25/08/2021
ဒိုရေမွန်ရဲ့ စကစ လည်ပတ်ရေး ယန္တရားကြီးမှာ ဝင်ရောက်အားဖြည့် ကျောင်းတက်ရောက်ကြတဲ့ လောက်အပေါင်းတို့ကတော့ အခုဆိုရင် အောင်စာရင်းတောင် ထုတ်ပြန်ကြော်ငြာပြီးဖြစ်ပါတယ်။
( ခိုးကြောင်ခိုးဝှက်နဲ့ ဘွဲ့လဲ ခိုးကြောင်ခိုးဝှက် ယူကြနော် )
ထိုကြောင့် Final BASc မှ ကျောင်းတက်သော
ကျောင်းသား/ သူ စုစုပေါင်း (၉) ယောက်အား အတန်းမှ ဖယ်ကျဉ်သွားပါမည် ။ ဤရလဒ်သည် စကစမှ အတင်းဖိအားပေး လည်ပတ်သော ယန္တရား၏တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည် ။
ကျွန်တော်/မ တို့သည် ထိုရလဒ် လက်ခံခြင်းမရှိသည့်အပြင် ကျောင်းမတက်ဘဲ CDM ပြုလုပ်သည့် ကျောင်းသား/သူ များကို အကျ (ရှုံး) အဖြစ်သတ်မှတ်လျှင်လည်း ဂရုမစိုက်နိုင်ပါ ။ ကျွန်တော်/မ တို့သည် မွေးမြူရေးဆိုင်ရာဆေးတက္ကသို်လ် ယာယီတက္ကသိုလ်ကောင်စီ၏ လက်အောက်တွင်သာရှိပါသည် ။
ဤသဘောထားသည် Final BASc မှ ကျောင်းသား/ သူ များ၏ သဘောထားကို မေးမြန်ပြီး ထုတ်ပြန်ခြင်းဖြစ်ပါသည်။
ပုံ/ Final BASc မှ ကျောင်းသား/ သူများ