02/09/2026
Sample huntin' ✌️
Crate Digger ဆိုတာ Vinyl Store မှာ ဓါတ်ပြားတွေထည့်ထားတဲ့ ခြင်းတောင်းတွေ ၊ Bin တွေထဲက ကိုယ်ကြိုက်တဲ့ Vinyl တွေကို ရွေးချယ်တူးဆွ သူတွေကိုပြောတာပါ ၊
ရွေးချယ်မှုတွေ ကောင်းဖို့က ကိုယ့်ရဲ့ Digging လုပ်တဲ့အပေါ်မှုတည်တယ် ၊ Sample ကောင်းတစ်ခုရဖို့က ခက်ခက်ခဲခဲ Digging လုပ်ရတဲ့အတွက်ကြောင့် Sampling သမားတွေ
Hip Hop Music Producer တွေကို Crate Digger လို့
ခေါ်ဆိုကြတယ် ။
ဒီဘက်ခေတ်ရောက်လာတော့ Digital Crate Digging Process တွေက ပိုအလုပ်ဖြစ်လာကြတာပေါ့ ၊ ဒါပေမယ့်လည်း Vinyl Store ထဲသွား Digging လုပ်ရတဲ့ Feel ကတော့ ဘာနဲ့မှမလဲနိုင်ဘူးပေါ့ ၊
ကျွန်တော်တို့ ငယ်ငယ်တုန်းက ရပ်ကွက်လမ်းထိပ်
အခွေရောင်းတဲ့ဆိုင်တွေမှာ ခြင်းတောင်းထဲက CD ချပ်တွေ
ရွေးရတဲ့ Feel မျိုးပေါ့ဗျာ ။
Photo - Damu the Fudgemunk