Yesagyo Media 3

Yesagyo Media 3 yesagyo media3

15/12/2022

ယနေ့ နံနက် ၁၀နာရီခန့်တွင်
ရေစကြိုမြို့ ကပ်ကျော်ကျောင်းအနီးတွင် PDF များရောက်နေကြောင်း သတင်းထွက်ကာ စကစမှ လက်နက်ကြီးငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရပြီး ထင်းတန်းရပ်တွင် စကစများမှ ဝင်ရောက်မွှေနှောက်နေကြောင်း သိရှိရပါသည်။

ရေစကြို၊ ဒီဇင်ဘာ ၁၅

11/12/2022

မအလ စခများနှင့် ဆင်ချောင်း၊ ဟင်္သာရွာတို့မှ ပျူခွေးများ ဒီဇင်ဘာ ၉ ရက်နေ့ 12:30 pm အချိန်က ပခန်းငယ်ရွာကို ဝင်ရောက်ပြီး နေအိမ် ၅ လုံးကို မွှေနှောက်ဖျက်ဆီးကာ ပရိဘောဂပစ္စည်း၊ စက်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ခိုးယူ လုယက် ယူဆောင်သွားကြောင်း သိရှိရပါသည်။
ထိုမှတဆင့် ညနေပိုင်းတွင် ကုန်းရင်းရွာမှ နေအိမ် တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

ရေစကြို၊ ဒီဇင်ဘာ ၁၁

08/12/2022

ဆားလင်းကြီးနယ် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြသော မအလ စခများ ရေစကြိုမြို့နယ် မြောက်ပိုင်းရွာများကို ဝင်ရောက်လာခြင်းကြောင့် မြောက်ပိုင်းကျေးရွာအချို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရပါသည်။
ပြည်သူများ ဘေးရန်၊ ခွေးရန်အပေါင်းမှ ကင်းဝေးပါစေ။

ရေစကြို၊ ဒီဇင်ဘာ ၈

တရားမဲ့ ပြစ်ဒဏ်နှင့် ကာကွယ်ရမည့် အသက်ခန္ဓာဒဂုံတက္ကသိုလ်ကျောင်းသားတစ်စု ထပ်မံပြီး သေဒဏ်ချမှတ်ခံရသည်။ မြင်ရသမျှ အပြုံးကိုယ...
07/12/2022

တရားမဲ့ ပြစ်ဒဏ်နှင့် ကာကွယ်ရမည့် အသက်ခန္ဓာ

ဒဂုံတက္ကသိုလ်ကျောင်းသားတစ်စု ထပ်မံပြီး သေဒဏ်ချမှတ်ခံရသည်။ မြင်ရသမျှ အပြုံးကိုယ်စီဖြင့်တက်ကြွနေသော လူငယ်အရွယ်လေးများဖြစ်သည်။

ဘဝ၌ တခြားလုပ်စရာမရှိ၍ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ကြ သူများမဟုတ်။ လုပ်မည်ဆိုလျင် လုပ်စရာတို့ တစ်ပုံကြီးရှိသောတိုင်းပြည်ပျက်ထဲတွင် သူတို့၏ ရွေး ချယ်မှုက အနာဂတ်အပေါ်သစ္စာရှိသောရွေးချယ်မှုဖြစ် သည်။

သည်အရွယ်ဆိုသည် ပြည်တွင်းမှာပဲ ဘာဖြစ်ဖြစ်တစ် ဝမ်းတစ်ခါးရှာမလား သို့မဟုတ်စွန့်စားပြီး ပြည်ပထွက်၍ အ လုပ်အကိုင်ရှာမလား အားလုံးဖြစ်နိုင်သော အရွယ်ဖြစ်သည်။

စွန့်စားရသည်ခြင်းအတူတူ ကိုယ့်အတွက်ချည်း မဟုတ်ဘဲ အများအတွက်ပါစဥ်းစားခြင်းဖြင့် မိမိအသက်အန္တ ရာယ်နှင့်တိုက်ရိုက် အချိုးကျသည့်လမ်းကို ပြတ်ပြတ် သားသားရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဤသို့ဆိုလျင်တစ်ဖက်က အကြမ်းဖက်နေသော စစ်ကောင်စီတပ်ဆိုသည်ကိုကြည့်ရန်လိုမည်။ အောက်ခြေတပ် သား အတော်များများက အရပ်ထဲဇာတ်ထဲ အလုပ် အကိုင်မည်မည်ရရမရှိဘဲ သောက်စားမူးရူးနေကြသူများကစလို့ တပ်သားဟောင်းများ၏ သားသမီးများ၊ ဇွတ်ရော၊ အဓမ္မကော တပ်ထဲဆွဲသွင်းထားသူများနှင့်ဖွဲ့စည်းထားသည့် အစုအဖွဲ့ဖြစ်သည်။

စည်းကမ်းကလနားဆိုသည်က စာအုပ်ပေါ်တွင်သာရှိပြီး မြေပြင်ပေါ်ဘယ်တော့မျှ မဆင်းသည့် အဖွဲ့အစည်း၊ ကြီးနိုင်ငယ်ညှင်း လက်သင့်ရာစားတော်ခေါ်ပြီး အထက်ဖားအောက်ဖိနှင့် ပရမ်းပတာ အတွင်းကြေ ကြေနေသည့်အဖွဲ့အစည်းဆိုလည်းမမှားပေ။

ဆိုရလျင်စစ်တပ်ဆိုသည် လူပျက်များ၏ သာလာယံ ဇရပ်။ အထက်ကအမိန့်ပေးနေသည့် အရာရှိအုပ်စုဆို သည်မှာ လည်း အထက်ဆင့်ရောက်လေ အခွင့်အရေးနှင့်ကိုယ်ကျိုးစီးပွားကြီးလေဆိုတာကိုမြင်သော လောဘ သားများနှင့် ပြည့်နှက်နေသည့်နေရာဖြစ်သည်။

အထက်နှင့်အောက် သူ့အရပ်နှင့်သူ့ဇာတ်ဆိုသလိုအတွဲ အဖက်ညီစွာ ယနေ့ ဗမာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေခြင်းဖြစ်သည်။ ပျက်စီးခြင်းကားပါးတိုင်ရုံမက ဟိုဖက်ထိလွန်နေသော အဖွဲ့ အစည်းဖြစ်သည်။

လက်ရှိအချိန်သည် စစ်ကောင်စီတပ်၏ကျူးလွန်းမှုများက ယင်းတို့၏ နိုင်ငံရေးအာသီသကိုပြသလျက်ရှိသည်။ နိုင်ငံရေးအရ အန်တုမှုမှန်သမျှကိုလက်ရဲဇက်ရဲဖြင့် ရက် စက်စွာချေမှုန်းမည်ဆိုသည့် သဘောထားကိုလည်း အထင်အရှားမြင်ရမည်။

နိုင်ငံအနှံ့ဗုံးကြဲပြီးမီးလောင်တိုက်သွင်းရန်လည်းဝန်မလေး။ ကလေးသူငယ်ကအစ သက် ကြီးရွယ်အိုအဆုံး ရက်သက်စွာ သတ်ဖြတ်ဖို့လည်းဝန်မလေးပေ။

သို့ဖြစ်ရာ နိုင်ငံရေးအရ သဘောထားခြင်း မတိုက်ဆိုင်မှု မှန်သမျှကို ငြိုးသူရန်ဖက်လို သဘောထားပြီး လူကြားမ ကောင်းသည့် ပြစ်ဒဏ်တွေချမှတ်ရန်ဆိုသည်က ယင်းတို့အတွက် အလွယ်လေးပင်ဖြစ်၏။

မည်သို့ဆိုစေ ခုလို လက်ရှိတွင် နိုင်ငံအတော်များများ၌ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုဆိုခြင်းက ရှားပါးလှသည့် အခြေအနေမျိုးဖြစ်၏။ သာမန်ကိစ္စမျှကိုသေဒဏ်ပေးခြင်းမျိုးက အဆိုးရွားဆုံးသော အာဏာရှင်နိုင်ငံများတွင် သာမြင်တွေ့ရခြင်းမျိုးဖြစ် သည်။

လူများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို အကြောင်းပြချက်မဲ့၊ ဥပဒေမဲ့ ဖမ်းဆီးသည်။ ထိုနည်းတူစွာ မည်သည့်နေရာတွင် ချုပ်နှောင်၍၊ မည်သို့စစ်မေးသည်ကိုလည်းမသိရ။ ထို့အပြင် မိသားစုများ၊ ရှေ့နေများနှင့် လည်းတွေ့ဆုံခွင့်၊ ထုချေခွင့် အလျဥ်းမရှိပါဘဲ အမိန့်ချမှတ်ချိန်ကျမှ သတင်းဖော်ပြဝံ့သော စစ်ကောင် စီ၏ သတ္တိ သည်သြချလောက်ဖွယ်ဖြစ်သည်။

ထိုသို့ဖြင့် ဖမ်းဆီးခံရပြီး သေဒဏ်ကျတာ အပြင်မျက် ကွယ် သေဒဏ်ဆိုသည်တို့ကလည်း မနည်းမနော။ မည် သို့ဆို စေ သေဒဏ်ကို ထိုသို့ထမင်းစားရေသောက်ပေးဝံ့သော စစ်ကောင်စီ၏ လုပ်ရပ်က ဗမာမက ကမ္ဘာ့သမိုင်းတွင်ပါ စာတင်ရမည့်လုပ်ရပ်မျိုးသာဖြစ်လိမ့်မည်။

ထိုသို့သော အဆင်ခြင်မဲ့လုပ်ရပ်များနောက် နောင် ပေါ် ပေါက်မလာရေးသည် ပြည်သူများအားလုံးနှင့်လည်း သက်ဆိုင်နေရာ ဤသည်ကို ပြည်သူက လက်မခံကြောင်း တနည်းနည်းဖြင့်ပြသကြရန် လိုပေမည်။တ ရားမဝင်သည့် အစိုးရတစ်ရပ်ကပေးသောပြစ်ဒဏ်သည် တရားမဝင်ကြောင်း ပြသကြရန်ဖြစ်သည်။

အလား တူစွာ ထိုသို့သော ဖြစ်ရပ်မျိုးတို့ ထပ်မံမဖြစ်ပေါ်စေရန်ဆိုလျင် အသေချာဆုံးကအာဏာရှင် ယန္တရားကိုဖြိုဖျက်သည့်နည်းမှတပါး အခြား မရှိပေ။ အာဏာရှင် စနစ်တိုက်ဖျက်ရေးအပေါ် မျက်ခြေမပြတ် အားထည့်ကြခြင်းဖြင့် ထပ်မံဆုံးရှုံးမည့် အသက် ခန္ဓာတို့အား ကာကွယ်ရန် လိုပေမည်။

07/12/2022

ရေစကြိုမြို့၊ အမှတ် ၈၊ သုခဝတီရပ် ကပ်ကျော်ကျောင်းအတွင်း မအလ စခနှင့် ပျူခွေးအကောင် ၃၀ ဝန်းကျင် ရှိနေကြောင်း၊ အချို့အဝင်လမ်းနေရာများတွင် ကင်းပုန်းများချထားတတ်ပြီး မိုင်းထောင်ခြင်းများလည်းရှိကြောင်း ပြည်သူများ ကပ်ကျော်ကျောင်းလမ်းကို အသွားအလာ ဆင်ခြင်ကြပါရန် သတိပေးပါသည်။

ရေစကြို၊ ဒီဇင်ဘာ ၇

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)တိုက်-ပွဲ သတင်းထုတ်ပြန်ကြေငြာခြင်း ရက်စွဲ။     ။၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၆) ရက...
07/12/2022

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)

တိုက်-ပွဲ သတင်းထုတ်ပြန်ကြေငြာခြင်း

ရက်စွဲ။ ။၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၆) ရက်။

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက် နံနက် ၇:၀၀ အချိန်ခန့်တွင် Salingyi Special Task Force - SSTF၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၊ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပ.က.ဖ တပ်ရင်း၂ )တို့မှအထူးလက်ရွေးစင်များဖြင့် ဆားလင်းကြီးမြို့နယ်၊ တရားကျေးရွာကို Phyatဆီး၍ထွက်လာသော အာဏာလုစစ်ကောင်စီ စစ်ကြောင်းကို တရားကျေးရွာနှင့် ရှမ်းကိုင်းကျေးရွာအကြားတွင် လယ်ကွက်နှစ်ကွက်အကွာလောက်မှ စက်၊ Gun ငယ်များဖြင့် AUTO ဆွဲ၍ ထိထိရောက်ရောက် ထိုးနှက် ဖြတ်တောက်ခဲ့ပါသည်။ အထူးလက်ရွေးစင်များ၏ စွမ်းဆောင်ရည်ကြောင့် စကစတပ်သား အနည်းဆုံး ၅ ယောက်ခန့် အင်အားလျော့နိုင်ပြီး htiခိုက် Danရာရလည်း များစွာရှိခဲ့ပါသည်။ ထိတွေ့ချိန် ၁၅ မိနစ်ခန့်သာကြာမြင့်ပြီး အထူးလက်ရွေးစင်များလည်း ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။

ထို့နောက် နေ့ခင်း ၃:၀၀ နာရီအချိန်ခန့်၌ ရှမ်းကိုင်းကျေးရွာမှထွက်လာသော ယင်းစစ်ကောင်စီ စစ်ကြောင်းကိုပင် ရွှေဘုံသာကျေးရွာမရောက်မီတွင် အထူးလက်ရွေးစင်များမှ အနီးကပ်စောင့်၍ PD၊ LL ၊ စက်၊ Gun ငယ်များဖြင့် ဒုတိယအကြိမ်ထပ်မံဖြတ်တောက်ခဲ့ရာ စကစများ အလစ်အငိုက်ဖြစ်သွား၍ အထိထပ်နာခဲ့ပါသည်။ ဒုတိယအကြိမ်ဖြတ်တောက်မှုတွင် စကစ တပ်သား အနည်းဆုံး ၃ ဦးခန့် အင်အားလျော့နိုင်ပြီး ၅ ဦးထက်မနည်း htiခိုက်danရာ ရနိုင်ပါသည်။
ဒုတိယအကြိမ်ဖြတ်တောက်မှုတွင်လည်း အထူးလက်ရွေးစင်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

စကစများသည် Htiခိုက်ကျ -- ဆုံးများပြားသောကြောင့် ရှမ်းကိုင်းကျေးရွာ၊ အုန်းတောကျေးရွာများမှ ပြည်သူ့အိုးအိမ်များကို mee--ရှို့ phyatဆီးခြင်း၊ ရိတ်သိမ်းထားသော ပြည်သူ့ကောက်ပဲသီးနှံများ၊ ထွန်စက်များကို မီး-- တိုက်ခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။

"စစ်အာဏာရှင်စနစ်အတွက် နေရာမရှိစေရ"

Address

Yesagyo

Website

Alerts

Be the first to know and let us send you an email when Yesagyo Media 3 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share