
04/08/2025
အရမ်းထူးချွန်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး။
နှစ်သက်တာတွေကို လေ့လာရင်း = ကြိုးစားကြည့်ရင်း တတ်မြောက်လာတာပဲရှိပါတယ်။
ခဏလေးလေ့လာရုံနဲ့ တတ်ကျွမ်းလွယ်တဲ့ ပါရမီလည်း မရှိပါဘူး +
မှတ်နိုင်သလောက် ဖြည်းဖြည်းချင်း လေ့လာပြီး သိလာခဲ့တာပဲရှိတယ်
အရမ်းထုံတဲ့သူမဟုတ်သလို အရမ်းတော်လွန်းတဲ့ လူတစ်ယောက်လည်း မဟုတ်ပါဘူး
သာမန်အရည်အချင်းနဲ့ ရှင်သန်ကြိုးစားနေခြင်းပါပဲ
ငါ့ရဲ့ဖြစ်တည်မှုနဲ့ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားတယ်
သည်းခံနိုင်တယ်။ စိတ်ရှည်နိုင်တယ်။ ကြိုးစားနိုင်တယ်။
ငါ့ရဲ့အားသာချက်ကို အသုံးပြုပြီး တစ်ခုခုဆို အတတ်နိုင်ဆုံး ကြိုးစားလုပ်ခဲ့တယ်
တကယ်အကောင်းဆုံးလုပ်နေတာမလို့ အောက်ဆုံးထိ ရောက်မသွားဘူးလို့ ယုံကြည်ပါတယ်
အရမ်းထူးခြားနေဖို့ မလိုပါဘူး ကြိုးစားနေသူဖြစ်ရင် ရပါပြီလေ...