Yangon Stock News

Yangon Stock News Stock News and Knowledge
စ​တော့ဆိုင်ရာသတင်းများနှင့်ဗဟုသုတ

12/10/2025
မုတ်သုံ (Monsoon)
12/10/2025

မုတ်သုံ (Monsoon)

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာ

12/10/2025

တရုတ်နိုင်ငံသို့ မက္ကဒေးမီးယားအဆန်ပါ အခွံမာအသီး တင်ပို့မည့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာ (EOI) လျှောက်ထားရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း နှစ်ပတ်လည် စုံညီအစည်းအဝေး ဖိတ်ကြားလွှာ
12/10/2025

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း နှစ်ပတ်လည် စုံညီအစည်းအဝေး ဖိတ်ကြားလွှာ

11/10/2025

☀️ "စီးပွားရေး အကြပ်အတည်းကာလမှာ cash လက်ဝယ်ကိုင်ဆောင်ထားရှိသူဟာ အဖိုးအနဂ္ဃများစွာသော အမြတ်အစွန်းတွေကို ဖန်တီးနိုင်လတ္တံ့ " ☀️

"Cash combined with courage in a time of crisis is priceless."

ဤမျှမှတ်သား လိုက်နာကျင့်သုံးထိုက်သော စကားကို စတော့ဂရုကြီး ဝါရင်းဘတ်ဖတ်က မကြာမဏဆိုသလို ပြောခဲ့ဖူးပါသည်။

ဘာကြောင့် ပြောသလဲဆိုတော့ ဝါရင်းဘတ်ဖက်ဟာ Crisis တိုင်းလိုလို အရန်သင့် လက်ဝယ်ဆောင်ထားသည့် Cash များဖြင့် Undervalued ဖြစ်နေသော စတော့များကို လိုက်ဝယ်လေ့ရှိသည်။ Crisis ကာလ ကျော်လွန်သွားပြီးနောက် စီးပွားရေး သံသရာ အတက်ဘက် (Economic Expansion) ကာလကို ပြန်ရောက်သည့်အခါမှာ စီးပွားရေးလုပ်ငန်းတွေ နာလန်ပြန်ထူပြီး တိုးတက်မှု ဘက်ရောက်သည့်အခါမှာ စတော့စျေးတွေ အတက်ဘက်ပြန်ရှိလာစေနိုင်တဲ့ အလားအလာကို စောင့်ပြီး အကျိုးအမြတ်ယူတာမျိုး ဖြစ်သည်။

အကယ်၍ စီးပွားရေးသံသရာ အထွဋ်အထိတ် (Peak) အဆင့်ကို ရောက်သည့်အခါမှာ စီးပွားရေး လုပ်ငန်းတွေ Growth rate နှေးလာပြီဟေ့ ဆိုရင်တော့ ဝါရင်းဘတ်ဖက်ဟာ Overvalued ဖြစ်နေတဲ့ စတော့တွေ ရောင်းထုတ်ပြီး Cash and Cash Equivalents တွေကို လက်ကိုင်ထားကာ နောက်ထပ် Undervalued ဖြစ်လာမည့်အချိန်ကို စောင့်လေ့ရှိပါသည်။

ရှေ့က ဖြစ်ခဲ့ဖူးတဲ့ Crisis ကာလတွေမှာလည်း ဝါရင်းဘတ်ဖက်က ဒီနည်းအတိုင်း ကျင့်သုံးခဲ့သည်။ အနီးဆုံး ဖြစ်ရပ်တခုကို ပြောပြရရင် 2020 ခုနှစ် ကိုဗစ်ကာလတုန်းက ဝါရင်းဘတ်ဖက်ဟာ cash လက်ကိုင်ထားမှုကို $137 ဘီလီယံ အထိ ထားရှိခဲ့ပြီးတော့ စျေးတွေ အကျငြိမ်တာ ပြန်စောင့်ပြီးမှ Apple စတော့တွေ အလုံးအရင်းနဲ့ တိုးမြှင့်ဝယ်ယူခဲ့သလို၊ Berkshire စတော့တွေကိုလည်း buy back လုပ်ခဲ့သည်။ ၎င်းနောက် စျေးကွက်အခြေအနေပြန်ကောင်းလာချိန် Apple စတော့ ၊ Berkshire စတော့တွေ သက်တမ်းတလျှောက်အမြင့်ဆုံးစျေးတန်းတွေ အသီးသီးပြန်ရောက်ရှိလာခဲ့ချိန်မှာ ဝါရင်းဘတ်ဖက်ရဲ့ အမြတ်ဝင်ငွေတွေ စံချိန်တင် မြင့်တက်ခဲ့သည်။

လက်ရှိ 2025 ခုနှစ် နောက်ဆုံးထွက်ရှိထားသော ကုမ္ပဏီ သုံးလပတ် အစီရင်ခံစာ (10-Q Report) ထုတ်ပြန်ချက်အရ Q2 ကာလထဲ၌ ဝါရင်းဘတ်ဖက် ရဲ့ Berkshire Hathaway ပေါ်ဖိုလီယိုထဲမှာ Cash & Cash Equivalents တွေ လက်ကိုင်ထားရှိမှု တန်ဖိုး စုစုပေါင်း $344.1 ဘီလီယံ အထိ ရှိကြောင်း သိရှိရပါသည်။

Cash ဆိုတာကတော့ ငွေသားနှင့် ဘဏ် အပ်ငွေတွေ ၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုတွေကို ဆိုလိုတာ ဖြစ်ပြီး Cash equivalents ဆိုတာကတော့ အမေရိကန် ငွေတိုက်စာချုပ် Treasury Bills တွေ ၊ Commercial Paper တွေနှင့် အခြားသော Short-term securities တွေ ပါဝင်ပါသည်။

(ဘဏ္ဍာရေးစျေးကွက်သုံး ဝေါဟာရ များကို ဤစာစု၏ အောက်ဆုံးတွင် ဖော်ပြထားသည်။)

ဝါရင်းဘတ်ဖက်ရဲ့ Cash & Cash equivalents လက်ဝယ်ထားရှိမှုမှာ 79% ခန့်က U.S. Treasury Bills တွေ၊ 12% ခန့်က Cash ငွေသားသီးသန့်ထားရှိမှု နှင့် ဘဏ်အပ်ငွေတွေ၊ 6% ခန့်က CP တွေနှင့် Short-term Securities တွေ ၊ 3% ကတော့ နိုင်ငံခြားငွေကြေးတွေ ဖြစ်ကြပါသည်။

ဝါရင်းဘတ်ဖက်ရဲ့ Cash & Cash equivalents တွေ လက်ဝယ်ထားရှိမှုတန်ဖိုးဟာ 2025 ခုနှစ် Q1 ကာလတုန်းက $347.7 ဘီလီယံအထိ ရောက်ခဲ့ဖူးပါသည်။ ၎င်းတန်ဖိုးဟာ Berkshire ကုမ္ပဏီ ရဲ့ သက်တမ်းတလျှောက်အမြင့်ဆုံး စံချိန်တင်ခဲ့တာလည်း ဖြစ်သည်။

2025 Q2 ကာလထဲမှာတော့ Apple လို နည်းပညာလုပ်ငန်း၊ Bank of America လို ဘဏ္ဍာရေးလုပ်ငန်းပိုင်းက စတော့တွေ တချို့ကို လက်ဝယ်ထားမှုလျှော့ချပြီးတော့ Consumer Staples ကဏ္ဍပိုင်းက စတော့တွေကို ရွေးထုတ်အဝယ်တိုးခဲ့ပါသည်။

၎င်းအနေအထားကို ကြည့်ခြင်းအားဖြင့် ဝါရင်းဘတ်ဖက်တယောက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှင့် အမေရိကန် စီးပွားရေး မရေရာမသေချာမှုတွေ ရှိနေတာကို သုံးသပ်ထားကြောင်း သိနိုင်ပါသည်။

2025 ခုနှစ်ထဲမှာ ရုရှား-ယူကရိန်း စစ်ရေး ဆက်လက်တင်းမာနေခြင်း၊ အရှေ့အလယ်ပိုင်း စစ်ရေး တင်းမာမှု၊ အမေရိကန် နှင့် တရုတ် ကုန်သွယ်ရေး ပဋိပက္ခတွေ အရှိန်ပိုမြင့်လာမှု၊ အမေရိကန် အစိုးရကြွေးမြီစံချိန်တင်မြင့်တက်မှု၊ ကမ္ဘာလုံးဆိုင်ရာကြွေးမြီ စံချိန်တင်မြင့်တက်မှု စသည့် သတင်းဆိုးတွေ များစွာ ရှိနေသည်။

လက်ရှိအချိန်မှာတောင် အမေရိကန် Government Shutdown နှင့် မနေ့ကတင် ထရမ့်က တရုတ်နိုင်ငံကို 100% Tariffs တိုးမြှင့်ဖို့ရာရှိကြောင်း ဆိုခဲ့သေးသည်။ ဒီနှစ်ကုန်ပိုင်း မှာ အမေရိကန် Fed ဗဟိုဘဏ်ကြီးကလည်း ဗဟိုဘဏ် အတိုးနှုန်းကို အခြေခံပွိုင့် 25 ပွိုင့် လျှော့ချနိုင်ခြေ နှစ်ကြိမ် အထိ လုပ်နိုင်ခြေ အလားအလာတွေလည်း ရှိနေပါသေးသည်။

၎င်းကဲ့သို့ မရေရာမသေချာမှုတွေ ရှိလာနိုင်ခြင်းကိုလည်း ဝါရင်းဘတ်ဖက်ဟာ ထရမ့်ရဲ့ သမ္မတ သက်တမ်းဒုတိယအကြိမ် စတင်လာကတည်းက ကြိုမြင်ထားခဲ့ပြီး ဖြစ်တာကြောင့် စတော့အချို့ကို Peak စျေးတန်းတွေ ရောက်ချိန်မှာ လက်ခါမှု လုပ်ခဲ့တာလည်း ဖြစ်သည်။

လက်ရှိအချိန်၌ ကမ္ဘာ့ဘဏ္ဍာရေး စျေးကွက်တခွင်မှာ မရေရာမသေချာမှု မြင့်တက်နေခြင်းကို သိနိုင်သည့် နောက်တချက်က ကမ္ဘာ့ရွှေစျေးနှုန်းပင် ဖြစ်သည်။ ကမ္ဘာ့ရွှေစျေးနှုန်းဟာ ဒီနှစ် နှစ်စစချင်းတုန်းက 8 ပတ်ဆက်တိုက် တက်ခဲ့သလို၊ လက်ရှိမှာလည်း 8 ပတ်ဆက်တိုက် အတက်လမ်းကြောင်းပေါ် ရှိနေသည်။ ဒီနှစ်ထဲမှာ ကမ္ဘာ့ရွှေစျေးဟာ +53% ကျော် အတက်ရှိထားပြီး စတော့စျေးကွက်ထက် outperform ဖြစ်နေတာလည်း ဖြစ်ပါသည်။

( ဘဏ္ဍာရေး စျေးကွက်သုံး ဝေါဟာရများ)

1. Treasury Bills = တနှစ်သက်တမ်းအောက် အစိုးရငွေချေးစာချုပ်များ။

2. Commercial Paper = ရက်ပေါင်း 270 အောက် သက်တမ်းရှိသော ကော်ပိုရိတ် ငွေချေးစာချုပ်များ။ များသောအားဖြင့် ရက် 30 CP - ရက် 90 CP တွေ အသုံးများပါသည်။

3. Securities = ငွေချေးသက်သေခံ လက်မှတ်များ။

4. Economic Expansion = စီးပွားရေး တိုးတက်နေသော ကာလ ၊ နိုင်ငံ့ Real GDP အတက်ဘက်ရှိနေသော ကာလ။

5. Peak = Real GDP အတက်တန့်ပြီး ကျစပြုလာနေသည့် ကာလ။

6. Government Shutdown = အစိုးရ ယန္တရားလည်ပတ်မှု ယာယီ ရပ်တန့်ခြင်း။ (အစိုးရက ဘတ်ဂျက်အသုံးစရိတ်တွေ သုံးစွဲခွင့် မရသေးသည့် ကာလ)

7. Consumer Staple = အခြေခံ ပင်တိုင် သုံးကုန်ကဏ္ဍ။

8. Undervalued = အက်ဆက်တခုဟာ ရှိသင့်ရှိထိုက်တဲ့ Fair Value တန်ဖိုး အောက် ရောက်နေခြင်း။

9. Form 10-Q = အမေရိကန်မှာ အများပိုင်ကုမ္ပဏီတွေက ငွေချေးသက်သေခံလက်မှတ်များ ကြီးကြပ်ရေး ကော်မတီ (SEC) ထံသို့ တင်ပြရသည့် သုံးလပတ် အမြတ်ဝင်ငွေ အစီရင်ခံစာ။


11. 10. 2025

Marlarmyaing Public Company Limited(မာလာမြိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) ကုမ္ပဏီအမျိုးအစားပြောင်းလဲကြောင်း ကြေ...
11/10/2025

Marlarmyaing Public Company Limited

(မာလာမြိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) ကုမ္ပဏီအမျိုးအစားပြောင်းလဲကြောင်း ကြေညာခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၅၈ (ခ) ကို လိုက်နာ၍ အမှတ် - ၅၃၁ ဘီ၊ မာလာမြိုင်ရိပ်သာလမ်း၊ ပြည်လမ်း၊ (၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Marlarmyaing Public Company Limited (မာလာမြိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) သည် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) မှတစ်ဆင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြပြီးဖြစ်ကြောင်းနှင့် မှတ်ပုံတင်အရာရှိသည် တင်ပြသည့် လျှောက်ထားမှုကို လက်ခံကျေနပ်ပြီး တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်း မရှိလျှင် ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက် များကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာလိုက်ပါသည်။

LAI LAI OO

MANAGING DIRECTOR

MARLARMYAING PUBLIC COMPANY LIMITED

သက်ထွန်းဦး - Author Htun Thet Htun
11/10/2025

သက်ထွန်းဦး - Author Htun Thet Htun

အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး ငွေချေးစာချုပ်များ (၁)
ထွန်းသက်ထွန်း
====================
​ #အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး ငွေချေးစာချုပ်(SEZ development Bond) ဆိုသည်မှာ ပုံသေဝင်ငွေ (အတိုး) ရရှိသည့် ငွေချေး သက်သေခံလက်မှတ်များဖြစ်ပြီး အထူးစီးပွားရေးဇုန်များအတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်ရေး ၊ လည်ပတ်ရေးအတွက် လိုအပ်သည့် ကာလရှည် ရင်းနှီး ငွေများ ရရှိရန် ထုတ်ဝေခြင်းဖြစ်သည်။ ဤငွေချေးစာချုပ်များကို အစိုးရများနှင့် ဇုန်အာဏာပိုင် များက လမ်းများ ဖောက်လုပ်ခြင်း၊ အသုံး အဆောင်များနှင့် စက်မှုအဆောက်အအုံများကဲ့သို့သော အကြီးစား ဖွံ့ဖြိုးရေး ပရောဂျက်များအတွက် ပြည်တွင်းနှင့်ပြည်ပအရင်းအနှီးများကို ဆွဲဆောင်ရန်အတွက် အသုံး ပြုပါ သည်။

SEZ ဖွံ့ဖြိုးရေး ငွေချေးစာချုပ်မည်သို့အလုပ်လုပ်
============
​ #အခြားသော အစိုးရငွေတိုက်စာချုပ်များ ၊ municipal ငွေချေးစာချုပ်များကဲ့သို့ပင် SEZ ဖွံ့ဖြိုးရေး ငွေချေးစာချုပ်သည် ရင်းနှီးမြှုပ်နှံသူ (ငွေချေးစာချုပ်ဝယ်ယူထားသူ) များသို့ ပုံမှန်အတိုးငွေပေးခြင်း ၊ သက်တမ်းစေ့ရောက်ချိန်တွင် အရင်းငွေပြန်အပ်းခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ ငွေချေးစာချုပ်ကို အများအားဖြင့် အစိုးရ၊ အထူးစီးပွားရေးဇုန် အာဏာပိုင်အဖွဲ့ သို့မဟုတ် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင် ရွက်မှုဖြင့် ထုတ်ဝေပါသည်။
​ထုတ်ဝေရရှိသည့် ရင်းနှီးငွေများကို ကြိုတင်သတ်မှတ်ထားသည့် အထူးစီးပွားရေးဇုန် စီမံကိန်း များဖြစ်သည့် ဆိပ်ကမ်းများ အဆင့် မြှင့်တင်ခြင်း၊ တယ်လီဖုန်းဆက်သွယ်ရေး စနစ်များ အဆင့်မြင့် တင်ခြင်း၊ သို့မဟုတ် စက်မှု ဥယျာဉ် အသစ် များ ထူထောင်ခြင်းစသည့် လုပ်ငန်းများတွင်သုံးစွဲပါသည်။ ရင်းနှီးမြုပ်နှံသူ များ သည် သတ်မှတ်ကာလအလိုက် အတိုးငွေ (Coupon) နှင့် ငွေချေးစာချုပ် သက်တမ်း ကုန်ဆုံးချိန်တွင် အရင်းငွေကို ပြန်လည်ရရှိကြသည်။ အကျိုးအမြတ် ပြန်ရနှုန်း (Yield) အနည်းအများ သည် နိုင်ငံ၏ စီးပွား ရေးအခြေအနေများနှင့် လက်ရှိ ဖြစ်ပေါ်နေသည့် အတိုးနှုန်းများအပေါ် မူတည် ပါ သည်။
​ဤငွေချေး စာချုပ်များကို အထူးစီးပွားရေးဇုန်အတွင်း ရရှိလာသော အခွန်များ၊ အကောက် ခွန် များနှင့် ဇုန်အတွင်းလည်ပတ်နေသော စီးပွားရေးလုပ်ငန်းများမှ ငှားရမ်းခ ပေးချေမှုများ ၊ အခြား သောဝန်ဆောင်မှုများ ကဲ့ သို့သော အနာ ဂတ်ဝင်ငွေလမ်းကြောင်းများကို ကျောထောက် နောက်ခံ ပြု၍ ထုတ်နိုင်ပါသည်။ အဆိုပါ ငွေချေး စာချုပ် များ ကို နိုင်ငံတော်အစိုးရ၏ အပြည့်အဝ အာမခံချက်များဖြင့် ထုတ်ဝေ လေ့ရှိ ပါသည်။
​ #ဥပဒေကြောင်းအရ တရားဝင် ပြဌာန်းထားခြင်း မရှိသော်လည်း ငွေချေးစာချုပ်၏ ဆွဲဆောင်မှု၊ အရင်းအနှီးကုန်ကျစရိတ်နှင့် စျေးကွက်ဝင်ရောက်မှုတို့ကို သိသိသာသာ သက်ရောက်မှုရှိသောကြောင့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ငွေချေးစာချုပ်များ မထုတ်မီတွင် ခရက်ဒစ်အဆင့် သတ် မှတ်ချက် Rating ကို ယေဘုယျအားဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
​မြင့်မားသည့် အဆင့်သတ်မှတ်ချက် (ဥပမာ- AAA, AA , A) သည် ထုတ်ဝေသူတွင် ခိုင်မာ သည့် လုပ်ငန်း များရှိပြီး ကြွေးမြီပျက်ကွက်နိုင်ခြေနည်းပါးကြောင်းဖေါ်ပြခြင်းဖြစ်ပြီး ရင်းနှီးမြုပ်နှံသူများ ၏ ယုံကြည် စိတ်ချရမှုကိုမြင့်တက်စေကာ အတိုးနှုန်း နည်းနည်း နှင့်ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိခြင်းကို ဖေါ်ပြပါသည်။ ​ငွေချေးစာချုပ်များမှ ရရှိသောငွေများသည် ဇုန်အတွင်း လုပ်ငန်း များ ထူထောင်မည့် ကုမ္ပဏီများ အထူးသဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံသူများ (FDI) ကို လှုံ့ဆော် ပေးသည့် “ဆွဲဆောင်မှုရှိသော စီးပွားရေးပတ်ဝန်းကျင်” ကို ဖန်တီးပေးပါသည်။

ရင်းနှီးမြှုပ်နှံသူများ အတွက် ဆုံးရှုံးနိုင်‌ခြေနှင့်အကျိုးအမြတ်များ
===============
​ #အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ငွေချေးစာချုပ်များကို ရင်းနှီးမြုပ်နှံခြင်းသည် အလား အလာ ကောင်းမွန်သည့် အကျိုးရလာဒ်များနှင့် ဆုံးရှုံးနိုင်ခြေ နှစ်မျိုးစလုံး ဒွန်တွဲလျက်ရှိပါသည်။
​ငွေချေးစာချုပ် များ၏ အတိုးပေးချေမှုများမှ ပုံသေခန့်မှန်းနိုင်သော ဝင်ငွေကို ရရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအစု (portfolio) ၏ တည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။ ငွေချေးစာချုပ် များသည် အချို့ သော ရင်းနှီးမြုပ်နှံသူများ အတွက် ရင်းနှီးမြှုပ်နှံမှုအစု (portfolio) တွင် တစ်စိတ်တစ်ပိုင်း ပါဝင်သော ကြောင့် ရှယ်ယာ ဈေးကွက်၏ အတက်အကျ မြန်ဆန်မှုကို ထိန်းကျောင်း ပေးနိုင်သည်။
​ #တည်ငြိမ်ပြီး ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သော အထူး စီးပွားရေးဇုန် (SEZ) စီမံကိန်းများမှ ထုတ် ဝေသော Bonds များကို ယေဘုယျအားဖြင့် လုံခြုံ စိတ်ချရသော ရင်းနှီး မြှုပ်နှံမှု ကိရိယာများအဖြစ် ရှုမြင် ကြသည်။ အထူးစီးပွားရေးဇုန်ဆိုင်ရာ အခြေခံ အဆောက် အအုံများကို ရန်ပုံငွေပုံ ငွေထည့် ဝင်ခြင်း ဖြင့် ရင်းနှီးမြှုပ်နှံသူများသည် အလုပ်အကိုင်ဖန်တီးမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ခြင်း အပါအဝင် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို သွယ်ဝိုက်သည့်နည်းနှင့် အကျိုးပြုစေပါသည်။

ဆုံးရှုံးနိုင်ခြေများ Potential risks
===========
​ #အကယ်၍ အထူးစီးပွားရေးဇုန်စီမံကိန်းသည် လုံလောက်သည့် လုပ်ငန်းဆွဲဆောင်မှုများ မပြု လုပ် နိုင်ခြင်း သို့မဟုတ် မျှော်မှန်းထားသော ၀င်ငွေကိုမရရှိ နိုင်ခြင်း တို့ဖြစ်ပေါ်ပါက ငွေချေးစာချုပ် ထုတ်ဝေ သူသည် ၎င်း၏ကြွေးမြီများကို ပြန်လည်ပေးဆပ် နိုင်မည် မဟုတ်ပါ။ အစိုးရမူဝါဒ၊ ဆွဲဆောင်မှု incentive အပြောင်းအလဲများ သို့မဟုတ် နိုင်ငံရေးမတည်ငြိမ်မှုများသည် အထူးစီးပွားရေးဇုန်၏ အောင်မြင်မှုကို ထိခိုက်စေနိုင်ပြီး၊ တစ်ဖက်တွင်လည်း ၎င်းထုတ်ဝေထားသည့် ငွေချေးစာချုပ်များ၏ တန်ဖိုးကို ထိခိုက် စေနိုင်မည်ဖြစ်ပါသည်။
​အချို့သော အထူးစီးပွားရေးဇုန်စီမံကိန်းများ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် စွမ်းဆောင် ရည်ညံ့ဖျင်းမှု ၊ ထိရောက်သောစီမံခန့်ခွဲမှု မရှိမှု နှင့် တာဝန်ခံမှု နည်းပါး ခြင်းကြောင့် ဆုံးရှုံးနိုင် ခြေမြင့် မားနိုင် ပါသည်။ လေ့လာချက်များအရ SEZ များ၏ အဓိက အင်္ဂါရပ် ဖြစ်သည့် အခွန်မက်လုံးများသည် ရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ် ဖြင့်သာ လွှမ်းမိုးမှုရှိ ပြီးအဓိကအားဖြင့် မဟာဗျူဟာ ကျသော တည် နေရာနှင့် အခြေခံအဆောက်အအုံ အရည်အသွေး ကဲ့သို့သော အခြားသော အချက်များက ပိုမို အရေး ပါကြောင်းသိရသည်။ အထူးစီးပွားရေးဇုန်တစ်ခု၏ အောင်မြင်မှုသည် ငွေချေး စာချုပ် ထုတ်ဝေ သူများ၏ ထိန်းချုပ်မှုထက်ကျော်လွန်ကာ နိုင်ငံတော်နှင့် ကမ္ဘာ့စီးပွားရေး အခြေအနေများအပေါ်တွင် မူတည် ပါသည်။
#ထွန်းသစ်စနိုင်ငံများ၏ အနေအထား
​စက်မှုဇုန်များ အရှိန်မြှင့်ရန်နှင့် FDI ဆွဲဆောင်ရန်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အထူး စီးပွားရေး ဇုန် ဖွံ့ဖြိုးတိုးတက်ရေးကို အများအားဖြင့် ဆောင်ရွက်ကြသည်။ သို့သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံအချို့တွင် အထူးစီးပွားရေးဇုန်များ၏ အောင်မြင်မှု မှတ်တမ်းမှာ ရောထွေးလျက်ရှိသည်။ ဒေသတွင်း စီးပွားရေး အား နည်းခြင်း နှင့် စနစ်အတွင်းပါဝင်သူများ၏ ပေါင်းစပ်မှု အားနည်းခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများ ကဲ့သို့သော ပြဿနာများ ကြုံတွေ့နေရသည်။ ဤကိစ္စရပ် များက အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး စာချုပ်များချုပ်ဆိုရာတွင် ရင်းနှီးမြှုပ်နှံသူများဘက်က ဂရုတစိုက်စိစစ်အကဲ ဖြတ်ကြသည့်အရာများ ဖြစ် ပါသည်။
(ဆက်လက်ဖေါ်ပြပါမည်)

ခွင့်ပြု​ရေလမ်းကင်းလွတ်အမြင့် (Permissible Air Draft) ကို​ ရေအမြင့်ဆုံးအမှတ်၏အထက် (above the Highest High Water) ၄၄ မီတာ
11/10/2025

ခွင့်ပြု​ရေလမ်းကင်းလွတ်အမြင့် (Permissible Air Draft) ကို​ ရေအမြင့်ဆုံးအမှတ်၏အထက် (above the Highest High Water) ၄၄ မီတာ

နေပြည်တော်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံအခမ်းအနား ဖိတ်ကြားခြင်း
11/10/2025

နေပြည်တော်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံအခမ်းအနား ဖိတ်ကြားခြင်း

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၂၂)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကျင်းပပြုလုပ်မည်ဖ...
11/10/2025

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၂၂)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေးဖိတ်ကြားလွှာ

10/10/2025

မြန်မာ-ကိုးရီးယား ချစ်ကြည်​ရေး ဒလတံတား

Address

Yangon

Alerts

Be the first to know and let us send you an email when Yangon Stock News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share