27/11/2025
ဒီနေ့အလုပ်မှာအလုပ်သိပ်မရှိလို့အားနေတာနဲ့ အလုပ်ထဲကလူတွေ့နဲစကားနည်းနည်းပြောဖြစ်ကြတယ်။ အဲထဲမှာကိုယ့်နဲ့နည်းနည်းရင်းနှိးတဲ့အမတယောက်ရှိတယ်၊ ကိုယ့်လည်းပျင်းနေတာနဲ့ သူနဲ့စကားတွေဘာတွေပြော သူမိသားစုအကြောင်းလေးတွေပြောဖြစ်ကြတယ်၊ ကိုယ့်ကလည်းစပ်စုချင်တော့ အရင်ကသူများကိုမေးနေကြ မေးခွန်းပဲ သူကိုလည်းမေးလိုက်တယ်၊ " အမ ဘဝမှာ လုပ်မိလိုနောင်တရတာရှိလား ၊ မလုပ်မိလိုရော နောင်တရတာရှိလား" လို့မေးတော့ သူက" ရှိတယ် " အဲတာနဲ့ ကိုယ့်ကလည်းသိချင်တော့ " ဘာလဲ " လို့မေးတော့ " သူငယ်ငယ်တုန်းက သူအပေါ်မှာအရမ်းကောင်းပြိး သူကိုအရမ်းကြင်နာတတ်တဲ့ လူတွေဆိကနေ ထွက်ပြေးခဲလိုတဲ့ ၊ သူသာအဲချိန်က အဲလူတွေ့ရဲတန်ဖိုးကိုသိခဲ့ရင် ခုလိုဘဝမျိုးနဲ့ နေရမှာ မဟုတ်ဘူး "တဲ့ ၊ အဲတာနဲ့ကိုယ့်လည်းဆက်မေးတာပေါ့ "ပြန်မရှာဘူးလား" ဘာညာပေါ့၊ " သူ တန်ဖိုးသိတဲ့အရွယ်ရောက်လိုပြန်ရှာတော့ မရှိတော့ဘူး၊ အိမ်ပြောင်းသွားကြပြိ" တဲ့၊ အဲစကားကိုကြားတော့ ခနလောက် ငိုင်သွားတယ့် ဘာလိုဆို ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ကို တချိန်က တန်ဖိုးမသိ တန်ဖိုးမရှိဘူးလိုထင်ပြိး ပစ်ချခဲတဲ့အရာတွေရှိတယ် ၊ ကျွန်တော်တို့ကိုယ်တိုင်လည်း တန်ဖိုးမသိလို လွှတ်ချခဲ့တာတွေလည်းရှိနေခဲ့မှာပဲ၊ ကိုယ့်လည်းသူပြောတာနားထောင်ပြိးစိတ်ထဲ မကောင်းသလိုဖြစ်သွားတာနဲ့ ဘာမှာဆက်မပြောတော့ပဲ " ဟုတ်ကဲ့" ဆိုပြိးပဲပြောပြန်လိုက်တော့သူက နောက်ဆုံးတခွန်းပြောပြသွားတယ်" ဘဝမှာတချို့အရာတွေက တခါပဲရတာ ၊ ရှိတုန်းတန်ဖိုးထားတဲ့စိတ်နဲ့နေ" တဲ့ ...