်ရွက်သွားဖို့ အစိုးရတွေကို WHO ဒေသတွင်း အရေးပေါ်အခြေအနေရေးရာ ညွှန်ကြားရေးမှူး Babatunde Olowokure က တိုက်တွန်းပါတယ်။
လူငယ်တွေမှာ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် လူချင်းခွာဖို့လဲ Olowokure က လူငယ်တွေကို မေတ္တာရပ်ပါတယ်။
ပစိဖိတ်အနောက်ခြမ်းဒေသမှာ နိုင်ငံ ၃၇ နိုင်ငံ၊ လူဦးရေ သန်း ၁,၆၀၀ မှီတင်းနေထိုင်တာပါ။
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်သူ ၇၄ သန်းကျော်ရှိနေပြီး ၁ ဒသမ ၆ သန်း ကျော် အသက်ဆုံးပြီဖြစ်ပါတယ်။ ဒီရောဂါကနေ ပြန်လည်နေကောင်းသူကတော့ ၄၂ သန်းလို့ WHO က ကြေညာထားပါတယ်။. ။
Source : AP

ကိုဗစ်ကာကွယ်ဆေးအတွက် ချမ်းသာတဲ့နိုင်ငံတွေက ကူညီပေးဖို့ ကုလ-အကြီးအကဲတောင်းဆို----------------------------------------ဆင်း...
18/12/2020

ကိုဗစ်ကာကွယ်ဆေးအတွက် ချမ်းသာတဲ့နိုင်ငံတွေက ကူညီပေးဖို့ ကုလ-အကြီးအကဲတောင်းဆို
----------------------------------------
ဆင်းရဲတဲ့ နိုင်ငံတွေဆီ ကိုဗစ်ကာကွယ်ဆေး ပေးပို့နိုင်ရေးအတွက် ချမ်းသာတဲ့နိုင်ငံတွေက ဝိုင်းဝန်းကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ဒီနေ့ (ကြာသပတေးနေ့) ထပ်မံ တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas နဲ့ တွေ့ဆုံပြီးနောက် ဘာလင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း Guterres က အဲဒီလို တိုက်တွန်းခဲ့တာပါ။
ကိုယ်တိုင် ဆေးဝယ်ဖို့ အခက်အခဲရှိနေတဲ့ ဆင်းရဲတဲ့နိုင်ငံတွေဆီ ကာကွယ်ဆေးပို့ရေးအတွက် ကုလသမဂ္ဂက ဦးစီးဆောင်ရွက်နေတဲ့ COVAX အစီစဉ်ဟာ ဇန်နဝါရီလ မကုန်ခင် ဒေါ်လာ ၅ ဘီလီယံ လိုအပ်နေတယ်လို့ အတွင်းရေးမှုးချုပ်ကပြောပါတယ်။
တကမ္ဘာလုံး ဆေးဝါးဖြန့်ချီနိုင်ရေးဆောင်ရွက်ဖို့ ဖွဲစည်းထားတဲ့ ဒီအဖွဲ့ဟာ ရှေ့နှစ် ဘတ်ဂျက်လိုအပ်ချက်ကိုပြည့်မီဖို့ ဒေါ်လာ ၂၀-ဘီလီယံလိုနေသေးတယ်လို့လည်း သူက ဆိုပါတယ်။
-နိုင်ငံတိုင်းက ကာကွယ်ဆေး ထိုးချင်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သဘာဝတရားက အမြဲတန်း ပြန်တိုက်လေ့ရှိပါတယ်- လို့ Guterres က သတိပေးပါတယ်။
"ကမ္ဘာပေါ်ရှိ နေရာတိုင်းက လူတိုင်းဆီကို ကာကွယ်ဆေးရောက်ရေး၊ နေရာတိုင်းက လူတိုင်း အကျိုးသက်ရောက်စေရေးအတွက် ကျနော်တို့ ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်'' လို့ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။
Source: AP

Address

Yangon
11201

Alerts

Be the first to know and let us send you an email when Democracy today posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Democracy today:

Share