26/12/2025
🇲🇾✨ မဖြစ်မနေ လက်မလွှတ်ဘဲသွားသင့်တဲ့ မလေးရှားနိုင်ငံရဲ့ လည်ပတ်စရာအကောင်းဆုံး နေရာ (၃) ခု
မလေးရှားဆိုတာ Shopping ပဲလို့ထင်နေသေးရင်တော့ အကြီးကြီးမှားသွားပါလိမ့်မယ်။ ဘာကြောင့်ဆို တစ်ခါသွားရင် စိတ်ထဲမမေ့နိုင်မယ့် ခရီးသွားအမှတ်တရတွေအများကြီးရတဲ့နေရာတွေရှိနေလို့ပါပဲ။
အဲ့ဒါထက်ပိုပြီး မြို့ပြရဲ့အလှ၊ သဘာဝအေးချမ်းမှု၊ အစားအသောက်ရဲ့အရသာတွေကိုပါ တစ်နေရာထဲမှာ ခံစားနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ဒီနေရာတွေကဘယ်နေရာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင် 👀✨
(1) Kuala Lumpur
ခေတ်မီမြို့ပြရဲ့ နှလုံးသားလို့တောင်နာမည်ကြီးပြီး စည်းကားတဲ့မြို့ဖြစ်ပါတယ်။ မလေးရှားရဲ့ မြို့တော်ဖြစ်တဲ့ Kuala Lumpur ကခေတ်မီမှုနဲ့ ယဉ်ကျေးမှုကို အပြည့်အဝခံစားနိုင်တဲ့ မြို့လည်းဖြစ်တယ်။ နောက်တစ်ခုနာမည်ကြီးတာက Kuala Lumpur မြို့ဟာ ဓာတ်ပုံမရိုက်ဘဲ ပြန်မလာသင့်တဲ့ မြို့အဖြစ်လည်း နာမည်ကြီးပါတယ်။
Petronas Twin Towers/ Bukit Bintang Shopping Street/Alor Street,Batu Cavesစတဲ့ လည်ပတ်စရာနေရာတွေများတာကြောင့် မြို့ပြ vibe ကြိုက်သူများ၊ ဓာတ်ပုံရိုက်ရတာကြိုက်သူ များအတွက် Perfectဘဲ။
(2) Langkawi
စိတ်ပင်ပန်းနေလား? အေးအေးဆေးဆေး အနားယူချင်လား? ဒါဆို Langkawi က သင့်အတွက် အကောင်းဆုံးနေရာပါ 🌊💆♀️
🏖ပင်လယ်ရေပြာပြာ၊သဲဖြူဖြူတွေ၊🚡 Langkawi Sky Bridge၊ 🌅 Sunset အလှများစွားနဲ့
အပန်းဖြေဖို့ အိမ်မက်ဆန်တဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်။
👉 Coupleတွေ၊ အပန်းဖြေခရီးကြိုက်သူများအတွက် လက်မလွတ်ဘဲ သွားသင့်တဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။
(3) Penang
အစားအသောက်နဲ့ ယဉ်ကျေးမှုမြို့တော်အဖြစ် နာမည်အရမ်းကြီးပါတယ်။ အခေါ်အဝေါ်အရ
စားချင်ရင် Penang 😋၊ ကြည့်ချင်ရင်လည်း Penang 📸ဆိုတဲ့အထိ နာမည်ကြီးပါတယ်။
🍜 Penang Street Food (Char Kway Teow, Laksa)/🖌️ George Town Street Art စတဲ့ အရာတွေအပြင် အတိတ်နဲ့ ခေတ်သစ်ကို ပေါင်းစပ်ထားတဲ့ မြို့အလှကိုလည်း မြင်နိုင်ပါတယ်။
👉 Food Lover တွေ၊ လေ့လာချင်တဲ့သူတွေ အတွက် လည်ပတ်စရာအကောင်းဆုံးနေရာလည်းဖြစ်ပါတယ်။
ဒါကြောင့် မလေးရှားနိုင်ငံက မြို့ပြအလှတွေ၊သဘာဝအပန်းဖြေမှုများ၊ အစားအသောက်အရသာများ စတဲ့ အရာအားလုံးကို တစ်ခါတည်း ပေးစွမ်းနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ် 🇲🇾💖
📌 မလေးရှားခရီးစဉ်ကို စီစဉ်နေပြီဆိုရင်တော့
ဒီနေရာ (၃) ခုကို List ထဲ မဖြစ်မနေ ထည့်ထားလိုက်ပါနော် ✈️😉
✌️Byee See ya next post ✌️