11/08/2026
မြေကွက်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ့ပါတယ်ဝယ်သူကလင်မယား ၂ ယောက်ပါ။
ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်းနာမည်သာ ထည့်လိုကြောင်းပြောလာပါတယ်။
ဘာကြောင့် လင်မယား၂ ယောက်အမည်မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။
အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှု့ပါ။ သူတို့အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။
ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါဆရာတဲ့ နားလည်မှု့ရှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။
ဒီလိုနဲ့ ဝယ်သူနေရာမှာ မိန်းမဖြစ်သူအမည်ကိုပဲထည့်ပြီး သက်သေနေရာမှာတော့ ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။
မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ ဒါပေမယ့် ဥပဒေဗဟုသုတ ဆက်ပြီးတင်ပြလိုက်ပါတယ်။
မြန်မာဗုဒ္ဓဘာသာလင်မယားများဖြစ်ပါကမည်သူ၏ အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦးအညီအမျှပိုင်ဆိုင်ပါတယ်။
မယားအမည်ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။
ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကိုမခွဲရသေးလျင် ကွာရှင်းပြီး နောက်မှ လင် (သို့မဟုတ်) မယားအမည်ဖြင့် ဂရန်အမည်ပေါက်သွားဦးတော့။
အဆိုပါ ဂရန်အမည်ပေါက်သူ တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးစလုံးပိုင်ဆိုင်ခွင့်ရှိပါသည် ။
( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။
ထို့ကြောင့် အချုပ်ဆိုရသော် လင် (သို့မဟုတ်) မယားတစ်ဦးဦးအမည်ဖြင့်ဝယ်ယူသော်ငြား လက်ထက်ပွားပစ္စည်းဖြစ်ပါက အမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှပိုင်ဆိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါသည်။
#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု
#လက်ထပ်package
#တရားရုံးလက်ထပ်/ကွာရှင်း
#ရှေ့နေသက်သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရှင်း
#အိမ်ခြံမြေတိုက်ခန်းကွန်ဒိုရောင်းဝယ်ရာတွင်စာရွက်စာတမ်းစစ်ဆေးပေးခြင်း
#စရန်ပေးနှင့်အပြီးသတ်ငွေချေစာချုပ်ချုပ်ဆိုခြင်း
#သတင်းစာကြော်ငြာထည့်သွင်းခြင်း
#စာချုပ်မျိုးစုံချုပ်ဆိုပေးခြင်း
#ကိတ္တိမအမွေစားအမွေခံစာချုပ်
#မိသားစုစီမံမှု
#စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်စာချုပ်မှတ်ပုံတင်ပေးခြင်း
#အကြောင်းကြားနို့တစ်စာပို့ပေးခြင်း
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937(Viber)