23/07/2025
"ဇီးကုန်းမြို့ထဲက စခနဲ့ရခ၆၀လောက်ပါတဲ့စစ်ကြောင်း ဒီလမ်းကြောင်းမှာ အမြဲသွားလာနေတယ် သတင်းရလို့ စောင့်တိုက်တာပါ။ တိုက်ပွဲကြာချိန် ၁နာရီ ၂၀မိနစ်အတွင်းမှာ စခ၁၃ကောင် ကျည်ထိပြီး ၇ကောင် နေရာတင်သေတာ နာရေးကားနဲ့တခါထဲ သယ်သွားပါတယ်။ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့က ရဲဘော်၂ယောက် လက်နက်ချို့ယွင်းမှုဖြစ်ပြီး ဒဏ်ရာရသွားလို့ ပြန်ဆုတ်လာခဲ့ရတာပါ"ဟု BTZM GBK PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) တာ၀န်ခံ ရဲဘော်တေဇမင်းမှ Tharyarwaddy 8 City ကို ရှင်းပြပါသည်။
ဇီးကုန်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုပြီး တိုက်ခိုက်လို့ စစ်တပ်ဘက်က (၇)ဦးသေဆုံး
Tharyarwaddy 8 City / ဇူလိုင်၂၃ ၊၂၀၂၅
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ်၊ ဘုရားပျိုအုပ်စုအတွင်းရှိ တမံကြီးရွာ၊ ဒေါကျော်ရွာ၊ ရေတာရှည်ရွာ အပါအဝင် အနီးအနား ကျေးရွာများကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းအား ဇူလိုင်လ ၂၂ ရက် ယမန်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ရေတာရှည်ရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၁ တပ်ခွဲ၃ နတ်စစ်သည်တပ်ဖွဲ့ နှင့် BTZM GBK PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) ရဲဘော်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ စောင့်ကြိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၁၃)ဦး ကျည်ထိမှန်ပြီး (၇)ဦး နေရာတွင် သေဆုံးသွားကြောင်း၊ အထိနာနေသည့် စစ်ကောင်စီတပ်အား လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် လုပ်ဆောင်နေစဥ် ချို့ယွင်းမှုဖြစ်ကာ တော်လှန်ရေးရဲဘော် (၂)ဦး ဒဏ်ရာများ ရရှိခဲ့တာကြောင့် ထိုနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
"ဇီးကုန်းမြို့ထဲက စခနဲ့ရခ၆၀လောက်ပါတဲ့စစ်ကြောင်း ဒီလမ်းကြောင်းမှာ အမြဲသွားလာနေတယ် သတင်းရလို့ စောင့်တိုက်တာပါ။ တိုက်ပွဲကြာချိန် ၁နာရီ ၂၀မိနစ်အတွင်းမှာ စခ၁၃ကောင် ကျည်ထိပြီး ၇ကောင် နေရာတင်သေတာ နာရေးကားနဲ့တခါထဲ သယ်သွားပါတယ်။ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့က ရဲဘော်၂ယောက် လက်နက်ချို့ယွင်းမှုဖြစ်ပြီး ဒဏ်ရာရသွားလို့ ပြန်ဆုတ်လာခဲ့ရတာပါ"ဟု BTZM GBK PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) တာ၀န်ခံ ရဲဘော်တေဇမင်းမှ Tharyarwaddy 8 City ကို ရှင်းပြပါသည်။
လက်ရှိအချိန်တွင် ဇီးကုန်းမြို့နယ် အပါအဝင် သာယာ၀တီခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ နေရာအနှံ့မှာ ဖြစ်ပွားနေသလို စစ်ရေးအရှိန် မြှင့်တက်နေတာကြောင့် အရပ်သားပြည်သူများအနေဖြင့် သတိနဲ့နေထိုင်ကြရန်နှင့် လုံခြုံရေးကို အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက အသိပေးထားသည်။
ဓာတ်ပုံ - BTZM GBK PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) ရဲဘော်များ
သတင်း - ဇွန်ပန်း
စာတည်း - ရာမန်
#ဇီးကုန်းမြို့နယ်