Rubbish Muxic

Rubbish Muxic rubbish for da world ,
sorry ya ain't got no haters .

10/09/2025

💯🙌

😅
03/09/2025

😅

Kanye West အောင်မြင်ခဲ့တဲ့ Heartless
ဟာ Jay Z ရဲ့ The Blue Print 3 Album အတွက်ပါ

Kanye West အောင်မြင်ခဲ့တဲ့ Heartless သီချင်းကို နားထောင်ဖူးကြမယ်ထင်ပါတယ် ၊ဒီ Music ကိုဖန်တီးတဲ့ No I.D က Jay Z ရဲ့ The Blue Print 3 အတွက်ရည်ရွယ်ဖန်တီးခဲ့တာပါ ၊

သိုပေမယ့် စတူဒီယို Session မှာ ဒီသီချင်းကို ကြားကြားချင်းပဲ
Kanye West က -

" ဒီသီချင်းကို ငါ့အခွေအတွက် သိမ်းထားလိုက်ပြီ "

ဆိုပြီး Jay Z အခွေအတွက် ရည်ရွယ်ထားတဲ့ Music တွေကို
လက်ဦးမှု ရယူသွားခဲ့တာပါ ၊အဲ့အချိန်တုန်းက Kanye ကအခွေထုတ်ဖို့အစီအစဥ်မရှိပါဘူး ၊ ဒါပေမယ့် Beat ကို စစချင်းကြားချင်းမှာပဲ -

" Now I am "
" ငါအခွေ စလုပ်ပြီ " ဆိုပြီး No I.D ကို ဟာသနှောတုန့်ပြန်ပြောဆိုခဲ့ပါတယ် ။

No I.D က Jay Z အခွေအတွက်တီးထားတဲ့ Beat တွေ တော်တော်များများ 808 HeartBreak မှာ သုံးလိုက်ရတာကြောင့် Jay Z ရဲ့ The Blue Print အခွေမှာ Timbaland ရဲ့ Beat တစ်ချို့ပါ၀င်လာခဲ့တာလည်းဖြစ်ပါတယ် ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး Jay Z က Kanye West ကို စိတ်မဆိုးခဲ့ပါဘူး ၊
ဘာကြောင့်လဲဆိုတော့ ဒါက Music Industry မှာ သာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထ ရှိတတ်တာတွေမို့လိုပါပဲ ၊

808 HeartBreak အခွေဟာ Auto Tune LP အခွေလို့ပြောလို့ရပါတယ် ၊အခွေတစ်ခုလုံး Auto Tune EFx တွေကို လှလှပပ အသုံးချခဲ့လို့ပါ ၊

808 HeartBreak ကို 2008 မှာ ထွက်ရှိခဲ့ပြီး ၊
Jay Z ရဲ့ The Blue Print 3 အခွေကတော့ 2009 မှာထွက်ရှိခဲ့ပါတယ် ၊

ထူးဆန်းတာတစ်ခုက Jay Z ရဲ့ Blue Print 3 အခွေမှာ
Death Of Auto Tune ( Auto Tune သေဆုံးခြင်း ) ဆိုပြီး
ပါ၀င်လာခဲ့ပါတယ် ၊

ဒီသီချင်းကို No I.D က တီးခတ်ထားပေးတာပဲ ဖြစ်ပါတယ် ၊
ဒီသီချင်း Record လုပ်ပြီးချိန်မှာ Jay Z ကတော့ -

" ငါမျှော်လင့်ပါတယ် Kanye တစ်ယောက်တော့
ငါ့ကို စိတ်မဆိုးပါစေနဲ့ " " I hope Kanye don't get mad " ဆိုပြီး reaction လုပ်ခဲ့ပါသေးတယ် ။

The Classic Rec
လွတ်လပ်စွာ Share ပါ
ကူးယူဖော်ပြခြင်း ခွင့်မပြု

30/08/2025

ဘာတွေလုပ်နေလဲ/ What You Been On ? [ Official Lyric Video ]

Written and Performed by - Cap-T, Pyae Phyo Aung, Aung Thet Paing, Han Htun, KnH, and T9.
Music Produced - Rubbish Muxic
Mixed and Mastered - Rubbish Muxic
Lyric Video - Lyrics Medicine
Recorded - The Classic Rec
©2025 Rubbish Muxic, distributed by NeverMind Records, All rights reserved.

Youtube - https://youtu.be/ryz0zTkgPys
Streaming - https://NeverMind.lnk.to/WhatYouBeenOn



ဘာတွေလုပ်နေလဲ is Out Now. 🚨Play it on YouTube, bros 🔥
30/08/2025

ဘာတွေလုပ်နေလဲ is Out Now. 🚨
Play it on YouTube, bros 🔥

ဘာတွေလုပ်နေလဲ/ What You Been On ? Written and Performed by - Cap-T, Pyae Phyo Aung, Aung Thet Paing, Han Htun, KnH, and T9.Music Produced by - Rubbish Muxic ...

27/08/2025

New heat on the way 🔥 Y'all better be ready, this one gon' shake the rat race 💯🎶
"ဘာတွေလုပ်နေလဲ/ What You Been On?" AUG 30

အသံမှတ်တမ်းတွေ
27/08/2025

အသံမှတ်တမ်းတွေ

မှတ်တမ်းတင်ထားတဲ့အသံတွေက ဘယ်သူတွေအတွက်လဲ။

အသံဓာတ်မော်ကွန်းတိုက် (MSA) ဆိုတာ မြန်မာနိုင်ငံရဲ့နေရာအနှံ့က အသံတွေကို ပျောက်ကွယ်မသွားအောင် မှတ်တမ်းတင်စုဆောင်းနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝထဲကအသံတွေ၊ သဘာဝပတ်ဝန်းကျင်က အသံတွေ၊ ရိုးရာဓလေ့နဲ့ ပွဲလမ်းသဘင်ကအသံတွေကို ဖမ်းယူထားပြီး ဒီအသံတွေကို ပြန်လည်အသုံးပြုမယ့် ဘယ်သူ့ကိုမဆို အသုံးပြုခွင့်ပေးသွားမှာပဲဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကျွန်တော်တို့လို အသံဖမ်းသူတွေ၊ အသံနဲ့ဆက်စပ်ပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတွေ အတွက်သာ MSA ကို တည်ဆောက်ထားတာ မဟုတ်ဘဲ၊ Storytelling လုပ်နေကြတဲ့ နယ်ပယ်အသီးသီးက ဖန်တီးသူတိုင်းအတွက် လွယ်လင့်တကူ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ခေတ်တစ်ခေတ်ကိုဖြစ်စေ၊ နေရာတစ်နေရာကိုဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ သုတေသနပြုချင်ကြတဲ့ နောင်မျိုးဆက်သစ်တွေအတွက် အဖိုးတန်တဲ့ရင်းမြစ်တစ်ခု ဖြစ်လာစေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

မကြာခင်မှာလည်း အသံတွေကိုထိန်းသိမ်းရမယ့်နည်းလမ်းတွေ၊ အသံတွေကို အခြေခံပြီး ဖန်တီးလို့ရမယ့် အနုပညာလက်ရာတွေအကြောင်းကို Workshops တွေ၊ Exhibitions တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ Podcast တွေကတဆင့် ပြန်လည်မျှဝေပေးဖို့ ကျွန်တော်တို့ အသံဓာတ်မော်ကွန်းတိုက်က ကြိုးစားနေပါတယ်ခင်ဗျာ။



#အသံဓာတ်မော်ကွန်းတိုက်

Stress out
25/08/2025

Stress out

thought process , rubbish diggin’ for some vibes at mangrove . 🌳🌊🎹

ပတ်ဝန်းကျင်အသစ်တွေဆီ ခရီးထွက်ဖြစ်တာပဲဖြစ်ဖြစ် ၊
ရောက်ဖြစ်ရင် အနားယူပြီး သီချင်းတွေဖန်တီးကြည့်ပါ၊
different ambience for different vibes ပါပဲ ။



ဘာတွေလုပ်နေလဲ ? Stay tuned, new music dropping soon!
23/08/2025

ဘာတွေလုပ်နေလဲ ?
Stay tuned, new music dropping soon!


1 year ago
18/08/2025

1 year ago

▪️Artist by B***y Trap ▪️Directed by Aung Thet Paing▪️Music produced by Rubbish Muxic▪️Mixed & Mastered By Rubbish Muxic▪️DOP by Kyaw Linn Oo▪️Hash951 Produc...

14/08/2025

Essential and Optional for Music Producer
===================================

Music Producer တစ်ယောက်မှာ ကိုယ်ဝယ်မယ့် ကိုယ်သုံးမယ့် Audio Gear တွေကို ဘယ်အရာက Essential ၊ ဘယ်အရာက Optional လဲဆိုတာ ခွဲခြားသိဖို့လိုပါတယ် ၊

Essential နဲ့ Optional ဆိုတာကတော့ဗျာ

မြန်မာမှု ပြုပြောရရင် " ဘယ်ဟာက အဓိက
ဘယ်ဟာက သာမည " လဲဆိုတာပေါ့ဗျာ

ဒီတော့ဗျာ...
ကိုယ်က Music Producer တစ်ယောက်ဖြစ်ချင်တယ်ဒီ Career ထဲ ဝင်ချင်တယ်ဆို၊ အရင်ဆုံး DAWs တစ်ခုခုကို ကျွမ်းကျင်စွာ အသုံးချတတ်ဖို့ က အလွန်ကို
အရေးကြီးပါတယ်၊

Key တွေ Music Theory တွေက နောက်မှ သိလို့ရသေးတယ်၊ အဓိက Software Usage ကို အရင် ပိုင်နိုင်ဖို့က လိုအပ်ပါတယ်၊

နောက်တစ်ခုက Midi Controller မဝယ်နိုင်ရင်တောင် ချွင်းချက် အနေနဲ့ အသံ Flat ဖြစ်မယ့် Headphone ကို ဦးစားပေးစေချင်တယ်၊ အသံ Power ကောင်းကောင်းQuality ကောင်းကောင်း ပေးနိုိင်မယ့် Brand ထဲက ရွေးချယ်စေချင်တယ်၊

ပြီးတော့ Oneshot တွေ Soundbank တွေ
Vst တွေ စုပေါ့

ဒါဟာလဲ ကိုယ်လျှောက်မယ့် Genre နဲ့
ဆိုင်ပြီး စုတာက ပိုကောင်းပါတယ်၊
Trap ကြိုက်ရင် 808 တွေစုသလို , Oldskool ကတော့ Boom Bap တွေ ထိုင်ရှာ စုဆောင်း နေမှာပေါ့

ဒီလိုအဆင့်နဲ့တင် သီချင်းတွေစတီးခတ်ဖို့ အစဉ်ပြေနေပါပြီ ၊ ဒါတွေက Essential တွေပေါ့

တကယ်ဆို Essential ထဲမှာ Midi Controller
တောင်ပါတယ်၊ ဒါပေမယ့် မရှိလဲ ဖြစ်ပါတယ်

ကျနော်တို့ A4tech Keyboard လဲ
အလုပ်ဖြစ်နေတာပဲ

နောက်မှာ Optional တွေဖြစ်တဲ့ Interface တို့ Monitor Speaker , Condenser Mic , Mic Preamp တွေ , Drum Machine တွေ အစရှိတဲ့ Optional Gear တွေကို ဖြည့်တင်းသင့်ပါတယ်၊

ဒီနေရာမှာလဲ Rec unit ကိုဖြည့်မှာလား Production unit ကို ဖြည့်မှာလားခွဲခြားသိစေချင်ပါတယ်၊

ကိုယ်ရဲ့ လက်ရှိ Career ရဲ့ လိုအပ်ချက်ကို သိဖို့လိုအပ်ပါတယ်၊

ဒီတော့ ကိုယ်ကလိုချင်ပေမယ့် ကိုယ်ရဲ့လိုအပ်ချက်နဲ့ ကိုယ်ရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုရှိနိုင်လား၊

ငါ..ဒီ Gear တစ်ခုဝယ်လိုက်လို့ ကိုယ့်အတွက် ဘာတိုးတက်မှုရှိနိုင်မလဲ ဆိုတာတော့ ပြန်စဉ်းစားပါ

ကြွားချင်တာလောက်နဲ့တော့ ဖုန်တက်မခံပါနဲ့၊
ဘယ်အရာက Essential လဲ ဘယ်အရာက Optional လဲ စဉ်းစား သုံးသပ်စေချင်ပါတယ်၊


14/08/2025

ဂီတ Note တစ်ခုစီတိုင်းက လူတွေရဲ့ emotion ကိုဖော်ပြပေးကြတာ
လူတော်တော်များများက သိကြပါတယ် ၊

Music ဖန်တီးသူတစ်ယောက်အနေနဲ့ Note / Chord တွေ Color နဲ့ instrument ရွေးချယ်မှုတွေကို ကျွမ်းကျင်လိမ္မာစွာပိုင်နိုင်လာရင် လူတွေရဲ့စိတ်ခံစားချက်ကိုပေါင်းကူးပေးဖို့၊ ဖော်ကြူးဖို့လွယ်ကူသွားပါတယ်၊

Note နဲ့ instrument ကိုသုံးပြီး၊ ဘယ်လို color ရွေးချယ်မလဲကအစ၊ ဘယ်လို Emotion ကိုဖော်ကြူးမလဲဆိုတာ လွယ်ကူသွားပါတယ်၊

Scoringဖန်တီးတဲ့သူတွေက ဒါမျိုးစိတ်ခံစားချက်
တွေ Music Note တွေနဲ့အတူတွဲဖက်ပြီး ပိုသိရှိထားသင့်ပါတယ်၊

ဥပမာ - Harp တူရိယာဆိုရင် “စိတ်” နဲ့ သက်ဆိုင်တဲ့နေရာမျိုးမှာသုံးကြတယ် ၊ အတိတ်ပြန်တွေးတဲ့ စိတ်ခံစားချက်မျိုးတွေ၊ serenity လို့ခေါ်တဲ့ စိတ်/ ငြိမ်
သက်ခြင်း၊ နူးညံ့မှုတွေနဲ့ meditation နဲ့ သက်ဆိုင်တာမျိုးတွေပေါ့ဗျာ ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Rubbish Muxic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rubbish Muxic:

Share

Category