Sithu SG Diary

Sithu SG Diary 🇸🇬 Myanmar Creator in Singapore.
🍜 Sharing the best food finds & travel tips.

Follow for your daily dose of inspiration!

🇲🇲 စင်ကာပူရောက် မြန်မာ Blogger တစ်ဦးပါ။
ခရီးသွား၊ အစားအသောက်နဲ့ ပရိုမိုးရှင်းတွေကို ဒီ Diary လေးမှာ စုစည်းတင်ပြပေးနေပါတယ်။

Singapore မှာ ကျွန်တော် အကြိုက်ဆုံး မူကထ ဆိုင်ထဲက တစ်ဆိုင် ✌️မူကထ ကိုမှ Buffet လဲ မစားချင်ဘူး ဈေးတန်တန်နဲ့ သူငယ်ချင်းတွေ...
27/05/2026

Singapore မှာ ကျွန်တော် အကြိုက်ဆုံး မူကထ ဆိုင်ထဲက တစ်ဆိုင် ✌️

မူကထ ကိုမှ Buffet လဲ မစားချင်ဘူး ဈေးတန်တန်နဲ့ သူငယ်ချင်းတွေ စုပီး စားလို့ရမယ့်နေရာလေး လာမေးထားတာလို့ အရင်အပတ်က စားခဲ့တာလေး ပြောပြပေးမယ်နော်

ဆိုင်နာမည်ကတော့ Bangkok Street Mookata ဆိုင်လေးပါဗျ

သူ့မှာက တန်တဲ့အချက်က 28 ကျပ်တန်ဆို သာမန် ပုံမှန်စားတဲ့သူဆို သုံးယောက်လောက် စားလို့ရတယ် ပါတာလေးတွေကလဲ အမယ်စုံတယ်

အဲ့တော့ စုစားမယ်ဆို တကယ်တန်တယ်

ပြီးတော့ နောက်တစ်ခုကောင်းတာက သူ့ရဲ့ အချဉ်ရည်ကတော်တော်လေး အရသာ အဆင်ပြေတယ်

မူကထဆိုတာကလဲ အချဉ်ရည် အဆင်ပြေမှ စားကောင်းတာမျိုးလေ

ကျွန်တော် စားခဲ့တာက Sengkang က ဆိုင်မှာစားခဲ့တာဗျ (Sengkang ရေကူးကန်ကနေ လမ်း ၇ မိနစ်လောက် လျှောက်ရောက်တယ်ဗျ)

စားပြီး Park မှာ လမ်းလေး ဘာလေးလျှောက်လို့လဲရ

တခြား Jurong West, Punggol, Bedok, Toa Payoh တို့မှာလဲ ရှိတော့ နီးနီးနားနားဆိုရင် သွား try သင့်တဲ့ ဆိုင်လေးပါဗျ

Singapore က Sichuan တရုတ်စာနဲ့ အကင်ကြိုက်သူတွေအတွက် ဒီတစ်ခေါက် သွားစားဖြစ်ခဲ့တဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်း sharing လုပ်ပေ...
23/05/2026

Singapore က Sichuan တရုတ်စာနဲ့ အကင်ကြိုက်သူတွေအတွက် ဒီတစ်ခေါက် သွားစားဖြစ်ခဲ့တဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်း sharing လုပ်ပေးချင်ပါတယ်။

အရင်က Singapore Chinatown မှာ စားနေကျကနေ အခုတစ်ခေါက်တော့ သူငယ်ချင်းတွေခေါ်လို့ Aljunied MRT နားက မြန်မာတွေကြားမှာ “နှုတ်ခမ်းမွှေး” လို့ လူသိများတဲ့ Moustache BBQ ဆိုင်ကို ရောက်ဖြစ်ခဲ့ပါတယ်။

ဒီဆိုင်ရဲ့ အားသာချက်ကတော့ BBQ Menu အမျိုးအစား တော်တော်စုံစုံလင်လင် ရတာပါပဲ။ ပေးရတဲ့ဈေးနဲ့စာရင်လည်း တန်တယ်လို့ ပြောရမယ်။ $50 ဝန်းကျင်လောက်ဆိုရင်ကို လူသုံးလေးယောက် ဗိုက်ဝအောင် ကောင်းကောင်းစားလို့ ရပါတယ်။

အရသာပိုင်းကတော့ Sichuan စတိုင် စပ်စပ်လေးမို့ ကျွန်တော်တို့ အကြိုက်နဲ့ အတော်လေး အံကိုက်ပါပဲ။ အကင်တွေက မာလာအထုံပါပေမဲ့ အရမ်းကြီး လျှာထုံအောင့်သွားတာမျိုး မဟုတ်ဘဲ အနေတော်မို့ စားလို့ တော်တော်အဆင်ပြေပါတယ်။

ကြက်ရေခွံကင် နဲ့ ကြက်အရိုးနုကင်: ဆိုင်ရောက်ရင် မဖြစ်မနေ မှာစားသင့်တဲ့ အကင်တွေပါ၊ တအားစားကောင်းပါတယ်။ Chiken with Chilli, ထမင်းကြော်က ကျွန်တော် မမှာမဖြစ်ပါ

နောက်ထပ် အဆင်ပြေတာတစ်ခုက ဆိုင်မှာ မြန်မာဝန်ထမ်းတွေလည်း ရှိတော့ Order မှာရတာ တအားလွယ်ကူပြီး အဆင်ပြေပါတယ်။

ဒီဆိုင်လေးမှာ စားဖူးတဲ့သူတွေ ရှိရင်လည်း feedback လေးတွေ review အောက်မှာ မျှဝေပေးခဲ့ကြပါဦးနော်

Singapore Eight Mobile သုံးသူတွေအတွက် တကယ်ကို တန်တဲ့အစီအစဉ်ပဲဗျာ။ ၂၈ ကျပ်ဖြည့်လို့ ၂၈ ကျပ်ပြန်ရတာတင် မကဘူး၊၈ ကျပ်တန်ပက်က...
22/05/2026

Singapore Eight Mobile သုံးသူတွေအတွက် တကယ်ကို တန်တဲ့အစီအစဉ်ပဲဗျာ။

၂၈ ကျပ်ဖြည့်လို့ ၂၈ ကျပ်ပြန်ရတာတင် မကဘူး၊
၈ ကျပ်တန်ပက်ကေ့ချ်နဲ့ဆို
၇ လစာလောက် အေးဆေးသုံးလို့ရသွားတဲ့အပြင်

Mixue ရေခဲမုန့်ပါ အလကားစားခဲ့ရသေးတယ်ဆိုတော့ လုံးဝကို ရှယ်တန်၊ Double Bonus ပါပဲ။

သွားရမယ့် လမ်းကြောင်းအညွှန်းကိုလည်း အသေးစိတ် သေချာရှင်းပြပေးထားလို့ City Hall ဘက်သွားရင်း လမ်းကြုံဝင်ဖြည့်ချင်တဲ့သူတွေအတွက် အများကြီး အထောက်အကူဖြစ်မှာပါ။

City Hall MRT ကနေထွက်ရင် ပုံမှန်သွားနေကျ Peninsula Plaza ဘက်မဟုတ်ဘဲ Mixue ဘက်ကိုသွား၊ အဆုံးနားက စက်လှေကားအတက်အဆင်းနားက Anytime Fitness ဘေးဆိုတော့ ရှာရတာလည်း လွယ်သွားတာပေါ့။

ဒီပွဲက မေလ ၂၄ ရက်နေ့ (တနင်္ဂနွေနေ့) အထိပဲဆိုတော့ ဒီစနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ City Hall ဘက် ရောက်ဖြစ်မယ့်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ။

အရင်အပတ်က ဘာစားရမှန်းမသိတာနဲ့... သူငယ်ချင်းနဲ့အတူ Singapore ~ City Gate က နာမည်ကြီး ထိုင်းဆိုင်လေး သွားစားဖြစ်တယ်။ သူ့ဆီ...
21/05/2026

အရင်အပတ်က ဘာစားရမှန်းမသိတာနဲ့... သူငယ်ချင်းနဲ့အတူ Singapore ~ City Gate က နာမည်ကြီး ထိုင်းဆိုင်လေး သွားစားဖြစ်တယ်။ သူ့ဆီက "ကွေ့တီယို" ကတော့ တကယ်ကို အစပ်အဟပ်တည့်ပြီး ရှယ်ကောင်းပဲ။

ဒီဆိုင်ကို စင်ကာပူက မြန်မာတော်တော်များများလည်း သိကြမှာပါ။ ကွေ့တီယိုကို အရည်ကော အသုတ် (အရည်မပါ) ကော ကြိုက်သလို မှာလို့ရတယ်။ တခြား အဆာပလာတွေကိုလည်း ကိုယ်ကြိုက်သလို လိုတိုးပိုလျော့ ပြောလို့ရတာ အကြိုက်ဆုံးပဲ။ (ဆိုင်မှာ မြန်မာဝန်ထမ်းတွေလည်း ရှိတော့ မှာရတာ တအားအဆင်ပြေတယ်)။

ကျွန်တော်ကတော့ သွားရင် ကွေ့တီယိုအပြင် "သင်္ဘောသီးထောင်း" နဲ့ "ရေဘဝဲအထောင်း" လေး အမြဲမှာဖြစ်တယ်။ အထောင်းတွေကလည်း တကယ် စားကောင်းတယ်။ ပြီးတော့ "ကြက်တောင်ပံကြော်" ကလည်း လက်မလွှတ်တမ်း မှာသင့်တဲ့အထဲပါတယ်။

ဆိုင်နာမည်လေးက Boraan Siam Thai Food

အဝါလိုင်း Nicoll Highway ကဖြစ်ဖြစ် အစိမ်းလိုင်း Lavender ကဖြစ်ဖြစ် သွားလို့ရပါတယ်ဗျ

City Gate ထဲမှာ တခြားစားစရာဆိုင်တွေ အများကြီးရှိပေမဲ့ ဒီဆိုင်လေးကတော့ ကွေ့တီယို အရသာကြောင့်ပဲ ခဏခဏ ပြန်ရောက်ဖြစ်နေတာ။

သူငယ်ချင်းတို့ကော City Gate ထဲမှာ တခြား ဘာဆိုင်တွေ ကြိုက်ကြသေးလဲ? ကောင်းတာလေးတွေရှိရင် လမ်းညွှန်ပေးသွားကြပါဦးနော်။

🏆 Congratulations Champion Arsenal! ❤️🤍ဒီနှစ် Premier League ရဲ့ ဘုရင်ကြီး Arsenal ရဲ့ အိမ်ကွင်း Emirates Stadium သို့.....
21/05/2026

🏆 Congratulations Champion Arsenal! ❤️🤍

ဒီနှစ် Premier League ရဲ့ ဘုရင်ကြီး Arsenal ရဲ့ အိမ်ကွင်း Emirates Stadium သို့... 🏟️

လန်ဒန်မြို့ထဲကနေ ရထားစီးပြီး သွားရတာ တော်တော်လေး လွယ်ကူအဆင်ပြေပါတယ်။ ညနေစောင်းမှ ရောက်တာမို့ အထဲထိ Tour မဝင်ဖြစ်ပေမဲ့ ကွင်းဘေးပတ်ပတ်လည် ပတ်ကြည့်ရတာတင် စိတ်ကျေနပ်မှု ရခဲ့ပါတယ်။

အမှတ်တရပစ္စည်းတွေရောင်းတဲ့ Official Store ထဲမှာ ထူးထူးခြားခြား ပြသထားတဲ့ "ရွှေအမြှောက်ပုံစံတူကြီး" ကတော့ တကယ့်ကို အမြင်ဆန်းပြီး လှပလွန်းပါတယ်။ ဆိုင်ထဲမှာ လာလည်တဲ့သူတွေ၊ အမှတ်တရပစ္စည်း ဝယ်ကြတဲ့သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေလို့ တော်တော်လေး တန်းစီလိုက်ရသေးတယ်

ပြီးတော့ နေရာတိုင်းလိုလိုမှာ မြင်တွေ့ရတဲ့ ဆရာကြီး အာဆင်ဝင်းဂါးရဲ့ ရုပ်ထုနဲ့ ဓာတ်ပုံတွေကလည်း အတိတ်က အမှတ်တရတွေကို ပြန်သတိရစေပါ
တယ်။

London ရောက်ရင်တော့ Gooners တွေအတွက် မဖြစ်မနေ သွားသင့်၊ လည်သင့်တဲ့ နေရာတွေထဲမှာ ထိပ်ဆုံးက ညွှန်းပါရစေ။ 🔴⚪️

မြန်မာပြည်မှာ Ayam Penyet ခေတ်ထနေတော့ Singapore မှာ Ayam Penyet အပြင် ဘဲသားကြော်ပါ ရတဲ့ဆိုင်လေးအကြောင်း ပြောပြပေးမယ်နော်...
17/05/2026

မြန်မာပြည်မှာ Ayam Penyet ခေတ်ထနေတော့ Singapore မှာ Ayam Penyet အပြင် ဘဲသားကြော်ပါ ရတဲ့ဆိုင်လေးအကြောင်း ပြောပြပေးမယ်နော်

ရုံးက Indo သူငယ်ချင်းတွေ ခေါ်ခေါ်သွားလို့ သွားစားဖြစ်တဲ့ ဆိုင်လေး

ဆိုင်ကလဲ Lucky Plaza မှာတင်ဆိုတော့ အဆင်ပြေတယ်

ကောင်း မကောင်းကတော့ သူတို့ Local Indonesian တွေပါ ကြိုက်လို့ ခဏ ခဏ လာစားကြတဲ့ဆိုင်

Weekday လိုမျိုးပါ ဆိုင်က လူပြည့်တတ်တယ်

အရသာက အပြင်သားက ကြွပ်ကြွပ်လေးနဲ့ အထဲက အသားက အိအိလေး အရသာမျိုး

အစပ်အရသာကိုမှ အမျိုးမျိုး ရှိတာဆိုတော့ မြန်မာ ပါးစပ်နဲ့မှ အံကိုက်ပါပဲ

ဆိုင်နာမည်လေးက Bebek Goreng Pak Ndut

MRT နဲ့လဲ နီး Lucky Plaza တင်ဆိုတော့ City Hall ဘက်ပဲ သွားစားနေမယ့်အစား Orchard ဘက်သွားရင်း စားလို့အဆင်ပြေမယ့်နေရာလေးပါဗျ

စားပြီးတဲ့အခါလဲ ပြန်ပြောပေးကြအုံးနော်

Page ကို ညီမလေး တစ်ယောက်က Singapore မှာ မင်မင်စံ စားပြသလို Salmon Sashimi ဂျပန်စာကို ဈေးသက်သက်သာသာနဲ့ ဒီပိတ်ရက် သွားစားခ...
14/05/2026

Page ကို ညီမလေး တစ်ယောက်က Singapore မှာ မင်မင်စံ စားပြသလို Salmon Sashimi ဂျပန်စာကို ဈေးသက်သက်သာသာနဲ့ ဒီပိတ်ရက် သွားစားချင်လို့ ဘယ်နားစားလို့ရမလဲ လာမေးလို့ ပြောပြမယ်နော်

အမြဲ စားနေကြ တစ်ခုကို 1 ကျပ်ခွဲ 2 ကျပ်တန် ဂျပန် Sushi ဆိုင်လေးကို ပြောပြမယ်နော်

သူငယ်ချင်းတွေနဲ့ share စားရင်ပဲ ဖြစ်ဖြစ် တစ်ယောက်ပဲ စားရင်ဖြစ်ဖြစ် အဆင်ပြေတယ်

ပြီးရင် သူ့ဆီက Miso Soup က မသောက်မဖြစ် အထဲမှာ Salmon ဖတ်တွေမှ အများကြီး

သူ့ဆီမှာက Sashimi အပြင် တခြား Sushi တွေလဲ အစုံရတယ် အကြော်တွေ ဘာတွေလဲ ရတယ်

Sashimi ကတော့ ပေးရတဲ့ ဈေးနဲ့ လတ်တယ်ပြောရမယ်

Wasabi လေးကို Soya Sauce နဲ့ ထည့်ပြီး မင်မင်စံ စားပြသလိုစား ရှယ်ပဲ

ပြီးရင် ဂျင်းလေး ရေနွေးလေးနဲ့ အရသာကိုရှယ်ပဲ

Sushi Express ဆိုရင် City Hall က Funan Mall မှာ တင်ဆိုတော့ နီးနီးနားနား Try လို့ရတော့ ဒီ တနင်္ဂနွေပိတ်ရက် ထူးထူးခြားခြားလေး ဂျပန်စာ သွားစားနော်

စလုံး ၂၁ ပြားထဲနဲ့ Western Food စားလို့ရမယ်ဆိုရင် ယုံကြမလားဗျ? 😱🇸🇬Singapore Vivo City ရောက်တုန်းကျွန်တော် အကြိုက်ဆုံး စာ...
12/05/2026

စလုံး ၂၁ ပြားထဲနဲ့ Western Food စားလို့ရမယ်ဆိုရင် ယုံကြမလားဗျ? 😱🇸🇬

Singapore Vivo City ရောက်တုန်းကျွန်တော် အကြိုက်ဆုံး စားနေကြ Western Food ဆိုင်ထဲက တစ်ဆိုင်ဖြစ်တဲ့ ANDES ASTONS ဆိုင်မှာ အရင် အပတ်က မိသားစုနဲ့ ကြက်ကင် သွားစားရင်း သိလာခဲ့တာပါ

သူ့ရဲ့ ကြက်သားကင်ကတော့ နာမည်ကြီးတဲ့ထဲပါတယ် restaurant အနေအထားနဲ့ ဈေးသက်သာတာကော နေရာမှာ မိသားစု စကားပြောချင်တာ အေးဆေး သူငယ်ချင်းတွေ တွေ့ချင်တာမျိုး အဆင်ပြေတယ်

ပြီးတော့ တခြား Grilled Item တွေလဲ ဈေးသက်သက်သာသာနဲ့ တော်တော်များများရှိတာတွေ့ရတယ်

အခု 21 ပြား Promotion က ဆိုင် 21 နှစ်ပြည့် အနေနဲ့ 15 May တစ်ရက်ထဲရမှာ (ဆိုင်ခွဲ 20 ကျော်မှာ ရမှာနော်)

တကယ်လို့ ကိုက ဒီဆိုင်မှာ မ try ရသေးရင် 21 ပြားထဲနဲ့ စားလို့ရမှာဆိုတော့ အတော်တန်တဲ့ အစီအစဉ်ပါ

အချိန်ရရင် အပြေးလေးသွားစားကြည့်ဖို့ မမေ့ကြနဲ့ဦးနော်။ သူငယ်ချင်းတွေကိုလည်း သိအောင် ဒီ Post လေးကို Mention ခေါ်သွားဦးမှနော်! ✌️

အချိန်ရရင် အပြေးလေးသွားစားကြည့်ဖို့ မမေ့ကြနဲ့ဦးနော်။ သူငယ်ချင်းတွေကိုလည်း သိအောင် ဒီ Post

Singapore မှာ ကျွန်တော် အကြိုက်ဆုံး Yong Tau Fooဟ မင်းဟာက Yong Tau Foo ပဲ နေရာတိုင်း ရနေတာဘာထူးဆန်းလဲလို့ ပြောရင်ဒီဆိုင်...
10/05/2026

Singapore မှာ ကျွန်တော် အကြိုက်ဆုံး Yong Tau Foo

ဟ မင်းဟာက Yong Tau Foo ပဲ နေရာတိုင်း ရနေတာ
ဘာထူးဆန်းလဲလို့ ပြောရင်

ဒီဆိုင်မှာ စားကြည့်လိုက်ပါ ဘာကြောင့်လဲဆိုတာ သိသွားလိမ့်မယ်

သူ့ရဲ့ ပဲငံပြာရည် အပြစ်ရယ် မြေပဲနဲ့ Soya Bean ကို Dry မှာပြီး နယ်စား ရှယ်ပဲ

ပြီးရင် Tom Yum နဲ့လဲ တအားကောင်းတယ် တကယ်ကို ထိထိမိမိ ကန်စွန်းရွက်ပါထည့်စား

Lasaka ကတော့ Local တွေ တအားစားပေမဲ့ ကိုတွေ ပါးစပ်နဲ့ မကိုက်တော့ မစားမိ

Yong Tau Foo ထဲက အကြော်ဆို ဝက်မှိုလိပ် ဝက်သားလုံး ငရုတ်သီး အသားကပ်ကြော် ပြီးရင် ကြက်ဥလုံးကြော် တအားကောင်းတယ်

အရင်ကတော့ Bukit Merah မှာ restaurant အနေနဲ့ ဖွင့်ပေမဲ့ အခုကြ rental fees ကြောင့် Food Court ကို ရွှေ့သွားရပါတယ်

ရနိုင်တဲ့နေရာလေးတွေကို မန့်မှာတင်ပေးထားပါမယ်ဗျ

အရင်အပတ်က အလုပ်က အပြန် စင်ကာပူ Ang Mo Kio ဘက်ရောက်တုန်းလေး ဘယ်နားမှာ စားရမလဲ တွေးနေတာရှာကြည့်တော့ ဒီမြန်မာဆိုင်လေးတွေ့တာ...
09/05/2026

အရင်အပတ်က အလုပ်က အပြန် စင်ကာပူ Ang Mo Kio ဘက်ရောက်တုန်းလေး ဘယ်နားမှာ စားရမလဲ တွေးနေတာ

ရှာကြည့်တော့ ဒီမြန်မာဆိုင်လေးတွေ့တာနဲ့ စားအုံးမယ်ဆိုပြီး စားကြည့်တော့ မြီးရှည်က နာမည်ကြီးတယ်နဲ့တူတယ် review များတော့ စားကြည့်တာ

ပါဝင်တဲ့ ပစ္စည်းတိုင်းကို သေချာလေးထည့်ပေးတာ

အရသာလေးကလဲ အဆင်ပြေတယ် ပိုကောင်းတဲ့အချက်က စားခါနီးလေးမှ သေချာပြင်တော့ ပူပူနွေးနွေးလေး (ပြင်ဖို့ အချိန်တော့ပေးရတာပေါ့)

အချဉ်လေးနဲ့ ဟင်းရည်လေးပါ သေချာလုပ်ထားတာက စေတနာပါမှန်း သိသာပါတယ်

ည ၈ နာရီလောက်ရောက်သွားတော့ မြန်မာထမင်းဟင်းတွေကတော့ ကုန်သလောက်ဖြစ်နေပြီ

နောက်များ Ang Mo Kio ဘက်ရောက်လို့ မြန်မာစာစားချင်တယ်ဆို MRT အနီး စားစရာတစ်နေရာ တိုးတာပေါ့

စားပြီးရင်လဲ စားလို့ အဆင်ပြေ မပြေတာလေး ပြောပြခဲ့ပါအုံးနော် ✌️

Page မှာ အရင်ရက်က Singapore မှာ ကိုရီးယားစာကိုမှ သူငယ်ချင်းတွေနဲ့ ထူးထူးခြားခြား ပုံမှန်မဟုတ်တာလေးစားချင်တယ် လာမေးထားလို...
07/05/2026

Page မှာ အရင်ရက်က Singapore မှာ ကိုရီးယားစာကိုမှ သူငယ်ချင်းတွေနဲ့ ထူးထူးခြားခြား ပုံမှန်မဟုတ်တာလေးစားချင်တယ် လာမေးထားလို့

အရင်လက Singapore Clementi ဘက်က ခြူကီ ဆိုင်ဘက်သွားရင်း ဆိုင်မှာ လူပြည့်နေတော့

အဲ့နားက ကိုရီးယားဆိုင်လေးက စားတဲ့သူများတာတွေ့တော့ ဝင်စားခဲ့တာ

Side Dish နဲ့တင် တော်တော်များတော့ တော်တော်လေး စားလိုက်ရတယ်

Side Dish က ပြန်ဖြည့်ပေးတယ်
(အသားကတော့ မှာသလောက်ပဲပေါ့)

အရသာက တကယ့် ကိုရီးယား စစ်စစ်ပေါ့ - တကယ် ကိုရ်ီးယားတွေပဲ လုပ်တာဆိုတော့ 😂

ဈေးကတော့ ပွဲကြီးက 80 90 ဆိုပေမဲ့ သူငယ်ချင်း လေးငါးယောက်လောက် စုစားရင် တန်ပါတယ်

ကိုရီးယား အရသာ စစ်စစ် စားချင် Try သင့်တယ် ပြေ ရမယ်

စားပြီးရင် အရသာလေးကို ပြန်ပြောပေးကြအုံးနော် ✌️

Address

7, Persiaran Medini Utara 3, 79100 Iskandar Puteri, Johor Darul Ta'zim
Gelang Patah
79100

Website

Alerts

Be the first to know and let us send you an email when Sithu SG Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share