BâĜÿî Ĥlâîñîĝ Mÿø Țĥû

BâĜÿî Ĥlâîñîĝ Mÿø Țĥû My👪 Family�Is�My�Life👪
[[[♥]]] [[[♦]]] [[[♣]]] [[[♠]]]

06/07/2024

အိပ်မပျော်တဲညတွေများ
အတွေးပေါင်း သောင်းခြောက်ထောင်။

အဆင်မပြေမှုတွေနဲ့
တစ်ခါတစ်လေ အပူပင်ကင်းပစ်လိုက်ချင်တယ်
အဲဒီအခါကျ အပူပင်ကင်းတဲ့...
ကလေးဘဝအချိန်အခါကို သွားသတိရမိပြန်ရော။

ကိုယ်ဒူးကိုယ်ချွန် ...
ကိုယ်ထူကိုယ်ထ ရုန်းကန်နေရင်း
အမေ့ထမင်းလုတ်ကလေးကို တမ်းတမိပြန်တယ်။

ပြဿနာတွေနဲ့ကြုံလိုက်တိုင်း
ရင်ဆိုင်ဖြေရှင်းပေးဖို့ အဖေ့ကိုလဲ တပ်ကူမခေါ်နိုင်တော့ဘူး။

အခက်ခဲတွေကြုံလာတိုင်း
လဲကျမသွားအောင် ကိုယ့်ကိုကိုယ်မနည်းတွန်းအားပေးနေရရှာတယ်။

လူကြီးတစ်ယောက်ဖြစ်ရတာဟာ
ထင်ထားသ‌လောက်ပျော်စရာကောင်းမနေခဲ့ဘူး
အသက်အရွယ်ကြီးလာတာနဲ့အမျှ
ပျော်ရွှင်စရာတွနည်းသထက်နည်းလာတယ်
တစ်ခါတစ်လေရီမောဖို့တောင်မှ မေ့နေတတ်တယ်။

မိုးလင်းမျက်လုံးဖွင့်ချိန်က‌နေဦးနှောက်ထဲဂယက်ထနေတဲ့ငါ့ရဲ့အတွေးတွေဟာ မိုးချုပ်အိပ်ယာဝင်ချိန်ထိပါပဲ...
တစ်ခါတစ်‌လေမိုးလင်းပေါက်ညတွေထိဆိုလဲမမှားဘူး။

&HMT&

11/06/2024

ပျော်စရာမရှိတဲ့ အလုပ်ခွင်ကို
မျက်နာ မမူချင်တော့ဘူး
ဒီအသက် ဒီအရွယ်နဲ့ ဒီဖိအားကို မခံနိုင်တော့ဘူး

ညဘက် နှစ်"ခြိုက်" အိပ်မပျော်ဖြစ်တော့ဘူး
ယောင်ဝါးဝါးအိမ်မက်တွေနဲ့ ဒီလူ မရူးရုံတစ်မယ်ပဲ

ပျော်နိုင်ဖို့ ငွေရှာတာဟုတ်နေပေမဲ့ ငွေရှာရင်း
ပျော်စရာတွေ ပျောက်ပျောက်သွားသလို ခံစားရတယ်

လူတွေပြောပြောနေတဲ့ ဘဝရဲ့တိုက်ပွဲဆိုတာ ဒါနေမှာ
ဘယ်လောက်ပင် ခက်ခဲ ခက်ခဲ ရပ်နေလို့မှ မရပြန်ပဲကွာ။

&HMT&

20/05/2024

ခင်ဗျားအတိတ်တွေမှာလည်း
ကျနော်မပါဝင်နိုင်ခဲ့ဘူး
အနာဂတ်မှာလည်း
ကျနော်ပါဝင်နိုင်ဖို့မသေချာဘူး
အခုပစ္စုပ္ပန်လေးမှာတော့
ကျနော်ဘေးမှာခနရှိပေးချင်သေးတယ်
အချိန်တန်ရင် အရံလူက
ဘေးထွက်ပေးရမယ်ဆိုတာကို သိပေမဲ့လို့ပေါ့

&HMT&

15/05/2024

နိုင်ငံရပ်ခြား တိုင်းတစ်ပါးကိုစရောက်တဲ့နေ့
အဝေးမှာရှိနေတဲ့ နေ့ရက်တွေတိုင်းဟာ
အိမ်နဲ့ ကျနော် ခွဲရတဲ့နေ့တွေပါပဲ

သူများလို လိုလေသေးမရှိ ဘဝပေးက မဟုတ်လို့
အိမ်ရဲ့လိုအပ်ချက် ဘဝရဲ့ရည်မှန်းချက်တွေကို
တစ်ယောက်ထဲ ထမ်းပိုးထားနေရတဲ့ ကောင်ပေါ့

တစ်ခါခါအိမ်ကို သိပ်လွမ်းတဲ့ရက်တွေ ရှိတယ်
အလုပ်တွေ အရမ်းပင်ပန်းလာတဲ့ အခါမျိုး
အနားမှာဘယ်သူ့မှ ရှိမနေပေးတဲ့ အခါမျိုး

သိပ်ပင်ပန်းရပါသော်လည်း ငါကြိုးစားရမဲ့ အရာတွေအတွက် အားခဲထားနေတုန်း။

&HMT&

--crdphoto

11/02/2024

မျက်လုံးနဲ့ပဲငိုငို၊ စိတ်နဲ့ပဲငိုငို
သေချာတာတော့
ကျွန်တော် တကယ် ပင်ပန်းနေတယ်။

&HMT&

11/02/2024

မျက်ရည် ...

ကျရတာချင်း အတူတူတောင်

အသံထွက်ပြီး
ငိုခွင့်မရှိတဲ့ ဘ၀တွေက

ပိုဆိုးတယ် ။

&HMT&

22/01/2024

ဒီနေ့
အလုပ်ပြန်ရတာ နောက်ကျလေသည်။

အလုပ်တစ်ခုမှာ
လိမ္မာတယ်၊ တော်တယ် ဆိုရင် နေရာသာ မပေးချင်ရင် နေမယ်
ခိုင်းတဲ့သူက ပေါတယ်

ဒါပေမဲ့လည်း
ဘယ်အလုပ်ကို လုပ်လုပ်
“ငါ့သား စေတနာထားလုပ်လို့” အဖေနဲ့ အမေက ဆုံးမထားသလို သူ အမြဲ နှလုံးသွင်းသည့် စကားတစ်ခုရှိတယ်။

“ကိုယ်အဆင်ပြေချိန် သူများကို အကူအညီပေးပါ
ကိုယ်အဆင်မပြေချိန် ကံတရားက သင့်အား ပြန်ကူညီပါလိမ့်မယ်တဲ့”

ကိုယ်တိုင်လည်း လက်ခံရုံမက
ယုံကြည်တယ်။

ဘာ့ကြောင့်လဲဆိုတော့ သူဖြတ်သန်းလာတဲ့ ကာလတစ်လျှောက် အဆင်ပြေလှတယ် မဟုတ်ရင်တောင် ဒုက္ခတော့ အကြီးအကျယ် မရောက်ခဲ့ဘူး

ဒါ့ကြောင့်
ဒီလူဆီက ဘာပြန်ရမှ
ညာပြန်ရမှ ဆိုတဲ့ စိတ် တစ်ခါမှ မထားဖူးဘူး

တတ်နိုင်တာမှန်သမျှ ကူညီပေးတယ်
အများနဲ့ ဆက်ဆံတဲ့နေရာမှ ဒီလို စိတ်နဲ့ ဆက်ဆံတတ်တာမို့ အလုပ်မှာလည်း ပင်ပန်းတယ်။

ဒါပေမဲ့
ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်မို့ ဘယ်တုန်းကမှလည်း မညည်းညူ တတ်သလို သူတန်ဖိုးထားတယ်။

ဒီနေ့ အလုပ်အပြန်နောက်ကျတဲ့အတွက် ရောက်ရောက်ချင်း ဆန်ဆေး
မီးပလပ်လေး ထိုးပြီး ထမင်းအိုးလေးတည်လိုက်သည်။

မနက်ကတည်းက တည်သွားရပေမဲ့ ထမင်းအေးစက်စက်ကြီးတော့ သိပ်မစားချင်တာမို့ ပြန်ရောက်မှ တည်ဖြစ်တာက များသည်။ ဒါပေမဲ့လည်း မီးအခြေအနေကြည့်ရသေးသည်။ ပျက်တဲ့ ရက်တွေတော့ လမ်းဘေးကပဲ ၅၀၀ ဖိုးလောက် ဝယ်စားဖြစ်တယ်။

သူ့အတွက်
မိဘဆီက ကိုယ်မရှာရဘဲ တောင်းတုန်းကလို ဗရံ ဗရံ လည်း မသုံးဖြစ်သလို
သုံးလို့လည်း မရ

သူသည် တစ်ဦးတည်းသော သားဖြစ်သည်။
အဖေနဲ့ အမေကို ပြန်ကြည့်စရာဆိုလို့ သူသာရှိသည်။

လက်ရှိမှာလည်း
သူ့အမေသည်ကား သွေးလေးဘက်နာ ရောဂါသည်ဖြစ်သည်။

ငယ်ငယ်က သူတို့ မိသားစုအတွက်
ငါးရောင်း၊ အလေးရွက်ပြီး ရွာတကာလှည့် လုပ်ကျွေးခဲ့သူဖြစ်သည်။

အဖေလည်း ဒီလိုပါပဲ
ဒါပေမဲ့
ဘိုးဘွားတွေလက်ထက်ကလည်း အဆင်မပြေကြသလို လယ်ပိုင်ယာပိုင် မရှိတဲ့ ဘဝမို့
အဖေက သူများအိမ်က သူရင်းငှါး
ခုခေတ်သာ မသုံးစွဲကြတော့ပေမဲ့ ဟိုးအရင်ခေတ်တွေက “ငါးစိမ်းသည်မ သား” ဆိုတာ သူ့ကို ခေါ်သောဖြစ်သည်။

လူတွေ့ရင်ပဲ
အညှီနံ့နံသလို ဆက်ဆံကြတဲ့ သူတွေကိုလည်း သူမမေ့နိုင်သေး
ဒါပေမဲ့လည်း အမေက အမြဲ ဆုံးမတယ်

“သား
လူတစ်ယောက်က ကိုယ့်ကိုယ် ဆက်ဆံတာကို မခံချင်ရင် ရန်မလုပ်နဲ့သား
သူဆက်ဆံတဲ့ ပုံစံပြောင်းသွားတဲ့အထိ ကြိုးစားဖို့ပဲတွေး” လို့ အမြဲသင်ပေးတယ်။

အဖေက သူများအိမ်က သူရင်းငှါးလုပ်တာ
အိမ်စရိတ်ဖူလှုံရုံပါပဲ။ မရှိတဲ့ အခါ ကြိုယူသုံးရင်း ကုန်တာက ပိုများတယ်။

ဒါ့ကြောင့်
အမေ့လုပ်စာလေးနဲ့ သူ့ကျောင်းစရိတ်သာမက

“သား
စာမလိုက်နိုင်ရင်
နားမလည်ဘူးဆို ကျူရှင်တက်

အမေ့ဘာမှ အားမနာနဲ့ …”

“ရပါတယ် အမေရဲ့
သား စာလိုက်နိုင်ပါတယ်” ဆိုလည်း

“အမေသိတာပေါ့ သားရယ်
ငါ့သားလေး ကျူရှင်မတက်တော့
အချို့အရာတွေ မျက်နှာငယ်ရတယ် ဆိုတာ အမေ ကြားတာပဲ

တက်ပါ” ဆိုတဲ့ အမေ့ စကား

လအစ ပထမအပတ်မှာ ကျူခင်လခ ကြိုပေးရတဲ့အခါ ကိုယ်က မတောင်းရက်ပေမဲ့ ဘယ်တုန်းကမှ နောက်မကျခဲ့

အမေ အဆင်ပြေလား မပြေလား မသိပေမဲ့

“သားရယ်
အမေ အဆင်ပြေပါတယ်
ငါ့သားလေး ပိုက်ဆံပေးတာ သူများထက် နောက်ကျရင် သိမ်ငယ်မယ်
အမေလည်း စာကောင်းကောင်း မတတ်လို့ ဒီဘဝနဲ့ နေရတာ
အမေနဲ့ အဖေကို ချစ်ရင် ငါ့သားလေး ပညာတတ်ကြီး ဖြစ်အောင် ကြိုးစား” ဆိုတာ
သူ ဘယ်မေ့မှာလဲ

သူအထက်တန်းကျောင်းတက်တော့
ဟိုးအရင်က ကျောင်းနဲ့ အိမ် အသွားအပြန် မိနစ် (၄၀) လောက်ကြာတာမို့ အရင်က ထမင်းဗူးထည့်ချင်တယ် ဆိုတဲ့အခါ

“မထည့်ပါနဲ့သားရယ်
သားက ငယ်သေးတယ်
အချိန်တွေပိုပြီး ကစားလို့ တစ်ခုခု ဖြစ်သွားရင် ရင်ကျိုးမှာ” ဆိုပြီး တကယ်က သူ့အတွက် ထည့်ပေးလိုက်တဲ့ ဟင်းကျွေး အဆင်မပြေမှာစိုးလို့ စိတ်ပူခဲ့ပေမဲ့

သူအထက်တန်းတက်တော့ မဖြစ်ဖြစ်အောင်

“ငါ့သားလေးက
အချိန်ပိုတာနဲ့ စာဖတ်ချိန်လေး ပိုရတာပေါ့” ဆိုပြီး သူပူဆာ စရာမလို အမေက Segal စတီးချိုင့်လေးနဲ့ သေချာကို ထည့်ပေးတာပေါ့

ပုဆိုးဆိုလည်း
ဝက်ဝံ၊ အုန်းနှစ်ပင်မှ

“ငါ့သားလေးက လူရည်သန့်လေး
ကောင်းကောင်းဝတ်” ဆိုပြီး အမေ
ကျွန်တော် ပြန်ကြားတာပေါ့

နေ့ပြန်တိုးလို့
စတီးချိုင့်ဖိုးလေ လပေးသွင်း
ကျောင်းစိမ်း အဖြူနဲ့ အစိမ်းဖိုးလေး လပေးသွင်းရင်း အမေ ဖြတ်သန်းရတယ်ဆိုတာ

ကိုယ့်အတွက်ဆို လက်ငင်းတောင် မဝယ်
သူများအောက်ကျ မခံချင်တဲ့ အမေက ကျွန်တော့ အတွက်ဆို လက်ငင်း မဝယ်နိုင်သေးလည်း အကြွေးလေးများရတယ် ဆိုရင် ပြေးပြေးလွှားလွှားပဲ

“မရင်မြတို့က သူ့သားလေးကို သိပ်ချစ်တာ” ဆိုတာ ကျွန်တော် ကြားနေတာပဲ အမေ

ဒါတင် မကပါဘူး
“ငါ့သားလေး
ကျောင်းမှာ သူများနဲ့ အတူ ထမင်းစားရင်
မျက်နှာငယ်မှာစိုးလို့” ဆိုပြီး ရှိရှိ မရှိရှိ အသားဟင်းလေး ဖြစ်အောင် ထည့်ပေးပြီး

“အမေ အဆင်ပြေတယ်
အဖေတို့က အဆင်ပြေပါတယ်” ဆိုတဲ့ အမေနဲ့ အဖေ

အဖေလည်း ထမင်းချိုင့်
သားလည်း ထမင်းချိုင့် ထည့်တာရင်း တူပေမဲ့ လယ်ထဲ ထည့်သွားတဲ့ အဖေ့ရဲ့ ထမင်းချိုင့်ဟာ ထမင်းကြမ်းနဲ့ မနေ့ညက အကျန် ငပိရည်စမ်းထားတာဟာ အဖေစားဖို့ဆိုတာ မမေ့လျော့ခဲ့ပါဘူး

အဲ့သလိုပဲ
ဟင်းအိုးလူးပြီး

“သားရယ်
အမေတို့ ငယ်ငယ်က အဲ့လို အိုးကပ်ကို နယ်စားရတာမှ ထမင်းမြိန်တာ” ဆိုတဲ့ အမေနဲ့ ညာတဲ့ စကားတွေနဲ့
ဟုတ်တာ မဟုတ်တာတော့ မသိ

အမေနဲ့ အဖေသာမက
ကျွန်တော်တို့ လူ့ဘောင်ဝန်းကျင်က သတ်မှတ်တဲ့ ဘွဲ့ရ ပညာတတ်ကြီး ကျွန်တော် ဖြစ်ခဲ့ရတယ်။

🏡🏡🏡🏡🏡

အမေက သိပ်မျှော်လင့်တာ

“ငါ့သားလေး သန့်သန့် ပြန့်ပြန်နဲ့
အဲကွန်းခန်းထဲမှာ လုပ်ရတာ လုပ်စမ်းပါ သားရယ်

အမေတို့လို့
ရွှံ့တွေ ဗွက်တွေနဲ့ နံနံစော်စော် မလုပ်နဲ့
ငါ့သားလေး ဒီလိုဘဝ ရစေချင်လို့
အမေတို့ ဒုက္ခခံပြီး ကျောင်းထားတာ” ဆိုလို့သာ ကျွန်တော် ကုမ္ပဏီ ဝန်ထမ်းဘဝကို ရွေးချယ်ခဲ့တာ

အမေက
သပ်သပ်ရပ်ရပ်နဲ့ သူတို့ထင်တဲ့ ဘွဲ့ရ ပညာတတ်တိုင်း လူကောင်း သူကောင်းလေးတွေနဲ့နေရတဲ့ ဝန်းကျင်လို့ ထင်တာလေ

တကယ်က
ဒီလောကက ပိုကြောက်ဖို့ ကောင်းတာတွေ
မရိုးရှင်းတာတွေ အမေ့ကို မသိစေချင်ဘူး

အမေမြင်တာ
အဲ့ကွန်းတို့
ပန်ကာအောက်မှာ သက်သက်သာသာလို့ ထင်တာကို ထင်တဲ့ အတိုင်းပဲ ကျွန်တော် ထားလိုက်တယ်

ဘာလို့လဲဆိုတော့ ဒီအရာတွေက သူတို့ အိပ်မက်တွေလေ
ဒီအိပ်မက်တွေအတွက် ပေးဆပ်လာတာ
ထင်သလို မဟုတ်ဘူးဆိုပြီး ရိုက်မချိုးရက်ခဲ့ဘူး

သူ ဒီအကြောင်းတွေ တွေးပြီး
ထမင်းလေး ချက်ထားတုန်း ရေမိုးချိုး အဝတ်အစားလဲပြီးနောက် ထမင်းစားလိုက်သည်။

ထမင်းကလည်း ထူးထူးခြားခြား မဟုတ်
အရင်က
“အမေကလည်း
အဲ့ ရွှေခေါင်းပြောင်တော့ မချက်ပါနဲ့ဗျာ” ဆိုတဲ့ ဘဲဥတောင် မဟုတ်
ကြက်ဥလေးကို ကြော်ပြီး
နယ်က အမေ့လက်ရာ ငပိကြော်လေးနဲ့ပဲ စားဖြစ်လိုက်တယ်။

နာရီကြည့်တော့
(၈) နာရီခွဲရှိနေလေပြီ။
ပုံမှန်ဆို (၈) နာရီ မဖြစ်မနေ ဖုန်းခေါ်သည်။

ဒီ (၈) ခွဲဆိုတာ သူရောက်နေတဲ့ မြို့ပြအတွက် စောလွန်းပေမဲ့ နယ်က အမေနဲ့ အဖေ အိပ်ချင်နေမယ်ဆိုတဲ့ စိတ်ကြောင့် ချက်ချင်း ဖုန်းဆက်ပြီး
“အဖေ
အင်တာနက် ဖွင့်လိုက်လေ
သားခေါ်လိုက်မယ်” ဆိုလိုက်သည်။

အင်တာနက်ဆိုတာလည်း
သူဖွင့်ဆိုမှ ဖွင့်တာမျိုးဖြစ်သည်။ နည်းပညာနားမလည်တော့ တစ်ခုခုဆို ပိုက်ဆံကုန်သွားမှာ ကြောက်သည်။

ဖုန်းဆိုတာလည်း သူ့အကျ
သူနဲ့ ဆက်သွယ်ဖို့ သက်သက်သာ ဖြစ်သည်။

ကိုယ်က အသစ်လေး ဝယ်ပေးတာကိုတောင်

“အသစ်က ငါ့သားကိုင်စမ်းပါ
ငါသားက လူပေါင်းစုံနဲ့ နေရတာ
ဖုန်းဆိုတာ ငါ့သားဝယ်ပေးမှ မြင်ဖူးတာ

ဆက်စရာလည်း ဒါပဲရှိတာ” ဆိုတာမျိုး ..

ပြီးတော့
ကျွန်တော့ကို တစ်နေ့မမြင်ရရင် စိတ်မချသော အမေနဲ့ အဖေအတွက် ညဆို ဖုန်းဆက်ပြီး အင်တာနက် ဖွင့်ခိုင်းရသည်။

ပြီးရင် Vcall မဖြစ်မနေ ခေါ်ပေးရသည်။

ဒီလိုအချိန်တိုင်း သူ အလုပ်ခွင်ပဲဖြစ်ဖြစ်
ငွေရေးကြေးရေး အဆင်ပြေပြေ မပြေပြေ
အမေနဲ့ အဖေ စိတ်ချအောင် အမြဲ ပြုံးပြုံးလေး နေပြရတယ်။

“ဘာဟင်းနဲ့ စားလဲ” လို့ မေးတဲ့ အခါ
“အမေကလည်း
အမေ့သားက အကောင်းကြိုက်တာဆိုတော့
သားအကောင်းတွေပဲ ဝယ်စားတာနော်
ခုလတော့ လစာပြန်ပို့တာ နည်းတော့မယ်” ဆိုတဲ့အခါ

“အမလေး
ငါ့သားလေးသာ စားစမ်းပါ
အမေတို့က ဘာမှ အသုံးလိုတာမဟုတ်
ပြီးတော့
ငါ့သားလေး သိက္ခာကျမှာစိုးလို့သာ
သားက မလုပ်နဲ့ဆိုလို့ သူများအိမ်မှာမလုပ်တော့တာ
သားပို့တာ လောက်ပါတယ်” ဆိုတဲ့ စကား အချို့ အမေနေသိပ်မကောင်းလို့ ဆေးပြရတဲ့ လတွေမှာ ညာနေတာ ကျွန်တော် သိနေတာပဲလေ

ဒီနေ့လည်း Vcall ခေါ်တော့ အဖေသာ ကိုင်သည်
“အမေ ရော” ဆိုတော့
“မင်းအမေ စောင့်ရင်း အိပ်နှင့်နေတယ်” ဆိုတဲ့ စကား ကျွန်တော် သဘောမကျ

“အမေ နေမကောင်းဘူးထင်တယ်” ဆိုတာကြောင့်

“နှိုးပေးရမလား” ဆိုတော့

“အိပ်ရင်လည်း အိပ်ပါစေ” လို့သာ ပြောလိုက်ရတာ ရင်ထဲ မတင်မကျ ဖြစ်မိလေသည်။

တကယ်တော့
လွန်ခဲ့တဲ့ (၁) လကျော်က အမေ့ကို ရန်ကုန်ခေါ်ပြီး ဆေးပြထားတာမို့ အဲ့အကြွေးက မကျေသေး

သူ လစဉ်စုသော ဆုကြေးလေး ထုတ်မှ ပြန်ဆပ်မယ်လို့ ပြောထားတာ ဖြစ်သည်။ ဒီ့အတွက် ဒီလမှာတော့ အိမ်ကို အရင်လို မပို့နိုင်

အကြွေးလေးတွေ လှည့်ပေးရင်း အိမ်ကို ပိုက်ဆံ သိပ်မပေးနိုင်တဲ့ လတွေဆို စိတ်မကောင်းမှာစိုးလို့

“သား လိုချင်တာလေး ရှိလို့
နည်းနည်း ပိုသုံးမိလို့” ဆိုပြီး ညာဖြစ်တယ်

အမေတို့ ထင်တဲ့
ဘွဲ့ရ ပညာတတ်ကြီးဆိုပြီး အထင်ကြီးမှုရဲ့ နောက်က အဆင်မပြေမှုတွေ အမေနဲ့ အဖေ မသိစေချင်

ငယ်ငယ်က အဖေ ပြောတဲ့စကား
ကိုယ့်မှာ မရှိဘဲနဲ့ လူအထင်ကြီးအောင် ဝတ်၊ စားနေတာတွေ့ရင်

“ဇာတ်ထဲမှာတော့ သူဌေးသား
အပြင်မှာတော့ ခွေးသား” ဆိုသလိုပဲ

ခု သူလည်း ဘယ်လောက်ပဲ အဆင်ပြေပြေ မပြေပြေ
အဖေနဲ့ အမေက ဝင်ဝင်ကြည့်တယ် ဆိုတဲ့ Facebook မှာတော့ တစ်ခါတလေ အပြင်သွားစားမိရင်
နေရာကောင်းလေးတွေ ရောက်ဖြစ်တဲ့ အခါ ရိုက်ထားတဲ့ ပုံလေးတွေကိုပဲ တင်ဖြစ်တယ်

တစ်ခုခုဆို
အမေကလည်း
သူဌေးက သဘောကောင်းတယ်
အလုပ်မှာ အဆင်ပြေတယ် ဘာညာဆိုပြီး ညာလုံးတွေကိုလည်း အမေက တကယ်ယုံပုံရတယ်

ဘာပဲဖြစ်ဖြစ်
တော်ရုံ နေမကောင်းဖြစ်ရင်တောင် ကျွန်တော်နဲ့ မပြောဘဲ မအိပ်တဲ့ အမေ
ခု အတော် နေမကောင်းလို့ ထင်တယ်

ပြီးတော့
အဖေ့ မေးလည်း ပြောမည်မဟုတ်တာမို့ ယုံကြည်သလို ဖုန်းချရင်း တစ်ခုခုဆို အဖေနဲ့ အမေကို စိတ်မချတဲ့ အခါ အိမ်နားက သူငယ်ချင်းကို သတင်းမေးရတာမို့ ညဥ့်နက်နေသော်လည်း သူဖုန်းဆက်လိုက်သည်။

“သော်တာ
ငါ့ အမေ နေမကောင်းလို့လား …”

“ငါလည်း မပြောချင်ဘူးကွာ
ညနေက မင်းအဖေ လာသေးတယ်
မင်းအမေ နေမကောင်းတာ မင်းမေးရင်း မပြောဖို့ ငါ့ကို ပါးစပ်လာပိတ်တယ်

ငါလည်း အင်းလို့ပဲ ပြောလိုက်တယ်
ဒါ့ကြောင့် မင်းကို မပြောတာ

ခု မင်းဆက်လာလို့သာ ငါပြောတာ …”

“ငါ နယ်ပြန်လာဖို့ ခက်တယ်
အလုပ်ကလည်း ခွင့်ခဏ ခဏ ယူဖို့ အဆင်မပြေဘူးသူငယ်ချင်းရ”

“အင်း
ဆေးလေး ခေါ်ထိုးရင် သက်သာမယ် ထင်တယ်”

“ဆေးမထိုးဘူးလား”

“မထိုးဘူးကွ
မင်းပြောမှ ရမယ်ထင် …” လို့ သူငယ်ချင်းက ပြောပေမဲ့လည်း သူနားလည်သည်။

လက်ထဲ လကုန်ထိ သုံးဖို့ ပိုက်ဆံ မရှိလို့ နေမယ်
နဂိုကတည်းကမှ သူက ဝယ်မပေးရင်
တော်ရုံ ဝယ်မစားတာမို့

ကိုယ့်လည်း လကုန်ထိ သုံးဖို့ လောက်ရုံသာ

ဒါပေမဲ့လည်း ….”

သူ သက်ပြင်းချရင်း

“သူငယ်ချင်း
ငါ မနက်ဖြန် အခြေအနေကြည့်ပြီး ပိုက်ဆံ ပို့လိုက်မယ်လေ

ဆေးခန်းသွားဆို သွားမှာ မဟုတ်ဘူး
ဆရာဝန် ပင့်ပေးလေး

ပြီးတော့
ကြက်ပေါင်းလေး၊ Ensure လေး ဖြစ်ဖြစ် မုန့်လေး ဘာလေး ဝယ်ပေးရလား”

“ဟာ မင်းကလည်း
မေးစရာ မလိုပါဘူးကွာ
ငါ လုပ်ပေးပါ့မယ်”

“အေး သူငယ်ချင်းရာ
ဒါဆို ငါ ကြည့်စီစဉ်လိုက်အုံးမယ်
ပြန်လာရင်လည်း ခုခေတ် လမ်းစရိတ်က မင်းသိတဲ့အတိုင်း
ငါးသောင်း တစ်သိန်းဆိုတော့
ငါ့ကို တစ်ခုခုဆို ပြောကွာ
ငါ့မှာ အားကိုးစရာ မင်းပဲ ရှိတာ …”

“အေးပါကွာ” ဆိုပြီး ဖုန်းချသွားပေမဲ့ သူ့မှာတော့ အတွေးများစွာ

သူ့အတွက် ရတဲ့လစာကိုမှ (၃) ပုံခွဲပြီး
တစ်ပုံက အိမ်စရိတ်
တစ်ပုံက သူ့အဆောင်ခနဲ့ အသုံးစရိတ်
တစ်ပုံက အမေ့ဆေးဖိုးအတွက် ဆုကြေးလေးစုထားတာဖြစ်သည်။

လွန်ခဲ့သော တစ်လကျော်ကမှ ဆေးပြထားတဲ့ စရိတ်ကလည်း အကြွေးတင်နေတာမို့ အိမ်ပြန်ဖို့တော့ ဘယ်လိုမှ မဖြစ်သော်လည်း ပိုက်ဆံတော့ ပို့မှ ဖြစ်မည်။

နောက်ဆုံးတော့
ညတွင်းချင်းပဲ သူ့အပေါ် ယုံကြည်သလို လိုအပ်လာရင် ကူညီကြတဲ့ သူငယ်ချင်း (၃) (၄) ယောက်ဆီ က တစ်ယောက်ကို နည်းနည်းစီ ချေးရင်း မနက်တော့ အိမ်အတွက် ငွေ (၃ ) သိန်းလွှဲပေးလိုက်သည်။

ပြီးတော့
သူငယ်ချင်းကိုလည်း ဆရာဝန်ခေါ်ပေးဖို့ ပြောရင်း ညနေရောက်တော့ သူငယ်ချင်း ဖုန်းဆက်လာတယ်။

“လင်းခက်ရေ
မင်းအမေ ဆေးထိုးလိုက်တော့လည်း
ခုညနေ ထူထူထောင်ထောင် ဖြစ်သွားပြီ

ငါမင်းပြောတဲ့
မုန့်တွေနဲ့ ဓါတ်စာလည်း ဝယ်ပေးခဲ့တယ်
ပိုက်ဆံ (၂) သိန်းလည်း ပေးခဲ့တယ်

မင်းအဖေက ငါ့အပြစ်တင်သလို ကြည့်ပြီး မေးသေးတယ်။ ငါတစ်ခုခု သွားပြောလို့လားတဲ့

ငါက မပြောပါဘူး
လင်းခက်က လိုင်းပေါ်ကလို သူ့မိဘတွေကို Suprise တိုက်တာ ဆိုပြီး ညာလိုက်တယ်

မင်းအဖေလည်း ငါကသာ ညာနေတာ
အဲ့ Suprise ဆိုတာသိပုံလည်း မရဘူး

မင်းဘာသာ ကြည့်ပြောလိုက်
တော်ကြာ မင်းပြောတာနဲ့ ငါပြောတာ လွဲနေမှာ စိုးလို့”

“ အေးပါ သူငယ်ချင်း
ကျေးဇူးပါကွာ”

🏡🏡🏡🏡🏡

ညရောက်တော့
အိမ်ပြန်ရောက်ရောက်ချင်း အရင်လို ခေါ်တော့ ဒီနေတော့ အမေ ဖုန်းကိုင်တယ်

အမေ သက်သာပေမဲ့ မျက်နှာတွေက အမ်းတမ်းတမ်းတော့ ရှိနေသေးသည်။ အမေက သူ့ကို သတိရတဲ့အခါ သုံးနေကြ နာမ်စား စကား
သား ဆိုတဲ့ အသုံးမဟုတ်ဘဲ

“ကလေးရယ်
အမေက ညက သူ့ဘာသာ အိပ်ပျော်သွားတာပါ
သားက အမေနေမကောင်းဘူးထင်ပြီး ဆရာဝန်တွေခေါ်
ပိုက်ဆံတွေရော၊ မုန့်တွေရော ပို့ခိုင်းတော့ ငါ့သားအဆင်ပြေလို့လား …” ဆိုတဲ့ စကား

မနက်က ကျန်သော ထမင်းကြမ်း အေးအေးနဲ့
ကြက်ဥ တစ်လုံး ပြုတ်ပြီး ဆီစမ်းလို့ ပို့ထားတဲ့ ငပိကြော် အကျန်လေး ပုံထားတဲ့ ပန်းကန်ကို ကြည့်ရင်း

“အဆင်ပြေတာပေါ့ အမေကလည်း
အဲ့ပိုက်ဆံက ကုမ္ပဏီက ဘောနပ်ပေးတုန်းက သူများတွေလို အမေရယ်

မိဘတွေ ဝမ်းသာအောင် အသိမပေးဘဲ အိမ်လာပြီး Suprise တိုက်တာ ခေတ်စားနေလို့ သားလည်း လုပ်ကြည့်တာ

အမေပဲ နေကောင်းအောင်နေ
အာဟာရ ရှိတာစား
ဆေးထိုးစရာရှိထိုး
ဘာမှ အားနာမနေနဲ့”

“မဟုတ်တာ သားရယ်
ငါ့သားလေးက အဝေးမှာနေရတာ
အမေတို့က ဘယ်က ရှာစားစားရတယ်
ငါသားလေး တစ်ခုခုလိုရင် သူများဆီက ချေးငှားနေရင် သိက္ခာကျမယ်” ဆိုတဲ့ အမေ့ကို ပြုံးပြုံးကြီး ကြည့်ရင်း

“အမေကလည်း
အမေပဲ ဘွဲ့ရ ပညာတတ်ကြီးဖြစ်ဖို့ပဲ အမြဲပြောတာ
သားခု ဖြစ်ပြီလေ
အလုပ်မှာလဲ အေးအေးဆေးဆေး အဆင်ပြေနေတာပဲ အမေရဲ့

အမေသာ နေကောင်းအောင်နေ …” ဆိုပြီး အလုပ်က ပြန်လာလာချင်းမို့

“သား အဝတ်လဲ မလဲရသေးပါလား
ထမင်းမစားရသေးဘူးပေါ့” ဆိုတဲ့ စကားနဲ့ ရပ်မသွား

“ဘာချက်လဲ …” ဆိုတဲ့ အမေးကြောင့် သူ မလုံမလဲဖြင့်

“ဪ ဟိုဟာလေ
ရုံးက သူငယ်ချင်းတွေက ခုည စားသောက်ဆိုင်မှာ သွားစားမယ်ဆိုလို့

အဲ့က ပြန်လို့ နောက်ကျရင် စိတ်ပူမှာ စိုးလို့ သားကြိုခေါ်လိုက်တာ
သားဖုန်းပြောပြီး ရေမိုးချိုးပြီး သွားတော့မှာ”

“သား
သောက်တော့ မသောက်နဲ့နော်”

“စိတ်ချပါ အမေရ
အမေသာ နေကောင်းအောင်နေနော်
သားက အဆင်ပြေတယ် သိလား … “ ဆိုပြီး အဆင်မပြေလာတဲ့အခါ
မိဘရင်ခွင်ကို ခိုဝင်ချင်တဲ့ စိတ်
အားငယ်မှုတွေဟာ မိဘနဲ့တွေ့ရင် ညာမရတဲ့အထိ ဖြစ်တတ်တဲ့ စိတ်ကို

ငါ့မိဘတွေမှာ ငါကလွဲရင် အားကိုးစရာမရှိဘူးဆိုပြီး မာန်တင်းထားတဲ့ ကြားက တိမ်ဝင်သွားသော အသံကို ထိန်းရင်း မျက်ရည်လည်း ဝဲချင်လာသည်မို့

“အမေ့ …
အဖေ
သားသွားတာ နောက်ကျနေမှာ စိုးလို့ ဒါပဲနော်” ဆိုတဲ့ စကားကို ဆိုရင်း သူဖုန်းချလိုက်သည်။

ပြီးတော့
သူ့ခန္ဓာကိုယ်သည်လည်း အဆောင်နံရံကို မှီရင်း တကိုယ်လုံး အားမရှိတော့သလို နွမ်းကြေရုံမက
ကျောမှီပြီး ကြမ်းပြင်အထိ တအိအိနဲ့ ထိုင်ချမိသည်။

ထို့မျှမက ရှိုက်သံ အချို့နဲ့ မျက်ရည်ကျရင်း

“အမေ…”

“အဖေ…”

“သားကို ပျိုးထောင်စဉ်က
အမေလည်း နေ့ပြန်တိုးတွေယူ
ကျွန်တော် အဆင်ပြေဖို့ ပုဆိုး၊ အင်္ကျီတွေဝယ်ပေး

ကျူရှင်လခတွေ အသုံးစရိတ်တွေနဲ့
အမေနဲ့ အဖေ့အိပ်မက်ဖြစ်တဲ့ ငါ့သားပညာတတ်ကြီးဖြစ်ရမယ် အတွေးနဲ့ အဆင်ပြေပါတယ် ညာပြီး ပျော်ပျော်ကြီး ဟန်ဆောင် ဖြတ်သန်းခဲ့တာပဲလေ

ခုထိလည်း
ကျွန်တော် ဝန်ပိမှာစိုးလို့
နေကောင်းတယ်၊ အဆင်ပြေတယ်ဆိုပြီး ညာနေတုန်းပဲ

သားသိတာတော့

ဟိုးတုန်းကဆို
အမေတို့ အဖေတို့ ညာတာ သားမသိပေမဲ့
ခုတော့ မြွေမြွေခြင်း ခြေမြင် ဆိုသလို သားလည်း ညာတတ်နေပြီဆိုတော့ အဆင်ပြေပါတယ်ဆိုပြီး ပြောခဲ့တဲ့ စကားတွေက အညာတွေမှန်း သာသိလာပြီ

ပြီးတော့
ခု သားရောက်နေတဲ့ ဝန်းကျင်က အမေတို့ မကျွမ်းကျင်သလို
အမေတို့ အထင်ကြီးတဲ့ ဝန်းကျင်ဆိုတော့ ပိုပြီး လိမ်လို့ ကောင်းတယ် အမေ

ဘာပဲဖြစ်ဖြစ် ကျွန်တော် ပျော်ပါတယ် အမေ
အမေလည်း ကိုယ်စိုက်တဲ့ ပျိုးပင်လေး လန်းဖို့ ညာခဲ့သလို

ကျွန်တော်လည်း ကိုယ့်ပျိုးထောင်ခဲ့တဲ့သူတွေ နွမ်းချိန်အတွက် ညှာရမယ်လေ

ဘယ်လိုပဲ ခက်ခဲ ခက်ခဲ
အမေနဲ့ အဖေ အဆင်ပြေရင်ပြီးရော ဆိုတဲ့ စိတ်နဲ့
အမေနဲ့ အဖေလိုအင်လေး ငါဖြည့်လိုက်နိုင်တယ်ဆိုတဲ့ ပီတိနဲ့ ကျွန်တော် ကောင်းကောင်း ညာတတ်နေတတ်ပါပြီ

မိသားစုဆိုတာ
တစ်ဦးကို တစ်ဦးစာနာတတ်ရင်
တစ်ဦးကို တစ်ဦးငဲ့ကြရင်း
ဟင်းတစ်ဖတ်ကျန်ရင်တောင်
အမေပဲ စားလိုက်ပါ
အဖေစားလိုက်ပါ
သားပဲ စားလိုက်ဆိုပြီး စားချင်သော်ငြား
ကိုယ် မစားချင်သယောင်
ကိုယ် ဝသယောင် လိမ်ညာရင်း ခံစားချက်တွေမြိုသိပ်ခြင်းတွေဟာ ချစ်ခြင်းမေတ္တာမို့
အဆင်မပြေဘူးဆိုပေမဲ့
ဒီလို လိမ်ညာခြင်းကိုတော့ ကျွန်တော်လိပ်ပြာလုံသလို
ပျော်လည်း ပျော်ပါတယ်

မုသာဝါဒဆိုပေမဲ့
၅၂၈ မေတ္တာရဲ့ ခြေဆင်း အရင်းခံပြီး လိမ်ညာခြင်းတွေမို့

မိဘက သားသမီးကို ညှာရင်း လိမ်ညာခြင်းရော
သားသမီးက မိဘကို တစ်ဖန်ပြန်လည် စာနာရင်း လိမ်ညာခြင်းက အပြစ်ကင်းမှာပါ

ဒီလိမ်ညာခြင်းကို ဘုရားလည်း မြတ်နိုးမှာပါ

အဖေနဲ့ အမေ
သားကို စိတ်ချပါ
ဒုက္ခတွေကြုံလည်း
မိဘကို သိတတ်တဲ့ သားသမီး ဘယ်တော့မှ ဒုက္ခ ကြီးကြီး မရောက်ဘူး ငါ့သား ဆိုတဲ့ စကား ကျွန်တော်ယုံလို့

သား အဆင်ပြေပါတယ်လို့ ညာခဲ့မိပါတာ …

ကျွန်တော်တင် မကပါဘူး
ဒီလောကမှာ
မိဘဖြစ်စေ
သားသမီးဖြစ်စေ
ဇနီး ခင်ပွန်းဖြစ်စေ

တာဝန်ယူစိတ်
ငဲ့ညှာတဲ့ စိတ်ရှိသူတိုင်း ကျွန်တော်တို့လိုပဲ သူနည်း သူ့ဟန်နဲ့ ချစ်ရသူတွေ စိတ်ချမ်းသာဖို့ ညာနေကြမှာပါ

ကျွန်တော်မှရယ် မဟုတ်ပါဘူး
အပြစ်ကင်းတယ်လို့ ဘယ်လောက်ပဲ ခံယူ ခံယူ
ဒီလို လိမ်ညာရခြင်း ဘဝက လွတ်ကင်းကြပါစေ

အားလုံး အဆင်ပြေပြေ နေနိုင်ကြပါစေလို့
မိဘတွေကို ညာမိနေလို့ ငါးပါးသီလ တစ်ပါးကျိုးနေတဲ့ ကြားက ကျွန်တော် ဆုတောင်းနေမိပါတယ်လေ …

&HMT&

🙏ဆြာချစ်🙏
(၂၀၂၄ ဇန်နဝါရီ ၂၀)

22/01/2024

အရေးမပါဘူးအချစ်ရေ။
မင်းအတွက်ကိုယ်ကတကယ်ကိုအရေးမပါဘူး။
လက်လည်းမြှောက်တယ်။
ဒူးလည်းထောက်တယ်။
ဥပေက္ခာပြုတဲ့နေရာမှာ မင်းသိပ်တော်တယ်။

&HMT&

24/11/2023

အချို့ကငွေကြေးကံပါလာကြတယ်
အချို့ကအချစ်ရေးကံပါလာကြတယ်
ငါ့မှာတော့ဝဋ်ကြွေးကံပဲပါလာတယ်

&HMT&

🙏 #လူမုန်း🙏

23/11/2023

ပါရမီဖြည့်ဖက်ပဲ ဖြစ်ပါစေ
ဆန္ဒဖြည့်ဖက် မဖြစ်စေနဲ့
သူဆန္ဒရှိမှ မင်းကို ခေါ်တယ်
သူဆန္ဒမရှိရင် ပစ်ထားတယ်
မင်းရဲ့ နုပျိုမှုတွေ ပေးဆပ်ရတာ
တကယ်ရော တန်လို့လားကွာ ....

&HMT&
🙏 #ဆူး🙏

Address

Yenangyaung

Website

Alerts

Be the first to know and let us send you an email when BâĜÿî Ĥlâîñîĝ Mÿø Țĥû posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BâĜÿî Ĥlâîñîĝ Mÿø Țĥû:

Share