Yangon Stock News

Directions Website

Yangon Stock News Stock News and Knowledge
စ​တော့ဆိုင်ရာသတင်းများနှင့်ဗဟုသုတ

ရန်ကုန်တိုင်းဒေသကြီးအစီရင်ခံစာ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း
14/09/2026

ရန်ကုန်တိုင်းဒေသကြီးအစီရင်ခံစာ

၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း

စီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်း (MIEGA) (၃ဝ) ကြိမ်မြောက် ပုလဲရတု အာစရိယပူဇော်ပွဲနှင့် ပြန်လည်ဆုံစည်းပွဲ
14/09/2026

စီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်း (MIEGA) (၃ဝ) ကြိမ်မြောက် ပုလဲရတု အာစရိယပူဇော်ပွဲနှင့် ပြန်လည်ဆုံစည်းပွဲ

14/09/2026

တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ (Senior Agent) များအား ဖော်ထုတ်ဖမ်းဆီး

အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) နှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ သိရှိလိုက်နာရန် အသိပေးနှိုးဆော်ချက်
14/09/2026

အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) နှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ သိရှိလိုက်နာရန် အသိပေးနှိုးဆော်ချက်

နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သိ...
13/09/2026

နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သို့ ကမ်းရိုးတန်း ဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်အား ဖြည့်စွက်ထုတ်ပြန်ချက်

အကြွေးဝယ်ကတ် (VISA/UPI Credit Card) အသုံးပြုပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများ၊ အာမခံသူများ သိရှိစေရန်ကြေညာခြင်...
12/09/2026

အကြွေးဝယ်ကတ် (VISA/UPI Credit Card) အသုံးပြုပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများ၊ အာမခံသူများ သိရှိစေရန်ကြေညာခြင်း

အရင်းအနှီး​ဈေးကွက်နှင့် စ​တော့ရှယ်ယာဦးဝင့်​ကျော်
11/09/2026

အရင်းအနှီး​ဈေးကွက်နှင့် စ​တော့ရှယ်ယာ

ဦးဝင့်​ကျော်

E.F.R Group Public Company ဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပမည့်နေ့ရက်အား အသိပေးကြေညာခြင်း
11/09/2026

E.F.R Group Public Company ဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပမည့်နေ့ရက်အား အသိပေးကြေညာခြင်း

ဝင့်ကျော်၊ ဦး (၁၉၄၇-၂၀၁၀)၃၀ ဇူလိုင်လ ၁၉၄၇_၁၁ စက်တင်ဘာလ ၂၀၁၀စာရေးဆရာ၊ ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်ကို ဦးကျင်ဝမ်၊ ဒေါ်စိ...
11/09/2026

ဝင့်ကျော်၊ ဦး (၁၉၄၇-၂၀၁၀)

၃၀ ဇူလိုင်လ ၁၉၄၇_၁၁ စက်တင်ဘာလ ၂၀၁၀

စာရေးဆရာ၊ ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်ကို ဦးကျင်ဝမ်၊ ဒေါ်စိန်ကြည်တို့က ကျောက်တန်းမြို့နယ်၊ ကဒပ္ပန ကျေးရွာ၌ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း​လေးဦးအနက် အကြီးဆုံးဖြစ် သည်။ အမည်ရင်းမှာ ဦးဝင့်ကျော်ဖြစ်သည်။ ဦးဝင့်ကျော်သည် ၁၉၆၇ ခုနှစ်တွင် စီးပွားရေး တက္ကသိုလ်မှ ဝါဏိဇ္ဇဗေဒဘွဲ့ (ဘဏ်၊ ဘဏ္ဍာရေး၊ အာမခံ အထူးပြု) (B.Com-B.F.I) ကိုထူးချွန်စွာ အောင်မြင်သည်။ ၁၉၆၇-၆၈ ခုနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၌ အလုပ်သင်အရာရှိအဖြစ် လုပ်ကိုင်သည်။ ၁၉၆၈-၇၀ ပြည့်နှစ်တွင် စီးပွားရေး တက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန၌ နည်းပြဆရာတာဝန်ထမ်းဆောင်ရင်း လုပ်သားများကောလိပ် (ရန်ကုန်)၌ အချိန်ပိုင်း နည်းပြဆရာအဖြစ် ဆောင်ရွက်သည်။ ၁၉၇၁-၇၇ ခုနှစ် တွင် မြန်မာ့စီးပွားရေးဘဏ်၌ လက်ထောက်မန်နေဂျာ တာဝန်ကို ထမ်းဆောင်သည်။ ၁၉၇၇-၇၉ခုနှစ်တွင် ညောင်ပင်လေးဈေး၌ ဈေးရောင်းခြင်းလုပ်ငန်းဖြင့် လည်းကောင်း၊ ၁၉၇၉-၉၆ ခုနှစ်တွင် အလွတ်ပညာသင် ဆရာအဖြစ်လည်းကောင်း လုပ်ကိုင်သည်။ ၁၉၈၄ ခုနှစ်တွင် မှတ်ပုံတင်ရှေ့နေ (RL) စာမေးပွဲအောင်မြင်သည်။ ၁၉၉၂ ခုနှစ်တွင် ပထမပုဂ္ဂလိက ဘဏ်ဒါရိုက်တာ အဖွဲ့ဝင်၊ ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်သည်။ ၁၉၉၃-၉၇ ခုနှစ်တွင် ဘဏ် လုပ်ငန်းသင်တန်းကျောင်း တည်ထောင်ပြီး ဘဏ် လုပ်ငန်းပညာသင်ကြားပို့ချသည်။ ပုဂ္ဂလိကဘဏ်အချို့ တို့၌လည်း ဘဏ်လုပ်ငန်းပညာများ သင်ကြားပို့ချသည်။ ၁၉၉၇-၂၀၀၅ ခုနှစ်တွင် မြန်မာယူနီဗာဆယ်ဘဏ်၌ ဥက္ကဋ္ဌအကြံပေး၊ အမှုဆောင် ဒါရိုက်တာအဖြစ် ဆောင် ရွက်သည်။ ၂၀၀၇ ခုနှစ်တွင် AFXB မြန်မာ၌ Finance Coordinator အဖြစ် လည်းကောင်း၊ Myanmar Egress Capacity Developing Centre ၌ အချိန်ပိုင်းဆရာအဖြစ် လည်းကောင်း လုပ်ကိုင်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ဧရာဝတီဘဏ်၌ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။ ဦးဝင့်ကျော်သည် ၁၉၆၈-၇၁ ခုနှစ်တွင် နဝင်းကျော် ကလောင်နာမည်ဖြင့် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာနှင့် အိုး​ဝေဂျာနယ်တို့၌ ဆောင်းပါးများရေးသားသည်။ ဦးဝင့်ကျော် ကလောင်နာမည်ဖြင့် ပညာ ပဒေသာစာစောင်၊ ပညာလောကစာစောင်တို့၌ ပညာရပ် ဆိုင်ရာ ဆောင်းပါးများ၊ မြန်မာ့အသံလုပ်သားပညာပေး အစီအစဉ်၌ အသံလွှင့်ဆောင်းပါးများရေးသားသည်။

စီးပွားရေးတက္ကသိုလ်နှစ်လည်စာစောင်၌ လူရည်ချွန်တစ်ဦးကလောင်နာမည်ဖြင့် လူရည်ချွန်တစ်ဦးအဖြစ်သို့ ဆောင်းပါးနှင့် စခန်းနွေမွန်လူရည်ချွန်ဆောင်းပါးများ ရေးသားသည်။ ၁၉၉၂ ခုနှစ်မှစ၍ ဓနစီးပွားရေးမဂ္ဂဇင်း ၌ ပင်တိုင်ဆောင်းပါးရှင်အဖြစ် ဘဏ်အကြောင်းငွေ အကြောင်း ဆောင်းပါးစဉ်နှင့် မစံပယ်နှင့်အမောင်ပြော ကြရအောင်ဆောင်းပါးစဉ်များ၊ Living Color မဂ္ဂဇင်း၌ ပင်တိုင်ဆောင်းပါးရှင်အဖြစ် အာမခံလုပ်ငန်းဆောင်းပါးများ၊ ကုန်စည်ဈေးလှိုင်းစီးခြင်း ဆောင်းပါးများ၊ မော်ဒန်ဂျာနယ်၌ ဆုံးရှုံးနစ်နာနိုင်ခြေကိုစီမံခန့်ခွဲခြင်း အခန်းဆက်ဆောင်းပါး၊ The Voice Weekly ဂျာနယ်၌ ဆင်းရဲခြင်းလွတ်ကင်းအောင် အခန်းဆက် ဆောင်းပါးများ၊ HR ဂျာနယ်၌ မိမိကိုယ်ကိုကောင်းအောင် အခန်းဆက် ဆောင်းပါးများ၊ အခွင့်အလမ်းဂျာနယ်၌ အမြတ် ရရှိနိုင်ရေးအခွင့်အလမ်းများဆောင်းပါးများ၊ အမောင် ကလောင်နာမည်ဖြင့် မြန်မာတိုင်းမ်ဂျာနယ်၌ လူမှုရေး မေတ္တာဖွဲ့ဆောင်းပါးများနှင့် အခြားဂျာနယ်၊ မဂ္ဂဇင်း များ၌လည်း ဆောင်းပါးများရေးသားသည်။ ထို့အပြင် 'ဘဏ်အကြောင်း၊ ငွေအကြောင်း' စာအုပ်၊ အရင်းအနှီး ဈေးကွက်နှင့် စတော့ရှယ်ယာစာအုပ်၊ စီးပွားရေးကပ် အန္တရာယ်နှင့် စီမံခန့်ခွဲကာကွယ်ခြင်းစာအုပ်တို့ကို ရေးသားထုတ်​ဝေ ပြီးဖြစ်သည်။

စာရေးဆရာ၊ ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော် သည် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်မာလွင်၊ သားတစ်ယောက်၊ သမီးနှစ်ယောက် နှင့်မြေးခြောက်ယောက် ကျန်ရစ်သည်။

[၁] ကိုးကား

စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)

ဆရာ့သမီးငယ်၏ အတည်ပြုချက်အရ ​ဆရာ့​မွေးချင်းလေးဦးဟု ပြင်ဆင်ထားပါသည်။

Pyithu Hluttaw Committees
11/09/2026

Pyithu Hluttaw Committees

Address

Yangon

Alerts

Be the first to know and let us send you an email when Yangon Stock News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share