TLP THAR

စတုတ္ထမြောက် ဦးဆောင်ဂိုးကို ဆော်ဒီယူ၁၇အသင်းကပဲ့ ပိန္နဲသီးမှ တစ်ဆင့်ထပ်မံသွင်းယူခဲ့ပြန်ပါပြီ။ကျွန်တော်ကတော့ မနက်ဖြန် အလုပ...
05/05/2026

စတုတ္ထမြောက် ဦးဆောင်ဂိုးကို ဆော်ဒီယူ၁၇အသင်းကပဲ့ ပိန္နဲသီးမှ တစ်ဆင့်ထပ်မံသွင်းယူခဲ့ပြန်ပါပြီ။

ကျွန်တော်ကတော့ မနက်ဖြန် အလုပ်ရှိသေးလို့ဆက်မကြည့်တော့ပါဘူး။ မနက် ၂နာရီလဲခွဲနေပါပြီ။

ခြေစွမ်းကတော့ အိပ်ရေးပျက်စောင့်ကြည့်ရကျိုး တော်တော်နပ်ပါပေတယ် ။

ပွဲချိန်ပြီးတဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ မိဘပြည်သူများအနေဖြင့်လဲ
ပွဲပြီး သုံးသပ်ချက် တွေကို မန့်မှာ ရေးသားဖော်ပြပေးထားကြဖို့ တောင်းဆိုချင်ပါတယ်။

ကျွန်တော်ကတော့ ကျန်ရှိနေတဲ့ မိနစ်အနည်းငယ်လေးကိုတောင် ထပ်ကြည့်ချင်စိတ်မရှိတော့လို့ အိပ်ပါပြီ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေခင်များ😁

တတိယမြောက် ဦးဆောင်ဂိုးကို ဆော်ဒီယူ၁၇အသင်းမှ ပယ်နယ်တီမှ တစ်ဆင့် ထပ်မံသွင်းယူသွားခဲ့ပါတယ်။ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် ပြန်လ...
05/05/2026

တတိယမြောက် ဦးဆောင်ဂိုးကို ဆော်ဒီယူ၁၇အသင်းမှ ပယ်နယ်တီမှ တစ်ဆင့် ထပ်မံသွင်းယူသွားခဲ့ပါတယ်။

ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် ပြန်လျှံထွက်လာတဲ့ဘောလုံးကို ဆော်ဒီ ကစားသမားမှ အသာအယာလေး ပိတ်သွင်းယူသွားခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှယူ-၁၇ ဖလား အုပ်စုအဖွင့်ပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ အိမ်ရှင် ဆော်ဒီအသင်းက မြန်မာအသင...
05/05/2026

ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှယူ-၁၇ ဖလား အုပ်စုအဖွင့်ပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ အိမ်ရှင် ဆော်ဒီအသင်းက မြန်မာအသင်းကို ၂ ဂိုး - ၀ ဂိုး နဲ့ ဦးဆောင်ထားပါတယ်။

အိမ်ရှင် ဆော်ဒီအသင်းဟာ အာရှထိပ်သီးပီပီ မြန်ဆန်၊ တိကျပြီး အမှားကင်းတဲ့ ကစားဟန်ကို ပြသသွားပါတယ်။ တစ်ဦးချင်း ကြံ့ခိုင်မှုကအစ ကစားကွက် တည်ဆောက်ပုံအဆုံး မြန်မာအသင်းထက် အစစအရာရာ သာလွန်နေတာကို မြင်တွေ့ရပါတယ်။ မြန်မာအသင်းဟာ အမှားမခံဘဲ အစွမ်းကုန် ခုခံခဲ့ပေမယ့် ဒုတိယဂိုးမှာတော့ ခံစစ်နဲ့ ဂိုးသမားတို့ရဲ့မပါးနပ်မှု‌ေတွကြောင့် မလိုအပ်ဘဲ ဂိုးခွင့်ပြုလိုက်ရပါတယ်။ ဆော်ဒီလို အသင်းမျိုးဟာ "မျက်တောင်တစ်ချက်ခတ်" လောက် မှားလိုက်တာနဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတာကို သင်ခန်းစာ ရလိုက်တဲ့ ပထမပိုင်းပါ။

ပြီးတော့ ဆော်ဒီရဲ့ High Pressing ကြောင့် မြန်မာအသင်းဟာ ဘောလုံးကို ပိုင်ဆိုင်ခွင့် မရသလို တန်ပြန်တိုက်စစ်ကိုလည်း ပုံဖော်ခွင့် မရခဲ့ပါဘူး။ ပထမပိုင်း တစ်လျှောက်လုံးမှာ မြန်မာအသင်းအနေနဲ့ ဆော်ဒီဂိုးပေါက်ကို ခြိမ်းခြောက်နိုင်တဲ့ ကန်သွင်းခွင့် တစ်ကြိမ်တောင် မရရှိခဲ့တာက စိုးရိမ်စရာပါ။

ပထမပိုင်းမှာတော့ ဆော်ဒီက တစ်ဖက်သတ် အသာစီး ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းအနေနဲ့ - ခံစစ်မှာ အာရုံစူးစိုက်မှု အပြည့်ထားပြီး ဂိုးထပ်မပေးရဖို့ အရင်ဆုံး ထိန်းကစားရပါမယ်။ ရရှိလာမယ့် အခွင့်အရေး အနည်းငယ် (Set Pieces)တွေကို အသုံးချပြီး ချေပဂိုးရဖို့ ရုန်းကန်ရပါမယ်။

လက်ရှိ အခြေအနေအရ ဆော်ဒီက အရှိန်လျော့မယ့်ပုံ မရှိတာကြောင့် မြန်မာအသင်းအနေနဲ့ "ဂိုးမပြတ်ဖို့" နဲ့ "ဂုဏ်သိက္ခာကို ဆယ်တင်ဖို့" အစွမ်းကုန် ကြိုးစားရမယ့် ဒုတိယပိုင်း ဖြစ်လာမှာပါ။

"ခြင်္သေ့ငယ်တို့ရေ... ဒုတိယပိုင်းမှာတော့ အမှားတွေကို သင်ခန်းစာယူပြီး မာန်အပြည့်နဲ့ ပြန်လာခဲ့ကြပါ!" 🇲🇲🦁🔥

မြန်မာ ခံစစ်တွေရဲ့ ပေါ့ဆမှုတွေနဲ့အတူ ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံခွင့်ပြုပေးလိုက်ရပါပြီ။ ဆော်ဒီကစားပုံက တော်တော်လေးမြ...
05/05/2026

မြန်မာ ခံစစ်တွေရဲ့ ပေါ့ဆမှုတွေနဲ့အတူ ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံခွင့်ပြုပေးလိုက်ရပါပြီ။ ဆော်ဒီကစားပုံက တော်တော်လေးမြန်ဆန်ပြီးတိကျပါတယ်။ တချက်လေးမှ အမှားခံလို့မရပါဘူး။ မှားတာနဲ့ ဂိုးပြီဆိုတာပါပဲ့။

မြန်မာယူ၁၇အသင်း ပွဲစလို့ မိနစ်ပိုင်းလေးအတွင်းမှာပဲ့ သွင်းဂိုး ၁ဂိုးခွင့်ပြုပေးထားရပါတယ်။တိုက်ရိုက်Liveကို B STREAM APPမှ...
05/05/2026

မြန်မာယူ၁၇အသင်း ပွဲစလို့ မိနစ်ပိုင်းလေးအတွင်းမှာပဲ့ သွင်းဂိုး ၁ဂိုးခွင့်ပြုပေးထားရပါတယ်။

တိုက်ရိုက်Liveကို B STREAM APPမှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

YouTube မှာတော့ မင်မင်တို့ မှာကြည့်လို့မရပါဘူး။

ဒီနေ့ညမှာ ကစားမယ့် မြန်မာယူ-၁၇ နှင့် ဆော်ဒီအာရေဗျတို့ရဲ့ အာရှဖလား အုပ်စုအဖွင့်ပွဲစဉ်ကို အားပေးမယ့် မိဘပြည်သူများအတွက် ရု...
05/05/2026

ဒီနေ့ညမှာ ကစားမယ့် မြန်မာယူ-၁၇ နှင့် ဆော်ဒီအာရေဗျတို့ရဲ့ အာရှဖလား အုပ်စုအဖွင့်ပွဲစဉ်ကို အားပေးမယ့် မိဘပြည်သူများအတွက် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အသိပေးချက်တစ်ခု ရှိပါတယ်။

ပွဲစဉ်အားလုံးကို AFC Asian Cup YouTube Channel မှတစ်ဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ သတိပြုရန် အချက်မှာအုပ်စု ပွဲစဉ်များတွင် အဆင့်မှီကြည်လင်ပြတ်သားသည့် ရုပ်သံအရည်အသွေးဖြင့် ကြည့်ရှုနိုင်ဦးမှာ မဟုတ်ပါဘူး။

အကြောင်းရင်းမှာ FIFA မှ ဘတ်ဂျက်အသုံးစရိတ် လျှော့ချလိုသည့်အတွက် အုပ်စုအဆင့်ပွဲစဉ်များ၏ ရုပ်သံထုတ်လွှင့်မှု အရည်အသွေးကို ကန့်သတ်ထားခြင်းကြောင့် ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်မှသာ အဆင့်မှီ ရုပ်သံထုတ်လွှင့်မှုစနစ်များဖြင့် ပြန်လည်ကြည့်ရှုခွင့် ရရှိမှာဖြစ်ပါတယ်။

ရုပ်သံအရည်အသွေးက ဝေဝါးနေနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ ခြင်္သေ့ငယ်တွေအပေါ် ထားရှိတဲ့ အားပေးမှုတွေကတော့ ကြည်လင်ပြတ်သားနေဖို့ လိုအပ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ အဆင့်မှီရုပ်သံနဲ့ ဂုဏ်ယူစွာ ကြည့်ရှုခွင့်ရဖို့အတွက် ဒီနေ့ညမှာ အားလုံးအတူတူ အားပေးလိုက်ကြရအောင်ဗျာ။

"ရုပ်သံက မကြည်လင်ပေမယ့် အားပေးသံတွေကတော့ ဆော်ဒီမြေအထိ ဟိန်းသွားပါစေ!" 🇲🇲🦁🔥

“သဲထဲက ပတ္တမြား သို့မဟုတ် ဆော်ဒီမြေက ခြင်္သေ့ငယ်များ - ကမ္ဘာ့ဖလားအိပ်မက်အတွက် အဆုံးအဖြတ် တိုက်ပွဲ” 🇲🇲⚽🇸🇦🔥    ဒီနေ့ည ၁၁ န...
05/05/2026

“သဲထဲက ပတ္တမြား သို့မဟုတ် ဆော်ဒီမြေက ခြင်္သေ့ငယ်များ - ကမ္ဘာ့ဖလားအိပ်မက်အတွက် အဆုံးအဖြတ် တိုက်ပွဲ” 🇲🇲⚽🇸🇦🔥

ဒီနေ့ည ၁၁ နာရီ ၃၀ မိနစ်မှာ ကစားမယ့် အိမ်ရှင် ဆော်ဒီအာရေဗျနဲ့ မြန်မာယူ-၁၇ အသင်းတို့ရဲ့ပွဲစဉ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဘောလုံးသမိုင်းအတွက် "နိုးစက်" တစ်ခု ဖြစ်လာမှာပါ။ ၂၀၁၅ ခုနှစ်က အောင်သူ၊ မောင်မောင်လွင်တို့ ဖန်တီးခဲ့တဲ့ ကမ္ဘာ့ဖလားအိပ်မက်ကို ဒီမျိုးဆက်သစ် ခြင်္သေ့ငယ်တွေက ပြန်လည်အသက်သွင်းပေးနိုင်မလားဆိုတာ တစ်နိုင်ငံလုံးက စောင့်ကြည့်နေကြပါတယ်။

ဒီအစုအဖွဲ့ဟာ အာရှခြေစစ်ပွဲတုန်းက အိုမန်နဲ့
ဆီးရီးယား တို့ကို ယှဉ်ပြိုင်ကျော်ဖြတ်ခဲ့တဲ့"အရည်အသွေး" ရှိပြီးသားပါ။ အာဆီယံဖလားက ကျရှုံးမှုဟာ မင်းတို့အတွက် "ခါးသီးတဲ့ သင်ခန်းစာ" ဖြစ်ခဲ့ရင်၊ ဒီနေ့ပွဲဟာ အဲဒီအရှက်ကို အာရှစင်မြင့်ထက်မှာ အောင်ပွဲနဲ့ ဆေးကြောရမယ့်နေ့ ဖြစ်ပါတယ်။ ပရိသတ်တွေ ဝေဖန်နေကြတာဟာ မင်းတို့ကို မုန်းလို့မဟုတ်ဘဲ "အရမ်း မျှော်လင့်ထားလို့" ဖြစ်ပါတယ်။ အောင်သူတို့ခေတ်တုန်းကလို ကမ္ဘာ့ဖလားဝင်ခွင့်ကို ပြန်လည်ရယူပေးနိုင်မယ့် အစုအဖွဲ့လို့ ယုံကြည်နေကြတာကို ခွန်အားအဖြစ် ပြောင်းလဲလိုက်ပါ။

ဆော်ဒီဟာ အိမ်ရှင်ဖြစ်သလို အာရှရဲ့ ထိပ်သီးအသင်းပါ။ သူတို့ရဲ့ မြန်နှုန်း၊ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ နည်းစနစ်ဟာ အာဆီယံက အသင်းတွေထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ "စက္ကန့်ပိုင်းလေးတောင် အာရုံမလွတ်ဖို့" လိုပါတယ်။ အာဆီယံဖလားတုန်းကလို နောက်တန်းလူပေးမှားတာ၊ ဂိုးဧရိယာထဲမှာ ဆုံးဖြတ်ချက် နှေးကွေးတာမျိုးတွေဟာ ဆော်ဒီလို ပြိုင်ဘက်မျိုးနဲ့တွေ့ရင် "ကိုယ့်‌ေ-သတွင်းကိုယ်တူးခြင်း" ပါပဲ့။

အားသာချက်အနေနဲ့ မြန်မာယူ၁၇အသင်းရဲ့ Set Pieces တွေဟာ အာရှအဆင့်မှာပါ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ လက်နက်ပါ။ ဒါကို ပြန်လည်အသက်သွင်းဖို့ လိုပါတယ်။ သိသာတဲ့အားနည်းချက်ကတော့ တိုက်စစ်ရဲ့ အဆုံးသတ်စွမ်းရည် ပါ။ ရရှိတဲ့ အခွင့်အရေး အနည်းငယ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှသာ ရလဒ်ကောင်း ရမှာပါ။

အဖွင့်ပွဲမှာ ဆော်ဒီကို သရေ ဒါမှမဟုတ် အနိုင်ကစားပြနိုင်ရင် အုပ်စုတွင်း ကျန်တဲ့ပွဲတွေအတွက် ယုံကြည်မှုဟာ ကောင်းကင်အထိ မြင့်တက်သွားမှာဖြစ်ပြီး ကွာတားဖိုင်နယ် တက်ဖို့ လက်တစ်ကမ်းအကွာကို ရောက်လာမှာပါ။

ကစားသမားတွေ ကွင်းထဲမှာ အစွမ်းကုန် တိုက်ပွဲဝင်ဖို့အတွက် ကွင်းပြင်ပက စီမံခန့်ခွဲမှုတွေကလည်း အဆင့်မီဖို့ လိုပါတယ်။ အာဆီယံဖလားတုန်းကလို ဖရိုဖရဲ ပြင်ဆင်မှုမျိုး မဟုတ်ဘဲ၊ အခု အာရှဖလားမှာတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းကို အစွမ်းကုန် ပံ့ပိုးပေးထားဖို့ လိုအပ်ပါတယ်။

ညီလေးတို့‌‌ေရ “မင်းတို့ ဝတ်ထားတဲ့ အင်္ကျီပေါ်က 'မြန်မာ' ဆိုတဲ့ စာလုံးနဲ့ ရင်ဘတ်က 'အလံတော်' အတွက် တိုက်ပွဲဝင်ကြပါ။ အာဆီယံမှာ ကျရှုံးခဲ့တဲ့ အကြွေးကို ဒီနေ့ည ဆော်ဒီမြေမှာ အတိုးချပြီး ဆပ်ပြလိုက်ပါ။ အာရုံစူးစိုက်မှု အပြည့်နဲ့၊ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ကစားမယ်ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။”

အာရှ ယူ၁၇ အမျိုးသမီး ဖလားပြိုင်ပွဲ(အုပ်စု အေ) ၊ မြန်မာယူ၁၇အမျိုးသမီးအသင်းရဲ့ အုပ်စုဒုတိယမြောက်ပွဲစဉ် ပထမပိုင်းရလဒ်။မြန်မ...
04/05/2026

အာရှ ယူ၁၇ အမျိုးသမီး ဖလားပြိုင်ပွဲ(အုပ်စု အေ) ၊ မြန်မာယူ၁၇အမျိုးသမီးအသင်းရဲ့ အုပ်စုဒုတိယမြောက်ပွဲစဉ် ပထမပိုင်းရလဒ်။

မြန်မာယူ၁၇🇲🇲 ၀ : ၁ 🇹🇭 ထိုင်းယူ၁၇

ပွဲပြီး ရလဒ် ၆ဂိုးပြတ်ပါ။ အာရှယူ၁၇ အမျိုးသမီး ချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲစဉ်မှာ မြန်မာယူ၁၇အမျိုးသမီးအသင်းဟာ အိမ်ရှင် တရ...
01/05/2026

ပွဲပြီး ရလဒ် ၆ဂိုးပြတ်ပါ။

အာရှယူ၁၇ အမျိုးသမီး ချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲစဉ်မှာ မြန်မာယူ၁၇အမျိုးသမီးအသင်းဟာ

အိမ်ရှင် တရုတ်ယူ၁၇အမျိုးသမီးအသင်းကို ၆ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။

“ကွာဟချက်ကြီးမားလွန်းသည့် ပထမပိုင်း - တရုတ်မြေမှာ ရုန်းကန်နေရသည့် ခြင်္သေ့မငယ်များ” 🇲🇲⚽   ၂၀၂၆ အာရှယူ-၁၇ အမျိုးသမီးပြိုင...
01/05/2026

“ကွာဟချက်ကြီးမားလွန်းသည့် ပထမပိုင်း - တရုတ်မြေမှာ ရုန်းကန်နေရသည့် ခြင်္သေ့မငယ်များ” 🇲🇲⚽

၂၀၂၆ အာရှယူ-၁၇ အမျိုးသမီးပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ် ပထမပိုင်းအပြီးမှာတော့ အိမ်ရှင် တရုတ်အသင်းက မြန်မာအသင်းကို ၃ ဂိုး - ၀ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်ထားပါတယ်။

ပထမပိုင်း မိနစ် ၄၅ မိနစ်အတွင်း မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကတော့ ရင်နာစရာကောင်းလောက်အောင် ကွာဟချက် ကြီးမားနေခဲ့ပါတယ်။

ပွဲစတာနဲ့ တရုတ်အသင်းဟာ ပွဲကို အလုံးစုံ ထိန်းချုပ်ထားပြီး မြန်မာ့ဂိုးပေါက်ကို တရစပ် ဖိအားပေးခဲ့ပါတယ်။ ပွဲကစားချိန် (၆) မိနစ်မှာတင် Liu Yuxi က အဖွင့်ဂိုး သွင်းယူခဲ့ပြီး၊ (၂၉) မိနစ်မှာ Zheng Niman နဲ့ (၄၀) မိနစ်မှာ Huang Qinyi တို့က ထပ်မံ သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာတင် ပွဲက အဖြေထွက်သလောက် ဖြစ်သွားခဲ့ပါတယ်။

တရုတ်ကစားသမားတွေရဲ့ အရပ်အမောင်း၊ အမြန်နှုန်းနဲ့ ဘောလုံးထိန်းသိမ်းမှုတွေဟာ မြန်မာကလေးတွေထက် အဆပေါင်းများစွာ သာလွန်နေပါတယ်။ “လူကြီးနဲ့ ကလေး” ကစားနေသလို ဖြစ်နေပြီး မြန်မာအသင်းအနေနဲ့ ဘောလုံးရရင်တောင်မှ ကစားကွက် တည်ဆောက်ဖို့ထက် ဘေးကင်းရာကို ကန်ထုတ်နေရတဲ့ အဆင့်မှာတင် ရပ်တန့်နေပါတယ်။

မြန်မာအသင်းဟာ ခံစစ်မှာတင် လူအင်အား အကုန်သုံးနေရတာကြောင့် တိုက်စစ်မှူးတွေဟာ အထီးကျန်နေပြီး ဘောလုံးကို တစ်ခါတစ်လေမှတောင် မထိရတဲ့ အခြေအနေပါ။ ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု လုံးဝမရှိဘဲ တရုတ်ရဲ့ ဂိုးသွင်းလေ့ကျင့်ခန်း လုပ်နေတာကိုပဲ ကြည့်နေရပါတယ်။

ဒီရလဒ်ဟာ ကစားသမားလေးတွေရဲ့ အားနည်းချက်ထက် ကျွန်တော်တို့ အစောက ဆွေးနွေးခဲ့ကြတဲ့ “ပြင်ဆင်မှု အားနည်းချက်” တွေရဲ့ ရောင်ပြန်ဟပ်မှုပါ။ အိန္ဒိယလို အသင်းမျိုးနဲ့တောင် ခြေစမ်းပွဲမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ အသင်းဟာ အာရှထိပ်သီး တရုတ်နဲ့တွေ့ရင် ဒီထက်ပိုဆိုးမယ်ဆိုတာ မြင်သာတဲ့ အချက်ပါ။

လေ့ကျင့်ချိန် နည်းပါးမှု၊ နိုင်ငံတကာ အတွေ့အကြုံ မရှိမှုနဲ့ အဖွဲ့ချုပ်ရဲ့ ဟန်ပြစီမံခန့်ခွဲမှုတွေကြောင့် ကလေးတွေခမျာ ကွင်းထဲမှာ “ဗိုက်ထဲက အစာဟောင်း ထွက်အောင်” ရုန်းကန်နေရပေမယ့် ဘာမှ လုပ်မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒုတိယပိုင်းမှာလည်း တရုတ်အသင်းက လူစားလဲမှုတွေလုပ်ပြီး အရှိန်ထပ်မြှင့်လာနိုင်ပါတယ်။ မြန်မာအသင်းအတွက် အဓိက ပန်းတိုင်ကတော့ "ဂိုးထပ်မပေးရဖို့ပဲ့ ကြိုးစားရမှာပါ။ ဒါပေမဲ့ လက်ရှိ ကြံ့ခိုင်မှုပိုင်းအရဆိုရင်တော့ ဒုတိယပိုင်းမှာ ဂိုးမိုးထပ်ရွာနိုင်ခြေက အရမ်းကို မြင့်မားနေပါတယ်။

ကျတော်ကတော့ ဒုတိယပိုင်း မကြည့်တော့ပါဘူး။
ဒုတိယပိုင်း ဆက်ကြည့်ဖြစ်မယ့်သူတွေ ရှိရင်လည်း အသင်းရဲ့ အခြေအနေကို CB မှာ ဆက်လက် ဆွေးနွေးပေးကြပါဦးဗျာ။ ကျွန်တော်တို့ ခြင်္သေ့မငယ်တွေ ဒုတိယပိုင်းမှာတော့ အကောင်းဆုံး ခုခံနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပါ။ 🇲🇲🦁

“တရုတ်မြေမှာ ခြင်္သေ့မငယ်တို့၏ မာန်ကိုပြပါ - အိမ်ရှင်တရုတ်နှင့် ရင်ဆိုင်ရမည့် မြန်မာယူ-၁၇ အမျိုးသမီးတို့အတွက် အားပေးစကား...
01/05/2026

“တရုတ်မြေမှာ ခြင်္သေ့မငယ်တို့၏ မာန်ကိုပြပါ - အိမ်ရှင်တရုတ်နှင့် ရင်ဆိုင်ရမည့် မြန်မာယူ-၁၇ အမျိုးသမီးတို့အတွက် အားပေးစကား” 🇲🇲⚽🦁🔥

ဒီနေ့ မေလ ၁ ရက် (သောကြာနေ့)၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ မြန်မာ့ပရိသတ်တွေ စောင့်ကြည့်ရမယ့် ပွဲစဉ်တစ်ပွဲ ရှိလာပါပြီ။ အဲဒါကတော့ ၂၀၂၆ အာရှယူ-၁၇ အမျိုးသမီးပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် တရုတ်အသင်းနဲ့ ကျွန်တော်တို့ရဲ့ မြန်မာယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရမယ့် ပွဲပဲ ဖြစ်ပါတယ်။

ယနေ့ယှဉ်ပြိုင်ရမယ့် တရုတ်အသင်းဟာ အာရှရဲ့ ထိပ်သီးအသင်းဖြစ်သလို အိမ်ရှင်လည်း ဖြစ်တာကြောင့် သူတို့ရဲ့ ပရိသတ်တွေ၊ ကွင်းအနေအထားတွေကြားမှာ ကျွန်တော်တို့ ညီမလေးတွေအတွက် ဖိအားအလွန်ကြီးမားမှာပါ။ ဒါပေမဲ့ ဒီဖိအားကို "အတွေ့အကြုံသစ်" တစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ လိုပါတယ်။

အမှန်အတိုင်း ဝန်ခံရရင် တရုတ်ကို အနိုင်ရဖို့ လမ်းစက အလွန်ကျဉ်းမြောင်းပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ မဖြစ်နိုင်တာ မရှိပါဘူး။ အနိုင်မရရင်တောင်မှ "ဂိုးမပြတ်ဖို့" နဲ့ "တရုတ်အသင်းကို ချွေးပြန်အောင် လုပ်နိုင်ဖို့" က အဓိက ပန်းတိုင် ဖြစ်ရပါမယ်။

ဒီပြိုင်ပွဲမှာ အုပ်စုပထမတွေအပြင်၊ အကောင်းဆုံး အုပ်စုဒုတိယနဲ့ အကောင်းဆုံး အုပ်စုတတိယ (၂) သင်းပါ ကွာတားဖိုင်နယ် တက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ထိန်းချုပ်ကစားကြနိုင်ခြင်းဟာ နောက်ပွဲတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ပွဲစဉ်တွေမှာ အုပ်စုတက်ဖို့အတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။

တစ်ဖက်က တရုတ်အသင်းဖြစ်နေပါစေ၊ မင်းတို့နဲ့အတူတူ အသက် ၁၇ နှစ်အရွယ် ကစားသမားတွေပါပဲ။ ကွင်းထဲမှာ မင်းတို့ရဲ့ ချွေးနဲ့ ကြိုးစားအားထုတ်မှုတွေဟာ တစ်နိုင်ငံလုံးက ပရိသတ်တွေအတွက် ဂုဏ်ယူစရာ ဖြစ်နေမှာပါ။ နိုင်ခြင်း၊ ရှုံးခြင်းထက် မင်းတို့ရဲ့ ကစားဟန်၊ စိတ်ဓာတ်နဲ့ အရှုံးမပေးတဲ့ ဇွဲကို သိအောင် ပြသလိုက်ပါ။ မင်းတို့ ပြသနိုင်တဲ့ အကောင်းဆုံး ပုံစံတစ်ခုဟာ ရလဒ်ထက် ပိုမိုတန်ဖိုးရှိတဲ့ "အမြတ်" ပါပဲ။

ဘယ်သူတွေက ဘယ်လိုပဲ ဝေဖန်နေပါစေ၊ မင်းတို့ဟာ မြန်မာ့ဂုဏ်ဆောင် ခြင်္သေ့မငယ်တွေပါ။ ကွင်းထဲမှာ မိနစ် ၉၀ စလုံး အာရုံစူးစိုက်ပြီး အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါ။

ပွဲစဉ်: 🇨🇳 တရုတ် vs 🇲🇲 မြန်မာ
အချိန်: ညနေ ၆:၀၀ နာရီ (မြန်မာစံတော်ချိန်)
ကွင်း: Suzhou Sports Centre, China

"တစ်နိုင်ငံလုံးက ပရိသတ်တွေဟာ ညီမလေးတို့ရဲ့ နောက်မှာ ရှိနေပါတယ်။ တရုတ်မြေမှာ မြန်မာ့မာန်ကို ပြသပြီး ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲဝင်ခဲ့ကြပါ!"

🦁

Address

George Town

Telephone

+959775565490

Website

Alerts

Be the first to know and let us send you an email when TLP THAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category