Sanda Win

Sanda Win Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sanda Win, Digital creator, Yangon.

14/06/2026

Which team do you like in the World FIFA Club ?
1. Brazil
2. Argentina

12/06/2026

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်၍ အခကြေးငွေ လိမ်လည်တောင်းခံမှုများအား သတိပြု

03/06/2026

Dr. Khalilur Rahman, Foreign Minister of Bangladesh, former national security adviser has been elected as a president for UN general assembly. Congratulations sir !




28/05/2026

Eid Mubarak

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ( ၂၀၂၆ - မေ ၂၀ ၊ နံနက် ၁၀ နာရီ)Voice of Myanmar #ရွှေဈေး-ကမ္ဘာ့ရွှေဈေး တအောင်စ...
20/05/2026

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - မေ ၂၀ ၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၅၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၆၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၄၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၇၀ ကျပ်
ဝယ်ဈေး - ၄၂၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၅၀ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၂၀ ကျပ်
ဝယ်ဈေး - ၄၈၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၈၃ ကျပ်
ဝယ်ဈေး - ၁၂၈.၃၄ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၄ ကျပ်
ဝယ်ဈေး - ၁၀၅၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၅ ကျပ်
ဝယ်ဈေး - ၆၁၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၉ ကျပ်
ဝယ်ဈေး - ၂၆.၃၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၆၁ ကျပ်
ဝယ်ဈေး - ၄၃.၄၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၃၀ ကျပ်
ဝယ်ဈေး - ၅၅၇၉ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၉ ကျပ်
ဝယ်ဈေး - ၂၉၈၈ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၁ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၉ ကျပ်
ဝယ်ဈေး - ၅၃၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၇၉ ကျပ်
ဝယ်ဈေး - ၁၁၄၈ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#ရွှေစျေး #နိုင်ငံခြားငွေလဲလှယ်နှုန်း #ဒေါ်လာစျေး

NGO မှာ အလုပ်လုပ်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့အခမဲ့Skills မြှင့်တင်သင်တန်းများDesigning Information Management Systems...
07/05/2026

NGO မှာ အလုပ်လုပ်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့အခမဲ့
Skills မြှင့်တင်သင်တန်းများ

Designing Information Management Systems
Self-paced course
Language -English
Register link- https://www.activityinfo.org/support/training/self-paced/self-paced-course-designing-information-management-systems-with-activityinfo.html

MEAL Essentials
Self-paced course:
Language -English
Register link- https://www.eldtraining.com/p/meal-essentials

15th ASEF Journalists Seminar in Bangkok, Thailand
Duration - 4 days
For Journalists & Media Professionals
Language- English
Deadline- 31 May 2026
Link to apply https://asiaeuropefoundation.formstack.com/forms/asefjs15

International Mental Health Workforce Training Program 2026
Phase 1: Online Training
22 June – 10 July 2026
Phase 2: Onsite Training in Bangkok, Thailand
13 – 17 July 2026 at Prince Palace Hotel
25th International Mental Health Conference, held on 15 – 17 July 2026.
Link to apply:
https://bmha.dmh.go.th/InternationalAffairs/mhwf2026.php?fbclid=IwY2xjawRmrmZleHRuA2FlbQIxMABicmlkETFRWW9VRWpoUjRwMlJkU1M1c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHpxgyNiWTehrEQCfc_KWfmsqxuU6gNFuTU__iP824g-Ebip5sdrtKLWs8p4x_aem_U9GYAmFslQtzPaVh8PsL9w

စစ်အာဏာသိမ်းပြီး‌နောက် ၅ နှစ်ကျော် ဖမ်းဆီးအကျဥ်းချခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်က သူ ပြန်လည်လွတ်မြောက်ပြီး အိမ်ပြန်ရောက်ချိ...
17/04/2026

စစ်အာဏာသိမ်းပြီး‌နောက် ၅ နှစ်ကျော် ဖမ်းဆီးအကျဥ်းချခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်က သူ ပြန်လည်လွတ်မြောက်ပြီး အိမ်ပြန်ရောက်ချိန်မှာ NLD ပါတီဝင်တွေနဲ့ မိသားစုကို တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို အရင်ဆုံးမေးမြန်းတယ်လို့ သမ္မတဦးဝင်းမြင့်နဲ့ အတူရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“အစ်မအကြောင်းဘာကြားလဲလို့ သူက မေးပါတယ်။” လို့ သူကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ တရားရုံးချိန်းတွေပြီးသွားတဲ့နောက်ပိုင်းကတည်းက တွေ့ဆုံခြင်း မရှိတော့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကိုလည်း မသိရဘူးလို့ ဦးဝင်းမြင့်ကပြောကြောင်း အတူရှိနေသူက ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရပြီး အကျဥ်းထောင်အတွင်း ဖမ်းဆီးခံထားရချိန်မှာ သူ့ အနေနဲ့ နိုင်ငံပိုင်သတင်းစာတွေကိုသာ ဖတ်ခွင့်ရပြီး တခြားသတင်းအချက်အလက်သိရှိတာ မရှိခဲ့တာကို ပြန်ပြောပြကြောင်း NLD ပါတီနဲ့ နီးစပ်သူက ပြောပါတယ်။

ဒီနေ့ နေပြည်တော်ကကြေညာတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြေညာချက်မှာတော့ သမ္မတဦးဝင်းမြင့်ကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းပေးတာလို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေပေမဲ့ နေပြည်တော်က သတင်းအတိအကျထုတ်ပြောတာ မရှိသေးပါဘူး။

လွတ်ငြိမ်းအတွက် စဉ်းစားမယ်လို့ ပြောတာဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ တရားဝင်မှုရရှိဖို့ ကြိုးပမ်းချက်ဖြစ်နိုင်ဧပြီ ၁...
11/04/2026

လွတ်ငြိမ်းအတွက် စဉ်းစားမယ်လို့ ပြောတာဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ တရားဝင်မှုရရှိဖို့ ကြိုးပမ်းချက်ဖြစ်နိုင်

ဧပြီ ၁၁ - ၂၀၂၆

သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် စဉ်းစားပေးမယ်လို့ ပြောကြားချက်ဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ တရားဝင်မှုရရှိရန် ကြိုးပမ်းချက် ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

မနေ့ ဧပြီ ၁၀ ရက်၊ မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူ ပြုစေရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့်တို့ကို စဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတက ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ တယောက်က “မနေ့က သမ္မတပြောသွားတဲ့ မိန့်ခွန်းမှာ လွတ်ငြိမ်းနဲ့ပတ်သက်လို့ ထိုက်သင့်တဲ့လွတ်ငြိမ်း၊ ပြန်လည်သင့်မြတ်ရေးလို့ ပြောထားတယ်။ ဆိုတော့ အဲဒီ အစီအစဉ်မှာ ဘယ်လိုလူတွေ ပါဝင်လာနိုင်လဲဆို အရပ်သား နိုင်ငံရေးသမားတွေ၊ ရာဇဝတ်မှုအနည်းငယ် ရှိတဲ့သူတွေ ပါလာနိုင်တယ်။ ပြန်လည်သင့်မြတ်ရေးလို့လည်း ဆိုထားတော့ နိုင်ငံတကာ သံတမန်ဆက်ဆံရေး ကောင်းမွန်စေဖို့အတွက်ကို နိုင်ငံခြားသားတွေ ပါဝင်လာနိုင်ခြေ ရှိတယ်။ ဒါပေမယ့် ဒီအစီအစဉ်မှာ အဓိက နိုင်ငံရေး အကျဉ်းသားတွေ၊ တကယ့် ထိပ်ပိုင်းကလူတွေ ပါဝင်လာဖို့ ဆိုတာကတော့ မသေချာနိုင်ပါဘူး” လို့ ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အဓိက အဓိကအချက်နဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေကတော့ ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတအဖြစ် ကျမ်းကျိန်ပြီးတဲ့နောက် ဒီမိုကရေစီစနစ်ကို ပြန်လည် ဦးတည်နေကြောင်း ပြသဖို့နဲ့ နိုင်ငံတကာဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် လွတ်ငြိမ်းခွင့်ကို နိုင်ငံရေးအရ အသုံးချနိုင်တယ်လို့ သူက ပြောပါတယ်။

“ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒီ လွတ်ငြိမ်းခွင့် ဆိုတာက နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့ ပြုလုပ်တဲ့ အစီအစဉ်သက်သက်သာ ဖြစ်ပါလိမ့်မယ်။ သမ္မတရွေးပွဲအပြီးမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အရွေ့တခုပေါ့။ ဒါပေမယ့် ဒီ လွတ်ငြိမ်းမှာ တကယ့်လူတွေကို ချန်ထားခဲ့မယ် ဆိုရင်တော့ စစ်မှန်တဲ့ အပြောင်းအလဲတခု မဖြစ်ဘူးလို့ပဲ သုံးသပ်ရမှာပါ” လို့ သူက ပြောပါတယ်။

ဒါအပြင် စီးပွားရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်ကလည်း သမ္မတ ဦးမင်းအောင်လှိုင်အနေနဲ့ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် စဉ်းစားပေးမယ်လို့ ပြောကြားခဲ့ပေမယ့်လည်း၊ နိုင်ငံတကာ ဖိအားတွေကြောင့် နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်ချက်တခုသာဖြစ်ပြီး အများ မျှော်လင့်သလို တကယ် ဖြစ်လာနိုင်ခြေကတော့ အာမခံချက် အလွန်ပင် နည်းပါးလွန်းတယ်လို့ ပြောပါတယ်။

လွတ်ငြိမ်းခွင့်မှာ ပါဝင်လာနိုင်ခြေ ရှိသူတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြန်လည်သင့်မြတ်ရေး မူဝါဒအရ ထိုက်သင့်တဲ့ပြစ်ဒဏ် လျှော့ပေါ့ခံရသူတွေ၊ ဆန္ဒပြသူတွေထဲက နိုင်ငံရေးအရ တင်းမာမှုလျှော့ချဖို့ ရည်ရွယ်ပြီး လွှတ်ပေးနိုင်သူတွေအပြင် နိုင်ငံတကာဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အတွက် နိုင်ငံခြားသားတွေ ပါဝင်လာနိုင်ခြေ ရှိတယ်လို့ သူက ပြောပါတယ်။

“ဖြစ်နိုင်ခြေကတော့ နိုင်ငံတကာဖိအားပေါ့။ သမ္မတအဖြစ် တာဝန်ယူချိန်မှာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရယူနိုင်ဖို့ လုပ်ဆောင်နိုင်တယ်။ နောက်တချက်က ရာဇဝတ်မှုစွဲချက်တွေ လျော့ပါးစေဖို့အတွက် လွတ်ငြိမ်း ချမ်းသာခွင့်ကို အသုံးချနိုင်တယ်လို့ သုံးသပ်ရပါတယ်” လို့ သူက ပြောပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင်အနေနဲ့ မနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ၎င်းဦးဆောင်တဲ့ အစိုးရသစ်အတွက် စိန်ခေါ်မှု များစွာ စောင့်ကြိုနေတာကို ကောင်းစွာ သိရှိထားပြီး ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး စတဲ့ အခက်အခဲတွေ အပါအဝင် နယ်ပယ်ပေါင်းစုံက စိန်ခေါ်မှုတွေကို အစိုးရနဲ့ ပြည်သူ အတူတကွ လက်တွဲညီညီ ပူးပေါင်းကာ ရင်ဆိုင်ကျော်လွှားသွားကြမယ်လို့ သန္နိဌာန် ချထားတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးမှုကို တိုးမြှင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးကိုလည်း ဟန်ချက်ညီအောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် တဖက်မှာလည်း အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သမ္မတကြီးပြောသလိုပဲ စိန်ခေါ်မှုတွေကတော့ အများကြီးနေမှာပါ။ အကြီးဆုံး စိန်ခေါ်မှုကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာရေးပေါ့။ ဒါ နံပါတ်တစ် အရေးအကြီးဆုံးလို့ ထင်တယ်။ အဲဒါပြီးပြီဆိုမှ ကျန်တဲ့ကိစ္စတွေက စီးပွားရေးတို့၊ လူမှုရေးတို့၊ ပညာရေးတို့၊ ကျန်းမာရေးတို့ ဆက်ပြီး သွားရမှာပေါ့။ အရေးအကြီးဆုံး challenge ကတော့ တည်ငြိမ်အေးချမ်း သာယာရေးပါပဲ” လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။

တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီး အမည်စာရင်းတွေကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းမန္တလေး၊ ဧပြီ- ၇- ၂၀၂...
07/04/2026

တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီး အမည်စာရင်းတွေကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်း

မန္တလေး၊ ဧပြီ- ၇- ၂၀၂၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးတွေရဲ့ နာမည်စာရင်းကို ဒီကနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုမှန် အစည်းအဝေး (ဆဋ္ဌမနေ့)အခမ်းအနားမှာ တင်ပြခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် အဖြစ် ဦးလှသိန်း၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဝန်ကြီးချုပ် ဒေါ်ခင်ခင်သီ တို့ကို ဦးမျိုးအောင် က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးတွေ အဖြစ် ဗိုလ်မှူးကြီး နေလင်းစိုး၊ ဦးသိန်းဌေး၊ ဦးလှကြွယ်၊ ဦးကျော်မိုးသက်၊ ဦးလှမျိုး၊ ဒေါ်သိင်္ဂီအောင်၊ ဦးခင်မောင်အေး၊ ဦးစိုင်းအောင်ကြည် တို့ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံထားရတဲ့ ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ အဆိုပြုအမည်စာရင်းတင်သွင်းခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ဦးမြင့်ဆန်း၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ကြည်ကြည်စိမ်း၊ ဒေါ်ခင်သစ်ဆွေ၊ ဦးသန်းထွန်းအောင်၊ ဦးစောမျိုးမျိုး တို့ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံထားရတဲ့ ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ အဆိုပြုအမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေရဲ့ အမည်စာရင်းတွေကို မန္တလေး တိုင်းဒေသကြီးလွှတ်တော်မှာ အမည်စာရင်းတင်သွင်းမှာဖြစ်ပြီး အမည်စာရင်းတွေနဲ့ စပ်လျဥ်းပြီး လွှတ်တော်ရဲ့အတည်ပြုချက်ရယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

#လွှတ်တော် #မန္တလေး #

07/04/2026

ပြည်ထောင်စုအဆင့် တရားရေးကဏ္ဍအကြီးအကဲတွေနဲ့ UEC ဥက္ကဌ နဲ့အဖွဲ့ဝင် အမည်စာရင်းတင်ပြမှုပြည်ထောင်စုလွတ်တော်က အတည်ပြု

နေပြည်တော် ဧပြီ ၆ - ၂၀၂၆

ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအေဝေး စတုတ္ထေနေ့မှာ သမ္မတက တင်ပြထားတဲ့ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေနဲ့ခန့်အပ်မယ့်သူတွေရဲ့ အမည်စာရင်း နဲ့ ပြည်ထောင်စုကောက်ပွဲကော်မရှင် ဥက္ကဌနဲ့အဖွဲ့ဝင်တွေ အမည်တင်သွင်းထားတဲ့ကိစ္ဧနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့အတည်ပြုခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာနေတွနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ခဲ့တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်တွေအပေါ်၊ သမတက ပြန်လည်ရှင်းလင်းမယ့် အစီအစဥ်ကို လွှတ်တော်ဥက္ကဌဆီကိုပေးပို့ထားတဲ့အတွက် လွှတ်တော် ဥက္ကဌက ဖတ်ကြားတင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် အမည်သတ်မှတ်ချက် တွေကို လွှတ်တော်ရဲ့အဆုံးအဖြတ်နဲ့ အတည်ပြုခဲ့ပါတယ်။

လွှတ်တော်က အတည်ပြုခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေကတော့
၁။ ဦးခင်မောင်ရီ
၂။ ဦးအောင်ကျော်ဟိုး
၃။ ဦးတင်အောင်စန်း
၄။ ဦးမြထွန်းဦး
၅။ ဗိုလ်ချုပ်ကြီး ထွန်းအောင်
၆။ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ
၇။ ဦးတင်မောင်ဆွေ
၈။ ဒေါက်တာကံဇော်
၉။ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်
၁၀။ ဦးသန်းမောင်
၁၁။ ဒေါက်တာသီတာဦး
၁၂။ ဒေါက်တာချောချောစိန်
၁၃။ ဒေါက်တာမျိုးသိမ်းကျော်
၁၄။ ဒေါက်တာသက်ခိုင်ဝင်း
၁၅။ ဒေါက်တာသက်သက်ဇင်
၁၆။ ဦးထိန်လင်း
၁၇။ ဦးတင်ဦးလွင်
၁၈။ ဦးမင်းနောင်
၁၉။ ဦးမျိုးဇော်သိန်း
၂၀။ ဦးဆန်းဦး
၂၁။ ဦးကိုကိုလွင်
၂၂။ ဒေါက်တာချာလီသန်း
၂၃။ ဦးမြင့်ကြိုင်
၂၄။ ဦးခင်မောင်စိုး
၂၅။ ဦးထွန်းအုန်း
၂၆။ ဦးရဲမြင့်ထွန်း
၂၇။ ဒေါက်တာမောင်သင်း
၂၈။ ဦးမျိုးသန့်
၂၉။ ဒေါက်တာစိုးဝင်း
၃၀။ ဦးမောင်မြင့် တို့ဖြစ်ပါတယ်။ဖြစ်ကြပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့အမည်စာရင်းတင်ပြခဲ့တာမှာ ဒေါက်တာခင်နိုင်ဦးကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ အဖြစ်ခန့်အပ်တာဝန်ေပးဖို့နဲ့အဖွဲ့ဝင်စာရင်းကေတော့..
၁။ ဒေါက်တာခင်နိုင်ဦး
၂။ ဦးဇော်မြင့်နိုင်
၃။ ဦးသက်ထွန်းအောင်
၄။ ဒေါက်တာစန္ဒာဦး
၅။ ဒေါက်တာယဥ်အေး
၆။ ဦးတင်မြင့်
၇။ ဒေါက်တာလှညွန့်
၈။ ဒေါက်တာဇော်ဦး
၉။ ဒေါက်တာဖြူဖြူအိ တို့ဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်အမည်စာရင်းတွေကို .မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၀၊ နည်းဥပဒေခွဲ (က) နှင့်အညီ လွှတ်တော်သို့ ဖတ်ကြားတင်ပြပါမယ်။
၁။ ဒေါက်တာခင်နိုင်ဦး
၂။ ဦးဇော်မြင့်နိုင်
၃။ ဦးသက်ထွန်းအောင်
၄။ ဒေါက်တာစန္ဒာဦး
၅။ ဒေါက်တာယဥ်အေး
၆။ ဦးတင်မြင့်
၇။ ဒေါက်တာလှညွန့်
၈။ ဒေါက်တာဇော်ဦး
၉။ ဒေါက်တာဖြူဖြူအိ တို့ဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ဥက္ကဌကို ဦးစိုးသိန်းကိုရွေးချယ်ခန့်အပ်ဖို့တင်ပြခဲ့ပြီး အဖွဲ့ဝင်ေတွကေတာ့...
၁။ ဦးစိုးသိန်း
၂။ ဦးကျော်ဝင်းသိန်း
၃။ ဒုတိယရဲချုပ်ကြီး ဝင်းဇော်မိုး
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသော အဖွဲ့ဝင် (၃) ဦး
၁။ ဒေါက်တာထွန်းထွန်းဦး
၂။ ဦးလွန်းဘော်
၃။ ဦးကျော်စိုးညွန့်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသော အဖွဲ့ဝင် (၃) ဦး
၁။ ဦးတိုးရီ
၂။ ဦးတင်အောင်ဝင်း
၃။ ဦးမင်းဟန် တို့ဖြစ်ပါတယ်။

အထက်က တင်ပြခဲ့တဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေရဲ့အမည်စာရင်းတင်သွင်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေနဲ့ ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်ရှိရင် အမည်စာရင်းတင်သွင်းဖို့ တောင်းခံထားပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sanda Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share