ရေးမြို့နယ်ဟစ်တိုင် - ၂

  • Home
  • Myanmar
  • Ye
  • ရေးမြို့နယ်ဟစ်တိုင် - ၂

ရေးမြို့နယ်ဟစ်တိုင် - ၂ ဒုတိယအကြိမ်ပြန်လည်တည်ဆောက်ထားသည်။

ငွေစက္ကူအတု ပြုလုပ်သူအား ဖမ်းမိ🔥မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ၅ ရပ်ကွက်တွင် ငွေစက္ကူအတုပြုလုပ်သူ အသက် ၂၈ နှစ်အ...
15/09/2025

ငွေစက္ကူအတု ပြုလုပ်သူအား ဖမ်းမိ🔥

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာ
၅ ရပ်ကွက်တွင် ငွေစက္ကူအတုပြုလုပ်သူ
အသက် ၂၈ နှစ်အရွယ် အမျိုးသမီးအား ပြုလုပ်ထားသည့်ငွေစက္ကူအတု ကျပ်သိန်း ၁၂၀ ကျော်၊ သက်သေခံပစ္စည်းများနှင့်အတူ
စက်တင်ဘာလ ၁၁ ရက်နေ့ ညနေတွင်
ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။
Crd

လော်၄ချောင်းကို မသယ်နိုင်လို့ ခေါင်းရိုက်ခွဲခံရတဲ့ ဦးလေးပါ😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅 ဖြစ်စဉ်ကထိုင်းနိုင်ငံ ချွန်ပူလီမြို့မှာ ...
13/09/2025

လော်၄ချောင်းကို မသယ်နိုင်လို့ ခေါင်းရိုက်ခွဲခံရတဲ့ ဦးလေးပါ
😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅🤌😅

ဖြစ်စဉ်ကထိုင်းနိုင်ငံ ချွန်ပူလီမြို့မှာ 12ရက်နေ့ မနက် 5:00ကျော်လောက်က အသက် 65နှစ်အရွယ်၊ အင်္ဂလိပ်လူမျိုး၊ဖြစ်တဲ့ ဦးလေးက ၊တယောက်ထဲ အထီးကျန်တော့ ၊ပြေပျောက်အောင်လို့ မိန်းခလေး၂ဦးကို ခေါ်လိုက်ပါတယ်

ဦးလေးက မိန်းကလေး၂ဦးရောက်လာရင်၊ ဘယ်နတ်သမီး+ညာနတ်သမီး ထားဖို့ အစီအစဉ်ဆွဲထားတာပါဒါပေမဲ့ တကယ်ရောက်လာတာက၊ စမူစာပါတဲ့ မိန်းကလေး အစစ်မဟုတ်ပဲ၊ လော်ပါတဲ့ LGBT၂ဦးဖြစ်နေပါတယ်

ဦးလေးကလဲ ငါက စမူစာမိန်းကလေးကို ခေါ်တာ၊ နင်….တို့က လော်တွေပါတယ်၊ငါ…မယူတော့ဘူး၊နင်…တို့လဲ ပြန်တော့လို့ ပြောတော့၊လော် ….LGBT တွေက သူတို့မပြန်ဘူး ခေါ်တုန်းက ခေါ်ပီးတော့ လို့ပြောတယ်
နောက်တော့ ဦးလေးကသူတို့… လော်တွေကို မယူရမလားဆိုပီး၊နောက်ထပ်သူငယ်ချင်း လော်…..LGBT ၂ဦးကို ဖုန်းဆက် ခေါ်လိုက်တယ်။

ဒီတော့ လော်…LGBT တွေက၄ဦးဖြစ် သွားပါ တယ်၄ယောက်ဆိုရင်တော့၊ငါမနိုင်ဘူး နင်တို့ပြန်တော့လို့ ဦးလေးက ပြောတယ်။
ဦးလေးကို၊ငါတို့လော်တွေက အကောင်းစားတွေ၊ဒီတိုင်းတော့ မပြန်နိုင်ဘူး၊၁ယောက်၁သောင်းပေး၊၄ယောက်ဆိုတော့၊ဘတ်၄သောင်းတောင်းတော့၊ ဦးလေးက ငါ..ဘာလို့ပေးရမှာလဲ၊ နင်တို့လော် ဖြူလား မဲလား သိတောင်မသိဘူး မပေးဘူး….မပေးဘူးလို့ ပြောတယ်။

ဒီတော့ မပေးရမလား ဆိုပီး လော်LGBT 4ယောက်က ဦးလေးကို ခေါင်းရိုက်ခွဲ သွားပီး ထွက်ပြေးသွား ကြပါတယ်
အနီးက လုံခြုံရေးကို ဦးလေးက အကူအညီတောင်း ခဲ့ရပါတယ် ရဲတွေရောက်လာပီး မေးကြတော့၊ ဦးလေးက စမူစာမိန်းကလေးကို ခေါ်တာ၊ လော်ပါတဲ့မိန်းခလေးတွေ ရောက်လာတယ်။ သူတို့ရဲ့ ပုံတွေက ဖုန်းထဲမှာ လှကြတော့ မိန်းကလေး အစစ်လို့ ထင်မိတာပါလို့ ပြောပြတယ်။

ဦးလေးခေါင်းတော်တော်ကွဲသွားတယ်အထီးကျန်တဲ့ဦးလေးအခုတော့ လော်ကြောင့် အထီးမကျန်နိုင်တော့ပါဘူး
Crd photo

ထိုင်းနိုင်ငံ၊ လယောင်မြို့နယ် စည်ပင်တွင် အလုပ်လုပ်နေသည့်  ကိုအောင်ချမ်း အမှိုက်ကား ဟိုက်ဒေါလစ် ညှပ် သေဆုံး၊ သေဆုံးသူ ကို...
13/09/2025

ထိုင်းနိုင်ငံ၊ လယောင်မြို့နယ် စည်ပင်တွင် အလုပ်လုပ်နေသည့် ကိုအောင်ချမ်း အမှိုက်ကား ဟိုက်ဒေါလစ် ညှပ် သေဆုံး၊ သေဆုံးသူ ကိုအောင်ချမ်းမှာ စစ်မှု ထမ်း တိမ်းရှောင်ရန် ထိုင်းသို့ ထွက်ခွာခဲ့သူဖြစ်

စက်တင်ဘာ ၁၃ ၂၀၂၅

ထိုင်းနိုင်ငံ၊ လယောင်မြို့နယ် စည်ပင်တွင် အလုပ်လုပ်နေသည့် ကိုအောင်ချမ်း အမှိုက်ကား ဟိုက်ဒေါလစ် ညှပ် သေဆုံးသွားပြီး စနစ်တကျ သင်္ဂြိုဟ်ခွင့်ရရှိရေးနှင့် နစ်နာကြေး ရရှိရေး ကြိုးပမ်းနေကြောင်း AAC-မဟာမိတ်အဖွဲ့၏ ဒါရိုက်တာဦးခိုင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အသက် ၂၈ နှစ်အရွယ် ကိုအောင်ချမ်းကို လုပ်ငန်းခွင်အတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ဝါးတောကွင်းကျေးရွာမှ ဖြစ်ကာ စစ်မှုထမ်း မဲပါလာသည့်အတွက် စစ်မှု မထမ်းလို၍ ထိုင်းနိုင်ငံအတွင်း တိမ်းရှာင်ကာ ပွဲစား၏ ချိတ်ဆက်ပေးမှုဖြင့် စည်ပင်တွင် ဝင်ရောက်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

"အခုက အထောက်အထားမဲ့ ဖြစ်နေလို့ နာရေးပါ သေချာ လုပ်လို့မရသေးဘူး ဆိုပြီး ဖြစ်နေတာ။ အဲဒါကြောင့် နာရေးကို ဓလေ့နဲ့ အညီ စနစ်တကျ လုပ်ပေးနိုင်ရေးက ပထမအဆင့်ပေါ့။ ဒုတိယအဆင့်က နစ်နာကြေး ရရေး ကူညီသွားမှာပါ။ ထိုင်းဥပဒေအရ လုပ်ငန်းခွင် အတွင်း သေဆုံးရင် ထိုင်းနိုင်ငံသား မြန်မာနိုင်ငံသား မခွဲခြားဘဲ လုပ်ငန်းခွင် နစ်နာကြေး ပေးရး၊ ပြီးတော့ လုပ်ခလစာ အတူတူပေးရမယ် ဆိုတာ၂၀၁၁ ထဲက ထိုင်းဘုရင်ကြီး Rama 9 က ပြဌာန်းပေးခဲ့ပြီးသားပါ။ ခုလို ထိုင်းအစိုးရ အလုပ်ဖြစ်တဲ့ စည်ပင်မှာ လုပ်ကိုင်ရင်း သေဆုံးခဲ့ရတဲ့အပါ် ဒီလို‌တွေ ဖြစ်နေတော့ တခြားလုပ်ငန်းခွင်က နစ်နာသူတွေ အတွက် ပိုခက်မှာပေါ့။ ကျွန်တော်တို့ အစွမ်းကုန်ကူညီသွားမှာပါ"ဟု AAC-မဟာမိတ်အဖွဲ့၏ ဒါရိုက်တာဦးခိုင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သေဆုံးသွားသူ ကိုအောင်ချမ်းကိုသည် လယောင်မြို့နယ်ရှိ စည်ပင်သာယာလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နသည်မှာ တစ်လမပြည့်သေးကြောင်း၊ ထိုသို့ သေဆုံးသွားမှုအတွက် နာရေး လုပ်ဆောင်နိုင်ရန်နှင့် နစ်နာကြေးရရှိရေးအတွက် ၎င်း၏ ဇနီး ဖြစ်သူက AAC-မဟာမိတ်အဖွဲ့သို့ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း အတွင်း အကြမ်းဖက်စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ မပါရှိရေးအတွက် ကိုအောင်ချမ်းကို အပါအဝင် ပြည်သူများသည် လစဉ် ကျပ်ငွေ ၅ သောင်းခန့် အကြမ်းဖက်စစ်တပ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပေးနေရသည်မှာ ကာလကြာပြီဖြစ်ကြောင်း၊ ကိုအောင်ချမ်းကို သည် လစဉ် ငွေပေးနေရသည့် ကြားမှ စစ်မှုထမ်းမဲ ပေါက်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုကာ စစ်မှုထမ်းရန် အတင်းအဓမ္မပြောဆိုသည့်အတွက် ထိုင်းနိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်ခဲ့၍ ရရာ အလုပ်ဝင်ရာက် လုပ်ကိုင်ရာမှ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရှိရသည်။

လဒ်တိတ်ကောင်ဓါတ်ပုံ -ရာထူးမှ နုတ်ထွက်ခဲ့ရသည့်  နီ​ပေါဝန်ကြီးချုပ်နှင့် စစ်​ခေါင်း​ဆောင်တို့ ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက ​တွ...
12/09/2025

လဒ်တိတ်ကောင်

ဓါတ်ပုံ -ရာထူးမှ နုတ်ထွက်ခဲ့ရသည့် နီ​ပေါဝန်ကြီးချုပ်နှင့် စစ်​ခေါင်း​ဆောင်တို့ ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက ​တွေ့ဆုံခဲ့စဥ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံလက်ဆွဲ နှုတ်ဆက်ခဲ့သူများထဲတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ဩဂုတ်လ လကုန်ပိုင်းတွင် ရာထူးမှ ဖယ်ရှားခံရပြီး လက်ရှိတွင်လည်း နီပေါဝန်ကြီးချုပ် ကေပီရှာမာ အိုလီရာထူးမှ နုတ်ထွက်သွားရပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းသမားများဟန်ဆောင်ကာ ခိုးဝင်လာသူများက AA အရာရှိ နှင့်တပ်ဖွဲ့ဝင်တို့ကို သတ်ဖြတ်ပြီး လက်နက်များ လုယူ...
12/09/2025

ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းသမားများဟန်ဆောင်ကာ ခိုးဝင်လာသူများက AA အရာရှိ နှင့်တပ်ဖွဲ့ဝင်တို့ကို သတ်ဖြတ်ပြီး လက်နက်များ လုယူသွား

စက်တင်ဘာ , ၁၂ ,၂၀၂၅

ဘင်္ဂလားဒေ့ရှ်ဘက်မှ ငါးဖမ်းဘုတ်များတွင် ငါးဖမ်းသမားများ ဟန်ဆောင်၍လိုက်ပါလာသူများက အာရက္ခတပ်တော် (AA) မှ အရာရှိတစ်ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးတို့ကို သတ်ဖြတ်သွားကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် ငါးဖမ်းဘုတ်များထဲမှ ဖမ်းဆီးရမိသည့် ငါးဖမ်းဘုတ် ငါးစင်းအနက်မှ တစ်စင်းတွင် ငါးဖမ်းသမားများဟန်ဆောင်၍ လိုက်ပါလာသူတစ်စုက သတ်ဖြတ်မှုကိုကျူးလွန်၍ လက်နက်များပါ လုယူထွက်ပြေးသွားကြောင်း ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် AA ကထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်ခန့်မှစ၍ ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာ၏ အနောက်ဘက် ၆.၇၅ ကီလိုမီတာခန့် အကွာတွင်လည်းကောင်း၊ ချိန်ခါ လီရွာ၏အနောက်ဘက် ၆.၇၂ ကီလိုမီတာခန့်အကွာ တွင်လည်းကောင်း ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစင်း ၈၀ ခန့်သည် အာရက္ခ ရေပိုင်နက်အတွင်း၌ အစုလိုက်အပြုံလိုက် တရားမဝင် ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းခဲ့ကြကြောင်း သိရသည်။

AA ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ငါးခိုးဖမ်းဘုတ် ငါးစင်း ကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန် ကမ်းစပ်သို့ ညနေ ၇ နာရီခန့်အချိန်တွင် ခေါ်ဆောင်လာခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းသို့ ခေါ်ဆောင်လာစဉ် အဆိုပါ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် ငါးစင်း အနက် ငါးဖမ်းသမား များအဖြစ် ဟန်ဆောင်လိုက်ပါလာသော ငါးခိုးဖမ်းဘုတ် တစ်စင်း မှ အကြမ်းဖက်သမားများသည် ကမ်းခြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မိမိတို့၏ လုံခြုံရေးအရာရှိ တစ်ဦးနှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်။ ထိုသို့ သတ်ဖြတ်ပြီးနောက် လက်နက်များကိုပါလုယူ၍ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း AAက ဆိုသည်။

အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူများကို အာရက္ခတပ်တော် (AA) မှ ဖမ်းဆီးစစ်ဆေးခဲ့သည်မှာ အကြိမ်ပေါင်းမြောက်မြားစွာရှိခဲ့ပြီဖြစ်ပြီး နှစ်ဖက်အပြန် အလှန်လေးစားမှုဖြင့် ၎င်းတို့အား အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ကာ အကြိမ်ကြိမ် သတိပေး ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယခုတစ်ကြိမ်သည် အာရက္ခရေပိုင်နက်အတွင်းသို့ အစုလိုက်အပြုံလိုက် ဗြောင်ကျကျ ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူများကိုပါ သတ်ဖြတ်၍ လက်နက်လုယူခြင်းသည် အကြမ်းဖက်သောလုပ်ရပ်မျိုးဖြစ်ပြီး မိမိတို့အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း AA က ထုတ်ပြန်အသိပေးထားသည်။

#ငါးခိုးဖမ်း #အရာရှိ #ကမ်းခြေစောင့်တပ်ဖွဲ့ဝင် #သတ်ဖြတ်ခံရ #လက်နက် #လုယူ

◼️‎ငဖဲမြို့နယ်မှာ  ၃ ကြိမ်ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ် ကြောင်းတွေကို AA က တိုက်ခိုက်မှု စစ်သား ၇၀ ကျော်သေဆုံး⬛AA နဲ့ ရင်ဆို...
11/09/2025

◼️‎ငဖဲမြို့နယ်မှာ ၃ ကြိမ်ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ် ကြောင်းတွေကို AA က တိုက်ခိုက်မှု စစ်သား ၇၀ ကျော်သေဆုံး

⬛AA နဲ့ ရင်ဆိုင်ထားတဲ့ ဘယ်နေရာမှာမဆို လက်နက်ချအညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း အသိပေး

စက်တင်ဘာ , ၁၁ , ၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ ၃ ကြိမ် ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်ရာ စစ်အုပ်စုဘက်က စစ်သား ၇၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၄ ရက်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး ဖြစ်ပွားခဲ့သော ၂ နာရီကျော်ကြာ တိုက် ပွဲအတွင်း စစ်တပ်က အထိနာကာ တပ်လန်ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၇ ရက်မှာ ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်တဲ့ ခလရ ၂၉​၅ တပ်ရင်းက ဒုတိယစစ် ကြောင်းအနေနဲ့ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပြီး AA ရဲ့တိုက်ခိုက်မှုကြောင့် အထိအခိုက် အကျအဆုံးများခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားချိန် ၈ နာရီနီးပါးအတွင်း စစ် သား အလောင်း ၆၀ ကျော် နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းရမိခဲ့ပြီးဆုတ်ခွာထွက်ပြေးနေကြနဲ့ စစ်သားတွေကို AA က လိုက် လံချေမှုန်းနေကြောင်း ဖေါ်ပြပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာပဲ စွန်တက်ကျေးရွာအနီး နတ်ရေ ကန်ကုန်း တောင်ဘက် ဝေဠုဝန်ကျောင်းဘက်က တတိ ယ စစ်တပ်စစ်ကြောင်းဟာ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အထိနာခဲ့ကြောင်း တိုက်ပွဲအတွင်း မျက်မြင် စစ်သား ၁၀ ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက် နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ ထပ်မံသိမ်း ဆည်းရမိခဲ့ကြောင်း ဆိုထားပါတယ်။

အထိနာခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဝေဠုဝန်ကျောင်းရဲ့ အနောက်မြောက်ဘက် လက်ဖက်ခြံထဲမှာ ခံစစ်အနေအ ထားနဲ့ ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေအောက်မှာ ပုံစံအမျိုးမျိုးနဲ့ အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေနဲ့ စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာ ရမှာဖြစ်တာကြောင့် AA နဲ့ ရင်ဆိုင်ထားတဲ့ ဘယ်နေရာမှာမဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း ဖေါ်ပြချက်မှာ ပါဝင်ပါတယ်။

လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့တာတွေ၊ AA ထံမှာ တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်တာတွေ၊ ကာယကံရှင်ရဲ့ ဆန္ဒကို လိုက်လျောတာတွေကိုလည်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နဲ့ ရိုးတောင်အစပ် နေရာများမှာ အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်း ထပ်မံဖြည့် တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အ ရှိန်အဟုန်မြှင့် ပြုလုပ်လာတာကြောင့် တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။

10/09/2025

ဒီနေ့ ပတ်စပို့စာအုပ်သွားလဲတာ မအိမ်လုံး မအလ ကိုအခွန်ဆောင်လိုက်ရတယ် ထောက်ပိုလည်းလုပ် မအလကိုလဲပေးရ ဟုတ်တော့ဟုတ်နေပြီး လခွမ်းထဲမှာပဲ ရေး....

🔥Breaking News  💢 10,09,2025ဘန်ကောက်မြို့ မင်ဘူရီရှိ ဆာဖာရီတိရိစ္ဆာန်ဥယာဉ်တွင် ခြင်္သေ့အုပ်မှ တာဝန်ကျဝန်ထမ်းတစ်ဦးအားအားက...
10/09/2025

🔥Breaking News 💢
10,09,2025

ဘန်ကောက်မြို့ မင်ဘူရီရှိ ဆာဖာရီတိရိစ္ဆာန်ဥယာဉ်တွင် ခြင်္သေ့အုပ်မှ တာဝန်ကျဝန်ထမ်းတစ်ဦးအားအားကိုက်၍ - တ်ဖြတ်စားပစ်

အခုလေးတင် ၁၄:၀၀ ချိန်တွင်ဖြစ်သွားတာ ၊ ကိုယ်တွေတောင်အထဲဝင်လို့မရတော့ဘူး ၊ ပိတ်ထားလိုက်ပါပြီ

ခြင်္သေ့အကောင်ပေါင်း ၃၂ ကောင်ရှိပြီး ဖွင့်လာတာနှစ်ပေါင်း ၃၀ ရှိပါပြီ ။

Photo Crd

မွန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သတင်းပေးတွေ ပြည်သူတွေကို ပိုခြိမ်းခြောက်လာနေတယ်လို့ ဆိုစက်တင်ဘာ ၉ ရက် ၂၀၂၅မွန်ပြည်နယ်ရဲ့ မြို...
09/09/2025

မွန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သတင်းပေးတွေ ပြည်သူတွေကို ပိုခြိမ်းခြောက်လာနေတယ်လို့ ဆို

စက်တင်ဘာ ၉ ရက် ၂၀၂၅

မွန်ပြည်နယ်ရဲ့ မြို့ကြီးတွေဖြစ်တဲ့ မော်လမြိုင်မြို့ အပါအဝင် တချို့မြို့ပေါ်တွေမှာ အာဏာသိမ်းစစ်တပ်ကို သတင်းပေးနေသူတွေက ပြည်သူတွေအပေါ် ပိုပြီး ခြိမ်းခြောက်လာနေကြောင်း ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်အတွင်းမှာ ဒလန်လို့ ခေါ်တဲ့ စစ်တပ်နဲ့ရဲ သတင်းပေးတွေ၊ အာဏာသိမ်းစစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေက ပေါ်ပေါ်ထင်ထင်မနေရဲပဲ ပုန်းလျှိူးကွယ်လျှိုးနဲ့ သတင်းပေးတိုင်တန်းတဲ့ အလုပ်ကို လုပ်ကြပေမယ့် အခု ၂၀၂၅ နှစ်ထဲမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပြီး ဒါဟာ တော်လှန်ရေးတပ်တွေ မြို့တွင်းတွေမှာ စစ်ရေးဖော်ဆောင်နိုင်မှု အားနည်းလာတာနဲ့ ဆက်စပ်နေတယ်လို့ ပြည်သူတချို့က ဝေဖန်သုံးသပ်ပါတယ်။

မွန်ပြည်နယ်က မြို့ပေါ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့တွင်း မစ်ရှင်တွေ အားနည်းလာပြီးနောက် စစ်တပ်သတင်းပေးတွေ အတင့်ရဲပြီး ပြည်သူတွေထံ ငွေတောင်းကြမ်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ ဒလန်ဆိုသူတွေဟာ မြို့ပေါ်တွေမှာ ပေါ်ပေါ်ထင်ထင်သွားလာနေကြပြီး တရားမဝင်လုပ်ငန်းတွေသာမက တရားဝင်လုပ်ငန်းတွေမှာပါ ငွေတောင်းမှု များလာနေကြောင်း ကျိုက်ထိုဒေသခံတဦးက လဂွန်းအိမ်စာစဥ်ကို ပြောပါတယ်။

“လောင်းကစားဝိုင်းတွေ နှစ်လုံးသုံးလုံးဒိုင်တွေ၊ တရားမဝင်ကုန်ပစ္စည်းသယ်တဲ့သူတွေမှာတင် ငွေတောင်းတာ မဟုတ်တော့ဘူး။ အခုဆို ကုန်ပစ္စည်းဆိုင်တွေထိ ငွေတောင်းလာတာ။ ခင်ဗျားတို့မှာ တရားမဝင်ကုန်တွေ လှောင်ထားတာလား။ ကျနော်တို့ သတင်းပေးလိုက်ရင် ဘာဖြစ်သွားမလဲ။ ဘယ်လောက်ပေးပါဆိုပြီး တောင်းလာတာ” လို့ ယင်း ကျိုက်ထိုဒေသခံက ပြောပါတယ်။

ဒါ့အပြင် ကုန်ပစ္စည်းဆိုင်တွေမှာ တရားဝင်ရောင်းချခဲ့ကြတဲ့ ကုန်ပစ္စည်းတွေဟာ အခုတော့ ကန့်သတ်ကုန်ပစ္စည်းဖြစ်သွားတာတွေ ရှိနေတာကြောင့် ဒီအကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်တပ်ကို အလုပ်လုပ်ပေးနေသူတွေအတွက် ငွေရပေါက်ဖြစ်သွားစေပါတယ်။

"မော်လမြိုင်မှာက သတင်းပေးတွေက တပ်ဖွဲ့ဝင်တွေထက်တောင် ပိုဆိုးနေတယ်။ သူတို့ကိုပဲ ကြောက်နေရတယ်။ ငွေလာတောင်းရင်လည်း သူတို့ပဲလာတာများတယ်။ တို့မီးရှို့မီးလုပ်တတ်တာလည်း သူတို့ပဲ" လို့ မော်လမြိုင်မြို့ ကုန်ပစ္စည်းအရောင်းဆိုင်ရှင်တဦးက ပြောပါတယ်။

စစ်တပ်နဲ့ ရဲတွေကတော့ သူတို့ကို သတင်းပေးနေသူတွေ ခြိမ်းခြောက်ရမ်းကားနေတဲ့ လုပ်ရပ်တွေအပေါ် တားဆီးအရေးယူတာမျိုး မရှိဘဲ မသိချင်ယောင်ဆောင်နေပြီး သတင်းပေးတွေ ကောက်ယူလာတဲ့ ငွေတွေကိုလည်း ခွဲတမ်းနဲ့ ပြန်ယူတာမျိုးတွေ ရှိနေကြောင်း သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

#စစ်ကောင်စီတပ် #ဓါတ်ပုံ #ရေးမြို့နယ်ဟစ်တိုင် #မူ့ရင်းပို့စ် #ရေးမြို့

8.9.2025 မြန်မာတွေရဲ့ဘဝ 🥲🥲ဒီနေ့ ထိုင်းနိုင်ငံ ကန်ချနပူရီ ဓာတ်အားပေးစက်ရုံအနီးရှိ လမ်းဘေးတွင် ရွှေ့ပြောင်းမြန်မာလုပ်သား ၂...
08/09/2025

8.9.2025 မြန်မာတွေရဲ့ဘဝ 🥲🥲

ဒီနေ့ ထိုင်းနိုင်ငံ ကန်ချနပူရီ ဓာတ်အားပေးစက်ရုံအနီးရှိ လမ်းဘေးတွင် ရွှေ့ပြောင်းမြန်မာလုပ်သား ၂၀၀ နီးပါး တင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးမှ စွန့်ပစ်ခံခဲ့ရကြောင်း သိရသည်။

၎င်းတို့ကို သယ်ယူရန် ပစ်ကပ်ကားတစ်စီး ရောက်လာပြီး လူတွေကို တလှည့်စီ‌လာခေါ်တယ်လို့သိရပြီး။

မေးမြန်းတော့ တစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀၀ မှ ၂၅၀၀၀ ထိ ပေးချေခဲ့ရလို့‌ပြောသည်။ အချို့လူတွေကတော့ ထွက်ပြေးလွတ်မြောက်နေပြီဟု ရဲတွေသံသယရှိနေကြသည်။

#ထိုင်းသတင်း

Address

Ye

Alerts

Be the first to know and let us send you an email when ရေးမြို့နယ်ဟစ်တိုင် - ၂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရေးမြို့နယ်ဟစ်တိုင် - ၂:

Share